← Chapters

အခန်း ၃၃၉

Vol. 23 Ch. 339

အခန်း ၃၃၉

Vol. 23 Ch. 339

အပိုင်း ( 339 )

လုကလေး မင်းမသေသေးဘူးပဲ

ချက်ချင်းဆိုသလိုပင် လောင်လျူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ကြောက်လန့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းက အဓိပ္ပါတစ်စုံတစ်ရာ ပါဝင်သော အကြည့်မျိုးဖြင့် သူ့ကို တိတ်တဆိတ် ငေးကြည့်နေခဲ့၏။

“ ငါနိုးးးး တကယ်ကို မင်းပဲ။ လုကလေး မင်းတကယ် မသေဘူးပဲ “

လောင်လျူက မယုံကြည်နိုင်ဖြစ်နေသာ အမူအရာဖြင့် စကားထပ်ပြောလာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။ တစ်ခုခု မှားနေတယ်လို့ ဘာဖြစ်လို့ ခံစားနေရတာလဲ။ လုကလေးလား။ အဲ့တာက ဘာနာမည်ကြီးလဲ။

သို့ရာဤ သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လောင်လျူက ဟင်းလင်းပြင်အတွင်းမှ ဆင်းသက်လာခဲ့ပြီး သူ့ကို အပေါ်အောက်စုံချည်ဆန်ချည် ကြည့်ရှုစစ်ဆေးကာ လုချန်ရှန်းက အမှန်တကယ် အသက်ရှင်နေသည်ဆိုသည်ကို အတည်ပြုလိုက်သည့်ပုံပင်။ သူ၏မျက်နှာပေါ်တွင် လွမ်းမောတမ်းတနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ မင်းမသေတာ ကောင်းတယ်။ မင်းမသေတာ ကောင်းတယ် “

သူသည် ၎င်းကို နှစ်ကြိမ်တိတိ ပြောခဲ့ပြီး စိတ်သက်သာရာရသွားသည့်ပမာ ဖြစ်နေခဲ့သည်။ သို့သော် သူလေသံက အလွန်တရာ ထူးဆန်းနေခဲ့ပြီး နားထောင်ရသည့် လူတစ်ဦးကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့၏။

သူက ယခင်ကထပ် ပိုမိုမောက်မာနေပုံရ၏။

လုချန်ရှန်းက သူ့ကို ငေးကြည့်ရုံသာ ငေးကြည့်နေခဲ့သည်။

လောင်လျူက အရင်ဦးဆုံး မကျေမနပ်ဖြစ်သွားကာ မေးခွန်းထုတ်လာခဲ့သည် “ အဲ့တာက ဘယ်လိုအကြည့်မျိုးလဲ “

“ မင်းကို ကြည့်နေတဲ့ အချိန်မှာ ငါ့အကြည့်က ဘယ်လိုဖြစ်နေလဲဆိုတာကို အာရုံစိုက်နေဦးမှာလား “

“ ဟက် “ လောင်လျူသည် အသာအယာ ရယ်မောကာ လက်နှစ်ဖက်နောက်ပစ်၍ အေးအေးလူလူ ထပ်ပြောလာခဲ့သည် “ လုကလေး မင်းမသိတဲ့ တစ်ချို့ကိစ္စလေးတွေ ရှိတယ်။ အခုဆိုရင် တော်တော်များများက မတူတော့ဘူး။ မင်းက မင်းရဲ့ စိတ်သဘောထားကို သေချာဂရုစိုက်မှဖြစ်မယ် “

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူက ထိုအကောင်က ကိုယ့်ကိုကိုယ် ဘဝင်ခိုက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ့ကိုပင် လုကလေး လုကလေးဟု အကြိမ်ကြိမ်အခါခါ ခေါ်နေခဲ့လေသည်။ ၎င်းက မည်မျှမောက်မာလိုက်သနည်း။

“ အဲ့တာဆိုရင် ငါ့ရဲ့ စိတ်သဘောထားက ဘယ်လိုမျိုး ဖြစ်နေသင့်တာလဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးက မနေနိုင်တော့ဘဲ စကားဝင်ပြောနေတော့လေသည် “ လောင်လျူ စကားပြောနေတာကို ရပ်လိုက်တော့ “

လောင်လျူက သူ့ကို တစ်ချက်မျှသာ ငေးကြည့်လိုက်ပြီး လုံးဝလျစ်လျူရှုထားကာ စကားဆက်ပြောနေတော့သည် “ အားကြီးသူက အားနည်းသူကို အမဲလိုက်တယ်။ ခွန်အားကိုပဲ လေးစားကြတယ်။ အဲ့လောက်ရိုးရှင်းတဲ့ စည်းမျဥ်းလေးကိုတော့ ငါသင်ပေးနေဖို့ မလိုလောက်ဘူးလေ ဟုတ်တယ်မလား “

“ ပြီးတော့ရော “

“ ပြီးတော့လား။ ဟဲ” “ လောင်လျူက ထပ်မံ၍ ရယ်မောနေတော့သည်။ ထို့နောက်တွင် သူ၏ စွမ်းအင်များ အရူးအမူး မြင့်တက်လာခဲ့ပြီး ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး၏ ထူးခြားသော စွမ်းအင်ကို ပြသကာ စကားထပ်ပြောနေခဲ့သည် “ အခုဆိုရင် ငါက မြင့်မြတ်တဲ့ ဟွာရှုနယ်ပယ် ပညာရှင်တစ်ယောက်ဖြစ်သွားပြီ။ ငါ့ကို ဘယ်လိုသဘောထားမျိုးနဲ့ ဆက်ဆံသင့်လဲဆိုတာကိုတော့ မင်းဟာမင်း သိသင့်တယ်လေ။ ဟုတ်တယ်မလား “

ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းတစ်ခုလုံး ကြောက်ခမမ်းလိလိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

လုချန်ရှန်းမှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဟွာရှုနယ်ပယ် ပညာရှင်တစ်ယောက်အနေနဲ့ ငါက ငါ့ရဲ့ ဓားတာအိုက ဓားဆန္ဒဖြစ်တည်ခြင်း အလယ်အဆင့်ကို ရောက်နေပြီ။ အရင်ကလိုမျိုး မဟုတ်တော့ဘူး “

ထိုစကားလုံးများက ဤနေရာတွင် ရှိနေသည့် လူတိုင်းကို အံ့ဩမှင်သက်သွားစေခဲ့၏။

ဒဏ်ရာများကို ကုသနေသည့် ‌ရှောင်ဟေးမှာ ထိုစကားကို ကြားလိုက်ရသောအခါတွင် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ထိုလူမှာ သူ့အရှေ့တွင် ရှိုးထုတ်ခဲ့ဖူးပြီး ယခု လုချန်ရှန်းကို ထပ်မံ၍ မြင်တွေ့လိုက်ရသည့် အချိန်တွင် ထပ်မံ၍ ရှိုးထုတ်လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ယခင်ကထပ်ပင် ပိုမိုပြင်းထန်နေကော ရန်စနေသည့်အလားပင် ဖြစ်နေခဲ့သည်။

လုချန်ရှန်းကမူ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ ပြန်ပြောလိုက်သည် “ လောင်လျူ မင်းက ပိုပိုပြီးတော့ ဆိုးလာတာပဲ “

“ မင်းဘာပြောလိုက်တာလဲ။ ငါ့ကို မကျေနပ်တာလား။ ဒါမှမဟုတ် မယုံတာလား “

“ နှစ်ခုစလုံးပဲ “

“ ဟက် “

လျောင်လျူက လှောင်ပြောင်နေသည့် အမူအရာမျိုးဖြင့် ပြုံးနေတော့လေသည် “ လုကလေး အားနည်းသူတွေကို အနိုင်ကျင့်ရတာကို ငါကလည်း မကြိုက်ပါဘူး။ မင်းမယုံဘူးဆိုရင် ငါတို့ကြားမှာရှိတဲ့ ကွာခြားချက်ကို နားလည်သွားအောင်လို့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးမယ် “

“ အို့ “

“ အမှန်ပဲ။ ငါမင်းကို ရိုက်ချင်နေတာ တော်တော်လေးကို ကြာနေပြီ။ မြင့်မြတ်တဲ့ ဟွာရှုနယ်ပယ်ပညာရှင်တစ်ယောက်အနေနဲ့ ငါမင်းကို သုံးကွက် ………. “

ဘုမ်းးး

လောင်လျူမှာ စကားကို ပြီးဆုံးအောင် ပြောခွင့်မရလိုက်ပေ။ လုချန်ရှန်းက လှုပ်ရှားလာခဲ့ပြီဖြစ်ကာ သူ၏မျက်နှာထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

လက်သီးထိုးချက်တစ်ခုက လောင်လျူကို အငိုက်မိသွားစေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားကာ တောင်တစ်လုံးနှင့် ဝင်ဆောင့်မိသွားပြီး ချိုင့်ဝှမ်းအကြားတွင် လမ်းကြောင်းတစ်ခု ပုံဖော်ထားခဲ့လေသည်။

ဖုန်မှုန့်များ လှိုက်တက်လာခဲ့ပြီး တအံ့တဩဖြစ်နေသည့် လောင်လျူ၏ စကားသံ ပေါ်ထွက်လာခဲ့သည်။

“ လုကလေး မင်းက ငါ့ကို တကယ်ကြီး ချုံခိုတိုက်တယ်ပေါ့။ ငါမင်းကို ပြောလိုက်မယ်။ မင်းတော့ သွားပြီပဲ။ အစကတော့ ငါမင်းကို တစ်ခါလောက်ပဲ ရိုက်မလို့။ အခုတော့ မင်းကို နှစ်ခေါက်ရိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ “

သူသည် စကားပြောနေရင်းဖြင့် မတ်တပ်ထရပ်ရန် ပြင်လိုက်သည်။ သို့သော် ပုံရိပ်တစ်ခုက သူ့အရှေ့သို့ ရုတ်တရက် ရောက်ရှိလာသောကြောင့် သူ၏မျက်ဝန်းများ ပြူးကျယ်သွားခဲ့ရသည်။

“ ငါ့ကို သုံးကွက်အကြောပေးမယ်လို့ ပြောခဲ့တယ်မလား။ တစ်ကွက်ပဲရှိသေးတယ် “

လုချန်ရှန်းသည် ထိုကဲ့သို့ ပြောလိုက်ခဲ့ပြီးသည့်နောက်တွင် လောင်လျူ၏ အကျ်ီကို ဆွဲကိုင်ကာ လက်သီးတစ်လုံး ထပ်မံ၍ ပစ်သွင်းလိုက်သည်။

လောင်လျူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ မှော်စွမ်းအားအားလုံး ပေါက်ထွက်လာခဲ့ကာ သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းလာခဲ့၏။ ထို့နောက်တွင် သူသည် အော်ဟစ်ဟိန်းဟောက်ကာ အရှေ့သို့ ပြေးတက်သွားခဲ့သည်။ ဓားချီနှင့် ဓားဆန္ဒတို့ပါ ပေါ်ထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ တဟုန်ထိုး ပေါက်ထွက်လာခဲ့လေသည်။

ရှောင်ဟေးက သူ၏မျက်လုံးများကို ဖွင့်ကြည့်လာခဲ့ရာ ကြောက်မက်ဖွယ်ရာ ဓားဆန္ဒနှစ်ခု စီးချင်းထိုးနေသည့် ဖရိုဖရဲမြင်ကွင်းတစ်ခုကိုသာ မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့က ကောင်းကင်ယံကိုပင် ထိခိုက်သွားစေပြီး တောင်တန်းများကို တစ်ခုပြီးတစ်ခု ပြိုကွဲသွားစေခဲ့၏။

ကမ္ဘာမြေ လှုပ်ရမ်းသွားကာ လူနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားခဲ့သည်။

အလင်းတန်းများ ပေါက်ထွက်လာပြီး ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာမှုနှင့်အတူ တလက်လက် တောက်ပနေသည့် ရွှေရောင်အလင်းတန်းတစ်ခုက တိမ်တိုက်များကို ထိုးဖောက်သွားကာ ထိတွေ့တိုက်ခိုက်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေလျက်ရှိ၏။

အဆိုပါ လောင်လျူက သူ့ကို ကူညီ၍ ပြဿနာကို ဖြေရှင်းပေးခဲ့သော်လည်း သူသည် မျက်နှာသာပေးမှုကို မှတ်ထားကာ သူ၏စိတ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ ထိုအကောင်က အတော်ပင်လွန်ကဲသွားခဲ့လေသည်။ ဟွာရှုနယ်ပယ်သို့ အဆင့်တက်သွားသောကြောင့် ရှိုးထုတ်/ကြွားဝါခြင်းကို အဆင်ပြေလှသော်လည်း ထိုအကောင်မှာ လုချန်ရှန်း၏ အရှေ့တွင် ကြွားဝါပြောဆိုနေခဲ့လေသည်။ သူ့ကိုယ်သူ ပြဿနာထဲ ဆွဲသွင်းခြင်းဖြစ်သောကြောင့် မည်သူ့ကိုမှ အပြစ်တင်၍ မရပေ။

တိုက်ပွဲက အချိန်အတော်ကြာ တည်တံ့နေခဲ့ပြီး ယခင်က ဖြစ်ပွားခဲ့သည့် လုချန်ရှန်းနှင့် ကျင်းဝူရွှေ့၏ တိုက်ပွဲထပ်ပင် ပိုမိုပြင်းထန်နေခဲ့၏။

အဆုံးမဲ့ တစ်ကမ္ဘာလုံးကို ဖုန်မှုန့်များ ဖုံးလွှမ်းသွားပြီး စူးရှရှ အော်သံတစ်သံ ပေါ်ထွက်လာခဲ့သည်။

“ ငါမှားပါတယ် “

“ အစ်ကိုလု သခင်လု ရပ်လိုက်ပါတော့ “

ထိုအသံများကို ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လှုပ်ခတ်မှုများ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ပုံရိပ်တစ်ခုက ဖုန်မှုန့်များအတွင်းမှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။

သူသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဖုန်မှုန့်များကို အသာအယာ ခါထုတ်ကာ ချိုင့်ဝှမ်းဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

သူ၏အနောက်ဘက်တွင် လောင်လျူက အပျက်အစီးပုံအတွင်းမှ တွားသွားထွက်လာခဲ့၏။ သူ၏ အဝတ်အစားများ စုတ်ပြတ်သပ်နေကာ ရုပ်ပျက်ဆင်းပျက် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ပြီး သူ၏ မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေကာ မျက်လုံးများက ဘောလုံးများအလားဖြစ်နေခဲ့ပြီး မျက်ရည်များ အဆက်မပြတ် ဖြာဆင်းနေခဲ့၏။

“ မွန်းစတား ……. မွန်းစတားကောင်။ ငါက ခက်ခက်ခဲခဲ ကျင့်ကြံခဲ့ရပြီး ဟွာရှုနယ်ပယ်ကို ရောက်ခဲ့တာကွ။ အခုတော့ မွေးရာပါ ဝိညာဥ်ကကောင် ရိုက်တာကို ခံနေရတယ်လို့ကွာ။ ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်လဲ “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ရုတ်တရက် နောက်လှည့်ကာ လောင်လျူကို စူးစူးရဲရဲ စိုက်ကြည့်နေတော့လေသည်။

လောင်လျူကမူ မျက်ရည်တို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် လုချန်ရှန်းကို ထပ်မံ၍ ငေးကြည့်လာခဲ့ပြန်သည်။ ချီးပဲကွာ ငါ့ကိုယ်ငါတောင် ပါးပြန်ရိုက်ချင်တယ်။ ဘာကိစ္စ အဲ့ကောင်ရှေ့မှာ သွားကြွားချင်ခဲ့ရတာလဲ။

၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် ဆည်ကျိုးပေါက်သွားသကဲ့သို့ မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့၏။

“ မင်းနဲ့တန်တာကို ရသွားတာပဲ “ ဟု ရှောင်ဟေးက ရေနစ်သူ ဝါးကူထိုးနေတော့လေသည်။

လောင်လျူက အံကြိတ်၍ ပြန်ပြောလိုက်သည် “ အနက်ကလေး မင်းကို ကူညီဖို့အတွက် ငါ့အသက်ကို စွန့်စားပေးခဲ့တာလေ။ အခုတော့ မင်းက ငါ့ကို ပစ်ပယ်နေပြီပေါ့ “

“ ဟူးးးး ….. လောင်လျူ ငါမင်းကို တကယ်ကူညီချင်တာပါ။ ဒါပင်မဲ့ မင်းတွေ့တဲ့အတိုင်းပဲ ငါက ဒဏ်ရာပလပွနဲ့လေ။ ငါသူ့ကို မနိုင်ဘူး။ ငါ့မှာလည်း အခက်အခဲလေးတွေ ရှိတယ် “

ရှောင်ဟေးမှာ နောင်တတရားများ ကူရာကယ်ရာမဲ့နေမှုများ ပြည့်နှက်နေသော လေသံမျိုးဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

“ မင်းမှာ ဘာသောက်ကျိုးနည်း အခက်အခဲမှ မရှိပါဘူး။ သူက မွန်းစတားကောင် ထပ်ဖြစ်နေပြီလို့ ပြောလို့မရဘူးလား။ မင်းက သေဘေးကနေ အခုမှ လွတ်လာတဲ့ ငါ့ကို တကယ်သေသွားအောင် လုပ်နေတာပဲ။ ငါက မနက်ဖြန် နေထွက်ချိန်နဲ့ လွဲသွားတော့မလို့ “

ရှောင်ဟေးက မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ မင်းဘာတွေ ပြောနေတာလဲ။ မင်းက ကြွားလုံးထုတ်ပြီးတော့ အလုပ်များနေခဲ့တာလေ။ ငါမင်းကို သတိပေးခဲ့သားပဲ။ မင်းက နားထောင်ခဲ့လို့လား “

လောင်လျူက အံ့ဩမှင်သက်သွားကာ ဂရုတစိုက် ပြန်လည်တွေးတောစဥ်းစားနေတော့သည်။ ထိုကဲ့သို့သော ကိစ္စမျိုး အမှန်တကယ် ဖြစ်ခဲ့လေသည်။ ဒါပင်မဲ့ ငါက တော်တော်လေး စိတ်ကြွနေခဲ့တာလေ။ ပြီးတော့ မင်းက တစ်ခေါက်လေးပဲ အော်ခဲ့တာလေ။ အဲ့တာက သတိပေးတာ ဟုတ်ပါ့မလား။

လုချန်ရှန်းကမူ ၎င်းတို့အားလုံးကို နားထောင်နေရင်းဖြင့် ထိုအကောင့်ကို အပေါ်အောက် စုံချည်ဆန်ချည် စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူသည် ထိုအကောင်၏ ရည်ရွယ်ချက်က သူ့အား ရိုက်နှက်ရန်ဆိုသည်ကို သိရှိနေခဲ့ပြီ ဖြစ်သည်။

အစပိုင်းတွင် ၎င်းက ဟာသတစ်ခုသာဖြစ်သည်ဟု သူထင်နေခဲ့ခြင်းဖြစ်ပြီး ထိုအကောင်က အလေးအနက်ထားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ယခုတွင်မူ သူ့ထံတွင် မည်သည့်နောင်တမှ ရှိမနေတော့ပေ။

လုချန်ရှန်းသည် ရုတ်တရက် နောက်လှည့်ကာ ထိုအကောင်နှင့် ထပ်မံ၍ လက်ရည်ယှဥ်ရန် ပြင်လိုက်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူမှာ ဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားသွားရကာ ကျောချမ်းသွားခဲ့သည်။

“ အစ်ကိုလု ငါမှားသွားပါတယ်ကွာ။ စကားနဲ့ပဲ ပြောရအောင် မတိုက်ပါနဲ့တော့ “

“ သန်မာတဲ့လူတွေကပဲ အလေးစားခံရပြီးတော့ အားကြီးသူတွေက အားနည်းသူတွေကို အမဲလိုက်တယ်လို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ ငါ့ကို ရိုက်ချင်နေတယ်ဆို။ မကြောက်စမ်းနဲ့ ထပ်ပြီးတော့ ကြိုးစားကြည့်လိုက်။ ဒီတစ်ခါတော့ ငါ့ကို သုံးကွက် အကြောပေးစရာ မလိုဘူး “ ဟု လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။

လောင်လျူက အလောတကြီး ပြန်ပြောလိုက်သည် “ အစ်ကိုလု ကျုပ်တို့က ညီအစ်ကိုတွေလေ။ အဲ့လိုစကားတွေပြောတာက သူစိမ်းဆန်လွန်းပါတယ်ဗျာ။ ကျွန်တော်က စနောက်ရတာကို ကြိုက်တယ်လေ။ အဲ့တာက ကျွန်တော်တို့ကြားက လေထုကို အသက်ဝင်သွားစေမဲ့ ဟာသလေးတစ်ခုပါပဲ “

“ နည်းနည်းလောက် ပိုပြီးတော့ အသက်ဝင်သွားအောင် လုပ်ကြမယ်ဆိုရင်ရော “

လုချန်ရှန်း၏ အပြုံးမှာ ပိုမိုပီပြင်လာခဲ့လေသည်။

လောင်လျူမှာ ရှိုက်ကြီးတငင်ငိုကြွေးနေတော့သည်။ သူသည် ထိုလူက သေချင်ယောင်ဆောင်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အစပိုင်းတွင် သူ၏ကျင့်ကြံရေးက ဟွာရှုနယ်ပယ်သို့ ရောက်ရှိသွားကာ ဓားတာအိုကပါ အဆင့်တက်သွားခဲ့သည့်နောက်တွင် သူ၏ ယခင်က အောင်မြင်မှုများကို ပြန်လည်ရရှိလာလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ထိုလူက ဟွာရှုနယ်ပယ် အဆင့်၉သို့ ရောက်ရှိနေကာ သူ၏တိုက်ခိုက်ရေး စွမ်းအားကပါ ပိုမိုယုတ္တိမဲ့သွားခဲ့လေသည်။

သူတို့နှစ်ဦး ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့စဥ်အချိန်က ထိုအကောင်၏ ကျင့်ကြံရေးမှာ မည်မျှ နိမ့်ကျနေခဲ့ပါသနည်း။

--

…………………………………………………………………………………………………………………………………………

All Chapters