← Chapters

အခန်း ၃၄၁

Vol. 23 Ch. 341

အခန်း ၃၄၁

Vol. 23 Ch. 341

အပိုင်း ( 341 )

ခင်ဗျားက ပါရမီရှင်ကို ရှာနေတာလား(ဒါမှမဟုတ်) လင်ရှာနေတာလား။

ကမ္ဘာငယ်အတွင်း၌ အကြိတ်အနယ် စကားပြောဆိုခဲ့ကြပြီးသည့်နောက်တွင် လောင်လျူမှာ တရန် အင်မော်တယ်တောင်၏ လူကို ရှာဖွေပေးရန် သဘောတူလိုက်သည်။

ထိုအခိုက်အတန့်တွင် သူတို့ မြင်တွေ့လိုက်ရသည့် အရာမှာ ကြည်လင်သော ရေကန်တို့ဖြင့် ပြည့်နှက်နေသည့် လှပသော အင်မော်တယ် တောင်တစ်လုံးပင် ဖြစ်သည်။

သူတို့သုံးဦးက ရေကန်ဆီသို့ ရောက်ရှိသွားချိန်၌ ကမ်းစပ်တွင် လှပသော ပုံရိပ်တစ်ခု ရှိနေသည်ကို မြင်တွေ့သွားခဲ့သည်။ ရေမျက်နှာပြင်ပေါ်တွင် သူမ၏ ကျက်သရေရှိသော ပုံရိပ်တစ်ခု ယောင်ပြန်ဟပ်နေလျက်ရှိ၏။

အဆိုပါ အမျိုးသမီးက ရှည်သွယ်သွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကာ မတ်တပ်ရပ်နေလျက်ရှိ၏။ သူမ၏ အနက်ရောင် ဆံသားများက ရေတံခွန်တစ်ခုပမာ လေယူရာ ယိမ်းနွဲ့နေလျက်ရှိ၏။

တစ်စုံတစ်ဦး ချဥ်းကပ်လာသည်ကို ခံစားလိုက်ရသောအခါတွင် သူမက လှည့်ကြည့်လာခဲ့ပြီး သူတို့၏ အရှေ့တွင် လှပသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူတို့က သူမကို မြင်လိုက်ရသောအချိန်တွင် ရှောင်ဟေးက အံ့အားသင့်သွားကာ လုချန်ရှန်းမှာလည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော ဆွဲဆောင်မှုက ရှားပါးလွန်းလှသည်။ ၎င်းက အေးစက်မြင့်မြတ်နေခြင်း မဟုတ်ဘဲ နှစ်လိုဖွယ်ကောင်းကာ တောက်ပနေခြင်းဖြစ်သည်။ မြင်တွေ့ရသူတိုင်းကို တောက်ပကာ ပျော်ရွှင်စေသည့် စိတ်ခံစားချက်ကို ခံစားသွားရစေခဲ့သည်။

၎င်းမှာ နေသာနေချိန်တွင် လူတစ်ဦ၏ မျက်နှာကို လေပြေလေညင်းတစ်ခုက လာရောက်ပွေ့ဖက်သွားသည့်အလား ဖြစ်နေခဲ့သည်။

“ မင်ရှန်ကျီ ကျွန်တော်ဒီမှာ “

လောင်လျူက စကားပြောလိုက်ပြီး မရပ်မနား ပြုံးနေခဲ့ကာ ပြုံးနေလွန်းနေသဖြင့် အနားသို့ ရောက်ရှိသွားချိန်တွင် တံတွေးများ စီးကျလုနီးပါးပင် ဖြစ်နေခဲ့သည်။

အဆိုပါ အမျိုးသမီးက အပြုံးဖြင့် တုံ့ပြန်လာခဲ့၏။

သို့ရာ၌ လောင်လျူ့ဘေးဘက်တွင် ရှိနေသည့် လူနှစ်ဦးကို မြင်လိုက်ရသောအချိန်၌ သူမ၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။ သူမက လုချန်ရှန်းကိုသာ စိုက်ကြည့်နေတော့လေသည်။

၎င်းမှာ သူမက သူကဲ့သို့သော လူမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသည့်ပမာ ဖြစ်နေခဲ့သည်။ တစ်ကြိမ်မျှမြင်တွေ့ရရုံဖြင့် သူက ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများကို အောင်နိုင်သွားပေလိမ့်မည်။

လောင်လျူသည် ထိုအကြည့်ကို သတိပြုမိသွားကာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထိုလူ့ကို ခေါ်လာခဲ့မိသည့်အတွက် နောင်တရသွားခဲ့သည်။

“ ဒါက ဘယ်သူလဲ “ ဟု အမျိုးသမီးက မေးမြန်းလိုက်၏။

ထိုစဥ် ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ လူနှစ်ယောက်ရှိနေတာကို ငါ့ကို လုံးဝမတည်ရှိသလိုမျိုး လျစ်လျူရှုထားတယ်ပေါ့။

လောင်လျူက ဝင်ပြောလိုက်သည် “ သူက လုချန်ရှန်း “

“ သူသေသွားပြီ မဟုတ်ဘူးလား “

“ အမ် ……. “

လုချန်ရှန်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

လောင်လျူက ရှင်းပြနေတော့၏ “ ကိစ္စတွေက နည်းနည်းလေး ရှုပ်ထွေးတယ်။ အတိုချုပ်ပြောရရင် သူမသေဘူး။ ကျန်တာတွေကတော့ ငါမင်းကို မိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး “

လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။ အဲ့တာက ဘာစကားကြီးလဲဟ။

သို့ရာတွင် ထိုအမျိုးသမီးမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ သူမသည် လုချန်ရှန်းကို အထက်အောက် စုံချည်ဆန်ချည် မကြည့်ရှုမစစ်ဆေးဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။ သူမသည် သူ့ကို သေသေချာချာ ငေးကြည့်နေခဲ့ပြီး မျက်တောင်ပင် မခတ်ဘဲ သုံးလေးကြိမ်အထိ လှည့်ပတ်ကြည့်ရှုနေခဲ့၏။

“ သူက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်နေပြီ။ ငယ်ငယ်လေးနဲ့ တကယ်ကို ထူးခြားတယ်။ ချောလွန်းနေတဲ့ ရုပ်ရည်က ပိုပြီးတော့တောင် အသက်ရှူမှားသွားစေတယ်။ ထျန်းယွင်ပြည်နယ် တစ်ခုလုံးမှာတောင်မှ အဲ့လိုလူမျိုး မရှိဘူး။ ဒါပင်မဲ့ သူက နည်းနည်းပိန်နေပြီးတော့ တောင့်တောင့်တင်းတင်း မရှိဘူး။ ချောတယ်ဆိုပင်မဲ့ နည်းနည်းလေး မိန်းမဆန်နေတယ် “

လုချန်ရှန်း : “ ??? “

အဲ့တာက ဘာစကားကြီးလဲ။ အထက်နယ်မြေအတွက် ပါရမီရှင်တွေ ရှာနေတာဆို ငါ့ရုပ်ရည် ခန္ဓာကိုယ်နဲ့ ပုံစံအကြောင်းကို မှတ်ချက်လာပေးနေတယ်ပေါ့။ သူမက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူမက သူ၏ မွေးရာပါ ဝိညာဥ်နယ်ပယ် အရှိန်အဝါကိုသာ အာရုံခံမိခဲ့သောကြောင့် မွေးရာပါ ဝိညာဥ်နယ်ပယ် အဆင့်၁တွင်သာ ရှိနေဖို့များသည်။ လောင်လျူနှင့် ရှောင်ဟေးတို့က ၎င်းကို နေသားကျနေခဲ့ပြီ ဖြစ်သည်။

ထို့နောက်တွင် အမျိုးသမီးက ရှောင်ဟေးကို ကြည့်ကာ စကားပြောလိုက်သည် “ ဆိုတော့ ဒီဟာက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ သခင်ငယ်ပေါ့ “

“ ဩုတ်တယ် “ ဟု လောင်လျူက ပြန်ပြောလိုက်သည်။

အမျိုးသမီးက ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်သည် “ သူက တော်တော်လေးကို ထူးခြားတယ်။ ရုပ်ချောတယ်။ ဒါပင်မဲ့ တောင့်တောင့်တင်းတင်း မရှိဘူး။ အဲ့တာက အဲ့မျိုးနွယ်စုရဲ့ ဝိသေသ လက္ခဏာဖြစ်သင့်တယ်။ နည်းနည်းလေး မိန်းမဆန်နေတယ် “

ရှောင်ဟေးမှာ ဆွံ့အသွားခဲ့သည်။

လုချန်ရှန်း မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောနေတော့သည် “ အဲ့တာဆိုရင် နင်က ဘယ်လိုလူမျိုးကို ရှာနေတာလဲ “

“ ရုပ်ရည်က အဆင်ပြေပါတယ်။ ပါရမီလည်း ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ချောလေလေ ပိုကောင်းလေလေပဲ။ လမ်းလျှောက်နေတဲ့ ကျားတစ်ကောင်လို ပုံစံမျိုး တောင်တန်းနဲ့ မြစ်တွေကို ဝါးမျိုချင်နေတဲ့ စိတ်ဓာတ်မျိုး နည်းနည်းလေး ပိုတောင့်နေတာမျိုး ……… “

အမျိုးသမီးက လေးလေးနက်နက်ထား၍ ပြန်ဖြေနေခဲ့ပြီး စကားပြောနေရင်းဖြင့် အတွေးများလွင့်မျောသွားခဲ့သည်။

“ နင်က ဒီကို ပါရမီရှင်ရှာဖို့ ရောက်လာတာလား(ဒါမှမဟုတ်) လင်ရှာဖို့ ရောက်လာတာလား “

“ ဟမ် “

အမျိုးသမီးမှာ အံ့ဩမှင်သက်သွားပြီး တစ်ခဏ အကြာမှ သတိပြန်ဝင်သွားကာ စကားထပ်ပြောနေတော့သည် “ ငါက ပါရမီရှင်တွေကို လမ်းညွှန်ပေးဖို့အတွက် ရှိနေတာပေါ့ “

“ ငါကြားတာတော့ နင်က လောင်လျူကို အထက်နယ်မြေဆီ ခေါ်သွားမှာဆို “

“ ဟုတ်တယ်လေ “

“ အဲ့တာဆိုရင် သူ့ကို တရန် အင်မော်တယ် တောင်ဆီ‌ခေါ်သွားတာက စီးတော်ယာဥ်လုပ်ခိုင်းဖို့လား (ဒါမှမဟုတ်) တိုက်ပွဲကျွန်လား (ဒါမှမဟုတ်) တောင်စောင့် သားရဲ လုပ်ခိုင်းဖို့လား “

လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။

လောင်လျူကမူ မကျေမနပ် ဖြစ်သွားကာ ခွန်းတုံ့ပြန်၍ ပြင်လိုက်သည်။

သို့သော် ထိုအမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားပြီး မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ နင်က အဲ့တာတွေကို တကယ်ကြီး သိနေတယ်ပေါ့ “

“ ဘာဖြစ်တယ် “

လောင်လျူမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ သူသည် တဖက်လူက ၎င်းကို ဝန်ခံလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရှောင်ဟေးမှာလည်း ထိုကိစ္စများက အမှန်တကယ် မှန်ကန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ နင်က ဝန်ခံလိုက်တာလား “

“ အဲ့လိုကိစ္စတွေကို ကောင်းကင်ဘုံ အကယ်ဒမီနဲ့ အဲ့အင်အားစုတွေက လုပ်ကြတာ။ ငါတို့ တရန် အင်မော်တယ်တောင်နဲ့ ဘာမှမဆိုင်ဘူး။ ငါက ပါရမီရှင်တွေကို တကယ်လမ်းညွှန်ပေးနေတာ “

“ အို့။ အဲ့လိုလား “

လုချန်ရှန်းက မျက်ခုံးတစ်ဖက် ပင့်တက်သွားကာ သူမကို ငေးကြည့်နေတော့သည်။

အမျိုးသမီးက လေကုန်ခံချင်ပုံမရဘဲ ကောင်းကင်ဘုံကို တိုင်တည်ကာ တိုက်ရိုက်ကျိန်ဆိုလိုက်သည်။

အဆိုပါ ပြတ်သားမှုက အမှန်ပင် အံ့ဖွယ်ကောင်းလွန်းနေခဲ့သည်။ ကျိန်ဆိုခြင်းဆိုသည်မှာ ပေါ့ပေါ့တန်တန် လုပ်ဆောင်သင့်သော အရာမဟုတ်ပေ။ အထူးသဖြင့် ကောင်းကင်ဘုံနှင့် တိုင်တည်ရသည့် ထိုကဲ့သို့သော ကျိန်ဆိုမှုမျိုးက အခြေအနေ တော်တော်များများနှင့် ကိုက်ညီမှသာ လုပ်ဆောင်၍ရသော အရာတစ်ခုဖြစ်ပေသည်။

သူမက ကျိန်ဆိုခဲ့ပြီးသည့်နောက်တွင် မဟာတာအို လှုပ်ရမ်းသွားကာ ကျိန်ဆိုမှုကို အသိအမှတ် ပြုလာခဲ့၏။

“ ငါ့ကို ယုံပြီလား “ ဟု အမျိုးသမီးက မေးမြန်းလာခဲ့၏။

လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

သို့ရာတွင် အမျိုးသမီးက စကားဆက်ပြောလာခဲ့၏ “ နင်တို့တွေက စိတ်အေးအေးထားပြီးတော့ ငါ့နောက်ကို လိုက်ခဲ့လို့ရတယ်။ ငါတို့က အဲ့လို လုပ်ရပ်မျိုးတွေကို သေချာပေါက် မလုပ်ဘူး “

“ နေဦး “ ဟု လုချန်ရှန်း ကြားဖြတ်ပြောလိုက်သည် “ ငါတို့က နင်နဲ့သွားမယ်လို့ ဘယ်သူက ပြောလို့လဲ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အမျိုးသမီးက မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလာခဲ့သည် “ ငါ့ရဲ့ တရန် အင်မော်တယ်တောင်နဲ့ ပူးပေါင်းဖို့အတွက် လောင်လျူက နင်တို့ကို ဖိတ်ခေါ်ခဲ့တာ မဟုတ်ဘူးလား “

“ နင်အတွေးလွန်နေတာပဲ “

“ အဲ့တာဆိုရင် နင်တို့က ဒီကို ဘာလာလုပ်ကြတာလဲ “

“ မေးစရာရှိလို့။ ရှေးခေတ်သူတော်စင်ကို တောင်ကောင်းကင်မြို့မှာ တိုက်ခိုက်ခဲ့တဲ့ လူက ဟွမ်ကျင်းမျိုးနွယ်စုကလား “

အမျိုးသမီးသည် မနေနိုင်တော့ဘဲ လောင်လျူ့ကို ငေးကြည်မိသွားခဲ့သည်။ သို့သော် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ အေးအေးလူလူပြန်ပြောလာခဲ့သည် “ ဟုတ်တယ် “

“ နင်က အဲ့တာကို ဘယ်ကနေ ကြားခဲ့တာလဲ “

“ သူက ဟွမ်ကျင်းမျိုးနွယ်စုက လူလေ။ ငါသူ့ကို အရင်က တွေ့ဖူးတယ် “

“ သေချာလား “ လုချန်ရှန်းက ထပ်မံ၍ အတည်ပြုနေတော့၏။

အမျိုးသမီးက စိတ်မရှည်မဖြစ်သွားဘဲ ခေါင်းငြိမ့်၍ ပြန်ပြောလာခဲ့သည် “ ငါတို့နဲ့ သူတို့ကြားမှာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ပဋိပက္ခလေးတွေ ဖြစ်ခဲ့တယ်။ အဲ့တာကြောင့် သူတို့ကို မြင်ဖူးတယ် “

သူမက လုချန်ရှန်းကို ခေါ်ယူချင်နေပုံရပြီး ရိုးသားမှုကို ပြသကာ ဘခင်က သူမမြင်တွေ့ခဲ့ရသည့် မှတ်ဉာဏ်များ အပိုင်းအစကို ပြသလာခဲ့၏။

“ တော်တော်လေး တူတာပဲ “

ထိုအချိန်မှသာလျှင် အမျိုးသမီးက ထပ်မံ၍ မေးမြန်းလိုက်သည် “ အဲ့တာတွေကို ဘာဖြစ်လို့ မေးနေရတာလဲ။ ရန်ငြိုးရှိလို့လား “

“ သူတော်စင်နဲ့ ငါက ရင်းနှီးတဲ့ မိတ်ဆွေတွေ။ သူ့အတွက် ငါမေးပေးတာ “

“ အဲ့တာဆိုရင်တော့ စိတ်ချလက်ချ နေဖို့ သူ့ကို ပြောလိုက်လို့ရတယ်။ အဲ့တာကို ငါအာမခံနိုင်တယ် “

“ ကြည့်ရတာတော့ နင်တို့ဆီမှာလည်း ရန်ကြွေးလေးတွေ ရှိနေတဲ့ပုံပဲ “လုချန်ရှန်းမှာ စိတ်ဝင်တစား ဖြစ်သွားခဲ့သည်။

ရှောင်ဟေးကမူ ဘေးတစ်ဖက်တွင်သာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သို့ရာတွင် အမျိုးသမီးက စကားထပ်ပြောလာခဲ့၏ “ ငါတို့အင်အားစုက သူတို့ကို မကျေမနပ်ဖြစ်နေတာ။ ဒီတစ်ခေါက် အောက်လောကကို ဆင်းလာဖို့အတွက် ငါက တန်ကြေးကြီးကြီး ပေးခဲ့ရတယ်။ အဲ့ကောင်တွေက ငါ့ကို ဆက်တိုက်ပစ်မှတ်ထားနေတာ “

သူမသည် ထိုကိစ္စများကို ပြောနေရင်းဖြင့် ဒေါသတကြီး ဖြစ်သွားခဲ့သည်။

လောင်လျူမှာလည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ သူကလည်း ထိုကိစ္စကို မြင်တွေ့ခဲ့ဖူး၏။ သူသည် လမ်းမထက်ရှိ မတရားမှုကို မြင်တွေ့လိုက်ရပြီး အလှလေးကို တပ်မက်မိကာ ကူညီပေးလိုက်သည်။ ထို့ကြောင့်ပင် အဆိုပါ အမျိုးသမီးနှင့် သိရှိခဲ့ရခြင်းဖြစ်သည်။

လုချန်ရှန်းမှာလည်း သဘောပေါက်သွားကာ ပြောလိုက်သည် “ နင်တို့ရဲ့ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ဖို့ တစ်ခြားတစ်ယောက်ယောက်ကို အသုံးချမလို့ ကြံနေတာလား “

“ မဆင်းလာခင် အချိန်တုန်းက သူတို့ကို မတိုက်ခိုက်ဖို့အတွက် သဘောတူခဲ့ရတယ်။ အဲ့တာကြောင့်မဟုတ်ဘူးဆိုရင် သူတို့ကို သတ်လိုက်တာ အတော်လေးကို ကြာနေလောက်ပြီ “

အမျိုးသမီးမှာ ပိုပို၍ ဒေါသထွက်သွားခဲ့ပြီး ရှောင်ဟေးသည် ၎င်းက ယုတ္တိရှိသည်ဟု ခံစားသွားခဲ့ရသည်။

လောင်လျူသည် သူမ၏ စစ်မှန်မှုကို အတည်ပြုပေးရန်အတွက် စကားအနည်းငယ်ဝင် ပြောပေးချင်သွားခဲ့သည်။ သို့သော် သူသည် လုချန်ရှန်းက မျက်လုံးများ တောက်ပသွားကာ တပြုံးပြုံးဖြစ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

“ လှုပ်ရှားဖို့ မသင့်တော်ဘူးလား “

“ ဟုတ်တယ် “

“ ပြဿနာ မရှိဘူး။ ငါ့ကိုသာ လာရှာလိုက် “

“ နင်လား “

“ အမှန်ပဲ။ အဲ့လိုကိစ္စမျိုးတွေအတွက် ငါ့ကိုသာ လာရှာလိုက်။ ဘယ်လိုအငြိုးအတေးပဲရှိရှိ ဘယ်သူ့ကိုပဲ လိုချင်နေနေ ငါ့ကိုသာ သတိရလိုက်။ အသေလိုချင်လား အရှင်လိုချင်လား ဆိုတာကိုပဲပြောလိုက်။ ပရိုကျကျ လုပ်ပေးမယ်။ လှည့်စားမှု မရှိဘူး “

ချကချင်းဆိုသလိုပင် အဆိုပါ အမျိုးသမီးမှာ အံ့ဩမှင်သက်သွားခဲ့သည်။

လောင်လျူမှာလည်း အငြိုးအတေးတွေ ရန်ငြိုးများ အကြောင်းပြောနေသည့် စကားဝိုင်းက စီးပွားရေးဘက်သို့ ကူးပြောင်းသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဒီကောင်က အခွင့်အရေးတိုင်းကို အမြတ်ထုတ်နေတာပဲဟ။

သို့ရာတွင် ရှောင်ဟေးကမူ ၎င်းနှင့် အတော်ပင် နေသားကျနေခဲ့ပြီဖြစ်ပြီး ၎င်းက သူ့အတွက် သာမန်ကိစ္စတစ်ခုသာ ဖြစ်နေခဲ့ပြီဖြစ်သည်။

ငွေသာရှိနေသရွေ့ အကယ်၍ သူမဖြေရှင်းနိုင်ဘူးဆိုလျှင်တောင်မှ ဖြေရှင်းနိုင်သည့် တစ်ခြားလူများကို ရှာဖွေမည် ဖြစ်သည်။ ထို့အပြင် ထိုအမျိုးသမီး တိုက်ခိုက်ချင်နေသည့် လူများက သူနှင့် ရန်ကြွေးရှိသည့်လူများ ဖြစ်နေခဲ့သည်။

--

………………………………………………………………………………………………………………………………………….

All Chapters