← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀) ယဲ့ကျန်ထျန်း တံခါးပိတ်ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းက တကယ်ကို ခက်ခဲလွန်းတယ်

​ယဲ့မိသားစု

​ယဲ့ကိုင်က ပြန်ရောက်လာပြီးနောက် ချက်ချင်းပင် ခုနက ဝယ်ယူခဲ့သော ရွှေအူတိုင်အဆင့်တက် ဆေးလုံး ကို ယဲ့ကျန်ထျန်းထံသို့ ပေးလိုက်သည်။

​"အဖေ... ဒါက"

​"အဆင့်တက် ဆေးလုံးပဲ၊ ယူသွားပြီး သေသေချာချာ ကျင့်ကြံချေ"

​ယဲ့ကျန်ထျန်း၏ ရင်ထဲ၌ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး မေးလိုက်သည်။ "အဖေက အနန္တကုန်စုံဆိုင်ကို သွားခဲ့တာလား"

​ယဲ့ကိုင်က ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

​"သေသေချာချာ ကျင့်ကြံပါ၊ အနန္တကုန်စုံဆိုင်ရဲ့ ကိစ္စကို မင်း လောလောဆယ် ဂရုစိုက်ဖို့ မလိုဘူး၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်"

​ယဲ့ကျန်ထျန်းက နောက်ထပ် တစ်စုံတစ်ခုကို ထပ်မေးချင်သေးသော်လည်း ယဲ့ကိုင်ကမူ မျက်လုံးများကို မှိတ်ကာ စိတ်ငြိမ်သက်အောင် ပြုလုပ်နေပြီ ဖြစ်ရာ သူ့ကို နောက်ထပ် မမေးနိုင်တော့ပေ ။

​"အဖေ့ကို ကျေးဇူးတင်ပါတယ်" ယဲ့ကျန်ထျန်းက ယဲ့ကိုင်က သူ့ကို အဆင့်တက် ဆေးလုံး ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်နေခြင်း ဖြစ်ကာ သူ့ကို သားအရင်းတစ်ယောက်လို ဆက်ဆံနေဆဲ ဖြစ်သည်ဟု သတ်မှတ်လိုက်သည်။

​ယဲ့ကိုင်ကမူ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ပေ။

​ယဲ့ကျန်ထျန်းက တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်၊ ယဲ့ကိုင်က ပြောပြီးပြီ ဖြစ်၍ အနန္တကုန်စုံဆိုင်၏ ကိစ္စကို သူလည်း ထပ်မံ၍ စိတ်မပူတော့ဘဲ လက်ရှိတွင် စိတ်အေးချမ်းသာစွာဖြင့် အဆင့်တက်လှမ်းရန်သာ လိုအပ်တော့သည်။

​ယဲ့ကျန်ထျန်း ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် ယဲ့ကိုင်၏ လျှို့ဝှက်အခန်းအပြင်ဘက်သို့ နောက်ထပ် လူရိပ်တစ်ခု ပေါ်ပေါက်လာခဲ့ပြီး လူမရောက်လာခင် အသံက အရင်ဆုံး ရောက်ရှိလာခဲ့သည်။

​"အဘိုး... ကြည့်ပါဦး၊ မြေး အခု အုတ်မြစ်ချ ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ"

​ဤအသံကို ကြားလိုက်ရသောအခါ ယဲ့ကိုင်က မျက်လုံးများကို ဖွင့်လိုက်ပြီး ဝင်ရောက်လာသော ယဲ့ပိုင်ရီကို နူးညံ့သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

​"မြေးလေးက တကယ်ကို တော်တာပဲ"

​ယဲ့ပိုင်ရီ ဝင်လာပြီးနောက် ယဲ့ကိုင်က ယဲ့ပိုင်ရီ၏ အုတ်မြစ်ချ ခြင်းအဆင့် ကျင့်ကြံခြင်းနယ်ပယ်က စက္ကူဖြင့် ပြုလုပ်ထားသည့်အလား ဖြစ်နေပြီး ဆေးလုံးများဖြင့်သာ ပုံအော၍ မြှင့်တင်ထားခြင်း ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်၊ ယဲ့ပိုင်ရီ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများက အလွန်ပင် နောက်ကျိရှုပ်ထွေးနေပြီး အားနည်းချက် အပြည့် ဖြစ်နေသည်။

​ယဲ့ပိုင်ရီကမူ သူ့ကိုယ်သူ မသိဘဲ ယခုတိုင် အလွန်ပင် ဂုဏ်ယူဝါကြွားနေဆဲ ဖြစ်သည်။ "ဒါပေါ့... အဘိုးက ပိုတော်လို့ပါ၊ မြေးအတွက် အလယ်အလတ် အုတ်မြစ်ချ ဆေးလုံးကို ရှာပေးခဲ့လို့ အုတ်မြစ်ချ တာက လွယ်လွယ်လေးပဲ"

​ယဲ့ပိုင်ရီ၏ စကားကို ကြားလိုက်ရသောအခါ ယဲ့ကို်င၏ မျက်လုံးထဲတွင် တောက်ပသော အရောင်အဝါတစ်ခု ဖြတ်သန်းသွားပြီး စိတ်ထဲမှ အေးစက်စွာ ပြုံးလိုက်သော်လည်း မျက်နှာအမူအရာကမူ မပြောင်းလဲဘဲ ယခင်အတိုင်း နူးညံ့နေဆဲ ဖြစ်သည်။

​"ကောင်းပြီ... မြေးလေး ကိုယ်တိုင်က တော်လို့ပါ၊ လာ... အဘိုးက မင်းရဲ့ ကျင့်ကြံခြင်းနယ်ပယ် တည်ငြိမ်မှု ရှိမရှိကို ကြည့်ပေးမယ်"

​"အဘိုး စိတ်ချပါ၊ မြေးက အခု ခွန်အား တွေ သုံးလို့မကုန်နိုင်အောင် ရှိနေတယ်လို့ ခံစားရတယ်၊ ပြီးတော့ တစ်ခါမှမရှိဖူးတဲ့အထိ သန်မာ နေသလိုပဲ"

​"ဟားဟား... ဒါဆိုရင်တော့ အဘိုး စိတ်အေးရပြီ"

​နောက်ဆုံးတွင် ယဲ့ကိုင်က ယဲ့ပိုင်ရီကို စည်းရုံးကာ ခန္ဓာကိုယ်ကို စစ်ဆေးပေးလိုက်သည်။

​ခန္ဓာကိုယ်ကို စစ်ဆေးပေးသည်ဟု ဆိုသော်လည်း အမှန်တကယ်တော့ ယဲ့ပိုင်ရီ၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများနှင့် သွေးကြောများကို ပြုပြင်ပေးနေခြင်း ဖြစ်သည်။

​လျှို့ဝှက်အခန်းအပြင်ဘက်တွင် အမြဲတမ်း စောင့်ကြပ်နေသော ဒုတိယ အကြီးအကဲက အတွင်းရေးကို အသိဆုံးလူ ဖြစ်ကာ ယဲ့ပိုင်ရီ အုတ်မြစ်ချ ခြင်းအဆင့်သို့ တက်လှမ်းနိုင်ရန် သူကိုယ်တိုင်လည်း အားစိုက်ထုတ်ပေးခဲ့ရသည်၊ လက်ရှိတွင် ယဲ့ကိုင်က ယဲ့ပိုင်ရီအတွက် ဘာလုပ်ပေးနေသလဲဆိုသည်ကို သူ ခန့်မှန်းကြည့်စရာပင်မလိုဘဲ သိရှိနေသည်။

​သူ့ရင်ထဲ၌ သက်ပြင်းသာ အကြိမ်ကြိမ် ချမိပြီး အခြားနည်းလမ်း မရှိတော့ပေ။

​အလိုလိုက်လည်း အလိုလိုက်ပါစေတော့၊ ဘိုးဘေးတွင် ကိုယ်ပိုင် အတိုင်းအဆ ရှိလိမ့်မည်ဟု သူ ယုံကြည်သည်။

​ယဲ့ကျန်ထျန်းက ယဲ့ကိုင်၏ လျှို့ဝှက်အခန်းမှ ထွက်လာပြီးနောက် ချက်ချင်းပင် မိသားစုအတွင်းရှိ အကြီးအကဲအားလုံးကို စုစည်းလိုက်သည်။

​အစည်းအဝေးခန်းမအတွင်း၌ ချန်ကျီ စီစဉ်ထားသော ကိုယ်ပွား သုံးဉီးကလည်း ထူးခြားစွာဖြင့် ပါဝင်နေခဲ့သည်။

​ယဲ့ကျန်ထျန်း ယခုအကြိမ် အကြီးအကဲအားလုံးကို စုစည်းရသည့် ရည်ရွယ်ချက်က အလွန်ပင် ရိုးရှင်းပါသည်၊ သူက ရွှေအူတိုင်အဆင့်သို့ တက်လှမ်းရန်အတွက် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်တော့မည် ဖြစ်သည်။

​မိသားစု၏ အထွေထွေ ကိစ္စအားလုံးကို ယာယီအားဖြင့် တတိယ အကြီးအကဲက စီမံခန့်ခွဲရမည် ဖြစ်သည်။

ယဲ့ကျန်ထျန်းက ချန်ကျီ စီစဉ်ထားသော ကိုယ်ပွား သုံးဉီးကိုလည်း တာဝန်များ ခွဲဝေပေးလိုက်သေးသည်။

​ယဲ့ကျန်ထျန်းက ကိုယ်ပွား သုံးဉီးကို ပေးအပ်လိုက်သော တာဝန်ကလည်း အလွန်ရိုးရှင်းပြီး သူတို့ သုံးယောက်ကို ရဲ့မိသားစု၏ လုပ်ငန်းတစ်ခုစီကို အသီးသီး စီမံခန့်ခွဲခိုင်းခြင်း ဖြစ်သည်။

​ကိုယ်ပွား သုံးဉီးက သူတို့၏ တာဝန်ကို သိရှိပြီးနောက် စိတ်ထဲ၌ ခိုးပြုံးနေကြသည်၊ ဒါက သူတို့အတွက် ဝိညာဉ်ကျောက်တုံးများကို အလကား လာပေးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

​အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ယဲ့ကျန်ထျန်းက လူအားလုံးကို တိုက်ရိုက် လူစုခွဲလိုက်သည်။

​တတိယ အကြီးအကဲက မိသားစုကို ယာယီစီမံခန့်ခွဲမည့်အပေါ် သဘောထားကွဲလွဲနေကြသော အကြီးအကဲများပင်လျှင် ယဲ့ကျန်ထျန်း၏ ပြတ်သားမှုအောက်တွင် အလျှော့ပေးရန်သာ ရွေးချယ်ခဲ့ကြရသည်။

​ယဲ့ကျန်ထျန်းက စိတ်ကြိုက် လျှောက်၍ စီစဉ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ယဲ့ကျန်ထျန်း၏ ရင်ထဲ၌ ရေလည်စွာ သိရှိထားသည်။

​သူက စီမံခန့်ခွဲခွင့်ကို တတိယ အကြီးအကဲထံသို့ လွှဲပြောင်းပေးခဲ့သော်လည်း ယဲ့မိသားစု၏ အစစ်အမှန် ထိန်းချုပ်သူက ယဲ့ကိုင်သာ ဖြစ်သည်။

​မိသားစုအတွင်းရှိ အကြီးအကဲများက ဤအချက်ကို ဘာကြောင့် ယခုတိုင် ထိုးထွင်းမမြင်နိုင်ကြသလဲဆိုသည်ကို သူ အမြဲတမ်း နားမလည်နိုင်ခဲ့ပေ ။

​ယဲ့မိသားစု၏ အစစ်အမှန် အာဏာက အမှန်တကယ်တော့ အမြဲတမ်း သူ၏ ဖခင်ဖြစ်သူ၊ ယဲ့မိသားစုက ဘိုးဘေးအဖြစ် ကိုးကွယ်ထားသော ယဲ့ကိုင်သာ ဖြစ်သည်။

​ဟဲကွမ်းတောင်တန်းအတွင်း၌

​ချန်ကျီက ဝိညာဉ်ဆေးပင်နှစ်ပင်ကို အလကားရရှိပြီး ထွက်လာခဲ့ပြီးနောက် မူလက နောက်ထပ် အဆင့်သုံး မိစ္ဆာသားရဲတစ်ကောင်ကို ထပ်မံရှာဖွေချင်သေးသော်လည်း မိုးက ချုပ်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

​"မင်း အရင်ဆုံး အော်ရာကို ရုပ်သိမ်းလိုက်၊ ပြီးရင် နေရာတစ်ခုရှာပြီး ကောင်းကောင်း အနားယူလိုက်တော့"

​"ဟုတ်ကဲ့ပါ သခင်"

​ချန်ကျီနှင့် စကားပြောနေသူမှာ အမှတ် ၆၆ ကိုယ်ပွား ဖြစ်သည်။

​ချန်ကျီ၏ အသိစိတ်က သူ၏ အစစ်အမှန် ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​မိုးချုပ်လျှင် အနားယူရမည် ဖြစ်ရာ သူ၏ ကုတင်ပေါ်တွင် အိပ်ရခြင်းကသာ သက်တောင့်သက်သာ အရှိဆုံး ဖြစ်သည်။

​တောထဲတွင် အိပ်စက်ရမည့် ကိစ္စမျိုးကို ကိုယ်ပွား က သွားလုပ်လျှင် လုံလောက်လှပြီ ဖြစ်သည်။

​"သခင်... ဘာလို့ ဒီလောက်အမြန်ကြီး ပြန်လာတာလဲ၊ အပြင်မှာ ပျော်ဖို့ မကောင်းလို့လား"

​ကျောက်လင်းအာက ယနေ့တင် ထွက်ခွာသွားမည်ဟု ပြောခဲ့သော ချန်ကျီက တစ်ရက်ပင် မပြည့်သေးဘဲ ပြန်ရောက်လာသည်ကို အံ့အားသင့်စွာဖြင့် တွေ့ရှိသွားခဲ့သည်။

​"ပျော်ဖို့ကောင်းတာပေါ့၊ မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်ရတာ တကယ်ကို ရင်ခုန်စရာပဲ"

​"ဒါဆိုရင် သခင်က ဘာလို့ ပြန်လာတာလဲ"

​"လင်းအာ... မင်းက တုံးလိုက်တာ၊ မိုးချုပ်သွားတာကို မင်း သတိမထားမိဘူးလား"

​ကျောက်လင်းအာက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်ပြပြီး မေးလိုက်သည်။ "ဒါက မိုးချုပ်တာနဲ့ ဘာဆိုင်လို့လဲ"

​"မိုးချုပ်ရင် အိမ်ပြန်ပြီး အိပ်ရမှာလေ"

​"ဒါက" ကျောက်လင်းအာ ဆွံ့အသွားခဲ့ရသည်။

​"မိုးချုပ်ရင် အိမ်ပြန်ရမယ်၊ ဒီအမှန်တရားကို မင်းလည်း မှတ်ထားရမယ်၊ မဟုတ်ရင် အိမ်ကလူတွေ စိတ်ပူလိမ့်မယ်"

​ကျောက်လင်းအာ ကြောင်သွားခဲ့ရသည်၊ ဒါတွေက ဘာတွေလဲ။

​ကျောက်လင်းအာက တစ်ဖန် ပြန်တွေးကြည့်လိုက်ရာ ချန်ကျီ ပြန်လာနိုင်ခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်ဟူ၍ ဖြစ်သည်။ "ဟီးဟီး... သခင်၊ အပြင်မှာ တစ်နေကုန်ဆိုတော့ ဆာနေပြီမလား၊ ကျွန်မ အခုပဲ သခင်စားဖို့ သွားလုပ်ပေးပါ့မယ်"

​"ကောင်းပြီ... လင်းအာက အလိမ္မာဆုံးပဲ"

​"သခင်... ခဏလောက် စောင့်ပါဦးနော်"

​"အင်း... မင်း သွားတော့၊ ငါ ခဏလောက် နားလိုက်ဦးမယ်"

​ချန်ကျီ၏ အသိစိတ်က ကိုယ်ပွား ပေါ်မှ ခွာလိုက်ပြီ ဖြစ်ကာ သူသည် ခန္ဓာကိုယ်က မပင်ပန်းဟု ခံစားရသော်လည်း စိတ်တွင်မူ အနည်းငယ် နွမ်းနယ်နေခဲ့ရသည်။

​ချန်ကျီက ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းလိုက်ရုံရှိသေး၊ အနန္တကုန်စုံဆိုင်ကလည်း ဆိုင်ပိတ်လောက်ပြီ ဖြစ်ကြောင်း တွေးမိသွားခဲ့သည်။

​"ထားလိုက်ပါတော့... နားလိုက်ဦးမယ်၊ ဒီနေ့ရဲ့ ဝင်ငွေကလည်း အများကြီး မရှိလောက်သေးပါဘူး၊ သိမ်းဆည်းဖို့လည်း မလောပါဘူး၊ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်လည်း ကိစ္စမရှိပါဘူး"

​ချန်ကျီက လဲလျောင်း၍ အနားယူနေစဉ် ခဏအကြာ၌ ဒန်တျန် နေရာမှ ရုတ်တရက် တုန်ခါသွားခဲ့ပြီး နွေးထွေးသော ခံစားချက်တစ်ခု တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

​"အုတ်မြစ်ချ ခြင်းအဆင့် ၉ ကို ရောက်သွားပြီပဲ"

​မျက်လုံးမှိတ်၍ အနားယူနေသော ချန်ကျီက မျက်လုံးကို တစ်ချက်ကလေးမျှပင် ဖွင့်မကြည့်ခဲ့ပေ ။

​ဒုတိယမြောက်နေ့

​ချန်ကျီက တစ်ညလုံး သက်တောင့်သက်သာဖြင့် အနားယူခဲ့ပြီး နံနက်ခင်း အိပ်ရာထပြီးနောက်တွင် ကျောက်လင်းအာ ပြင်ဆင်ပေးသော မနက်စာကို စားသောက်လိုက်သည်။

​ချန်ကျီက ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိသော ပုံစံဖြင့် ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေစေပြီး အသိစိတ်ကမူ အမှတ် ၆၆ ကိုယ်ပွား ပေါ်သို့ ထပ်မံရောက်ရှိသွားခဲ့ပြန်သည်။

​"ဒီနေ့ကလည်း လန်းဆန်းတက်ကြွတဲ့ နေ့တစ်နေ့ပဲ၊ အဆင့်သုံး မိစ္ဆာသားရဲကို ဆက်ပြီး ရှာဖွေပြီး လေ့ကျင့်ရမယ်"

​ချန်ကျီက အမှတ် ၆၆ ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ တစ်ချက် အညောင်း ဆန့်လိုက်သည်။

​ထို့နောက်တွင် ချန်ကျီ၏ တစ်ကိုယ်လုံးရှိ အော်ရာက အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ယခင်က အမှတ် ၆၆ သိမ်းဆည်းထားခဲ့သော အော်ရာများကို အကြွင်းအကျန်မရှိ ထုတ်ဖော်လိုက်ရာ အုတ်မြစ်ချ ခြင်းအဆင့် ၉ ကျင့်ကြံခြင်းနယ်ပယ်က ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။

​မနေ့က ကျင့်ကြံခြင်းနယ်ပယ် မြင့်တက်သွားပြီးနောက် ချန်ကျီက ခံစားကြည့်ရန် အချိန်မရခဲ့ဘဲ ယခုအချိန်တွင် အုတ်မြစ်ချ ခြင်းအဆင့် ၉ ကျင့်ကြံခြင်းနယ်ပယ် ပေါက်ကွဲထွက်လာသောအခါ သူက သူ့ကိုယ်သူ ကုန်ခမ်းနိုင်ခြင်းမရှိသော ခွန်အားများ ရှိနေသည့်အလား ခံစားလိုက်ရပြီး သူ့ကိုယ်သူ ဤမျှအထိ သန်မာ နေသည်ဟု တစ်ခါမှ မခံစားဖူးပေ ။

​ချန်ကျီက လက်ရှိ ကျင့်ကြံခြင်းနယ်ပယ် ကို ခံစားပြီးနောက် ဒန်တျန်ကို လှမ်း၍ ကြည့်လိုက်သည်။

​ချန်ကျီက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ "ငါ့ရဲ့ အသိစိတ်က အခု ကိုယ်ပွား ပေါ်မှာ ရှိနေတာဆိုတော့ မြင်ရတာက ကိုယ်ပွား ရဲ့ ဒန်တျန် ဖြစ်ရမှာ မဟုတ်ဘူးလား"

​ချန်ကျီက အသိစိတ်ကို နှစ်မြှုပ်လိုက်ပြီး ကိုယ်ပွား ၏ ဒန်တျန်ကို အာရုံစိုက်၍ ကြည့်လိုက်ရာ ခဏအကြာတွင် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် တွေးလိုက်သည်။ "ဩော်... ဒီဒန်တျန်က ငါ့ရဲ့ ဒန်တျန်နဲ့ တစ်ပုံစံတည်းပဲကိုး၊ ဒါကြောင့်လည်း ကိုယ်ပွား က ငါနဲ့ တူညီတဲ့ ကျင့်ကြံခြင်းနယ်ပယ်ကို ရရှိနိုင်တာပဲ"

​"အခု ဒန်တျန်ထဲက ဝိညာဉ်စွမ်းအားတွေက အကုန်လုံး ဝိညာဉ်အရည်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီပဲ၊ ဒီဝိညာဉ်အရည်တွေက ရေကန်တစ်ခုလို စုစည်းနေပြီး ရေကန်ထဲမှာ ဝဲကရက်လိုမျိုး ဆက်တိုက် လည်ပတ်နေရင်းနဲ့ ဝိညာဉ်စွမ်းအား အသစ်တွေကို ဆက်လက် စုပ်ယူသိုလှောင်နေပြီး ဝိညာဉ်စွမ်းအားတွေကို ဆက်တိုက် ဖိသိပ် သန့်စင်ပေးနေတာပဲ။ ​ဒီဒန်တျန်ထဲက ဝိညာဉ်အရည်တွေ အဆုံးစွန်အထိ ဖိသိပ်ခံလိုက်ရတဲ့ အချိန်ကျရင်တော့ ရွှေအူတိုင်ကို သိပ်သည်းနိုင်မှာ ဖြစ်ပြီး အဆင့်တက် ဆေးလုံးရဲ့ အာနိသင်ကလည်း ဖိသိပ်သန့်စင်ဖို့အတွက် အသုံးပြုတာ ဖြစ်ရမယ်"

​ချန်ကျီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အုတ်မြစ်ချ ခြင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အဆင့်တက်လှမ်းမည့် နည်းလမ်းကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။

​သူက တစ်ဖန် ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ကျင့်ကြံခြင်းက တကယ်ကို မလွယ်ကူပါလား၊ ဒါပေမဲ့ ဒါက သာမန်ကျင့်ကြံသူတွေ လျှောက်ရမယ့် လမ်းပဲ၊ ငါ့မှာက စနစ်မျက်နှာပြင် ရှိနေတာဆိုတော့ အဆင့်တက်လှမ်းတာက ငါ့အတွက် ရေစီးအတိုင်း သဘာဝကျကျ ဖြစ်ပေါ်လာမယ့် ကိစ္စပဲ၊ ဘယ်လို အတားအဆီးမှ ရှိလာမှာ မဟုတ်ဘူး။ ​ဟားဟား... ကျင့်ကြံခြင်းက ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ မထင်ထားမိဘူး၊ စနစ် ရှိတာကမှ တကယ်ကောင်းတာပဲ၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်ပါ့မလဲ"

​

All Chapters