← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) လယ်ယာခြံဝင်းထဲမှာ ဒီလောက် မိုက်ရိုင်းတဲ့ကောင် ရှိခွင့်မပြုဘူး

ရွှီယန်က ဝံပုလွေပေါက်လေးကို အားဖြည့်အာဟာရရည် တိုက်လိုက်သည်။

သို့သော် လောလောဆယ်တွင် သိပ်ပြီး ထူးခြားသွားသည်ဟု မခံစားရချေ။

အနည်းငယ် တုံးအအ ဖြစ်နေဆဲပင်။

ရွှီယန်ကို မြင်သည်နှင့် တစ်ချိန်လုံး ချွဲနွဲ့နေတော့သည်။

အစပထမတွင် ဘာမှ မပြောင်းလဲသော်လည်း နောက်ပိုင်းတွင်တော့ ရွှီယန် တချို့တလေကို သတိထားမိလာသည်။

ဥပမာအားဖြင့် ဝံပုလွေပေါက်လေး၏ အမွေးအရောင်က အညိုရောင်နှင့် မီးခိုးရောင် ရောနှောနေရာမှ အဖြူရောင်များ ပိုမို များပြားလာခြင်း ဖြစ်သည်။

ကြီးလာလေလေ အဖြူရောင် အမွေးများက ပိုများလာလေလေ ဖြစ်သည်။

အရောင်က အနည်းငယ် ဖျော့သွားခဲ့သည်။

ထို့အပြင် ၎င်းက လက်ဆွဲနှုတ်ဆက်... မှောက်နေ... အိတ်သွားယူခဲ့ စသည့် ရိုးရှင်းသော အမိန့်များကို နားလည်လာခဲ့သည်။

ယခင်ကထက် မွေးရသည်မှာ အများကြီး ပို၍ သက်တောင့်သက်သာ ရှိလာခဲ့သည်။

ယခုအခါ ရွှီယန်က အမိန့်ပေးလိုက်သည်နှင့် ရှောင်ဟေး နှင့် မာလီနွိုက် တို့က ၎င်းကို အံ့ဩတကြီး ကြည့်နေတတ်ကြသည်။

ထိုပုံစံက ဤသို့ ပြောနေသည့် အလားပင်။

'ညီလေး... မင်းက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဒီလောက် စကားနားထောင်သွားတာလဲ'

'ဒါက ဘယ်လို အခြေအနေကြီးလဲ'

ဝံပုလွေပေါက်လေး ကတော့ ၎င်းတို့ကို ရင်းနှီးစွာ နှုတ်ဆက်ဆဲ ဖြစ်သည်။ ၎င်းက ကလေးပေါက်စလေးသာ ရှိသေးရာ ရှောင်ဟေး ၏ နောက်မှ တကောက်ကောက် လိုက်နေဆဲ ဖြစ်၏။

ယခုအချိန်တွင် ၎င်းက ရှောင်ဟေး ၏ တပည့်လေး ဖြစ်ပြီး နောက်ပိုင်းတွင်တော့ ရှောင်ဟေး ၏ သက်တော်စောင့် ဖြစ်လာမည်သာ ဖြစ်သည်။

ရွှီယန်က ဤခွေးလေးကောင်နှင့် အများဆုံး ကစားလေ့ရှိပြီး နေ့စဉ်နေ့တိုင်း အလွန် ပျော်ရွှင်နေပေသည်။

ထို့အပြင် လွန်ခဲ့သော နှစ်ရက်က ရှောင်ဟွာ သည် ရွှီယန် အိမ်တွင် ရှိနေကြောင်း သိသည်နှင့် ကလေးများကို လယ်ယာခြံဝင်းသို့ စတင် ပို့ဆောင်လာပြန်သည်။

ဤနေရာက တိရစ္ဆာန် မူကြိုကျောင်းလေး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

ကျားသစ်မကြီးက ကလေးများကို ရွှီယန် ထံ အပ်ထားခဲ့ပြီးနောက် သူတို့နှစ်ကောင်က အပြင်သို့ ထွက်ကာ လမ်းလျှောက် ဆော့ကစားကြသည်။

အချိန်သင့်ပြီ ဆိုမှ လယ်ယာခြံဝင်းသို့ ပြန်လာကာ ကျားသစ်ပေါက်လေးများကို ပြန်ခေါ်လေ့ ရှိသည်။

သို့သော် အမှန်အတိုင်း ပြောရလျှင် ကျားသစ်ပေါက်လေး နှစ်ကောင်က အလွန် ချစ်စရာ ကောင်းလှပေသည်။

၎င်းတို့ လာတိုင်း ရွှီယန်က ကောင်လေး နှစ်ကောင်ကို ခေါ်ကာ လယ်ယာခြံဝင်းထဲတွင် လမ်းလျှောက်လေ့ ရှိသည်။

အစပိုင်းတွင် ကျားသစ်ပေါက်လေး နှစ်ကောင်က အတော်လေး ကြောက်ရွံ့နေပြီး လမ်းလျှောက်သည့် အခါတိုင်း သတိကြီးစွာဖြင့် ဝပ်တွားကာ သွားလာတတ်ကြသည်။

ရွှီယန်က ထိုပုံစံကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။

ဤကောင်လေး နှစ်ကောင် ဘာကို ကြောက်နေမှန်း သူ နားမလည်ချေ။

သို့သော် လယ်ယာခြံဝင်း၏ ပတ်ဝန်းကျင်နှင့် တဖြည်းဖြည်း ရင်းနှီးလာသောအခါ ၎င်းတို့၏ သတ္တိကလည်း ကြီးမားလာတော့သည်။

မြက်ခင်းပြင်တွင် ပြေးလွှား ဆော့ကစားကြပြီး ဘာအန္တရာယ်မှ ရှိမည်ကို စိုးရိမ်နေစရာ မလိုတော့ချေ။

ရွှီယန်နှင့် အနည်းငယ် ဝေးကွာသွားသည်ကို မြင်သည်နှင့် ရွှီယန် ရှိရာသို့ ပြေးလာကြပြီး သူ၏ ခြေရာရင်းတွင် ဆက်လက် ကစားနေကြပြန်သည်။

ဤအရွယ်က ခွန်အားများ အလွန် ပြည့်ဝနေသော အရွယ်ဖြစ်ရာ မည်မျှပင် ဆော့ကစားပါစေ မမောပန်းနိုင်ကြချေ။

ရွှီယန်က အေးအေးဆေးဆေးပင် ကြည့်နေလိုက်သည်။

သူက ကွင်းပြင်တွင် ကျားသစ်ပေါက်လေးများနှင့် ဆော့ကစားနေစဉ် အဝေးမှ ဘဲငန်းအိမ် ထဲမှနေ၍ ဘဲငန်း အချို့ လမ်းလျှောက် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် ရှောင်ဟေး က ဘဲငန်းများကို ရင်းနှီးစွာ သွားရောက် နှုတ်ဆက်ပြီး သူငယ်ချင်း ဖွဲ့ရန် ကြိုးစားသည်ကို တွေ့လိုက်ရသည်။

သို့သော် ဤဘဲငန်းများက အတော်လေး ဆိုးသွမ်းသော အဖွဲ့အစည်း ဖြစ်ရာ ရှောင်ဟေး အနားသို့ ကပ်လာသည်ကို မြင်သည်နှင့် ချက်ချင်း စတင် ထိုးဆိတ်ကြတော့သည်။

ရှောင်ဟေး ခမျာ အချက်အနည်းငယ် အဆိတ်ခံလိုက်ရပြီး နာကျင်စွာဖြင့် အော်ဟစ်ကာ အလျင်အမြန် ပြေးထွက်သွားတော့သည်။

ဤမြင်ကွင်းကို ရွှီယန် အားလုံး မြင်တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ ဤဘဲငန်းများက အိုးထဲတွင် ပြုတ်ခံရမည့် ကံကြမ္မာကို ရှောင်လွှဲ၍ မရနိုင်တော့ချေ။

လယ်ယာခြံဝင်းထဲတွင် ဤမျှ မိုက်ရိုင်းသော အရာမျိုး ရှိနေခွင့် မပြုနိုင်ပေ။

ဤဘဲငန်းများက အခြား တိရစ္ဆာန်များနှင့် အဆင်ပြေအောင် မနေတတ်ပါက သေလမ်းကို ရှာနေခြင်းပင် ဖြစ်သည်။

ရွှီယန်က ပြဿနာ စတင်ရှာသော ခေါင်းဆောင် ဘဲငန်းကို မှတ်ထားလိုက်သည်။

ပုံမှန်အားဖြင့် ဘဲငန်းအုပ် တစ်အုပ်တွင် ဤသို့ ဖြစ်လာပါက သေချာပေါက် ခေါင်းဆောင် တစ်ကောင် ရှိနေတတ်ပေသည်။

ထင်ပေါ်သော ဘဲငန်းက အရင် အပစ်ခံရမည် ဟူသော စကားပုံ အတိုင်း ရွှီယန်က ဤကောင်လေး၏ နောက်ပိုင်း အပြုအမူကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အခြေအနေ မကောင်းပါက သေချာပေါက် ဆုံးမပေးရမည် ဖြစ်သည်။

"ဒီအကောင်တွေ ပိုပိုပြီး ဆိုးလာတာပဲ"

"အခု ခွေးတွေကိုတောင် ထိုးဆိတ်ရဲနေပြီ... မနက်ဖြန်ကျ လူတွေကိုပါ ဆိတ်တော့မှာပဲ"

"သခင်ကိုတောင် အသိအမှတ် မပြုဘူးဆိုရင်တော့ သံအိုးကြီးနဲ့ ဆုံးမပေးရတော့မှာပေါ့"

ရွှီယန်က ဘဲငန်းများကို ကြည့်ကာ စုတ်သပ်ရင်း ပြောလိုက်သည်။

ထိုအချိန်တွင် ကျားသစ်ပေါက်လေး နှစ်ကောင်က ရွှီယန်၏ ဘောင်းဘီစကို လာဆွဲကြသဖြင့် ရွှီယန်၏ အာရုံက ၎င်းတို့ဆီသို့ ရောက်သွားပြီး ဤကောင်လေး နှစ်ကောင်ကို ဂရုစိုက်ရန် အလျင်အမြန် ဆောင့်ကြောင့် ထိုင်ချလိုက်သည်။

ဤကျားသစ်ပေါက်လေး နှစ်ကောင်က တကယ်ကို တက်ကြွလှပေသည်။

ထိုအချိန်တွင် ဝမ်ဝူ က နို့ဘူး နှစ်ဘူး ကိုင်ကာ အပြေးရောက်လာခဲ့သည်။

"သူဌေး... မှာထားတဲ့ နို့ ရပြီဗျ"

ဝမ်ဝူ က နို့ဘူးကို လှမ်းပေးလိုက်သည်။

"အေး... ပေးခဲ့"

ရွှီယန်က နို့ဘူးကို ယူကာ ကျားသစ်ပေါက်လေး တစ်ကောင်ကို နို့ဘူး တစ်ဘူးစီ ပေးလိုက်သည်။ နို့ဘူး အနံ့ကို ရသည်နှင့် ကောင်လေး နှစ်ကောင်လုံး ခေါင်းမော့ကာ နို့စို့နေကြတော့သည်။

အနည်းငယ်တော့ ငြိမ်ကျသွားလေသည်။

ဝမ်ဝူ က မလှမ်းမကမ်းမှနေ၍ ကြည့်ရင်း မျက်နှာပေါ်တွင် အားကျမှုများ အပြည့်ဖြစ်နေသည်။

'သူဌေးက တကယ် နတ်ဘုရားပဲ... ကျားသစ် မိဘတွေက သူတို့ရဲ့ ကလေးတွေကို ယုံယုံကြည်ကြည်နဲ့ သူ့ဆီ လာအပ်ထားကြတာ... ကိုယ်တိုင် မျက်စိနဲ့ မမြင်ရရင် ဘယ်သူက ယုံမှာလဲ'

လယ်ယာခြံဝင်းမှ ဝန်ထမ်းများ အားလုံးက ဤကိစ္စကို လျှို့ဝှက်ထားရမည်ဟု သိရှိကြပြီး မည်သူကမျှ အပြင်သို့ သွားရောက် ပြောဆိုခြင်း မရှိကြချေ။

မည်သို့ပင်ဆိုစေ အားလုံးက ဤအလွန် ကောင်းမွန်သော အလုပ်အကိုင်ကို လက်လွတ် မခံချင်ကြပေ။

ယခု ရွှီယန်၏ လယ်ယာခြံဝင်းတွင် ရရှိသော လစာက မြို့ထဲရှိ အလုပ်များထက်ပင် အများကြီး ပိုမို ကောင်းမွန်နေသေးသည်။

ငွေအများကြီး ရသော အလုပ်အကိုင် များနှင့် မယှဉ်နိုင်သော်လည်း အခြား ဝန်ဆောင်မှု လုပ်ငန်းများထက်တော့ အများကြီး သာလွန်လှပေသည်။

ထို့ကြောင့် ဝန်ထမ်းများ အားလုံးက အလွန် ကြိုးစား အလုပ်လုပ်ကြသည်။

ရွှီယန်က ကျားသစ်ပေါက်လေးများကို နို့တိုက်လိုက်ရာ ၎င်းတို့ နှစ်ကောင် ဗိုက်ဝသွားပြီးနောက် စိတ်ကျေနပ်စွာဖြင့် ရွှီယန်၏ ခြေရာရင်းတွင် မှောက်ကာ မျက်လုံးများ မှိတ်၍ အနားယူနေကြတော့သည်။

ကျားသစ်ပေါက်လေး တစ်ကောင်က လေတောင် တက်လိုက်သေးသည်။

ထိုပုံစံလေးက အလွန် ချစ်စရာ ကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းလှပေသည်။

ညနေ လေးနာရီ ငါးနာရီခန့် ရောက်သောအခါ ရှောင်ဟွာ က လယ်ယာခြံဝင်းသို့ ရဲရဲတင်းတင်း ပြေးဝင်လာပြီး ဝန်ထမ်းများကို မြင်သော်လည်း မမြင်ချင်ယောင် ဆောင်နေကာ နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်း မရှိချေ။

ဤနေရာက ၎င်း၏ အိမ်ပင် ဖြစ်နေပြီ မဟုတ်ပါလော။

ရှောင်ဟွာ က လယ်ယာခြံဝင်း ကွင်းပြင်တွင် လှည့်ပတ်နေပြီး လူနေအဆောင်များ ဘက်သို့တော့ မကပ်သွားချေ။

ဝန်ထမ်း တစ်ယောက်က ၎င်းကို မြင်သောအခါ ရွှီယန်ကို အလျင်အမြန် သွားရောက် အကြောင်းကြားလိုက်သည်။

မကြာခင်မှာပင် ရွှီယန်က ကျားသစ်ပေါက်လေးများကို လက်တစ်ဖက် တစ်ကောင်စီ ပွေ့ချီကာ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

ရွှီယန်၏ လယ်ယာခြံဝင်း မူကြိုကျောင်းလေး ကျောင်းဆင်းပြီ ဖြစ်ရာ ကျားသစ်ပေါက်လေးများ အိမ်ပြန်ရမည့် အချိန် ရောက်ပြီ ဖြစ်၏။

ကျားသစ်ပေါက်လေးများက ရှောင်ဟွာ ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် ပြေးသွားကြသည်။

ကြည့်ရသည်မှာ ၎င်းတို့က လယ်ယာခြံဝင်း မူကြိုကျောင်းလေးကို အလွန် နှစ်သက်ပုံ ရသည်။

ဤနေရာတွင် ဆော့ကစားရသည်မှာ အလွန် ပျော်စရာ ကောင်းလှပေသည်။

ရှောင်ဟွာ လည်း အလွန် ပျော်ရွှင်နေပြီး ရွှီယန်၏ အရှေ့တွင် ခဏမျှ ချွဲနွဲ့ပြီးနောက် ကျားသစ်ပေါက်လေး နှစ်ကောင်ကို ခေါ်ကာ အတူတကွ ပြန်သွားတော့သည်။

ကျားသစ် သုံးကောင် ဝေးကွာသွားသော ကျောပြင်ကို ကြည့်ရင်း ရွှီယန်က စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။

မြင်ကွင်းက အလွန် လှပလွန်းလှပြီး ၎င်းတို့ကို ကြည့်နေရုံဖြင့်ပင် စိတ်ခံစားချက်များ အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။

ဤခံစားချက်မျိုးက ငွေဖြင့် ဝယ်၍ပင် မရနိုင်ချေ။

ထို့နောက် ရွှီယန်က ခြံဝင်းထဲ ပြန်ဝင်ကာ ခွေးလေးများကို ကျီစယ်နေလိုက်သည်။

ဤတစ်နေ့တာက ဘာကိစ္စမှ မရှိဘဲ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

နောက်တစ်နေ့ နံနက်ပိုင်း။

ရွှီယန်က တိရစ္ဆာန်ခြံများ ဘက်တွင် အခြေအနေများကို ကြည့်ရှု စစ်ဆေးနေခဲ့သည်။

ထိုအချိန်တွင် လူမိုက် ဘဲငန်းအဖွဲ့ က အပြင်သို့ ထွက်လာကာ ကွင်းပြင်တွင် လမ်းလျှောက်နေပြန်သည်ကို မြင်တွေ့လိုက်ရသည်။

ဤ ဘဲငန်းအဖွဲ့တွင် စုစုပေါင်း ဘဲငန်း ခြောက်ကောင် ပါဝင်ပြီး ထိုအထဲမှ ခေါင်းဆောင် ဘဲငန်းက အကြီးဆုံး ဖြစ်ကာ စိတ်အကြမ်းဆုံးလည်း ဖြစ်သည်။ မည်သူက အစာလာကျွေးကျွေး ထိုးဆိတ်လေ့ ရှိသည်။

ရွှီယန်က ၎င်းတို့ကို သေချာ ဆုံးမပေးရန် စဉ်းစားလိုက်သည်။

ဤကိစ္စက အတော်လေး စိတ်ဝင်စားဖို့ ကောင်းမည်ဟု တွေးလိုက်မိသဖြင့် ဒရုန်းကို သေချာစွာ ချိန်ညှိပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကာ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို ခဏမျှ ထုတ်လွှင့်ပြသရန် ဆုံးဖြတ်လိုက်သည်။

အချိန်အများစုတွင် တိုက်ရိုက်ထုတ်လွှင့်ရသည်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းလှသည်။ အားလုံးနှင့် စကားပြောဆိုရသည်မှာလည်း ပိုက်ဆံရှာရန်နှင့် ကျော်ကြားမှု ရမှတ်များ ရရှိရန် သက်သက်တော့ မဟုတ်ချေ။

အင်တာနက်သုံးစွဲသူများ၏ တုံ့ပြန်မှုများက အလွန် ကောင်းမွန်သဖြင့် ရွှီယန်ကလည်း ပို၍ အချိန်ကြာကြာ ထုတ်လွှင့်ပေးချင်လာခဲ့သည်။

အကျိုးဆက် အနေဖြင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ပို၍ လူကြိုက်များလာခဲ့တော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ခေါင်းစဉ်...

[လယ်ယာခြံဝင်း နေ့စဉ်ဘဝ... လယ်ယာခြံဝင်းထဲက လူမိုက် ဘဲငန်းအုပ် ကို နှိမ်နင်းမယ်]

တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် လူအရေအတွက်က လျင်မြန်စွာ တိုးပွားလာပြီး မိနစ်အနည်းငယ် အတွင်းမှာပင် တစ်သောင်း ကျော်သွားကာ လေးသောင်း ဝန်းကျင်တွင် တည်ငြိမ်သွားတော့သည်။

နံနက်ခင်း အချိန် ဖြစ်သဖြင့် လူသိပ်မများလှချေ။

လူအရေအတွက်က တဖြည်းဖြည်း တက်လာမည်သာ ဖြစ်သည်။

[လောင်ရွှီ... လိုက်ဖ်လွှင့်နေပြီလား]

[လယ်ယာခြံဝင်းကို မမြင်ရတာ ကြာပြီ... ဘာတိရစ္ဆာန်တွေများ ထပ်မွေးထားသေးလဲ]

[မင်းက လယ်ယာခြံဝင်း ပိုင်ရှင် ဆိုတာကို ငါ မေ့တောင် မေ့နေပြီ... တောတောင်စူးစမ်းတဲ့သူ လို့ပဲ ထင်နေတာ]

[လောင်ရွှီ ရဲ့ လယ်ယာခြံဝင်းက တကယ် မိုက်တာပဲ... ဘဝကို အောင်မြင်နေတဲ့သူပဲ]

အင်တာနက်သုံးစွဲသူများက ဝင်လာသည်နှင့် မှတ်ချက်များ ရေးသားကာ နှုတ်ဆက်ကြသဖြင့် လေထုက ချက်ချင်းပင် စည်ကားသွားတော့သည်။

ရွှီယန်က ခဏမျှ စောင့်ဆိုင်းလိုက်ပြီး လူအရေအတွက် တည်ငြိမ်သွားသောအခါ အရှေ့တွင် လမ်းလျှောက်နေသော ဘဲငန်း ခြောက်ကောင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဟိုမှာ မြင်လား... အဲဒီ ဘဲငန်း ခြောက်ကောင်က အခု အရမ်း မိုက်ရိုင်းနေတယ်"

"ဘယ်သူဖြတ်သွားသွား လိုက်ဆိတ်တာပဲ"

"ခွေးတွေပဲ ဖြစ်ဖြစ်... မြေခွေးတွေပဲ ဖြစ်ဖြစ်... လီဟွာကြောင်လေး တောင် သူတို့ရဲ့ အဆိတ်ခံထားရတယ်"

"မာဝန် နဲ့ ကျိန့်ရှန်ချန် တို့က နေ့တိုင်း သူတို့ကို အစာသွားကျွေးတာကိုတောင် လိုက်ဆိတ်နေကြသေးတာ"

"ဘဲငန်း ဆိတ်တာကလည်း တော်တော် နာတယ်... အသားကို တစ်ချက်ချင်း ကိုက်ဆွဲသလိုပဲ... အညှပ်ခံရသလိုမျိုး နာတာ"

"အထူးသဖြင့် ခေါင်းဆောင် ဖြစ်တဲ့ကောင်ပဲ... သူ့ကို သေချာ ဆုံးမပေးရမယ်"

"ဒီနေ့ သူ့ကို အခွင့်အရေး တစ်ခု ပေးမယ်... အကယ်လို့ ကျွန်တော် သွားတဲ့အချိန် သူ အသာတကြည် အိမ်ထဲ ပြန်ဝင်သွားရင် ဘာမှ မဖြစ်ဘူးလို့ သဘောထားလိုက်မယ်"

"အကယ်လို့ ကျွန်တော့်ကိုပါ လာဆိတ်ရင်တော့ သံအိုးကြီးနဲ့ ဖြေရှင်းရတော့မှာပေါ့"

ရွှီယန်၏ စကားကို ကြားသောအခါ အင်တာနက်သုံးစွဲသူများလည်း ချက်ချင်း စိတ်ဝင်စားသွားကြတော့သည်။

'ဟင်... လယ်ယာခြံဝင်းထဲမှာ လူမိုက် အဖွဲ့အစည်း ရှိနေတာလား'

'အဲဒါက ဘဲငန်းအုပ်ကြီး လား'

'ဒီကောင်တွေက လောင်ရွှီ ကိုတောင် အဖက်မလုပ်ဘူးပေါ့လေ'

အားလုံးက ချက်ချင်း မှတ်ချက်များ ရေးသားလိုက်ကြသည်။

[လောင်ရွှီ... တကယ်ကြီးလား... မင်းကို မကြောက်တဲ့ တိရစ္ဆာန်တွေ ရှိနေတာလား... ကျားတောင်မှ မင်းကို ကြောက်နေတာလေ... သူတို့က ရဲတင်းလှချည်လား]

[ဒီဘဲငန်းတွေ အဲဒီလောက် သတ္တိကောင်းမယ်လို့ ငါ မယုံဘူး]

[မြန်မြန် သွားအမိန့်ပေးလိုက်ပါဦး... ဒီဘဲငန်းတွေ ဘယ်လောက် ကြမ်းလဲ ဆိုတာ ငါ ကြည့်ချင်လို့]

[ဟားဟားဟား... ဘဲငန်း တွေက တော်တော် သစ္စာရှိတာနော်... အိမ်စောင့်တောင် ခိုင်းလို့ ရသေးတယ်]

အင်တာနက်သုံးစွဲသူများ ပြောသည်က မမှားပေ။ ဘဲငန်းများက အတော်လေး သစ္စာရှိကြသော်လည်း ထိုအရာက အမြဲတမ်း အတူနေပြီး ငယ်ငယ်ကတည်းက မွေးမြူထားသော သခင်များကိုသာ ဆိုလိုခြင်း ဖြစ်သည်။

ဤဘဲငန်းများက ခြံလွှတ် မွေးမြူထားခြင်း မဟုတ်ဘဲ အစာကျွေး မွေးမြူထားခြင်း ဖြစ်ရာ ၎င်းတို့၏ စရိုက်က ၎င်းတို့ဘာသာ ကြီးထွားလာခြင်း ဖြစ်သည်။

ထို့အပြင် ပြဿနာရှာသော ခေါင်းဆောင် ဘဲငန်း တစ်ကောင် ရှိနေသဖြင့် လူမိုက် ဘဲငန်းအဖွဲ့ ဖြစ်လာခြင်းမှာ သဘာဝကျလှပေသည်။

ရွှီယန်က ဘဲငန်းအုပ်ဆီသို့ လျှောက်သွားလိုက်သည်။

မကြာခင်မှာပင် သူက ဘဲငန်း ခြောက်ကောင် အရှေ့သို့ ရောက်ရှိသွားတော့သည်။

မလှမ်းမကမ်းတွင် ရှောင်ဟေး၊ ယွမ်ပေါင်၊ ရှောင်ဟ နှင့် ဝံပုလွေပေါက်လေး တို့က ဤမြင်ကွင်းကို ကြည့်ရန် ပြေးလာကြသည်။

မြေခွေးပေါက်လေးများပင် ကွင်းပြင်ဘက်မှနေ၍ ပြေးလာကြသည်။

ကြည့်ရသည်မှာ ၎င်းတို့ အားလုံး ဤဘဲငန်းအုပ်ကြီး၏ အနိုင်ကျင့်ခြင်းကို အချိန်အတော်ကြာ ခံခဲ့ရပုံ ရသည်။

ယခုတော့ ရွှီယန်က သူတို့အတွက် တရားမျှတမှု ရှာပေးသည်ကို ကြည့်ချင်နေကြခြင်း ဖြစ်သည်။

မင်းသားကြီး လုပ်ရမှာဆိုတော့ ရဲရဲဝင့်ဝင့် လုပ်ပြရမှာပေါ့။

"မင်းတို့ကောင်တွေ... အိမ်ထဲ ပြန်ဝင်ကြ"

ရွှီယန်က ဘဲငန်းအုပ်ကြီးကို လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။

ရွှီယန်၏ အမိန့်ကို ကြားသောအခါ ဘဲငန်းအုပ်ကြီးက ချက်ချင်း ရပ်တန့်သွားသည်။

နောက်ဘက်ရှိ ဘဲငန်း အချို့က သိသိသာသာ လန့်သွားကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။

သို့သော် ခေါင်းဆောင် ဘဲငန်းကြီး ကတော့ လည်ပင်းကို ငုံ့ကာ အတောင်ပံများကို ဖြန့်ပြီး တိုက်ခိုက်မည့် အနေအထားမျိုး ပြုလုပ်လာတော့သည်။

[လခွမ်း... သူက အသက် မရှင်ချင်တော့ဘူးလား]

အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ အလွန် အံ့ဩသွားကြတော့သည်။

[ဘဲငန်းကြီးရေ... မြန်မြန် ပြေးပါတော့... မင်း ရင်ဆိုင်နေရတာ ဘယ်လို လူမျိုးလဲ ဆိုတာ မင်း မသိလို့ပါ]

[သတ္တိခဲ ဘဲငန်းကြီး ပါလား]

[ဟားဟားဟား... လောင်ရွှီ ကိုတောင် မကြောက်ဘူးဟေ့]

မလှမ်းမကမ်းရှိ ခွေးများက ဤမြင်ကွင်းကို မြင်သောအခါ အားလုံး မှင်တက်သွားကြတော့သည်။

ဒီဘဲငန်းကြီးတော့ သေချာပေါက် သေပြီပဲ။

ထို့နောက် ခေါင်းဆောင် ဘဲငန်းကြီး က ရွှီယန်ဆီသို့ ပြေးဝင်လာပြီး အတောင်ပံများကို ခတ်ကာ လည်ပင်းကို ဆန့်ထုတ်၍ ရွှီယန်ကို ထိုးဆိတ်ရန် ကြိုးစားလာတော့သည်။

သို့သော် ၎င်း ရွှီယန် အနားသို့ ရောက်လာပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက်... အားကောင်းသော လက်တစ်ဖက်က ၎င်း၏ လည်ပင်းကို ဖမ်းဆွဲကာ အပေါ်သို့ ဆွဲမလိုက်သည်ကို ခံလိုက်ရတော့သည်။

ဘဲငန်းကြီးက အတောင်ပံများကို ခတ်ကာ ရုန်းကန်နေသော်လည်း ရွှီယန်က အသာအယာပင် လွှဲပစ်လိုက်ရာ မီတာအနည်းငယ် အကွာသို့ လွင့်စင်သွားတော့သည်။

ထိုသို့ဖြစ်နေလျှင်တောင် ဘဲငန်းကြီးက အရှုံးမပေးသေးဘဲ ရွှီယန်ဆီသို့ ထပ်မံ ပြေးဝင်လာပြန်သည်။

အချိန်အတော်များများတွင် ဘဲငန်းများ၏ ဒေါသက အလွန် ခေါင်းမာပြီး သေသည်အထိ မလျှော့တတ်ကြချေ။

၎င်းက ပြေးဝင်လာရာ ရွှီယန်က နောက်တစ်ကြိမ် ဖမ်းဆွဲလိုက်ပြန်သည်။

"ဒီကောင်က တကယ် ရဲတင်းတာပဲ"

"လာစမ်း... မင်း ထပ်လာခဲ့စမ်း"

ရွှီယန်က ၎င်းကို နောက်တစ်ကြိမ် လွှဲပစ်လိုက်ပြန်သည်။

ဘဲငန်းကြီးက အရှုံးမပေးသေးဘဲ ထပ်မံ ပြေးဝင်လာပြန်သည်။

ထို့နောက် ၎င်းက ရွှီယန်၏ ဖမ်းဆီးခြင်းကို ထပ်မံ ခံလိုက်ရပြန်သည်။

"တကယ် ကြမ်းတဲ့ကောင်ပဲ... တိုက်တိုက်ဆိုင်ဆိုင် မင်းက အဝဆုံး ဆိုတော့ အသားက သေချာပေါက် စားလို့ကောင်းမှာပဲ"

"ဒီနေ့တော့ မင်းကို သံအိုးကြီးနဲ့ နှပ်ပေးရမယ်"

ရွှီယန်က မလှမ်းမကမ်းတွင် ရှိနေသော နျိုကျွမ်း နှင့် မာဝန် တို့ကို လှမ်းအော်လိုက်သည်။

"နျိုကျွမ်း... ဒီဘဲငန်းကြီး ကို သံအိုးကြီးနဲ့ နှပ်လိုက်... ဒီနေ့တော့ ဘဲငန်းနှပ် စားကြမယ်"

ရွှီယန်၏ အသံကို ကြားသောအခါ နျိုကျွမ်း က ဆေးလိပ် သောက်နေရင်းမှ ဆေးလိပ်ကို ကိုက်ကာ ကမန်းကတမ်း ပြေးလာခဲ့သည်။

"သူဌေး... ပြဿနာ မရှိပါဘူး... ဘဲငန်းနှပ် ဖို့ ဆိုတာ ကျွန်တော် အကျွမ်းကျင်ဆုံးပဲ... နေ့လယ်ကျရင် သေချာ စောင့်စားကြည့်လိုက်ပါ"

နျိုကျွမ်း က အာမခံလိုက်သည်။

"အေး"

ရွှီယန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရွှီယန်က အခြား ဘဲငန်းများကို လှမ်းကြည့်ကာ ဘဲငန်းအိမ် ကို လက်ညှိုးထိုးပြပြီး အမိန့်ပေးလိုက်သည်။

"မင်းတို့ အကောင်တွေ... အိမ်ထဲ ပြန်ဝင်ကြ"

ဘဲငန်းများက ချက်ချင်းပင် နောက်လှည့်ကာ ခပ်သုတ်သုတ် ပြေးဝင်သွားကြသည်ကို မြင်တွေ့လိုက်ရတော့သည်။

လယ်ယာခြံဝင်း၏ လူမိုက် ဘဲငန်းအဖွဲ့ကြီး ကတော့ ဤနေရာတွင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်၏။

All Chapters