← Chapters

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း ၃၂၉

Vol. 33 Ch. 329

အခန်း (၃၂၉) ဉာဏ်ကောင်းသော ရှောင်ဟေးနှင့် အားကျနေကြသော အင်တာနက်သုံးစွဲသူများ

ရွှီယန်သည် သူ၏လက်ထဲတွင် လှပသေသပ်သော လိပ်ပြာပယင်းလေးတစ်ခုကို ဆုပ်ကိုင်ထားသည်။

ယာတန်းမြေမျက်နှာသွင်ပြင်သည် မူလကတည်းက ပယင်းများ ထွက်ရှိရာ ဒေသဖြစ်သည်။

ဤသို့သော ဘူမိဗေဒ ဖွဲ့စည်းတည်ဆောက်ပုံမျိုး ဖြစ်ပေါ်လာရန် နှစ်ပေါင်းမည်မျှကြာအောင် အပြောင်းအလဲများ ကြုံတွေ့ခဲ့ရသည်ကို မသိနိုင်ပေ။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ပုံစံအတိုင်းပင် ယခုတိုင် တည်ရှိနေဆဲဖြစ်သည်။

"ပယင်းရိုင်းတွေကို ငါကိုယ်တိုင် တွေ့ဖူးတာ ဒါပထမဆုံးပဲ... ချန်ပိုင်တောင်တန်းမှာ ဒီလောက်ကြာအောင် နေခဲ့တာတောင် တစ်ခါမှ မတွေ့ဖူးဘူး"

ရွှီယန်သည် လက်ထဲမှ ပယင်းကို ကြည့်ရင်း ရင်ထဲ၌ အတော်လေး ဝမ်းသာပီတိ ဖြစ်နေမိသည်။

ယနေ့အတွက် အစကောင်းခြင်းပင် ဖြစ်သည်။

ရှောင်ဟေးက သူ့အတွက် ပယင်းရိုင်းတစ်ခု ရှာတွေ့ပေးခဲ့သောကြောင့်သာ သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် စမ်းသပ်ရှာဖွေရန် စဉ်းစားမိသွားခြင်းဖြစ်သည်။ သေချာတွေးကြည့်လျှင် ရှောင်ဟေးကို ကျေးဇူးတင်ရမည်ဖြစ်သည်။

ဤယာတန်းမြေမျက်နှာသွင်ပြင် ဧရိယာမှာ အလွန်ကျယ်ဝန်းလှရာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ လွှမ်းခြုံနိုင်သော ဧရိယာပင် သေးငယ်သွားသကဲ့သို့ ခံစားရသည်။

ထို့နောက် ရွှီယန်သည် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အသုံးပြု၍ ရတနာများကို ဆက်လက် ရှာဖွေကြည့်ပြန်သည်။

သို့သော် ဤတစ်ကြိမ် ညွှန်ပြနေသည်မှာ လိပ်ပြာပယင်း မဟုတ်တော့ဘဲ သာမန် ပယင်းရိုင်းတစ်ခုသာ ဖြစ်နေသည်။ အပြင်ဘက်တွင် အခွံများ ရှိနေပြီး အက်ကွဲကြောင်းထဲမှ ကြည့်လိုက်လျှင် ကြည်လင်နေသော ပယင်းအရောင်ကို မြင်တွေ့ရသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် အင်းဆက် သို့မဟုတ် အပင်များပါဝင်သော ပယင်းမျိုးမှာ အတော်လေး ရှားပါးကြောင်း သိသာလှသဖြင့် ဆက်လက် ရှာဖွေနေရန် မလိုအပ်တော့ပေ။

ရတနာရှာဖွေခွင့် အကြိမ်ရေ နှစ်ကြိမ် လျော့သွားပြီး ဆယ့်လေးကြိမ်သာ ကျန်ရှိတော့သည်။

ရွှီယန်သည် ရှောင်ဟေးကို ခေါ်ကာ တောင်ပေါ်သို့ ဆက်လက်တက်သွားပြီး အတွင်းပိုင်းသို့ ဝင်ရောက်ကြည့်ရှုရန် စဉ်းစားလိုက်သည်။

ဒရုန်းမှာလည်း ပုံမှန်အတိုင်း ပြန်လည် ရိုက်ကူးနေပြီဖြစ်ရာ လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ မြင်ကွင်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။

ရွှီယန်သည် လိပ်ပြာပယင်းကို ကျောပိုးအိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး ပယင်းရိုင်းကိုသာ ထုတ်ယူကာ သေချာစွာ လေ့လာကြည့်ရှုနေလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။

ရွှီယန်က အားလုံးကို ဗဟုသုတ ဝေမျှပေးလိုက်သည်။

"ပယင်းရိုင်းတွေက ပြည်တွင်းမှာ အတော်လေး ပေါပါတယ်... သတ္တုတွင်း တော်တော်များများမှာလည်း ရှိတယ်... ဈေးပေါတာတွေဆိုရင် ယွမ်ရာဂဏန်းလောက်နဲ့တောင် ဝယ်လို့ရတယ်... ဒီတစ်ခုက နည်းနည်းကြီးတော့ ဈေးပိုများတာပေါ့... အဈေးအကြီးဆုံး ကတော့ အထဲမှာ အပင်တွေ ဒါမှမဟုတ် အင်းဆက်တွေ ပါတဲ့ ပယင်းမျိုးပဲ... အဲဒါဆိုရင်တော့ တန်ဖိုးကြီးသွားပြီ... ဒါပေမဲ့ တွေ့ရဖို့က ခက်တယ်လေ... ယာတန်း မြေမျက်နှာသွင်ပြင်မှာ ပယင်းတွေ အများကြီး ရှိပေမယ့် ကောက်ရနိုင်မလား ဆိုတာကတော့ ကံတရား အပေါ်မှာပဲ မူတည်တယ်"

သူပြောသည်ကို ကြားသောအခါ အားလုံးမှာ စိတ်ဝင်စားသွားကြသည်။

"လောင်ရွှီ... ဒါဆို ငါ မြေတူးစက်ကြီး ယူလာပြီး ဒီနေရာမှာ ပယင်း လာတူးရင်ရော မရဘူးလား"

"အရင်တစ်ခေါက် အနောက်ဘက် သွားတုန်းက ကျောက်စိမ်း တူးနေတဲ့ လူတွေ အများကြီးပဲ မဟုတ်လား... မင်း ဒီမှာ ပယင်း တူးလို့ ရတာပဲ"

"ဒီကျောက်တုံးတွေကို ခွဲကြည့်လိုက်... အထဲမှာ ပစ္စည်းကောင်းတွေ သေချာပေါက် ရှိမှာပဲ"

ရွှီယန်သည် မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ရာ အားလုံး၏ ပြောစကားများကြောင့် ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

'မင်းတို့တွေက ငါ့ကို အရမ်း လွတ်လပ်နေတယ်လို့ ထင်နေကြတာပဲ'

ရွှီယန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။

"ဒီလို အတွေးမျိုးတော့ မတွေးပါနဲ့... ယာတန်း မြေမျက်နှာသွင်ပြင်က နိုင်ငံတော်အဆင့် တစ် ကာကွယ်စောင့်ရှောက်ရမယ့် မြေမျက်နှာသွင်ပြင်ပါ... ခွင့်ပြုချက်မရှိဘဲ သွားတူးမယ်ဆိုရင် ထောင်ထဲမှာ သေတဲ့အထိ နေရလိမ့်မယ်... ဒီကျောက်တုံးတွေနဲ့ ဖြစ်နေတဲ့ တောင်ကုန်းတွေကို ကြည့်ပါဦး... ဘယ်သူက လာဖျက်ဆီးရဲမှာလဲ... အများဆုံး ဘေးနားက မြေကြီးကို နည်းနည်းပါးပါး ယက်ပြီး တွင်းငယ်လေး တူးလို့ပဲ ရမယ်... အရမ်းကြီး တူးလို့ မရဘူး... ဒီနေရာမှာ စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိတယ်... တစ်ယောက်ယောက်က တွေ့ပြီး တိုင်လိုက်ရင် သေချာပေါက် ပြေးလို့လွတ်မှာ မဟုတ်ဘူး"

ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် မြေမျက်နှာသွင်ပြင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အင်တာနက်သုံးစွဲသူများ နောက်ထပ် ဗဟုသုတ တစ်ခု ရသွားကြပြန်သည်။

"ဒါပေမဲ့ တောင်ကုန်းတွေကို တူးလို့ မရပေမယ့် ကျောက်တုံးလေးတွေကိုတော့ ကောက်လို့ရပါတယ်... ဥပမာ ပတ်ဝန်းကျင်က ဒီကျောက်တုံးလေးတွေဆိုရင် အခွံကို ခွဲကြည့်လိုက်ရင် အထဲမှာ ပယင်းရောင်မျိုး ဖြစ်နေနိုင်တယ်... တစ်ခု ကောက်ရရင်တောင် အမြတ်ပဲလေ"

ရွှီယန်က မြေကြီးပေါ်ရှိ ကျောက်စရစ်ခဲလေးများကို ကြည့်ကာ အင်တာနက်သုံးစွဲသူများကို ဗဟုသုတ ဝေမျှပေးလိုက်ပြန်သည်။

ကျောက်တုံးများထဲတွင် ရတနာများ ရှိနိုင်သည်ဟု ကြားလိုက်သည်နှင့် အင်တာနက်သုံးစွဲသူများ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများကို ထိန်းမထားနိုင်တော့ဘဲ ရွှီယန်အား ကျောက်တုံး အနည်းငယ် ခွဲပြရန် တောင်းဆိုကြတော့သည်။

ရွှီယန်ကတော့ ပြုံးရုံသာ ပြုံးနေလိုက်သည်။ ဤအလုပ်မှာ ပင်ပန်းပြီး အကျိုးမရှိသော အလုပ်ဖြစ်သည်။ ကျောက်တုံး ငါးဆယ်ခန့် ခွဲကြည့်လျှင်တောင် ပယင်းတစ်ခု တွေ့ရရန် မသေချာပေ။ ဤသည်မှာ အချိန်ဖြုန်းခြင်း သက်သက်သာ ဖြစ်သည်။

ထို့ပြင် သူက စောစောကမှ လိပ်ပြာပယင်းလေးတစ်ခု ရှာတွေ့ထားသေးသည်။ သာမန်လိပ်ပြာလေး ဖြစ်သော်လည်း ပယင်း၏ အရည်အသွေးမှာ အလွန်ကောင်းမွန်သောကြောင့် တန်ဖိုးမှာလည်း နည်းမည်မဟုတ်ပေ။

ရွှီယန်သည် အင်းဆက်ပယင်းများ၏ ဈေးနှုန်းကို သေချာမသိသော်လည်း ယွမ်သောင်းဂဏန်းခန့်တော့ တန်မည်ဟု ခန့်မှန်းထားမိသည်။ ယခု ဈေးကွက်ထဲတွင် အင်းဆက်ပယင်းများ အများအပြား ရှိပြီး ဈေးပေါသည်များဆိုလျှင် ယွမ်ဆယ်ဂဏန်းခန့်သာ ရှိကြောင်းကို သူ သိထားသည်။

သို့သော် သူရှာတွေ့ခဲ့သော ပယင်းမှာ သဘာဝ သမိုင်းဝင် ပယင်းစစ်စစ်ဖြစ်ပြီး ပယင်း၏ အသားမှာ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့်ပင် တူညီနေပြီဖြစ်သည်။ လူလုပ်ထားသော ပယင်းများနှင့် ယှဉ်၍မရနိုင်ပေ။

သူသည် ရတနာရှာဖွေရင်းဖြင့် ပစ္စည်းကောင်း အများအပြား တွေ့ခဲ့ဖူးပြီး အချို့ပစ္စည်းများဆိုလျှင် တန်ဖိုး ဘယ်လောက်ရှိသည်ကိုပင် မသိပေ။

ဥပမာ သစ်သယ်ဆိပ်ကမ်းသို့ သွားစဉ်က သစ်ငုတ်တိုတစ်ခုထဲမှ နှစ်တစ်ရာ သစ်မွှေးတစ်သေတ္တာ ရှာတွေ့ခဲ့ခြင်းမျိုးပင် ဖြစ်သည်။

ရွှီယန် သွားရောင်းသောအခါ တစ်ဖက်လူက ချက်ချင်းပင် ယွမ်ရှစ်သိန်း ပေးခဲ့လေသည်။ ရွှီယန်ပင်လျှင် အံ့ဩသွားခဲ့ရသည်။

ရှားပါးသော ပစ္စည်းက ပို၍ တန်ဖိုးကြီးသည်မှာ သေချာလှသည်။

အထက်တန်းလွှာများ၏ ကမ္ဘာအကြောင်း သူသိထားသည်မှာ အလွန် နည်းပါးလွန်းသေးသည်။

ဤလိပ်ပြာပယင်းလေးမှာ သာမန်ဟု ထင်ရသော်လည်း ယာတန်းမြေမျက်နှာသွင်ပြင်၏ သဲမြေထဲတွင် နစ်မြုပ်နေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာလည်း ရွှီယန်အနေဖြင့် ပယင်းများ၏ တန်ဖိုးကို မည်သို့ သတ်မှတ်ရမည်ကို မသိသောကြောင့်ပင် ဖြစ်သည်။

သက်တမ်းအရ ကြည့်မည်ဆိုလျှင် ဤလိပ်ပြာပယင်းလေးမှာ ဈေးပေါမည် မဟုတ်ပေ။

အထဲသို့ ဆက်လက် လျှောက်သွားလိုက်သည်။ မြင်ကွင်းမှာ အလွန် ဟာလာဟင်းလင်း ဖြစ်နေသည်။ မြေကြီးပေါ်တွင် ညှိုးနွမ်းနေသော တောရိုင်းမြက်များ ရှိနေသည်။ တစ်ခါတရံ ကျဲပါးသော သစ်တောငယ်လေးများကို တွေ့ရသည်။

ဤသည်မှာ တောင်၏ အမြင့်ပိုင်းသို့ မရောက်သေးသောကြောင့် ဖြစ်သည်။ အမြင့်ပိုင်းတွင်ဆိုလျှင် နှင်းခဲများနှင့် ရေခဲမြစ်များသာ ရှိပြီး သက်ရှိများ လှုပ်ရှားနေသည့် အရိပ်အယောင် မရှိသဖြင့် ကြည့်စရာလည်း မရှိတော့ပေ။

လမ်းတစ်ဝက်တွင် တောင်ပေါ်ရှိ တောရိုင်း စာမရီနွားအုပ်ကြီးကို တွေ့လိုက်ရသည်။ အုပ်စုဖွဲ့ကာ ကြီးကျယ်ခမ်းနားစွာ သွားလာနေကြသည်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။

ရွှီယန်ကလည်း အဝေးမှသာ ကြည့်နေပြီး အနားသို့ မကပ်သွားပေ။ သူက သေချာပေါက် အနားမကပ်ရဲပေ။

တောရိုင်းနွားများမှာ လယ်ယာခြံဝင်းမှ နွားများကဲ့သို့ သဘောမကောင်းကြပေ။ ဤကောင်များသာ သူ့ကို ရိုင်းစိုင်းစွာ ဝင်တိုက်လိုက်ပါက သူ ပုန်းရှောင်ရန် နေရာပင် ရှိမည်မဟုတ်ပေ။

ဤသို့ဖြင့် ဆက်လျှောက်လာခဲ့ရာ ညနေစောင်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။

"နေစရာ နေရာတစ်ခု ရှာရတော့မယ်... ခွန်းလွန်တောင်က အရမ်းကြီးတော့ တစ်ရက်တည်းနဲ့ ဘယ်လိုမှ ထွက်လို့မရဘူး... ကျွန်တော့် အစီအစဉ်က ဒီထဲမှာ သုံးရက် ဒါမှမဟုတ် လေးရက်လောက် လမ်းလျှောက်ဖို့ပဲ... အစားအသောက်တွေက လုံလုံလောက်လောက် ပါတယ်... ရေကတော့ နည်းနည်း လိုနေတယ်... ဒါပေမဲ့ ချွေတာသောက်ရင်တော့ လောက်ပါတယ်... ပြီးတော့ ဒီဘက်မှာ ရေကန်တွေနဲ့ ရေခဲမြစ်တွေ အများကြီး ရှိတယ်... ကျွန်တော်က ခရီးဆောင် ရေသန့်စက် ယူလာလို့ သောက်ရေ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်... ဒီတစ်ခေါက်က တကယ့်ကို တောတွင်း အသက်ရှင်ရပ်တည်ရေး ခရီးစဉ်ပဲ... ဒါပေမဲ့ ဒီလို ဟာလာဟင်းလင်း ဖြစ်နေတဲ့ ခွန်းလွန်တောင်ကြီးက ကျွန်တော့်ကို အတော်လေး သက်သောင့်သက်သာ ဖြစ်စေတယ်... သစ်ပင်တွေ ဖုံးလွှမ်းမနေတော့ တောင်ရဲ့ ပုံသဏ္ဌာန်နဲ့ ထူးခြားချက်တွေကို ကျွန်တော် ပိုပြီး သေချာ ခံစားနိုင်တယ်"

ရွှီယန်သည် တောတောင်များထဲတွင် လမ်းလျှောက်နေပြီး ကြီးမားသော တောင်ကြီးမှာ ဖိအားများ ပေးစွမ်းနေသည်။ သူ၏အမြင်တွင်တော့ ဤနေရာမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး လွတ်လပ်မှု ရှိနေသည်။

အင်တာနက်သုံးစွဲသူများ၏ အမြင်တွင်တော့ ဤနေရာမှာ မှိုင်းညို့ပြီး ကြောက်စရာ ကောင်းနေသည်။ နောက်ခံတေးဂီတလေး အနည်းငယ်ခန့် ထည့်လိုက်ပါက တကယ့်ကို သရဲကားတစ်ကား ဖြစ်သွားမည်မှာ သေချာလှသည်။

"လောင်ရွှီ... မင်းရဲ့ အတွေးတွေက သာမန်လူတွေနဲ့ မတူဘူးပဲ... ပတ်ဝန်းကျင်ကို ကြည့်ရတာနဲ့တင် ငါတော့ ကြောက်နေပြီ"

"မင်းမို့လို့ပါပဲ... ငါသာ ဒီလိုနေရာမျိုးမှာဆိုရင် ကြောက်လွန်းလို့ သေသွားလောက်တယ်"

"နေပါဦး... ဒီပတ်ဝန်းကျင်က မင်းကို အရမ်း သက်သောင့်သက်သာ ဖြစ်စေတယ် ဟုတ်လား... သားရဲတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

"သူက တကယ်ကို မကြောက်တာပဲ"

မှတ်ချက်များမှာ ချက်ချင်း စည်ကားလာတော့သည်။

လူအများအပြားမှာ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်လာပြီး ဤသို့သော လေထုမျိုးကို သဘောကျကြခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်မှာ အလွန် ထူးဆန်းနေသော်လည်း ရွှီယန်ကတော့ အမြဲတမ်း တည်ငြိမ်သော ပုံစံမျိုးဖြင့် တည်ငြိမ်သော စကားများကို ပြောဆိုနေတတ်သည်။

ထိုသို့ ဖြစ်လေလေ မှတ်ချက်များမှာ ပို၍ စည်ကားလေလေ ဖြစ်သည်။

ထို့နောက် ရွှီယန်သည် နေထိုင်ရန် နေရာ စတင် ရှာဖွေတော့သည်။ သူ၏ကံမှာ အတော်လေး ကောင်းမွန်လှသည်။ မူလက တောင်၏ ထောင့်ကြိုထောင့်ကြား တစ်နေရာတွင် တဲထိုးရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။

သို့သော် တောင်ခါးပန်းရှိ ကျောက်တောင်ရိုးတွင် သိပ်မနက်သော လိုဏ်ဂူတစ်ခုကို တွေ့လိုက်ရသည်။ လိုဏ်ဂူထဲတွင် တဲထိုးခြင်းက သေချာပေါက် ပိုကောင်းပေမည်။ လေကွယ်ပြီး နွေးထွေးသောကြောင့် ဖြစ်သည်။

လိုဏ်ဂူမှာ အလွန် သန့်ရှင်းပြီး တိရစ္ဆာန်များ၏ အမွေးများ၊ အညစ်အကြေးများ လုံးဝမရှိဘဲ ကျောက်စရစ်ခဲ အနည်းငယ်သာ ရှိသည်။ ဤသည်မှာ ဤလိုဏ်ဂူတွင် တိရစ္ဆာန်များ မနေထိုင်ကြောင်းကို ပြသနေခြင်းပင် ဖြစ်သည်။

"ကံကောင်းတာပဲ... လိုဏ်ဂူတစ်ခု တွေ့ပြီ... နေရာက အတော်လေး ကောင်းတယ်... ရှုခင်းလည်း ကောင်းတယ်... ဒီညတော့ ဒီမှာပဲ အိပ်ရတော့မယ်"

ရွှီယန်သည် လိုဏ်ဂူအဝတွင် ရပ်ကာ လိုဏ်ဂူအပြင်ဘက်ရှိ အခြေအနေများကို လေ့လာနေသည်။ သူက ကျောပိုးအိတ်ကို ချလိုက်ပြီး အထဲတွင် တဲ စတင် ထိုးတော့သည်။

ရှောင်ဟေးမှာ ပတ်ဝန်းကျင်တွင် လျှောက်သွားနေပြီး အမြီးကို ဟိုဘက်ဒီဘက် ခါယမ်းကာ အလွန် ပျော်ရွှင်နေပုံရသည်။ ဤကောင်လေးမှာ ဆော့ကစားရသည်ကို သဘောကျသူ ဖြစ်သည်။

ရွှီယန်သည် ပတ်ဝန်းကျင်မှ ထင်း အနည်းငယ် ကောက်ယူလာပြီး သစ်သားများကို စုပုံလိုက်သည်။ ရွှီယန် ထင်းကောက်နေသည်ကို မြင်သောအခါ ရှောင်ဟေးကလည်း ကွင်းပြင်ထဲမှ သစ်ကိုင်းခြောက်များကို လိုက်လံ ရှာဖွေနေသည်။

ရှာတွေ့သောအခါ ပျော်ရွှင်စွာဖြင့် ကိုက်ချီလာပြီး ထင်းပုံပေါ်တွင် တင်ပေးလေသည်။

ဤမြင်ကွင်းကို မြင်သောအခါ အင်တာနက်သုံးစွဲသူများလည်း နားလည်သဘောပေါက်စွာဖြင့် ပြုံးလိုက်ကြသည်။ မှိုင်းညို့နေသော ပတ်ဝန်းကျင်တွင်တောင် နွေးထွေးသော မြင်ကွင်းလေးများ အများအပြား ရှိနေသေးသည်။

"ရှောင်ဟေးက အရမ်း ဉာဏ်ကောင်းတာပဲ"

"ဒီခွေးမည်းလေးက အရမ်း ချစ်စရာကောင်းပြီး အရမ်းလည်း ဉာဏ်ကောင်းတယ်"

"ရုပ်ရည်လည်း ကောင်းတယ်... တောခွေးလေး ကြီးလာတာတောင် ဒီလောက် ခန့်ညားတာ တွေ့ရခဲတယ်"

"လောင်ရွှီကို ထင်းကောက်တောင် ကူညီပေးတတ်နေပြီ"

အားလုံးမှာ ချီးကျူး အံ့ဩနေကြသည်။

ဤဘက်ရှိ အမြင့်ပိုင်း တောင်တန်းဒေသများတွင် မီးမွှေးခွင့် မပိတ်ပင်ထားပေ။ အကြောင်းရင်းမှာလည်း ရှင်းလင်းလှသည်။ အမြင့်ပိုင်း ဒေသများတွင် သစ်ပင်များ လုံးဝနီးပါး မရှိသဖြင့် မီးလောင်စရာ အကြောင်းမရှိပေ။ သို့သော် အနိမ့်ပိုင်း နေရာများတွင်မူ မီးမွှေးခွင့် ပိတ်ပင်ထားဆဲ ဖြစ်သည်။

"ဒီမှာက ညဘက်ဆို တော်တော် အေးတယ်... မအိပ်ခင် ခဏလောက် မီးကင်ရင် နွေးသွားမှာပါ... ဒီထင်းတွေက ခဏလောက်တော့ လောင်လောက်ပါတယ်... တော်ပြီဆိုရင် တဲထဲဝင်ပြီး အိပ်လို့ရပြီ"

လိုဏ်ဂူအဝမှာ အလွန်ကြီးမားပြီး လေဝင်လေထွက် ကောင်းမွန်သဖြင့် မီးမွှေးခြင်းက ပြဿနာ ရှိမည်ကို စိုးရိမ်စရာ မလိုပေ။

ထင်းကောက်၍ လုံလောက်ပြီဟု ထင်သောအခါ ရွှီယန်က ကတ်ထူပြား အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ပလတ်စတစ်အိတ် အချို့ကိုပါ ထုတ်ယူကာ သစ်သားများအောက်တွင် မီးရှို့လိုက်သည်။

မကြာခင်မှာပင် သစ်ကိုင်း သေးသေးလေးများ စတင် လောင်ကျွမ်းလာသည်။ အချိန်အနည်းငယ် အကြာတွင်တော့ မီးတောက် ကြီးမားလာပြီး သစ်တုံးကြီးများပါ စတင် လောင်ကျွမ်းလာတော့သည်။

မီးတောက်များမှာ ကခုန်နေပြီး အထဲမှနေ၍ တဖျောက်ဖျောက် မြည်သံများ ထွက်ပေါ်နေသည်။

ရွှီယန်သည် အမဲသားခြောက် တစ်ထုပ်နှင့် အေးနေသော မန်ထို နှစ်လုံးကို ထုတ်ယူကာ စားသောက်နေသည်။ သူက ရှောင်ဟေး အတွက်လည်း အသားဘူး တစ်ဘူး ဖွင့်ပေးလိုက်သည်။

တောင်ထဲတွင် သုံးရက်ခန့် နေရမည်ဖြစ်ရာ အစားအသောက်များကို ချွေတာ စားသောက်ရမည် ဖြစ်သည်။ သူသည် မီးပုံဘေးတွင် ထိုင်ရင်း အစားအသောက်များကို စားသောက်ကာ အလွန် သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားနေရသည်။

အင်တာနက်သုံးစွဲသူများက သူ၏ပုံစံကို မြင်သောအခါ အားလုံး၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပေါ်လာကြသည်။

"လောင်ရွှီ တောထဲ သွားတဲ့ ပုံစံက တခြားသူတွေနဲ့ မတူဘူးလို့ ခံစားရတယ်"

"ဟုတ်တယ်... အရင်က တိဗက် ကို လမ်းလျှောက်သွားတဲ့ ဘလော့ဂါတွေရဲ့ ဗီဒီယိုတွေကို ငါ ကြည့်ဖူးတယ်... ညဘက်ဆို အိမ်ပျက်ကြီး ထဲမှာ ပုန်းပြီး ခွေးလို အေးခဲနေတာပဲ... လေတိုက်မိုးရွာမှာကိုလည်း ပူပန်နေရသေးတယ်"

"လိုက်ဖ်လွှင့်သူ က ပစ္စည်းတွေ အစုံအလင် ပြင်ဆင်ပြီး တောင်ထဲကို ရက်အနည်းငယ် သွားတာလေ... အားလပ်ရက် အနားယူ သွားတာနဲ့တောင် တူနေပြီ... ဟိုလူတွေက အချိန်အကြာကြီး လမ်းလျှောက်ရတာဆိုတော့ အခြေအနေက သေချာပေါက် မတူနိုင်ဘူးပေါ့"

"မြင်ကွင်းက တကယ်ကို လှတာပဲ"

"ဒါကမှ ကဗျာဆန်ပြီး အလှမ်းဝေးတဲ့ အရပ်ပဲ"

"ပိုက်ဆံရှိရင် မင်းလည်း လုပ်လို့ရတာပဲ"

"ပိုက်ဆံရှိရုံနဲ့ မရဘူး... သတ္တိလည်း ရှိဖို့ လိုသေးတယ်"

"သတ္တိ ဘာလိုလို့လဲ... သက်တော်စောင့် အယောက် ၂၀ လောက် ငှားပြီး စောင့်ခိုင်းထားလို့ ရတာပဲ... သတ္တိက ဘာလိုလို့လဲ... အဓိကက ပိုက်ဆံ ပြဿနာပဲ"

အင်တာနက်သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ဆူညံစွာ ငြင်းခုံနေကြသည်။ အင်တာနက် ဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ လူအများအပြားက အကြောင်းအရာ တစ်ခုကို ဝိုင်းဝန်း ငြင်းခုံနေတတ်ကြသည်။

ရွှီယန်ကတော့ မှတ်ချက်များကို မကြည့်ဘဲ ထိုင်ရင်း အစားအသောက်များ စားကာ မီးကင်ရင်း အဝေးသို့ ငေးကြည့်နေလိုက်သည်။

အဝေးသို့ ကြည့်ရင်း စိတ်ကို လွှတ်ထားလိုက်သည်ဟု ဆိုရမည် ဖြစ်သည်။ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်နှင့် စနစ် ရှိနေပြီး သူ၏ ကိုယ်ပိုင် စွမ်းရည် ကလည်း လုံလောက်နေသောကြောင့် ဤသို့သော နေရာမျိုးတွင် သူ တကယ်ကို လွတ်လပ်မှု ဆိုသည်ကို ခံစားမိနေပြီ ဖြစ်သည်။

All Chapters