အခန်း ၅၄၄
Vol. 55 Ch. 544
အခန်း (၅၄၄)
" စစ်သည်တို့ သတ်ကြ... တိုင်းတစ်ပါးမျိုးနွယ်စုတွေကို တစ်ယောက်မကျန် သတ်ကြ။ " လီမုနှင့် မုန့်ဝူတို့က အသိပြန်ဝင်လာကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့က မြင်းစီးပြီး ပြန့်ကျဲနေသော တိုင်းတစ်ပါးမျိုးနွယ်စုများကြားသို့ ဝင်ရောက်သွားကြသည်။
" သေစမ်း..."လီမုက မိုဓားကို မြှောက်ပြီး တစ်ချက်ခုတ်လိုက်ရာ ကြီးမားသော ဓားအလင်းတန်းတစ်ခုက လေထုကို ထိုးခွင်းသွားသည်။ မဟာဆရာသခင်အဆင့် စွမ်းအားက လူသားတို့၏ စွမ်းအားထက် ကျော်လွန်နေပြီဖြစ်သည်။ တစ်ချက်ခုတ်လိုက်သည်နှင့် ချီစွမ်းအားများက အတားအဆီးမရှိ ထွက်ပေါ်လာသည်။ သူ၏ ရှေ့ရှိ တိုင်းတစ်ပါးမျိုးနွယ်စု၏ စစ်သည်များက စစ်သည်ရာချီက ဓားအလင်းတန်းကြောင့် မြင်းများနှင်အတူ သေဆုံးသွားကြသည်။
" သတ်..." မုန့်ဝူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ တိုင်းတစ်ပါးမျိုးနွယ်စုစစ်သည်များက ပေအနည်းငယ်အကွာမှပင် ဓားစွမ်းအားကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။
ကောင်းကင်မှ မြားမိုးများကလည်း သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကျဆင်းလာနေသည်။ မျက်လုံးသာဖော်ထားသော သံချပ်ကာမြင်းတပ်များကလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသည်။ ပေါင်တစ်ထောင်ခွန်အားဖြင့် တိုင်းတစ်ပါးမျိုးနွယ်စုများက ခန္ဓာကိုယ်များ ပြတ်တောက်ပြီး အရိုးများကျိုးကာ လွင့်ထွက်သွားကြသည်။
" မင်းတို့က လူတွေလား မိစ္ဆာတွေလား။ "
" ချင်လူမျိုးတွေက မိစ္ဆာတွေပဲ။ "
တိုင်းတစ်ပါးမျိုးနွယ်စု၏ စစ်သည်များက မြင်းစစ်သည်များကို ဓားများဖြင့် ခုတ်ပိုင်းကြသော်လည်း မီးပွားများလွင့်စင်သွားပြီး ချင်စစ်သည်များကို လုံးဝမထိခိုက်စေခဲ့ပေ။ သို့သော် ချင်မြင်းစီးစစ်သည်များ၏ တိုက်ခိုက်မှုအောက်တွင် သူတို့၏ ခန္ဓာကိုယ်များက ပြတ်တောက်သွားသည်။ တိုင်းတစ်ပါးမျိုးနွယ်စုများက ချင်စစ်သည်များကို လုံးဝမယှဉ်နိုင်ပေ။
ကျောက်ဖုန်းက နဂါးဦးခေါင်းပေါ်တွင် ရပ်နေပြီး နဂါးနက်က စစ်မြေပြင်မှ ပျံ့နှံ့လာသော သတ်ဖြတ်ခြင်းအရှိန်အဝါများနှင့် မကောင်းသော အငွေ့အသက်များကို ဝါးမျိုနေသည်။ ကျောက်ဖုန်း၏ အကြည့်အောက်တွင် ချင်မြင်းတပ်က တိုင်းတစ်ပါးမျိုးနွယ်စုများကို နင်းခြေသွားပြီး သွေးခင်းလမ်းတစ်ခု ဖောက်လုပ်သွားသည်။ နောက်မှ ခြေလျင်စစ်သည်များကလည်း ပေါင်းစပ်လေးများကို ကိုင်ကာ ဆုတ်ခွာနေသော တိုင်းတစ်ပါးမျိုးနွယ်စုများကို မြားများဖြင့် ပစ်ခတ်ရှင်းလင်းနေသည်။
တိုင်းတစ်ပါးမျိုးနွယ်စု၏ နောက်တန်းတွင် ထို့ပါဟူနှင့် မိုတုတို့၏ ရထားလုံးများက ဘေးချင်းယှဉ်၍ ရပ်နေကြသည်။
"သတင်းပို့ပါတယ်။ " တုန်ဟူစစ်သူကြီးတစ်ယောက်က ရှေ့တန်းမှ အလျင်အမြန် မြင်းစီးလာသည်။
" အရှင်မင်းကြီး အခြေအနေမကောင်းဘူး။ ချင်စစ်တပ်က နတ်ဆိုးအတတ်ပညာတွေကို သုံးနေကြတယ်။ ကျွန်တော်တို့ စစ်ဗျူဟာက ပြိုကွဲသွားပါပြီ။ အရှင်မင်းကြီး ဆုံးဖြတ်ချက်တစ်ခု ချပေးပါ။ " တုန်ဟူစစ်သူကြီးက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
" ဘာ... ချင်စစ်တပ်က နတ်ဆိုးအတတ်ပညာတွေ သုံးနေတယ်ဟုတ်လား။ " ထို့ပါဟူက မှင်သက်သွားပြီး နားမလည်နိုင်ဖြစ်သွားသည်။
" အရှင်မင်းကြီး ချင်စစ်တပ်က ကျန့်ရာချီရှည်လျားတဲ့ ဓားချက်ကို ထုတ်လွှတ်လိုက်တာနဲ့ ကျွန်တော်မျိုးတို့ စစ်သည်တစ်သောင်းကျော် ချက်ချင်း သေဆုံးသွားပါတယ်။ ပြီးတော့ ချင်စစ်တပ်မှာ ဓားတွေလှံတွေ မထိုးဖောက်နိုင်တဲ့ သံချပ်ကာတွေ ရှိနေပါတယ်။ ကျွန်တော်တို့စစ်သည်တွေက ဘယ်လောက်ပဲ တိုက်ခိုက်ပါစေ သူတို့ရဲ့ သံချပ်ကာတွေကို မထိုးဖောက်နိုင်ပါဘူး။ ချင်စစ်သည်တွေကလည်း ဓားချက်တစ်ချက်ခုတ်လိုက်ရင် ကျွန်တော်တို့ စစ်သည်တွေ ဆယ်ယောက်ကျော် သေဆုံးသွားပါတယ်။ အရှင်မင်းကြီး ချင်စစ်တပ်က နတ်ဆိုး အတတ်ပညာတွေကို သုံးနေတာပါ။ " တုန်ဟူစစ်သူကြီးက ထိတ်လန့်တုန်ရီစွာဖြင့် ပြောလိုက်သည်။ သူ၏ မျက်လုံးနှင့်သာကိုယ်တိုင်မမြင်တွေ့ခဲ့ရလျှင် သူလည်း ယုံကြည်မည်မဟုတ်ပေ။
" အခုလို ရန်သူနဲ့ ရင်ဆိုင်နေရချိန်မှာ မင်းက ဘာအဓိပ္မာယ်မရှိတာတွေ ပြောနေတာလဲ။ ဘာနတ်ဆိုးအတတ်ပညာလဲ။ မင်းက ငါတို့ စစ်သည်တွေ စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာလား။ " မိုတုက ဆူပူလိုက်သည်။
တုန်ဟူစစ်သူကြီး မျက်နှာပျက်သွားသည်။ " အရှင်မင်းကြီးတို့ ရှေ့တန်းကို ကြွပြီး ကိုယ်တိုင်သာ ကြည့်ကြပါ။ ချင်စစ်တပ်က တကယ်ပဲ နတ်ဆိုးအတတ်ပညာတွေ သုံးနေတာပါ။ သူတို့က ကြောက်စရာကောင်းတဲ့ စွမ်းအားတွေရလာပြီး အဝေးကရန်သူကိုတောင် ထိခိုက်အောင် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ စစ်တပ်က သူတို့နဲ့ မယှဉ်နိုင်ပါဘူး။ "
ထို့ပါဟူနှင့် မုတုတို့၏ မျက်နှာများက တင်းမာသွားကြသည်။ သူတို့၏ ရှေ့တွင် စစ်သည်သိန်းချီက နေရာယူထားသဖြင့် ရှေ့တန်းသို့ မမြင်ရပေ။
" ကိုယ်ရံတော်တပ်ဖွဲ့ တပ်တစ်ခုလုံးကို စောင့်ကြပ်ထား။ နောက်ဆုတ်ရဲတဲ့သူ ဘယ်သယမဆို သတ်ပစ်။ ငါကိုယ်တိုင် စစ်ပွဲကို ကြီးကြပ်မယ်။ " ထို့ပါဟူက အမိန့်ပေးလိုက်သည်။ ထို့နောက် သူက ရထားလုံးပေါ်မှ ဆင်းပြီး မြင်းပေါ်သို့ တက်လိုက်သည်။
" ငါလည်း စစ်ပွဲကို ကိုယ်တိုင်ကြီးကြပ်မယ်။ " မိုတုကလည်း မြင်းပေါ်သို့ တက်လိုက်သည်။
သူတို့နှစ်ယောက်က မြင်းစီးပြီး ထွက်ခွာသွားကြသော်လည်ယ ရှေ့တန်းမှ အခြေအနေကို မြင်သောအခါ သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။ သူတို့၏ စစ်တပ်က ပြိုကွဲသွားပြီး ချင်စစ်တပ်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါတို့ စစ်သည်တွေက ဘာလို့ ဒီလောက်တောင် အားနည်းရတာလဲ။ " ထို့ပါဟူနှင့် မိုတုတို့က မျက်နှာပျက်သွားကြသည်။
" စစ်သည်တို့ စစ်ဝိညာဉ်အစီအရင် ဖွဲ့စည်းမယ်။ " လီမုက အော်ဟစ်လိုက်ပြီး ရှေ့သို့ တစ်ချက်ခုတ်လိုက်ရာ တိုင်းတစ်ပါးမျိုးနွယ်စုစစ်သည် ဆယ်ယောက်ကျော် သေဆုံးသွားသည်။
" စစ်ဝိညာဉ်အစီအရင်စတင်မယ်။ " ချင်စစ်သည်များက စစ်ဝိညာဉ်အစီအရင်၏ စိတ်ကျင့်စဉ်ကို ထုတ်ဖော်ပြီး ရှေ့သို့ တိုးဝင်သွားကြသည်။ စစ်သည်အားလုံး၏ သွေးချီများက လီမုဆီသို့ နောက်တစ်ကြိမ် စုစည်းသွားသည်။
" သေစမ်း..." လီမုက မိုဓားကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ ရှေ့ရှိ တိုင်းတစ်ပါးမျိုးနွယ်စုများဆီသို့ ခုတ်ပိုင်းလိုက်သည်။ ကျန့်ငါးရာနီးပါးရှည်လျားသော သွေးရောင်ဓားအလင်းတန်းက ရှေ့သို့ တိုးထွက်သွားသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံး သွေးရောင်လွှမ်းသွားသည်။
" အား... အား..." တိုင်းတစ်ပါးမျိုးနွယ်စု၏ နာကျင်စွာ အော်ဟစ်သံများက ပဲ့တင်ထပ်သွားသည်။ စစ်သည်တစ်သောင်းကျော်က အမြစ်ပြတ်ချေမှုန်းခံလိုက်ရပြီး အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။
" ဒါ ဒါ တကယ် နတ်ဆိုးအတတ်ပညာပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ထို့ပါဟူနှင့် မိုတုတို့က ထိုမြင်ကွင်းကို ကြောက်ရွံ့စွာ ငေးကြည့်နေကြသည်။ သူတို့က ဝေးကွာသော နေရာမှပင် ထိုဓားအလင်းတန်းကြီးကို မြင်လိုက်ကသည်။
တိုင်းတစ်ပါးမျိုးနွယ်စုများက စိတ်ဓာတ်များ ပျက်ပြားနေကြပြီး ချင်စစ်သည်များက သနားညှာတာမှုမရှိဘဲ သတ်ဖြတ်နေကြသည်။
အတိတ်တုန်းက စစ်သည်များက စစ်ရေးအောင်မြင်မှုများကို တွက်ချက်ရန် ရန်သူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ရန် လိုအပ်သည်။ သို့သော် ယခု အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ စစ်သည်တိုင်းက ထျန်းရွှမ်ကြေးမုံကို ပိုင်ဆိုင်ထားကြပြီး ၎င်းက စစ်သည်တစ်ယောက် သတ်ဖြတ်လိုက်သော ရန်သူအရေအတွက်ကိုလည်း ရေတွက်နိုင်သည်။
" သတ်ကြ။ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို အမြစ်ပြတ်ချေမှုန်းကြ။ "
" ငါတို့ရဲ့ စွမ်းအားကို အိမ်ရှေ့စံမင်းသားမြင်အောင် ပြကြ။ "
" တိုင်းတစ်ပါးမျိုးနွယ်စုတွေ ငါတို့ချင်နယ်မြေကို ကျူးကျော်ရဲသေးတယ်။ သူတို့ကို သေတွင်းပို့လိုက်ကြ။ "
" တစ်ယောက်မှ အရှင်မထားနဲ့ သတ်ကြ။ "
ချင်စစ်သည်များက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။ တိုင်းတစ်ပါးမျိုးနွယ်စုများက သူတို့၏ လက်အောက်တွင် ရက်စက်စွာ သတ်ဖြတ်ခံနေရသည်။
ထို့ပါဟူနှင့် မိုတုတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာကြသည်။
" ဆုတ်ခွာရမယ်။ ငါတို့ ဆုတ်ခွာရမယ်။ ချင်လူမျိုးတွေက နတ်ဆိုးတွေပဲ။ " ထို့ပါဟူ၏ အသံက တုန်ရီနေသည်။ ယခုအချိန်တွင် သူက လုံးဝ ကြောက်ရွံ့နေပြီဖြစ်သည်။
" ဆုတ်ခွာကြ။ " ထို့ပါဟူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
စစ်ခရာသံများက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ထိုအသံကို ကြားသောအခါ တိုင်းတစ်ပါးမျိုးနွယ်စုများက နောက်သို့ အသည်းအသန် ထွက်ပြေးကြသည်။
" ထွက်ပြေးမလို့လား။ မင်းတို့ မလွတ်နိုင်တော့ဘူး။ " ကောင်းကင်အထက်တွင် ကျောက်ဖုန်းက အေးစက်စွာ ကြည့်နေသည်။
စစ်ပွဲတွင် တစ်နာရီကျော်အတွင်း တိုင်းတစ်ပါးမျိုးနွယ်စုမှ စစ်သည်နှစ်သိန်းကျော် သေဆုံးသွားခဲ့သည်။ ကျောက်ဖုန်း၏ နတ်ဘုရားအာရုံအောက်တွင် ဝမ်ပင်းက တိုင်းတစ်ပါးမျိုးနွယ်စု၏ ဆုတ်လမ်းကို ဖြတ်တောက်ထားပြီး သူတို့က ထွက်ပြေးစရာနေရာမရှိတော့ပေ။
" စစ်သည်တို့ လိုက်ကြ။ တစ်ယောက်မှ မလွတ်စေနဲ့။ " လီမုက အေးစက်စွာ အမိန့်ပေးလိုက်သည်။
" သတ်ကြ..." မုန့်ဝူကလည်း မြင်းကို အရှိန်မြှင့်လိုက်သည်။
" ဟေ့ ဟေ့ ဟေ့ " ချင်စစ်သည်များက ကျယ်လောင်စွာ ဟိန်းဟောက်ပြီး တိုင်းတစ်ပါးမျိုးနွယ်စုများကို လိုက်လံတိုက်ခိုက်ကြသည်။ နောက်တန်းမှ စစ်သည်များကလည်း လေးများကို မြှောက်ပြီး ပစ်ခတ်နေကြသည်။
နှစ်နှစ်အတွင်း ထို့ပါဟူနှင့် မိုတုတို့က စိတ်ဓာတ်ကျဆင်းနေကြပြီး မြောက်ဘက်နယ်စပ်သို့ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်။ ထိုအချိန်တွင် မြေပြင်က တုန်ခါသွားပြီး ထွက်ပြေးနေကြသော တိုင်းတစ်ပါးမျိုးနွယ်စုများ၏ မျက်လုံးထဲတွင် သူတို့၏ နယ်မြေဘက်မှ အနက်ရောင်ချင်မြင်းတပ်များ ချီတက်လာသည်ကို မြင်လိုက်ရသည်။
" အရှင်မင်းကြီး မကောင်းတော့ဘူး။ ချင်စစ်တပ်က ကျွန်တော်တို့ ဆုတ်လမ်းကို ဖြတ်တောက်လိုက်ပြီ။ ကျွန်တော်တို့ နောက်တန်းက တပ်ဖွဲ့တွေကို ချင်စစ်တပ်က ချေမှုန်းလိုက်ပြီယ " နောက်တန်းမှ စစ်သူကြီးတစ်ယောက်က လျင်မြန်စွာ ရောက်လာပြီး ထို့ပါဟူကို ကြောက်ရွံ့စွာ ပြောလိုက်သည်။
ထို့ပါဟူနှင့် မိုတုတို့က မျက်နှာပျက်သွားကြပြီး မြောက်ဘက်သို့ ကြည့်လိုက်ကြသည်။ မြေပြင်က တုန်ခါသွားပြီး အနက်ရောင်ချင်မြင်းတပ်များက ရှေ့သို့ တိုးဝင်လာကြသည်။ အားလုံးက မိုဓားများကို ကိုင်ပြီး သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့