အခန်း ၅၄၅
Vol. 55 Ch. 545
အခန်း (၅၄၅)
" တိုင်းတစ်ပါးမျိုးနွယ်စုတွေ ငါတို့ ချင်နယ်မြေကို ကျူးကျော်ရဲတယ်။ သေချာင်နေတာပဲ။ စစ်ဝိညာဉ်အစီအရင် စတင်။ " ဝမ်ပင်းက မိုဓားကို မြှောက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
" စစ်ဝိညာဉ်အစီအရင် စုစည်း " လန်ထျန်းစခန်းမှ စစ်သည်သုံးသိန်းကလည်း အော်ဟစ်လိုက်ကြသည်။
ကျန့်ခြောက်ရာကျော်ရှည်လျားသော သွေးရောင်ဓားကြီးတစ်လက်က ကောင်းကင်တွင် ထွက်ပေါ်လာသည်။ တိုင်းတစ်ပါးမျိုးနွယ်စုများ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှု၊ မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသည်။
မြေပြင်ကတုန်ခါသွားပြီး ဓားအလင်းတန်းက တိုင်းတစ်ပါးမျိုးနွယ်စုတစ်သောင်းကျော်ကို ချေမှုန်းသွားပြီး သွေးများနှင့် အသားစများ ရောယှက်နေသော ကျင်းတစ်ခုပေါ်လာသည်။ ထို့နောက် ချင်စစ်စခန်းများက ပူးပေါင်းပြီး တိုင်းတစ်ပါးမျိုးနွယ်စုများကို ရူးသွပ်စွာ စတင်သတ်ဖြတ်တော့သည်။
အချိန်များ ကုန်လွန်လာပြီး ကောင်းကင်က မှောင်မိုက်လာသည်။ ထို့ပါဟူနှင့် မိုတုတို့၏ ပတ်လည်တွင် ကိုယ်ရံတော်အနည်းငယ်သာ ရှိတော့ပြီး ဝန်းရံခံထားရသည်။
" ပြီးသွားပြီ။ ငါတို့ မျိုးနွယ်စု ပျက်စီးသွားပြီ။ " ထို့ပါဟူက မျှော်လင့်ချက်မဲ့သွားခဲ့သည်။
သို့သော် မိုတုက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ " ငါက ရှုံနုမျိုးနွယ်ရဲ့ ဘုရင်မိုတုပါ။ ချင်စစ်သေနာပတိချုပ်နဲ့ တွေ့ခွင့်တောင်းပါတယ်။ ငါလက်နက်ချချင်ပါတယ်။ ရှုံနုမျိုးနွယ်က ချင်အင်ပါယာကို ထာဝရအညံ့ခံဖို့ ဆန္ဒရှိပါတယ်။ "
မိုတု၏ စကားများကြောင့် ဘေးမှ ထို့ပါဟူက အံ့ဩသွားသည်။ မိုတုက ယခုလောက်ထိ ကြောက်ရွံ့နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
" ချင်လူမျိုးတွေက ရက်စက်တယ်။ သူတို့က ငါတို့ကို လွှတ်ပေးမှာမဟုတ်ဘူး။ အညံ့ခံမယ့်အစား ချင်စစ်တပ်ကို အသေခံတိုက်တာ ပိုကောင်းတယ်။ " ထို့ပါဟူက အေးစက်စွာ ပြောလိုက်သည်။
ထို့ပါဟူ၏ စကားများကို ကြားသောအခါ မိုတု၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ထို့ပါဟူကို တိုက်ခိုက်ပြီး မြင်းပေါ်မှ ပြုတ်ကျသွားအောင် လုပ်လိုက်သည်။
" မင်း မင်း ဘာလုပ်တာလဲ။ " ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ထို့ပါဟူက ကြောင်သွားသည်။
" မင်းရဲ့ အသက်ကို ငါ့ရဲ့ အသက်နဲ့ လဲလှယ်မလို့ပဲ။ " မိုတုက မြင်းပေါ်မှ ဆင်းပြီး ဓားကို ထို့ပါဟူ၏ လည်ပင်းပေါ်သို့ တင်ထားလိုက်သည်။
" ချင်စစ်သေနာပတိချုပ် ကျွန်တော် ထို့ပါဟူကို ဖမ်းလိုက်ပါပြီ။ ကျွန်တော်ရဲ့ အညံ့ခံမှုကို လက်ခံပေးဖို့ တောင်းဆိုပါတယ်။ " မိုတုက ထို့ပါဟူကို ရှေ့သို့ ခေါ်ဆောင်သွားရင်း ပြောလိုက်သည်။
တိုက်ခိုက်နေသော ချင်စစ်သည်များက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး တိုက်ပွဲက ခဏရပ်တန့်သွားသည်။
" မင်းက အညံ့ခံချင်တာလား။ " ထိုအချိန်တွင် ကောင်းကင်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
မိုတုက ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
" နဂါး... နဂါး..."
" ဒဏ္ဍာရီထဲက နဂါးက တကယ်ရှိတာလား။ "
ပတ်ဝန်းကျင်မှ တိုင်းတစ်ပါးမျိုးနွယ်စုများက မှင်သက်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် မယုံကြည်နိုင်ခြင်းများ၊ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေသည်။
" ချင်က တကယ်ပဲ ကောင်းကင်ရဲ့ ရွေးချယ်ခံဖြစ်နေတာလား။ " ထို့ပါဟူ၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။
" ဟုတ် ဟုတ်ပါတယ်။ ကျွန်တော် ရှုံနုရဲ့ လုရင်ပါ။ ချင်အင်ပါယာကို အညံ့ခံချင်ပါတယ်။ " မိုတုက ခေါင်းတဆတ်ဆတ် ညိမ့်လိုက်သည်။
" ရှုံနုမျိုးနွယ်စုကို ချင်အင်ပါယာရဲ့ ထာဝရကျွန်အဖြစ် သတ်မှတ်မယ်။ မင်းလက်ခံလား။ " ကျောက်ဖုန်းက မိုတုကို စိုက်ကြည့်လိုက်သည်။
" လက် လက်ခံပါတယ်။ " မိုတုက အသက်ရှင်သန်ရေးအတွက် ဘာကိုမှ ဂရုမစိုက်တော့ပေ။
" ဟားဟား.... မိုတု မင်းက ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ " ထို့ပါဟူက ရယ်မောလိုက်ပြီး ကျောက်ဖုန်းကို မုန်းတီးစွာ ကြည့်လိုက်သည်။
" ကျောက်ဖုန်း ဒီဘဝမှာ ငါ မင်းကို မသတ်နိုင်ရင်တောင် နောက်ဘဝမှာ ငါမင်းကို သေချာပေါက် သတ်မယ်။ ငါ့ မျိုးနွယ်စုက ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ " ထို့ပါဟူက ကျယ်လောင်စွာ ပြောလိုက်သည်။
ကျောက်ဖုန်းက ထို့ပါဟူကို တစ်ချက်ကြည့်လိုက်သည်။
" အား..." နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထို့ပါဟူက သူ့ကိုသူ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ကောင်းကင်သို့ မြင့်တက်လာသည်။
" မင်းမှာ နောက်ဘဝဆိုတာ မရှိအောင် ငါလုပ်ပြမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ ထို့ပါဟူက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မရဏလောကမီးတောက် ပေါ်လာပြီး ထို့ပါဟူ၏ ဝိညာဉ်ကို လောင်ကျွမ်းသွားသည်။
" တုန်ဟူဘုရင်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၃၀၀ မှတ် ရရှိပါတယ်။ အဆင့်လေးရတနာသေတ္တာတစ်လုံးကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ပေါ်လာသည်။
" ငါမင်းရဲ့ အသက်ကို ချမ်းသာပေးနိုင်တယ်။ ဒါပေမယ့် မင်းရဲ့ မျိုးနွယ်စုက ချင်အင်ပါယာရဲ့ ထာဝရကျွန်ဖြစ်ရမယ်။ မင်းရဲ ဝိညာဉ်ကို လောင်ကျွမ်းနိုင်တဲ့ မီးတောက်တစ်ခုကို ငါမင်းရဲ့ ဝိညာဉ်ထဲမှာ ထည့်ထားမယ်။ မင်း သစ္စာဖောက်ရဲရင် မင်းရဲ့ ဝိညာဉ်က လောင်ကျွမ်းသွားလိမ့်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ပြောပြီး မရဏလောက်မီးတောက်ကို မိုတု၏ ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သည်။
ကျောက်ဖုန်းက သူ့ကို နောက်မှသတ်၍ ရသည်။ သို့သော် ယခုအချိန်တွင် သူက အသုံးဝင်နေဆဲ ဖြစ်သည်။ မြောက်ဘက်နယ်စပ်က ကျယ်ပြောပြီး လူဦးရေကလည်း များပြားလှသည်။ ထို့ကြောင့် ထိုနယ်မြေကို ထိန်းချုပ်နိုင်ရန် လူတစ်ယောက် လိုအပ်သေးသည်။
ထို့ပါဟူကတော့ မတူပေ။ ကျောက်ဖုန်းက သူ၏ ဖခင်နှင့် သူ၏ မျိုးနွယ်စုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သောကြောင့် သူ၏ စိတ်ထဲတွင် လက်စားချေရန် ရန်ငြိုးရှိနေသည်။ သူက အညံ့ခံမည်မဟုတ်သောကြောင့် သူ့ကို သတ်လိုက်ခြင်းက ပိုကောင်းသည်။
" အညံ့မခံတဲ့သူတွေကို သတ်ပစ်လိုက်။ အညံ့ခံတဲ့သူတွေကို ချင်အင်ပါယာဆီကို ခေါ်သွားပြီး ထာဝရကျွန်တံဆိပ် ခတ်နှိပ်လိုက်။ " ကျောက်ဖုန်းက ယွမ်စွမ်းအားဖြင့် အားလုံးကြားအောင် အော်ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " စစ်သည်အားလုံးက ပြန်လည်ဖြေကြားလိုက်ကြသည်။
" ချင်အင်ပါယာ အိမ်ရှေ့စံမင်းသားရဲ့ အမိန့်တော် အညံ့ခံသူတွေကို အသက်ချမ်းသာပေးမယ်။ အညံ့မခံသူတွေကို သနားညှာတာမှုမရှိ သတ်ခံရမယ်။ " ချင်စစ်သည်အားလုံး၏ အသံများက စစ်မြေပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
တိုင်းတစ်ပါးမျိုးနွယ်စုများ၏ အလောင်းများက နေရာအနှံ့ပျံ့ကြဲနေပြီး သွေးများက ချောင်းငယ်များသဖွယ် စီးဆင်းနေသည်။ ဤတိုက်ပွဲတွင် ချင်စစ်သည်များက သိုင်းတာအိုစွမ်းအားအပြင် လက်နက်များနှင့် သံချပ်ကာ အားသာချက်များ ရှိနေသောကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ခဲ့သည်။
" တိုင်းတစ်ပါးမျိုးနွယ်စုတွေရဲ့ ဝိညာဉ်တွေက အလကားမဖြစ်သင့်ဘူး။ " ကျောက်ဖုန်းက ကောင်းကင်မှ တိုင်းတစ်ပါးမျိုးနွယ်စုများ၏ ဝိညာဉ်များကို အေးစက်စွာ ကြည့်လိုက်သည်။
" မရဏလောကမီးတောက် " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်နှင့် အနက်ရောင်မရဏလောကမီးတော့က ယွမ်စွမ်းအား၏ အားဖြည့်မှုနှင့်အတူ ထွက်ပေါ်လာသည်။
တိုက်ခိုက်ရေးစွမ်းအားအရ သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်ထက် သာလွန်သည်။ ကျောက်ဖုန်း၏ လက်ရှိ သိုင်းတာအိုနတ်အသွင်အဆင့် စွမ်းအားဖြင့် သူက အင်မော်တယ်များကိုပင် သတ်နိုင်သည်။ သူ၏ မြင့်မားသော စွမ်းရည်များကို ပေါင်းစပ်လိုက်လျှင် ပိုအဆင့်မြင့်သော အင်မော်တယ်များကိုပင် တိုက်ခိုက်နိုင်သည်။
ဟင်းလင်းပြင်တွင် တိုင်းတစ်ပါးမျိုးနွယ်စုများ၏ ဝိညာဉ်များက နာကျင်စွာ အေယ်ဟစ်နေကြပြီး မရဏလောကမီးတောက်၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရသည်။ ထိုလုပ်ရပ်က အနည်းငယ် ရက်စက်သော်လည်း ၎င်းက ကျောက်ဖုန်း ရန်သူများအား ဆက်ဆံပုံဖြစ်သည်။
" ထျန်းရွှမ်ကြေးမုံက ချင်စစ်သည်တွေရဲ့ ဝိညာဉ်တွေကို လက်ခံနိုင်မလားမသိဘူး။ " ကျောက်ဖုန်းက ဟင်းလင်းပြင်မှ ချင်စစ်သည် ရာဂဏန်းအနည်းငယ်၏ ဝိညာဉ်များကို ကြည့်ပြီး တွေးလိုက်သည်။
သူက ကမ္ဘာကြီးအကြောင်း ပိုမိုနားလည်လာပြီဖြစ်သည်။ သေဆုံးပြီးနောက် သက်ရှိများ၏ ဝိညာဉ်များက မရဏဘုံ၏ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ကြသည်။ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ပြီးနောက် ဘာဖြစ်လာမည်ကို ဘယ်သူမှမသိကြပေ။
သို့သော် ကောင်းကင်ဘုံမှ သွေးဆာနေသော အင်မော်တယ်နှင့် နတ်ဘုရားများကို ကြည့်ပြီး မရဏဘုံကလည်း ကောင်းမွန်သော နေရာမဟုတ်ကြောင်း ကျောက်ဖုန်းက သံသယဖြစ်မိသည်။ ဤကမ္ဘာက သူ၏ ယခင်ဘဝမှ အဆိုးရွားဆုံး အမှောင်ဒဏ္ဍာရီများနှင့် ဆင်တူနေသည်။
" စမ်းကြည့်တာပေါ့။ အခြားသူတွေကိုတော့ ငါ မထိန်းချုပ်နိုင်ပေမယ့် ချင်စစ်သည်တွေကိုတော့ စမ်းကြည့်လို့ရတယ်။ နောက်ကျ ချင်ပြည်သူတွေကိုလည်း စမ်းကြည့်ရတယ်။ ဘာမှန်းမသိတဲ့ မရဏဘုံကို သွားတာနဲ့ယှဉ်ရင် ထျန်းရွှမ်ကြေးမုံထဲမှာနေတာ ပိုကောင်းတယ်။ အနာဂတ်ကျ ကမ္ဘာငယ်ထဲမှာ ပြန်လည်မွေးဖွားခြင်းတစ်ခုကို တည်ဆောက်နိုင်ရင် ဝိညာဉ်တွေကို အဲ့ဒီကမ္ဘာငယ်ထဲမှာ ထားနိုင်လိမ့်မယ်။ ပထမဆုံး ထျန်းရွှမ်ကြေးမုံထဲမှာ ဝိညာဉ်တွေအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပေးထားလိုက်မယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး ထျန်းရွှမ်ကြေးမုံက သူ၏ ရှေ့တွင် ပေါ်လာသည်။
" စုစည်းမယ်။ " ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဟင်းလင်းပြင်မှ ချစစ်သည်များ၏ ဝိညာဉ်များကို ထျန်းရွှမ်ကြေးမုံထဲတွင် စုစည်းလိုက်သည်။ ဝိညာဉ်များကို စုစည်းပြီးသောအခါ သူ၏ နတ်ဘုရားအာရုံက ထျန်းရွှမ်ကြေးမုံထဲသို့ ဝင်ရောက်သွားသည်။
" ကံကြမ္မာစွမ်းအားက ဝိညာဉ်တွေကို ထိန်းသိမ်းပြီး ထျန်းရွှမ်ကြေးမုံထဲမှာ မပျက်စီးအောင် ထားနိုင်တယ်။ ကံကြမ္မာစွမ်းအားက အဓိကပဲ။ စစ်သည်တိုင်းမှာ ထျန်းရွှမ်ကြေးမုံငယ်တစ်ခုစီရှိတာတယ်။ အနာဂတ်မှာ စစ်သည်တစ်ယောက်သေဆုံးသွားရင် သူ့ရဲ့ဝိညာဉ်ကို ကြေးမုံငယ်ကတစ်ဆင့် ပင်မကြေးမုထဲကို လမ်းညွှန်ပေးလို့ရတယ်။ ဒီနည်းနဲ့ဆို ချင်စစ်သည်တွေက မသိနားမလည်တဲ့ မရဏဘုံကို ရောက်သွားတော့မှာ မဟုတ်ဘူး။ ဝိညာဉ်တွေက ထျန်းရွှမ်ကြေးမုံထဲမှာသာ နေထိုင်နိုင်ရင် အနာဂတ်မှာ ချင်အင်ပါယာတစ်လုလုံး အကောင်အထည်ဖော်လို့ရပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့