← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀ ဆက်တိုက်လေ

စနစ်၏ တိုက်ပွဲဝင် သတိပေးချက်များသည် အချက်အလက် မျက်နှာပြင်ထက်တွင် အဆက်မပြတ် ရွေ့လျားထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ကျိုးဟန် ၏ ရင်တွင်း၌ ပြောမပြတတ်အောင်ပင် သာယာကြည်နူးသွားခဲ့လေသည်။

ဓားအရိုး၏ ထိခိုက်မှုခံနိုင်ရည် ရမှတ်မှာ တည်ငြိမ်စွာဖြင့် တိုးတက်လာနေပြီး ထိခိုက်မှုခံနိုင်ရည် ကုဋေတစ်သိန်းအထိ ရောက်ရှိရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ချေ။

'နယ်ပယ် အဆင့်... ငါ့ကို စောင့်နေလိုက်တော့'

ကျိုးဟန် သည် မျှော်လင့်ချက်များ အပြည့်ဖြင့် ရင်တွင်း၌ တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

စစ်တလင်း တစ်ခုလုံးတွင် ဖုန်ခိုးအငွေ့များ ထူထပ်စွာ ဖုံးလွှမ်းနေပြီး ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ ကြမ်းတမ်းရိုင်းစိုင်းလှသော တိုက်ခိုက်မှုများအောက်တွင် အရာဝတ္ထု အမြောက်အမြားမှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

များမကြာမီမှာပင် ဤ ပေတစ်ရာ ပတ်လည်ဝန်းကျင် တစ်ခုလုံးသည် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကောင်းကင်ယံသို့ လွင့်ပျံနေသော ဖုန်ခိုးများမှလွဲ၍ အခြား မည်သည့်အရာမျှ မကျန်ရစ်တော့ချေ။

"ဟားဟားဟား... ဒီတစ်ခါတော့ မင်း သေချာပေါက် သေသွားလောက်ပြီ"

ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် မောက်မာဝင့်ကြွားစွာဖြင့် အော်ဟစ် ရယ်မောလိုက်လေသည်။

အဆက်မပြတ် ရူးသွပ်စွာ တိုက်ခိုက်မှုများကို အချိန်အတန်ကြာ ပြုလုပ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်ပင် အနည်းငယ် ပင်ပန်းနွမ်းနယ်လာသဖြင့် နဖူးထက်မှ ချွေးများကို သုတ်ပစ်လိုက်ရလေသည်။ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း အမြောက်အမြား ကုန်ဆုံးသွားခဲ့လေပြီ။

သို့သော်လည်း ၎င်း၏ မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှား ပျော်ရွှင်နေသော အရောင်အဝါများ တောက်ပနေလေသည်။

ဤကဲ့သို့ အစွမ်းထက်ပြီး အဆက်မပြတ် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအောက်တွင် တစ်ဖက်လူမှာ အစအနပင် မကျန်အောင် အသတ်ခံလိုက်ရမည်မှာ သေချာလှပေသည်။

သို့သော်ငြားလည်း ဖုန်ခိုးအငွေ့များ ကင်းစင်သွားချိန်တွင်မူ ကျိုးဟန် ၏ မားမတ်ခန့်ညားသော ကိုယ်ဟန်သွင်ပြင်မှာ ကြီးမားလှသော တောင်တန်းကြီး တစ်ခုအလား မတုန်မလှုပ် ရပ်တန့်နေပြီး မည်သည့် ထိခိုက်ဒဏ်ရာမျှ မရရှိထားသည့်အလား ပေါ်ထွက်လာခဲ့လေသည်။

"မဖြစ်နိုင်ဘူး"

"မင်း ဘာဒဏ်ရာမှ မရတာ လုံးဝ မဖြစ်နိုင်ဘူး"

ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ မျက်လုံးများထဲတွင် ကြီးမားလှသော တုန်လှုပ်မှုများ ဖြတ်ပြေးသွားခဲ့သော်လည်း များမကြာမီမှာပင် ၎င်း၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းချုပ်လိုက်လေသည်။

"ဟားဟားဟား"

"မင်း သေချာပေါက် အားကုန်နေလောက်ပြီ... ခက်ခဲစွာနဲ့ တောင့်ခံထားရတယ် ဆိုတာကို ငါ မြင်နေရတယ်ကွ"

"မင်းရဲ့ အခြေအနေကို ငါ အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်"

ကျိုးဟန် က ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း နှုတ်ခမ်းထောင့်မှ သွေးစအနည်းငယ် စီးကျလာပြီး အပြင်ပန်းတွင်သာ သန်မာဟန်ဆောင်နေသော်လည်း အတွင်း၌ အားနည်းနေသည့် ပုံစံမျိုးကို ပြသလိုက်လေသည်။

ရေခဲငရဲ တစ္ဆေနတ်ဘုရား အနေဖြင့် ဆက်လက် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် ကျိုးဟန် အနေဖြင့် ကြီးမားစွာ အားထုတ်ခဲ့ရခြင်း ပင်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဤမျှ ကြမ်းတမ်းသော တိုက်ခိုက်မှုများ အောက်တွင် အနည်းငယ်မျှပင် ထိခိုက်မှု မရှိကြောင်း ပြသလိုက်ပါက ရေခဲငရဲ တစ္ဆေနတ်ဘုရားမှာ အကြောက်လွန်၍ သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် ၎င်း၏ ယုံကြည်မှုကို ပြန်လည်ရရှိစေရန် ကျိုးဟန် က ဟန်ဆောင် သရုပ်ဆောင်လိုက်ခြင်း ပင်ဖြစ်သည်။

ထိုသို့ဆိုပါက ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် သူ၏ အားနည်းနေသော အခြေအနေကို မြင်တွေ့သွားပြီး အသေအလဲ ဆက်လက် တိုက်ခိုက်လာမည်မှာ သေချာလှပေသည်။

"မင်း သိသွားမယ်လို့ မထင်ထားဘူး... တကယ်ကို အစွမ်းထက်တာပဲ"

ကျိုးဟန် ၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး မိမိကိုယ်ကို တည်ငြိမ်အောင် ဟန်ဆောင်ကာ ပြောလိုက်လေသည်။

သူ၏ ခြေလှမ်းများသည် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်ခွာသွားပြီး အနည်းငယ် ကြောက်ရွံ့နေသည့် ပုံစံမျိုးကို ပြသနေလေသည်။

"ဟီးဟီး... ထွက်ပြေးချင်နေတာလား"

"အခုမှ ငါ့ရဲ့ စွမ်းအားကို သိသွားတော့လည်း နောက်ကျသွားပြီကွ"

"ငါ့ကို ဒေါသထွက်အောင် လုပ်မိတဲ့အတွက် မင်းအတွက် သေလမ်းပဲ ရှိတော့တယ်"

ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် ကျေနပ်ဝင့်ကြွားသော အပြုံးတစ်ခုကို ပြသလိုက်ပြီး ပင်ပန်းနွမ်းနယ်နေမှုများကို ဂရုမစိုက်တော့ဘဲ ကျန်ရှိနေသေးသော ခွန်အားများ အားလုံးကို ထုတ်ယူကာ တိုက်ခိုက်မှု အသစ်များကို ထပ်မံ ပြုလုပ်လိုက်လေတော့သည်။

၎င်း၏ အမြင်တွင်မူ ကျိုးဟန် ၏ လက်ရှိ အခြေအနေမှာ အသက်တစ်ချောင်းသာ ကျန်ရှိတော့ပြီး အချိန်အတန်ကြာ ဆက်လက် တိုက်ခိုက်လိုက်ပါက...

တစ်ဖက်လူထံတွင် အလွန် အစွမ်းထက်သော ကာကွယ်ရေး မှော်လက်နက် များ ရှိနေစေကာမူ သေချာပေါက် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်နေလေသည်။

"တစ္ဆေဝိညာဉ် သွေးတောင် တံဆိပ်"

အနက်ရောင် အမှတ်အသား တစ်ခုသည် လျင်မြန်စွာ လွင့်ပျံ ထွက်ပေါ်လာပြီးနောက် ကျိုးဟန် ကို လွင့်စင်သွားစေလေသည်။

"မင်းက ဒီလောက်တောင် အားနည်းနေပြီလား"

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရေခဲငရဲ တစ္ဆေနတ်ဘုရားမှာ ပိုမို၍ပင် စိတ်လှုပ်ရှားသွားလေသည်။ ပြိုင်ဘက်ကို သတ်ဖြတ်ပြီးနောက် ၎င်း၏ အလောင်းကို မျိုချလိုက်ပါက တိုက်ခိုက်ရေးစွမ်းအားများကို အမြောက်အမြား တိုးတက်လာစေမည်မှာ သေချာလှပေသည်။

၎င်းအချက်ကပင် ကျိုးဟန် ကို လက်မလျှော့ဘဲ အဆက်မပြတ် တိုက်ခိုက်နေရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်လေသည်။

အကျိုးအမြတ် မရှိသော ကိစ္စရပ်များကို မည်မျှပင် ဒေါသထွက်နေစေကာမူ ပြိုင်ဘက်မှာ ရင်ဆိုင်ရန် အလွန် ခက်ခဲနေပါက ၎င်းအနေဖြင့် လက်လျှော့လိုက်မည်သာ ဖြစ်သည်။

ယခု အခြေအနေမှာ အလွန် ကောင်းမွန်နေလေသည်။ ပြိုင်ဘက်ကို သတ်ဖြတ်၍ ရင်တွင်းရှိ ဒေါသများကို ဖြေဖျောက်နိုင်ရုံသာမက အစွမ်းထက်သော ခွန်အားများကိုပါ ရရှိနိုင်မည်ဖြစ်ရာ တကယ့်ကို တစ်ချက်ခုတ် နှစ်ချက်ပြတ် ပင်ဖြစ်သည်။

"စီနီယာ... ဒါက..."

ကျူးဝမ်၏ မျက်လုံးများ တုန်ယင်သွားပြီး ရင်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့လေသည်။

နောက်လိုက် အဖွဲ့ဝင်များမှာလည်း အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြလေသည်။

"ဒုက္ခပါပဲ... တစ္ဆေကောင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှု အောက်မှာ တကယ်ပဲ တောင့်မခံနိုင်တော့ဘူး ထင်တယ်"

"ပြီးပြီ... ဒီနေ့တော့ အကုန်လုံး ဒီနေရာမှာတင် ဇာတ်သိမ်းရတော့မယ်"

"စီနီယာ အားတင်းထားပါဦး... ဒီ တစ္ဆေကောင် ကို သတ်ပစ်လိုက်ပါ"

ကျိုးဟန် တစ်ယောက် ဘောလုံး တစ်လုံးအလား ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ ကန်ကျောက်မှုများ အောက်တွင် လေထဲ၌ လွင့်စင်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် လူတိုင်းမှာ စိုးရိမ်တကြီး အော်ဟစ်နေကြပြီး သူတို့၏ ရင်ထဲ၌ မျှော်လင့်ချက် ကင်းမဲ့မှုများ ပျံ့နှံ့လာခဲ့လေသည်။

သို့သော်ငြားလည်း ယခုအချိန်တွင် ကျိုးဟန် မှာ အလွန်အမင်း သာယာကြည်နူးနေကြောင်းကို မည်သူကမျှ မသိရှိကြချေ။ ဓားအရိုး၏ ထိခိုက်မှုခံနိုင်ရည် ရမှတ်များမှာ အဆက်မပြတ် မြင့်တက်လာနေပြီး အရိုက်ခံရခြင်းက သူ့အတွက် အလွန် အကျိုးရှိနေလေသည်။

'ဓားအရိုး... တကယ်ကို အောက်တန်းကျတဲ့ အရိုးပဲကွာ'

'အရိုက်ခံရတာတောင် ဒီလောက် သက်သောင့်သက်သာ ဖြစ်နေတာ ငါပဲ ရှိတော့တယ်'

ကျိုးဟန် သည် ရင်တွင်း၌ ရယ်မောကာ သက်ပြင်းချလိုက်လေသည်။

ဓား၏ နယ်ပယ် အဆင့်သို့ အမြန်ဆုံး ချိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် သူသည် ကြီးမားစွာ အားထုတ် ကြိုးပမ်းနေခဲ့ရခြင်း ပင်ဖြစ်သည်။

"ငါ စဉ်းစားလို့ မရဘူးကွာ... စီနီယာ က ဘာလို့ ပြန်မတိုက်ဘဲ အဆက်မပြတ် အရိုက်ခံနေရတာလဲ"

ကျူးဝမ်က သူ၏ ရင်တွင်းရှိ သံသယများကို ဖွင့်ဟ ပြောဆိုလိုက်လေသည်။

"မင်းပြောမှပဲ တကယ်ကို ထူးဆန်းနေတယ် ဆိုတာ သတိထားမိတော့တယ်"

"စီနီယာ က လျှို့ဝှက် ဖဲချပ် တစ်ခုခု ချန်ထားလို့များလား"

အဖွဲ့ဝင် တစ်ယောက်က သုံးသပ်ကာ ပြောလိုက်လေသည်။

"မဖြစ်နိုင်ပါဘူး... စီနီယာ ဘယ်လောက်တောင် အရိုက်ခံနေရလဲ ဆိုတာ မင်း မမြင်ဘူးလား... လျှို့ဝှက် ဖဲချပ် ဆိုတာ ရှိကို မရှိနိုင်တော့တာ"

အခြား အဖွဲ့ဝင် တစ်ယောက်က သဘောမတူစွာဖြင့် ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် တော်တော်လေး ထူးဆန်းနေတာတော့ အမှန်ပဲ... ဘာအကြောင်းရင်းလဲ ဆိုတာတော့ မသိဘူး"

"စိတ်မပူကြပါနဲ့... ကျိုးဟန် က ရှုံးမှာ မဟုတ်ပါဘူး"

ထိုအချိန်တွင် ကက်သရင်း က ဝင်ရောက် ပြောဆိုလိုက်လေသည်။

တကယ်တမ်းတွင် သူမ ကိုယ်တိုင်လည်း ယခင်က ယုံကြည်မှု မရှိခဲ့ချေ။ သို့သော် တိုက်ပွဲကို အချိန်အတန်ကြာ စောင့်ကြည့်လေ့လာပြီးနောက် ကျိုးဟန် မှာ မည်သည့် ဖိအားမျှ မရှိဘဲ အလွန် သက်သောင့်သက်သာ ဖြစ်နေကြောင်းကို သိသာစွာ ခံစားလိုက်ရသဖြင့် ယုံကြည်မှု အပြည့် ရှိနေခြင်း ပင်ဖြစ်သည်။

ကျိုးဟန် ဘာကြောင့် အရိုက်ခံနေရသနည်း ဆိုသည့် အချက်ကိုတော့ သူမ ဘယ်လိုမှ စဉ်းစား၍ မရနိုင်သေးချေ။

"မင်းက ဘာအကြောင်းပြချက်နဲ့ ဒီလို ပြောနိုင်ရတာလဲ"

"အခြေအနေက အရမ်းကို ဆိုးရွားနေပြီဆိုတာ မင်း မမြင်ဘူးလား... အန္တရာယ်က မျက်စိရှေ့ ရောက်နေပြီလေ"

"နိုင်ငံခြားသူလေး... မင်းက ဘာနားလည်လို့လဲကွ"

အဖွဲ့ဝင်များသည် ကက်သရင်း ၏ စကားကို မယုံကြည်ကြဘဲ ဆန့်ကျင်ဘက် အမြင်ဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်ကြလေသည်။

"ဟား... မင်းတို့ရဲ့ အမြင်တွေက မကျယ်ပြန့်သေးဘူးပဲ"

"ကျိုးဟန် ဆီမှာ နတ်ဘုရားအဆင့် လက်နက် တွေအပြင် အစွမ်းထက်တဲ့ နတ်ဘုရားအဆင့် မှော်လက်နက် တွေ အများကြီး ရှိသေးတယ်နော်"

"သူ ရှုံးမယ်လို့ မင်းတို့ ထင်နေသေးလား"

ကက်သရင်း က တည်ငြိမ်စွာ ပြောလိုက်လေသည်။ သူမသည် ခုနက ကျိုးဟန် နှင့် အနီးကပ် ရှိနေစဉ် အစွမ်းထက်သော မှော်လက်နက် များစွာကို အာရုံခံ သိရှိခဲ့ရခြင်း ပင်ဖြစ်သည်။

"နတ်... နတ်ဘုရားအဆင့် မှော်လက်နက် ဟုတ်လား"

"ဒါကြီးက အရမ်း ကြမ်းလွန်းနေပြီ"

"ဟင်... တိုက်ခိုက်မှုတွေ ရပ်သွားပြီ... ဒါပေမဲ့ စီနီယာ က အသက်ရှင်နေတုန်းပဲ"

"အရမ်းကောင်းတယ်... ကြည့်ရတာ စီနီယာ က တကယ်ပဲ စွမ်းအားတွေကို ဖုံးကွယ်ထားတာပဲ"

"ဝူးဟူး... စီနီယာ ဘယ်လိုမျိုး အစွမ်းပြမလဲ ဆိုတာ ကြည့်လိုက်ကြရအောင်"

လူတိုင်း၏ စိတ်အခြေအနေမှာ တိမ်ဖုံးနေရာမှ နေသာသွားသကဲ့သို့ ချက်ချင်းပင် ကြည်လင်သွားကြပြီး တိုက်ပွဲဆီသို့ သူတို့၏ အကြည့်များကို ပြန်လည် ပို့လွှတ်လိုက်ကြလေသည်။

"ဟူး... ဟူး... ဟူး..."

ယခုအချိန်တွင် ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်လေပြီ။ ၎င်းအနေဖြင့် ဆက်လက် မတိုက်ခိုက်လို၍ မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်များ အမြောက်အမြား ကုန်ဆုံးသွားခဲ့ကာ ဆက်လက် အသုံးပြုရန် မလုံလောက်တော့သောကြောင့် ပင်ဖြစ်သည်။ ၎င်းသည် ထိုနေရာတွင် မောဟိုက်စွာ အသက်ရှူနေပြီး မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ တဖြည်းဖြည်း ထွက်ပေါ်လာလေသည်။

"မင်းက တကယ် ဘာသတ္တဝါကြီးလဲ"

"ဘာလို့... ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"

ရေခဲငရဲ တစ္ဆေနတ်ဘုရား၏ အသံမှာ တုန်ယင်နေပြီး ၎င်း၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

မျက်စိရှေ့ရှိ ဤကောင်လေး၏ စွမ်းအားမှာ ခန့်မှန်း၍မရနိုင်လောက်အောင် နက်နဲလွန်းလှပြီး သတ်၍မသေနိုင်သော ပိုးဟပ် တစ်ကောင်အလား အဆုံးအစမဲ့သော သွေးပမာဏ ကို ပိုင်ဆိုင်ထားသည့်အလား ဖြစ်နေလေသည်။

၎င်းကိုယ်တိုင် အစွမ်းကုန် ကြိုးစား တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်လူကို သတ်ဖြတ်နိုင်ရန် မဆိုထားနှင့် ၎င်းကိုယ်တိုင်ပင် အလွန် ပင်ပန်းနွမ်းနယ်နေပြီး လှုပ်ရှားနိုင်စွမ်းပင် မရှိတော့ချေ။ ဤသည်မှာ အလွန် အံ့မခန်း ဖြစ်သော်လည်း တကယ့် အမှန်တရား ပင်ဖြစ်သည်။

တစ်ဖက်လူ၏ စွမ်းအားမှာ ၎င်းထက် များစွာ သာလွန်နေကြောင်း သိသာလှပေသည်။

"ဘယ်လိုလဲ... အားမရှိတော့ဘူးလား"

"ဆက်တိုက်လေကွာ"

ကျိုးဟန် သည် သူ၏ ကြွက်သားများကို အနည်းငယ် လှုပ်ရှားလိုက်ရာ အရိုးအဆစ်များမှ တကျွတ်ကျွတ် မြည်သံများ ထွက်ပေါ်လာလေသည်။ အရိုက်ခံရသည်မှာ အလွန် သက်သောင့်သက်သာ ရှိနေစဉ် ရုတ်တရက် ရပ်တန့်သွားသဖြင့် ကျိုးဟန် က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

ရေခဲငရဲ တစ္ဆေနတ်ဘုရားမှာ လုံးဝ စကားမပြောနိုင်တော့ချေ။

၎င်း၏ ရင်ထဲတွင် ပိုမို၍ပင် ထိတ်လန့်သွားခဲ့လေသည်။ ထင်သည့်အတိုင်းပင် ဤကောင်လေးသည် အစောကတည်းက အနိုင်ရမည်ဟု ယုံကြည်ထားပြီး ၎င်းကို ကစားနေခဲ့ခြင်း ပင်ဖြစ်သည်။

ရေခဲငရဲ တစ္ဆေနတ်ဘုရားသည် အလွန် ဒေါသထွက်နေသော်လည်း မတတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။

"ကောင်းပြီလေ... ဆက်မတိုက်တော့ဘူးပေါ့"

"ဒါဆိုရင်လည်း မင်း ဆက်ပြီး အသက်ရှင်နေဖို့ အကြောင်းမရှိတော့ဘူး"

ကျိုးဟန် ၏ နောက်ပြောင်လိုသော အကြည့်များမှာ ချက်ချင်း ပြောင်းလဲသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေတော့သည်။

ရေခဲငရဲ တစ္ဆေနတ်ဘုရား ထံတွင် ခွန်အားများ မကျန်ရှိတော့ကြောင်းနှင့် ဆက်လက် တိုက်ခိုက်ရန် အလွန် ခက်ခဲသွားပြီ ဖြစ်ကြောင်းကို သူလည်း မြင်တွေ့ထားလေသည်။ အကယ်၍ တိုက်ခိုက်လာနိုင်မည် ဆိုလျှင်ပင် ထိခိုက်မှု ပမာဏမှာ အလွန် လျော့ကျသွားမည်သာ ဖြစ်သည်။

မည်သည့် အသုံးဝင်မှုမှ မရှိတော့သည့်နောက် သတ်မပစ်ဘဲ အလကားနေရင်း အသက်ရှင်ခွင့် ပေးထားရမည်လော။

All Chapters