အခန်း ၃၄၄
Vol. 23 Ch. 344
အပိုင်း ( 344 )
ငါက သူတို့ကို အခွင့်အရေးတစ်ခု ပေးချင်တယ်
လူနှစ်ဦးစလုံး အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ချောက်ကမ်းပါး အကာအရံမှာလည်း ပြောင်းလဲလာခဲ့ပြီဖြစ်ကာ ၎င်း၏ တောက်ပမှုက သိသိသာသာ မှိန်ဖျော့သွားခဲ့သည်။
ကြေးမှန်ကိုင်ထားသည့် လူငယ်ကပါ စတင်၍ လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
သူတို့ရွေးချယ်ထားခဲ့သည့် လူများအနက်မှ တစ်စုံတစ်ဦးက ရှေ့ထွက်၍ သေသေချာချာ ကြည့်ရှုစစ်ဆေးနေတော့သည်။
ရှောင်ဟေးမှာ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် နည်းလမ်းတစ်ခုကို စဥ်းစားမိသွားပြီး လုချန်ရှန်းကမူ လျှပ်စီးကျီနှင့် ချီယန်တို့ကို ငေးကြည့်ကာ မအောင့်ထားနိုင်ဘဲ ထပ်မံ၍ မေးမြန်းနေတော့၏။
“ ရှောင်ဟေး ငါမင်းကို မေးစရာရှိတယ် “
“ ဘာလဲ “
“ လျှပ်စီးကျီနဲ့ ချီယန် သူတို့နဲ့ ငါ့ကြားမှာ အငြိုးအတေးကြီးတွေ ဘာတွေရှိလား “
“ မင်းဘယ်လိုထင်လို့လဲ “
“ ဒါမှမဟုတ် သူတို့က ငါ့ကို သတ်ချင်နေကြတာလား “
“ မေးဖို့တောင် လိုသေးလို့လားဟ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ မင်းက အရိုက်ခံရဖို့အတွက် ဘယ်လောက်တောင် ထိုက်တန်လဲဆိုတာကို မသိဘူးလား။ ဘာကိစ္စလေကုန်ခံနေရတာလဲ။
လုချန်ရှန်းက စကားဆက်ပြောနေတော့သည် “ အဲ့တာဆိုရင် သူတို့က ဘာဖြစ်လို့ ငါ့ကို မတိုက်ခိုက်ကြရတာလဲ “
ထိုအခိုက်အတန့်တွင် ရှောင်ဟေးမှာ ထိုအကောင်နှင့် စကားပင် မပြောချင်တော့ပေ။ ဘာဖြစ်လို့လဲ ဟုတ်လား။ မင်းမသိဘူးလား။
မင်းက ကူချန်ကျွင်းကို မှီခိုပြီးတော့ ထင်တိုင်းကြဲနေတာလေ။ စစ်ပွဲဘုရင်ကို မကြောက်တဲ့လူဆိုတာ ရှိလို့လားဟ။ ကမ္ဘာလောက်ကြီးတဲ့ ရန်ငြိုးတွေဆိုရင်တောင်မှ မျိုသိပ်ထားရုံပဲ တတ်နိုင်ကြတာ။
တကယ်လို့ မင်းကို သတ်လိုက်ပြီးတော့ လက်သည်းမပေါ်ဘူးဆိုရင် ဘာမှဖြစ်မှာ မဟုတ်ဘူး။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ နောက်ဆက်တွဲအကျိုးဆက်တွေက တွေးဝံ့စရာတောင် မရှိဘူး။ ဘာဖြစ်လို့လဲဆိုတာကို အရူးကတောင် သိနိုင်တယ်။
အဲ့တာကို မင်းက လာမေးရဲသေးတယ်ပေါ့.
လုချန်ရှန်းကမူ ရှောင်ဟေးကို လုံးဝလျစ်လျူရှုထားကာ သူ၏အမေးကို သူကိုယ်တိုင် ပြန်ဖြေနေတော့သည် “ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ အခွင့်အရေးမရှိလို့ပဲ “
“ အဲ့လိုလား “
“ အဲ့တာကြောင့် သူတို့ကို အခွင့်အရေးတစ်ခုလောက် ပေးမလို့ စီစဥ်ထားတယ် “
“ ဘာအခွင့်အရေးလဲ “
“ ငါ့ကို သတ်နိုင်မဲ့ အခွင့်အရေးပေါ့ “
ရှောင်ဟေး : “ … “
အဲ့တာက ဘာစကားကြီးလဲ။ လူစကားရော ဟုတ်ရဲ့လားဟ။
သို့သော် ထိုအကောင်က အတော်ပင် လေးနက်နေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် ၎င်းကို ဟာသတစ်ခုအဖြစ် မှတ်ယူမနေတော့ဘဲ ထပ်မံ၍ မေးမြန်းလိုက်သည် “ ဘာကိုဆိုလိုတာလဲ “
“ သူတို့က ငါ့ကို သတ်ချင်နေကြတာလေ။ ဒါပင်မဲ့ သူတို့က အခွင့်အရေး မရခဲ့ဘူး။ ငါက အဲ့ကို ဝင်သွားပြီးတော့ အဲ့ဒီဟွာရှုနယ်ပယ် ပညာရှင်တွေကို ရှောင်ရှားသွားမယ်ဆိုရင် သူတို့ကို အခွင့်အရေး ပေးလိုက်တာပဲ မဟုတ်ဘူးလား “
“ မင်းပြောတာက တော်တော်လေး အဓိပ္ပါယ်ရှိတယ်။ ဒါပင်မဲ့ မင်းက အထဲကို ဘယ်လိုဝင်မှာလဲ “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ သူတို့က နတ်ပစ္စည်းကို သုံးပြီးတော့ ငါ့ရဲ့ ရုပ်ရည်အစစ်ကို မြင်နိုင်တယ်လေ။ ငါ့ကို မြင်တာနဲ့ သူတို့ရဲ့ သတ်ဖြတ်လိုစိတ်တွေ ပေါက်ထွက်လာမှာ မဟုတ်ဘူးလား “
“ အမှန်ပဲ “
ရှောင်ဟေးက ထိုအကြောင်းကို မည်သို့မျှ သံသယမဝင်ခဲ့ပေ။ ထိုအကောင့်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် လူအမြောက်အများက ရိုက်သတ်ချင်စိတ် ပေါက်သွားလိမ့်မည် ဖြစ်သည်။
လုချန်ရှန်းက ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာနေခဲ့သည် “ ပြီးတော့ သူတို့က ငါ့ဆရာကို ကြောက်တယ်။ ငါ့ကို လူကြားထဲမှာ ပေါ်တင်တိုက်ရဲမှာ မဟုတ်ဘူး “
“ အမှန်ပဲ “
“ ငါ့ကို ပေါ်တင်မတိုက်ရဲဘူးဆိုမှတော့ အထဲဝင်ခွင့်ပေးပြီးတော့ ချောင်းတိုက်ဖို့ပဲ ကြံရမှာပေါ့။ မဟုတ်ဘူးလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ဟေးမှာ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။
သို့ရာတွင် ရှောင်ဟေးက တစ်စုံတစ်ခုကို တွေးမိသွားကာ စကားထပ်ပြောလိုက်သည် “ သူတို့က မင်းလောက် မစဥ်းစားတတ်ဘဲနဲ့ တိုက်ရိုက်အော်ပြောလိုက်ရင်ရော “
“ အဲ့တာဆိုရင် သူတို့က တည်ငြိမ်မှု မရှိဘူး။ ဦးနှောက်မရှိဘူးလို့ ဆိုလိုနေတာပဲလေ “
“ မင်းကပဲ ဦးနှောက်ရှိပြီးတော့ တစ်ခြားလူတွေက ဦးနှောက်မရှိဘူးပေါ့။ ဟက် “ ရှောင်ဟေးက မအောင့်ထားနိုင်တော့ဘဲ ချက်ချင်းချေပပြောဆိုလိုက်သည်။
လုချန်ရှန်းက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ ငါပြောတာက တော်တော်ကြီးကို အဓိပ္ပါယ်ရှိတယ်မဟုတ်ဘူးလား။ အဲ့တာက တစ်ခုတည်းရှိတဲ့ အခွင့်အရေးလေ “
“ ဟုတ်တယ်လေ။ ဒါပင်မဲ့ ရွှေနဂါး မျိုးနွယ်စုက ဘာဖြစ်လို့ အဲ့လိုလုပ်ရမှာလဲ။ သူတို့က လျှပ်စီးကျီနဲ့ တစ်ခြားလူတွေရဲ့ စကားတွေကို ဘာဖြစ်လို့ နားထောင်ရမှာလဲ “
“ ထပ်ပြီးတော့ စဥ်းစားကြည့်လိုက်။ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့ဂိုဏ်းတွေအတွက် တိုက်ပွဲကျွန်နဲ့ အသေခံစစ်သည်တော်တွေ ရှာဖို့လေ။ သူတို့က အဲ့တာတွေကို ရှာနေတယ်ဆိုတာက သူတို့ဆီမှာ လူမရှိဘူးလို့ ပြောနေတာပဲ။ တကယ်တော့ သူတို့ဆီမှာ လိုအပ်နေတာက သူတို့ကို မျက်နှာပွင့်အောင် လုပ်ပေးမဲ့ ပြိုင်ဘက်ကင်း သူတော်စင် ဖြစ်နေနိုင်တယ် “
လုချန်ရှန်းက အကြောင်းနှင့်အကျိုးကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။ တကယ်လို့ အကယ်၍ နောက်ဆုံးစကားတစ်ခွန်းသာ မရှိဘူးဆိုပါက ရှောင်ဟေးက သူ့ကို အပြည့်အဝ ယုံကြည်မိသွားလိမ့်မည် ဖြစ်သည်။
အဆုံးတွင် သူက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ သူတို့တွေက သားရဲမျိုးနွယ်စု မင်းက လူသားလေ။ သားရဲတွေက လူသားတစ်ယောက်ကို သူတို့ရဲ့ သူတော်စင်အဖြစ် သတ်မှတ်တာကို မင်းမြင်ဖူးလို့လား “
“ တကယ်လို့ ငါက သူတော်စင် မဖြစ်နိုင်ဘူးဆိုရင် သားမက်တော်ဖြစ်နိုင်တယ်လေ။ တကယ်လို့ အဲ့တာက အလုပ်မဖြစ်ဘူးဆိုရင် အိမ်ပါသားမက်တောင်ဖြစ်ပေးနိုင်ပါတယ် “
လုချန်ရှန်းက ကြောင်းကျိုးပြ၍ ပြောဆိုနေတော့သည်။ ရှောင်ဟေးမှာ တစ်ခဏခန့် ဆွံ့အသွားခဲ့သည်။
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် ငါမင်းကို တစ်ခုမေးမယ်။ တကယ်လို့ သူတို့က မင်းကို အထဲဝင်ခွင့် မပေးဘဲ တိုက်ရိုက်သတ်လိုက်မယ်ဆိုရင်ရော။ မင်းဘာလုပ်မှာလဲ “
“ ပြေးမှာပေါ့ “
“ တကယ်လို့ မင်းမပြေးနိုင်ဘူးဆိုရင်ရော “
“ မပြေးနိုင်ရင်လား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကာ အချိန်အတော်ကြာ အတွေးနက်သွားခဲ့ပြီးမှ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ အဲ့တာဆိုရင် သူတို့က ကံဆိုးသွားတယ်လို့သာ သတ်မှတ်လိုက်ရုံပဲပေါ့ “
ရှောင်ဟေးမှာ အံ့ဩမှင်သက်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက ဘာမှထပ်ပြောမနေတော့ဘဲ ဂရုတစိုက် စီစဥ်ပြင်ဆင်နေတော့သည်။ သူကြိုးစားကြည့်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းကသာ အလုပ်မဖြစ်ဘူးဆိုပါက သူက တစ်ခြားသော နည်းလမ်းများကို စဥ်းစားမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရှောင်ဟေးက ဧရာမအိုးကြီးကို ယူဆောင်လာခဲ့သောကြောင့် သူသည် ၎င်းကို ရအောင် ချက်ပြုတ်ရမည် ဖြစ်သည်။
ထို့အပြင် သူက မည်သို့မျှ ကြောက်လန့်မနေခဲ့ပေ။ အကယ်၍ ထိုအတိုင်းသာ ဖြစ်လာမည်ဆိုပါက ထိုလူတစ်စုကသာ သေဆုံးသွားရမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအချိန်၌ သူ၏ပတ်ပတ်လည်တွင် အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ သူသည် သူ၏ အသွင်အပြင်ကို ပြောင်းလဲကာ လူအုပ်အတွင်းသို့ ဝင်ရော၍ ထိုနေရာတွင် တန်းစီနေတော့သည်။
အားလုံးက ချောချောမွေ့မွေ့သာ ဖြစ်ပျက်နေခဲ့သည်။ သူက အစောပိုင်း စစ်ဆေးမှုကို ကျော်လွှားနိုင်ခဲ့ပြီး စစ်ဆေးခြင်းကို တာဝန်ယူထားသည့်လူက သူ့ကို အတော်ကောင်းသည်ဟု ထင်နေခဲ့၏။ ထို့ကြောင့် သူက နောက်တစ်ဆင့်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့သည်။
အစပိုင်းတွင် မည်သည့်ပြဿနာမှ မဖြစ်ပေါ်လာခဲ့ပေ။ သို့ရာ၌ ကြေးမှန်ကိုင်ထားသည့် လူငယ်က လုချန်ရှန်းကို စစ်ဆေးကြည့်ရှုနေချိန်တွင် သူ၏ မျက်နှာအစစ်ကို မြင်တွေ့သွားခဲ့သည်။
သူ၏ တုံ့ပြန်မှုက သာမန်မျှသာ ဖြစ်နေခဲ့သည်။ မှန်၏ ရည်ရွယ်ချက်မှာ စုံစမ်းစစ်ဆေးရန်အတွက်သာ ဖြစ်ပြီး ထိုကဲ့သို့ ရုပ်ဖျက်ထားသည့် တည်ရှိမှုများစွာ ရှိနေခဲ့သည်။
သို့သော် သူဘာမှ မပြောရသေးခင် အချိန်မှာပင် သူ့ဘေးနားတွင် ရှိနေသည့် လျှပ်စီးကျီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ သူပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
လျှပ်စီးကျီက လေသံတိုးတိုးလေးဖြင့် လွှတ်ခနဲ ပြောမိသွားကာ မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ထပ်ခါတလဲလဲ ကြည့်ရှုနေခဲ့သော်လည်း မသေချာမရေရာ ဖြစ်နေသေးသည်။
သူ့ဘေးနားတွင် ရှိနေသည့် လူငယ်မှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက ထိုကဲ့သို့သော လူတစ်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
သို့သော် လျှပ်စီးကျီကမူ ချီယန်ဆီသို့ ထွက်သွားကာ သူ့ကို သွားခေါ်လိုက်သည်။
ချီယန်မှာလည်း လုချန်ရှန်းကို မြင်တွေ့လိုက်ရသည့်အတွက် တအံ့တဩဖြစ်သွားခဲ့သည်။
ကောင်းကင်ဘုံ အကယ်ဒမီ၏ လျှို့ဝှက်နယ်မြေအတွင်းတွင် အင်းစက်အုပ်များ ထကြွသောင်းကျန်းခဲ့ပြီး သူတို့သည် သူတို့၏ အစားထိုး အဆောင်များကို အသုံးပြုကာ လွတ်မြောက်ရုံသာ ပြုလုပ်နိုင်ခဲ့ကြသည်။ ထို့ကြောင့် လုချန်ရှန်းက သေဆုံးသွားသင့်ပေသည်။ ကူချန်ကျွင်းက ဒေါသတကြီးဖြစ်သွားကာ ဖြေရှင်းချက်တစ်ခုကို လာတောင်းခဲ့လေသည်။
သို့သော် ယခုတွင် သူက လုချန်ရှန်းကို အရှင်လတ်လတ် မြင်တွေ့နေခဲ့ရသည်။
လူနှစ်ဦးက အကြည့်များ ဖလှယ်လိုက်ကာ တစ်ခဏခန့် အတွေးနက်သွားခဲ့သည်။
“ သူက တကယ်ကို သေချင်ယောင်ဆောင်ပြီးတော့ မွေးရာပါ ဝိညာဥ်နယ်ပယ်ကိုတောင် အဆင့်တက်သွားပြီပဲ “ ချီယန်၏ အသံက အလွန်တရာ ငြင်သာနေပြီး သူ၏ မျက်ဝန်းများအတွင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်တည်လာခဲ့သည်။
ကျောက်နဂါး မျိုးနွယ်စု၏ လူငယ်တစ်ဦးက စကားဝင်ပြောလာခဲ့သည် “ မင်းတို့ကိုတောင် လေးလေးနက်နက် ဖြစ်သွားစေတယ်ဆိုတော့ သူက ဘယ်သူလဲ “
လျှပ်စီးကျီက ပြန်ပြောလိုက်သည် “ တာအိုရောင်းရင်း မင်းတော့ သိမှာမဟုတ်လောက်ဘူး။ သူက ကူချန်ကျွင်းရဲ့ တပည့် လုချန်ရှန်းပဲ “
အဆိုပါ ကျောက်နဂါးမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။ အောက်လောကသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ထိုလူနှင့် သက်ဆိုင်သည့် ဒဏ္ဍာရီများကို ကြားခဲ့ရပြီး သူက အလွန်တရာ ထူးခြားသည့် ပါရမီရှင်ဖြစ်ကာ သေဆုံးသွားပြီဆိုသည်ဟု သိရှိခဲ့ရလေသည်။
သို့သော် မထင်မှတ်ထားစွာဖြင့် သူက ထိုလူ့ကို ဤနေရာတွင် မြင်တွေ့နေခဲ့ရသည်။
“ သူက လူတိုင်းဆီကနေ ပုန်းနေပြီးတော့ အခုဒီကို ရောက်နေပြီ။ သူဘာလုပ်ချင်နေတာလဲ “ ဟု လျှပ်စီးကျီက မေးမြန်းနေတော့၏။
ချီယန်က ပြန်ပြောလိုက်သည် “ သူက လူကောင်းမဟုတ်ဘူး။ သူက ဘယ်လိုမိစ္ဆာလုပ်ရပ်တွေကို ဖန်တီးမလဲဆိုတာကို ဘယ်သူက သိမှာလဲ “
လုချန်ရှန်း၏ လှည့်ကွက်အောက်သို့ ရောက်ရှိသွားခဲ့သည့် လူတစ်ဦးအနေဖြင့် သူက ထိုလူကို အလွန်တရာ မုန်းတီးနေခဲ့သည်။
ကျောက်နဂါးမျိုးနွယ်စု၏ လူငယ်က စကားထပ်ပြောလာခဲ့၏ “ ဘာဖြစ်လို့ စိတ်ရှုပ်ခံနေတာလဲ။ မွေးရာပါ ဝိညာဥ်အဆင့်၁ ပုရွက်ဆိတ်လေးတစ်ကောင်ကို။ ဖိနှိပ်ပြီးတော့ တန်းသတ်လိုက်ပေါ့ “
“ မဟုတ်ဘူး “
လျှပ်စီးကျီနှင့် ချီယန်တို့ နှစ်ဦးလုံးက တစ်ပြိုင်နက် တားဆီးလိုက်ကြသည်။
“ သူ့နောက်မှာ ရှိနေတဲ့ လူက ကူချန်ကျွင်းလေ။ တကယ်လို့ ပေါ်သွားမယ်ဆိုရင် ငါတို့ဆီကို ကပ်ဘေးကြီးတစ်ခု ရောက်လာလိမ့်မယ် “ လျှပ်စီးကျီက အတော်ပင် လေးနက်သွားခဲ့သည်။
ကူချန်ကျွင်းနှင့် ပတ်သက်၍ သူတို့ခံစားရသည့် အရာမှာ ကြောက်ရွံ့မှုသာလျှင် ဖြစ်နေခဲ့သည်။
ချီယန်က ပြန်ပြောလိုက်သည် “ သူက သူ့ရဲ့ အသွင်အပြင်ကို ပြောင်းထားတယ်ဆိုတော့ ချောက်ကမ်းပါးထဲကို ဝင်ချင်နေတဲ့ပုံပဲ။ ဘာလို့သူ့ကို ဝင်ခွင့်ပေးပြီးတော့ လူရှင်းတဲ့ နေရာမှာ မသတ်လိုက်ရမှာလဲ။ အဲ့လိုဆိုရင် လျှို့ဝှက်ချက်က ပေါက်ကြားမှာ မဟုတ်တော့ဘူး “
လျှပ်စီးကျီ၏ မျက်ဝန်းများ တောက်ပသွားခဲ့သည်။
သို့ရာတွင် ကျောက်နဂါးမျိုးနွယ်စု၏ လူငယ်က အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။ သူသည် ထိုလူနှစ်ဦးက သူတို့၏ ရန်သူကို ဖယ်ရှားရန်အတွက် ကျောက်နဂါးမျိုးနွယ်စုအား အသုံးချချင်နေသည်ဆိုသည်ကို သိနေခဲ့ကာ ၎င်းက မသင့်တော်ဘူးဟု ခံစားနေခဲ့ရသည်။
သို့ရာတွင် သူတို့ မထင်မှတ်ထားသည့် အရာမှာ အဝေးတစ်နေရာမှ အလင်းလုံးတစ်လုံး ပျံသန်းလာခဲ့ပြီး သူတို့၏ အရှေ့သို့ ဆင်းသက်လာခဲ့ခြင်းပင် ဖြစ်သည်။ အနီးကပ် စစ်ဆေးကြည့်ရှုလိုက်ရာ မှိန်ဖျော့ဖျော့ ရွှေရောင်အမှတ်အသားတစ်ခု ပါဝင်နေသည်ကို မြင်တွေ့လိုက်ရ၏။
၎င်းနှင့်အတူ တိုးညှင်းသော အသံတစ်သံပါ အဖော်ပြုလိုက်ပါလာခဲ့သည်။
“ အဲ့လူရဲ့ စွမ်းရည်က မဆိုးဘူး။ သူ့အပေါ်မှာ ဒီအမှတ်အသားကို ရိုက်နှိပ်ပြီးတော့ သူ့ကို ငါ့ရဲ့ တိုက်ပွဲကျွန်အဖြစ် ခေါ်လိုက် “
လူသုံးဦးက အမှတ်အသားလာရာဘက်သို့ ငေးကြည့်ကာ အံ့ဩတကြီး ဖြစ်သွားကြသည်။ စကားပြောလာခဲ့သည့် လူမှာ ဟွမ်ကျင်း/ကျောက်နဂါးမျိုးနွယ်စု၏ ကျင်းကျန့်ပင် ဖြစ်သည်။ သူက မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို သိနေခဲ့ကာ လုချန်ရှန်းကို ခေါ်ယူချင်နေခဲ့၏။
--
……………………………………………………………………………………………………………………………………….