← Chapters

အခန်း ၃၄၂

Vol. 23 Ch. 342

အခန်း ၃၄၂

Vol. 23 Ch. 342

အပိုင်း ( 342 )

ငွေမလိုချင်တော့ဘူး။ နင့်ရဲ့ သူငယ်ချင်းပဲ ဖြစ်ချင်တော့တယ်

လုချန်ရှန်း၏ စကားလုံးများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အမျိုးသမီးမှာ အငိုက်မိသွားကာ တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေတော့၏။

သူမသည် ထိုကဲ့သို့သော ဖြစ်နိုင်ခြေမျိုး ရှိနေမည်ဟု မထင်မှတ်ထားသည့်ပုံပင်။ သူမ၏ အမူအရာပင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူမက အမှန်တကယ် အဆွဲဆောင်ခံလိုက်ရသည်။

သို့သော် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင်မူ သူမက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ မေ့လိုက်တော့။ နင့်အကြောင်း ကောလဟာလတွေ ကြားခဲ့ရတယ်ဆိုပင်မဲ့ သူတို့က တကယ်ထူးခြားတယ်။ နင်က သူတို့ကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး “

လုချန်ရှန်း၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။ ဘာကိစ္စ အခွင့်အရေး တစ်ခုတောင် မပေးရတာလဲ။

အဆိုပါ အမျိုးသမီးက စကားထပ်ပြောလာခဲ့၏ “ လူငယ်လေး ငါနင့်ကို အထင်သေးနေတာ မဟုတ်ဘူး။ အဲ့တာက အမှန်တရားပဲ။ ဟွမ်ကျင်းမျိုးနွယ်စုရဲ့ အစစ်အမှန်ပုံစံက ရွှေအကြေးခွံနဂါးပဲ နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်လို့ ကောလဟာလထွက်နေတယ်။ သူတို့က တော်တော်လေးကို စွမ်းတယ်။ ဒီတစ်ခါ ရောက်လာခဲ့တဲ့ လူတွေက သူတို့မျိုးနွယ်စုရဲ့ ပါရမီရှင်တွေချည်းပဲ။ လူတော်တော်များများက မွေးရာပါ ဝိညာဥ်အဆင့်၉မှာ ရှိနေကြတာ “

“ မျိုးနွယ်စု ခေါင်းဆောင်အဖြစ် လျာထားတဲ့ ကိုယ်စားလှယ်လောင်းတောင် ရှိတယ်။ သူက ဟွာရှုနယ်ပယ် အဆင့်၁ကို ရောက်နေပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ၎င်းက ယုတ္တိရှိသည်ဟု လူတိုင်းက ခံစားသွားခဲ့ရသည်။

လုချန်ရှန်းမှာလည်း ၎င်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားလိုက်ရခြင်းဖြစ်သည်။

အမျိုးသမီးက ဆက်လက်၍ ရှင်းပြလာခဲ့၏ “ ဒီအစ်မလေးက မြောက်ပိုင်းကုန်းမြေကို အထင်သေးနေတာ မဟုတ်ဘူး။ ထျန်းယွင်ပြည်နယ်နဲ့ ယှဥ်လိုက်မယ်ဆိုရင် မြောက်ပိုင်းကုန်းမြေက တော်တော်လေးကို တောကျတယ်။ ပါရမီတူရင်တောင်မှ ထျန်းယွင်ပြည်နယ်မှာ ကျင့်ကြံတဲ့ လူတွေက ပိုစွမ်းတယ် “

“ အဲ့တာက ငါက အောက်လောကကို ဆင်းလာပြီးတော့ ဂိုဏ်းအတွက် ပါရမီရှင်တွေ လာရှာရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ။ အဲ့လိုလူတွေက ထျန်းယွင်ပြည်နယ်ကို ရောက်သွားတာနဲ့ ပိုပြီးတော့ အစွမ်းထက်လာကြမှာပဲ။ လူတစ်ချို့ဆိုရင် အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်သွားကြမှာ “

သူမသည် ကမ္ဘာလောက အခြေခံဖြစ်စဥ်များအကြောင်းကို ရှင်းပြကာ ကမ္ဘာနှစ်ခု၏ ကွာခြားချက်များကို အထင်သေးခြင်း(သို့) မထီမဲ့မြင် ပြုနေခြင်းမျိုး မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောပြနေခဲ့၏။

ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ စကားဝင်ပြောလာခဲ့၏ “ တစ်ခြား အကြောင်းပြချက်တွေ ရှိနေသေးတယ်လို့ ဆိုလိုချင်တာလား “

“ ဟုတ်တယ် “ အမျိုးသမီးသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားဆက်ပြောလာခဲ့သည် “ ကုန်းမြေဆယ်ခုက မသိလောက်ဘူး ဆိုပင်မဲ့ တိုက်ကြီးကိုးခုကတော့ သဲလွန်စလေးတွေ တွေ့ထားခဲ့ပြီ။ သိပ်မကြာခင် အချိန်ကမှ ထိခိုက်နေခဲ့တဲ့ ကောင်းကင်ဘုံ တာအိုက သူ့အလိုလို ပြန်ကောင်းလာခဲ့တယ်။ တိုက်ကြီးကိုးခုရဲ့ တိုးတက်မှုက ကုန်းမြေဆယ်ခုထပ် ပိုမြန်နေတယ်။ တကယ်လို့ ငါတို့ကသာ သက်ရှိသတ္တဝါတွေကို ပြန်ခေါ်သွားနိုင်မယ်ဆိုရင် တိုးတက်မှုကို အမှီလိုက်ပြီးတော့ တိုက်ကြီးကိုးခုရဲ့ အရင်းအမြစ် ကြွယ်ဝမှုနှင့် ပေါင်းစည်းလိုက်မယ်ဆိုရင် ထူးခြားတဲ့ တည်ရှိမှုတွေကို တကယ်ကြီး ဖန်တီးနိုင်လောက်တယ် “

လူတိုင်း သဘောပေါက်သွားခဲ့သည်။ အခွင့်အလမ်းတစ်ခု ပေါ်ထွက်လာတော့မည် ဖြစ်ပြီး တရန် အင်မော်တယ်တောင်က ၎င်းက အရမယူနိုင်မည်ကို ကြောက်လန့်စိုးထိတ်နေခဲ့သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက ၎င်းကို ရရှိစေရန်အလို့ငှာ တပည့်များကို ပိုမိုခေါ်ယူချင်နေခဲ့၏။

လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ အမှန်ပဲ။ မင်က ဒီအခွင့်အရေးကို ပိုပြီးတော့တောင် အသုံးချသင့်တယ်။ အခုလက်ရှိ အချိန်ကို အခွင့်အရေး ယူပြီးတော့ နင့်ရဲ့ ပြိုင်ဘက်တွေကို ရှင်းထုတ်လိုက်။ အဲ့လိုမှ မဟုတ်ဘဲ သူတို့က အထက်လောကကို ပြန်ရောက်သွားမယ်ဆိုရင် နင်ဘာသွားလုပ်တော့မှာလဲ။ အဲ့အချိန်ကျရင် ခက်သွားလိမ့်မယ် “

ရှောင်ဟေး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

သို့ရာတွင် လောင်လျူမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ဒီကောင်က သူမရဲ့ ဝိညာဥ်ကျောက်တုံးတွေကို ဘယ်လောက်တောင် လိုချင်နေတာလဲဟ။ စကားတစ်ခွန်းမှ နားမထောင်ဘဲ သူ့ကို အလုပ်ပေးဖို့ပဲ ဖျောင်းဖျနေတယ်ပေါ့။

ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတာအို ပြန်လည်ကောင်းမွန်ခြင်းနှင့် တာအို၏ လျှို့ဝှက်ချက် အမှန်တရားများအတွက်ကိုမူ သူသည် ၎င်းတို့က အလွန်တရာ မှော်ဆန်လွန်းသည်ဟု ခံစားနေခဲ့ရ၏။ လုချန်ရှန်းအတွက်မူ ဝိညာဥ်ကျောက်တုံးများ အရင်ဦးဆုံးရရှိခြင်းက အမှန်တကယ် အရေးကြီးလှသည်။

သူက တစ်ခြားလူများ၏ ဝိညာဥကျောက်တုံးများကို လိုချင်နေခြင်း မဟုတ်ပေ။ သို့သော် ကောင်းကင်ဘုံ အကယ်ဒမီမှအပ ထျန်းရီ ဗုဒ္ဓဂိုဏ်းနှင့် တစ်ခြားသော အင်အားစုများထံတွင် ဝိညာဥ်ကျောက်တုံး များများစားစား မကျန်တော့ပေ။

ဝိညာဥ်ကျောက်တုံးများက အသုံးဝင်သော်လည်း တစ်ခြားသော ကျင့်ကြံရေး အရင်းအမြစ်များက ပိုမိုအသုံးဝင်ပေသည်။ လူတော်တော်များများက ၎င်းတို့ကိုအား စုဆောင်းသိမ်းဆည်းရခြင်းကို ပိုမိုနှစ်သက်ကြလေသည်။

ထိုလူများထံတွင် ရှိနေခဲ့သည့် သန်းရာပေါင်းများစွာ သူက ညှစ်ထုတ်ထားခဲ့ပြီးပြီဖြစ်ပြီး ကောင်းကင်ဘုံ အကယ်ဒမီအတွက်မူ သူသည် ၎င်းကို မည်ကဲ့သို့ ကိုင်တွယ်ရမလဲဆိုသည်ကို မသိပေ။

အမျိုးသမီးသည် အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလာခဲ့သည် “ ဒီမှာလည်း ပြန်ကောင်းလာတယ်ဆိုပင်မဲ့ တိုက်ကြီးကိုးခုမှာက ကုန်းမြေဆယ်ခုမှာထပ် ပိုမြန်တယ်။ အဲ့လူတွေ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေ ပြန်ကောင်းလာတာကနေ အကျိုးအမြတ်တော်တော်များများ ရိတ်သိမ်းခဲ့ပြီးပြီ။ သူတို့တွေက တော်တော်လေးကို ကြောက်ဖို့ကောင်းနေကြပြီ “

စကားများနေခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းမှာ အနည်းငယ် စိတ်မရှည် ဖြစ်သွားခဲ့သည်။

“ နင်က တော်တော်ကြီးကို လေကြောရှည်တာပဲ။ ငွေပေးမှာလား မပေးဘူးလား “

“ လူငယ်လေး နင်က ဘယ်လိုတောင် ကျေးဇူးမသိရတာလဲ။ ဒီမမက နင့်ရဲ့ ကောင်းကျိုးအတွက် ပြောနေတာလေ “

အမျိုးသမီးက မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။ သူမက အတော်ပင် ကြင်နာတတ်ကာ အံ့ဖွယ်ကောင်းသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက ၎င်းကို ကျေးဇူးမတင်ခဲ့ပေ။

သူ့ရဲ့နယ်ပယ်က ဘာမို့လို့လဲ။ သူက သူတို့တွေကို ဘယ်လိုလုပ် တိုက်နိုင်မှာလဲ။ အဲ့လူတွေကို တကယ်ရှင်းထုတ်ချင်နေတယ်ဆိုပင်မဲ့ ငါကိုယ်တိုင်ကတောင် သည်းခံနေရတာလေ။ သူက ဘယ်လိုလုပ် စိတ်မရှည်ဖြစ်နေရတာလဲ။

လောင်လျူမှာ မည်သို့မျှ သည်းမခံနိုင်တော့ဘဲ စကားဝင်ပြောနေတော့သည် “ မင်ရှန်ကျီ သူတို့က နင့်ရဲ့ အခွင့်အရေးကို ထပ်ခါတလဲလဲ လုယက်ခဲ့ပြီးတော့ နေရာတိုင်းမှာ ဖိနှိပ်ခဲ့တယ်။ ပြီးတော့ လှောင်တောင်လှောင်ခဲ့ကြသေးတယ်လေ။ တကယ်လို့ တကယ်လက်စားချေချင်တယ်ဆိုရင် သူနဲ့သာ ပြောလိုက်။ သူ့ရဲ့ ဒဏ္ဍာရီတွေကို စဥ်းစားကြည့်လိုက်။ သူက နင့်ကို စိတ်ပျက်သွားစေမှာ မဟုတ်ဘူး “

ဟမ်

အမျိုးသမီးသည် မနေနိုင်တော့ဘဲ လောင်လျူကို ငေးကြည့်မိသွားခဲ့သည်။ ဟွာရှုနယ်ပယ် အဆင့်၁တွင် ရှိနေသည့် လောင်လျူက ၎င်းကို လက်မခံရဲသော်လည်း မွေးရာပါ ဝိညာဥ်နယ်ပယ် ပညာရှင်တစ်ဦးကို အတော်ပင် ယုံကြည်နေခဲ့လေသည်။

“ နင်က သူတို့ကို တကယ်ကြီး ရှင်းထုတ်နိုင်တာလား “

“ ဝိညာဥ်ကျောက်တုံးသာ လုံလောက်မယ်ဆိုရင် ယွမ်ထင်ကိုပါ သွားရိုက်လို့ရတယ် “

အမျိုးသမီးမှာ အံ့ဩမှင်သက်သွားတော့သည်။ ယွမ်ထင်က ကောင်းကင်ဘုံ အကယ်ဒမီ၏ မဟာအကြီးအကဲဖြစ်ကာ နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေသည့် ပညာရှင်တစ်ဦးလည်း ဖြစ်နေခဲ့သည်။ သူက အဲ့လိုစကားမျိုးကိုတောင် ပြောရဲနေတယ်ပေါ့။

လူများကို ပိုမိုအံ့အားသင့်သွားစေခဲ့သည့် အရာမှာ ရှောင်ဟေးက အလွန်တရာ လေးနက်နေသော အမူအရာဖြင့် ခေါင်းငြိမ့်ပြလာခြင်းပင် ဖြစ်သည်။

“ အဲ့တာဆိုရင်နင်က ဘယ်လောက်လိုချင်တာလဲ “ ထိုမျှ ယုံကြည်မှုရှိနေသည်ကို မြင်လိုက်ရသောအခါတွင် အဆိုပါ အမျိုးသမီးမှာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အများကြီး မလိုချင်ပါဘူး။ တစ်ဘီလီယံပဲပေး။ နင့်အတွက် သူတို့အားလုံးကို ရှင်းပေးမယ် “

အမျိုးသမီး : “ … “

လောင်လျူမှာ နေရာမှာတင် ခပ်တောင့်တောင့် ဖြစ်သွားခဲ့သည်။

မများဘူး နည်းနည်းလေး။ တစ်ဘီလီယံပဲဆိုတာက ဘာစကားကြီးလဲဟ။

ရှောင်ဟေးမှာလည်း အပြည့်အဝ အံ့ဩတုန်လှုပ်သွားခဲ့သည်။ အဲ့တာက ဘာပေါက်ကရကြီးလဲဟ။ ဒီကောင်က ပိုပိုပြီးတော့ မောက်မာလာတယ်လို့ ငါဘာလို့ ခံစားနေရပါလိမ့်။ သူ့ပါးစပ်ထဲမှာဆိုရင် ဝိညာဥ်ကျောက်တုံး တစ်ဘီလီယံနဲ့ ခွေးချေးက ဘာမှ သိပ်မကွာသလိုပဲ။

အမျိုးသမီးသည် လှပသော မျက်ဝန်းများဖြင့် သူ့ကို ငေးကြည့်နေခဲ့ပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်လာသေးဘဲ လုံးဝအံ့အားသင့်နေခဲ့လေသည်။

အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာလျှင် သူမက သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ကာ ပြန်ပြောလာခဲ့သည်။

“ လူငယ်လေး နင်ငါ့ကို လာနောက်နေတာလား “

“ နောက်တာလား။ ငါအတည်ပြောနေတာလေ “

အမျိုးသမီး : “ … “

လုချန်ရှန်းသည် အလွန်တရာ လေးနက်သော အမူအရာမျိုးဖြင့် ပြန်ပြောလိုက်သည်။ ဝိညာဥ်ကျောက်တုံးများနှင့် ပတ်သက်လာမည်ဆိုပါက သူဘယ်တော့ မနောက်ပြောင်ပေ။ သူက ရိုးရိုးသားသားဖြင့် တစ်ဘီလီယံ လိုချင်နေခြင်းဖြစ်သည်။

သို့သော် တစ်ဖက်လူက မတုံ့ပြန်လာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ ဘာလဲ။ အဲ့တာက တော်တော်လေးကို ခက်လို့လား “

“ နင်ဘယ်လိုထင်လို့လဲ “

“ အမ် ……… တိုက်ကြီးကိုးခုက နယ်မြေဆယ်ခုထပ် ပိုပြီးတော့ ချမ်းသာတယ်လို့ နင်ပဲပြောခဲ့တာ မဟုတ်ဘူးလား။ နင်တို့ရဲ့ ကောင်းကင်ဘုံ ကမ္ဘာမြေတာအိုတွေနဲ့ တစ်ခြားအရာတွေ ပြန်ကောင်းလာပြီမဟုတ်ဘူးလား။ အဲ့တာကြောင့် တစ်ဘီလီယံလောက် ထုတ်ဖို့က ပိုလွယ်သွားပြီမဟုတ်ဘူးလား “

စကားတစ်ခွန်းက လူတိုင်းကို ထပ်မံ၍ အတွေးနက်သွားစေခဲ့ပြန်သည်။

တိုက်ကြီးကိုးခုက အမှန်တကယ် ချမ်းသာသော်လည်း လူတစ်ဦးလျှင် ဝိညာဥ်ကျောက်တုံး တစ်ဘီလီယံ ထုတ်နိုင်လောက်သည်အထိတော့ ဟုတ်မနေခဲ့ပေ။ ဝိညာဥ်ကျောက်တုံးဆိုသည်မှာ မြေပြင်ပေါ်ရှိ ဟိုဟိုဒီဒီ ပစ်ထားလိုက်ရုံဖြင့် အပင်ပေါက်သည့် သစ်ပင်များ(သို့) နေရာအနှံ့မြင်တွေ့ရသည့် သဲများကဲ့သို့ မဟုတ်ပေ။

ထို့အပြင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြန်လည်ကောင်းမွန်ခြင်းက ဝိညာဥ်ကျောက်တုံးများနှင့် မည်ကဲ့သို့ သက်ဆိုင်နေပါသနည်း။ ဝိညာဥ်ကျောက်တုံးဆိုသည်မှာ လေထုအတွင်းမှ ဤအတိုင်းပေါ်ထွက်လာသည့် အရာလော‌။ ၎င်းက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ဖွားဘက်တော်လော။

“ ငါ့ဆီမှာ မရှိဘူး ……. “

သူမက ပွင့်ပွင့်လင်းလင်း ပြန်ပြောလာခဲ့၏။

ရှောင်ဟေးမှာလည်း ၎င်းက အလွန်တရာ လွန်လွန်းလှသည်ဟု ခံစားသွားခဲ့ရသည်။ ၎င်းက လူတစ်ဦးကို အ‌ရေခွံနွှာနေခြင်းပင် ဖြစ်သည်။

လုချန်ရှန်းက အလျော့မပေးသေးဘဲ ထပ်မံ၍ မေးမြန်းနေတော့၏ “ အဲ့တာဆိုရင် နင့်ဆီမှာ ဘယ်လောက်ရှိလဲ “

“ သန်းတစ်ရာ ….. “

“ သန်းတစ်ရာတည်းလား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။

လူတိုင်း အတွေးနက်နေသည့် အချိန်မှာပင် လုချန်ရှန်းက ကူရာကယ်ရာမဲ့စွာဖြင့် သူ၏လက်ကို ဝေ့ရမ်းကာ စကားထပ်ပြောနေတော့၏ “ ကောင်းပြီလေ။ သန်းတစ်ရာပဲပေါ့။ ငါက ငွေတောင် ယူချင်တာ မဟုတ်ဘူး။ နင်က တော်တော်လေး လှပြီးတော့ စကားကောင်းကောင်းပြောခဲ့လို့။ ငါက နင့်ရဲ့ သူငယ်ချင်းဖြစ်ဖို့ ဆန္ဒရှိတယ်။ တကယ်လို့ တစ်ခြားလူသာဆိုရင် တစ်ဘီလီယံကို တစ်ယွမ်လောက် လျော့နေရင်တောင်မှ ငါသဘောတူမှာ မဟုတ်ဘူး “

ထိုစကားလုံးများ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

ငွေတောင် လိုချင်တာ မဟုတ်ဘူးဆိုတာက ဘာစကားကြီးတုန်း။ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာလေ။ ဈေးထဲက ဂေါ်ဖီထုပ် မှတ်နေတာလားဟ။

သူမမှာလည်း အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ သူ့စကားလုံးတွေအရဆိုရင် သူက တော်တော်လေးကို တွေဝေတုံ့ဆိုင်းနေတဲ့ပုံ။ ဒီလောက်ငယ်ငယ်လေးနဲ့ ငွေကို ဘယ်လိုလုပ် စွဲလမ်းနေရတာလဲ။

ဟွမ်ကျင်းမျိုးနွယ်စုက သူမကို အကြိမ်ကြိမ် အခါခါ ပစ်မှတ်ထားခဲ့ပြီး သူမ၏ အခွင့်အရေးများကို လုယက်ကာ သူမကို ဆက်တိုက်ဖိနှိပ်ခဲ့ပြီး စကားလုံးတို့ဖြင့်ပင် လှောင်ပြောင်စော်ကားခဲ့လေသည်။

သို့သော် သူမသည် အောက်လာကသို့ မလာခင်အချိန်တွင် ကတိတစ်ခုပြုလုပ်ခဲ့ရ၏။ ထို့ကြောင့်ပင် သူမက မည်သို့မတုံ့ပြန်နိုင်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အောင့်အီးသည်းခံနေရုံသာ ပြုလုပ်ရလိမ့်မည် ဖြစ်သည်။

သို့ရာ၌ သူမထံတွင် မွေးခွန်းတစ်ခု ရှိနေသေးသည်။ မွေးရာပါ ဝိညာဥ်နယ်ပယ် လူငယ်တစ်ဦးက ဟွမ်ကျင်းမျိုးနွယ်စု၏ ပါရမီရှင်တစ်စုကို အမှန်တကယ် အနိုင်ယူနိုင်မည်လော။

အဆုံးတွင် သူမက သံသယတို့ဖြင့် မေးမြန်းနေတော့သည် “ နင်က မွေးရာပါ ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေတယ်။ သူတို့တွေက မွေးရာပါ ဝိညာဥ်အဆင့်၉မှာ ရှိနေပြီးတော့ တစ်ချို့ဆိုရင် ဟွာရှုနယ်ပယ်ကိုတောင် ရောက်နေကြပြီ။ နင်က သူတို့ကို ယှဥ်နိုင်မှာမို့လို့လား “

“ နင်မသိသေးတဲ့ ကိစ္စတစ်ခုရှိတယ် “

“ နင်က ငါ့ဆရာ ဘယ်သူလဲဆိုတာကို မသိဘူးလေ။ ငါ့ဆရာက စစ်ပွဲဘုရင် ကူချန်ကျွင်းပဲ “

သူမ : “ … “

--

………………………………………………………………………………………………………………………………………….

All Chapters