အခန်း ၃၃၈
Vol. 23 Ch. 338
အပိုင်း ( 338 )
ဘယ်လောက်တောင် အန္တရာယ်များလိုက်လဲ
အချိန်ပင် ရပ်တန့်သွားပုံရ၏။
ကျင်းဝူရွှေ့သည် တအံ့တဩဖြင့် မျက်လုံးအပြူးသား ဖြစ်သွားကာ လုချန်ရှန်းကို အလေးအနက်ထားစပြုနေခဲ့ပြီ ဖြစ်သည်။
“ မင်းက တကယ်ကို ထူးချွန်လွန်းတာပဲ ထင်ထားတာထပ်တောင် ပိုတော်နေတယ် ”
“ တကယ်လား။ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်လည်း အဲ့လိုပဲ ထင်နေတာ “ လုချန်ရှန်းသည် အမှတ်မထင် ချီးကျူးမှုကို ထပ်မံ၍ ရရှိခဲ့သောကြောင့် ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့သည်။
သို့ရာတွင် ကျင်းဝူရွှေ့၏ သတ်ဖြတ်လိုစိတ်က ပိုမိုသိပ်သည်းလာခဲ့ပြီး အကြည့်များ အေးစက်နီရဲနေခဲ့ကာ လူတစ်ဦး၏ စိတ်နှလုံးသားကို လှုပ်ရမ်းသွားစေခဲ့၏။
“ မင်းက ယုံကြည်မှုလွန်ကဲနေတာကတော့ နှမြောဖို့ကောင်းတယ်။ မွေးရာပါ ဝိညာဥ်အဆင့်၉နဲ့ မိုးကြိုးတာအိုရဲ့ ပထမကောင်းကင်နယ်ပယ်နဲ့တင် သာမန်ဟွာရှုနယ်ပယ် ပညာရှင်တွေကို ချေမှုန်းဖို့ လုံလောက်တယ်။ ဒါပင် ငါ့ကို သတ်ဖို့ဆိုရင်တော့ အဲ့တာက မလုံလောက်သေးဘူး “
ကျင်းဝူရွှေ့၏ အသံက အလွန်ပင် အေးဆေးတည်ငြိမ်နေခဲ့သည်။ သို့သော် သူ၏ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ထိုစကားကို နားထောင်ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းက အတော်ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။ သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်လည်တုံ့ပြန်ပြောဆိုလိုက်သည် “ ကိုယ်ပွားလေးတစ်ခုပဲလေ။ အဲ့လောက်တောင် သတ်ရခက်နေလို့လား။ ငါ့ဆရာက မင်းကိုယ်ပွား သုံးခုကို သတ်ခဲ့ပြီးပြီလေ “
“ သေချင်နေတာပဲ “
ကျင်းဝူရွှေ့မှာ စကားပြောနေခြင်းကို ရပ်တန့်ကာ လုချန်ရှန်းဆီသို့ ခုန်အုပ်လိုက်သည်။ သူက ထိုလူငယ်ကို အလေးအနက်ထားနေခဲ့ပြီဖြစ်သော်လည်း အထင်သေးနေသေးသည်။
မွေးရာပါ ဝိညာဥ်နှင့် ဟွာရှုနယ်ပယ်အကြားတွင် မျဥ်းကြောင်းတစ်ခုသာ ရှိပုံရသော်လည်း ၎င်းတို့ကြားတွင် အမှန်တကယ် တည်ရှိနေသည့်အရာမှာ တံတားထိုး၍ မရသော ချောက်နက်တစ်ခု ဖြစ်သည်။
ရှောင်ဟေးက တအံ့တဩ ဖြစ်သွားသော်လည်း လုချန်ရှန်းက ယုံကြည်မှု ရှိသောကြောင့်သာလျှင် ထိုကဲ့သို့ ပြုမူနေသည်ဆိုသည်ကို သိနေခဲ့သည်။
လုချန်ရှန်းကမူ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်နေတော့သည်။ ကူချန်ကျွင်းက သူ၏ ကိုယ်ပွားသုံးခုကို သတ်ဖြတ်ခဲ့ပြီး သူ၏ ချီသုံးခုကို ဖယ်ရှားခဲ့လေသည်။ သူ၏ ကျင့်ကြံရေးက ဆက်တိုက်ကျဆင်းသွားခဲ့ပြီး နယ်ပယ်ပိုမြင့်လေလေ ကိုယ်ပွားထိန်းချုပ်နိုင်သည့် စွမ်းအားက ပိုမိုအားကောင်းလေလေပင် ဖြစ်သည်။
ချီသုံးခု ဖယ်ရှားခံလိုက်ရသည်မှာ နှမြောဖွယ်ကောင်းလွန်းလှသည်။ ယခုလက်ရှိ ကိုယ်ပွားက ဟွာရှုနယ်ပယ် အဆင့်၁တွင်သာ ရှိနေတော့သည်။
ဝှစ်
ထိုအချိန်တွင် ကျင်းဝူရွှေ့ ရောက်ရှိလာခဲ့ပြီး သူ၏ မှော်စွမ်းအားများ ဖြစ်တည်လာခဲ့ကာ အားကောင်းပြင်းထန်သော အရှိန်အဝါတစ်ခုက ဘက်ပေါင်းစုံကို ဖုံးလွှမ်းသွားခဲ့သည်။ သူသည် အရာအားလုံးကို ဖျက်စီးရန် ကြံရွယ်ထားကာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် အသူရာတစ်ပါးအလား ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်းကပါ လှုပ်ရှားလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ အဆုံးမဲ့ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ပြီး သူရိန်နေမင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်ပမာ ရွှေရောင် အလင်းတန်းတစ်ခုက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။
လောင်ကျွမ်းနေသည့် အရှိန်အဝါတစ်ခု စီးဆင်းလာခဲ့ပြီး သူ၏အနောက်ဘက်တွင် အလင်းတန်းပေါင်းများစွာ လိမ်ယှက်လာခဲ့ကာ အဆုံးမဲ့ ပန်းချီတစ်ခုကို ဆေးခြယ်လာခဲ့၏။
ပန်းချီကားပေါ်ထွက်လာသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် ကမ္ဘာမြေတို့၏ တောင်တန်းများနှင့် မြစ်များ မှိန်ဖျော့သွားကာ အောက်ဘက်သို့ မူလတာအို စွမ်းအင်တစ်ခု စီးဆင်းလာခဲ့သည်။
သူ၏ လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာခဲ့ပြီး အဆုံးမဲ့ ဓားချီများက ကောင်းကင်ပြင်ကို ထိုးဖောက်သွားကာ ကောင်းကင်ယံ တစ်ခုလုံးတွင် ဓားဆန္ဒတို့ဖြင့် ပြည့်နှက်သွားပြီး နဂါးနှင့် ဖီးနစ်ပုံသဏ္ဍာန် အရိပ်များအဖြစ် အသွင်ပြောင်းသွားကာ ဟင်းလင်းပြင်အတွင်းတွင် ထူးဆန်းသော သားရဲများ လျှောက်လှမ်းလာကြ၏။
ကျင်းဝူရွှေ့သည် ၎င်းတို့အားလုံးကို စောင့်ကြည့်နေရင်းဖြင့် အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့ပြီး အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
“ မူလတာအိုကားချပ် ဓားဆန္ဒဖြစ်တည်ခြင်း ပြီးတော့ …… “
သူ၏ စကားသံ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူသည် လုချန်ရှန်း ကျင့်ကြံထားသည့် ကျမ်းစာက အလွန်တရာ အစွမ်းထက်သည်ဟု ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ လူတစ်ဦးကို ကျောချမ်းသွားစေလောက်ပေ၏။
၎င်းတို့တစ်ခုချင်းစီတိုင်းက လူတိုင်းကို ကြောက်လန့်သွားစေရန် လုံလောက်နေခဲ့သည်။
“ သတ် “
လုချန်ရှန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏အရှိန်အဝါမှာ တိမ်တိုက်များကို လှုပ်ရမ်းသွားစေခဲ့သည်။ စွမ်းအားနှစ်ခု တိုက်မိသွားသည့် အချိန်တွင် ကျင်းဝူရွှေ့သည် သူ၏နည်းစနစ်အားလုံး ကျဆုံးသွားပြီဆိုသည်ကို နားလည်သွားခဲ့သည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက သူ၏ တာအိုကို အမှန်တကယ် ဖိနှိပ်နေခဲ့သည်။
သူ၏ သတ်ဖြတ်လိုစိတ်က မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပါစေ ၎င်းက အဆက်မပြတ် ဖိနှိပ်ခံနေခဲ့ရသည်။
မူလတာအို ကားချပ် ဆင်းသက်လာခဲ့၏။ ၎င်းက ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်ရှိသေးသော်လည်း ၎င်းက ခုခံ၍ မရသော စွမ်းအားတို့ဖြင့် ပြည့်နှက်နေကာ အရာအားလုံးကို ဖိနှိပ်ထားခဲ့သည်။
ချွမ်
ထိုအခိုက်အတန့်တွင် သူက ဓားတိုက်ကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ အဆိုပါ ဓားဆန္ဒက ဤကမ္ဘာပေါ်ရှိ အရာအားလုံးကို ခုတ်ပိုင်းချင်နေသည့်အလား ဖြစ်နေခဲ့သည်။ နဂါးနှင့် ဖီးနစ်ပုံသဏ္ဍာန် အရိပ်များက အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အရှေ့သို့ တိုက်ခိုက်နေတော့သည်။
၎င်းတို့အားလုံးကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက်၌ ကျင်းဝူရွှေ့၏ မျက်နှာပေါ်တွင် အထိတ်တလန့်ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ သူက ယုံကြည်မှု လွန်ကဲမနေတော့ပေ။ သူ့လက်ထဲတွင် သက်ရှိသတ္တဝါတိုင်း၏ သွေးများ စွန်းထင်းနေသည့် ကြက်သွေးရောင် လှံရှည်တစ်လက် ဖွဲ့တည်လာခဲ့၏။
သူက အဆိုပါ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ကြိုးပမ်းနေတော့၏။ သို့သော် တိုက်ကွက်ကြောင့် သူ၏လက်များ ပြိုကွဲသွားပြီး လှံရှည် လွင့်ထွက်သွားကာ သူ့ခြေထောက်များအောက်ရှိ မြေပြင် ပြိုကွဲသွားခဲ့သည်။
လုချန်ရှန်းက မည်သို့မျှ မရပ်တန့်သွားခဲ့ပေ။ သူသည် သူ၏ဘယ်ဘက်ကို လက်သီးစည်းတံဆိပ်အဖြစ် ဆုပ်ခဲလိုက်ပြီး အဆုံးမဲ့ မိုးကြိုးများ ထကြွလာကာ ကောင်းကင်ဘုံကို ခါရမ်းသွားစေသည့် တိုက်ကွက်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ကျင်းဝူရွှေ့၏ ရင်ဘတ်အပေါ်သို့ ကျဆင်းသွားခဲ့သည်။
ဘမ်းးး
ကျယ်လောင်သော အသံတစ်သံ ပေါက်ထွက်လာခဲ့ပြီး ကျင်းဝူရွှေ့၏ ခန္ဓာကိုယ် တုန်ရင်သွားကာ သူ၏ ပုံရိပ် မတည်မငြိမ် ဖြစ်သွားပြီး ပျောက်ကွယ်စပြုနေခဲ့ပြီ ဖြစ်သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
ကျင်းဝူရွှေ့က ၎င်းကို မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သူက ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏ မူလကိုယ်က ဟွာရှုနယ်ပယ် အဆင့်၉သို့ ယခင်က ရောက်ရှိခဲ့ဖူးကာ အသူရာလမ်းစဥ်ကို တတ်ကျွမ်းထားပြီး ဤကမ္ဘာ၏ သတ်ဖြတ်ခြင်းကို အစိုးရသင့်ပေသည်။
သို့သော် ယခုတွင်မူ သူက အသက်နှစ်ဆယ်အရွယ်မျှ လူငယ်တစ်ဦးကို ရှုံးနိမ့်သွားခဲ့လေသည်။
သူသည် ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ရုန်းကန်လှုပ်ရှားနေခဲ့သည်။ သို့သော် တာအိုကားချပ်၏ ဖိနှိပ်မှုကိုသာလျှင် ခံနေခဲ့ရသည်။ ၎င်းက နယ်မြေတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး နည်းစနစ်များနှင့် မန္တာန်များကို ဖိနှိပ်ထားသောကြောင့် မည်သည့်နည်းစနစ်ကိုမှ မဖွဲ့စည်းနိုင်ခဲ့ပေ။ အဆိုပါ နည်းလမ်းအားလုံးက အချည်းနှီးသာဖြစ်သွားခဲ့ရသည်။
ထိုစဥ် ဓားအလင်းတန်း ထပ်မံ၍ မြင့်တက်လာခဲ့ပြီး သူ့ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံး ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါ ဓားက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ သူ၏ ရင်ဘတ်ပေါ်တွင် မိုးကြိုးလက်သီးရာတစ်ခု ပေါ်ထွက်လာခဲ့၏။
သူသည် အဆိုပါ ချုပ်နှောင်မှုကို မည်သို့မျှ မရိုက်ချိုးနိုင်ခဲ့ပေ။
“ ဖိနှိပ်စမ်း “
လုချန်ရှန်းက အော်ဟစ်လိုက်ချိန်တွင် မိုးကောင်းကင် ပြိုဆင်းလာကာ နည်းစနစ်အားလုံး အပြည့်အဝ ချုပ်နှောင်ခံလိုက်ရသည်။
ကျင်းဝူရွှေ့၏ ခန္ဓာကိုယ် ပြိုကွဲသွားခဲ့သည်။ အလင်းတန်းတစ်ခုက လွတ်မြောက်ရန် ကြိုးပမ်းနေသော်လည်း မြဲမြံစွာ ချုပ်နှောင်ခံထားရပြီး ဖုန်မှုန့်များအဖြစ် အသွင်ပြောင်းသွားကာ ဤကမ္ဘာလောကမှ ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားမှုနှင့်အတူ အပြာရောင် ကျောက်တုံးကို မှီကာ ချိုင့်ဝှမ်းအတွင်းတွင် နေနေခဲ့သည့် ရှောင်ဟေးမှာ သူ့အရှေ့တွင် ရှိနေသည့် လူငယ်လေးကို ကြည့်ကာ ငေးငိုင်သွားခဲ့သည်။
ရွှေရောင်အလင်းတန်းများ တောက်ပနေကာ ကောင်းကင်ဘုံ ကားချပ်ကို သယ်ဆောင်ထားပြီး အဆုံးမဲ့ ဓားဆန္ဒများ ရစ်ခွေနေလျက်ရှိ၏။ အဆိုပါ ခံစားချက်က စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော အရာဖြစ်သည်။
ထိုအကောင် စွမ်းရည်နှင့် ထူးခြားသော ပါရမီအကြောင်းကို သူသိနေခဲ့သော်လည်း ထိုအကောင်မှာ တစ်စုံတစ်ခုကို အမြဲလိုလို သိုဝှက်ထားပြီး ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့လိုက်ရသည့် အချိန်တိုင်းတွင် အံ့ဩတုန်လှုပ်သွားရစမြဲပင်။
သူတစ်ဦးတည်းကပင် သက်တူရွယ်များကို အလျားလိုက်တွန်းထုတ်ရန် လုံလောက်သည်ထပ် ပိုနေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် လုချန်ရှန်းက ရွေ့လျားလာခဲ့၏။ ဓားဆန္ဒ ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတန်း မှိန်ဖျော့သွားပြီး သူ့အနောက်တွင် ရှိနေခဲ့သည့် ကောင်းကင်ဘုံ ကားချပ်မှာလည်း အစအနပင် ရှာမရတော့ဘဲ အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။ အရာအားလုံးက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
ရှောင်ဟေးက ၎င်းကို ငေးကြည့်ကာ အဆင်ပြေလားဟု မေးမြန်းရန် ပြင်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းက ချွေးသုတ်ရန် လက်မြှောက်လိုက်ပြီး သက်မကြီးချကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေသည်ကို ကြားသွားခဲ့လေသည်။
“ ဖူးးးး …. သောက်အဘိုးကြီး တော်တော်လေးကို သတ်ရခက်တယ် “
ရှောင်ဟေး : “ … “
သူသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သတ်ရခက်တယ်ဆိုတာက ဘာစကားကြီးလဲဟ။
ခုနကဖြစ်ခဲ့တာတွေကို ငါတွေ့ခဲ့ရပါတယ်။ တစ်ဖက်သတ် ရိုက်ပွဲကြီးလေ။
မွေးရာပါ ဝိညာဥ်နယ်ပယ်ပညာရှင်က ဟွာရှုနယ်ပယ် ပညာရှင်ကို သတ်လိုက်တာလေ။ အဲ့ဒီလူက အသူရာလမ်းစဥ်ကိုတောင် ကျင့်ကြံထားသေးတယ်။ အဲ့လိုမျိုး လုပ်နိုင်ခဲ့တာကို ဘာမကျေနပ်စရာ ရှိနေသေးလို့လဲဟ။ သူက ကောင်းကင်ဘုံကို ဆန့်ကျင်ချင်နေတာလား။
ချိုင့်ဝှမ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၉သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ဟွာရှုနယ်ပယ် လေ့ကျင့်ဖော်တစ်ဦးကို ရှာဖွေချင်နေခဲ့ပြီး သူလုပ်နိုင်သည်ဟု အမြဲလိုလို ခံစားနေခဲ့ရ၏။
လုံခြုံဘေးကင်းစေရန်အတွက် သူသည် အစကတည်းက ပွဲသိမ်းတိုက်ကွက်များကိုသာ ထုတ်သုံးခဲ့လေသည်။ ၎င်းမှာ သူက ယုံကြည်မှု လွန်ကဲနေခြင်း မဟုတ်ပေ။ အကယ်၍ ၎င်းတို့ဖြင့် ထိုလူ့ကို အနိုင်မယူနိုင်ဘူးဆိုပါက သူ့ထံတွင် မူချွမ်ချန်ထားခဲ့သည့် နည်းလမ်းများလည်း ကျန်ရှိနေသေးသည်။ ၎င်းတို့နှင့်သာဆိုပါက ဟွာရှုနယ်ပယ် အဆင့်၉ ပညာရှင်ကို သတ်ဖြတ်ရခြင်းကပင် ထမင်းစားရေသောက်ရသကဲ့သို့ လွယ်ကူနေမည် ဖြစ်သည်။
“ ခုနက တကယ်ကို အန္တရာယ်များခဲ့တာပဲ “
လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့ပြန်သည်။
ရှောင်ဟေး : “ … “
အန္တရာယ်ဆိုတာ ချိုနဲ့လား။ မင်းက သူ့ကို အပြတ်အသတ်ကြီး ကျုံလိုက်တာလေ။ ဘာကို သက်ပြင်းချနေရတာတုန်း။
“ ကောင်းပြီလေ။ စိတ်ကြည်အောင်လုပ်ပြီးတော့ မင်းရဲ့ ဒဏ်ရာတွေကို ကုလိုက်တော့။ ငါအခွင့်အလမ်းတွေ လိုက်ရှာနေတာကို မနှောင့်နှေးစေနဲ့။ ငါက အစကတည်းက တာထွက်နှေးနေခဲ့တာ။ တကယ်လို့ သွက်သွက်လက်လက် မလုပ်ဘူးဆိုရင် ငါက လက်ဗလာနဲ့ ပြန်သွားရမှာ “
လုချန်ရှန်းက ပွစိပွစိဖြင့် ပေါက်ပေါက်ဖောက်နေသေး၏။
ရှောင်ဟေးကမူ သူ့ကို အဖက်လုပ်ရန် အလွန်တရာ ပျင်းရိနေခဲ့ပြီး သူ၏ဒဏ်ရာများကိုသာ စတင်၍ ကုသနေခဲ့သည်။
လုချန်ရှန်းမှာ အနည်းငယ် ပျင်းရိသွားကာ အချိန်မဖြုန်းသင့်ဘူးဟု ခံစားသွားခဲ့ရသည်။ သူသည် ရှောင်ဟေးကို မီးဖိုထဲ ထည့်ကာ သယ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူလှုပ်ရှားရန် ပြင်လိုက်သည့် အချိန်၌ ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ သူတို့ဆီသို့ ပြေးဝင်လာခဲ့၏။
အစတွင် သူသည် ၎င်းက နောက်ထပ်ပြဿနာကောင်တစ်ကောင် ရောက်လာပြီဟု ထင်နေခဲ့ခြင်းဖြစ်သော်လည်း ၎င်းက လောင်လျူ ဖြစ်နေခဲ့သည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးပေါ်တွင် ဒဏ်ရာဒဏ်ချက်တို့ဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့ပုံရ၏။
လုချန်ရှန်းက စကားပြောလိုက်တော့မည့် အချိန်တွင် လောင်လျူ၏ စကားသံ ပေါ်ထွက်လာခဲ့သည် “ အယ် ရှောင်ဟေး မင်းက တကယ်ကို မသေသေးဘူးပဲ။ မင်းမသေတာ ကောင်းတယ်။ အစ်ကိုကြီးက မင်းရဲ့ ပြဿနာကို ဖြေရှင်းပေးခဲ့ပြီးပြီ “
သူ၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ မင်းက တော်တော်လေးကို အထင်ကြီးဖို့ ကောင်းတာပဲ “
“ သေချာတာပေါ့။ မင်းက ငါဘယ်သူလဲဆိုတာကိုတောင် မသိပါဘူး။ လွန်ခဲ့တဲ့ နှစ်ငါးရာ ……… “ လောင်လျူမှာ ချက်ချင်းဆိုသလိုပင် ရင်ဘတ်ပုတ်ကာ အားရကျေနပ်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လာခဲ့သည်။
သို့သော် သူသည် စကားကို ပြီးဆုံးအောင် မပြောရသေးခင် အချိန်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားကာ အောက်သို့ ငုံ့ကြည့်လာခဲ့သည်။ သူ၏ အကြည့်က လုချန်ရှန်းအပေါ်သို့ ကျရောက်သွားပြီး အထိတ်တလန့်ဖြစ်သွားခဲ့သည်။
“ မင်းမေကလွှား ……. မကျွတ်လွတ်တဲ့ သရဲကောင်။ ငါအမြင်မှားနေတာလား “
--
……………………………………………………………………………………………………………………………………….