← Chapters

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း (၅၅၀)

ကျောက်ဖုန်းက ​ဗုဒ္ဓဂိုဏ်း၏ ရည်ရွယ်ချက်များကို သိရှိသွားခဲ့သည်။ ချင်အင်ပါယာကို ဖျက်ဆီးပြီး ရှန်းကျိုး၏ ကံကြမ္မာစွမ်းအားကို လုယူမည့် ကောင်းကင်ဘုံး၏ အစီအစဉ်နှင့် မတူပေ။ ​ဗုဒ္ဓဂိုဏ်းကမူ တဖြည်းဖြည်း နယ်မြေချဲ့ထွင်ရန် ရည်ရွယ်ထားသည်။

​ဗုဒ္ဓဘာသာကို ချင်အင်ပါယာသို့ ဖြန့်ကျက်ပြီး ပြည်သူများကို ကိုးကွယ်စေကာ ယုံကြည်မှုနှင့် ကံကြမ္မာစွမ်းအားကို တဖြည်းဖြည်း ရယူမည်ဖြစ်သည်။ အနာဂတ်တွင် ​ဗုဒ္ဓဂိုဏ်းက ရှန်းကျိုးတွင် အမြစ်တွယ်သွားပြီး ကံကြမ္မာစွမ်းအားကို ​ဗုဒ္ဓဂိုဏ်းက ရရှိသွားမည်ဖြစ်သည်။

သို့သော် အင်မော်တယ်များနှင့် နတ်ဘုရားများက ချင်အင်ပါယာကို ဘေးအန္တရာယ်များ ချမှတ်သည့်အခါ သူတို့က ဖြေရှင်းနိုင်သော စွမ်းရည်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံကို အသုံးချပြီး အမြတ်ထုတ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။ ချင်အင်ပါယာက သာမန်လူသားအင်ပါယာဖြစ်လျှင် ၎င်းက ငြင်းဆိုဖွယ်ရာမရှိသော်လည်း ယခုအခါ ​ဗုဒ္ဓဂိုဏ်း၏ လုပ်ရပ်က ဟာသတစ်ခု ဖြစ်သွားခဲ့သည်။

" ဖုန်းအာ ဘယ်လိုလဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" အခု ချင်အင်ပါယာမှာ နောက်ထပ်ကျင့်ကြံခြင်းလမ်းစဉ်တစ်ခုရပြီ။ " ​ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒီခေါင်းတုံးရဲ့ ကျင့်စဉ်ကို ရလိုက်တာလား။ " ရင်ကျန့်က ကြမ်းပြင်တွင် အရူးတစ်ယောက်ကဲ့သို့ဖြစ်နေသော ဖာလင်းကို ကြည့်ပြီး မေးလိုက်သည်။

" ​ဗုဒ္ဓလမ်းစဉ်၊ အင်မော်တယ်လမ်းစဉ် လမ်းကြောင်းမတူပေမယ့် ရည်မှန်းချက်က တစ်ခုတည်းပဲ။ ချင်အင်ပါယာက ကျင့်ကြံခြင်းခေတ်ကို ဝင်ရောက်သွားပြီဆိုတော့ ကွဲပြားမှုတွေကို လက်ခံရမယ်။ အင်မော်တယ်လမ်းစဉ်က စိတ်ဝိညာဉ်အမြစ်ကို အဓိကထားပြီး သိုင်းတာအိုလမ်းစဉ်က အရိုးဖွဲ့စည်းပုံကို ကြည့်တယ်။ ​ဗုဒ္ဓလမ်းစဉ်ကတော့ ဉာဏ်ပညာအမြစ်ကို တန်ဖိုးထားတယ်။ ဒါပေမယ့် ဒီနေ့ကစပြီး ပြည်သူအားလုံး လိုက်နာရမယ့် စည်းမျဉ်းတစ်ခုကို သတ်မှတ်မယ်။ " ကျောက်ဖုန်းက အားလုံးကို ကြည့်လိုက်သည်။

" ချင်အင်ပါယာရဲ့ ပြည်သူတွေက အင်ပါယာကိုပဲ လေးစားရမယ်။ အင်မော်တယ်တွေ၊ ​ဗုဒ္ဓတွေကို မဟုတ်ဘူး။ ချင်အင်ပါယာမှာ အင်မော်တယ်ဘုရားကျောင်းတွေ ်တည်ဆောက်ရဘူး။ သူရဲကောင်းစစ်သည်တွေရဲ့ ဝိညာဉ်တွေအတွက် ဂူ​ဗိမ္မာန်တွေကိုပဲ ဆောက်လုပ်ရမယ်။ ချင်အင်ပါယာက ကောင်းကင်နဲ့ မြေကြီးကိုပဲ ရိုသေတယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို မဟုတ်ဘူး။ " ကျောက်ဖုန်း၏ အသံက ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

အင်မော်တယ်များ၊ နတ်ဘုရားများနှင့် ဗုဒ္ဓ သူတို့အားလုံး ကံကြမ္မာစွမ်းအားကို ရယူလိုခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏ ​ကျင့်ကြံမှုကို မြှင့်တင်ရန် ဖြစ်သည်။ သူတို့အတွက် ကံကြမ္မာစွမ်းအားကို ရယူရန် နော်ထပ်နည်းလမ်းတစ်ခုမှာ ယုံကြည်မှုဖြစ်သည်။ လူသားများ၏ ယုံကြည်မှုမှတစ်ဆင့် သူတို့က ကံကြမ္မာစွမ်းအားကို ရယူနိုင်သည်။ အနောက်ဘက်သို့ ခရီးသွားခြင်းတွင် ​ဗုဒ္ဓတရားတော်များကို အရှေ့ဘက်သို့ ဖြန့်ကျက်ခြင်းက ကံကြမ္မာစွမ်းအားကို ရယူရန်ဖြစ်သည်။

" အိမ်ရှေ့စံမင်းသားရဲ့ စကားကို ငါထောက်ခံတယ်။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" ခမည်းတော် နိုင်ငံခြောက်ခုကို အနိုင်ယူပြီး ချင်အင်ပါယာ ထွန်းကားလာတာ စစ်သည်ပေါင်းများစွာ ပေးဆပ်ခဲ့လို့ပါ။ အဲ့ဒီစစ်သည်တွေကို ပြည်သူတွေက အမြဲတမ်း အမှတ်ရနေပြီး နံ့သာတိုင်တွေ ထွန်းညှိပေးရမယ်။ သားတော် သူရဲကောင်းဝိညာဉ်ဂူ​ဗိမ္မာန်ကို တည်ဆောက်ပြီး သူရဲကောင်းဝိညာဉ်ကျောက်စာကို စိုက်ထူချင်ပါတယ်။ အဲ့ဒါဆို စစ်သည်တွေကို ထာဝရအရိုအသေပေးနိုင်မှာပါ။ " ​ကျောက်ဖုန်းက တည်​ငြိမ်စွာ ပြောလိုက်သည်။

" လီတောင်ဆိုရင် ဘယ်လိုလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ် လီတောင်က အင်ပါယာဂူ​ဗိမ္မာန် တည်ရှိတဲ့နေရာပါ။ " အရာရှိတစ်ယောက်က ရှေ့တိုးပြီး စကားပြောလိုက်သော်လည်း ချက်ချင်းပင် သူ၏ အမူအရာက ထူးဆန်းသွားပြီး ရှက်ရွံ့စွာဖြင့် နောက်ဆုတ်သွားသည်။

" ဝန်ကြီးချန် ဧကရာဇ်မင်းမြတ်က အင်ပါယာကံကြမ္မာနဲ့ ပေါင်းစပ်ပြီး အင်ပါယာနဲ့အတူ ထာဝရတည်ရှိနေမှာပဲ။ အင်ပါယာဂူ​ဗိမ္မာန်က ဘာအသုံးဝင်မှာလဲ။ " ဖုန်းချွီကျိက ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုး စကားမှားသွားပါတယ်။ " ဝန်ကြီးချန်က ဦးညွှတ်ပြီး ပြောလိုက်သည်။

" ငါ့ရဲ့ သက်တမ်းက အင်ပါယာရဲ့ သက်တမ်းနဲ့အတူတူပဲ။ ငါ့အတွက် ဂူ​ဗိမ္မာန်က အသုံးမဝင်တော့ဘူး။ အိမ်ရှေ့စံမင်းသားပြောတဲ့ သူရဲကောင်းဝိညာဉ်ဂူ​ဗိမ္မာန်နဲ့ ကျောက်စာတိုင်က ချင်အင်ပါယာအတွက် အရမ်းအဓိပ္ပါယ်ရှိတယ်။ လီတောင်ကို အသုံးပြုတာက စစ်သည်တွေအပေါ်ထားတဲ့ လေးစားမှုနဲ့ ပိုကိုက်ညီတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးလှပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ဝန်ကြီးချုပ်ဟန် သူရဲကောင်းဝိညာဉ်ဂူ​ဗိမ္မာန်တည်ဆောက်ရေးတာဝန်ကို မင်းကိုပေးအပ်တယ်။ ဂူ​ဗိမ္မာန်ကို တည်ဆောက်ပြီးရင် အပြင်မှာ မြှုပ်နှံထားတဲ့ စစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို ဂူ​ဗိမ္မာန်ထဲ ပြောင်းရွှေ့ရမယ်။ ရတနာသန့်စင်ခြင်းဌာနကို သူရဲကောင်းဝိညာဉ်ကျောက်စာတိုင် ဖန်တီးခိုင်းပါ။ ချင်အင်ပါယာအတွက် ပေးဆပ်ခဲ့တဲ့သူတွေရဲ့ ဂုဏ်သတင်းကို လူတိုင်းမြင်နိုင်အောင် ကြီးမား​တဲ့ သူရဲကောင်းဝိညာဉ်ကျောက်စာတိုင်ကို ငါလိုချင်တယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်ကို လက်ခံပါတယ်။ " ဟန်ဖေးက ချက်ချင်း ပြန်ပြောလိုက်သည်။

" ခမည်းတော် ကိစ္စက အရေးကြီးတယ်။ ကံကြမ္မာစွမ်းအားကို စုစည်းရမယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက တိုက်ခိုက်နေပြီ။ ​ဗုဒ္ဓဂိုဏ်းကလည်း လှုပ်ရှားလာပြီ။ ချင်အင်ပါယာရဲ့ ပြည်နယ်ကိုးခုအကာအကွယ်ကို ချထားလိုက်ရင် သူတို့က သာမန်နည်းလမ်းနဲ့ ဝင်လာနိုင်မှာမဟုတ်တော့ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး အတွေးတစ်ချက်ဖြင့် ဧကရာဇ်တံဆိပ်တော်က ဟင်းလင်းပြင်တွင် ပေါ်လာသည်။

" ချင်ဧကရာဇ်ရဲ့ အမိန့်နဲ့ ချင်နယ်မြေရဲ့ ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာထဲ စုစည်းမယ်။ ရွှမ်ငှက် ကံကြမ္မာကို စုစည်း။ " ရင်ကျန့်က အမိန်ပေလိုက်သည်နှင့် ရွှေရောင်စာလုံးများ ထွက်ပေါ်လာသည်။

ရွှမ်ငှက်က အင်ပါယာကံကြမ္မာစွမ်းအားများနှင့်အတူ ထွက်ပေါ်လာသည်။ ရွှမ်ငှက်က မြောက်ဘက်နယ်စပ်၊ ပိုင်ယွဲ့မှ ကံကြမ္မာစွမ်းအားများကို စုပ်ယူလိုက်သည်။ မြောက်ဘက်နယ်စပ်မှ လူဦးရေ သန်း ၃၀ ကျော်နှင့် ကျိုးလီမျိုးနွယ်စုအပါအဝင် လူဦးရေသန်းလေးဆယ်ကျော်၏ ကံကြမ္မာစွမ်းအားများက စုစည်းသွားသည်။ ရွှမ်ငှက်၏ ခန္ဓာကိုယ်က လျင်မြန်စွာ ကြီးထွားလာပြီး ပေ ၄၀၀ ကျော်အထိ ဆက်လက်မြင့်တက်လာသည်။

" အင်ပါယာကံကြမ္မာစွမ်းအား မြင့်တက်လာပြီး ချင်အင်ပါယာရဲ့ အရာရှိအားလုံးကို ကောင်းချီးပေးမယ်။ " ရင်ကျန့်က ပြောလိုက်ပြီးနောက် ရွှမ်ငှက်က ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားသည်။

အရာရှိအားလုံးက သူတို့အပေါ် ချီးမြှင့်လိုက်သော အင်ပါယာကံကြမ္မာစွမ်းအားကို ခံစားလိုက်ကြရသည်။ ကျင့်ကြံမှုအဆင့်၏ အထွတ်အထိပ်​သို့ ရောက်​နေသော အရာရှိများက ချက်ချင်း အဆင့်တက်သွားကြသည်။

မြို့တော်ထဲရှိ အင်ပါယာကျောင်းတော်ထဲတွင် ကွေ့ကူကျိ၏ အမူအရာက ပြောင်းလဲသွားပြီး ဝမ်းသာသော အရိပ်အယောင် ပေါ်လာသည်။

" အင်ပါယာကံကြမ္မာ တိုးတက်လာတယ်။ ငါလည်း အဆင့်တက်တော့မယ်။ ရွှေအင်မော်တယ်အဆင့်။ အင်မော်တယ်ဘုံမှာ ဒါကိုမှ သန်မာတယ်လို့ ခေါ်နိုင်တယ်။ ကြီးမားတဲ့ ကပ်ဘေးက လွတ်မြောက်လာပြီးတဲ့နောက် အခွင့်အလမ်းတွေ ရလာလိမ့်မယ်လို့ မထင်ထားဘူး။ ဒဏ်ရာတွေ ပျောက်သွားတဲ့အပြင် အခု အဆင့်ပါတက်တော့မယ်။ " ကွေ့ကူကျိက ပျော်ရွှင်စွာဖြင့် အဆင့်တက်ရန် ကြိုးစားလိုက်သည်။

ကျောက်ဖုန်း၏ စိတ်ထဲတွင်လည်း စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ချင်အင်ပါယာမင်းဆက် အဆင့်နိမ့်ကို တိုးမြင့်သွားပါတယ်။ လူသားတာအို ကံကြမ္မာစွမ်းအားရဲ့ တုန့်ပြန်မှု စွမ်းရည်အားလုံး ၁၀၀၀၀၀ မှတ် ရရှိပါတယ်။ လက်ခံလိုပါသလား။ "

" ချင်အင်ပါယာက လူသားတာအိုနဲ့ ချိတ်ဆက်နေတယ်။ အင်ပါယာကံကြမ္မာစွမ်းအားက ပိုသန်မာလေ လူသားတာအိုရဲ့ ကံကြမ္မာက ပိုအားကောင်းလေပဲ။ ဒါဆို ငါလည်း အကျိုးအမြတ် ရလာလိမ့်မယ်။ ဒီတစ်ခါတော့ ငါလည်း သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်ကို တက်လှမ်းနိုင်တော့မယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် စွမ်းရည်အမှတ်များကို လက်ခံလိုက်သည်။

ဝုန်း....

နောက်ခဏတွင် ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အော်ရာတစ်ခု ပေါက်ကွဲလာသည်။

" အိမ်ရှေ့စံမင်းသားလည်း အဆင့်တက်သွားပြီ။ "

" အိမ်ရှေ့စံမင်းသားက ဘယ်အဆင့်ကို တက်သွားတာလဲ။ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား။ "

အရာရှိအားလုံးက ကျောက်ဖုန်းကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ သူတို့ကြားထဲတွင် ဆရာသခင်အဆင့်များရှိသော်လည်း ထိုစွမ်းအားအောက်တွင် တုန်ယင်သွားကြသည်။

ကျောက်ဖုန်း၏ ယွမ်စွမ်းအားက သိုင်းတာအိုနတ်အသွင်အဆင့်၏ အချုပ်အနှောင်များကို ချိုးဖျက်သွားသောအခါ ကောင်းကင်တာအိုအာဏာက သူ၏ အထက်တွင် ပေါ်လာသည်။

" သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့် နိယာမတွေကို နားလည်နိုင်တယ်။ ငါ့ရဲ့ နိယာမကဘာလဲ။ "

ကျောက်ဖုန်းက ကမ္ဘာငယ်၏ ကောင်းကင်တာအိုအာဏာကို ဆုပ်ကိုင်ထားပြီး ကမ္ဘာငယ်ထဲမှ ဓာတ်ငါးမျိုးနိယာမများကို ထိန်းချုပ်နိုင်သည်။ ၎င်းက ကောင်းကင်တာအိုအာဏာနှင့် နိယာမများကို အမိန့်ပေးခြင်းဖြစ်သည်။

ကောင်းကင်တာအိုအာဏာမှတစ်ဆင့် ဓာတ်ငါးမျိုးနိယာမကို နားလည်နိုင်သော်လည်း ၎င်းက ကျောက်ဖုန်းလိုချင်သောအရာမဟုတ်ပေ။ ကျောက်ဖုန်းက အင်မော်တယ်ဘုံတွင် သူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သော နိယာမကို နားလည်လိုခြင်းဖြစ်သည်။

" ကောင်းကင်တာအိုအာဏာက ကမ္ဘာနိယာမတွေကို ထိန်းချုပ်ပြီး ကမ္ဘာထဲမှာ နေထိုင်တယ်။ နိယာမအားလုံးကို အမိန့်ပေးနိုင်တဲ့ နိယာမတစ်ခု ရှိမလား။ " ကျောက်ဖုန်းက လေးနက်စွာ တွေးလိုက်သည်။

All Chapters