အခန်း ၅၄၉
Vol. 55 Ch. 549
အခန်း (၅၄၉)
" အခုအချိန်မှာ သူတို့က သူတို့ရဲ့ စွမ်းအားကို သုံးပြီး ချင်အင်ပါယာကို ပစ်မှတ်ထားနိုင်တယ်။ ဒါပေမယ့် အောက်ကို ဆင်းမလာနိုင်ဘူး။ ချင်အင်ပါယာသာ သန်မာလာရက် သူတို့က ချင်အင်ပါယာကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ ချင်အင်ပါယာအပေါ် သေတဲ့အထိ သစ္စာရှိပါမယ်။ " အရာရှိအားလုံးက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
ထိုအချိန်တွင်...
" အစီရင်ခံပါတယ်။ ဧကရာဇ်မင်းမြတ်၊ အိမ်ရှေ့စံမင်းသား နန်းတော်အပြင်ဘက်မှာ ဦးခေါင်းပြောင်နဲ့ လူတစ်ယောက် ရောက်နေပါတယ်။ သူက အနောက်ဘက်နယ်မြေ ဗုဒ္ဓဂိုဏ်းက ဖြစ်ပြီး ချင်အင်ပါယာကို ကယ်တင်ဖို့ လာတာလို့ ပြောပါတယ်။ " တပ်မှူးတစ်ယောက်က ခန်းမထဲသို့ ဝင်လာပြီး အစီရင်ခံလိုက်သည်။
" ဗုဒ္ဓဂိုဏ်း..." ရင်ကျန့်က ကျောက်ဖုန်းကို လေးနက်စွာ ကြည့်လိုက်သည်။
" နောက်ဆုံးတော့ သူတို့ရောက်လာပြီပေါ့။ သူတို့မလာရင်တောင် ထူးဆန်းနေဦးမယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။
အင်မော်တယ်တမန်တော်ကို ရှင်းလင်းပြီးနောက် အနောက်ဘက်နယ်စပ်တွင်လည်း ကျင့်ကြံသူများရှိနေသည်ကို သူသိပြီးသားဖြစ်ပြီး သူတို့က ကောင်းကင်ဘုံမှမဟုတ်ဘဲ ဗုဒ္ဓဂိုဏ်းမှဖြစ်သည်ကိုလည်း သိထားသည်။
" ခေါ်လိုက်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " တပ်မှူးက အလျင်အမြန် ထွက်ခွာသွားသည်။
မကြာမီ သင်္ကန်းကို ဝတ်ဆင်ပြီး ပုတီးကို ကိုင်ထားသော ဘုန်းကြီးတစ်ပါးက ညီလာခံခန်းမသို့ ရောက်လာသည်။ ဤခေတ်ကာလတွင် ထိုဘုန်းကြီးက ရှန်းကျိုးကို တစ်ခါမှမရောက်ဖူးခဲ့ပေ။ အရာရှိများကလည်း သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
" အော်မိတော်ဖု ကျုပ် ဖာလင်းက ချင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်။ " ဘုန်းကြီးက လက်နှစ်ဖက်ကို ရှေ့တွင်ထားပြီး ပြောလိုက်သည်။
" ရိုင်းစိုင်းလှချည်လား။ ဧကရာဇ်မင်းမြတ်ရှေ့ရောက်လာတဲ့ တိုင်းတစ်ပါးသားတွေက ဒူးထောက်ပြီး ဦးညွှတ်ရမယ်ဆိုတာ မသိဘူးလား။ " ဝမ်ကျန့်က ထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။
" ဒူးထောက်စမ်း။ " စစ်ဘက်အရာရှိများက ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး သိုင်းတာအိုဖိအားတစ်ခု ထွက်ပေါ်လာသည်။
ဘုန်းကြီးက စစ်ဘက်အရာရှိများကို ကြည့်ပြီး သိုင်းတာအို ချီစွမ်းအားကို ခံစားမိလိုက်ရသဖြင့် သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ကျုပ်က လောကီကိစ္စတွေကနေ ကင်းလွတ်နေသူ လူလောကသားမဟုတ်ဘူး။ ကျုပ် ရှိခိုးတာဆိုလို့ ကျုပ်ရဲ့ ဗုဒ္ဓပဲရှိတယ်။ လောကီဘုရင်တွေက ကျုပ်ရဲ့ ရှိခိုးခြင်းကို မထိုက်တန်ဘူး။ ကျုပ် ချင်ဧကရာဇ်ကိုသာ ရှိခိုးလိုက်ရင် သူ သေသွားလိမ့်မယ်။ " ဖာလင်းက ခန်းမထဲကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။
" မင်း ငါ့ကို ဘယ်လိုအသက်ဆုံးရှုံးအောင်လုပ်မလဲဆိုတာ ငါကြည်ချင်တယ်။ ငါ့ရှေ့မှာ ဒူးထောက်စမ်း။ " ရင်ကျန့်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ ရွှေရောင်စာလုံးများထွက်ပေါ်လာပြီး အင်ပါယာကံကြမ္မာစွမ်းအားက လူသားတာအို၏ စည်းမျဉ်းစွမ်းအားကို လှုပ်ရှားသွားစေသည်။
ဖာလင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဗုဒ္ဓအလင်းတစ်ခုက သူ့ကို ဝန်းရံသွားကာ အင်ပါယာကံကြမ္မာစွမ်းအားကို ခုခံရန် ကြိုးစားလိုက်သည်။
" ဟင်းလင်းပြင်ပြန်ခြင်းအဆင့် " ကျောက်ဖုန်းက တစ်ချက်ကြည့်ပြီး ဘုန်းကြီး၏ ကျင့်ကြံအဆင့်ကို ချက်ချင်း သိလိုက်သည်။
သူက ချင်အင်ပါယာသို့ တစ်ယောက်တည်း ဝင်လာရဲသည်မှာ အံ့ဩစရာမရှိပေ။ သို့သော် ဟင်းလင်းပြင်ပြန်ခြင်းအဆင့် စွမ်းအားဖြင့် အင်ပါယာကံကြမ္မာစွမ်းအားကို ခုခံရန် မဖြစ်နိုင်ပေ။
ဝုန်း...
ဖာလင်း၏ ဗုဒ္ဓအလင်းများက ရုတ်တရက် ကွဲကြေသွားပြီး ကြမ်းပြင်သို့ ဒူးထောက်ကျသွားသည်။
" မင်း ဒူးထောက်လိုက်ပြီဆိုတော့ ငါသေတော့မှာလား။ " ရင်ကျန့်က ဖာလင်းကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
" မင်း... ဒါ ဘယ်လိုစွမ်းအားမျိုးလဲ။ " ဖာလင်းက အံ့အားသင့်သော အမူအရာနှင့် ကြည့်နေသည်။ သူက ဤအခြေအနေကို လုံးဝ မမျှော်လင့်ထားခဲ့ပေ။
" အနောက်ဘက်နယ်စပ်က ရှန်းယန်နဲ့ မိုင်ပေါင်းထောင်ချီဝေးတယ်။ မင်းချင်အင်ပါယာကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ ပြောစမ်း။ " ရင်ကျန့်က အေးစက်စွာ မေးလိုက်သည်။
" ချင်ဧကရာဇ် စကားပြောဖို့ဆိုရင် ဒီလိုမျိုး မလုပ်သင့်ဘူး။ " ဖာလင်းက ဒေါသတကြီး ပြောလိုက်သည်။ သူက လူသားတာအို၏ စည်းမျဉ်းဖြင့် ဖိနှိပ်ခံထားရပြီး ဟင်းလင်းပြင်ပြန်ခြင်းစွမ်းအားကလည်း ဘာမှမတတ်နိုင်ပေ။
ရင်ကျန့်က တစ်ချက်ကြည့်ပြီး လက်ဝှေ့ရမ်းလိုက်သောအခါ ဖာလင်းအပေါ်မှ စွမ်းအားက ပျောက်ကွယ်သွားသည်။ ဖာလင်းက မတ်တပ်ရပ်လိုက်သော်လည်း ယခင်ကဲ့သို့ မောက်မာခြင်းမျိုး မရှိတော့ပေ။
" ကျုပ်က ဗုဒ္ဓရဲ့ အမိန့်အရ ချင်အင်ပါယာကို ကယ်တင်ဖို့ လာခဲ့တာပါ။ " ဖာလင်းက လက်အုပ်ချီပြီး ပြောလိုက်သည်။
" ချင်အင်ပါယာက မင်းရဲ့ ကယ်တင်မှုကို ဘာလို့လိုအပ်တာလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။
" အော်မီတော်ဖု ကောင်းကင်ဘုံက အန္တရာယ်ကို ချင်ဧကရာဇ်မသိဘူးလား။ ဒါက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေရဲ့ ဒေါသပဲ။ ကောင်းကင်ဘုံက ဘေးအန္တရာယ်တွေကို ချမှတ်ပေးလိုက်တာပဲ။ ချင်အင်ပါယာရှိနေရင် ဘေးအန္တရာယ်တွေက ဆက်ရှိနေဦးမှာပဲ။ ခဏအတွင်း ချင်အင်ပါယာ ရှန်းကျိုးတစ်ခုလုံးက အဆုံးမဲ့ ဆင်းရဲဒုက္ခတွေထဲ ကျရောက်သွားလိမ့်မယ်။ ကျုပ်တို့ ဗုဒ္ဓရဲ့ တာဝန်က သတ္တဝါအားလုံးကို ကယ််တင်ဖို့ပဲ။ ချင်ဧကရာဇ်က ချင်ပြည်သူတွေကို ဗုဒ္ဓကို ကိုးကွယ်ခိုင်းမယ်ဆိုရင် ကပ်ဘေးတွေက လွတ်မြောက်နိုင်လိမ့်မယ်။ ရှန်းကျိုးကို ကောင်းချီးပေးပြီး ချင်ပြည်သူတွေကို စောင့်ရှောက်ပေးမယ်။ " ဖာလင်းက လေးနက်စွာ ပြောလိုက်သည်။
" ဟားဟား....မင်းက ချင်အင်ပါယာကို မင်းတို့ ဗုဒ္ဓကို ကိုးကွယ်ခိုင်းတာပေါ့။ " ရင်ကျန့်က အေးစက်စွာ ရယ်မောလိုက်သည်။ " ဗုဒ္ဓ၊ အင်မော်တယ်တွေ၊ နတ်ဘုရားတွေ အားလုံးအတူတူပဲ။ မင်းတို့က ထိုက်တန်လို့လား။ "
ထိုစကားများကို ကြားသောအခါ ဖာလင်း၏ အမူအရာက ပြောင်းလဲသွားသည်။ " ချင်ဧကရာဇ်ရဲ့ စကားတွေက လွန်ကဲနေပြီ။ ချင်အင်ပါယာရဲ့ တည်ရှိမှုက ကံကြမ္မာကို ဆန့်ကျင့်နေတာပဲ။ ကောင်းကင်ဘုံက ချင်အင်ပါယာကို ဖျက်ဆီးပြီး ကံကြမ္မာအတိုင်း ရှန်းကျိုးကို ခွဲထုတ်ချင်နေတာ။ ကျုပ်တို့ ဗုဒ္ဓရဲ့ ကရုဏာက ချင်အင်ပါယာကို အခွင့်အရေး ပေးတာကို ချင်ဧကရာဇ်က ဒီကျေးဇူးကို မမြင်ဘူးလား။ "
ထိုအချိန်တွင် ဟင်းလင်းပြင်ပြန်ခြင်းအဆင့် စွမ်းအားများက ပေါက်ကွဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းများ တောက်ပလာသည်။
" မင်းရဲ့ အပြုအမူကို ပြင်လိုက်။ " ကျောက်ဖုန်းက ရယ်မောပြီး သူ၏ လက်ကို မြှောက်ကာ အောက်သို့ ဖိချလိုက်သည်။
ဖာလင်း၏ အပေါ်သို့ လက်ဝါးတံဆိပ်တစ်ခု ကျဆင်းလာသည်။
" ဘာ ဘာလဲ...." ဖာလင်းက လက်ဝါးတံဆိပ်ကို မြင်သောအခါ ထိတ်လန့်သွားပြီး ဗုဒ္ဓအလင်းများဖြင့် တိုက်ခိုက်လိုက်သည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ ကျယ်လောင်သော အသံနှင့်အတူ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဗုဒ္ဓအလင်းများက ဖိနှိပ်ခံလိုက်ရပြီး တိုက်ရိုက်လွင့်စင်သွားသည်။
ရန်ရှောင်က နန်းတွင်းကိုယ်ရံတော်များနှင့်အတူ ရောက်လာပြီး သံကြိုးများထုတ်ကာ ဖာလင်း၏ ပခုံးရိုးများကို ထိုးဖောက်လိုက်သည်။ နန်းတွင်းကိုယ်ရံတော်များကလည်း ချွန်ထက်သော ကိရိယာများနျဖင့် ဖာလင်း၏ ဒန်တျန်ကို ထိုးစိုက်လိုက်သည်။ ထိုနည်းလမ်းမှာ ချင်အင်ပါယာက ကျင့်ကြံသူများကို ကိုင်တွယ်သော ပုံစံဖြစ်သည်။ သူတို့၏ စွမ်းအားကို ဖြတ်တောက်ရန် ပခုံးရိုးကို ထိုးဖောက်ပြီး စိတ်ဝိညာဉ်စွမ်းအားအသုံးမပြုနိုင်အောင် ဒန်တျန်ကို ထိုးစိုက်ထားသည်။ ထိုသံကြိုးများနှင့် သံချွန်များက ကောင်းကင်ဘုံမှ ကျလာသော ဥက္ကာခဲများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
" မင်း ဘယ်လိုနတ်ဆိုးစွမ်းအားကို သုံးလိုက်တာလဲ။ " ဖာလင်းက နန်းတွင်းကိုယ်ရံတော်များ၏ ဖိနှိပ်ခြင်းခံထားရသော်လည်း ခေါင်းမော့ပြီး ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" ဗုဒ္ဓလမ်းစဉ်နဲ့ အင်မော်တယ်လမ်းစဉ်မဟုတ်ရင် အဲ့ဒါက နတ်ဆိုးစွမ်းအားလား။ တကယ်တူရာစုနေကြတာပဲ။ " ကျောက်ဖုန်းက လှောင်ပြုံး ပြုံးလိုက်သည်။
" ရှန်းကျိုးမှာ ကျင့်ကြံခြင်းလမ်းစဉ် ပြတ်တောက်သွားတာကို မင်းတို့က ဘယ်လိုလုပ်ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်နေတာလဲ။ ပြီးတော့ ရှန်းကျိုးကို ကောင်းကင်ဘုံက စောင့်ကြည့်နေတာကို မင်းတို့က ဘယ်လိုလုပ် သူတို့ရဲ့ မျက်စိအောက်က လွတ်မြောက်သွားတာလဲ။ " ဖာလင်းက ကျောက်ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
" ငါမေးမယ် မင်းဖြေ။ မဟုတ်ရင် သေရမယ်။ " ကျောက်ဖုန်းက လက်မြှောက်လိုက်သည်နှင့် စွမ်အားတစ်ခုက ဖာလင်းကို လေထဲသို့ မြှောက်သွားသည်။
" မင်းငါ့ကို သတ်ရဲလား။ ငါ့နောက်မှာ ဗုဒ္ဓဂိုဏ်းရှိတယ်။ ဗုဒ္ဓကိုယ်တိုင်ရှိတယ်။ ငါတို့ ဗုဒ္ဓဂိုဏ်းက စေတနာနဲ့ လာခဲ့ပေမယ့် မင်းတို့ချင်အင်ပါယာရဲ့ လုပ်ရပ်တွေက အရမ်းလွန်သွားပြီ။ မင်းတို့ ငါ့ကို တစ်ခုခုလုပ်ရဲရင် ဗုဒ္ဓဂိုဏ်းက တစ်နေ့ကျရင် မင်းတို့ ချင်အင်ပါယာကို ဖျက်ဆီးပစ်လိမ့်မယ်။ " ဖာလင်းက ဒေါသတကြီး ပြောလိုက်သည်။
၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ထပ်မပြောတော့ဘဲ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဖာလင်း၏ စိတ်အသိပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ ယခုအခါ သူ၏ စွမ်းအားက မြင့်မားနေပြီဖြစ်ပြီး စိတ်ဝိညာဉ်ရှာဖွေခြင်းက လွယ်ကူသော အလုပ်တစ်ခုဖြစ်သည်။ ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ဖာလင်း၏ စိတ်အသိထဲမှ ဗုဒ္ဓအလင်းများကို ထိုးဖောက်သွားသည်။
" အား...." ဖာလင်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရုန်းကန်နေရသည်။
စိတ်ဝိညာဉ်ရှာဖွေခြင်းက အလွန်ရက်စက်လှသည်။ စိတ်ဝိညာဉ်ရှာဖွေပြီးနောက် ဖာလင်းက အရူးတစ်ယောက်ဖြစ်သွားပေလိမ့်မည်။ ခဏကြာသောအခါ ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဖာလင်းက ကြမ်းပြင်ပေါ်သို့ ပြိုလဲသွားသည်။
" ဗုဒ္ဓဂိုဏ်းကလည်း ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအားကို လုယူချင်နေကြတာပဲ။ တကယ်ရယ်စရာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့