← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်၊ ချန်ဖန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခြင်း

​ရွှေဝါရောင် ကြေးနီကျားသစ်က ချန်ကျီ၏ အရှေ့သို့ တဟုန်ထိုး ပြေးဝင်လာပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ဝင်ဆောင့်တော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

​ချန်ကျီက ခြေဖွဖွနင်းကာ ငှက်ကလေးတစ်ကောင်ကဲ့သို့ ပေါ့ပါးသွက်လက်စွာဖြင့် ရွှေဝါရောင် ကြေးနီကျားသစ်၏ ဤတစ်ကြိမ် ဝင်ဆောင့်မှုကို ကံကောင်းထောက်မစွာ ရှောင်တိမ်းလိုက်နိုင်သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်က သူ၏ ဤဝင်ဆောင့်မှုက ချန်ကျီကို တစ်စက်ကလေးမျှ မထိမှန်လိုက်သည်ကို မြင်သောအခါ ခန္ဓာကိုယ်ကို လှည့်၍ ချန်ကျီထံသို့ ထပ်မံပြေးဝင်လာပြန်ရာ အမြန် နှုန်းက ယခင်ကထက်ပင် ပိုမိုမြန်ဆန်လာခဲ့သည်။

​ချန်ကျီ၏ ရင်ထဲ၌ အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ ခြေလှမ်းများကို ဆက်၍ ဖွဖွနင်းကာ ခန္ဓာကိုယ်ကို ဆက်တိုက်ယိမ်းလိုက်သဖြင့် ရွှေဝါရောင် ကြေးနီကျားသစ်၏ တိုက်ခိုက်မှုများအားလုံး လွဲချော်သွားခဲ့ရသည်။

​"ကြိုးကြာ ပျံခြေလှမ်းက တကယ်ကို အသုံးဝင်တာပဲ" ယခင်က ချန်ကျီသည် ၎င်းကို ကိုယ်တိုင်သာ လေ့ကျင့်ခဲ့ဖူးပြီး ကြိုးကြာ ပျံခြေလှမ်းကို တိုက်ပွဲတွင် အသုံးပြုခြင်းက ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်က သူ့ကိုယ်သူ လှောင်ပြောင်ကျီစယ်ခံနေရသည်ဟု ခံစားလိုက်ရပုံပေါ်ကာ လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ချန်ကျီထံသို့ ဆက်တိုက် ဟိန်းဟောက်နေတော့သည်။

​၎င်း၏ ပုံစံမှာ 'မင်းမှာ အရည်အချင်းရှိရင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်လှည့်' ဟု ပြောနေသည့်အလား ဖြစ်နေသည်။

​ချန်ကျီက ရွှေဝါရောင် ကြေးနီကျားသစ်၏ ဤကဲ့သို့သော ပုံစံကို မြင်သောအခါ အေးဆေးတည်ငြိမ်စွာပင် ပြုံးလိုက်သည်။

​"မင်းဆန္ဒအတိုင်း ဖြစ်စေရမယ်"

​ချန်ကျီက လက်ကို ဝေ့ယမ်းကာ မီးလုံးတစ်လုံးကို ရွှေဝါရောင် ကြေးနီကျားသစ်ရှိရာ ဘက်သို့ ပစ်လွှတ်လိုက်သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်က ရှောင်တိမ်းရန် အချိန်မမီလိုက်ဘဲ မီးလုံးက ပစ်မှတ်ကို တိကျစွာ ထိမှန်သွားခဲ့သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်မှာ နောက်သို့ အနည်းငယ် ယိုင်ထွက်သွားရသည်။

​သို့သော်လည်း ရွှေဝါရောင် ကြေးနီကျားသစ်မှာ နှစ်ချက်ခန့်သာ ယိုင်တိယိုင်တိုင် ဖြစ်သွားခြင်း ဖြစ်ပြီး ၎င်းကို ကြီးမားသော ထိခိုက်ဒဏ်ရာရရှိအောင်မူ မစွမ်းဆောင်နိုင်ခဲ့ပေ။

​"ရွှေဝါရောင် ကြေးနီကျားသစ်ရဲ့ အကာအကွယ်စွမ်းရည်က တကယ်ကို မဆိုးဘူးပဲ၊ ဒါကြောင့်လည်း သူ့ရဲ့ သားရေက အကာအကွယ် လက်နက်တွေ သွန်းလုပ်ဖို့အတွက် အကောင်းဆုံး ကုန်ကြမ်းပစ္စည်း ဖြစ်နေတာကိုး"

​ရွှေဝါရောင် ကြေးနီကျားသစ်က ချန်ကျီထံသို့ ထပ်မံဟိန်းဟောက်ပြန်ရာ ၎င်းမှာ စိန်ခေါ်နေသည့်အလား ဖြစ်ပြီး ချန်ကျီကို အရည်အချင်းရှိလျှင် ထပ်မံတိုက်ခိုက်ရန် လှုံ့ဆော်နေသည်။

​ချန်ကျီကမူ မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ ရွှေဝါရောင် ကြေးနီကျားသစ်ထံသို့ ပြန်လည်၍ စိန်ခေါ်သည့် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်၏ ဉာဏ်ပညာက မမြင့်မားသော်လည်း ချန်ကျီ၏ ဤအမူအရာကို နားလည်နိုင်စွမ်း ရှိသည်။

​၎င်း၏ ရင်ထဲ၌ အလွန်အမင်း ဒေါသထွက်သွားကာ ချန်ကျီထံသို့ ထပ်မံ၍ ပြေးဝင်လာခဲ့ပြန်သည်။

​ချန်ကျီက ယခုအကြိမ်တွင် ရွှေဝါရောင် ကြေးနီကျားသစ်၏ ဝင်ဆောင့်မှုကို ရှောင်တိမ်းရန် ကြိုးကြာ ပျံခြေလှမ်းကို ထပ်မံအသုံးပြုခြင်း မရှိတော့ပေ။ ရွှေဝါရောင် ကြေးနီကျားသစ်က ၎င်း၏ အမြန်နှုန်းနှင့် မာကျောသော သားရေကို အားကိုး၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။

​သူက ရွှေဝါရောင် ကြေးနီကျားသစ်၏ သားရေက မည်မျှအထိ မာကျောသည်ကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်နေမိသည်။

​ရွှေဝါရောင် ကြေးနီကျားသစ်က သူ့ကို ဝင်ဆောင့်တော့မည့် အချိန်တွင် စိတ်ထဲမှနေ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။ "မြေကြီး ဒိုင်းကာ"

​ချက်ချင်းပင် ချန်ကျီ၏ ရှေ့မှောက်၌ ထူထဲလှသော မြေတံတိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

​"ဘန်း..."

​ရွှေဝါရောင် ကြေးနီကျားသစ်က မြေတံတိုင်းနှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားတော့သည်။

​ဦးခေါင်းထက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသဖြင့် ရွှေဝါရောင် ကြေးနီကျားသစ်၏ ဦးနှောက်မှာ ခေတ္တမျှ မူးဝေသွားခဲ့ရသည်။

​"ကြည့်ရတာ ငါ့ရဲ့ မြေကြီး ဒိုင်းကာက ပိုပြီး မာကျောနေတုန်းပဲ"

​သို့သော်လည်း ချန်ကျီ၏ အရှေ့ရှိ မြေတံတိုင်းပေါ်တွင် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။ သူက အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသော ရွှေဝါရောင် ကြေးနီကျားသစ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ "ထားလိုက်တော့... မင်းနဲ့ ဆက်မဆော့တော့ဘူး"

​ချင်းယွမ်ဓားက ချန်ကျီ၏ လက်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာခဲ့ပြီး တစ်ကိုယ်လုံးမှ အော်ရာ များ ပေါက်ကွဲထွက်လာခဲ့သည်။

​မူးဝေခြင်းမှ ပြန်လည်သတိဝင်လာသော ရွှေဝါရောင် ကြေးနီကျားသစ်က သူ့အရှေ့ရှိ ကျင့်ကြံသူ၏ အော်ရာ က ချက်ချင်းဆိုသလို အဆင့်အတော်များများ မြင့်တက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

​ချန်ကျီ၏ အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်း အော်ရာ က ၎င်း၏ တစ်ကိုယ်လုံးကို တုန်ရင်ချောက်ချားသွားစေသည်။

​ရွှေဝါရောင် ကြေးနီကျားသစ်က ဆက်လက်တိုက်ခိုက်ရန် စိတ်ကူးမရှိတော့ဘဲ လှည့်၍ ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။

​၎င်းက ယခုအချိန်တွင် ၎င်း၏ ဘဝတစ်လျှောက်လုံး၌ အမြန်ဆုံး အရှိန်နှုန်းကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

​သို့သော်လည်း ချန်ကျီက ၎င်းထက် ပိုမိုမြန်ဆန်နေခဲ့သည်။

​"ကြယ် ရွှေ့ပြောင်းခြင်း"

​ချန်ကျီက ကြယ်တာရာရွှေ့ပြောင်းခြင်း ဓားဆယ့်သုံးကွက် ဓားသိုင်း၏ ပထမဆုံး ဓားကွက်ကိုသာ အသုံးပြုလိုက်ပြီး ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် အရှေ့သို့ ပစ်လွှတ်လိုက်ရာ ချက်ချင်းပင် ရွှေဝါရောင် ကြေးနီကျားသစ်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့သည်။

​ရွှေဝါရောင် ကြေးနီကျားသစ်မှာ အသက်ပျောက်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

​ချန်ကျီက ရွှေဝါရောင် ကြေးနီကျားသစ်၏ အလောင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဒီမိစ္ဆာသားရဲရဲ့ ကုန်ကြမ်းပစ္စည်းတွေက ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲ တန်ကြေးရှိပေမယ့် လက်ရည်စမ်းကြည့်ရတာတော့ မဆိုးဘူးပဲ"

​ထိုသို့ပြောရင်း ချန်ကျီက ဓားမြှောင်တစ်ခုကို ထုတ်ယူကာ ယခင်က ကျင့်ကြံသူများ အလောင်းကို ရှင်းလင်းသည့် နည်းလမ်းများကို အတုယူ၍လည်းကောင်း စာအုပ်ထဲ၌ ဖတ်ဖူးသော ရွှေဝါရောင် ကြေးနီကျားသစ်၏ ခန္ဓာကိုယ်ပေါ်မှ မည်သည့်ပစ္စည်းများက တန်ဖိုးရှိသည်ဟူသော အချက်များကို အခြေခံ၍လည်းကောင်း ရွှေဝါရောင် ကြေးနီကျားသစ်ကို တဖြည်းဖြည်းချင်း တစ်စစီ ခွဲစိတ်လိုက်သည်။

​အချိန်အတော်ကြာပြီးနောက်တွင် ရွှေဝါရောင် ကြေးနီကျားသစ်၏ အလောင်းကို ချန်ကျီက အားလုံး ခွဲစိတ်ရှင်းလင်းပြီးသွားခဲ့ပြီ ဖြစ်သည်။

​ချန်ကျီက ထိုတစ်စစီ ခွဲစိတ်ထားသော ပစ္စည်းများကို သေသေချာချာ ပြန်လည်မကြည့်တော့ဘဲ တိုက်ရိုက်ပင် အနန္တနေရာလွတ်ထဲသို့ အကုန်အစင် သိမ်းဆည်းလိုက်သည်။

​ဤအရာများကို ပြုလုပ်ပြီးနောက် ချန်ကျီသည် ခုနက သူကိုယ်တိုင် ခွဲစိတ်ရှင်းလင်းနေခြင်းက အပိုအလုပ် လုပ်နေခြင်း ဖြစ်သည်ဟု ခံစားလိုက်ရသည်။

​'နောင်ကျရင် ဒီလောက်အထိ ရှုပ်ရှုပ်ထွေးထွေး လုပ်နေဖို့ မလိုတော့ဘူးထင်တယ်၊ မိစ္ဆာသားရဲရဲ့ အလောင်းကို အနန္တနေရာလွတ်ထဲ တိုက်ရိုက် သိမ်းဆည်းလိုက်ရင် မပြီးဘူးလား၊ ဘာပဲဖြစ်ဖြစ် အနန္တနေရာလွတ်ထဲမှာ ဘာမှမလုပ်ဘဲ အလကားနေနေတဲ့ ကိုယ်ပွား ၁၀ ဉီး ရှိနေတာပဲ၊ သူတို့အတွက် အလုပ်တစ်ခု ရှာပေးလိုက်တာပေါ့'

​ချန်ကျီက သူ၏ ဤစိတ်ကူးက ဖြစ်နိုင်ခြေရှိသည်ဟု ခံစားရသဖြင့် ချက်ချင်းပင် သူ၏ အသိစိတ်ကို ထပ်မံဖြန့်ကျက်ကာ နောက်ထပ် မိစ္ဆာသားရဲတစ်ကောင်ကို ရှာဖွေလိုက်ပြန်သည်။

​တစ်နာရီခန့် ကုန်လွန်သွားပြီးနောက်တွင် ချန်ကျီက မိစ္ဆာသားရဲ ဆယ်ဂဏန်းကျော်ကို လိုက်လံသတ်ဖြတ်ပြီးသွားခဲ့ပြီ ဖြစ်ကာ သူက သတ်ဖြတ်ရန်သာ ဂရုစိုက်ပြီး မြှုပ်နှံရန် ဂရုမစိုက်သဖြင့် မိစ္ဆာသားရဲများကို အမဲလိုက်သည့် အမြန် နှုန်းက အလွန်ပင် မြန်ဆန်လှသည်။

​မိစ္ဆာသားရဲကို သတ်ဖြတ်ပြီးသည်နှင့် အလောင်းကို အနန္တနေရာလွတ်ထဲသို့ တိုက်ရိုက်သိမ်းဆည်းလိုက်ရာ ကိုယ်ပွား ၁၀ ဉီးက ခေတ္တမျှသော အချိန်အတွင်းမှာပင် မိစ္ဆာသားရဲ၏ အလောင်းကို ရှင်းလင်းပေးကြသည်။

​ထိုမိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်ပေါ်မှ တန်ဖိုးအရှိဆုံး အသားများကိုလည်း အားလုံး အကောင်းတိုင်း ပြန်လည်ထိန်းသိမ်းထားနိုင်သည်။

​"ဒီအဆင့်တစ် မိစ္ဆာသားရဲတွေကို သတ်ရတာ နည်းနည်းတော့ ပျင်းစရာကောင်းတာပဲ၊ ပိုပြီး အတွင်းဘက်ကျတဲ့ နေရာကို သွားပြီး အဆင့်နှစ် မိစ္ဆာသားရဲတွေရဲ့ ခွန်အားက ဘယ်လိုရှိလဲဆိုတာ သွားကြည့်ရမယ်"

​ချန်ကျီက တွေးတောနေစဉ် ရုတ်တရက် သူ၏ ဦးနှောက်ထဲ၌ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ "ဟမ်..."

​ရင်းနှီးကျွမ်းဝင်နေသော အသက်ရှူသံအငွေ့အသက်တစ်ခုက ချန်ကျီ၏ အသိစိတ် အာရုံခံနိုင်စွမ်းအတွင်းသို့ ပေါ်ပေါက်လာခဲ့သည်။

​"ချန်ဖန်က ဘာလို့ ဒီနေရာကို ရောက်နေတာလဲ" ချန်ကျီက တိုးတိုးလေး ရေရွတ်လိုက်သည်။

​ထို့နောက် ချန်ကျီ၏ ခန္ဓာကိုယ်က လျှပ်စီးပမာ လက်ခနဲ ဖြစ်သွားပြီး ချန်ဖန် ရှိနေသော နေရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားခဲ့သည်။

​ချန်ဖန်သည်လည်း ယခုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ အာရုံခံမိခြင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဟဲကွမ်းတောင်တန်းအတွင်းသို့ ဝင်ရောက်လာပြီးကတည်းက သူ၏ အသိစိတ်ကိုလည်း အချိန်ပြည့် ဖြန့်ကျက်ထားခြင်း ဖြစ်သည်။

​ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ သူစိမ်းတစ်ဦး၏ ပုံရိပ် ပေါ်လာသော်လည်း အသက်ရှူသံအငွေ့အသက်ကမူ အလွန်ပင် ရင်းနှီးနေခဲ့သည်။

​'ဘယ်ကိုယ်ပွားကများ ဒီနေရာကို ရောက်လာတာလဲ' ချန်ဖန်၏ ရင်ထဲ၌ သံသယဝင်သွားမိသည်။

​သို့သော်လည်း လောလောဆယ်တွင် ကျိုးချွမ်နှင့် ယွီရှင်းစစ်တို့က မိစ္ဆာသားရဲတစ်ကောင်ကို ဝိုင်းဝန်းသတ်ဖြတ်နေကြဆဲ ဖြစ်သည်။

​သူက အချိန်မရွေး ပေါ်ပေါက်လာနိုင်သော ဘေးအန္တရာယ်များကို ဤနေရာမှနေ၍ သတိထား စောင့်ကြည့်ပေးနေရသဖြင့် ခေတ္တမျှ လှည့်ထွက်သွားရန် အဆင်မပြေပေ ။

​ခေတ္တမျှသော အချိန်အတွင်းမှာပင် ချန်ကျီက ချန်ဖန်နှင့် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

​ချန်ကျီက ချန်ဖန်၏ မျက်စိရှေ့မှောက်သို့ ပေါ်လာသည့်တိုင်အောင် ချန်ဖန်၏ ရင်ထဲမှ အာရုံခံမိခြင်းက ပိုမိုပြင်းထန်လာခဲ့သည်။

​သူက ရောက်ရှိလာသောလူမှာ အခြားသူမဟုတ်ကြောင်း အာရုံခံမိလိုက်ပြီ ဖြစ်သည်။ မျက်စိအရှေ့ရှိ ဤခန္ဓာကိုယ်က ချန်ကျီ၏ ကိုယ်ပိုင်ခန္ဓာကိုယ် မဟုတ်သော်လည်း အာရုံ၏ ဆက်နွှယ်မှုအရ အရှေ့ရှိလူမှာ ချန်ကျီ ဖြစ်ကြောင်းကို ရာခိုင်နှုန်းပြည့် အသေအချာ အတည်ပြုနိုင်သည်။

​ချန်ကျီက ဤနေရာသို့ ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။ ယခုအချိန်တွင် ချန်ကျီကို နှုတ်ဆက်စကား လှမ်းပြောရမည့် အချိန်မဟုတ်ပေ၊ သို့မဟုတ်ပါက သူ၏ သရုပ်မှန် က ပေါ်ပေါက်သွားပေလိမ့်မည်။

​ချန်ဖန်က ယခုအချိန်တွင် နှုတ်မှ ထုတ်ဖော်၍ စကားမပြောနိုင်သော်လည်း သူက ချန်ကျီနှင့် စိတ်ချင်းဆက်သွယ်၍ စကားပြောဆိုနိုင်ဆဲ ဖြစ်သည်။

​ချန်ဖန်က ချန်ကျီကို ရိုသေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ စိတ်ထဲမှနေ၍ လှမ်းပြောလိုက်သည်။ "သခင်... သခင်က ဘာလို့ ဒီကို ရောက်လာတာလဲ"

​"ဘာမှမဟုတ်ပါဘူး၊ ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာတာ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ"

​"သခင်က ကျွန်တော့်ကို ကျိုးချွမ်ကို ကူညီပေးဖို့ မှာထားတယ်မဟုတ်လား၊ ကျွန်တော်က ပိုပြီး သဘာဝကျသွားအောင်လို့ သူ့ကို ဒီနေရာကို ခေါ်လာပြီး မိစ္ဆာသားရဲတွေကို အမဲလိုက်ခိုင်းနေတာပါ၊ ပြီးတော့ သူ့ကို ဆေးလုံးအချို့လည်း ထောက်ပံ့ပေးထားပါတယ်၊ အမဲလိုက်လို့ရတဲ့ မိစ္ဆာသားရဲ ကုန်ကြမ်းတွေ လုံလောက်သွားတဲ့အခါကျရင် သူ့ကို အနန္တကုန်စုံဆိုင်ဆီ ခေါ်သွားပြီး ဆေးလုံးအသစ်တွေနဲ့ သွားလဲခိုင်းမလို့ပါ"

​"ကောင်းတယ်၊ အစီအစဉ်က တော်တော်လေး သဘာဝကျပြီး ယုတ္တိရှိပါတယ်"

​ချန်ဖန်က ချန်ကျီကို ရှင်းလင်းပြောပြပြီးနောက် ချန်ကျီက ချန်ဖန်၏ အစီအစဉ်ကို ချက်ချင်းပင် နားလည်သွားတော့သည်။

​ချန်ကျီက မိစ္ဆာသားရဲကို ဝိုင်းဝန်းသတ်ဖြတ်နေသော ကျိုးချွမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ကျိုးချွမ်နှင့် ဝတ်စုံတူညီစွာ ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ဦးက ကျိုးချွမ်နှင့် တွဲဖက်ညီညီဖြင့် မိစ္ဆာသားရဲကို ပိတ်ဆို့တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

​"ဟိုကျန်တဲ့တစ်ယောက်ကလည်း ချင်းယွမ် ဂိုဏ်းက တပည့်ပဲလား"

​"ဟုတ်ပါတယ် သခင်၊ သူက ကျွန်တော် ချင်းယွမ် ဂိုဏ်းမှာ သိကျွမ်းခဲ့တဲ့ ဂျူနီယာညီလေး တစ်ယောက်ပါ၊ ဒီတစ်ခေါက် သူ့ရဲ့ ခွန်အားကိုပါ တစ်ပါတည်း မြှင့်တင်ပေးမလို့ပါ၊ သခင်အနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"

​"ရပါတယ်၊ ဒါဆိုရင် မင်းတို့ ဆက်လုပ်ကြပါ၊ ငါ သွားတော့မယ်"

​"သခင်... ခရီးလမ်း ဖြောင့်ဖြူးပါစေ"

​ချန်ကျီသည်လည်း ချန်ဖန်၏ အသက်ရှူသံအငွေ့အသက်ကို အာရုံခံမိခြင်းကြောင့်သာ ဤနေရာသို့ လာကြည့်ခြင်း ဖြစ်ပြီး ယခုအခါ သူ မြင်တွေ့ပြီးပြီဖြစ်ရာ လုံလောက်သွားခဲ့ပြီ ဖြစ်သည်။

​ချန်ဖန်က မည်သည့်လူမျိုးနှင့် မိတ်ဆွေဖွဲ့သည်ကိုမူ သူက သိပ်ပြီး ဂရုမစိုက်လှပေ။

​'ကြည့်ရတာ ကိုယ်ပွားတွေက တကယ်တော့ သူတို့ဘာသာသူတို့ ကိုယ်ပိုင်လမ်းစဉ်တစ်ခုစီ လျှောက်လှမ်းနိုင်ကြတာပဲ၊ သူတို့ကို အလွန်အမင်း ဝင်စွက်ဖက်နေဖို့ မလိုပါဘူး'

​

All Chapters