အခန်း ၃၃၄
Vol. 23 Ch. 334
အပိုင်း ( 334 )
မင်းက ငါ့ရန်သူဖြစ်ချင်နေတာလား
ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး အသံတစ်သံက လူတိုင်းကို သတိပြန်ဝင်သွားစေခဲ့၏။
လုချန်ရှန်းက ထိုနေရာမှာပင် အေးအေးလူလူ မတ်တပ်ရပ်နေသေးသည်။
လင်းမို့၏ လက်များ အနည်းငယ် တုန်ရင်သွားခဲ့သည်။ သူသည် လုချန်ရှန်းကို ကြောက်လန့်တကြား မော့ကြည့်နေခဲ့ပြီး သူ၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်နေခဲ့ကြသည်။ လုချန်ရှန်းက မွေးရာပါ ဝိညာဥ်အဆင့်၉တွင် ရှိနေခဲ့ပြီး သူကလည်း မွေးရာပါ ဝိညာဥ်အဆင့်၉တွင် ရှိနေခဲ့လေသည်။ သို့သော် ၎င်းက ကွဲပြားနေခဲ့သည်။ သူက အထက်နယ်မြေ၏ အင်အားစုကြီးတစ်ခုထံမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သော်လည်း ၎င်းကို မည်သို့မျှ ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ ကံကြွေးပိုင်ဆိုင်ထားသောသူတော်စင်တစ်ဦးဖြစ်သည့် အဆိုပါ ရှေးခေတ်သူတော်စင် ကလေးငယ်ကြောင့်ပင် ဖြစ်သည်။ သူက ရှေးခေတ်နှင့် ယနေ့ခေတ်ကို အထင်သေးနိုင်သည့် ဂုဏ်ကျက်သရေမျိုးကို ပိုင်ဆိုင်ထားပြီး တစ်ခြားလူများက မည်သို့မျှ မယှဥ်နိုင်သည့် အကြောင်းအရင်းများလည်း ရှိနေခဲ့လေသည်။
သူတစ်ဦးတည်းကပင် လူတိုင်းကို တုန်လှုပ်သွားစေနိုင်သည့် အမွေအနှစ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့သည်။
အကယ်၍ တစ်ဖက်လူက ယခုလက်ရှိအချိန်၌ သူ့ကို အားလုံး၏ အရှေ့တွင် သတ်ဖြတ်လိုက်မည်ဆိုလျှင်တောင်မှ သူက သူ၏ ကံကြမ္မာကို တိတ်တဆိတ် လက်ခံလိုက်ရုံသာ ပြုလုပ်နိုင်လိမ့်ဖြစ်သည်။ သူမလှုပ်ရှားဝံ့ပေ။ သူက ရှေးဟောင်းမီးအိမ်နှင့်အတူ ဤနေရာသို့ လာရန် ရွေးချယ်ခံခဲ့ရသည့် အချိန်ကတည်းက ထိုကဲ့သို့ဖြစ်လာရန် ကံပါလာခဲ့သည့်ပုံပင်။
အကယ်၍ ရှေးဟောင်းမီးအိမ် မလင်းခဲ့ဘူးဆိုပါက အရာအားလုံး အဆင်ပြေနေမည်ဖြစ်ပြီး ထိုကဲ့သို့ မဖြစ်ခဲ့ဘူးဆိုပါက ကောင်းကင်ဘုံ၏ ဆန္ဒအတိုင်းသာ ဖြစ်သွားရပေလိမ့်မည်။
သူက ရွေးချယ်ခံထားရသည့် လူသေတစ်ဦးသာလျှင် ဖြစ်သည်။
အထက်နယ်မြေ၏ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများမှာလည်း မည်သို့မျှ စကားမပြောလာကြပေ။ အဆုံးမဲ့ တိတ်ဆိတ်မှုသာလျှင် ကြီးစိုးနေခဲ့သည်။
“ ဟူးးးး “
ထိုအခိုက်အတန့်တွင် ယွမ်ထင်မှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ သို့သော် သူ၏ အမူအရာတွင် မည်သည့်ပျော်ရွှင်မှု(သို့) ဒေါသမှ ရှိမနေဘဲ စိတ်ရှုပ်ထွေးနေသည့် အမူအရာတစ်ခုသာ တည်ရှိနေခဲ့၏။
“ မီးအိမ်က လင်းနေတာပဲ “
စကားတစ်ခွန်းတည်းဖြင့် သူနှင့် နတ်ဘုရား တောင်ထွတ်သခင်နှစ်ဦးစလုံး ဤနေရာမှ လှည့်ထွက်သွားခဲ့သည်။
ယခုတွင် မည်သည့်အရာကိုမှ ထပ်ပြောနေရန် မလိုတော့ပေ။
အဆိုပါ ရှေးဟောင်းမီးအိမ်က လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်းက ပေါ်လာခဲ့ခြင်းဖြစ်ပြီး လင်းမိသားစု၏ အဖွဲ့ဝင်များက နှစ်ပေါင်းများစွာ ကြာရှည်သည်အထိ ကြိုးပမ်းခဲ့ကြသော်လည်း ၎င်းက ကံကြွေးကို ကြုံတွေ့ရချိန်မှအပ တစ်ခြား အချိန်များတွင် မည်သို့မျှ မလင်းလက်လာခဲ့ပေ။
တောက်ပသော အလင်းရောင်အောက်တွင် လူတော်တော်များများ ထွက်ခွာသွားခဲ့သည်။
လူမည်မျှက နှစ်ပေါင်းမည်မျှ ကြာရှည်သည်အထိ ကြိုးပမ်းနေခဲ့ပါစေ ၎င်းက အတုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ယွမ်ထင်မှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မီးအိမ်လင်းလာသည့် အခိုက်အတန့်တွင် အဆိုပါ သူတော်စင်၏ စစ်မှန်မှုအား အတည်ပြုခဲ့ပြီးပြီဆိုသည်ကို သူသိနေခဲ့သည်။ အကယ်၍ သူက အတုအယောင်ဖြစ်နေမည်ဆိုလျှင်တောင်မှ လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက လူမဟုတ်ဘူးဆိုလျှင်တောင်မှ အရေးမကြီးတော့ပေ။
မီးအိမ်လင်းလက်လာခြင်းက အရာအားလုံးကို အဖြေပေးခဲ့ပြီးပြီ ဖြစ်သည်။
လင်းမို့သည် ထိုနေရာမှာပင် တောင့်တောင့်တင်းတင်း ရပ်နေခဲ့ကာ မီးအိမ်ကို စိုက်ကြည့်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ရင်သွားခဲ့သည်။ သို့သော် ၎င်းက ကြောက်ရွံ့မှုမဟုတ်ဘဲ မလိုလားမှုနှင့် ကူရာကယ်ရာမဲ့နေမှုတို့ပင် ဖြစ်ပေသည်။
သူသည် လုချန်ရှန်းက စကားပြောလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက စကားတစ်ခွန်းသာပြော၍ လှည့်ထွက်သွားခဲ့သောကြောင့် လူတိုင်း အံ့ဩတကြီး ဖြစ်သွားခဲ့ရသည်။
“ ငါက ဘယ်သူနဲ့မှ မတိုက်ချင်ဘူး။ ဒါပင်မဲ့ ငါ့ရဲ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ်ရှိတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်နေကြ “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ခြေတစ်လှမ်းလှမ်းကာ အဝေးရှိ ကောင်းကင်ယံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခုကိုသာလျှင် ချန်ရစ်ထားခဲ့သည်။
သို့သော် ထိုစကားတစ်ခွန်းက ခြိမ်းခြောက်နေသည့် အငွေ့အသက်များကို သယ်ဆောင်ထားခဲ့သည်။ ၎င်းက ကောင်းကင်ဘုံ အကယ်ဒမီနှင့် အထက်နယ်မြေမှ လူများကို သတိပေးနေခြင်းပင် ဖြစ်သည်။ ၎င်းက ယခင်က ခြိမ်းခြောက်မှုများထပ် ပိုမိုအားကောင်းနေခဲ့ကာ လူတိုင်း၏ စိတ်နှလုံးသားအတွင်းတွင် ပဲ့တင်ထပ်သွားခဲ့သည်။
သူတို့မှာလည်း လုချန်ရှန်းက မည်သည့်အတွက်ကြောင့် ဤနေရာသို့ ရောက်ရှိလာလဲဆိုသည်ကို နားလည်သွားပုံရ၏။ ၎င်းက ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေသည့် လူများကို မြင်အောင် ပြခြင်းဖြစ်သည်။
လုချန်ရှန်းက အပြည့်အဝ ပျောက်ကွယ်သွားသည့် အချိန်မှသာလျှင် လူတိုင်းက သတိပြန်ဝင်လာကြကာ အပူတပြင်း ဆွေးနွေးနေကြတော့သည်။
သို့ရာတွင် လင်းမို့ကမူ ဆူညံသံများအကြားမှ ခေါင်းမော့ကြည့်လာခဲ့ပြီး အတော်ပင် အံ့ဩတုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူက သူ့ကို အမှန်တကယ် လွှတ်ပေးခဲ့လေသည်။
“ သူ့ဆီမှာ အဲ့လိုစိတ်ဓာတ်မျိုး တကယ်ရှိတာပဲ ”
လင်းမို့က ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အစတွင် သူသည် သူ၏လုပ်ရပ်များက အဆိုပါ သူတော်စင်ကို မကျေမနပ်ဖြစ်သွားစေခဲ့ကာ နမူနာပေးသည့်အနေဖြင့် သူအသတ်ခံလိုက်ရမည်ဟုသာ ထင်နေခဲ့ခြင်းဖြစ်သည်။
သို့သော် တစ်ဖက်လူမှာ မည်သို့မျှ မလှုပ်ရှားဘဲ သူ့ကို လွှတ်ပေးခဲ့လေသည်။
တစ်ဖက်သူက သူ့အား သတ်ဖြတ်ရမည်ကို ရွံ့ရှာစက်ဆုပ်နေပုံရ၏။
သူ့အား အသေခံရန် စေလွှတ်လိုက်သည့် လင်းမိသားစုနှင့် ယှဥ်လိုက်မည်ဆိုပါက သူသည် အဆိုပါ သူတော်စင်ကိုပင် အနည်းငယ်မျှ လေးစားမိသွားခဲ့သည်။
အမှန်တိုင်းပြောရမည်ဆိုပါက လုချန်ရှန်းက ၎င်းတို့အားလုံးကို သိခဲ့ရပြီးသည့်နောက်တွင် ဆရာဖြစ်သူ ကူချန်ကျွင်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ အစတွင် သူသည် အဆိုပါ မီးအိမ်က အလွန်တရာ တန်ဖိုးရှိကာ အနိမ့်ဆုံးအနေဖြင့် ဝိညာဥ်ကျောက်တုံး ရာဂဏန်းခန့် ရှိလောက်မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ မီးအိမ်က ကံကြွေးကို ရောင်ပြန်ဟပ်ခြင်းမှတစ်ပါး မည်သည့်နေရာတွင်မှ အသုံးမဝင်ဘူးဆိုသည့် စကားကိုသာ ကြားသိခဲ့ရလေသည်။ ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးက ၎င်းကို မတော်တဆ ထိမိသွားသည့်အတွက် ၎င်း၏ ထောင့်တစ်နေရာပင် ပဲ့ထွက်သွားခဲ့လေသည်။
ထို့ကြောင့် လုချန်ရှန်းက အဆိုပါ ပစ္စည်းကို မည်သို့မျှ စိတ်မဝင်စားတော့ပေ။
လင်းမို့အတွက်မူ သူက ရှိုးထုတ်ခြင်းနှင့် မိမိုက်ချင်ယောင်ဆောင်ခြင်းတို့ဖြင့် အလုပ်များနေခဲ့သောကြောင့် ထိုလူငယ်ကို အစကတည်းက လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ် အထက်နယ်မြေ၏ လူမျာနှင့် ကောင်းကင်ဘုံ အကယ်ဒမီ၏ လူများက တစ်နေရာတည်းတွင် တွေ့ဆုံနေကြတော့၏။
“ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဘာအဖြေမှ မရှိတော့ဘူး။ မဟာတောရိုင်း နန်းတော်ကို လှုပ်ရှားလို့ မဖြစ်ဘူး “ ကောင်းကင်ဘုံ အကယ်ဒမီ၏ ဒုတိယ အကြီးအကဲက စကားစပြောလာခဲ့သည်။
သို့သော် လူတစ်ဦးက စကားဝင်ပြောလာခဲ့၏ “ အဲ့လိုလုပ်ဖို့ မလိုပါဘူး “
“ ဘာကိုဆိုလိုတာလဲ “
“ အဲ့ခေတ်တုန်းက လူက အသက်မရှင်နိုင်ဘူးလို့ ငါယုံကြည်နေတုန်းပဲ။ ဆယ်ပုံတစ်ပုံဆိုတဲ့ ဖြစ်နိုင်ခြေက တော်တော်ကြီးကို နည်းလွန်းနေတယ် “
ယွမ်ထင်က ငေးကြည့်ကာ ပြန်ပြောလိုက်သည် “ လက်မလျှော့သေးဘူးလား “
“ သူ့ဆီမှာ နတ်ဘုရားနယ်ပယ် ကာကွယ်သူရှိတယ်လို့ မင်းပြောခဲ့တယ်လေ။ ငါက နတ်ပစ္စည်းတစ်ခုကို သုံးပြီးတော့ ထောက်လှမ်းခဲ့တာတောင်မှ ဒီအနီးအနားမှာ အဲ့အဆင့်က တည်ရှိမှုမျိုးကို မတွေ့ခဲ့ရဘူး “
“ ဘာကိုဆိုလိုတာလဲ “ နတ်ဘုရား တောင်ထွတ်သခင်မှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
အထက်နယ်မြေ၏ လူက စကာထပ်ပြောလာခဲ့၏ “ သူမလာတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် အဲ့တာကတင် လုံလောက်နေပြီ “
“ မင်းက ဘာလုပ်ချင်နေတာလဲ “
အထက်နယ်မြေမှ လူ၏ မျက်ဝန်းများအတွင်းတွင် အေးစက်စက် အလင်းတန်းတစ်ခုဖြစ်တည်လာခဲ့ပြီး သူသည် အေးစက်စွာ ပြန်ပြောလိုက်သည် “ သူ့ကိုသတ်မယ် ”
“ မင်းရူးနေတာပဲ “
“ သူ့ကို သတ်တာရဲ့ တန်ကြေးကို သိလား။ မျိုးနွယ်စုတစ်ခုလုံးက တန်ပြန်သက်ရောက်မှုကို ခံရပြီးတော့ ပျောက်ကွယ်သွားမှာကွ “ တစ်ခြားလူများ၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုလူက လှောင်ပြောင်သရော်နေတော့သည် “ ငါ့ရဲ့ မျိုးနွယ်စုက ဟွာရှုနယ်ပယ် အဆင့်၉ ပညာရှင်တစ်ယောက်ကို ပို့ဖို့အတွက် တန်ကြေးကြီးကြီး ပေးခဲ့ရပြီးတော့ တားမြစ်နည်းလမ်းတွေကို သုံးခဲ့ရတယ်။ ပြီးတော့ အဲ့လူရဲ့ ငါ့ရဲ့ မျိုးနွယ်စု ကြားထဲမှာ ရှိတဲ့ ကံကြွေးအားလုံးကို ဖြတ်တောက်နိုင်ဖို့ ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုနဲ့ အခွင့်အလမ်းတစ်ခုကို လဲခဲ့ရတယ်။ တန်ပြန်သက်ရောက်မှု အကုန်လုံးကို သူတစ်ယောက်တည်း ခံရလိမ့်မယ် “
“ အဲ့တာက …… “
လူတိုင်း အံ့ဩမှင်သက်သွားခဲ့သည်။
ယွမ်ထင်မှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ထိုကဲ့သို့သော နည်းလမ်းမျိုးကို တစ်ခါမှ မကြားခဲ့ဖူးချေ။ ထို့အပြင် ပေးဆပ်ရသည့် တန်ကြေးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး လိုအပ်သည့် ပစ္စည်းအတော်ပင် များပြားလွန်းနေခဲ့သည်။
၎င်းမှာ သာမန်မျိုးနွယ်စုတစ်ခုက တတ်နိုင်သော အရာမဟုတ်ပေ။ တစ်နည်းဆိုရသော် သူတို့ထံတွင် အခွင့်အရေးတစ်ကြိမ်သာ ရှိနေခဲ့သည်။
“ အားလုံးပဲ။ ဘာကိုမှ ကြောက်နေစရာ မလိုဘူး။ ကံကြွေးက မင်းတို့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး “
နတ်ဘုရား တောင်ထွတ်သခင်၏ အကြည့်များ အဆက်မပြတ် ပြောင်းလဲသွားခဲ့သည်။ သူတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ယွမ်ထင်မှာလည်း စကားတစ်ခွန်းမှ ဝင်မပြောလာခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းကမူ တောင်ကောင်းကင်မြို့မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူ၏တာဝန်ကို ပြီးပြည့်စုံစွာ အဆုံးသတ်နိုင်ခဲ့ပြီး လုယက်ခဲ့သည့် ဝိညာဥ်ကျောက်တုံးများကိုပါ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပေသည်။
သို့သော် သူသည် ထိုအခိုက်အတန့်တွင် သတ်ဖြတ်လိုစိတ်တစ်ခုကို ခံစားလိုက်ရပြီး တအံ့တဩဖြစ်သွားကာ ရုတ်တရက် နောက်လှည့်ကြည့်လိုက်သည်။ အနီးအနားတွင် သက်လတ်ပိုင်းလူတစ်ဦး ပေါ်ထွက်လာခဲ့လေသည်။
သူက ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ မျက်ဝန်းများအတွင်းတွင် သတ်ဖြတ်လိုစိတ်နှင့် စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
သူသည် စကားတစ်ခွန်းမှ မပြောဘဲ ဓားရှည်ကို အလျားလိုက် မြှောက်ချလိုက်သည်။ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရပြီး အဆုံးမဲ့ အလင်းတန်းများ ကခုန်လာခဲ့ကာ ဟင်းလင်ပြင်အထက်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်ပုလဲတစ်လုံး မျောလွင့်နေခဲ့၏။
၎င်းက အစွမ်းထက် တားမြစ်ပစ္စည်းဖြစ်ပြီး ပတ်ဝန်းကျင်ကို ချုပ်နှောင်ထားနိုင်စွမ်းရှိပေသည်။
“ ဟွာရှုနယ်ပယ် အဆင့်၉ “
လုချန်ရှန်း၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။
လူတိုင်းက ဤနေရာရှိ အပြောင်းအလဲကို သတိပြုမိသွားခဲ့သည်။
“ သူတော်စင် “
မူချွမ်က မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ သို့သော် သူသည် မည်သည့်အရာကိုမှ သတိမပြုမိခဲ့ပေ။ တစ်ဖက်လူက ကြိုတင်ပြင်ဆင်မှုများကို စေ့စေ့စပ်စပ် ပြုလုပ်ထားပုံရ၏။
မဟာတောရိုင်း နန်းတော်မှ လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းကမူ အေးအေးလူလူသာ ဖြစ်နေခဲ့သည်။ ထိုလူက ဓားရှည်တစ်လက်ကို ကိုင်ဆောင်၍ ဆင်းလာသည့် အချိန်မှာပင် တစ်ကမ္ဘာလုံးကို လှုပ်ရမ်းသွားစေနိုင်သည့် ဓားဆန္ဒတစ်ခု ပေါက်ထွက်လာကာ ကောင်းကင်ပြင်ကို ထိုးဖောက်သွားခဲ့သည်။
ဤနေရာသို့ အလောတကြီး ပြေးလာသူတိုင်းမှာ နေရာမှာပင် ရုတ်တရက် အေးခဲတောင့်တင်းသွားပြီး သူတို့၏ စိတ်နှလုံးသား အတွင်းတွင် ရှိနေသည့် အကြောက်တရာများ မြင့်တက်လာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် တားမြစ်ပစ္စည်း ပျက်စီးသွားကာ ၎င်း၏ အလင်းတန်းများက အလင်းတန်း မိုးစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဟင်းလင်းပြင် တစ်ခုလုံး စုတ်ပြတ်သပ်သွားခဲ့ပြီး သဏ္ဍာန်မဲ့ ဖြစ်ပုံရသည့် ဓားဆန္ဒက တစ်ကမ္ဘာလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
တိုက်ခိုက်ခဲ့သူမှာ အစအနပင် ရှာမရဘဲ သေဆုံးသွားကာ သွေးမြူထုတစ်ခုသာလျှင် ကျန်ရှိနေခဲ့သည်။ သို့ရာတွင် ဓားဆန္ဒကမူ မပျောက်ကွယ်သွားဘဲ အဝေးသို့ ရှည်ထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံနှင့်အတူ ကမ္ဘာမြေကို ခုတ်ပိုင်းချလိုက်၏။
အရာအားလုံး ဆက်လက်ဖြစ်ပွားနေကာ တောင်ကောင်းကင်မြို့၏ အရှေ့ဘက်တွင် အောက်ခြေမဲ့ တွင်းနက်တစ်ခုဖြစ်တည်လာခဲ့ပြီး အဝေးသို့ ပျံ့လွင့်သွားကာ အဆုံးမဲ့နေသည့်အလား ဖြစ်နေခဲ့သည်။
လူတိုင်း ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
သို့သော် လုချန်ရှန်းကမူ သူ၏နေရာမှာပင် ဖြိုဖျက်၍ မရသော တောင်တစ်လုံးပမာ အခိုင်အမာ ရပ်တည်နေလျက်ရှိပြီး မည်သို့မျှ မထိခိုက်သွားခဲ့ပေ။
ထိုအခြေအနေ မျှော်မှန်းချက်အတွင်းတွင်သာ ရှိနေသေးသည်။ တစ်စုံတစ်ဦးက ချောင်းမြောင်းတိုက်ခိုက်လာမည်ဖြစ်ပြီး မည်သည့်အရာကမှ မတားဆီးနိုင်သည့် အရူးတစ်ယောက်လည်း သေချာပေါက် ရှိနေပေလိမ့်မည်။
လုချန်ရှန်းက ၎င်းကို မျှော်လင့်ထားပြီးသားဖြစ်ပြီး မူဟွမ်မှာလည်း ၎င်းကို တွေးမိသောကြောင့် နည်းလမ်းတစ်ခု ချန်ထားပေးထားခဲ့လေသည်။
သို့တိုင်အောင် သူသည် ဒေါသတကြီး ဖြစ်သွားခဲ့သည်။ အစတွင် အရာအားလုံးက သူ၏ထွက်ခွာမှုနှင့်အတူ ပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့လေသည်။ သူသည် သွေးမြေကျစရာ မလိုဘဲ မူဟွမ်ချန်ပေးထားခဲ့သည့် နည်းလမ်းများကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ခဲ့သည်။
၎င်းမှာ ကန်းယွင်ကားချပ်ကို အသက်သွင်းရန် အသုံးပြုကာ အဆုံးမဲ့ မှော်စွမ်းအားကို ထုတ်လွှတ်နိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး ခမ်းနားကြီးကျယ်ကာ တစ်ကမ္ဘာလုံးကို လှုပ်ရမ်းသွားစေနိုင်သော တိုက်ကွက်မျိုးဖြစ်သည်ဟုပင် သတ်မှတ်၍ရလေသည်။ ယခုတွင် ဟွာရှုနယ်ပယ် အဆင့်၉ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန်အတွက် ၎င်းကို အသုံးပြုလိုက်ရလေသည်။
သူက ချောင်းတိုက်ခံရခြင်းကို ဒေါသထွက်နေခြင်း မဟုတ်ပေ။ ထိုကဲ့သို့ တန်ဖိုးကြီးမားသည့် တိုက်ကွက်တစ်ခုကို အလဟာသဖြုန်းတီးလိုက်ရသောကြောင့်သာလျှင် ဒေါသထွက်သွားခဲ့ခြင်းဖြစ်သည်။
သူ၏ အကြည့်က ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ၏ နှုတ်ခမ်းဖျားမှ အသံတစ်သံ ဟိန်းထွက်သွားခဲ့သည်။
“ ငါနဲ့ ရန်သူလုပ်လိုက်တာပဲ “
--
……………………………………………………………………………………………………………………………………………