အခန်း ၃၄၃
Vol. 23 Ch. 343
အပိုင်း ( 343 )
နည်းနည်းခက်တယ်
အဆုံးတွင် လူနှစ်ဦးက သဘောတူညီမှုတစ်ခု ပြုလုပ်လိုက်ကြသည်။
လုချန်ရှန်းမှာ ပြုံးရွှင်သွားခဲ့လေသည်။ ဈေးနှုန်းက သူမျှော်မှန်းထားသည်ထပ် လျော့နည်းနေသော်လည်း မမျှော်လင့်ထားသော ရရှိမှုကြောင့် အတော်ပင် အံ့အားသင့်သွားခဲ့သည်။
ထိုအမျိုးသမီးက သူ၏ စကားကို အတော်ပင် နားမလည်သောကြောင့် ဖြစ်သည်။
လောင်လျူက သူမကို ပြသလာခဲ့သည့် အာမခံနေသည့် အကြည့်တစ်ခုနှင့်ပေါင်းစပ်လိုက်သော သူမထံတွင်လည်း သူမ၏ ကိုယ်ပိုင်အကြံအစည်များ ရှိနေခဲ့လေသည်။
အဆိုပါ လုချန်ရှန်းထံတွင် ကူချန်ကျွင်းပေးထားသည့် နည်းလမ်းများ ရှိနေခြင်း(သို့) ကူချန်ကျွင်းက ဤနေရာသို့ ဝင်ရောက်နိုင်သည့် ကောင်းကင်ဘုံကို ဆန့်ကျင်နေသော နည်းလမ်းတစ်ချို့ ပိုင်ဆိုင်ထားခြင်းတို့ ဖြစ်ဖို့များ၏။ ထို့ကြောင့်ပင် သူက အတော်ပင် ယုံကြည်မှုရှိကာ အကြောက်အလန့် ကင်းမဲ့နေရခြင်း ဖြစ်သည်။
အတိုချုပ်ပြောရမည်ဆိုပါက ထိုလူငယ်လေးထံတွင် ထူးခြားသော အရာတစ်ခု ရှိနေခဲ့လေသည်။
ထိုအချက်နှင့်ပတ်သက်၍ လောင်လျူက မည်ကဲ့သို့ ပြန်ဖြေရမလဲမသိ ဖြစ်သွားခဲ့သည်။ သူသည် လုချန်ရှန်း၏ လျှို့ဝှက်ချက်များကို မည်သူ့ကိုမှ ထုတ်မပြောဘူးဟု ယခင်က ကျိန်ဆိုထားခဲ့ဖူးသည်။
အကယ်၍ သူကသာ တစ်ခုခုကို ထုတ်ပြောလိုက်မည်ဆိုပါက ကျိန်ဆိုမှုက အသက်ဝင်လာကာ ကောင်းကင်ဘုံ တာအို၏ အမဲဖြတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ခေါင်းငြိမ့်နေရုံမှအပ သူဘာမှမပြောနိုင်ခဲ့ပေ။ သို့ရာတွင် သူက လုချန်ရှန်းကို အတော်ပင် စိတ်ပျက်နေခဲ့ပြီး သူ့ကို ရိုက်နှက်ရန် အခွင့်အရေးတစ်ခုကို အမြဲလိုလို ရှာဖွေချင်နေခဲ့၏။ သို့သော် သူသည် ထိုအကောင်၏ စွမ်းအားကို အတော်ပင် သတိထားနေခဲ့၏။
သူက ၎င်းကို သိပ်မကြာခင် အချိန်ကမှ ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရပြီး သူ့ကိုပင် နိဗ္ဗာန်သို့ ရောက်ရှိစေလုမတတ် ဖြစ်ခဲ့လေသည်။
“ သူတို့က ဘယ်မှာလဲ “
အရာအားလုံး တည်ငြိမ်သွားသည့်နောက်တွင် လုချန်ရှန်းက ထပ်မံ၍ မေးမြန်းနေတော့၏။
သူမက ပြန်ပြောလိုက်သည် “ သူတို့က ချောက်ကမ်းပါးတစ်ခုဆီမှာ အဲ့တာရဲ့ အကာအရံ အားနည်းသွားမှာကို စောင့်နေကြတယ်။ အဲ့အချိန်ကျရင် သူတို့က အဲ့တာကို ချိုးဖျက်ကြလိမ့်မယ်။ သူတို့ဆီမှာ အကာအရံကို တည်ငြိမ်အောင် လုပ်ဖို့အတွက် ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်နှစ်ယောက် ရှိတယ်။ အဲ့လိုဆိုရင်တောင်မှ သူတို့ရဲ့ အောင်မြင်နိုင်ခြေက ဘယ်လောက်မြင့်နေမယ်လို့ နင်ထင်လဲ “
သူမသည် ၎င်းသာလျှင် မဟုတ်ဘဲ ဤကမ္ဘာငယ်၏ အတွင်းပိုင်းတွင် အခွင့်အလမ်း တော်တော်များများ ရှိနေပြီး လူတော်တော်များများက ဧရိယာတစ်ခုကို သိမ်းပိုက်လိုက်ကာ ၎င်းကို ဖွင့်လှစ်ရန် စောင့်ဆိုင်းနေကြသည်ဆိုသည့် ကိစ္စကိုပါ လုချန်ရှန်းကို ပြောပြလိုက်၏။
ဤတစ်ကြိမ်တွင် အထက်နယ်မြေ၏ လူတော်တော်များများ ရောက်ရှိလာခဲ့ပြီး သူမအပြင် ရွှေနဂါးမျိုးနွယ်စု အပြာရောင် ဝိညာဥ်မျိုးနွယ်စု ကြက်သွေးရောင် တိမ်နန်းတော်နှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုဖြစ်သည့် ဝမ်ထျန်စံအိမ်တို့ပါ ရောက်ရှိနေခဲ့သည်။
သူမ၏ စကားများအရ ဝမ်ထျန်စံအိမ်က ထျန်းယွင်ပြည်နယ်ရှိ ကြောက်မက်ဖွယ်အကောင်းဆုံးသော အင်အားစုများအနက်မှ တစ်ခုဆိုသည်ကို သိရှိခဲ့ရ၏။ ၎င်းတို့၏ အင်အားစုများက ထိုနေရာတွင်သာ ရှိနေခြင်း မဟုတ်ဘဲ တိုက်ကြီးကိုးခု၏ နေရာတော်တော်များများတွင် ပျံ့နှံ့နေခဲ့သည်။
၎င်း၏ ခြေတံလက်တံက အလွန်တရာ ရှည်လျားနေခဲ့ပြီး အရှေ့ပိုင်းဒေသ၏ ထျန်းကျီစံအိမ်ကပင် ၎င်း၏ ဌာနခွဲပေါင်းများစွာအနက်မှ တစ်ခုဖြစ်သည်။
ဤတစ်ကြိမ် အောက်လောကသို့ ဆင်းလာရသည့် ဝမ်ထျန်စံအိမ်၏ အဓိက ရည်ရွယ်ချက်မှာ စုမူယွဲ့ကို အထက်နယ်မြေသို့ ခေါ်ဆောင်သွားရန်အတွက် ဖြစ်သည်။ သူမထံတွင် အဆိုပါ အင်အားစုကြီးများကို ဂဏာမငြိမ်ဖြစ်သွားစေသည့် အံ့ဩဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ရှိနေခဲ့သည်။
သူမ၏ ပြောစကားများအရ စုမူယွဲ့က နောင်အနာဂတ်တွင် အလွန်တရာ ကြောက်မက်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လာပြီး တိုက်ကြီးကိုးခုလုံးကို လှုပ်ခတ်သွားစေရန် ကံပါလာသည့်လူဟု သိရှိခဲ့ရ၏။
“ အဲ့တာက ငါနဲ့ဘာဆိုင်လို့လဲ “ ဟု လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။
သူမသည် သူတို့ကြားတွင် ရန်ကြွေးရှိနေသည်ကို သိနေခဲ့သည့်အတွက် ထိုကဲ့သို့ သတိပေးလိုက်ရခြင်းဖြစ်သည်။
ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ ကောင်းပြီလေ။ ငါသွားတော့မယ် “
“ လူငယ်လေး ဂရုစိုက်။ နင်က ငွေကို ဖြည်းဖြည်းချင်း ရှာလို့ရတယ်။ ကိုယ့်ကိုကိုယ် မသတ်မိစေနဲ့ “
၎င်းကို ကြားလိုက်ရသောအခါတွင် သူသည် ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ခံစားသွားရကာ လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်၌ မထွက်သွားခင် အချိန်တွင် သူက ထပ်မံ၍ မေးမြန်းနေတော့သည် “ ငါမေ့တော့မလို့ နင့်ရဲ့ နာမည်က ဘာလဲ။ အကြွေးတောင်းဖို့အတွက် နင့်ကို ခက်ခက်ခဲခဲ လိုက်ရှာနေစရာ မလိုတော့ဘူးပေါ့ “
“ အို့။ နောက်ဆုံးတော့ နင်က ဒီမမကြီးရဲ့ နာမည်ကို မေးလာပြီပေါ့ “ သူမက တောက်ပစွာ ပြုံးပြ၍ ပြန်ပြောလာခဲ့သည် “ မမရဲ့ နာမည်က မင်ချန်ယု “
“ အင်း သိပြီ “
လုချန်ရှန်းက ထိုကဲ့သို့ တုံ့ပြန်လိုက်ကာ လှည့်ထွက်သွားတော့သည်။ ထို့နောက်တွင် သူသည် ရွှေနဂါးမျိုးနွယ်စုရှိရာ အရပ်သို့ ဦးတည်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူနှင့်အတူ ရှောင်ဟေးပါ ရှိနေခဲ့သည်။ သူသည် ကျင်းယုကို အပြင်ထုတ်ပေးလိုက်ပြီး ဘေးတစ်ဖက်တွင် အေးအေးဆေးဆေနေရန် ပြောကာ မီးဖိုအတွင်းသို့ ဝင်သွားခဲ့သည်။
လောင်လျူကမူ သူတို့နောက်သို့ မလိုက်လာခဲ့ပေ။ သူက လုချန်ရှန်း၏ ဘေးနားတွင် မနေချင်ခဲ့ပေ။ သူသာ နေခဲ့မည်ဆိုပါက သူ၏ တာအိုနှလုံးသား ပြိုကွဲသွားရနိုင်ပေသည်။
မင်ချန်ယုကမူ အခွင့်အလမ်းကို ဆက်လက်ရှာဖွေနေခဲ့သည်။ ဤကမ္ဘာငယ် ပျောက်ကွယ်နေခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာနေပြီလဲဆိုသည်ကို မည်သူမှ မသိကြပေ။ သူမက ကံကြမ္မာကောင်းများကို ရှာဖွေချင်နေခဲ့၏။ ဤနေရာသို့ ပါရမီရှင် တော်တော်များများ ရောက်လာခဲ့ပြီး သင့်တော်မည့် အခွင့်အလမ်းများကို ကိုယ်စီကိုယ်စီ ရှာဖွေနေခဲ့ကြသည်။
ယခင်က သူမက လုချန်ရှန်းကို ကိစ္စတော်တော်များများ ပြောပြခဲ့ရသည့် အဓိကအကြောင်းပြချက်မှာ သူမက သူ၏ အလားအလာကို တန်ဖိုးထားကာ သူ့အား သူမတို့၏ အင်အားစုထံသို့ ခေါ်ယူချင်နေသောကြောင့် ဖြစ်သည်။ သူမသည် သူက အထက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် ကြီးမားသော အောင်မြင်မှုများကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
သဘောတူညီမှုအတွက်မူ သူမက ၎င်းကို ရာနှုန်းပြည့် အလေးအနက်မထားထားခဲ့ပေ။ အများဆုံးအနေဖြင့် ၎င်းက လူအနည်းငယ်ကို သတ်လိုက်ခြင်းမျှသာ ဖြစ်နေမည်ဖြစ်ပြီး သူမသည် အဆိုပါ ဦးဆောင်သူ ပါရမီရှင်များအတွက် မျှော်လင့်ချက်ကြီးကြီးမားမား မထားထားခဲ့ပေ။
အထက်နယ်မြေတွင်တောင်မှ ထိုလူများက ထူးခြားသော တည်ရှိမှုများ ဖြစ်နေခဲ့ပြီး တစ်နေရာရာတွင် နာမည်တစ်လုံး တည်ဆောက်နိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့၏။
သို့ရာတွင် လုချန်ရှန်းဆိုသည့် လူငယ်လေး၏ ယုံကြည်မှုနှင့် ဟိတ်ဟန်က လူများကို အမြဲလိုလို စိတ်မသက်မသာ ဖြစ်တတ်စေလျက်ရှိ၏။ ထိုကဲ့သို့သော တက်ကြွမှုနှင့် မျှော်လင့်ချက်တို့ ပြည့်နှက်နေခြင်းမှာ အမှန်တကယ် ရှားပါးလွန်းလှသည်။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းက ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ မိုင်ထောင်နှင့်ချီ၍ သွားလာခဲ့ပြီးပြီဖြစ်ပြီး အဆုံးတွင် မင်ချန်ယုပြောခဲ့သည့် ချောက်ကမ်းပါးကို ရှာတွေ့ခဲ့ပြီဖြစ်သည်။
အမြင်အာရုံအတွင်းသို့ ရှည်လျားကာ ကျဥ်းမြောင်းသည့် ချောက်ကမ်းပါးတစ်ခု တိုးဝင်လာခဲ့၏။ ၎င်းက အလွန်တရာ နက်ရှိုင်းမည့်ပုံပင်။ အခွင့်အလမ်း၏ နယ်မြေဟု ခေါ်ဆိုသည့် နေရာကို ထိုနေရာမှတစ်ဆင့် ဖြတ်သွားရပေမည်။ သို့သော် ယခုတွင်မူ အလင်းအကာအရံတစ်ခုက လမ်းကြောင်းတစ်ခုကို ပိတ်ဆို့ထားခဲ့သည်။
အနားသို့ ကပ်သွားခြင်းမရှိဘဲ ဤနေရာသို့ ရောက်ရှိလာရုံဖြင့် လုချန်ရှန်းက ထူးခြားသော စိတ်ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သို့ရာ၌ ချောက်ကမ်းပါး၏ အရှေ့တွင် ပုံရိပ်များစွာ ရှိနေခဲ့သည်။ အထင်ရှားဆုံးနေရာ၌ ရွှေနဂါးတစ်ကောင်က တောင်တန်းတစ်ခုပေါ်တွင် ရစ်ခွေနေကာ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။
“ တော်တော်ကြီးတာပဲ “ ဟု လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
ရှောင်ဟေးက စကားဝင်ပြောလာခဲ့၏ “ ရွှေနဂါးမျိုးနွယ်စုမှာ အစွမ်းထက် သွေးမျိုးဆက်တစ်ခုရှိတယ် အဲ့တာက ဓာတ်ကြီးငါးပါးထဲက သတ္ထုဂုဏ်သတ္တိနဲ့ သဟဇာတဖြစ်တယ်။ သူတို့က အစွမ်းထက် ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုဆိုလည်း ဟုတ်တယ်။ ရွှေကျောက်နဂါးက အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ခဲ့ပြီးတော့ အစစ်အမှန် နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားတယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိတယ် “
“ အစစ်အမှန် နဂါးဖြစ်သွားတာလား “
“ ဟုတ်တယ် “
“ တော်တော်လေး ကြီးနေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူး “
“ … “ ရှောင်ဟေးက ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည် “ မင်းက ဘာဖြစ်လို့ လူတွေက ဘယ်လောက်ကြီးလဲဆိုတာကိုပဲ စိုက်ကြည့်နေရတာလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ အရာတိုင်းက ပိုကြီးတာနဲ့ ပိုသန်မာနေတာ မဟုတ်ဘူး “
လုချန်ရှန်းမှာ သတိပြန်ဝင်လာကာ ပြန်ပြောလိုက်သည် “ မဟုတ်ဘူး။ ငါတွေးနေမိတာ။ တကယ်လို့ အဲ့တာကသာ ကြီးနေမယ်ဆိုရင် ငါက တစ်ထိုင်တည်းစားလို့ ကုန်ပါ့မလား။ ငါ့မှာ အဲ့လောက်ကြီးတဲ့အိုး မရှိဘူးလေ “
ရှောင်ဟေးသည် အံ့ဩမှင်သက်သွားကာ မစိုက်ကြည့်ဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။ သူက ထိုအချက်ကို လုံးဝလျစ်လျူရှုထားခဲ့မိသည်။
ထိုအကောင်မှာ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းက မည်မျှကြီးမားလဲဆိုသည်ကို စိုက်ကြည့်နေခဲ့ပြီး ၎င်းကို ထပ်မံ၍ ချက်ပြုတ်စားသောက်ချင်နေခဲ့၏။
အဆုံးတွင် ရှောင်ဟေးက ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ ပြန်ပြောလိုက်သည် “ ငါ့ဆီမှာ အဲ့လိုအိုးမျိုးရှိတယ် “
ထိုစကားတစ်ခွန်းက လူနှစ်ဦးကို တိတ်ဆိတ်ငြိမ်သက်သွားစေခဲ့၏။
လုချန်ရှန်းက ထိုနေရာသို့ ထပ်မံ၍ ငေးကြည့်နေတော့သည်။ ရွှေနဂါးမျိုးနွယ်စုက ထိုနေရာကို အမှန်တကယ် သိမ်းပိုက်ထားသော်လည်း ချောက်ကမ်းပါး၏ အရှေ့တွင် တစ်ခြားသော သက်ရှိသတ္တဝါများစွာ ရှိနေခဲ့သည်။
တစ်ချို့က ကောင်းကင်ဘုံ အကယ်ဒမီမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး တစ်ချို့ကမူ ရှေးဟောင်းဂိုဏ်းများထံမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ မျိုးနွယ်စုက သူတို့၏ စွမ်းအားဖြင့် တစ်ခြားလူများကို အနိုင်မကျင့်ပေ။ သို့သော် အကာအရံ ပွင့်သွားသည်နှင့်တစ်ပြိုင်နက် လူတစ်ချို့ကို ခေါ်ဆောင်သွားမည်ဆိုသည့် သူတို့၏ သဘောထားကို ကြေညာခဲ့ကြသည်။
သူတို့က ထိုလူများကို လူကိုယ်တိုင် ရွေးချယ်မည်ဖြစ်သည်။ သို့သော် ၎င်းမှာ ရွေးချယ်ခံရသူများက အဆိုပါ အင်အားစုများနှင့် ပူးပေါင်းရမည်ဖြစ်ကာ နောင်အနာဂတ်တွင် အထက်နယ်မြေသို့ လိုက်သွားကြရမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ကောင်းကင်ဘုံ အကယ်ဒမီက ပါရမီရှင်များကို လုံလုံလောက်လောက် မစုဆောင်းထားနိုင်ခဲ့ပေ။ သူတို့ကလည်း သူတို့နှင့်အတူ ခေါ်ဆောင်သွားရန် လူတစ်ချို့ကို ရွေးချယ်ချင်နေခဲ့သည်။ ကမ္ဘာပေါ်ထွက်လာမှုက ဤနေရာတွင် ပါရမီရှင်များ စုစည်းလာရန် လမ်းခင်းပေးခဲ့လေသည်။
သူတို့သာလျှင် မဟုတ်ဘဲ တစ်ခြားသော အင်အားစုများကပါ နည်းလမ်းတစ်ချို့ကို အသုံးပြု၍ လူများကို ဆွဲဆောင်ချင်နေလျက်ရှိ၏။
ဤနေရာက အထက်နယ်မြေ မဟုတ်သေးပေ။ ကောင်းကင်ဘုံ အကယ်ဒမီကပင် လူများကို ခေါ်ဆောင်ရန် လှည့်စားရုံသာ ပြုလုပ်နိုင်ကြသည်။ အကယ်၍ သူတို့က ထိုလူများကို စီးတော်ယာဥ်(သို့) တိုက်ပွဲကျွန်အဖြစ် ခေါ်ဆောင်သွားချင်သည်ဆိုပါက သူတို့ကို အထက်နယ်မြေသို့ ခေါ်ဆောင်ရန်အတွက် အရင်ဦးဆုံး လှည့်စားရမည် ဖြစ်သည်။
လုချန်ရှန်းကို အံ့အားသင့်သွားစေခဲ့သည့် တစ်ခုတည်းသော အရာမှာ ရွှေနဂါးမျိုးနွယ်စုအကြားတွင် လျှပ်စီးကျီနှင့် ချီယန်တို့လို ရင်းနှီးနေသော မျက်နှာများကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
သူတို့က အဆိုပါ မျိုးနွယ်စုနှင့် ပူးပေါင်းထားခဲ့ပြီးပြီဖြစ်ပြီး သူတို့၏ ဆက်ဆံရေးက အတော်ပင် ရင်းနှီးနေပုံရ၏။
လူငယ်တစ်ဦးက ကြေးမှန်တစ်ချပ်ကို ကိုင်ဆောင်ထားပြီး ရောက်ရှိလာသည့် သက်ရှိသတ္တဝါတိုင်းကို အဆက်မပြတ် စစ်ဆေးကြည့်ရှုနေလျက်ရှိ၏။ လျှပ်စီးကျီက သူ့ဘေးနားတွင် ရပ်နေခဲ့ပြီး အတူတကွ ကြည့်ရှုစစ်ဆေးနေခဲ့ကြသည်။ သူက လူတိုင်းကို စီစစ်ခွဲခြားနေခဲ့ပြီး တစ်ခြားလူများကို သူတို့၏ အဖွဲ့ထဲသို့ ဝင်ပါစေချင်ပုံမရပေ။
ရှောင်ဟေးက လုချန်ရှန်းကို ကြည့်ကာ မေးမြန်းနေတော့သည် “ မင်းဘာလုပ်ချင်နေတာလဲ။ ခိုးဝင်မလို့မလား(ဒါမှမဟုတ်) တည့်ဝင်ချင်နေတာလား “
“ အဲ့မှာ ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင် နှစ်ယောက်ရှိတယ်လေ။ တန်းဝင်သွားရအောင် ငါက အရူးမှမဟုတ်တာ “
“ ဒါပင်မဲ့ ခိုးဝင်ဖို့က နည်းနည်းလေးတော့ ခက်နိုင်တယ် “ ရှောင်ဟေးသည် ကြေးမှန်ချပ်ကို ကိုင်ဆောင်ထားသည့် လူငယ်ကို ငေးကြည့်ကာ စကားထပ်ပြောနေတော့၏ “ မင်ချန်ယုက ပြောစကားတွေအရဆိုရင် ဟွမ်ကျင်းမျိုးနွယ်စုရဲ့ ကျင်းကျန့်မှာ တော်တော်လေးကို ထူးခြားတဲ့ နတ်အဆင့် မှော်ပစ္စည်းတစ်ခု ရှိတယ်။ အဲ့တာက ပျက်စီးနေပြီးတော့ စွမ်းအားတွေ သိပ်မကျန်တော့ဘူးဆိုပင်မဲ့ ပုံရိပ်ယောင်တွေကို ထွင်းဖောက်မြင်နိုင်ပြီးတော့ ချုပ်နှောင်ထားနိုင်တဲ့ စွမ်းအားရှိတယ်။ မင်းရဲ့ မန္တာန်က အဲ့တာကို မလှည့်စားနိုင်လောက်ဘူး “
ရှောင်ဟေးက လေးလေးနက်နက် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ သူသည် လုချန်ရှန်း၏ မန္တာန်များက အံ့ဖွယ်ကောင်းသည်ဆိုသည်ကို သိနေခဲ့သည်။ သို့သော် ၎င်းတို့ထံတွင် ကန့်သတ်ချက်များ သေချာပေါက် ရှိနေလိမ့်မည် ဖြစ်သည်။ ပုံရိပ်ယောင်မြက်မရှိဘူးဆိုပါက ၎င်းတို့က အချည်းနှီးသာဖြစ်နေလိမ့်မည်ဖြစ်ပြီး မှော်ပစ္စည်း၏ ထောက်လှမ်းမှုကို မည်သို့မျှ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။
ယခုလက်ရှိ အခြေအနေများအရ ဤနေရာရှိ အခွင့်အလမ်းက အတော်ပင် ထူးခြားပုံရပြီး ထိုလူများက ၎င်းကို အလေးအနက် ထားနေခဲ့ကြသည်။
“ အကာအရံ ပျက်စီးသွားတဲ့ အချိန်မှာ အဲ့တာကို ထိန်းသိမ်းထားဖို့ ဟွာရှုနယ်ပယ် အဆင့်၃ ပညာရှင်နှစ်ယောက် လိုအပ်တယ်။ အဲ့နှစ်ယောက်သာ အထဲကို မဝင်လာသရွေ့ ငါက အထဲရောက်သွားတာနဲ့ အေးအေးဆေးဆေးပဲ ဖြစ်နေလိမ့်မယ်လို့ ငါထင်တယ် “
“ ဒါပင်မဲ့ ပြဿနာက မင်းက အထဲကိုဝင်နိုင်မယ်ဆိုတာ သေချာလို့လား “
ယခုလက်ရှိ အချိန်၏ တစ်ခုတည်းသော ပြဿနာမှာ ၎င်းပင် ဖြစ်သည်။ အထဲဝင်ခြင်းက လွယ်ကူရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ဘဲ နည်းလမ်းများနှင့် အကူအညီထောက်ပံ့မှုများကို လိုအပ်မည် ဖြစ်သည်။
“နည်းနည်းတော့ ခက်တယ် “ လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့၏။
သူအကြပ်ရိုက်သွားပုံရ၏။ အစတွင် ကန်းယွင်ကားချပ်က ထောက်လှမ်းမှုများကို တားဆီးပိတ်ဆို့ပေးခဲ့သည်။ သို့သော် တစ်ချို့သော အကြောင်းအရင်းများကြောင့် ဤကမ္ဘာငယ်အတွင်းသို့ ဝင်လာခဲ့ပြီးသည့်နောက်တွင် ၎င်းက သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။ သူက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း မည်သည့်တုံ့ပြန်မှုကို မရရှိခဲ့ပေ။
--
………………………………………………………………………………………………………………………………………….