← Chapters

အခန်း ၃၄၀

Vol. 23 Ch. 340

အခန်း ၃၄၀

Vol. 23 Ch. 340

အပိုင်း ( 340 )

မင်းက အရိုးသားဆုံး လူတွေကို လိမ်နေတာပဲ

ချိုင့်ဝှမ်းအတွင်းတွင် ရှောင်ဟေးက သူ၏ဒဏ်ရာများကို တည်ငြိမ်သွားစေလိုက်၏။

သူသည် သူ့အရှေ့တွင် ရှိနေသည့် မြင်ကွင်းကို ငေးကြည့်ကာ စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

သေချာ တွေးတောစဥ်းစားကြည့်မည်ဆိုပါက လောင်လျူကို သူ၏ အကြီးအကဲတစ်ဦးအဖြစ် သတ်မှတ်၍ ရပေသည်။ သို့သော် ထိုလူ့ထံတွင် အကြီးအကဲတစ်ဦးဆိုသည် ဂုဏ်ပုဒ်နှင့်ကိုက်ညီသည့် အရာများ တစ်ခုတစ်လေပင် ရှိမနေခဲ့ပေ။ ဟွာရှုနယ်ပယ် သို့ အဆင့်တက်သွားခြင်းမှာ ပျော်သင့်ပျော်ထိုက်သော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။

သို့သော် ထိုလူမှာ အတော်ပင် မောက်မာလွန်းနေခဲ့ပြီး သူ၏ အမြှီးက ကောင်းကင်ဘုံကိုပင် ထောက်ကန်လုမတတ် ဖြစ်နေခဲ့သည်။

မောက်မာခြင်းက ကိစ္စတစ်ခုဖြစ်သော်လည်း ထိုအကောင်မှာ လုချန်ရှန်း၏ အရှေ့တွင် မောက်မာနေခဲ့လေသည်။

“ လောင်လျူ နောင်အနာဂတ်မှာ သူ့အရှေ့မှာ မောက်မာတာကို လျှော့။ တကယ်လို့ သူကသာ ပုဂ္ဂိုလ်ကြီး တစ်ယောက်ဖြစ်လာမယ်ဆိုရင် …….. “

“ မင်းက ဘာတွေ ပြောနေတာလဲ “

“ အရိုက်ခံရမှာကို မကြောက်သေးဘူးလား “ ဟု ရှောင်ဟေးက အပြုံးဖြင့် မေးမြန်းလိုက်၏။

လောင်လျူက ပြန်ပြောလာခဲ့၏ “ ငါစွမ်းရည် မရှိဘူးဆိုတာကို ငါဝန်ခံပါတယ်။ ဒါပင်မဲ့ အခုလက်ရှိအချိန်မှာ ငါက သူတော်စင်ရဲ့ လူဖြစ်နေပြီကွ “

“ သူတော်စင်လား “

“ အမှန်ပဲ “ ထိုအခိုက်အတန့်တွင် လောင်လျူက ချက်ချင်းဆိုသလို ဂုဏ်ယူဝင့်ကြွားသွားကာ စကားထပ်ပြောလာခဲ့သည် “ အဲ့တာက ဒေသလေးခုစလုံးကို လှုပ်ရမ်းသွားစေခဲ့တဲ့ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ပဲ။ သူက ကောင်းကင်ဘုံ အကယ်ဒမီကို ထိပ်တိုက်တွေ့ပြီးတော့ အထက်နယ်မြေကို ခြိမ်းခြောက်ခဲ့တာ “

“ အဲ့တာက ……. “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးက အံ့ဩတကြီး ဖြစ်သွားကာ လုချန်ရှန်းကို အလိုအလျောက်ငေးကြည့်နေတော့သည်။

လုချန်ရှန်းမှာလည်း စိတ်ဝင်တစား ဖြစ်နေသော အမူအရာဖြင့် လောင်လျူ့ကို ငေးကြည့်နေတော့၏ “ ဆိုတာက အဲ့တာက မင်းရဲ့ ယုံကြည်ချက်လား “

“ အမှန်ပဲ “ လောင်လျူသည် ထိုအကြောင်းကို ပိုပြောလေလေ ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်သွားခဲ့သည် “ အဲ့ဒီ သူတော်စင် က ကောင်းကင်ဘုံကို ဘယ်လောက်တောင် ဆန့်ကျင်နေလဲဆိုတာကို မင်းတော့ မသိလောက်ဘူး။ သူက တစ်ချက်လောက် ငေးကြည့်ရုံနဲ့တင် ငါ့ရဲ့ အချုပ်အနှောင်တွေကို မြင်သွားခဲ့တယ်။ ပြီးတော့ ငါ့ကို ဉာဏ်အလင်းဖွင့်ပေးခဲ့ပြီး ဓားဆန္ဒဖြစ်တည်ခြင်းရဲ့ အလယ်အဆင့်ကို ရောက်သွားစေခဲ့တယ်။ ငါ့ရဲ့ ကျင့်ကြံရေးနယ်ပယ်ကိုပါ တိုးတက်သွားစေခဲ့တယ် ”

“ အမ် ….. “

ရှောင်ဟေးမှာ တိတ်ဆိတ်ငြိမ်သက်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ ၎င်းကို မည်သို့မျှ မငြင်းပယ်လိုက်ဘဲ သဘောတူထောက်ခံနေတော့၏။

” အမှန်ပဲ။ သူက တကယ်ကို ထူးခြားတယ်။ ငါက သူ့ကို တော်တော်လေးကို လေးစားတယ်။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားမှာ သူ့လိုမျိုးကို ရှာတွေ့ဖို့ဆိုတာက တကယ်ခက်တယ် “

ရှောင်ဟေး : “ … “

လောင်လျူက ယုံကြည်မှုအပြည့်ဖြင့် စကားဆက်ပြောလာခဲ့၏ “ ငါမင်းကို မနိုင်ဘူးဆိုပင်မဲ့ မင်းက သိပ်မလွန်လာနဲ့။ ငါ့မှာနောက်ခံရှိတယ်။ အဲ့တာတစ်ခုတည်း မဟုတ်ဘူး “

“ အို့ ထပ်ရှိသေးတာလား “ လုချန်ရှန်းမှာ စိတ်ဝင်တစားဖြစ်သွားခဲ့သည်။

လောင်လျူ၏ မောက်မာမှုများ ပြန်လည်ဖြစ်တည်လာခဲ့ပြီး သူသည် တဟားဟား ရယ်မောကာ စကားထပ်ပြောလာခဲ့သည် “ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါ့ကို အထက်လောကရဲ့ တရန် အင်မော်တယ်တောင်က သတိပြုမိသွားကြပြီ။ ငါက နောင်အနာဂတ်မှာ အထက်နယ်မြေကို ရောက်ဖို့အတွက် ကံပါလာတယ်။ ဆိုတော့ ငါက မောက်မာနေတာ မဟုတ်ဘူး။ ငါ့ရဲ့ ခွန်အားက ငါ့ကို နှိမ့်ချခွင့် မပြုရုံလေးပဲ “

“ တရန် အင်မော်တယ်တောင်က ထျန်းယွင်ပြည်နယ်ရဲ့ အင်အားစုကြီး ဆယ်ခုထဲက တစ်ခု ဖြစ်ခဲ့ဖူးတယ် ……….. “

ရှောင်ဟေးက အံ့ဩမှင်သွားကာ လောင်လျူကို ငေးကြည့်နေမိတော့သည်။

လုချန်ရှန်းမှာလည်း အလိုအလျောက် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူက ကောင်းကင်ဘုံ အကယ်ဒမီနှင့် အထက်နယ်မြေအကြားရှိ ပူးပေါင်းကြံစည်မှုကို သိနေပြီးသားဖြစ်သောကြောင့် လောင်လျူကို ကြည့်နေသည့် သူ၏ အကြည့်များ အနည်းငယ် ထူးဆန်းသွားခဲ့သည်။

တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူသည် မနေနိုင်တော့ဘဲ စကားထပ်ပြောလိုက်သည် “ တရန် အင်မော်တယ်တောင်က မင်းကို စီးတော်ယာဥ်အဖြစ်ခေါ်မှာလား (ဒါမှမဟုတ်) တိုက်ပွဲကျွန်အဖြစ် ခေါ်မှာလား “

“ မင်းက ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ “ လောင်လျူ ချက်ချင်းခုန်ထလာတော့လေသည် “ ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် ငါက သေချာပေါက်ကို ပင်မတပည့်ဖြစ်တာပေါ့။ သဘောတူထားပြီးသား။ ငါက သိပ်မကြာခင် အချိန်မှာပဲ အထက်လောကကို သွားတော့မှာ “

“ စိတ်တည်ငြိမ်အောင်ထားဖို့ ငါမင်းကို အကြံပေးလိုက်မယ် “

လောင်လျူက စကားထပ်ပြောနေတော့၏ “ မင်းက နည်းနည်းလေး မနာလိုဖြစ်နေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။ ငါက သဘောထားသေးသိမ်တဲ့ လူမဟုတ်ဘူး။ ငါ့ကို ကောင်းကောင်းဆက်ဆံနေသရွေ့ ငါမင်းကို မိတ်ဆက်ပေးလို့ရတယ် “

လုချန်ရှန်းသည် ထိုအကောင့်ကို မည်ကဲ့သို့ ရှင်းပြရမှန်းမသိ ဖြစ်သွားခဲ့သည်။ သူသည် သူက အမှန်တရားကို ပြောလိုက်မည်ဆိုလျှင်တောင်မှ လောင်လျူက သူ့ကို ယုံကြည်မည် မဟုတ်ဘူးဟုသာ ခံစားနေခဲ့ရ၏။

ထို့အပြင် ထိုအကောင်က မြောက်ကြွမြောက်ကြွဖြင့် အတော်ပင် မောက်မာနေခဲ့ပြီး ပြောပြနေသည့် လုချန်ရှန်းကိုပင် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းသွားစေခဲ့၏။

သို့ရာတွင် သူက စကားထပ်ပြောလိုက်သေး၏ “ လောင်လျူ သိုသိုသိပ်သိပ်နေ။ မင်းက အထက်နယ်မြေကိုတောင် မရောက်သေးဘူး။ ပြီးတော့ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်က မင်းကို ကာကွယ်ပေးမယ်ဆိုတာ သေချာလို့လား “

“ သေချာတာပေါ့ “ လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ထိပ်တန်းလျှို့ဝှက်တစ်ခုကို ငါသိတယ်။ ငါကသာ အဲ့ကိစ္စကို ပြောလိုက်သရွေ့ သူက ငါ့ကို ကျေးဇူးအကြီးကြီး တင်သွားလိမ့်မယ်။ ကူညီဖို့ကိုတောင် ငြင်းမှာ မဟုတ်ဘူး “

“ ဘာထိပ်တန်းလျှို့ဝှက်လဲ “

“ ထိပ်တန်းလျှို့ဝှက်ချက်ပါဆိုနေ။ မင်းတို့ကို ဘယ်လိုလုပ်ပြောပြလို့ရမှာလဲ။ ဒါပင်မဲ့ မင်းတို့ကို နည်းနည်းလောက် ပြောပြလို့ရတယ်။ အဲ့တာက တောင်ကောင်းကင်မြို့မှာ သူ့ကို တိုက်ခိုက်ခဲ့တဲ့လူပဲ “ ဟု လောင်လျူက တုံ့ပြန်လိုက်သည်။

ရှောင်ဟေးက လုချန်ရှန်းကို ချက်ချင်းလှည့်ကြည့်နေတော့လေသည်။

လုချန်ရှန်း၏ အမူအရာ ပြောင်းလဲသွားကာ တိမ်မြုပ်နေခဲ့သည့် အငြိုးအတေးများ ပြန်လည်ပေါ်ထွက်လာခဲ့၏။

၎င်းကို တွေးမိသွားသောအခါတွင် သူက ထပ်မံ၍ မေးမြန်းနေတော့သည် “ အဲ့လူက ဘယ်အင်အားစုကလဲ “

တစ်ချို့သော အကြောင်းအရင်းများကြောင့် လေထုက အနည်းငယ် ထူးဆန်းသွားခဲ့သည်။

သို့ရာတွင် လောင်လျူကမူ အရူးတစ်ယောက်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသော အကြည့်မျိုးဖြင့် လုချန်ရှန်းကို ကြည့်လာခဲ့ကာ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့လို ထိပ်တန်းလျှို့ဝှက်ချက်မျိုးကို မင်းကို ဘယ်လိုလုပ် ပြောရမှာလဲ။ တကယ်လို့ မင်းက သူတော်စင်ဆီကို ငါ့အရင်ကြိုသွားလိုက်မယ်ဆိုရင် ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေ အလဟာသ ဖြစ်သွားရမှာမဟုတ်ဘူးလား “

ရှောင်ဟေးက ၎င်းကို စောင့်ကြည့်နေရင်းဖြင့် တစ်ခုခု ပြောချင်နေခဲ့၏။

သို့ရာတွင် လုချန်ရှန်းက စကားဆက်ပြောနေခဲ့သည် “ ငါနဲ့ သဘောတူညီချက်တစ်ခု လုပ်မယ်ဆိုရင်ရော ဘယ်လိုလဲ “

“ ဘာကြီး “

“ ငါကလည်း မင်းကို ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ငါတို့က ဖလှယ်ကြရင် ဘယ်လိုလဲ။ မင်းမဆုံးရှုံးစေရဘူးဆိုတာကို ငါအာမခံတယ် “

ဟမ်

လောင်လျူ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။ အကယ်၍ တစ်ခြားလူတစ်ဦးသာ ဖြစ်နေမည်ဆိုပါက သူက ၎င်းကို လျစ်လျူရှုလိုက်မည်ဖြစ်သည်။ သို့သော် လုချန်ရှန်းကမူ ကွဲပြားသော ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ သူသည် ထိုအကောင်က အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ကာ ကူချန်ကျွင်းက ထောက်ပံ့ပေးထားပြီး ထိုလူမှာ အံ့ဖွယ်ကောင်းသော တစ်ချို့ကိစ္စများကို အမှန်တကယ် သိနေနိုင်ပေသည်။

“ ကောင်းပြီလေ။ ဒါပင်မဲ့ မင်းက ငါ့ကို မလိမ်ဘူးလို့ ကတိပေးရမယ်။ အဲ့တာက ထိပ်တန်းလျှို့ဝှက်ချက်တစ်ခု ဖြစ်နေရမယ် “

“ သေချာတာပေါ့ “

“ အိုကေ “

လူနှစ်ဦးက ချက်ချင်းဆိုသလိုပင် သဘောတူညီချက်တစ်ခု ပြုလုပ်လိုက်ပြီး လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည် “ အဲ့သူတော်စင်ကို တိုက်ခိုက်ခဲ့တာက ဘယ်သူလဲ “

လောင်လျူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ သူ၏လက်ကို မြှောက်လိုက်သည်။ သူ၏ စွမ်းအားများ မြင့်တက်လာခဲ့ပြီး တစ်ခြားလူတစ်ဦးဦးက ကြားသိသွားမည်ကို ကြောက်ရွံ့နေကာ ပတ်ဝန်းကျင်ကို ကာရံလိုက်၏။

မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်မှသာလျှင် စကားထပ်ပြောလာခဲ့သည် “ အဲ့တာက အထက်နယ်မြေရဲ့ ရွှေ/ဟွမ်ကျင်း မျိုးနွယ်စုက လူတစ်ယောက်ပဲ။ သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်နေတဲ့ နည်းလမ်းတစ်ခုခုကို ရခဲ့ပြီးတော့ တိုက်ခိုက်တဲ့ လူနဲ့ သူတို့ မျိုးနွယ်စုကြားမှာ ရှိတဲ့ ကံကြွေးချည်နှောင်မှုကို ဖြတ်လိုက်တယ်။ အဲ့တာကြောင့် ………… “

လုချန်ရှန်းက ကျန်ရှိနေသည့် ဇာတ်လမ်းတစ်ခုလုံးကို သိနေခဲ့ပြီးပြီ ဖြစ်သည်။

သူသည် ထိုကဲ့သို့သော နည်းလမ်းတစ်ခု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လောင်လျူ့ကို ငေးကြည့်ရာ သူက အလွန်တရာ ယုံကြည်မှု ရှိနေခဲ့၏။ ထိုအချိန်က လမ်းကြောင်းတွင် သူဖမ်းဆီးခဲ့သည့် ဆံဝါလူငယ်မှာ ဟွမ်ကျင်းမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦးပင် ဖြစ်သည်။

၎င်းကို တွေးမိသွားသောအခါတွင် သူတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သို့ရာတွင် လောင်လျူက စကားထပ်ပြောနေတော့သည် “ ကောင်းပြီလေ။ မင်းအလှည့်ပဲ “

“ ဘာကိုလဲ “

“ မင်းငါ့ကို ပြောပြမဲ့ ထိပ်တန်းလျှို့ဝှက်ချက်လေ။ မင်းက ငါ့ကို သစ္စာဖောက်ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား “

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

“ မြန်မြန်လုပ် ငါ့ကို ပြောပြတော့ “

လောင်လျူက စိတ်အားထက်သန်စွာဖြင့် အနားသို့ တိုးလာခဲ့လေသည်။

လုချန်ရှန်းက လေသံတိုးတိုးလေးဖြင့် ပြန်ပြောလိုက်သည် “ ငါမင်းကို ပြောပြမယ်။ မင်းက တစ်ခြားလူတွေကို ပြောပြလို့မဖြစ်ဘူး “

“ အိုကေ။ ပြဿနာမရှိဘူး။ ငါ့ပါးစပ်ကို ချိတ်ပိတ်ထားလိုက်မယ် “

“ မဟာတောရိုင်း နန်းတော်ရဲ့ သူတော်စင်ဆိုတာက ငါပဲ “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ချိုင့်ဝှမ်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။ ရှောင်ဟေးမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။ သူက အဲ့တာကို တကယ်ကြီး ပြောပြလိုက်တယ်ပေါ့။

သို့သော် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးသည့်နောက်တွင် လောင်လျူ၏ တည်ငြိမ်မှုက လုံးဝပျက်ပြားသွားခဲ့သည်။

“ လုချန်ရှန်း ….. မင်း …. မင်း …… မင်း “

“ ဘာလဲ “

“ မင်းက လူမဟုတ်ဘူး။ မင်းက အရိုးသားလူတွေကို လိမ်နေတာ။ ငါ့ဆီကနေ သတင်းနှိုက်ဖို့အတွက် ငါ့ကို လှည့်စားဖို့ကြံနေတယ်ပေါ့လေ။ ငါက မင်းကို ညီအစ်ကိုတစ်ယောက်လို ဆက်ဆံခဲ့တာလေ။ မင်းသေသွားတဲ့အချိန်တုန်းက မင်းရဲ့ ဈာပနမှာ ငါနှစ်ရက်တိတိ ငိုခဲ့ရတာ။ မင်းက ငါ့ကို အခုလိုမျိုး လှည့်စားနေတယ်ပေါ့။ ကောင်းကင်ဘုံခင်ဗျာ …….. “

ချက်ချင်းဆိုသလိုပင် လောင်လျူမှာ ဝမ်းနည်းတကြီး မြည်ကြွေးနေတော့သည်။

လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။

လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ငါမင်းကို ရိုးရိုးသားသား ဆက်ဆံခဲ့တာလေ။ မင်းက ငါ့ကို ဒီလိုမျိုး လှည့်စားနေတယ်ပေါ့။ လူတွေကြားမှာ ရှိတဲ့ ကတိက ဘယ်ရောက်သွားတာလဲ။ မင်းက အရိုးသားဆုံး လူတွေကိုတောင် လိမ်ညာလှည့်စားနေတာလား “

“ ငါမင်းကို မလိမ်ပါဘူး။ ငါက အဲ့ဒီသူတော်စင်လေ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူက သူ၏ စိတ်ခံစားချက်များကို မချုပ်တည်းထားနိုင်တော့ဘဲ ငိုချလုနီးပါး ဖြစ်သွားခဲ့သည်။ သူသည် သူက ထိုလူ့ကို အနိုင်မယူနိုင်ရုံတင်မဟုတ်ဘဲ ထိုကဲ့သို့သော လှည့်စားခြင်းကိုပါ ခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရှောင်ဟေးမှာလည်း ဘာပြောရမှန်းသိ ဖြစ်သွားခဲ့သည်။ သူသည် ၎င်းနှင့်ပတ်သက်၍ မည်သည့်အရာကမှ မမှားယွင်းဘူးဟုသာ ခံစားနေခဲ့ရသည်။ သို့သော် သူသည် ရှေ့တက်ကာ နှိစ်သိမ့်ပေးနေတော့သည်။

“ ကောင်းပြီလေ။ ငိုနေတာကို ရပ်လိုက်တော့။ အဲ့တာက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး “

လောင်လျူ : “ ငါနိုး….. မအေ…… ကိုယ်….. စ……. “

သူသည် အချိန်အတော်ကြာ အော်ဟစ်ဆဲဆိုနေတော့လေသည်။ လုချန်ရှန်းကမူ သူ့ကို လျစ်လျူရှုထားကာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှ စကားထပ်ပြောနေတော့သည် “ စကားကောင်းကောင်း ပြောကြစို့။ ငါကတိတည်လို့ မင်းကို ပြောပြခဲ့ပြီးပြီ။ မင်းဘာသာ အဲ့တာကို မယုံတာ။ ဆိုတော့ ငါ့ကို အပြစ်လာတင်မနေနဲ့ “

“ အဲ့သောက်ပေါက်ကရကို ဘယ်သူက ယုံမှာလဲ “ လောင်လျူမှာ အံတကြိတ်ကြိတ်ဖြစ်သွားပြီး အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းခဲ့ပြီးမှ စကားထပ်ပြောနေတော့သည် “ မေ့လိုက်တော့။ မင်းက မဟာတောရိုင်း နန်းတော်ကို ငါ့ထပ်အရင်ကြိုသွားလို့ မရဘူး “

“ ကောင်းပြီလေ “

လုချန်ရှန်းက တက်တက်ကြွကြွ သဘောတူလိုက်၏။ ယခုလေးတင်မှ ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် အချိန်တိုအတွင်း ထိုနေရာသို့ ပြန်သွားမည် မဟုတ်ပေ။

ထိုအချိန်မှသာလျှင် လောင်လျူ၏ စိတ်ခံစားချက်များ အနည်းငယ် တည်ငြိမ်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ ငါတို့က ဒီကိုရောက်နေပြီဆိုမှတော့ အဲ့ဒီတရန် အင်မော်တယ်တောင်က လူကို ကူရှာပေးဦး “

“ သောက်ကျိုးနည်း ငါ့ကို လိမ်တာနဲ့တင် အားမရလို့ ငါ့ရဲ့ အဆက်အသွယ်တွေကိုပါ ခိုးယူချင်နေတယ်ပေါ့။ မင်းက တကယ်ကို လူမဟုတ်ဘူးပဲ “

လောင်လျူက ထိုအကောင်က ထိုမျှလောက်အထိ ပြုလုပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

--

…………………………………………………………………………………………………………………………………………

All Chapters