← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း (၁၂၂) ထျန်ကန်းဓားအစီအရင် ၊ သူလျှိုလုပ်ခြင်း အောင်မြင်ခြင်း

​နောက်တစ်နေ့တွင် အနန္တကုန်စုံဆိုင်က ထုံးစံအတိုင်း တံခါးဖွင့်၍ ပုံမှန် ရောင်းဝယ်လေသည်။

​ယနေ့တွင် အနန္တကုန်စုံဆိုင် ရှေ့၌ တန်းစီနေသော ဝယ်သူများမှာ ယခင်ရက်များကဲ့သို့ မများပြားသေးသဖြင့် ရှန်းဝမ်စန်း အတွက် နေ့စဉ် အားလပ်ချိန် အနည်းငယ် ပိုထွက်လာခဲ့သည်။

​ဆိုင်ရှေ့တွင် တန်းစီသည့်လူဦးရေမှာ လွန်ခဲ့သောရက်ပိုင်းကလောက် မရှိတော့သော်လည်း အနန္တကုန်စုံဆိုင်၏ သတင်းမှာမူ ဝမ်နန်မြို့တစ်ခုလုံးကို ပျံ့နှံ့လှုပ်ခတ်သွားခဲ့ပြီ ဖြစ်သည်။

​ပစ္စည်းရောင်းချလိုသူ သို့မဟုတ် ဝယ်ယူလိုသူ မည်သူမဆို အရောင်းအဝယ် ပြုလုပ်ရန် လိုအပ်လာပါက သူတို့၏ ပထမဦးဆုံး ရွေးချယ်မှုမှာ အနန္တကုန်စုံဆိုင်သာ ဖြစ်တော့သည်။

​ယနေ့တွင် အနန္တကုန်စုံဆိုင်၌ အတော်အတန်ကြီးမားသော ဝင်ငွေတစ်ခု ရရှိခဲ့သေးသည်။ ထိုအရာမှာ မနေ့က ရှန်းဝမ်စန်းနှင့် စီးပွားရေးအကြောင်း လာရောက်ဆွေးနွေးခဲ့သည့် လျိုကျင့် ကြောင့် ဖြစ်သည်။

​လျိုကျင့်သည် မနေ့က အနန္တကုန်စုံဆိုင်မှ ထွက်ခွာသွားပြီးနောက် ချက်ချင်းပင် အိမ်သို့ပြန်ကာ ယခင်က အတူတကွ တိုင်ပင်ဆွေးနွေးခဲ့ကြသော ဆိုင်ရှင်အချို့ကို စုစည်းလိုက်သည်။

​လမ်းခရီးတွင် အလှည့်အပြောင်း အနည်းငယ်ရှိခဲ့ပြီး ဆိုင်ရှင်အချို့မှာ ရှန်းဝမ်စန်း တောင်းဆိုထားသော စည်းကမ်းချက်အချို့ကို ကြားသိရသည့်အခါ စည်းကမ်းချက်များက အနည်းငယ် တင်းကျပ်လွန်းသည်ဟု ခံစားရသဖြင့် နောက်ဆုံးတွင် နှုတ်ထွက်သွားကြသည်။

​သူတို့ နှုတ်ထွက်သွားရခြင်းမှာ အနန္တကုန်စုံဆိုင်မှ ကုန်ပစ္စည်းများကို လက်ကားယူပြီးနောက် အမြတ်အစွန်း ရနိုင်၊ မရနိုင်ကို သေချာ မခန့်မှန်းနိုင်ကြသောကြောင့် ဖြစ်သည်။

​သို့သော်လည်း ဝေခွဲမရဘဲ နှုတ်ထွက်သွားကြသည့် ထိုဆိုင်ရှင်အချို့ မသိလိုက်ရသည်မှာ သူတို့အနေဖြင့် အခွင့်ကောင်းကြီးတစ်ခုကို လွဲချော်သွားခဲ့ရခြင်းပင်။

​ထိုဆိုင်ရှင်အချို့ နှုတ်ထွက်သွားခဲ့သော်လည်း နောက်ဆုံးတွင် လျိုကျင့် အပါအဝင် စုစုပေါင်း ဆိုင်ရှင် ခုနစ်ဦးကမူ လျိုကျင့်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။

​ဆိုင်ရှင် ခုနစ်ဦးစလုံးက ပူးပေါင်း ရန်ပုံငွေထုတ်ကာ အနန္တကုန်စုံဆိုင်မှ ပထမအဆင့် ဆေးလုံး အစု တစ်ခုကို အရင်ဆုံး ဝယ်ယူပြီး အချိန်ကာလတစ်ခုအထိ စမ်းသပ်ရောင်းချကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

​ကျန်ရှိနေရန် ရွေးချယ်ခဲ့ကြသော ဆိုင်ရှင်များ၏ အတွေးကလည်း အလွန်ရိုးရှင်းပါသည်။ ဤဆေးလုံးများဖြင့် ဝိညာဉ်ကျောက်တုံး မမြတ်ခဲ့လျှင်ပင် ဆေးလုံးများကို ချန်ထားပြီး သူတို့ကိုယ်တိုင် ကျင့်ကြံခြင်း အရင်းအမြစ်အဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤဆေးလုံးများက အလွန်ဈေးပေါသည်မဟုတ်ပါလား။

​လျိုကျင့်က အနန္တကုန်စုံဆိုင်သို့ ရောက်ရှိလာပြီးနောက် ရှန်းဝမ်စန်းနှင့် အစောပိုင်းက ညှိနှိုင်းထားသည့်အတိုင်း ပထမအဆင့် ဆေးလုံး အစု တစ်ခုကို ဝယ်ယူလိုက်သည်။ ဆေးလုံးအားလုံးက ချီစုစည်း ဆေးလုံးမှလွဲ၍ ကျန်ဆေးလုံးအားလုံးကို တစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးစီ လျှော့ဈေးဖြင့် ရရှိခဲ့သည်။

​ဤဆေးလုံး အစု ကြောင့် အနန္တကုန်စုံဆိုင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါး သောင်း ဖိုး ကုန်ပစ္စည်းများ ရောင်းချခဲ့ရပြီး အနန္တကုန်စုံဆိုင်၏ အသားတင်အမြတ်မှာ ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော်အထိ ရှိခဲ့သည်။

​ချန်ကျီအတွက် အမှန်တကယ်ပင် အမြတ် အနည်းငယ် ထပ်မံ ရရှိစေခဲ့သည်။

​တစ်နေ့တာ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

​ချန်ကျီက ညဘက်တွင် အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်ကာ ယနေ့ရရှိသော ဝင်ငွေများကို စစ်ဆေးကြည့်ပြီးနောက် များစွာ ရင်သပ်ရှုမော ဖြစ်သွားရသည်။

​"ဒီနေ့မှ ဝိညာဉ်ကျောက်တုံး နှစ်သောင်းသုံးထောင်နဲ့ အမှတ် သုံး ထောင်ပဲ ရတာလား၊ သံနက်ရိုင်းမိုင်းတွင်း မရှိတော့ကတည်းက အခုဆို နေ့စဉ်ဝင်ငွေက တစ်ရက်ထက်တစ်ရက် လျော့နည်းလာပြီ၊ ကိုယ်ပွား တွေကို အပြင်လွှတ်ပြီး အနန္တကုန်စုံဆိုင်ခွဲတွေ ဖွင့်ဖို့ ကိစ္စက တကယ်ကို အရေးကြီးနေပြီပဲ။​ရှန်းဝမ်စန်း အနေနဲ့ ကိုယ်ပွား တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ပိုမြန်အောင် လုပ်ခိုင်းရမယ်၊ တကယ်လို့ အဆင်မပြေရင် ကိုယ်ပွား တွေကို ရှန်းဝမ်စန်းရဲ့ ကုန်စုံဆိုင်မှာပဲ လက်တွေ့ သွား လေ့လာခိုင်းရမယ်"

​ချန်ကျီက အနန္တနေရာလွ် မှ ထွက်လာပြီးနောက် လွန်ခဲ့သော နှစ်ရက်က ဖုံးကွယ်ခြင်း အစီအရင် နှင့် အကာအကွယ် အစီအရင် များကို ခင်းကျင်း ထားသည့် နည်းလမ်းအတိုင်းပင်၊ ယနေ့တွင် အစီအရင် လေ့လာ ခန်းမှ လေ့လာ ပြီးသွားသော တိုက်ခိုက်ရေး အစီအရင် ဖြစ်သည့် 'ထျန်ကန်းဓားအစီအရင် ' ကို စတင် ခင်းကျင်း လိုက်သည်။

​ချန်ကျီက ထျန်ကန်းဓားအစီအရင် ကို ချပြီးနောက် စိတ်ထဲမှတိုးတိုးလေး ရေရွတ်လိုက်သည်။ "အသက်သွင်းမယ် "

​ထျန်ကန်းဓားအစီအရင် က သူ့ဘာသာ အလိုအလျောက် စတင် လည်ပတ်သွားတော့သည်။

​ဤအချိန်တွင် ချန်ကျီ၏ အိမ်တော်က စတုတ္ထအဆင့် အစီအရင် သုံးခုအောက်တွင် လွှမ်းခြုံထားပြီး တိုက်ခိုက်ရေးနှင့် အကာအကွယ် နှစ်မျိုးစလုံး ပြည့်စုံနေသည့်အပြင် အရိပ်မဲ့ အစီအရင် ၏ ဖုံးကွယ်မှုလည်း ရှိနေသည်။

​ချန်ကျီ၏ စိတ်ထဲတွင် တစ်ခါမျှမရှိဖူးသော အေးချမ်းတည်ငြိမ်မှုကို ခံစားလိုက်ရသည်။ သူ့ အိမ်တော်ထဲတွင် ရှိနေသရွေ့ သူ့တွင် မည်သည့် နောက်ဆံတင်းစရာ စိုးရိမ်မှုမျှ မရှိတော့ဘဲ သူလုပ်ချင်ရာကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ကာ အခြားသူများက သူ့ကို ချောင်းမြောင်း စစ်ဆေး မည်ကိုလည်း ကြောက်ရွံ့နေစရာ မလိုတော့ပေ။

​ဤအချက်ကို တွေးတောမိသောအခါ ချန်ကျီ၏ စိတ်အခြေအနေက အလွန်ကောင်းမွန်သွားပြီး အသိစိတ်က အလိုအလျောက် ‘ချင်းယွမ်ဓား’ ကို ထုတ်ယူကာ ‘ကြယ်ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးကွက်’ ၏ အကွက်များကို လွတ်လပ်အပူအပင်မဲ့စွာ ကစားတော့သည်။

​ချန်ကျီ၏ ပုံရိပ်က လျှပ်စီးလက်သကဲ့သို့ အိမ်တော်၏ နေရာအနှံ့အပြားတွင် အဆက်မပြတ် ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်လာပြီး လှုပ်ရှားမှု အမြန်နှုန်းကြောင့် လေထုထဲတွင် လေခွဲသံများ အစီအရီ ထွက်ပေါ်လာသည်။

​ဤမျှနှင့်ပင် ချန်ကျီက အားရကျေနပ်မှု မရှိသေးဘဲ ကြယ်ရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးကွက် တစ်ခုလုံးကို ကစားပြီးနောက် ချင်းယွမ်ဓားကို ပြန်သိမ်းကာ ‘နဂါး လှံ’ ကို ထပ်မံ ထုတ်ယူလိုက်သည်။

​ကြမ်းတမ်းခက်ထန်သော ဝိညာဉ်စွမ်းအားများက နဂါး လှံပေါ်တွင် လှိုင်းထန်နေပြီး ‘ကောင်းကင်ကိုးခု နဂါးဟိန်းသံ လှံသိုင်း’ ၏ အကွက်များကြောင့် အိမ်တော်တစ်ခုလုံးတွင် နဂါးဟိန်းသံများ အပြန်အလှန် ပဲ့တင်ထပ်သွားတော့သည်။

​ကျောက်လင်းအာ က ဘေးမှ ရပ်ကြည့်ရင်း မပြတ် လက်ခုပ်တီးကာ အားပေးနေသည်။

​ချန်ကျီ၏ အိမ်တော်ထဲတွင်မူ လှိုင်းတံပိုးကြီးများ ထန်နေသကဲ့သို့ ရှိသော်လည်း အိမ်တော်၏ အပြင်ဘက်တွင်မူ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ အလွန်ပင် တိတ်ဆိတ်အေးချမ်းနေဆဲ ဖြစ်သည်။

​ချန်ကျီက ကောင်းကင်ကိုးခု နဂါးဟိန်းသံ လှံသိုင်း၏ အကွက်အားလုံးကို လေ့ကျင့်ပြီးနောက် နဂါး လှံကို သိမ်းဆည်းလိုက်ကာ ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

​"ဒီလိုမျိုး အားရပါးရ မကစားရတာ ဘယ်လောက်တောင် ကြာပြီလဲ၊ လုံခြုံစိတ်ချရတဲ့ ခံစားချက် ရှိတာက တကယ်ကို ကောင်းတာပဲ"

​ကျောက်လင်းအာ က ဘေးမှနေ၍ ချန်ကျီ၏ ဤကဲ့သို့သော ပုံစံကို မြင်တွေ့ရသောအခါ တခစ်ခစ်နှင့် မပြတ် ရယ်မောနေတော့သည်။

......

​တစ်ချိန်တည်းမှာပင် ဝမ်နန်မြို့အပြင်ဘက်၌ စောင့်ဆိုင်းနေသည်မှာ ကြာမြင့်လှပြီဖြစ်သော ယဲ့ကိုင်က စောင့်ဆိုင်းရင်းနှင့် စိတ်ထဲတွင် ပိုမို ပူပန်လာခဲ့သည်။

​မနက်ဖြန်က အနန္တကုန်စုံဆိုင်၏ ပစ္စည်းပို့ရမည့် အချိန်ဖြစ်သော်လည်း သူက ယခုအချိန်အထိ အနန္တကုန်စုံဆိုင်သို့ ပစ္စည်းလာပို့သူနှင့် တူသော မည်သည့်ပုံရိပ်ကိုမျှ မတွေ့မြင်ရသေးပေ။

​ဤသို့ ဖြစ်လေလေ ယဲ့ကိုင် ၏ စိတ်ထဲတွင် ပိုမို၍ သံသယစိတ်များ ဖြစ်ပေါ်လာလေလေ ဖြစ်သည်။

​သူ၏ မျက်စိအောက်တွင် ဝမ်နန်မြို့ထဲသို့ မည်သည့်အရိပ်အယောင်မျှ မပြဘဲ တိတ်တဆိတ် ဝင်ရောက်သွားနိုင်သူမှာ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက် မြင့်မားနေပြီး သူ မခန့်မှန်းနိုင်သော ပြိုင်ဘက်တစ်ဦး ဖြစ်နေ၍သာ ဖြစ်ရမည်။

​သူ့စိတ်ထဲတွင် တွေးတောမိသည်မှာ သူ၏ ယခုကဲ့သို့သော လှုပ်ရှားမှုများသည် တစ်ဖက်လူ၏ မျက်စိထဲတွင် လူပြက်တစ်ဦးကဲ့သို့ ဖြစ်နေလိမ့်မည်လားဟူ၍ ဖြစ်ပြီး ယခုအခါ သူက အနန္တကုန်စုံဆိုင်အပေါ် စိုးရိမ်စိတ်များ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်လာခဲ့သည်။

​"ဘာလို့ ဒီလို ဖြစ်ရတာလဲ"

​သို့သော်လည်း ယဲ့ကိုင် ၏ စိတ်ထဲတွင် အခြားသော အတွေးတစ်ခုလည်း ရှိနေသေးသည်။ ထိုအရာမှာ အနန္တကုန်စုံဆိုင်တွင် ပစ္စည်းပို့သူဟူ၍ လုံးဝမရှိဘဲ အရာအားလုံးက လုပ်ကြံဖန်တီးထားခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ အနန္တကုန်စုံဆိုင် လုပ်ဆောင်သမျှ အားလုံးက ကျားအရှိန်အဝါကို ငှားပြီး မြေခွေးက ကြွားဝါနေခြင်း သာ ဖြစ်နိုင်သည်။

​သို့သော် ဤအတွေးက ယဲ့ကိုင် ၏ ဦးနှောက်ထဲတွင် ဖျတ်ခနဲသာ ဖြတ်ပြေးသွားပြီး သူက အစမှအဆုံးထိ ဤအချက်က ကျိုးကြောင်းဆီလျော်မှု မရှိဟု ခံစားရသည်။

​လက်ရှိအခြေအနေအရ အနန္တကုန်စုံဆိုင်က ထုတ်ပြနိုင်သော ပစ္စည်းများက မည်သူမဆို အလွယ်တကူ ထုတ်ပေးနိုင်သော ပစ္စည်းများ မဟုတ်ပေ။

​အကယ်၍ နောက်ကွယ်တွင် ထောက်ပံ့ပေးထားသော အင်အားကြီးမားသည့် အင်အားစုတစ်ခုသာ မရှိလျှင် အနန္တကုန်စုံဆိုင် ယခုကဲ့သို့ ပြုလုပ်ခြင်းက မည်သည့်အချိန်တွင်မဆို ပျက်စီးခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပြီး လူအများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကိုပင် ခံရနိုင်ပေသည်။

.....

​ထိုအချိန်မှာပင်

​ကိုယ်ပွား များ ဖြစ်ကြသည့် ယဲ့ချင်ကန်း၊ ယဲ့ဟွိုင်ယန် နှင့် ယဲ့ဖန်ရှန်း တို့ သုံးဦးက သံနက်ရိုင်းများ ပြည့်နှက်နေသော သိုလှောင်လက်စွပ်များကို သယ်ဆောင်ကာ ဝမ်နန်မြို့သို့ ရောက်ရှိလာကြသည်။

​ထို့နောက် သူတို့သုံးဦးက ဝိညာဉ်ရှာဖွေခြင်း မှ ရရှိထားသော မှတ်ဉာဏ်အတိုင်း ယဲ့မိသားစုအိမ်တော်သို့ ဝင်ရောက်သွားကြသည်။

​ယဲ့ကျန်ထျန်း ၏ လက်ခံတွေ့ဆုံမှုအောက်တွင် သူတျု့သုံးဦးက သိုလှောင်လက်စွပ်များကို ယဲ့ကျန်ထျန်း ထံသို့ အပ်နှံလိုက်ကြသည်။

​ယဲ့ကျနထျန်း က သိုလှောင်လက်စွပ်ထဲမှ သံနက်ရိုင်းများကို စစ်ဆေးကြည့်ပြီးနောက် သူတို့ကို လောလောဆယ် မည်သည့်တာဝန်မျှ ထပ်မံ မပေးသေးပေ။

​အစပိုင်းတွင် သူတို့ကို နွေးထွေးစွာ နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီး သံနက်ရိုင်းမိုင်းတွင်းရှိ အခြေအနေများကို မေးမြန်းကာ ထို့နောက်တွင်မူ ရက်အနည်းငယ်ခန့် ကောင်းကောင်း အနားယူကြရန် လွှတ်လိုက်သည်။

​ယဲ့ချင်ကန်း တို့ သုံးဦးက ယဲ့မိသားစုထံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သော်လည်း သူတို့တွင် ယဲ့မိသားစုမှ ထိုအုတ်မြစ်ချခြင်းအဆင့် သုံးဦး၏ မှတ်ဉာဏ်များ ရှိနေသဖြင့် ယဲ့ကျန်ထျန်း မေးမြန်းသော မေးခွန်းအချို့ကို အလွန် တည်ငြိမ်စွာ ဖြေကြားနိုင်ခဲ့ပြီး မည်သည့် အရိပ်အယောင်မျှ ပေါ်ပေါက်ခြင်း မရှိခဲ့ပေ။

​ယဲ့ကျန်ထျန်း သည်လည်း ထိုသုံးဦး၏ သရုပ်မှန် အပေါ် မည်သည့် သံသယမျှ မဖြစ်ပွားခဲ့ပေ။

​ယဲ့ချင်ကန်း တို့ သုံးဦးက ယဲ့မိသားစုထဲတွင် ကနဦးအဆင့် သူလျှိုလုပ်ခြင်း အောင်မြင်သွားပြီ ဖြစ်ရာ နောက်ပိုင်းတွင် သူတို့အနေဖြင့် ကျင့်ကြံခြင်းအဆင့် မြင့်လာသည့် ပုံစံမျိုး ပြသရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ယဲ့မိသားစု၏ အရေးပါသော နေရာကို ရယူရမည် ဖြစ်သည်။

​အကယ်၍ ဖြစ်နိုင်ပါက သူတို့က နည်းလမ်းအမျိုးမျိုး ရှာဖွေကာ ယဲ့မိသားစုထဲသို့ ကိုယ်ပွား များ ပိုမို ဝင်ရောက်နိုင်အောင် အကွက်ချရပေဦးမည်။

​ချန်ကျီ၏ စီမံမှုများကို သူတို့ တစ်စက္ကန့်မျှ မေ့လျော့ခြင်း မရှိကြပေ။

​ယဲ့ကျန်ထျန်း က သံနက်ရိုင်း ကီလိုဂရမ် တစ် သိန်းခွဲ ပါဝင်သော သိုလှောင်လက်စွပ် သုံးကွင်းကို ရရှိပြီးနောက် ပထမဦးဆုံးအချိန်၌ပင် သံနက်ရိုင်းများကို ဝယ်ယူမည့်သူအား ဆက်သွယ်ရန် လူလွှတ်လိုက်သည်။

​သူက ယခုအခါ ဤသံနက်ရိုင်း ကီလိုဂရမ် တစ် သိန်းခွဲကို လက်လွှဲရောင်းချရန် အရေးတကြီး လိုအပ်နေသည်။ ယဲ့မိသားစုက လက်ရှိတွင် လည်ပတ်ရန်အတွက် ဤဝိညာဉ်ကျောက်တုံး အစု ကို လိုအပ်နေသောကြောင့် ဖြစ်သည်။

​အကယ်၍ ဤဝိညာဉ်ကျောက်တုံး အစု သာ မရှိလျှင် ကြီးမားလှသော ယဲ့မိသားစုကြီး တစ်စစီ ပြိုကွဲသွားသည်အထိ မဖြစ်နိုင်သော်လည်း နေရာအချို့တွင်မူ လူထု၏ စိတ်ကြည်လင်မှုကို အနည်းနှင့်အများ ဆုံးရှုံးရနိုင်ပေသည်။

All Chapters