← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉) အဆင့်သုံး မိစ္ဆာသားရဲ၊ အဓိပ္ပာယ်မရှိသော ညှိနှိုင်းမှု

​တရှုပ်ရှုပ် တရှဲရှဲနှင့် တွားသွားသံများ ပိုမိုနီးကပ်လာသည်ကို ချန်ကျီ ကြားလိုက်ရပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လပြည့် ခရစ်စတယ် ငွေရောင်မြွေထက်ပင် ပိုမိုကြီးမားလှသော မြွေခေါင်းကြီးတစ်ခု သူ၏ မျက်စိအရှေ့သို့ ထင်ဟပ်လာခဲ့သည်။

​ချန်ကျီက သူ့ကိုယ်သး အလွန်ပင် သေးငယ်လှသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး တစ်ဖက်လူ၏ မျက်လုံးထဲတွင်မူ သူက ကြက်ပေါက်စလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

​ချန်ကျီက စိတ်ကူး တစ်ခု ဖြစ်ပေါ်လာပြီး ကောင်းကင်မျက်စိ ကို လည်ပတ်စေလိုက်သည်။

​ချက်ချင်းပင် ဤကြီးမားလှသော လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ကျင့်ကြံခြင်းနယ်ပယ် သတင်းအချက်အလက်များက ချန်ကျီ၏ ဦးနှောက်ထဲ၌ ပေါ်ပေါက်လာခဲ့သည်။

​"အဆင့်သုံး အလယ်အလတ်အဆင့် မိစ္ဆာသားရဲလား... သူ့ရဲ့ ခန္ဓာကိုယ် အရွယ်အစားကို ကြည့်ရတာ နှောင်းပိုင်းအဆင့်ကို ရောက်တော့မယ့် ပုံပဲ"

​ချန်ကျီ၏ ရင်ထဲ၌ အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက ဘာကြောင့် တိုက်ရိုက် ဝင်မတိုက်ခိုက်ရသလဲဆိုသည်ကို သံသယဝင်နေမိသည်၊ အဘယ်ကြောင့်ဆိုသော် အားနည်းလှသော သူက တစ်ဖက်လူ၏ မျက်လုံးထဲတွင် စာဖွဲ့လောက်စရာ မရှိသောကြောင့် ဖြစ်သည်။

​"မြေပြင်ပေါ်က ဒီမြွေကြီးအတွက်ကြောင့်လား"

​အဆင့်သုံး အလယ်အလတ်အဆင့်ရှိသော လပြည့် ခရစ်စတယ် ငွေရောင်မြွေနှင့် ရင်ဆိုင်နေရသော်လည်း ချန်ကျီကမူ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။ အဆင့်သုံး အလယ်အလတ်အဆင့် မိစ္ဆာသားရဲက လူသားကျင့်ကြံသူ၏ ရွှေအူတိုင် အဆင့် အလယ်အလတ်အဆင့်နှင့် ညီမျှသည်။

​ချန်ကျီက သူနှင့် ရွှေအူတိုင်အဆင့် ကျင့်ကြံသူတို့ကြားမှ ကွာဟချက်ကို ကိုယ်တိုင် လက်တွေ့စမ်းသပ်ကြည့်ချင်စိတ် ရှိနေသည်၊ ဘာပဲဖြစ်ဖြစ် သူ့တွင် အသုံးမပြုရသေးသော ဝှက်ဖဲ အမြောက်အမြား ရှိနေဆဲ ဖြစ်ရာ ဒါကပင် သူ၏ အားကိုးရာ ဖြစ်သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေသည်လည်း သူ့ကို အနည်းငယ်မျှပင် မကြောက်ရွံ့သော အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ ဖူးခြင်း ဖြစ်သည်။ ၎င်းက ခုနက ဝင်မတိုက်ခိုက်ခြင်းမှာ သူ၏ မျိုးဆက်ကို ထိခိုက်မှုမရှိစေချင်ခြင်းကြောင့် ဖြစ်သလို လက်ရှိတွင် ၎င်းကိုယ်တိုင်လည်း တိုက်ခိုက်ရန် အဆင်မပြေသောကြောင့် ဖြစ်သည်။

​ချန်ကျီလည်း အချိန်ဆွဲမနေတော့ဘဲ တစ်ဖက်လူက ဝင်မတိုက်ခိုက်သရွေ့ သူကလည်း စမ်းသပ်ကြည့်ရန် ရည်ရွယ်ချက် ရှိနေသည်။

​သူက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေကို တိုက်ရိုက်ပင် ဥပေက္ခာပြုလိုက်ပြီး မြေပြင်ပေါ်ရှိ အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် နဂါး လှံစိုက်ဝင်နေသော နေရာဆီသို့ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရောက်ရှိသွားခဲ့သည်။

​ချန်ကျီက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေမှာမူ ယခုတိုင် မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို သတိပြုမိလိုက်ရာ ဤသို့ဖြစ်နေမှတော့ သူက ချင်းယွမ်ဓားပေါ်မှ တိုက်ရိုက်ခုန်ချလိုက်ပြီး အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်တွင် မတ်တတ်ရပ်လိုက်ကာ သူ၏ လက်ကမူ နဂါး လှံ၏ လှံရိုးကို ဆုပ်ကိုင်လိုက်ပြီ ဖြစ်သည်။

​ဤအချိန်တွင် ချန်ကျီက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေထံမှ ထွက်ပေါ်လာသော ဒေါသတရားများကို အာရုံခံမိလိုက်သဖြင့် ခေါင်းမော့ကာ ၎င်းကို တစ်ချက် ကြည့်လိုက်သော်လည်း လက်မှ လှုပ်ရှားမှုကိုမူ ရပ်တန့်မထားဘဲ အားစိုက်၍ ဆွဲထုတ်လိုက်ရာ နဂါး လှံက ကျွတ်ထွက်လာခဲ့သည်။

​ချက်ချင်းပင် အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာခဲ့ပြီး အသိစိတ်မဲ့နေသော မြွေခန္ဓာကိုယ်ကြီးကလည်း လိုက်၍ တုန်ခါသွားခဲ့ရသည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေမှာမူ အလွန်အမင်း ဒေါသထွက်နေခဲ့ပြီ ဖြစ်ကာ ၎င်းက အလွန်ဒေါသထွက်နေသော်လည်း ချန်ကျီကို တိုက်ရိုက် ဝင်မတိုက်ခိုက်သေးပေ ၊ အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေ မသေသရွေ့ လုံလောက်လှပြီ ဖြစ်သည်။

​ချန်ကျီကမူ အမှန်တကယ်တော့ အချိန်မရွေး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီး ဖြစ်ရာ ယခုအချိန်တွင် စိတ်ထဲ၌ သံသယဝင်နေမိသည်။ "ဒီလောက်အထိ လုပ်တာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူးလား၊ ဒါဆိုရင် မင်းက ဘာလာလုပ်တာလဲ"

​"မင်း ထွက်သွားလို့ရပြီ"

​ထစ်ငေါ့နေသော စကားသံတစ်ခု ချန်ကျီ၏ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့ရာ ၎င်းမှာ အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက သူ့ကို စိတ်ချင်းဆက်သွယ်၍ စကားပြောနေခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။

​သို့သော်လည်း ယခုအကြိမ် စိတ်ချင်းဆက်သွယ်မှုက ကနဦး ခံစားချက်နှင့်မူ အနည်းငယ် ကွဲပြားနေပြီး ဤစကားသံထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု စွဲကပ်နေသည်။

​ချန်ကျီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ငါက မထွက်သွားဘူးဆိုရင်ကော"

​သူက ရိပ်မိသွားခဲ့ပြီ ဖြစ်ကာ ဤအဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်းကို ခံထားရရမည် ဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်ရန် မသင့်တော်ပေ။

​သို့မဟုတ်ပါက ပထမဆုံး တွေ့ရုံမျှဖြင့် သူ့ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ယခုအချိန်အထိ စောင့်ဆိုင်းနေမည် မဟုတ်ပေ။

​လပြည့် ခရစ်စတယ် ငွေရောင်မြွေက ဤကဲ့သို့ ဖြစ်နေလေလေ၊ ချန်ကျီက ပို၍ မထွက်သွားချင်လေလေ ဖြစ်ကာ သူသည် မူလကတည်းက သူ၏ ခွန်အားက မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို လက်တွေ့စမ်းသပ်ရန် လာခဲ့ခြင်း ဖြစ်သည်။

​ယခုအခါ ဤမျှကောင်းမွန်သော လေ့ကျင့် ဖော်တစ်ဦး ရှိနေပြီ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ဒီအတိုင်း လက်လွှတ်လိုက်ပါအံ့နည်း။

​သို့သော်လည်း ယခုအချိန်တွင် အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက တိုက်ခိုက်မည့် အရိပ်အယောင်မျှပင် မရှိသဖြင့် ၎င်းကို ဒေါသထွက်အောင် လှုံ့ဆော်ရန်သာ ရွေးချယ်စရာ ရှိတော့သည်၊ 'မင်း အားနည်းနေတုန်း မင်းအသက်ကို နှုတ်ရမယ်' ဟူသော အမှန်တရားကို ချန်ကျီက ကောင်းကောင်း သိရှိထားသည်။

​ချန်ကျီ၏ ခုနက စကားကြောင့် အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေမှာ ဒေါသထွက်သွားသည်ကို သူ သိသိသာသာ အာရုံခံမိလိုက်သော်လည်း ၎င်းကမူ ယခုတိုင် အောင့်အည်းသည်းခံနေဆဲ ဖြစ်သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက အဆုံးစွန်အထိ ဒေါသထွက်နေခဲ့ပြီ ဖြစ်ကာ ၎င်းက မျက်စိအရှေ့ရှိ လူသား၏ အသက်ကို ချမ်းသာပေးရန် ရည်ရွယ်ထားသော်လည်း တစ်ဖက်လူကမူ အဆိုးအကောင်းကို မသိတ​တ်ပေ ။

​၎င်းတွင်လည်း လက်ရှိ၌ ထုတ်ဖော်မပြောနိုင်သော အခက်အခဲများ ရှိနေသဖြင့်သာ ဖြစ်ပြီး သို့မဟုတ်ပါက ဤလူသားကို ဟင်းတစ်လုပ်အဖြစ် ဟိုးကတည်းက ဝါးမြိုခဲ့ပြီးပြီ ဖြစ်သည်။

​အတိအကျပင် ထိုအချိန်တွင် ချန်ကျီက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်မှ ပုံမှန်မဟုတ်သော အော်ရာတစ်ခု ဖြတ်သန်းသွားသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။

​သို့သော်လည်း ၎င်းမှာ ခဏတာမျှသာ ဖြစ်ပြီး ချန်ကျီက သေသေချာချာ ထပ်မံအာရုံခံရန် ပြင်ဆင်လိုက်ချိန်တွင် ထိုအော်ရာက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

​ချန်ကျီ၏ ရင်ထဲ၌ သံသယဝင်သွားကာ မျက်လုံးများကို အနည်းငယ် ပင့်၍ အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေကို ကြည့်ကာ တွေးလိုက်သည်။ "တစ်ခုခုတော့ မှားနေပြီ"

​တစ်ချိန်တည်းမှာပင် အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေသည်လည်း စိတ်ထဲမှနေ၍ ရေရွတ်လိုက်မိသည်။ "မကောင်းတော့ဘူး"

​ထိုအချိန်တွင် အနည်းငယ် ထစ်ငေါ့နေသော စိတ်ချင်းဆက်သွယ်မှုတစ်ခု ချန်ကျီ၏ ဦးနှောက်ထဲသို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

​"မင်းကို ဝိညာဉ်ဆေးပင်တစ်ပင် ပေးမယ်၊ သူ့ကို လွှတ်ပေးလိုက်ပါ"

​"ဒီလိုမျိုး အဆင်ပြေတဲ့ ကိစ္စမျိုးလည်း ရှိသေးတာလား"

​ချန်ကျီက တွန့်ဆုတ်နေစဉ် အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေရှိရာ ဘက်မှ ဝိညာဉ်ဆေးပင်တစ်ပင် ပျံသန်းလာခဲ့သည်။

​ချန်ကျီက အာရုံစိုက်၍ ကြည့်လိုက်ရာ ဤဝိညာဉ်ဆေးပင်ကို သူ သိရှိထားသည်၊ အနန္တစတိုးဆိုင် ထဲတွင် မြင်တွေ့ဖူးခြင်း ဖြစ်ကာ မြေပြင်ပေါ်ရှိ အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်မှ ကုန်ကြမ်းပစ္စည်းများထက် တကယ်ကို ပိုမိုတန်ဖိုးရှိလှသည်။

​ဝိညာဉ်ဆေးပင်က ချန်ကျီ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာခဲ့ရာ ချက်ချင်းပင် သူက အနန္တနေရာလွတ်ထဲသို့ တိုက်ရိုက်သိမ်းဆည်းလိုက်သည်၊ အလကားရတာကို မယူဘဲ နေစရာ အကြောင်းမရှိပေ ။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ဝိညာဉ်ဆေးပင်ကို သိမ်းဆည်းပြီးနောက်တွင်လည်း ချန်ကျီကမူ ထွက်ခွာသွားမည့် အရိပ်အယောင် မရှိသေးဘဲ သူက စကားပြောရန် ပြင်လိုက်သည်။

​အတိအကျပင် ထိုအချိန်တွင် ခုနက သူ အာရုံခံမိခဲ့သော ပုံမှန်မဟုတ်သည့် အော်ရာက ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။

​'ဒီတစ်ခေါက်တော့ လုံးဝ မမှားနိုင်တော့ဘူး၊ ဒီလပြည့် ခရစ်စတယ် ငွေရောင်မြွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက်ချက်အကြီးကြီး ရှိနေတယ်၊ သူက တစ်စုံတစ်ခုကို အစွမ်းကုန် ဖိနှိပ်နေတာပဲ'

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေသည်လည်း လက်ရှိတွင် အလွန်ပင် ခဲယဉ်းပင်ပန်းနေခဲ့ရသည်၊ ၎င်းက ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အစွမ်းကုန် ဖိနှိပ်နေရခြင်း ဖြစ်သော်လည်း ချန်ကျီကမူ ၎င်းကို ဆက်တိုက် ဒေါသထွက်အောင် လှုံ့ဆော်နေသဖြင့် ၎င်း အစွမ်းကုန် ဖိနှိပ်ထားသော စွမ်းအားများက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အပြင်သို့ လျှံထွက်နေခြင်း ဖြစ်သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေ၏ ခန္ဓာကိုယ်ပေါ်မှ ထိုအော်ရာက ပိုမို၍ ထင်ရှားလာခဲ့သည်။

​"သူက အဆင့်တက်နေတာလား" ချန်ကျီက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေ တစ်လျှောက်လုံး ဝင်မတိုက်ခိုက်ရသည့် အဓိက အကြောင်းရင်းကို ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်။

​ဤကဲ့သို့သော အခွင့်ကောင်းကို ချန်ကျီက ဘယ်လိုလုပ်ပြီး လက်လွှတ်ခံပါအံ့နည်း၊ ဒါက ကောင်းကင်ဘုံက ပေးသနားသော အခွင့်အရေး ဖြစ်သည်။

​အကယ်၍ သာမန် ကျင့်ကြံသူတစ်ဦးဦးသာဆိုပါက ဤမျှကြီးမားလှသော စည်းစိမ်ချမ်းသာကြောင့် မူးဝေသွားလောက်ပြီ ဖြစ်သော်လည်း ချန်ကျီကမူ မတူပေ ၊ ဝိညာဉ်ဆေးပင်တစ်ပင် ပိုမိုရရှိခြင်းက အမှတ်အနည်းငယ် ပိုမိုရရှိခြင်းသာ ဖြစ်ရာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မယူဘဲနေစရာ အကြောင်းမရှိသည့် အမှန်တရားပင် ဖြစ်သည်။

​"မလုံလောက်သေးဘူး" ချန်ကျီက အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေကို ပြုံး၍ ကြည့်လိုက်ရာ သူက အရာရာကို အကုန်အစင် ထိုးထွင်းသိမြင်သွားသည့် အမူအရာမျိုး ဖြစ်နေသည်။

​"လူသားကျင့်ကြံသူ... မင်းက တကယ်ကို ရောင့်ရဲတင်းတိမ်မှု မရှိလှဘူးပဲ" အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက ထစ်ငေါ့နေသော စကားသံဖြင့် ချန်ကျီကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက လက်ရှိတွင် စိတ်ထဲ၌ ချန်ကျီကို တကယ်ကို နာကျည်းမုန်းတီးနေခဲ့ပြီ ဖြစ်သည်။

​အကယ်၍ ၎င်းက ခုနတင် သူနှင့် အဆင့်တူသော မိစ္ဆာသားရဲတစ်ကောင်ကို ဝါးမြိုထားခဲ့ခြင်းကြောင့် ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိထားခြင်းနှင့် ဝိညာဉ်ဆေးပင်တစ်ပင်ကို ထပ်မံစားသုံးထားခဲ့သဖြင့် ခန္ဓာကိုယ်အတွင်းမှ ထိုစွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံခြင်းနယ်ပယ် အဆင့်တက်ရန် ပြင်ဆင်နေရခြင်းသာ မဟုတ်ပါက ၎င်းသည် အဘယ်ကြောင့် ယခုကဲ့သို့ ပြုလုပ်နေပါအံ့နည်း။

​ခေတ္တမျှကြာပြီးနောက်တွင် အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေရှိရာ အရပ်မှ နောက်ထပ် ဝိညာဉ်ဆေးပင်တစ်ပင် ချန်ကျီရှိရာဆီသို့ ပျံသန်းလာခဲ့ပြန်သည်။

​ဝိညာဉ်ဆေးပင်ကို မြင်တွေ့လိုက်ရသောအခါ ချန်ကျီ၏ ရင်ထဲ၌ အလွန်အမင်း ဝမ်းမြောက်သွားခဲ့ရပြီး အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက ဤကဲ့သို့ ပြုလုပ်လေလေ၊ သူက ပို၍ စိုးရိမ်ပူပန်မှုမရှိလေလေ ဖြစ်ကာ ၎င်း၏ အားနည်းချက်ကို ဆုပ်ကိုင်ထားနိုင်ခဲ့သည့်အလား ဖြစ်နေသည်။

​ချန်ကျီက ဝိညာဉ်ဆေးပင်ကို လှမ်းယူလိုက်ပြီး တွေးလိုက်သည်။ "ထပ်ပြီး မြတ်ပြန်ပြီ၊ ဒီအဆင့်သုံး မိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်ပေါ်က ကုန်ကြမ်းတွေထက်တောင် ပိုပြီး တန်ဖိုးရှိသေး တယ်"

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက ယခုအချိန်တွင် ချန်ကျီကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေခဲ့ပြီး ချန်ကျီ၏ အော်ရာကို ရင်ထဲ၌ စွဲမြဲစွာ မှတ်သားထားလိုက်သည်။

​၎င်းက ချန်ကျီကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး အကယ်၍ ချန်ကျီသာ ထပ်မံ၍ မထွက်သွားပါက ၎င်းသည် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားအချို့ ဆုံးရှုံးပျက်စီးခြင်းနှင့် ကျင့်ကြံခြင်းနယ်ပယ် အဆင့်မတက်နိုင်တော့ခြင်းတို့ကို ရင်ဆိုင်ရမည့်အရေးကို ဂရုမစိုက်တော့ဘဲ ချန်ကျီကို ဧကန်မုချ သတ်ဖြတ်ပစ်တော့မည် ဖြစ်သည်။

​လူသားတို့၏ လောဘဇောက အဆုံးအစမရှိလှရာ ၎င်းက မည်မျှပင် ပေးသည်ဖြစ်စေ နောက်တစ်ကြိမ် ရှိနေဦးမည်သာ ဖြစ်သည်။

​ချန်ကျီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကောင်းကင်ဘုံမှာ သက်ရှိတွေအပေါ် သနားကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်၊ မင်းရဲ့ အသက်ကို တစ်ကြိမ် ချမ်းသာပေးလိုက်မယ်... သွားပြီ"

​ချန်ကျီက လုံလောက်စွာ ရရှိခဲ့ပြီဖြစ်ရာ အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက ဤမျှအထိ စိတ်ရင်းစေတနာ ရှိနေမှတော့ သူကလည်း အလွန်အမင်း အနိုင်ကျင့်ရန် အဆင်မပြေတော့ပေ၊ ဘာပဲဖြစ်ဖြစ် သူသည်လည်း စည်းကမ်းချက် ရှိသော လူတစ်ယောက် ဖြစ်သည်။

​ယခုအချိန်တွင် လပြည့် ခရစ်စတယ် ငွေရောင်မြွေကို ရှာဖွေပြီး လက်ရည်စမ်းရန် မလိုအပ်တော့ပေ၊ ဘာပဲဖြစ်ဖြစ် ၎င်းကို သတ်ဖြတ်လိုက်လည်း ထိုမျှသာ ဖြစ်ကာ ဟဲကွမ်းတောင်တန်းအတွင်း၌ ၎င်းတစ်ကောင်တည်းသာ ရှိနေသော မိစ္ဆာသားရဲ မဟုတ်ပေ ။

​ချန်ကျီက ချင်းယွမ်ဓားကို ပစ်လွှတ်လိုက်ပြီး ဖွဖွလေး ခုန်တက်ကာ လှပစွာ ထွက်ခွာသွားခဲ့တော့သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေကမူ ချန်ကျီ ထွက်ခွာသွားသည်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

​ချန်ကျီ၏ အော်ရာကို ၎င်းက ရင်ထဲ၌ မှတ်သားထားပြီး ဖြစ်ရာ ၎င်းကို နောက်ထပ် အချိန်အနည်းငယ်မျှသာ ပေးပါက ၎င်းအား ခြိမ်းခြောက်ငွေညှစ်ခဲ့သော ဤလူသားကျင့်ကြံသူကို ဟဲကွမ်းတောင်တန်းထဲမှ လုံးဝ ထွက်ခွာမသွားနိုင်အောင် ပြုလုပ်ပစ်မည် ဖြစ်သည်။

​အဆင့်သုံး လပြည့် ခရစ်စတယ် ငွေရောင်မြွေက တစ်ဖက်မှ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ဖိနှိပ်နေရင်း တစ်ဖက်မှလည်း ဝိညာဉ်စွမ်းအားအချို့ကို ထုတ်ဖော်ကာ အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေကို ဆွဲယူ၍ သူ့ အသိုက်ရှိရာဆီသို့ ဦးတည်ရွေ့လျားသွားခဲ့သည်။

​၎င်းမှာ မူလကတည်းက ကျင့်ကြံခြင်းနယ်ပယ် အဆင့်တက်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေခြင်း ဖြစ်ပြီး အကယ်၍ သူ့ ဤမျိုးဆက်က သးနှင့် ဤမျှအထိ နီးကပ်သော အကွာအဝေးသို့ ရောက်ရှိမလာခဲ့ပါက ၎င်းသည်လည်း အာရုံခံမိလိမ့်မည် မဟုတ်ပေ။

​ကူကယ်ရာမဲ့စွာဖြင့် ဤကဲ့သို့သော အရေးကြီးလှသော အချိန်အခါတွင် ၎င်းသည်လည်း ယာယီအားဖြင့် ခေတ္တမျှ ရပ်တန့်ရန်သာ ရွေးချယ်ခဲ့ရသည်။

​သို့သော်လည်း အဆင့်နှစ် လပြည့် ခရစ်စတယ် ငွေရောင်မြွေကို ကယ်တင်လိုက်ရခြင်းက ၎င်းကို ရင်ထဲ၌ အလွန်ပင် နှမြောတသ ဖြစ်စေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ထိုဝိညာဉ်ဆေးပင်များက အဆင့်လေးသို့ တက်လှမ်းရန်အတွက် ၎င်း ကြိုတင်ပြင်ဆင်ထားခဲ့သော အရာများ ဖြစ်သောကြောင့် ဖြစ်သည်။

​အရေအတွက် အများအပြား မဟုတ်သော်လည်း ဤကဲ့သို့ အလကား ပေးလိုက်ရခြင်းက ၎င်းကို ထုတ်မပြောနိုင်သော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။

​၎င်းက ယခုအချိန်တွင် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို အမြန်ဆုံး သန့်စင်ပြီး အဆင့်တက်လှမ်းကာ ဟဲကွမ်းတောင်တန်းကို သွေးချောင်းစီးအောင် ပြုလုပ်ပစ်ရန်သာ တွေးတောနေမိသည်။

​ဘေးအန္တရာယ်များ ကျရောက်လာတော့မည်ကို ချန်ကျီကမူ ယခုတိုင် မသိရှိသေးဘဲ အဆင့်သုံး မိစ္ဆာသားရဲကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်သည်။

​အဆင့်သုံး မိစ္ဆာသားရဲကို ရှာဖွေတွေ့ရှိပြီးနောက်တွင်မူ သူသည် အဆင့်နှစ် မိစ္ဆာသားရဲများအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။

​"ငါ ဘယ်တုန်းက ဒီလောက်အထိ စိတ်ကောင်းရှိသွားရတာလဲ၊ နောက်ထပ် နည်းနည်းလောက် ပိုပြီး တောင်းခဲ့သင့်တာ" နောက်ထပ် အဆင့်သုံး မိစ္ဆာသားရဲတစ်ကောင်ကို ရှာဖွေနေသော ချန်ကျီက သူ့ကိုယ်သူ ရုတ်တရက် မေးခွန်းထုတ်လိုက်မိသည်။

​သူ၏ ဤမေးခွန်းထုတ်မှုက အလွန်ပင် စိုးရိမ်ပူပန်မှုမရှိသော ပုံစံမျိုး ဖြစ်နေခဲ့သည်။

​သူက စိုးရိမ်ပူပန်မှုမရှိ ဖြစ်နေသော်လည်း ထိုတစ်ကိုယ်တော် ကျင့်ကြံသူများမှာမူ ဒုက္ခရောက်ကြရတော့မည် ဖြစ်သည်။

​

All Chapters