အခန်း ၃၃၂
Vol. 23 Ch. 332
အပိုင်း ( 332 )
နောက်ဆုံးတစ်ခေါက်အဖြစ် ဟန်ဆောင်လိုက်မယ်
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် တိတ်ဆိတ်မှု ကြီးစိုးလာခဲ့ပြီး မဟာတောရိုင်း နန်းတော်တစ်ခုလုံး ပိုမိုငြိမ်သက်သွားခဲ့သည်။
မတ်တပ်ထရပ်ကာ ထွက်ခွာသွားသည့် လုချန်ရှန်းကို ငေးကြည့်နေရင်းဖြင့် လူနှစ်ဦးစလုံး အံ့ဩမှင်သက်သွားကာ ထိုအခြေအနေကို ကျင့်သားရခြင်း(သို့) ဝေခွဲမရဖြစ်ခြင်းတို့ ဖြစ်သွားခဲ့သည်။ သို့သော် သူတို့က သူ့ကို မထွက်သွားစေချင်ကြပေ။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် မူချွမ်က စကားထပ်ပြောလာခဲ့၏ “ အစကတော့ သူတော်စင်က ပဋိပက္ခတွေကို နှိမ်နင်းဖို့အတွက် နိုးထလာခဲ့တာ။ အခုတော့ အဲ့ဒီပဋိပက္ခတွေကို နှိမ်နင်းပြီးတော့ သူထွက်သွားတော့မယ် “
“ သူတော်စင်က ဘယ်ကို သွားမှာလဲဗျ “
“ ငါမသိဘူး “
မူချွမ်က ခေါင်းခါပြလိုက်၏။ အဆိုပါ သူတော်စင်က နတ်စစ်သည်တော်သဖွယ် ဖြစ်နေခဲ့ပြီး အရပ်မျက်နှာ ရှစ်ခုစလုံးကို အံ့အားသင့်သွားစေခဲ့၏။ သူ၏ လုပ်ဆောင်မှုများက အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီး ကောင်းကင်ဘုံ အကယ်ဒမီကပင် လိုက်လျောမှုများ ပြုလုပ်ခဲ့ရပေသည်။
သူက စကားများများစားစား မပြောသကဲ့သို့ သူ၏အတိတ်အကြောင်းကိုလည်း ထုတ်မပြောခဲ့ဖူးချေ။ သူက အေးအေးလူလူ လမ်းလျှောက်နေခဲ့ပြီး မည်သူမှ နားမလည်နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စိတ်ခံစားချက်တစ်ခုကိုသာ ချန်ရစ်ထားခဲ့သည်။
၎င်းကို အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ သူ၏ တည်းခိုရာ ပြန်ရောက်လာခဲ့ကာ သူ၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းနေတော့၏။ သူသည် သူ၏ စီနီယာအစ်ကိုနှစ်ဦးနှင့် ဂျူနီယာညီမငယ်တို့အတွက် လိုအပ်မည့် အထူးပစ္စည်းတစ်ချို့ကိုပါ မဟာတောရိုင်း နန်းတော်မှ ယူဆောင်သွားခဲ့သည်။
အထက်နယ်မြေမှ လူများ၏ စုံစမ်းစစ်ဆေးမှု စတင်ခြင်းနှင့်အတူ သူနှင့်မူဟွမ်တို့ ပြုလုပ်ထားသည့် ကတိမှာလည်း အပြည့်အဝ ပြည့်မြောက်သွားတော့မည် ဖြစ်သည်။
အခြေအနေများကို တည်ငြိမ်သွားစေရန်အတွက် သူက မဟာတောရိုင်း နန်းတော်ကို ကူညီပေးခဲ့ပြီး မဟာတောရိုင်း နန်းတော်မှာ သူကြွယ်ဝချမ်းသာသွားအောင် ပြန်လည်ကူညီခဲ့လေသည်။ မည်သူကမှ မည်သူ့ကို အကြွေးတင်မနေတော့ပေ။
ထို့အပြင် သူက အတော်ပင်ကောင်းမွန်စွာ ပြုလုပ်နိုင်ခဲ့သည်။ သူ၏ ချေးငှားထားသော ဂုဏ်သိက္ခာအောက်တွင် ကောင်းကင်ဘုံ အကယ်ဒမီကပင် အလျှော့ပေးခဲ့ရပြီး ၎င်းးအား ကြီးမားသော အောင်မြင်မှုတစ်ခု သတ်မှတ်နိုင်ပေသည်။
အထက်နယ်မြေမှ လူများက သူ၏ အထောက်အထားကို စစ်ဆေးလာသရွေ့ မဟာတောရိုင်း နန်းတော်၏ ဂုဏ်သိက္ခာက အပြည့်အဝ တည်တံ့သွားကာ လေးစားမှုနှင့် ကြောက်ရွံ့မှုတို့သာလျှင် ကျန်နေခဲ့မည်ဖြစ်သည်။
ယခုလက်ရှိ အခြေအနေမှာ သူက ရှေးခေတ်သူတော်စင် ဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုရန်အတွက် လူတစ်စုက သူ၏ အထောက်အထားကို စစ်ဆေးချင်နေလျက်ရှိ၏။
လုချန်ရှန်းကမူ တစ်ခြားလူများက သူ့အား စစ်ဆေးလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက်တွင် သူက အထုပ်အပိုးပြင်၍ ထွက်သွားမည် ဖြစ်သည်။
သူတော်စင်၏ ခမ်းနားထည်ဝါသော ဘဝမျိုးက အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့သော်လည်း သူ၏ မူလရည်ရွယ်ချက်က မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။ ထိုကဲ့သို့ အပေါ်ယံ ပကာသများက သူ၏ စိတ်နှလုံးသားကို ယိမ်းယိုင်စေလိမ့်မည် မဟုတ်ပေ။ သူက အင်မော်တယ်ဖြစ်ရန် ကံပါလာသူတစ်ဦးဖြစ်သည်။
“ သေချာတွေးကြည့်လိုက်မယ်ဆိုရင် ငါက ဒီလိုစွမ်းအားကြီးတဲ့ ဘဝမျိုးကို စွန့်လွှတ်ဖို့အတွက် နည်းနည်းလေး တုံ့ဆိုင်းနေတာပဲ “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ပြီး ယခင်က ခက်ခဲကြမ်းတမ်းခဲ့သော သူ၏ ဆယ်နှစ်တာ ဘဝကို ပြန်တွေးမိသွားကာ စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့သည်။ အကယ်၍ သူ၏ စိတ်ဆန္ဒကသာ မခိုင်မာဘူးဆိုပါက သူက အလွယ်တကူ လက်လျှော့မိခဲ့လိမ့်မည် ဖြစ်သည်။
ထိုအချိန်၌ ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းတွင် ပုံရိပ်နှစ်ခု မတ်တပ်ရပ်နေကာ အဝေးသို့ တိတ်တဆိတ် ငေးကြည့်နေလျက်ရှိ၏။
နတ်ဘုရား တောင်ထွတ်သခင်က စကားစပြောလိုက်သည် “ မဟာအကြီးအကဲ သူတို့က ဝူဝမ်ပင်လယ်ထဲကို ဝင်ဖို့အတွက် မြောက်ပိုင်းဒေသကို ထွက်သွားကြပြီ။ ဒါပင်မဲ့ သူတို့ဆီမှာ ဝူဝမ်ပင်လယ် ပေါ်လာအောင် လုပ်ဖို့အတွက် နည်းလမ်းတွေ တကယ်ရှိနေတာလား “
“ အဲ့တာက သူတို့ရဲ့ ကိစ္စလေ “ ဟု ယွမ်ထင်က ပြန်ပြောလိုက်၏။
သူသည် အထက်နယ်မြေ၏ လူများက ဘာလုပ်နေလဲဆိုသည်နှင့် ဘယ်သွားနေလဲဆိုသည်တို့ကို ဂရုစိုက်ပုံမရချေ။
သိပ်မကြာခင် အချိန်ကမှ အထက်နယ်မြေ၏ ပါရမီရှင်များစွာ ရောက်ရှိလာခဲ့သည်။ သူတို့က လေ့ကျင့်ရေးအတွက် မြောက်ပိုင်းကုန်းမြေဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဝူဝမ်ပင်လယ်ပြင်ဆီသို့ ဦးတည်သွားခဲ့သည်။ တစ်ချို့မှာလည်း နတ်ဘုရား မြှုပ်နှံခြင်းတောင်တန်းနှင့် တစ်ခြားသော နေရာများဆီသို့ သွားနေခဲ့ကြသည်။
၎င်းတို့အားလုံးက အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ ပွင့်ဟလာခဲ့သည့် လျှို့ဝှက်နေရာများဖြစ်ပြီး ထိုလူများက ၎င်းတို့ကို လွဲချော်သွားခဲ့သော်လည်း သူတို့ထံတွင် ၎င်းတို့ကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းများ ရှိနေသကဲ့သို့ ထိုနေရာများဆီသို့ ဦးတည်သွား၏။
တစ်ခဏအကြာတွင် နတ်ဘုရား တောင်ထွတ်သခင်က စကားထပ်ပြောလာခဲ့သည် “ မဟာတောရိုင်း နန်းတော်ရဲ့ အဲ့ဒီသူတော်စင်ဆီ သွားလည်ဖို့ လူတွေလွှတ်လိုက်တယ်။ အဲ့ဒီရှေးဟောင်းမီးအိမ်ကိုပါ ယူသွားကြတယ် “
“ စတော့မှာပဲ “
ယွမ်ထင်က ထိုကဲ့သို့ ပြောကာ သူ၏ အကြည့်ကို ပြန်ရုတ်လိုက်သည်။
သူတစ်ဦးတည်းသာလျှင်မဟုတ်ဘဲ အထက်နယ်မြေ၏ လူတော်တော်များများကပါ အဆိုပါ သူတော်စင်၏ ရှင်သန်နိုင်ခြေက ဆယ်ပုံတစ်ပုံပင် မရှိဘဲ အလွန်တရာ နည်းပါးလွန်းနေသည်ဆိုသည်ကို သိနေခဲ့ကြသည်။ သို့တိုင်အောင် မည်သူကမှ လောင်းကြေးမထပ်ဝံ့ခဲ့ကြပေ။
ပြဿနာဖြစ်ပွားလာသည်နှင့်တစ်ပြိုင်နက် မျိုးနွယ်စု(သို့) အင်အားစုတစ်ခုလုံးက တန်ကြေးကို တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ထဲတွင် နှစ်ပေါင်းများစွာကြာရှည်သည်အထိ တည်တံ့လာခဲ့သော ရှေးဟောင်းဂိုဏ်းကြီးများပါ ပါဝင်ပေသည်။
သို့သော် ယခုတွင် အရာအားလုံး ကွဲပြားသွားပြီဖြစ်သည်။ ဤကိစ္စမတိုင်ခင် အချိန်အထိ မည်သည့်နည်းလမ်းမှ မရှိခဲ့ပေ။ သို့သော် ယခုတွင်မူ ထိုလူများက အဆိုပါ မီးအိမ်ကိုယူဆောင်လာခဲ့ကြသည်။ သိပ်မကြာခင် အချိန်မှာပင် ထိုလူက အစစ်အမှန် သူတော်စင် ဟုတ်မဟုတ်ဆိုသည့်အဖြေ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
အဆိုပါ ရလဒ်က အလွန်တရာ အရေးကြီးလွန်းနေခဲ့ပြီး လူတိုင်းက ၎င်းကို သိချင်နေကြခဲ့သည်။
အရာအားလုံးက မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်နေခဲ့ပြီး အထက်နယ်မြေ၏ လူများက မဟာတောရိုင်း နန်းတော်ဆီသို့ ရောက်ရှိသွားကာ သူတော်စင်ကို တွေ့ဆုံရန် တောင်းဆိုနေကြတော့သည်။
သို့ရာတွင် တုံ့ပြန်မှုက လူတိုင်း၏ စိတ်ကူးစိတ်သန်းများထပ် ကျော်လွန်နေခဲ့သည်။
မဟာတောရိုင်း နန်းတော်အတွင်းမှ ခံ့ညားသော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ပြင်သို့ပင် ပျံ့လွင့်သွားခဲ့သည်။
“ အခုချိန်ကနေစပြီးတော့ နောက်သုံးရက်အတွင်းမှာ တောင်ကောင်းကင်မြို့ကို ငါလာခဲ့မယ် “
သူ၏တုံ့ပြန်မှုက အင်အားစုတိုင်းကို မှင်သက်သွားစေခဲ့သည်။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြ၏။
လူတော်တော်များများက အံ့ဩတုန်လှုပ်သွားကြသည်။ အထက်နယ်မြေ၏ လူများ လာလည်သည့် အချိန်တွင် သူက လက်ခံသည်(သို့) လက်မခံဘူးဆိုသည်ကို မပြောဘဲ သုံးရက်အတွင်းတွင် တောင်ကောင်းကင်မြို့ဆီသို့ သွားရန်သာ ပြောခဲ့လေသည်။
ထိုကဲ့သို့သော တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် အလည်လာသူများမှာ အနည်းငယ် မကျေမခြမ်းဖြစ်သွားကြသည်။
ကောင်းကင်လုံ အကယ်ဒမီ၏ လူများကပင် ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။
မဟာတောရိုင်း နန်းတော်၏ လူများကပင် သူတို့၏ သူတော်စင်က ဘာလုပ်နေလဲဆိုသည်ကို မသိကြပေ။
လူတော်တော်များများက သိလိုစိတ်များဖြင့် တောင်ကောင်းကင်မြို့သို့ ထွက်ခွာသွားကြသည်။
တောင်ကောင်းကင်မြို့က ရှေးခေတ်အချိန်အခါကတည်းက တည်ရှိနေခဲ့သည့် တောင်ပိုင်းဒေသ၏ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည်။ ၎င်းက တောင်ပိုင်းဒေသရှိ အကြီးမားဆုံးသော မြို့များအနက်မှ တစ်ခုဖြစ်ပြီး ကျင့်ကြံသူ အများစု ဆုံစည်းရာ နေရာတစ်ခုဖြစ်သည်။
အင်အားစုတိုင်းလိုလိုက ဤနေရာတွင် ခံတပ်များ တည်ဆောက်ထားခဲ့ကြသည်။
ရောက်ရှိလာချိန်တွင် ထိုလူများက တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြပြီး မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို သိချင်နေခဲ့ကြသည်။
“ အဲ့ဒီသူတော်စင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ “
“ ငါကြားခဲ့တာတော့ အဲ့ဒီအထက်နယ်မြေကလူတွေ ဆင်းလာခဲ့တဲ့ အချိန်တုန်းက သူတို့က တော်တော်လေးကို မောက်မာခဲ့ပြီးတော့ ငါတို့လောကကို နှိမ့်ချပြောဆိုခဲ့ပြီးတော့ သူတို့က အဲ့ဒီသူတော်စင်အတွက် ရောက်လာတောင်လို့တောင် ပေါ်တင်ကြီး ပြောခဲ့ကြတယ်တဲ့ “
“ အဲ့စကားကို ကြားခဲ့ရပြီးတဲ့နောက်မှာ သူတော်စင်က ကောင်းကင်ဘုံ အကယ်ဒမီရဲ့ နယ်မြေထဲကို တိုက်ရိုက်ဝင်သွားပြီးတော့ ဖြေရှင်းချက်တောင်းခဲ့တယ်တဲ့။ ပြီးတော့ သူက မထိမခိုက်ဘဲ ပြန်ထွက်သွားနိုင်ခဲ့တယ်တဲ့ “
“ အဲ့ဒီသူတော်စင်က ဒီနေရာမှာ စာရင်းရှင်းချင်နေတာများလား “
“ ငါမသိဘူး “
“ … “
မြို့တော်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆွေးနွေးပြောဆိုမှုများဖြင့် ပွက်ပွက်ညံသွားခဲ့ပြီး ဒေသလေးခုစလုံးမှာလည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆွေးနွေးပြောဆိုနေခဲ့သည်။ သို့သော် မည်သူကမှ အဖြေမရှာနိုင်ခဲ့ပေ။
ကောင်းကင်ဘုံ အကယ်ဒမီအတွင်း၌ ယွမ်ထင်မှာလည်း အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့သည်။
“သူဘာလုပ်ချင်နေတာလဲ “
သူက ထိုလူ့ကို ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။ သူက ရှေးခေတ်ကဖြစ်သော်လည်း အသက်နှစ်ဆယ်အရွယ်မျှသာ ရှိနေသေး၏။ သို့သော် နားမလည်နိုင်လောက်သည်အထိ နက်ရှိုင်းဆန်းကြယ်လွန်းနေခဲ့သည်။
သူ၏ စကားတစ်ခွန်းကြောင့် ဒေသလေးခုစလုံး၏ အာရုံများက တောင်ကောင်းကင်မြို့ပေါ်သို့ ကျရောက်သွားခဲ့သည်။
မဟာတောရိုင်း နန်းတော်အတွင်းတွင် မူချွမ်က မေးမြန်းနေခဲ့၏။
“ သူတော်စင် ဘယ်သွားမလို့လဲဗျ “
မူချွမ်က မေးခွန်းထုတ်သည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့ပြီး သူ၏ ဆန္ဒများကိုသာ အမြဲလိုလို ဖြည့်ဆည်းပေးခဲ့ခြင်း ဖြစ်သည်။
လုချန်ရှန်းကမူ မည်သို့မျှ မတုံ့ပြန်ဘဲ ရှင်းယွင်ကိုသာ ဆင့်ခေါ်လိုက်သည်။
“ ရှင်းယွင် ဒီနေ့ကနေစပြီးတော့ မဟာတောရိုင်း နန်းတော်က မင်းရဲ့ အမိန့်အောက်ကို ရောက်သွားပြီ။ မင်းက ကိစ္စအားလုံးကို မဟာအကြီးအကဲနဲ့ ဆွေးနွေးနိုင်တယ်။ အရှေ့နဲ့အနောက်ပိုင်းဒေသတွေက မင်းတို့ကို နှစ်တစ်ထောင်အထိ ဆန့်ကျင်ကြမှာ မဟုတ်ဘူး။ ဒီနေ့ပြီးသွားရင် ကောင်းကင်ဘုံ အကယ်ဒမီနဲ့ အထက်လောကရဲ့ လူတွေကပါ မင်းတို့ကို နှောင့်ယှက်ရဲတော့မှာ မဟုတ်ဘူး “
လုချန်ရှန်း၏ အသံ ဖြည်းဖြည်းချင်း ပျံ့လွင့်လာခဲ့သည်။
သို့ရာတွင် ထိုစကားလုံးများက လူနှစ်ဦး၏ အမူအရာများကို ချက်ချင်းပြောင်းလဲသွားစေခဲ့၏။
“ သူတော်စင် အဲ့တာက ဘာကိုဆိုလိုတာလဲဗျ “ မူချွမ်မှာ မျက်မှောင်ကြုတ်ကာ အမူအရာ လေးနက်သွားခဲ့သည်။
လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါထွက်သွားတော့မယ် “
“ ဒါပင်မဲ့ ……. “
“ ငါမထွက်ခင် အချိန်မှာ ဆူးခလုတ်တွေနဲ့ ခြိမ်းခြောက်မှုအကုန်လုံးကို ရှင်းပေးခဲ့မယ် “
ရှင်းယွင်ကမူ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ သူတော်စင် အဲ့အချိန်တုန်းက မင်းရဲ့ ဒဏ်ရာတွေက အပြည့်အဝ ပြန်မကောင်းသေးဘူးလား။ အဲ့တာက အခု ရောဂါပြန်ထလာလို့လား “
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ ဘာကိစ္စ အဲ့လိုကြီး တွေးလိုက်ရတာတုန်းဟ။
သို့ရာ၌ သူ၏ စကားလုံးများကို တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် တစ်ခုခု မှားယွင်းနေသည်ဟု ရုတ်တရက် ခံစားသွားခဲ့ရသည်။ ၎င်းမှာ သူရဲကောင်းတစ်ဦးက ကိုယ့်ကိုကိုယ် စတေးတော့မည့်ပမာ ဖြစ်နေခဲ့သည်။
“ မင်းတို့က အတွေးလွန်နေကြတာပဲ။ ငါက ငါ့ရဲ့ ကိုယ်ပိုင်တာအိုကို ရှာဖို့ ထွက်သွားမှာ။ အပြင်ကမ္ဘာကိုတော့ ငါက တံခါးပိတ်ကျင့်ကြံနေတယ်လို့ ကြေညာလိုက်ဖို့ပဲ လိုတယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူနှစ်ဦးစလုံးက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။ ထိုကဲ့သို့ဖြစ်နေသရွေ့ အဆင်ပြေနေပေလိမ့်မည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူတို့မှာ သူတို့၏ သူတော်စင်က သေဆုံးသွားသည်ဟုသာ ထင်သွားကြမည် ဖြစ်သည်။
အဆုံးတွင် လုချန်ရှန်းက မူချွမ်ကို ကြည့်ကာ စကားပြောနေတော့၏ “ မဟာအကြီးအကဲ ပို့ဆောင်ရေး အစီအရင်ကို ပြင်ဆင်ထားပါ။ တောင်ကောင်းကင်မြို့ကို သွားဖို့ အချိန်ကျပြီ “
“ ဟုတ်ကဲ့ “
မူချွမ်မှာ ကြိုတင်ပြင်ဆင်ရန် ထွက်ခွာသွားခဲ့သည်။
ရှင်းယွင်ပါ ထွက်သွားခဲ့သည်။
တောင်တန်းများအကြားတွင် လုချန်ရှန်းတစ်ဦးတည်းသာလျှင် ကျန်နေခဲ့ပြီး သူ၏ အကြည့်က အဝေးရှိ ကောင်းကင်ယံသို့ ရောက်ရှိသွားကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏။
“ ငါမထွက်သွားခင် အချိန်မှာ မဟာတောရိုင်း နန်းတော်အတွက် နောက်တစ်ခေါက်လောက် ရှိုးထုတ်လိုက်တာပေါ့ကွာ “
--
………………………………………………………………………………………………………………………………………