← Chapters

အခန်း ၅၄၇

Vol. 55 Ch. 547

အခန်း ၅၄၇

Vol. 55 Ch. 547

အခန်း (၅၄၇)

ကျောက်ဖုန်း၏ လက်ရှိအဆင့်က သိုင်းတာအိုနတ်အသွင် အဆင့်သုံးသို့ ရောက်နေပြီဖြစ်သည်။ နောက်တစ်ဆင့်သို့ တက်လှမ်းသွားလျှင် လူသားနယ်ပယ်ကို လုံးဝ ကျော်လွန်သွားမည်ဖြစ်သည်။ သိုင်းတာအိုနတ်အသွင်အဆင့်၏ တိုက်ခိုက်ရေးစွမ်းအားက အင်မော်တယ်များနှင့် ယှဉ်နိုင်သော်လည်း အဆင့်အနေဖြင့် အင်မော်တယ်များနှင့် နှိုင်းယှဉ်၍မရပေ။

အင်မော်တယ်အဆင့်သို့ ဝင်ရောက်သွားသည်နှင့် ကိုယ်ပိုင်စွမ်းအားပြောင်းလဲခြင်းသက်သက်မဟုတ်ဘဲ နိယာမများကို နားလည်နိုင်သည်။ သိုင်းတာအိုက အင်မော်တယ်လမ်းစဉ်နှင့်မတူပေ။ တူညီသောအဆင့်တွင် သိုင်းတာအိုကျင့်ကြံသူများက အင်မော်တယ်ကျင့်ကြံသူများကို အနိုင်ယူနိုင်သည်။

သိုင်းဧကရာဇ်နဂါးကျမ်းထဲတွင် သိုင်းတာအိုနတ်အသွင်အဆင့်အထက်ရှိ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်၏ ကျင့်စဉ်ကို ဖော်ပြထားပြီးသားဖြစ်သည်။ ထိုအဆင့်သို့ ဝင်ရောက်သွားသည်နှင့် နိယာမများကို နားလည်လာပြီး ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်နိုင်သည်။ ထို့နောက် နိယာမများ၏ စွမ်းအားကို သုံးပြီး ရန်သူများကို ခုခံတိုက်ခိုက်နိုင်သည်။

သိုင်းတာအိုကျင့်ကြံသူဖြစ်စေ၊ အင်မော်တယ်ကျင့်ကြံသူဖြစ်စေ နိယာမကို နားလည်ခြင်းမှာ အခက်အခဲအချို့ ရှိသော်လည်း ကျောက်ဖုန်းအတွက်မူ မခက်ခဲပေ။ အကြောင်းမှာ သူက ကောင်းကင်တာအိုအာဏာကို ကိုင်ဆောင်ထားသောကြောင့်ဖြစ်သည်။

" အဆင့်ငါးရတနာသေတ္တာသုံးလုံး၊ အဆင့်လေးရတနာသေတ္တာတစ်လုံး။ သိုင်းတာအိုနတ်အသွင်အဆင့် ရောက်နေပေမယ့် ရတနာသေတ္တာတွေက အဆင့်ငါးပဲရှိသေးတယ်။ စွမ်းရည်အားလုံးက သိုင်းတာအိုမဟားစွမ်းအားရှင်အဆင့်ရောက်မှ အဆင့်ခြောက်ရတနာသေတ္တာတွေကို ရနိုင်မယ့်ပုံပဲ။ ဒါကလည်း မဆိုးပါဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။ " ရတနာသေတ္တာတွေကို ဖွင့်မယ်။ "

" အဆင့်လေးရတနာသေတ္တာကို ဖွင့်နေပါပြီ။ ဟောက်ထျန်းစိတ်ဝိညာဉ်မီးတောက် ဝိညာဉ်လောင်ကျွမ်းခြင်းမီးတောက်ကို ရရှိပါတယ်။ "

" အဆင့်ငါးရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "

" နတ်စွမ်းရည် လေမိုးဆင့်ခေါ်ခြင်းကို ရရှိပါတယ်။ "

" အဆင့်နိမ့် ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်ရတနာ ဝိညာဉ်ထိန်းချုပ်ခြင်းကျောက်တိုင်ကို ရောက်ရှိပါတယ်။ "

" ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်အဆိပ် အင်မော်တယ်လူသားအဆိပ်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ကံကောင်းတယ်လို့ ပြောရမယ်။ ပြီးတော့ လေမိုးဆင့်ခေါ်ခြင်းက တိုက်ခိုက်ရေးစွမ်းရည်မဟုတ်ပေမယ့် အထောက်အကူပြုစွမ်းရည်ဖြစ်ပြီး ကွေ့ကူကျိနဲ့ အခြားသူတွေကို သင်ပေးလို့ရတယ်။ ဝိညာဉ်ထိန်းချုပ်ခြင်းကျောက်တိုင်းက ရှန်ထျန်းအဆင့်ဖြစ်လို့ ကြီးမားတဲ့ အကျိုးအမြတ်ပဲ။ ဒါပေမယ့် ဒီအင်မော်တယ်လူသားအဆိပ်က ဘာလဲ။ ဒါက ရှန်ထျန်းအဆင့်လား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် အင်မော်တယ်လူသားအဆိပ်ကို ထုတ်ယူလိုက်သည်။

ထူးဆန်းသော အနက်ရောင်အရာတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာသည်။ ကျောက်ဖုန်းက အဆိပ်ကို အာရုံစိုက်လိုက်သောအခါ အဆိပ်၏ စွမ်းရည်များက သူ၏ ရှေ့တွင် ပေါ်လာသည်။

အင်မော်တယ်လူသားအဆိပ်က ပုံသဏ္ဍန်မရှိ၊ ထိတွေ့ကိုင်တွယ်၍မရပေ။ ၎င်းက အင်မော်တယ်အဆင့်အောက်ရှိ လူသားများ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားများနှင့် ပေါင်းစပ်နိုင်သည်။ အင်မော်တယ်များက သာမန်လူသားများကို သတ်လျှင် အဆိပ်ငွေ့ကြောင့် တဖြည်းဖြည်း ပျက်စီးရပေလိမ့်မည်။ အနည်းဆုံး ကျင့်ကြံမှုပျက်စီးပြီး သက်တမ်းလျော့နည်းမည်ဖြစ်သည်။ သတ်ဖြတ်ခြင်းက အင်မော်တယ်လူသားအဆိပ်ကို ပိုမိုမြန်ဆန်စေသည်။

" ဒါက စိတ်ဝိညာဉ်အဆိပ်လား။ ဒါက အင်မော်တယ်တွေကို တိုက်ခိုက်မယ့် လက်နက်အစစ်ပဲ။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး အေးစက်စွာ ပြုံးလိုက်သည်။

အကယ်၍ အင်မော်တယ်များနှင့် လုံးဝခွဲခြားထားသော ကမ္ဘာတစ်ခုတွင် အင်မော်တယ်လူသားအဆိပ်က အသုံးဝင်မှုနည်းပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းရှိနေသော ရှန်းကျိုးနယ်မြေက မြေကြီးအင်မော်တယ်ဘုံမှ ခွဲထွက်လာခြင်းဖြစ်ပြီး တစ်နေ့တွင် မြေကြီးအင်မော်တယ်ဘုံနှင့် ပြန်​လည်ပေါင်းစည်းသွားမည်ဖြစ်သည်။

ဤကမ္ဘာတွင် အင်မော်တယ်များက စည်းမျဉ်းများကို မလိုက်နာဘဲ ကောင်းကင်ဘုံကလည်း တကားမျှတမှုမရှိပေ။ အင်မော်တယ်များနှင့် နတ်ဘုရားများက လူသားမျိုးကို သွေးနှင့် အသားအတွက် မွေးမြူထားကြပြီး ဝိညာဉ်အနှစ်သာရကို လုယူကြသည်။ ထိုအင်မော်တယ်လူသားအဆိပ်က သူတို့ကို ဆန့်ကျင်ရန် လက်နက်အစစ်ပင်ဖြစ်သည်။

" ဒီအဆိပ်က လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်တယ်။ ငါသာ မြေကြီးအင်မော်တယ်ဘုံမှာ ဒါကို ဖြန့်လိုက်ရင် လူသားတွေကို မွေးမြူတဲ့ အင်မော်တယ်တွေ ဘယ်လိုဖြစ်သွားမလဲ။ " ကျောက်ဖုန်း၏ မျက်နှာတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

" ဒါကို သန့်စင်ရမယ်။ ဒီအင်မော်တယ်လူသားအဆိပ်က အဲ့ဒီ အင်မော်တယ်တွေကို အံ့ဩမှုတစ်ခု ပေးနိုင်မှာ သေချာတယ်။ " ကျောက်ဖုန်းက အင်မော်တယ်လူသားအဆိပ်ကို စတင်သန့်သင်လိုက်သည်။

ထိုအဆိပ်က စိတ်ဝိညာဉ်ရတနာများမဟုတ်သော်လည်း ကိုင်ပိုင်အဖြစ် အသုံးပြုရန်အတွက် သန့်စင်ရန် လိုအပ်သည်။ လျင်မြန်စွာပင် ကျောက်ဖုန်းက အင်မော်တယ်လူသားအဆိပ်ကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သောအခါ အနက်ရောင်အဆိပ်ငွေ့က ပျောက်ကွယ်သွားသည်။

" အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ ငါ့ဆီက လက်ဆောင်ကြီးတစ်ခုကို စောင့်နေကြ။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

မြောက်ဘက်နယ်စပ်။

ချင်အင်ပါယာ၏ စစ်စခန်းသုံးခုက သူတို့၏ တိုက်ခိုက်မှုကို အပြည့်အဝ ထုတ်ဖော်ခဲ့သည်။ ကျောက်ဖုန်း၏ အမိန့်အောက်တွင် ထောက်ပို့စစ်သည်သုံးသိန်းက မြောက်ဘက်နယ်မြေသို့ ရောက်လာပြီး မြို့များကို တည်ဆောက်ခဲ့ကြသည်။ ထျန်းရွှမ်ကြေးမုံ၏ အကူအညီနှင့် မြောက်ဘက်နယ်စပ်တစ်လျှောက် မြို့များ ပေါ်လာခဲ့သည်။

တိုင်းတစ်ပါးမျိုးနွယ်စုများက လှည့်လည်သွားလာနေသူများဖြစ်သောကြောင့် သူတို့ကို ထိန်းချုပ်ရန် ခက်ခဲသည်။ ကျောက်ဖုန်း၏ ရည်ရွယ်ချက်က တုန်ဟူနှင့် ရှုံနုမျိုးနွယ်စုများကို အပြည့်အဝ လွှမ်းမိုးရန် ဖြစ်သည်။ ရှုံနုမျိုးနွယ်စုက မိုတု၏ အညံ့ခံမှုအောက်တွင် စနစ်တကျ သိမ်းပိုက်နေသည်။ နတ်ဘုရားနှင့်တူသော ကျောက်ဖုန်း၏ စွမ်းအားအောက်တွင် မိုတုက လိုက်နာရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

တုန်ဟူမျိုးနွယ်စုကလည်း သိုင်းတာအို၏ စွမ်းအားအောက်တွင် သူတို့က ချင်စစ်တပ်နှင့် မယှဉ်နိုင်ဘဲ မျိုးနွယ်စုဝင်များစွာ သေဆုံးခဲ့ပြီး လက်နက်ချသူများက ချင်အင်ပါယာ တည်ဆောက်ထားသော မြို့များဆီသို့ ပြောင်းရွေ့ခဲ့ရသည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်လ၊ ငါးလ၊ ခြောက်လ၊ ရှစ်လ ကြာသွားခဲ့သည်။ တုန်ဟူနှင့် ရှုံနုမျိုးနွယ်များက ချင်အင်ပါယာ၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်သွားခဲ့ပြီး မြက်ခင်းလွင်ပြင်တွင်လည်း မြို့များစွာ တည်ရှိနေပြီဖြစ်သည်။

ရှန်းယန်မြို့တော်၊ နံနက်ခင်းညီလာခံခန်းမ။

" ဧကရာဇ်မင်းမြတ် မြောက်ဘက်နယ်စပ်က တည်ငြိမ်သွားပါပြီ။ ယွဲ့ကျိတွေဆီ ပြေးသွားတဲ့ အနည်းငယ်ကလွဲရင် တုန်ဟူနဲ့ ရှုံနုအားလုံးက ချင်အင်ပါယာရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါပြီ။ အခု မြောက်ဘက်နယ်စပ်မှာ မြို့ပေါင်းသုံးရာကျော်ကို တည်ဆောက်ပြီးသွားပါပြီ။ " လွိပုဝေက ကျယ်လောင်စွာ ပြောလိုက်သည်။

" ကောင်းတယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြုံးလိုက်သည်။ " မြောက်ဘက်နယ်စပ်၊ မြောက်ဘက်ခံတပ်နဲ့ လန်ထျန်း စခန်းသုံးခုက စစ်သည်တွေ ပင်ပန်းသွားပြီ။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ရန်သူကို သတ်ဖြတ်ပြီး စွမ်းဆောင်မှုရယူနိုင်ခဲ့တဲ့ စစ်သည်တွေကို စွမ်းဆောင်မှုရမှတ်တွေ ချီးမြှင့်မယ်။ ရန်သူတစ်ယောက်ကို သတ်ဖြတ်ရင် စွမ်းဆောင်မှုရမှတ် ၅၀ ရရှိမယ်။ အမြင့်ဆုံးကန့်သတ်ချက်မရှိဘူး။ စစ်သည်တစ်ယောက်ကျဆုံးသွားရင် စွမ်းဆောင်မှုရမှတ်တွေကို သူတို့မိသားစုဆီ ပေးအပ်မယ်။ "

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးမားလှပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ကျုံးဖု မြောက်ဘက်နယ်မြေက ကျယ်ပြောလှတယ်။ မြို့တည်ဆောင်တာနဲ့ လူတွေရွေ့ပြောင်းတာကို သေချာဂရုစိုက်ဖို့လိုတယ်။ မြောက်ဘက်နယ်စပ်စခန်းက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" စိတ်ချပါ ဧကရာဇ်မင်းမြတ်။ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါမယ်။ " လွီပုဝေက ချက်ချင်း ပြန်ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် တုန်ဟူမျိုးနွယ်မှာ လူဦးရေ ၁၅ သန်း၊ ရှုံနုမှာ လူဦးရေ ၁၃ သန်းရှိပါတယ်။ လူဦးရေက များတဲ့အတွက် ဂရုတစိုက် အုပ်ချုပ်ဖို့ လိုအပ်ပါတယ်။ " ဟန်ဖေးက ပြောလိုက်သည်။

" ဝန်ကြီးချုပ်ဟန်ပြောတာမှန်တယ်။ မြောက်ဘက်နယ်စပ်က လူဦးရေထူထပ်တယ်။ မျိုးနွယ်စုနှစ်ခုကို အခုမှ သိမ်းပိုက်ထားတာဆိုတော့ မကျေနပ်တဲ့သူတွေ ရှိနေမှာပဲ။ ငါတို့ သတိထားပြီး အုပ်ချုပ်ဖို့လိုတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ဧကရာဇ်မင်းမြတ် အရင်က အိမ်ရှေ့စံမင်းသား အဆိုပြုခဲ့တဲ့ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို အချင်းချင်း ပြန်အုပ်ချုပ်တာက တုအန်းနဲ့ ဂိုဂူလျောမှာ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးပါပြီ။ မြောက်ဘက်နယ်စပ်မှာလည်း အဲ့ဒါကို ကျင့်သုံးနိုင်ပါတယ်။ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ချင်အင်ပါယာက ကာကွယ်ပေးရမှာဆိုတော့ သူတို့ကို အသုံးချလို့ရပါတယ်။ "

" မြောက်ဘက်နယ်စပ်က စားကျက်မြေတွေကို မျိုးနွယ်စုတွေရဲ့ အထက်တန်းလွှာတွေက ထိန်းချုပ်ထားပါတယ်။ သူတို့ကို သတိထားရမှာဆိုပေမယ့် တိုင်းတစ်ပါးမျိုးနွယ်စုတွေက သာမန်ပြည်သူတွေကိုတော့ အိမ်ထောင်စုစာရင်းကောက်ပြီး စာကျက်မြေနဲ့ သီးနှံတွေ ပေးအပ်သင့်ပါတယ်။ ဒိလိုလုပ်လိုက်ရင် အထက်တန်းလွှာတွေရဲ့ အာဏာလည်း လျော့နည်းသွားပါလိမ့်မယ်။ ဒါ့အပြင် မြောက်ဘက်နယ်စပ်ကို အုပ်ချုပ်ဖို့ ပြည်နယ်နဲ့ ခရိုင်တွေ တည်ထောင်သင့်ပါတယ်။ " လီစီက ထရပ်ပြီး ပြောလိုက်သည်။

" မှန်တယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

တိုင်းတစ်ပါးမျိုးနွယ်စုများကို ကိုင်တွယ်ရာတွင် အလွန်မတင်းကျပ်သင့်ဘဲ မေတ္တာတရားနှင့် အုပ်ချုပ်ရန် လိုအပ်သည်။ သူတို့ကို တင်းကျပ်စွာ ကိုင်တွယ်လျှင် သည်းမခံနိုင်ဘဲ ပုန်ကန်မှုများ ဖြစ်ပေါ်လာနိုင်သည်။

" မြောက်ဘက်နယ်မြေကို ပြည်နယ်နဲ့ ခရိုင် ဘယ်နှစ်ခုခွဲသင့်တယ်လို့ ထင်ကြသလဲ။ " ရင်ကျန့်က မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးရဲ့ အထင်ကတော့ ပြည်နယ်ငါးခုနဲ့ ခရိုင်ငါးဆယ် ခွဲဝေသင့်ပါတယ်။ ဒီလိုလုပ်မှသာ လူဦးရေသန်းသုံးဆယ်ကျော်တဲ့ တိုင်းတစ်ပါးမျိုးနွယ်စုတွေကို ခွဲထုတ်ပြီး ပြန်မစုစည်းနိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။ " လွီပုဝေက ခဏစဉ်းစားပြီး ပြောလိုက်သည်။

" ကောင်းပြီ။ ကျုံးဖုပြောတဲ့အတိုင်း ပြည်နယ်ငါးခုနဲ့ ခရိုင်ငါးဆယ် ခွဲဝေလိုက်မယ်။ ဒီကိစ္စကို ကျုံးဖုတာဝန်ယူလိုက်ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters