အခန်း ၅၄၁
Vol. 55 Ch. 541
အခန်း (၅၄၁)
" ဒီအိုးကိုးလုံးက လူသားမျိုးနွယ်ရဲ့ ရတနာတွေပဲ။ ဒါတွေမှာ ဘယ်လိုစွမ်းရည်တွေ ရှိလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဟွာရှအိုးကိုးလုံးက ချင်ပြည်သူတွေကို ကာကွယ်ဖို့ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ " ချင်အင်ပါယာက အင်အားကြီးလာတာနဲ့ ကံကြမ္မာစွမ်းအားနဲ့ အိုးကိုးလုံးရဲ့ စွမ်းအားကို နှိုးဆွပြီး ပြည်နယ်ကိုးခုအကာအကွယ်ကို တည်ဆောက်နိုင်တယ်။ အကာအကွယ်အတွင်းကို အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ ဝင်ရောက်နိုင်မှာမဟုတ်ဘူး။ အကာအကွယ်စွမ်းအားက အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားအပေါ် မူတည်တယ်။ "
" ဟွာရှအိုးကိုးလုံး၊ ပြည်နယ်ကိုးခုအကာအကွယ်။ ဒါက တကယ်လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာပဲ။ ဒီလိုစွမ်းရည်မျိုးတွေရှိတာ အံ့ဩစရာပဲ။ " ရင်ကျန့်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" ခမည်းတော် အခု ပိုင်ယွဲ့ကို သိမ်းပိုက်ပြီးပြီ။ ချင်အင်ပါယာရဲ့ ပြည်တွင်းရေးကလည်း တည်ငြိမ်သွားပြီ။ နောက်တစ်ဆင့်က လူသားဘုံကို အပြည့်အဝ ထိန်းချုပ်ဖို့ပဲ။ အဲ့ဒါမှ ချင်အင်ပါယာရဲ့ ကံကြမ္မာက ပိုသန်မာလာမှာပဲ။ အဲ့ဒါမှ အနာဂတ်မှာ သားတော်တို့က အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ရင်ဆိုင်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ငါ နားလည်ပါတယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ဒါအပြင် ကမ္ဘာအတားအဆီးကို ဖြတ်ကျော်ပြီး အင်မော်တယ်ဘုံကို ဝင်ရောက်နိုင်တဲ့ ရတနာတစ်ခု သားတော်မှာရှိတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" တကယ်လား။ " ရင်ကျန့်က မျက်လုံးပြူးသွားသည်။
" တကယ်ပါ။ " ဒါပေမယ့် မစမ်းသပ်ရသေးပါဘူး။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။
" ဖုန်းအာ မင်းဘယ်လိုစီစဉ်ထားလဲ။ " ရင်ကျန့်၏ အမူအရာက လေးနက်သွားသည်။
" သားတော် ခမည်းတော်ကို အရင်က ပြောဖူးတယ်လေ။ ရှန်းကျိုးနယ်မြေက အင်မော်တယ်ဘုံရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ သားတော်တို့ လူသားမျိုးနွယ်ရဲ့ ထူးခြားတဲ့ စွမ်းအားရှင်တစ်ယောက်က ဖြတ်တောက်လိုက်လို့ အင်မော်တယ်ဘုံနဲ့ ခွဲထွက်သွားတာ။ ဒီရှန်းကျိုးနယ်မြေမှာ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးကံကြမ္မာရှိနေတယ်။ အဲ့ဒီကံကြမ္မာက အင်အားကြီးတဲ့ ကျင့်ကြံသူတွေတောင် ထိန်းချုပ်လို့မရတဲ့အရာမျိုးပဲ။ ရှန်းကျိုးရှိနေလို့ ကံကြမ္မာက ရှိနေတာ။ "
" အထက်က အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ဒါကို မျက်စိကျနေကြတယ်။ ချင်အင်ပါယာက သူတို့ ကံကြမ္မာကို လုယူရာမှာ အနှောက်အယှက်ဖြစ်နေတယ်။ ချင်အင်ပါယာနဲ့ ရှန်းကျိုးနယ်မြေက သက်ရှိအားလုံးက သူတို့ရဲ့ သားကောင်တွေပဲ။ ရှန်းကျိုးနယ်မြေက နောက်ဆုံးမှာ အင်မော်တယ်ဘုံနဲ့ ပေါင်းစပ်ပြီး အင်မော်တယ်နဲ့ နတ်ဘုရားတွေရဲ့ တိုက်ခိုက်မှုကို ခံရလိမ့်မယ်။ ဒီအခြေအနေက ဖြေရှင်းလို့မရဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဖုန်းအာ အမှန်တော့ ငါစိတ်ထဲမှာ မရှင်းတာလေး တစ်ခုရှိနေတယ်။ အင်ပါယာကံကြမ္မာစွမ်းအားက သန်မာတာ မှန်ပေမယ့် အဲ့ဒီအင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက အထက်ဘုံမှာ ရှိနေတာလေ။ သူတို့ရဲ့ အင်မော်တယ်ဘုံက ကျယ်ပြန့်တော့ သူတို့ရဲ့ ကံကြမ္မာက ပိုတောင် သန်မာဦးမှာ။ ဘာလို့ ဒီလူသားဘုံသေးသေးလေးကို လိုချင်နေကြတာလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။
" ဘာလို့လဲဆိုတော့..." ကျောက်ဖုန်းက ဆက်မပြောဘဲ လက်ဝှေ့ရမ်းလိုက်သောအခါ လူသားတာအိုစည်းမျဉ်းတစ်ခုက ခန်းမထဲတွင် ပေါ်လာသည်။
" ဒါက ရှန်းကျိုးရဲ့ ကံကြမ္မာ၊ ကောင်းကင်နဲ့ မြေကြီးပေါ်က နောက်ဆုံး လူသားတာအိုကံကြမ္မာပဲ။ ရတဲ့သူက ရှေ့ဆက်တိုးတက်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဒါဆို ဖုန်းအာ မင်းက အရင်တိုက်ခိုက်ဖို့ စဉ်းစားထားတာလား။ " ရင်ကျန့်က သူ၏ သားအကြောင်းကို ကောင်းကောင်းနားလည်သောကြောင့် မေးလိုက်သည်။
" သူတို့က အခုထိ ဆင်းမလာနိုင်သေးတော့ အရင်ဆုံး တိုက်ခိုက်ရမှာပေါ့။ အနာဂတ်မှာ အမြဲတမ်း ခုခံနေလို့မရဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" ငါဘာလုပ်ပေးရမလဲ။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။
" ခမည်းတော်က ဒီလူသားဘုံတစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က အနာဂတ်တွင် ချင်အင်ပါယာက မည်သည့်အရာများအား ရင်ဆိုင်ရမည်ကို သူသိသည်။
အင်မော်တယ်ဘုံနှင့်ပက်သက်၍ အင်မော်တယ်များ မည်မျှသန်မာသည်ကိုလည်း သူမသိပေ။ သို့သော် သူက သူ၏ သားကို အကြွင်းမဲ့ယုံကြည်ပြီး သူ၏ သားကို အပြည့်အဝ ထောက်ပံ့ပေးမည်ဖြစ်သည်။
" ကျွန်တော်မျိုး ဝမ်ကျန့် ဧကရာဇ်မင်းမြတ်ကို တွေ့ခွင့်တောင်းပါတယ်။ " ထိုအချိန်တွင် အပြင်ဘက်မှ ဝမ်ကျန့်၏ အရေးတကြီး အသံ ထွက်ပေါ်လာသည်။
" ဝင်ခဲ့ပါ။ " ရင်ကျန့်က ခန်းမအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
ဝမ်ကျန့်က ခန်းမထဲသို့ ခြေလှမ်းကျဲများဖြင့် ဝင်လာသည်။
" အိမ်ရှေ့စံမင်းသားလည်း ရှိနေတာကိုး။ " ဝမ်ကျန့်က ကျောက်ဖုန်းကို မြင်သောအခါ ပြုံးလိုက်သည်။
" ဝမ်ချင်း ဘာဖြစ်လို့လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" မြောက်ဘက်နယ်စပ်က အရေးပေါ် သတင်းပို့လာပါတယ်။ တုန်ဟူနဲ့ ရှုံနုတို့က သူတို့ရဲ့တပ်တွေကို စုစည်းလိုက်ပါပြီ။ " ဝမ်ကျန့်က ကျေနပ်သော အမူအရာဖြင့် ပြောလိုက်သည်။
" ကောင်းတယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး အေးစက်စွာ ပြောလိုက်သည်။ " အိမ်ရှေ့စံမင်းသားက သုံးနှစ်အတွင်း ပြည်သူသန်းပေါင်းများစွာကို စည်းလုံးစေခဲ့ပြီး ပိုင်ယွဲ့ကို သိမ်းပိုက်ခဲ့တယ်။ ငါ အဲ့ဒီတိုင်းတစ်ပါးမျိုးနွယ်စုတွေ လှုပ်ရှားတာကို စောင့်နေခဲ့တာ့ကြာပြီ။ သူတို့ရဲ့ စစ်သည်ဘယ်လောက်ရှိလဲဆိုတာ သိရပြီလား။ "
" တိုင်းတစ်ပါးမျိုးနွယ်စုတွေက ချင်အင်ပါယာကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ လာကြတာပဲ။ တုန်ဟူမျိုးနွယ်က သူတို့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို သုံးပြီး စစ်သည်လေးသိန်းကို စုစည်းထားပါတယ်။ ရှုံနုကလည်း အားနည်းပေမယ့် စစ်သည်သုံးသိန်းနီးပါး စုစည်းထားပါတယ်။ " ဝမ်ကျန့်က ပြန်ဖြေလိုက်သည်။
" မျိုးနွယ်စုတစ်ခုလုံးကို သုံးပြီး ကျူးကျော်လာတာပဲ။ ဒါက ချင်အင်ပါယာအတွက် အကောင်းဆုံးပဲ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မြောက်ဘက်နယ်စပ်နဲ့ လန်ထျန်းက တပ်တွေကို စုစည်းပြီး နယ်စပ်ကို ကာကွယ်ထား တိုင်းတစ်ပါးမျိုးနွယ်စုတွေ တိုက်ခိုက်လာတာကို စောင့်။ သူတို့ရောက်လာတာနဲ့ တစ်ခါတည်း ဝိုင်းပြီး တိုက်ခိုက်ကြ။ အသက်ရှင်ကျန်တဲ့သူတွေကို တစ်ခါတည်း ကျွန်ပြုလိုက်။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝမ်ကျန့်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" တိုင်းတစ်ပါးမျိုးနွယ်စုတွေ တိုက်ခိုက်လာရင် မြောက်ဘက်နယ်စပ်ကို ကျွန်တော်ကိုယ်တိုင်သွားပြီး တိုက်ပွဲကို ကြီးကြပ်မယ်။ မြောက်ဘက်နယ်စပ်စခန်းနဲ့ လန်ထျန်းစခန်းကို အကြောင်းကြားထားလိုက်ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ တိုင်းတစ်ပါးမျိုးနွယ်စုများ ကျူးကျော်လာခြင်းက သူ့အတွက် စွမ်းရည်အမှတ်များ စုစည်းရန် အကောင်းဆုံးအချိန်ဖြစ်သည်။
" နားလည်ပါပြီ။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။
" စစ်ဦးစီးချုပ်က တပ်တွေကို နေရာချထားလိုက်ပါ။ ရိက္ခါနဲ့ ထောက်ပံ့ရေးပစ္စည်းတွေအတွက်ကတော့။ မြောက်ဘက်နယ်စပ်က ပြည်နယ်အုပ်ချုပ်ရေးမှူး သုံးယောက်ဆီကို အမိန့်ပေးပြီး ရိက္ခါတွေကို မြောက်ဘက်နယ်စပ်ကို ပို့ခိုင်းလိုက်မယ်။ ရိက္ခါတွေက ပြတ်တောက်သွားမှာမဟုတ်ဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်ကို နာခံပါတယ်။ " ဝမ်ကျန့်က အရိူအသေပေးပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
" အရင်ဆုံး တုန်ဟူနဲ့ ရှုံနုကို ချေမှုန်းပြီး သူတို့ရဲ့ ကံကြမ္မာကို သိမ်းပိုက်မယ်။ ပြီးရင် အနောက်ဘက်နယ်စပ်က နိုင်ငံတွေကိုပါ ဖျက်ဆီးပစ်မယ်။ အခု ချင်အင်ပါယာရဲ့ စပါးကျီတွေက စစ်သည်တစ်သန်းအတွက် ဆယ်နှစ်စာ ထောက်ပံ့နိုင်အောင် လုံလောက်နေပြီ။ ဖုန်းအာ မင်း နယ်မြေသိမ်းပိုက်ဖို့ကိစ္စအတွက် စိတ်မပူနဲ့။ မင်းလုပ်စရာရှိတာကို လုပ်ပါ။ လူသားဘုံကို ခမည်းတော် မင်းအတွက် သိမ်းပိုက်ပေးမယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ ၎င်းက သူဖခင်၏ အကြီးမားဆုံး အကူအညီဖြစ်သည်ကို သူသိသည်။
အိမ်ရှေ့စံနန်းတော်၊ သိုင်းပညာလေ့ကျင့်ရေးကွင်း။
အပြင်တွင် ကိုယ်ရံတော်များက စောင့်ကြပ်နေပြီး ကွင်းပြင်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူငါးရာ စုဝေးနေကြသည်။
" အရှင်ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းရောက်လာသောအခါ ယန်ထင်မှ ဝူချန်ငါးရာက ဒူးထောက်ပြီး ဦးညွှတ်လိုက်ကြသည်။
" ထကြပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" အရှင်ကို ကျေးဇူးတင်ပါတယ်။ " ဝူချန်ငါးရာက ကျောက်ဖုန်းကို လေးစားစွာ ကြည့်နေကြသည်။
" မင်းတို့ကို ငါ ဘာတာဝန်ပေးမလဲဆိုတာ သိလား။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်တို့က အရှင်အတွက် ဓားတောင်ကို ကျော်၊ မီးပင်လယ်ကို ဖြတ်ပြီး သေရမှာလည်း မကြောက်ပါဘူး။ " ဝူချန်ငါးရာက ပြန်ပြောလိုက်ကြသည်။ သူတို့က ကျောက်ဖုန်းအပေါ် အကြွင်းမဲ့ သစ္စာရှိကြပြီး သစ္စာရှိနှုန်းက ကိုးဆယ်ကျော်ကြလေသည်။ သူတို့က ငယ်ငယ်ကတည်းက ကျောက်ဖုန်းအပေါ် သစ္စာရှိရန် သင်ကြားခံရပြီး ကျောက်ဖုန်း၏ အထက်ဆုံးဓားများ ဖြစ်လာကြသည်။ ဝူချန်ငါးရာလုံးက ဆရာသခင် အဆင့်ငါးရှိကြပြီး အသန်မာဆုံး ယင်ပုက မဟာဆရာသခင်အဆင့်ဖြစ်သည်။
" ရှန်းကျိုးက တည်ငြိမ်သွားပြီ။ ပိုင်ယွဲ့ကိုလည်း ပေါင်းစည်းပြီးသွားပြီ။ မကြာခင် မြောက်ဘက်နယ်စပ်ကို သိမ်းပိုက်ပြီး ချင်အင်ပါယာက တစ်ကမ္ဘာလုံးကို အုပ်ချုပ်လိမ့်မယ်။ ဒါပေမယ့် ချင်အင်ပါယာရဲ့ ရန်သူက ဒီကမ္ဘာက မဟုတ်ဘူး။ အခြားကမ္ဘာတစ်ခုကပဲ။ သူတို့က ကျင့်ကြံသူတွေ ဖြစ်တဲ့အပြင် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလ်ုက်သည်။
" အမိန့်ပေးပါ အရှင်။ ကျွန်တော်တို့က အရှင်အတွက် အသက်ပေးဆပ်ဖို့ ဝန်မလေးပါဘူး။ " ယင်ပုက ချက်ချင်း ပြောလိုက်သည်။
" အမိန့်ပေးပါ အရှင်။ " ဝူချန်ငါးရာက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ငါ မင်းတို့ကို အင်မော်တယ်ဘုံထဲ ဝင်ခိုင်းချင်တယ်။ အင်မော်တယ်ဘုံကို ချင်အင်ပါယာရဲ့ ရှေ့ပြေးတပ်အဖြစ် သွားပြီး အင်မော်တယ်ဘုံရဲ့ စုံစမ်းရမယ်။ သတင်းကွန်ရက်တစ်ခု တည်ဆောက်ပြီး အင်မော်တယ်ဘုံတစ်ခုလုံးရဲ့ အခြေအနေကို ဖော်ထုတ်ရမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ဝူချန်ငါးရာက ပြန်ပြောလိုက်ကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့