← Chapters

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း ၅၄၃

Vol. 55 Ch. 543

အခန်း (၅၄၃)

အချိန်များ ကုန်လွန်လာခဲ့သည်။ တုန်ဟူနှင့် ရှုံနုမျိုးနွယ်စု၏ စစ်သည်ခုနှစ်သိန်းက ချင်နယ်စပ်ဆီသို့ ချီတက်လာကြသည်။

" သတင်းပို့ပါတယ်။ ချင်ရဲ့ မြောက်ဘက်နယ်စပ်စခန်းက မဟာတံတိုင်းရဲ့ အပြင်ဘက်မှာ တပ်ဖြန့်ထားပါတယ်။ ချင်စစ်တပ်က မဟာတံတိုင်းကို အမှီပြုပြီး မခုခံတော့ဘဲ ကျွန်တော်တို့တပ်တွေကို တိုက်ရိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ " ကင်းလှည့်စစ်သည်က အမြန်ရောက်လာပြီး ထို့ပါဟူကို အစီရင်ခံလိုက်သည်။

မျိုးနွယ်စုနှစ်ခုက ပူးပေါင်းထာကြသော်လည်း ထို့ပါဟူနှင့် မိုတုတို့ နှစ်ယောက်လုံးက သူတို့၏ တပ်ဖွဲ့များကို သူတို့ကိုယ်တိုင် ဦးဆောင်ကြသည်။ မျိုးနွယ်စုနှစ်ခု၏ မြင်းတပ်များက ရှေ့မှ ချီတက်ပြီး ခြေလျင်တပ်များက နောက်မှ လိုက်ကြသည်။

" ချင်စစ်တပ် သူတို့က မဟာတံတိုင်းကို အမှီပြုပြီး မခုခံကြဘူးလား။ ငါ ပြင်ဆင်လာတဲ့ မြို့သိမ်းလက်နက်တွေက အလကား ဖြစ်သွားပြီပေါ့။ " ထို့ပါဟူက ပြုံးလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ တပ်ဖွဲ့တစ်ခုလုံး ရှေ့တိုးကြ။ ဒီနေ့ ငါတို့ တပ်တွေက မြောက်ဘက်နယ်စပ်ကို ထိုးဖောက်ပြီး ရှန်းကျိုးနယ်မြေထဲ ဝင်ရောက်မယ်။ " ထို့ပါဟူက အမိန့်ပေးလိုက်သည်။

မဟာတံတိုင်းကြီး၏ အောက်တွင် စစ်သည်လေးသိန်းက တပ်စွဲပြီး ရန်သူကို စောင့်ဆိုင်း​နေကြသည်။ မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်နေသည့် စခန်းကြီးနှစ်ခု ဖြစ်သည့်အတွက် အခြားစခန်ားများထက် မြင်းတပ်ဖွဲ့ ပိုရှိပြီး မြင်းစီးစစ်သည်နှစ်သိန်းကို ရှေ့တန်းတွင် နေရာချထားသည်။ ခြေလျစ်စစ်သည်နှစ်သိန်းက နောက်တန်းတွင် ရှိနေသည်။

မြင်းစီးစစ်သည်အားလုံးက မိုဓားများကို ကိုင်ဆောင်ထားကြပြီး ခါးတွင် ဒူးလေးများကို ချိတ်ဆွဲထားကြသည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက အနက်ရောင်သံချပ်ကာများ ဖုံးအုပ်ထားပြီး ခေါင်းတွင် သံခမောက်များ ဆောင်းထားသည်။ သူတို့စီးထားသော မြင်းများပင် သံချပ်ကာများဖြင့် ဖုံးအုပ်ထားသည်။ သူတို့က ရွေ့လျားနေသော ခံတပ်ကြီးတစ်ခုသဖွယ် ထင်ရသည်။

" သူတို့ရောက်လာပြီ။ " မုန့်ဝူက မြောက်ဘက်သို့ ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

" တိုင်းတစ်ပါးမျိုးနွယ်စုတွေ " လီမု၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ထိုအချိန်တွင် ဟင်းလင်းပြင်ထက်တွင် အနက်ရောင်နဂါးတစ်ကောင်က လှည့်ပတ်နေပြီး နဂါးဦးခေါင်းပေါ်တွင် လူတစ်ယောက် ရပ်နေသည်။ သူကား ကျောက်ဖုန်းပင်ဖြစ်၏။

" တုန်ဟူ၊ ရှုံနု " သူက မြောက်ဘက်သို့ အေးစက်စွာ ကြည့်လိုက်သည်။ ဤတစ်ကြိမ် သူက မြောက်ဘက်နယ်စပ်သို့ လာရသည့်အကြောင်းရင်းမှာ စွမ်းရည်များ ကောက်ယူရုံသာမက နဂါးနက်ကို သတ်ဖြတ်ခြင်းအရှိန်အဝါများ စုပ်ယူစေပြီး ဆင့်ကဲပြောင်းလဲစေရန် ဖြစ်သည်။

" ထွက်ရမယ့်အချိန်ရောက်ပြီ။ " ကျောက်ဖုန်းက နဂါးနက်ကို အမိန့်ပေးလိုက်သည်။

" ဝေါင်း..." နဂါးနက်၏ ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။

မဟာတံတိုင်းအပြင်ဘက်ရှိ ချင်စစ်သည်များက ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး နဂါးနက်၏ ဦးခေါင်းပေါ်မှ ပုံရိပ်ကို မြင်သောအခါ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။

" အိမ်ရှေ့စံမင်းသား ရောက်လာပြီ။ "

" အိမ်ရှေ့စံမင်းသားက စစ်ပွဲကို ကိုယ်တိုင်လာကွပ်ကဲမယ်လို့ ပြောတာ တကယ်ပဲ။ "

" ဟားဟား... ဒီနေ့တော့ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို အမြစ်ပြတ်ချေမှုန်းပစ်မယ်။ မြောက်ဘက်နယ်စပ် စစ်သည်တွေရဲ့ စွမ်းအားကို အိမ်ရှေ့စံမင်းသား မြင်တွေ့စေရမယ်။ "

အနက်ရောင်နဂါးကြီးက စစ်သည်များရှိရာသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " လီမုနှင့် မုန့်ဝူတို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " စစ်သည်လေးသိန်းကလည်း လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" ချင်စစ်သည်တို့ ထကြပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" တိုင်းတစ်ပါးမျိုးနွယ်စုတွေ ကျူးကျော်လာပြီ။ ဒီနေ့ ငါကိုယ်တိုင် မြောက်ဘက်နယ်စပ်ကို လာခဲ့တာပဲ။ သိုင်းတာအိုကို ကျင့်ကြံပြီးတဲ့နောက်ပိုင်း ချင်စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကြည့်ဖို့ပဲ။ ချင်စစ်သည်တို့ ဒီတိုင်းတစ်ပါးမျိုးနွယ်စုတွေကို အမြစ်ပြတ်သုတ်သင်ဖို့ ယုံကြည်မှုရှိရဲ့လား။ " ကျောက်ဖုန်းက မြောက်ဘက်သို့ ညွှန်ပြပြီး မေးလိုက်သည်။

" လေ လေ​ လေ..." ချင်စစ်သည်များက လေဟူသော အော်သံဖြင့် သူတို့၏ မြင့်မားသော စိတ်ဓာတ်ကို သက်သေပြလိုက်ကြသည်။

" ဒီနေ့ ငါ ဒီမှာနေပြီး ချင်စစ်သည်တွေ ရန်သူကို ဘယ်လိုသတ်လဲ၊ ချင်စစ်သည်တွေက တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ဘယ်လိုအမြစ်ပြတ်သုတ်သင်မလဲဆိုတာ ငါ ကြည့်နေမယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

စစ်သည်များက ပြန်လည်ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ စိတ်ဓာတ်က အတိုင်းအဆမရှိ မြင့်တက်နေသည်။ ​ကျောက်ဖုန်းက ချင်အင်ပါယာတွင် နတ်ဘုရားတစ်ပါးနှင့် တူညီသည်။ ထို့အပြင် သူ အိမ်ရှေ့စံမင်းသားဖြစ်လာပြီးနောက် ကံကြမ္မာအရာရှိတံဆိပ်ကလည်း ပြောင်းလဲလာခဲ့သည်။

" အိမ်ရှေ့စံမင်းသားတံဆိပ် - သခင်ကိုယ်တိုင် စစ်တပ်ကို ကွပ်ကဲတဲ့အခါ စစ်သည်တွေရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားကို လေးဆ တိုးမြှင့်ပေးနိုင်တယ်။ စစ်သည်များ သတ်ဖြတ်လိုက်သော ရန်သူများအတွက် စွမ်းရည် ၅၀ ရာခိုင်နှုန်းရရှိနိုင်တယ်။ ကိုယ်တိုင် စစ်မြေပြင်ကို မထွက်ခွာရင် စစ်သည်တွေရဲ့ သတ်ဖြတ်မှုက စွမ်းရည် ၄၀ ရာခိုင်နှုန်းကို ရရှိပါမယ်။ "

ထိုအချိန်တွင် တိုင်းတစ်ပါးမျိုးနွယ်စုများ၏ စစ်တပ်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချီတက်လာကြသည်။

" သူတို့ရောက်လာပြီ။ " မုန့်ဝူနှင့် လီမုတို့က ရန်သူများကို စိတ်အားထက်သန်စွာ ကြည့်လိုက်ကြသည်။

မုန့်ဝူက စိတ်လှုပ်ရှားနေသည်။ သူက သိုင်းတာအိုကို လေ့ကျင့်ပြီးနောက် သူ၏ ဆရာသခင်အဆင့် စွမ်းအားကို တစ်ခါမှ အပြည့်အဝ မထုတ်ဖော်ဖူးပေ။ လီမုကတော့ ကျောက်ဖုန်းနောက်သို့ လိုက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး မဟာဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

နောက်ဆုံးတွင် တိုင်းတစ်ပါးမျိုးနွယ်စုများက ချင်စစ်တပ်နှင့် ကျန့်တစ်ရာအကွာသို့ ရောက်လာသည်။

" ချင်စစ်သည်တို့...." မုန့်ဝူနှင့် လီမုတို့က သူတို့၏ ခါးမှ ဓားများကို ဆွဲထုတ်လိုက်ကြသည်။

" သတ်...." စစ်သေနာပတိချုပ်နှစ်ယောက်က အော်ဟစ်လိုက်ကြသည်။

" သတ်ကြ..." ချင်မြင်းစီးစစ်သည်များက အရင်ဆုံး ပြေးဝင်သွားကြပြီးမိုဓားကို ကိုင်ကာ သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ထုတ်ဖော်လိုက်ကြသည်။

မြောက်ဘက်တွင် တုန်ဟူနှင့် ရှုံနု စစ်သည်များက ချင်စစ်တပ်ဆီသို့ ရူးသွပ်စွာဖြင့် ပြေးဝင်လာကြသည်။

" သတ်ကြ... ချင်လူမျိုးတွေကို သတ်ပြီး လက်စားချေကြ။ " တိုင်းတစ်ပါးမျိုးနွယ်စုများက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြပြီး သူတို့က အရေအတွက် သာလွန်သောကြောင့် ယုံကြည်မှုရှိနေကြသည်။ သူတို့က ဓားများကိုင်ဆောင်ကာ မြင်းများ စီးနင်းထားကြသော်လည်း ချပ်ဝတ်များကို ဝတ်ဆင်ထားခြင်းမရှိပေ။

" မြားတွေ​ပစ်ကြ " ချင်လေးစစ်သည်များက သူတို့၏ ခါးမှ ဒူးလေးများကို ထုတ်ပြီး အထက်သို့ ချိန်ရွယ်ကာ ပစ်လွှတ်လိုက်သည်။

ရွှီး.... ရွှီး....

မြားမိုးက တိုင်းတစ်ပါးမျိုးနွယ်စုများပေါ်သို့ ကျဆင်းလာပြီး မြေပြင်ကို သွေးများ စွန်းထင်သွားစေသည်။

" စစ်ဝိညာဉ်အစီအရင် စတင်။ " လီမုနှင့် မုန့်ဝူတို့က ခွဲထွက်သွားပြီး ရှေ့သို့ တိုးဝင်သွားကြသည်။ ထို့နောက် သူတို့က မန္တန်လက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်ကြသည်။ တစ်ချိန်တည်းတွင် သူတို့၏ ခန္ဓာကိုယ်မှ သွေးချီများက ပေါက်ကွဲထွက်လာသည်။

" စစ်ဝိညာဉ်အစီအရင်ကို ရထားတာ ကြာပြီဆိုပေမယ့် ဘယ်လောက်အစွမ်းထက်လဲဆိုတာ ငါမမြင်ဖူးသေးဘူး။ " ကျောက်ဖုန်းက စိတ်ဝင်တစား ကြည့်နေသည်။

ချင်စစ်သည်များက စစ်ဝိညာဉ်အစီအရင်၏ စိတ်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်မှ သွေးချီများက ပေါက်ကွဲလာပြီး သူတို့၏ စစ်သေနာပတိချုပ်များဆီသို့ စုစည်းသွားသည်။ လီမုနှင့် မုန့်ဝူတို့၏ ခန္ဓာကိုယ်များမှ သွေးစွမ်းအားများ ဆူပွက်လာပြီး ကြီးမားသော သွေးစွမ်းအားကြောင့် ဟင်းလင်းပြင်တစ်ခုလုံး နီရဲသွားသည်။ ထို့နောက် သူတို့နှစ်ယောက်က လက်ထဲမှ ဓားများကို တစ်ပြိုင်နက်မြှောက်ပြီး ရှေ့သို့ ခုတ်ပိုင်းလိုက်ကြသည်။

" ဝေါင်း... ဝေါင်း..." ကျားဟိန်းသံနှစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်ကို တုန်ခါသွားစေသည်။

ကျန့်လေးငါးရာရှည်သော သွေးရောင်ဓားအလင်းတန်းနှစ်ခုက ရှေ့မှ ရူးသွပ်စွာ ချီတက်လာသော တိုင်းတစ်ပါး မျိုးနွယ်စုများဆီသို့ ဦးတည်သွားသည်။

" အဲ့​ဒါဘာလဲ။ ချင်လူမျိုးတွေက နတ်ဆိုးအတတ်တွေ တတ်နေတာလား။ "

" ဒါ ဒါက ဘာလဲ။ "

ရှေ့ဆုံးမှ တိုင်းတစ်ပါးမျိုးနွယ်စု၏ စစ်သူကြီးများနှင့် စစ်သည်များက သွေးရောင်ဓားကြီးနှစ်လက်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားကြသည်။ သို့သော် သူတို့အတွက် အရာအားလုံးက နောက်ကျသွားခဲ့လေပြီ။

ဝုန်း ဝုန်း....

ပေါက်ကွဲသံနှစ်ခု ထွက်ပေါ်လာပြီး ကျန့်ရာချီ ရှည်လျားသော ဓားချက်နှစ်ချက်၏ စွမ်းအားအောက်တွင် တိုင်းတစ်ပါးသားထောင်ချီက သွေးနှင့် အသားစများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သွေးများနှင့် အသားများ ရောနှောနေသော ကျင်းကြီးတစ်ခု ပေါ်လာသည်။

" စစ်ဝိညာဉ်အစီအရင်ရဲ့ စွမ်းအားက မဆိုးဘူးပဲ။ စစ်သည်တွေရဲ့ သွေးနဲ့ချီက ပိုပြီး တိုးတက်လာရင် စစ်ဝိညာဉ်အစီအရင်ရဲ့စွမ်းအားကလည်း ပိုပြီး တိုးတက်လာလိမ့်မယ်။ " ကျောက်ဖုန်းက မုန့်ဝူနှင့် လီမုတို့၏ တိုက်ခိုက်မှုကို ကျေနပ်စွာ ကြည့်နေသည်။

အနာဂတ်တွင် ချင်စစ်သည်များ သန်မာလာသည်နှင့်အမျှ သူတို့က ထိုနတ်ဘုရားများနှင့် အင်မော်တယ်များကို ရင်ဆိုင်နိုင်ပေလိမ့်မည်။

" အခု စစ်ဝိညာဉ်အစီရင်က သွေးစွမ်းအားကို စုစည်းပေးတယ်။ အနာဂတ်မှာ ချင်စစ်သည်တွေ အဆင့်တက်လာရင် ချီစွမ်းအားနဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေကိုလည်း စုစည်းနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက တိတ်ဆိတ်စွာဖြင့် တွေးလိုက်သည်။

" ဒါက အိမ်ရှေ့စံမင်းသား သင်ပေးထားတဲ့ နည်းစနစ်ရဲ့ စွမ်းအားပဲ။ ဒီတိုက်ခိုက်မှုအောက်မှာ တိုင်းတစ်ပါးမျိုးနွယ်စုတွေ တစ်သောင်းလောက် သေသွားတယ်။ အရမ်းအစွမ်းထက်တာပဲ။ " လီမုနှင့် မုန့်ဝူတို့ကလည်း သွေးပင်လယ်နှင့် အလောင်းပုံကြီးကို ကြည့်ပြီး အံ့ဩနေကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters