← Chapters

အခန်း ၅၄၆

Vol. 55 Ch. 546

အခန်း ၅၄၆

Vol. 55 Ch. 546

အခန်း (၅၄၆)

" စစ်သေနာပတိချုပ် သုံးယောက်။ " ကျောက်ဖုန်းကလူသုံးယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

" အမိန့်ရှိပါ အိမ်ရှေ့စံမင်းသား။ " စစ်သေနာပတိချုပ်သုံးယောက်က ဦးညွှတ်ပြီး ပြောလိုက်ကြသည်။

" အင်အားအပြည့်နဲ့ တိုက်ခိုက်ပါ။ မြောက်ဘက်နယ်မြေကို အမြန်ဆုံးရှင်းလင်းပြီး မိုင်တစ်ထောင်စီမှာ ခံတပ်တစ်ခု တည်ဆောက်ပါ။ လိုအပ်တဲ့ ရိက္ခါတွေကို ထျန်းရွှမ်ကြေးမုံကတစ်ဆင့် ပို့ပေးလို့ရတယ်။ ဆောက်လုပ်ရေးအတွက် ထောက်ပို့စစ်သည်သုံးသိန်းကိုလည်း ငါ စေလွှတ်လိုက်မယ်။ စစ်သေနာပတိချုပ်သုံးယောက်ကို တိုက်ခိုက်ဖို့ အာဏာအပြည့်အဝ ပေးအပ်လိုက်တယ်။ တစ်နှစ်အတွင်း မြောက်ဘက်နယ်မြေကို ချင်အင်ပါယာရဲ့ နယ်မြေအဖြစ် မြင်ချင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သေနာပတိချုပ် သုံးယောက်က ပြန်လည်ပြောကြားလိုက်ကြသည်။

အမိန့်ပေးပြီးနောက် ကျောက်ဖုန်းက သူ၏ အောက်မှ နဂါးနက်ကို ကြည့်လိုက်သည်။ " စစ်ပွဲက ဆက်ဖြစ်နေဦးမှာဆိုတော့ မင်း ဒီမှာနေပြီး စွမ်းအားတွေ စုပ်ယူနေပါ။ ပြီးတော့ လူတွေကို အန္တရာယ်မပေးနဲ့ လူတွေကို မစားနဲ့။ "

ကျောက်ဖုန်းက သတိပေးပြီးနောက် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ အထဲသို့ ဝင်ရောက်သွားသည်။

" အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်ပါတယ်။ " စစ်သေနာပတိချုပ်သုံးယောက်က ထွက်ခွာသွားသော ကျောက်ဖုန်း၏ ပုံရိပ်ကို လေးစားစွာ ကြည့်နေကြသည်။ ဟင်းလင်းပြင် ပြန်ပိတ်သွားမှ သူတို့က အသိပြန်ဝင်လာကြသည်။

" ငါတို့လည်း ဘယ်တော့မှ ဒီလိုစွမ်းအားမျိုးရမှာလဲ။ လေပေါ်ပျံပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်တယ်။ " သူတို့သုံးယောက်လုံးက စိတ်ထဲတွင် အံ့ဩနေကြသည်။

" ချင်အင်ပါယာက ပေးအပ်တဲ့အရင်းအမြစ်တွေနဲ့ အိမ်ရှေ့စံမင်းသား ပေးအပ်ထားတဲ့ သိုင်းတာအိုနဲ့ဆို အဲ့ဒါက အချိန်တစ်ခုပဲ လိုတာပါ။ အခု ငါတို့ ချင်အင်ပါယာက ကျင့်ကြံခြင်းခေတ်ကို ဝင်ရောက်သွားပြီ။ ဒါ့အပြင် ငါတို့က အခြားသူတွေ ရှေ့ကို ရောက်နေတယ်။ အနာဂတ်မှာ ငါတို့ ချင်စစ်သည်တွေကပဲ ကျင့်ကြံခြင်းခေတ်ကို ဦးဆောင်ရလိမ့်မယ်။ " လီမုက ပြောလိုက်သည်။

" စစ်သေနာပတိချုပ်လီမုက ဆကယ်ကံကောင်းတယ်။ အိမ်ရှေ့စံမင်းသားနောက်ကို စောစောစီးစီး လိုက်ခဲ့ရတော့ အခုဆို မဟာဆရာသခင်အဆင့်ကိုတောင် ရောက်နေပြီ။ " ဝမ်ပင်းက လီမုကို မနာလိုစွာ ကြည့်လိုက်သည်။

" ဟားဟား... ကံကောင်းလို့ပါ။ ဒါပေမယ့် နောက်ဆုံးတော့ ငါ့ရဲ့ အရည်အချင်းက အဲ့လောက်လည်း မဟုတ်ပါဘူး။ ယင်ပုဆို မဟာဆရာသခင်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ။ ကောင်းကင်ဖြစ်စဉ်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ ကောင်းကင်ဖြစ်စဉ်အဆင့်ကို ရောက်သွားရင် သက်တမ်းတိုးလာမယ့်အပြင် အင်မော်တယ်တွေလို ကောင်းကင်မှာ ပျံသန်းနိုင်လိမ့်မယ်။ " လီမုက လိုချင်တပ်မက်စွာဖြင့် ပြောလိုက်သည်။

ကောင်းကင်ဘုံ၊ လင်းရှောင်နန်းတော်။

" ဧကရာဇ်မင်းမြတ် တစ်ခုခုဖြစ်နေပါတယ်။ ရှန်းကျိုးမှာ စောင့်ကြည့်ဖို့ တာဝန်ကျနေသူရဲ့ အသက်မီးအိမ်က ကွဲသွားပါတယ်။ သူ သေဆုံးသွားပါပြီ။ " တိုက်ပိုက်ကျင်းရှင်းက ကောင်းကင်ဧကရာဇ်ကို လျှောက်တင်လိုက်သည်။

" ဘာ..." ပလ္လင်ပေါ်တွင် ထိုင်နေသော ကောင်းကင်ဧကရာဇ်က မျက်လုံးများ ဖွင့်လိုက်ရာ လင်းရှောင်နန်းတော်တစ်ခုလုံး တုန်ခါသွားသည်။

" သူက ဆန်းရှန်းအင်မော်တယ်တစ်ယောက်ဖြစ်ပေမယ့် လူသားဘုံမှာ သူ့ကို ဘယ်သူက သတ်နိုင်မှာလဲ။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် ကောင်းကင်လျို့ဝှက်ချက်တွေက ဝေဝါးနေပြီ။ ဟောကိန်းထုတ်လို့ မရတော့ပါဘူး။ ဒါပေမယ့် အခြေအနေကို ကြည့်ရင် ရှန်းကျိုးမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပက်သက်နေနိုင်ပါတယ်။ ရှန်းကျိုးမှာ တစ်ခုခု ဖြစ်ပျက်နေတာ သေချာပါတယ်။ " တိုက်ပိုင်ကျင်းရှင်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ရှန်းကျိုး..." ကောင်းကင်ဧကရာဇ်က မျက်မှောင်ကြုတ်သွားပြီး သူ၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်သွားသည်။

" ရှန်းကျိုးကို ဘယ်သူက ထိန်းချုပ်နေတာလဲ။ ဘာလို့ ကောင်းကင်ဘုံရဲ့ ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားတာလဲ။ အနောက်ဘက်နယ်မြေလား။ တထာဂတက အစွမ်းထက်တယ်ဆိုပေမယ့် သူက ဒီလောက်ထိ လုပ်နိုင်မှာမဟုတ်ဘူး။ ရှီဝမ်မုလား၊ ကျန်းယွမ်ဇီလား။ ဒါမှမဟုတ် အခြားသူတွေလား။ ဘယ်သူလဲ။ " ကောင်းကင်ဧကရာဇ်က စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။

ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားက သူ့ကို အဆင့်တက်ရန် ကူညီပေးနိုင်ပြီး သူတော်စင်များမရှိတော့သော ဤခေတ်တွင် အသန်မာဆုံး ဖြစ်လာစေနိုင်သည်။ ရှန်းကျိုးမှ သက်ရှိများ၏ ဝိညာဉ်အနှစ်သာရများက အလွန်အံ့ဩစရာကောင်းပြီး ကောင်းကင်ဘုံတွင် ပိုမိုသန်မာသော အင်မော်တယ်များနှင့် နတ်ဘုရားများကို ထွက်ပေါ်လာစေနိုင်သည်။ ကံကြမ္မာစွမ်းအားဖြစ်စေ ဝိညာဉ်အနှစ်သာရဖြစ်စေ နှစ်ခုလုံးက သူလက်လွှတ်၍မရသော အရာများဖြစ်သည်။

" ကပ်ရောဂါနတ်ဘုရားကို အမိန့်ပေးလိုက်။ ငါ သူ့ကို ကောင်းကင်ကျမ်းစာရဲ့ စွမ်းအားကို ပေးအပ်ပြီး ရှန်းကျိုးကို ကပ်ရောဂါ ပျံ့နှံ့စေဖို့ အမိန့်ပေးလိုက်တယ်။ ဌာနလေးခုကို အမိန့်ထုတ်လိုက်။ ငါ သူတို့ကို ကောင်းကင်ကျမ်းစာရဲ့ စွမ်းအားကို ပေးအပ်တယ်။ ရှန်းကျိုးကို နှစ်ပေါင်းများစွာ မိုးခေါင်စေပြီး မြက်တစ်ပင်တော မပေါက်စေနဲ့။ ချင်ကွမ်းဘုရင်ကိုလည်း အမိန့်ပေးလိုက်။ ချင်ဘုရင်ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး သူ့ကို အသက်တိုအောင်လုပ်။ ရှန်းကျိုးရဲ့ ကံကြမ္မာက စုစည်းနေရင်တောင် ငါ ရှန်းကျိုးရဲ့ ကံကြမ္မာစွမ်းအားကို ဖြတ်တောက်ပစ်မယ်။ " ကောင်းကင်ဧကရာဇ်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်များ လင်းလက်သွားသည်။

ထိုစကားများကို ကြားသောအခါ တိုက်ပိုင်ကျင်းရှင်း၏ အမူအရာက ပြောင်းလဲသွားသည်။

" ဧကရာဇ်မင်းမြတ် ဒီလိုလုပ်လိုက်ရင် ကျွန်တော်တို့ ကောင်းကင်ဘုံက ကံကြွေးတွေ အများကြီး ရှိလာလိမ့်မယ်။ ဒါ့အပြင် ရှန်းကျိုးမှာရှိတဲ့ သက်ရှိတွေအားလုံး သေဆုံးရလိမ့်မယ်။ ရှန်းကျိုးကို ရရင်တောင် ဝိညာဉ်အနှစ်သာရတွေ အများကြီး လျှော့နည်းသွားလိမ့်မယ်။ " တိုက်ပိုင်ကျင်းရှင်းက အလျင်အမြန် ပြောလိုက်သည်။

" အခု ရှန်းကျိုးက ထိန်းချုပ်မှုအောက်က လွတ်သွားပြီ။ ချင်အင်ပါယာမပျက်စီးရင် ငါက ရှန်းကျိုးရဲ့ ကံကြမ္မာကို ဘယ်လိုလုပ်ရနိုင်မလဲ။ သွားပြီး အမိန့်တော်ကို အကောင်အထည်ဖော်လိုက်။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " တိုက်ပိုင်ကျင်းရှင်းက ဦးညွှတ်ပြီး ဆုတ်ခွာသွားသည်။

" သူတော်စင်ဖြစ်လာဖို့ လမ်းကြောင်း၊ ကောင်းကင်နဲ့ မြေကြီးကို ထိန်းချုပ်နိုင်တယ်။ ငါ့ကို တားဆီးတဲ့သူမှန်သမျှ ဖျက်ဆီးပစ်မယ်။ ရှန်းကျိုးနယ်မြေရဲ့ ပြောင်းလဲမှုတွေ နောက်ကွယ်ကလူ ငါမင်းကို ရှာမတွေ့ပါစေနဲ့။ " ကောင်းကင်ဧကရာဇ်က အေးစက်စွာ ရေရွတ်လိုက်သည်။

အိမ်ရှေ့စံနန်းတော်။

" ရန်သူသတ်ဖြတ်မှုတွေက စွမ်းရည်တွေကို ရယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" သခင်ရဲ့ စစ်တပ်က ရန်သူ ၃၄၅၉၆၉ ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၇၂၉၈၄ မှတ်ကို ရရှိပါတယ်။ "

အစစ်အမှန်ယွမ် - ၂၈၃၆၀ မှတ်

နဂါးဆင်စွမ်းအား - ၂၈၄၅၀ မှတ်

နတ်ဘုရားအမြန်နှုန်း - ၂၆၁၃၂မှတ်

ဟောက်ထျန်းခန္ဓာ - ၂၅၃၀၄ မှတ်

နတ်ဘုရားအာရုံ - ၂၅၃၀၄ မှတ်

မူလစိတ်ဝိညာဉ် - ၃၄၅၉၆၉ မှတ်

သက်တမ်း - ၃၉၄၂၆ ရက်

ရွှေရောင်အလင်းများက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ စွမ်းရည်များ မြင့်တက်လာပြီး သိုင်းဧကရာဇ်နဂါးကျမ်းက လည်ပတ်လာသည်။

" စွမ်းရည်အမှတ် ၂၂၀၀၀၀ ကျော်လွန်သွားပြီး အဆင့်ငါး ရတနာသေတ္တာ နှစ်လုံး ရရှိပါတယ်။ " စနစ်မှ အ​သိပေးချက် ထွက်ပေါ်လာသည်။

"ကျင့်ကြံတာနဲ့ယှဉ်ရင် စစ်မြေပြင်က စွမ်းရည်တွေရတာ ပိုမြန်တယ်။ အခု ငါက အိမ်ရှေ့စံဖြစ်နေပြီဆိုတော့ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကနေ စွမ်းရည်ထက်ဝက်ရနေပြီ။ အနည်းဆုံးတော့ အဓိပ္ပါယ်မရှိဘဲ လျှောက်သတ်ပြီး ကံကြွေးတင်နေစရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၃၂ နှစ်

အထူးစွမ်းရည် - လူသားတာအိုအာဏာ အနီရောင်အဆင့်၊ ကောင်းကင်တာအိုအာဏာ အပြာရောင်အဆင့်၊ သိုင်းတာအိုဘိုးဘေး ရွှေရောင်အဆင့်။

အစစ်အမှန်ယွမ် - ၂၃၀၀၀၀ မှတ်

နဂါးဆင်စွမ်းအား - ၂၂၀၀၀၀ မှတ်

နတ်ဘုရားအမြန်နှုန်း - ၂၂၀၀၀၀ မှတ်

ဟောက်ထျန်းခန္ဓာ - ၂၂၀၀၀၀ မှတ်

နတ်ဘုရားအာရုံ - ၂၂၀၀၀၀ မှတ်

မူလစိတ်ဝိညာဉ် - ၃၄၀၀၀၀ မှတ်

သက်တမ်း - ၅၀၆၄၇ ( ကျင့်ကြံခြင်းအဆင့် ၅၀၀၀၀ နှစ်)

ကုသိုလ်အမှတ် - ၁၂၃၀၄ မှတ်

ကံကြွေး - ၁၈ မှတ်

သိုလှောင်နေရာ - ၂၀၀၀၉၉ ကုဗမီတာ

ကျင့်စဉ် - သိုင်းဧကရာဇ်နဂါးကျမ်း

သိုင်းပညာ - ကောင်းကင်ချုပ်နှောင်လက်ညှိုး၊ ဓားတစ်သောင်းမူလသို့ပြန်ခြင်း၊ တောင်ခွဲဓားချက်၊ ခေတ်ကာလများကိုပိုင်းခြားသောဓား၊ နဂါးနိုင်လက်ဝါး၊ပေါက်ကွဲလက်သီး။

မှော်ရတနာ - ထျန်းရွှမ်ကြေးမုံ(ရှန်ထျန်းတစ်ဝက်အဆင့်)၊ ဟွာအိုးကိုးလုံး (ဟောက်ထျန်းအထွတ်အထိပ်အဆင့်)။

ကျောက်ဖုန်း၏ ယွမ်စွမ်းအားနှင့် ရုပ်ခွန်အားများက အင်မော်တယ်များကို သတ်ဖြတ်ရန် လုံလောက်ပေသည်။ မူလစိတ်ဝိညာဉ်ကလည်း သာမန်အင်မော်တယ်များထက် သာလွန်ပေသည်။ ကုသိုလ်အမှတ်များက ဖန်လိုင်အင်မော်တယ်ကျွန်းမှ အင်မော်တယ်တမန်တော်များနှင့် သူ့နောက်လိုက်များကို သတ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။ ကံကြွေးက ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ရရှိလာခြင်းဖြစ်သည်။ ကံကြွေးများ အလွန်များလျှင် သွားလေရာနေရာတိုင်းတွင် ဒုက္ခရောက်ပြီး ကပ်ဘေးများ ကျရောက်လာနိုင်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters