← Chapters

အခန်း ၅၄၂

Vol. 55 Ch. 542

အခန်း ၅၄၂

Vol. 55 Ch. 542

အခန်း (၅၄၂)

" အင်မော်တယ်ဘုံနဲ့ လူသားဘုံက မတူဘူး။ အဲ့ဒီက ကျင့်ကြံသူတွေက အရမ်းအင်အားကြီးကြတယ်။ အင်မော်တယ်တွေကလည်း နတ်ဆိုးတွေပဲ။ သူတို့က သက်ရှိတွေရဲ့ သွေးနဲ့ အသားကို စားသုံးပြီး သက်ရှိတွေရဲ့ ဝိညာဉ်အနှစ်သာရနဲ့ အသက်ရှင်နေကြတာ။ သိုင်းတာအိုကျင့်ကြံသူတွေရဲ့ ​သွေးနဲ့ချီက သူတို့ကို ပိုပြီး ဆွဲဆောင်နိုင်တယ်။ ဒါကြောင့် မင်းတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ဖို့ ထျန်းရွှမ်ကြေးမုံကို ပေးထားတယ်။ ယန်ထင်ရဲ့ ဖုံးကွယ်ခြင်းကျင့်စဉ်နဲ့ ပေါင်းစပ်လိုက်ရင် သာမန်အင်မော်တယ်တွေတောင် မင်းတို့ရဲ့ သွေးနဲ့ချီစွမ်းအားကို သတိထားမိမှာမဟုတ်တော့ဘူး။ "

" ဒါ့အပြင် ထျန်းရွှမ်ကြေးမုံထဲမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း၊ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ ဆေးလုံးတွေကိုလည်း ငါ ပြင်ဆင်ပေးထားတယ်။ အင်မော်တယ်ဘုံမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေကို သေချာပေါက် သုံးနိုင်လိမ့်မယ်။ အင်မော်တယ်ဘုံမှာ မင်းတို့ရဲ့ တာဝန်က တစ်ခုပဲရှိတယ်။ ယန်ထင်က ရှန်းကျိုးမှာ လုပ်ခဲ့သလိုပဲ အင်အားစုဆောင်းပြီး သတင်းကွန်ရက်ကို တည်ဆောက်ဖို့နဲ့ အင်မော်တယ်ရဲ့ အခြေအနေကို စုံစမ်းဖို့ပဲ။ အားလုံးပဲ သတိထားကြပါ။ " ကျောက်ဖုန်းက သတိပေးလိုက်သည်။

" ကျွန်တော်တို့ အမိန့်ကို နာခံပါတယ်။ " ဝူချန်ငါးရာက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြသည်။

" ဒီညီအကိုငါးရာရဲ့ မျိုးဆက်တွေကို ထိန်းသိမ်းထားရဲ့လား။ " ကျောက်ဖုန်းက ကျန်းမင်ကို မေးလိုက်သည်။

" အရှင်က အထူးမှာကြားထားတာကို ကျွန်တော်က မလိုက်နာဘဲ နေပါ့မလား။ ဒီညီအကိုငါးရာက အိမ်ထောင်ကျခဲ့ပြီး သူတို့မှာ မျိုးဆက်တွေလည်း ရှိနေပြီ။ " ကျန်းမင်က ပြောလိုက်သည်။

" ညီအကိုတို့ မင်းတို့ မိသားစုတွေနဲ့ ပြန်ဆုံဖို့ အားလုံး ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အရှင်ကို ကျေးဇူးတင်ပါတယ်။ " ဝူချန်ငါးရာက ပြန်ပြောလိုက်သည်။

" အာကာသကြေးမုံ " ကျောက်ဖုန်းက စိတ်ထဲမှ အမိန့်ပေးလိုက်ပြီး သူ၏ ဒန်တျန်ထဲမှ အယကာသကြေးမုံက ထွက်ပေါ်လာသည်။

" ပွင့်စမ်း..." ကျောက်ဖုန်းက ယွမ်စွမ်းအားများကို ထည့်သွင်းလိုက်သည်နှင့် အာကာသကြေးမုံက အလင်းရောင်များ တောက်ပလာပြီး ဟင်းလင်းပြင်တွင် အာကာသဝင်ပေါက်တစ်ခု ပွင့်လာသည်။

" ဝင်ကြ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အားလုံး သွားကြ။ " ယင်ပုက ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ဝူချန်ငါးရာက တွန့်ဆုတ်ခြင်းမရှိဘဲ အာကာသဝင်ပေါက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

" အရှင် နှုတ်ဆက်ပါတယ်။ " ယင်ပုက ကျောက်ဖုန်းကို အရိုအသေပေးပြီး အာကာသဝင်ပေါက်ထဲသို့ ဝင်ရောက်သွားသည်။ သူက သူ၏ အရှင်ဘေးတွင် နေလိုသော်လည်း ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူမသွား၍မရပေ။

" သူတို့ အင်မော်တယ်ဘုံမှာ ခြေကုပ်ယူနိုင်ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက ရေရွတ်လိုက်သည်။

သူက အာကာသကြေးမုံကို သုံးပြီး အင်မော်တယ်ဘုံသို့ လမ်းကြောင့်တစ်ခု ဖွင့်နိုင်သည်ကို သိပြီးနောက် တစ်ဆင့်ချင်း စမ်းသပ်ခဲ့သည်။ အစတွင် သူက ငှက်များ၊ တိရစ္ဆာန်များကို သုံးပြီး စမ်းသပ်ခဲ့သည်။ သူက အင်မော်တယ်ဘုံ၏ တိုက်ကြီးလေးခုထဲမှ တစ်ခုကို ရှာတွေ့သည်အထိ စမ်းသပ်ခဲ့သည်။

မြောက်ဘက်နယ်မြေ။

တုန်ဟူနှင့် ရှုံနုတို့၏ အလံများက လေထဲတွင် လွင့်ပျံနေသည်။ မျိုးနွယ်စုနှစ်ခု၏ ဘုရင်များနှင့် တပ်မှူးများက တွေ့ဆုံနေကြသည်။

" ထို့ပါကို နှုတ်ဆက်ပါတယ်။ "

" မိုတုကို နှုတ်ဆက်ပါတယ်။ "

မျိုးနွယ်စုနှစ်ခု၏ ဘုရင်နှစ်ပါးက အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။

" ကျုပ်တို့ မျိုးနွယ်စုနှစ်ခု အတိတ်က ရန်ငြိုးတွေကို ဘေးဖယ်ပြီး မဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ချင်အင်ပါယာကို ချေမှုန်းပြီး ငါတို့ မျိုးနွယ်စုနှစ်ခုက ရှန်းကျိုးကို ခွဲယူကြမယ်။ မြောက်ဘက်နယ်မြေ မျိုးနွယ်စုတွေရဲ့ သွေးသစ္စာနဲ့ ပဋိညာဉ်ပြုကြမယ်။ " ထိုပါဟူက ရှုံနုဘုရင် မိုတုကို ပြောလိုက်သည်။

" အကိုထို့ပါကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျုပ်ဘုရင်ဖြစ်လာတာက အကိုထို့ပါရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒီတစ်ခါ အကိုထို့ပါရဲ့ တပ်တွေက ပိုများတာမလို့ ချင်အင်ပါယာကို ချေမှုန်းပြီးရင် တုန်ဟူက ရှန်းကျိုးရဲ့ ၆၀ ရာခိုင်နှုန်းကို ယူလိုက်ပါ။ " မိုတုက ရယ်မောပြီး ပြောလိုက်သည်။

သမိုင်းတွင် မိုတုက ဖခင်ကို သတ်ပြီး အာဏာရှင်ဘုရင်ဖြစ်လာကာ တုန်ဟူကိုပင် သိမ်းပိုက်ရန် ကြိုးစားခဲ့သည်။ သို့သော် ကျောက်ဖုန်း ပေါ်လာခြင်းကြောင့် မိုတုက ဖခင်ကို သတ်ခဲ့သော်လည်း တုန်ဟူကိုတော့ တိုက်ခိုက်ခြင်းမရှိတော့ပေ။

" ချင်ကို ဖျက်ဆီးပြီး ရှန်းကျိုးကို ခွဲဝေယူကြမယ်။ ချင်က ငါ့ဖခင်ကို သတ်ပြီး ငါ့လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ ဒီတစ်ခါ ငါနဲ့ ပူးပေါင်းပြီး ချင်ကို တိုက်ခိုက်ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမှာပဲ။ " ထို့ပါဟူက ရယ်မောလိုက်သည်။

" အရက်အဆင်သင့်ဖြစ်​ပါပြီ။ " တုန်ဟူတပ်မှူးတစ်ယောက်က အရက်နှစ်အိုးကို ကိုင်ပြီး ရောက်လာသည်။

" ငှဲ့လိုက်။ " ထို့ပါဟူက အမိန့်ပေးလိုက်သည်။

တုန်ဟူတပ်မှူးက အရက်ကို ပန်ကန်နှစ်လုံးထဲသို့ အပြည့်ထည့်လိုက်သည်။ ထို့ပါဟူက ဓားမြှောင်တစ်ခုကို ထုတ်ကာ သူ၏ လက်ချောင်းကို လှီးဖြတ်လိုက်သည်။ ၎င်းကို မြင်သောအခါ မိုတုကလည်း သူ၏ လက်ချောင်းကို လှီးပြီး သွေးများကို ပန်ကန်ထဲသို့ ထည့်လိုက်သည်။

" ဒီနေ့ ငါ ထို့ပါဟူက ငါ့မျိုးနွယ်စုတပ်တွေကို ဦးဆောင်ပြီး ရှုံးနုနဲ့ မဟာမိတ်ဖွဲ့မယ်။ ချင်အင်ပါယာကို ချေမှုန်းပြီး ရှန်းကျိုးကို ခွဲဝေယူမယ်။ ဒီသွေးသစ္စာကို တိုင်တည်ပြီး ကောင်းကင်ကို သက်သေပြုတယ်။ " ထို့ပါဟူက ကျိန်ဆိုလိုက်သည်။

" ဒီနေ့ ငါ မိုတုက ငါ့မျိုးနွယ်စုတပ်တွေကို ဦးဆောင်ပြီး တုန်ဟုနဲ့ မဟာမိတ်ဖွဲ့မယ်။ ချင်အင်ပါယာကို ချေမှုန်းပြီး ရှန်းကျိုးကို ခွဲဝေယူမယ်။ ဒီသွေးသစ္စာကို တိုင်တည်ပြီး ကောင်းကင်ကို သက်သေပြုတယ်။ " မိုတုကလည်း ကျိန်ဆိုလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်က သွေးအရက်ကို မော့သောက်ပြီး ရယ်မောလိုက်ကြသည်။

" မဟာမိတ်ဖွဲ့ပြီးပြီ။ ငါတို့ ပူးပေါင်းတပ်တွေက ချင်အင်ပါယာကို သေချာပေါက် ဖျက်ဆီးပစ်လိမ့်မယ်။ ချင်နယ်မြေက ငါတို့ ပိုင်နက်ဖြစ်လာလိမ့်မယ်။ အတိတ်က ရန်ငြိုးတွေကို သွေးနဲ့ ပြန်ပေးဆပ်ရမယ်။ "

မြောက်ဘက်နယ်စပ်၊ ပေတိခရိုင်။ ပြည်နယ်ကိုးခုနှင့် ခရိုင် ၃၆ ခုခွဲပြီးနောက် ချင်းပြည်နယ်၏ ပေတိခရိုင်က မြောက်ဘက်နယ်စပ်စခန်း၏ တပ်စွဲရာနေရာဖြစ်လာခဲ့သည်။

မြောက်ဘက်နယ်စပ်စခန်းမှ စစ်သည်နှစ်သိန်းက မြောက်ဘက်နယ်စပ် မဟာတံတိုင်းကြီးတစ်လျှောက် စောင့်ကြပ်နေကြသည်။ ယနေ့ မြောက်ဘက်နယ်စပ်စခန်းက လျင်မြန်စွာ လှုပ်ရှားလာပြီး ပေတိခရိုင်နယ်စပ်တွင် စုရုံးနေကြသည်။

စခန်းထဲတွင် မုန့်ဝူက ထိပ်ဆုံးတွင် ထိုင်နေပြီး လီမုနှင့် ဝမ်ပင်းတို့က ဘေးတွင် ထိုင်နေကြသည်။ တဲအတွင်း​၌ မြောက်ဘက်နယ်စပ်၏ စစ်သေနာပတိချုပ်သုံးယောက် စုဝေးနေကြသည်။

" စစ်သေနာပတိချုပ်မုန့် သတင်းတွေအရ ရှုံနုနဲ့ တုန်ဟူမျိုးနွယ်စုတို့ပ အင်အားစုစည်းပြီး ငါတို့ မြောက်ဘက်နယ်စပ်ကို ချီတက်လာပြီ။ စစ်သူကြီးမုန့်နဲ့ စစ်သူကြီးလီတို့ ဒီစစ်ပွဲနဲ့ ပက်သက်ပြီး ဘယ်လိုထင်ကြလဲ။ " ဝမ်ပင်းက မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ အမိန့်က တစ်ခုပဲရှိတယ်။ စစ်ပွဲတစ်ခုတည်းနဲ့ မျိုးနွယ်စုနှစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းဖို့ပဲ။ အဲ့ဒါကြောင့် ဒီစစ်ပွဲကို မြောက်ဘက်နယ်စပ်စခန်းနဲ့ ခံတပ်စခန်းက စစ်သည်တွေကို ဦးဆောင်ပြီး တိုက်ရိုက်ချေမှုန်းမယ်။ လန်ထျန်းစခန်းက မြင်းတပ်ကို သုံးပြီး သူတို့ဆုတ်ခွာမယ့်လမ်းငြောင်းကို ဖြတ်တောက်ရမယ်။ " မုန့်ဝူက ပြတ်သားစွာ ​ပြောလိုက်သည်။

တိုင်းတစ်ပါးမျိုးနွယ်စုများက သူတို့၏ တပ်များကို မခွဲဘဲ အင်းအားအလုံးအရင်းဖြင့် ချင်နယ်စပ်ကို ထိုးဖောက်ပြီး ချင်နယ်မြေသို့ ကျူးကျော်ရန် ရည်ရွယ်ထားသည်။ စစ်သည်ခုနှစ်သိန်းက အမှန်တကယ်ပင် အင်အားကြီးမားလှသည်။ သူတို့၏ အမြင်တွင် ချင်အင်ပါယာက ၎င်းကို ခုခံနိုင်မည်မဟုတ်ဟု ယုံကြည်နေကြသည်။

သို့သော် သူတို့မသိသည်မှာ ချင်အင်ပါယာက လွန်ခဲ့သော သုံးနှစ်အတွင်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ချင်အင်ပါယာက သိုင်းတာအိုကို အရင်ဆုံး ဖြန့်ဝေခဲ့သည်မှာ စစ်တပ်ထဲတွင် ဖြစ်သည်။ ချင်အင်ပါယာက စစ်တပ်အပေါ် အရင်းအမြစ်များစွာ အသုံးပြုခဲ့ပြီး အရည်အချင်း နိမ်သူများပင် ဟောက်ထျန်းအဆင့်ငါးသို့ ရောက်နေကြပြီဖြစ်သည်။ အများစုက ယခုဆိုလျှင် ရှန်ထျန်းအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။

ရှန်းကျိုးနယ်မြေကို မစုစည်းခင်ကနှင့်ယှဉ်လျှင် ချင်စစ်တပ်၏ အင်အားက ကောင်းကင်နဲ့ မြေကြီးကဲ့သို့ ကွာခြားသွားပြီဖြစ်သည်။ စစ်သည်များက သံချပ်ကာကို ဝတ်ဆင်ထားကြပြီး လက်နက်ကိုင်ဆောင်ထားလျှင် တစ်ယောက်ကို စစ်သည်ဆယ်ဂဏန်းအထိ သတ်ဖြတ်နိုင်သည်။

" ကျုပ်လည်း သဘောတူတယ်။ " လီမုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " စခန်းနှစ်ခုရဲ့ စစ်သည်လေးသိန်းက တိုင်းတစ်ပါးမျိုးနွယ်စုတွေကို အမြစ်ပြတ်ချေမှုန်းဖို့ လုံလောက်ပါတယ်။ "

" ကောင်းပြီ။ " ဝမ်ပင်းကလည်း ထိုစစ်​ဗျူဟာနှင့် ပက်သက်ပြီး ကန့်ကွက်စရာမရှိပေ။ သူက အတွေးတစ်ချက်နှင့် ထျန်းရွှမ်ကြေးမုံက သူ၏ ရှေ့တွင် ပေါ်လာသည်။

" စစ်သူကြီးသုံးယောက် တိုင်းတစ်ပါးမျိုးနွယ်စုတွေက ငါတို့ ပေတိခရိုင်ကို တိုက်ရိုက်တိုက်ခိုက်ကြလိမ့်မယ်။ ငါတို့ လန်ထျန်းစခန်းက ကျိုယွမ်ခရိုင်ကနေ ပတ်ပြီး သူတို့ ဆုတ်ခွာမယ့်လမ်းကြောင်းကို ဖြတ်တောက်မယ်။ ချက်ချင်း လှုပ်ရှားပါ။ " ဝမ်ပင်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ထျန်းရွှမ်ကြေးမုံထဲမှ စစ်သူကြီးသုံးယောက်၏ အသံက ထွက်ပေါ်လာသည်။

" စစ်သေနာပတိချုပ်တို့ ဒီစစ်ပွဲကို အိမ်ရှေ့စံမင်းသားကိုယ်တိုင်​ ကြီးကြပ်လိမ့်မယ်။ ငါတို့ ချင်စစ်သည်တွေက ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားရဲ့ ကျေးဇူးကြွေးကို တင်နေကြတယ်။ သိုင်းတာအိုကို မဖြန့်ဝေခင်ကတည်းက ငါတို့ စစ်သည်တွေက အရင်ဆုံး ရရှိခဲ့တာ။ ဒီစစ်ပွဲက ငါတို့ သိုင်းတာအိုကို ကျင့်ကြံပြီးတဲ့နောက်မှာ ပထမဆုံး စစ်ပွဲပဲ။ ငါတို့ရဲ့ စွမ်းအားကို ပြသရတော့မယ်။ ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားကို စိတ်မပျက်စေရဘူး။ " မုန့်ဝူက အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

" ချင်အင်ပါယာအတွက် " အားလုံးက တညီတညွှတ်တည်း ပြောလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters