အခန်း ၈၇၁
Vol. 59 Ch. 871
အခန်း (၈၇၁) အလွန်တရာ ပြင်းထန်သော ရင်ဆိုင်တိုက်ပွဲ
"အိုး... တကယ်ကို အံ့သြစရာပဲ... သူက ပိုင်လီယွိဖုန်းနဲ့တောင် ရင်ဘောင်တန်းပြီး တိုက်နိုင်တယ်ပေါ့..."
ဖီးနစ်မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင် တစ်ဦးက အံ့အားသင့်စွာ တီးတိုး ရေရွတ်လိုက်၏။
"ဒီကောင်လေးရဲ့ စွမ်းအားက ထျန်းကျီဘုံ နဝမအလွှာထက် နည်းနည်းလေးမှ မလျော့ဘူးပဲ..."
ဘီလူးမျိုးနွယ်စုမှ ပညာရှင် တစ်ဦးကလည်း အလွန်အမင်း အံ့အားသင့်လျက် မှတ်ချက်ချလိုက်သည်။
"အရမ်း အစွမ်းထက်တာပဲ... နန်းတော်သခင်ရဲ့ စွမ်းအားက ပိုင်လီယွိဖုန်းထက် နည်းနည်းလေးမှ မနိမ့်ဘူး..."
နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းမှာ နောက်တစ်ကြိမ် ရူးသွပ်စွာ စိတ်လှုပ်ရှား အော်ဟစ်လိုက်ကြပြန်၏။
တစ်ချက်တည်း ဝင်တိုက်မိရုံဖြင့် ထွက်ပေါ်လာသော ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားက လူတိုင်းကို အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားစေတော့သည်။
"မင်းကို စိတ်မပျက်စေပါဘူးလို့ ငါ ပြောသားပဲ..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးရင်း မေးလိုက်၏။
"မင်းရဲ့ အစွမ်းကုန် အင်အားကို သုံးစမ်းပါ..."
ပိုင်လီယွိဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ် တိုက်ခိုက်မှုကြီးကို စတင်လိုက်တော့၏။
"ဘုန်း... ဘုန်း... ဘုန်း"
"ဝီ... ဝီ..."
အလွန်တရာ ပြင်းထန် ကြမ်းတမ်းလှသော အနီးကပ် တိုက်ပွဲကြီး စတင်လာခဲ့၏။ သွေးကဲ့သို့ နီရဲနေသော အလင်းတန်းများနှင့် အဖြူရောင် အလင်းတန်းများက လျှပ်တစ်ပြက် ဖြတ်ပြေးနေပြီး နားကွဲမတတ် ပေါက်ကွဲသံများက အဆက်မပြတ် ပဲ့တင်ထပ်နေကာ ဟင်းလင်းပြင် တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါနေတော့၏။
"မဆိုးဘူးပဲ... ငါ့ရဲ့ စွမ်းအား ငါးဆယ် ရာခိုင်နှုန်းကို ကောင်းကောင်းကြီး ယှဉ်နိုင်တယ်ပေါ့..."
ပိုင်လီယွိဖုန်းက ချီးကျူးလိုက်သော်ငြား သူ၏ ရင်ထဲတွင်မူ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အလွန်အမင်း တုန်လှုပ်နေတော့၏။
ထျန်းကျီဘုံ နဝမအလွှာ ကျင့်ကြံခြင်း အဆင့်ဖြင့် ဆိုလျှင် ပိုင်လီယွိဖုန်း အနေဖြင့် စွမ်းအား ငါးဆယ် ရာခိုင်နှုန်းကို အသုံးပြုရုံဖြင့် ထျန်းကျီဘုံ အဋ္ဌမအလွှာ ပညာရှင် တစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။
သို့သော် ဖုန်းဝူချန်ကို ရင်ဆိုင်ရချိန်တွင် ပိုင်လီယွိဖုန်းက လုံးဝ ဖိနှိပ်နိုင်စွမ်း မရှိသည်ကို တွေ့လိုက်ရသဖြင့် သူ ကိုယ်တိုင်ပင် မယုံကြည်နိုင်အောင် ဖြစ်နေတော့၏။
"ပိုင်လီယွိဖုန်း... အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားကို လျှော့တွက်လို့ မရဘူးနော်..."
လင်ရှောင်ရှောင်က ရယ်ရင်း သတိပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ပိုင်လီယွိဖုန်းက ဖုန်းဝူချန်ကို လှမ်းကြည့်ရင်း ပြောလိုက်၏။
"ဒီလို ဆိုမှတော့... အစ်ကိုဖုန်းက အစွမ်းကုန် အင်အားကို မသုံးရသေးဘူး ထင်တယ်... ငါလည်း အစွမ်းကုန် တိုက်တော့မှာမို့... မင်းလည်း နည်းနည်းလေးမှ ချန်မထားနဲ့တော့..."
"ဝီ... ဝီ..."
စကားပြောနေစဉ်မှာပင် ပိုင်လီယွိဖုန်းက ပို၍ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများကို အစွမ်းကုန် စုစည်းလိုက်၏။ သူ၏ အရှိန်အဝါက ရူးသွပ်စွာ ထိုးတက်သွားပြီး ဟင်းလင်းပြင်မှာလည်း တစ်လွှာပြီး တစ်လွှာ ပြိုကျ ပျက်စီးသွားကာ သူ၏ ကြီးစိုးသော အရှိန်အဝါက အရာအားလုံးကို ဖုံးလွှမ်းသွားတော့၏။
ပိုင်လီယွိဖုန်း၏ အရှိန်အဝါက မျက်တောင်တစ်ခတ် အတွင်းမှာပင် ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်ရာ သူ၏ စွမ်းအားများက အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသည်။
အချိန် အနည်းငယ် ကြာပြီးနောက် ပိုင်လီယွိဖုန်း၏ အရှိန်အဝါက ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်ကို ကျော်လွန်သွားပြီး သူ၏ အရှိန်အဝါနှင့် စွမ်းအား နှစ်ခုစလုံးမှာ နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအလွှာသို့ တက်လှမ်းသွားခဲ့၏။
"ဒီအရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံကိုတောင် ဖောက်ထွက်သွားတာလား..."
နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြပြီး အားလုံးက အသက်ရှူရန်ပင် မေ့လျော့နေကြတော့၏။
"သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ..."
ဖုန်းဝူချန် ကိုယ်တိုင်ပင် ပိုင်လီယွိဖုန်း၏ စွမ်းအားကို ရင်တွင်း၌ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။
ပိုင်လီယွိဖုန်း၏ ကြောက်မက်ဖွယ် အရှိန်အဝါက ပိုင်လီမျိုးနွယ်စု၏ သွေးမျိုးဆက် စွမ်းအား သက်သက် အပေါ်တွင်သာ မှီခိုထားခြင်း ဖြစ်ပြီး မည်သည့် ရတနာကိုမျှ ထုတ်မသုံးရသေးချေ။
"ဝီ... ဝီ…"
ဖုန်းဝူချန်ကလည်း ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ ဖျက်ဆီးခြင်း စွမ်းအားများနှင့် အထွတ်အထိပ် ခန္ဓာကိုယ် ဒုတိယအဆင့်ကို အစွမ်းကုန် အသက်သွင်းလိုက်၏။ ကြီးစိုးသော ဧရာမ စွမ်းအား ရူးသွပ်စွာ မြင့်တက်လာပြီး တောက်ပသော သွေးရောင် အလင်းတန်းများက ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ အလင်းတန်းများက မှိုင်းညို့နေသော ကောင်းကင်ယံကိုပါ ဖုံးကွယ်ပစ်လိုက်တော့သည်။
"သူ့ရဲ့ အရှိန်အဝါကလည်း ထျန်းကျီဘုံ နဝမအလွှာ အထွတ်အထိပ်ကို ရောက်နေပါလား..."
ပိုင်လီယွိဖုန်းက အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်လှသော တိုက်ခိုက်နိုင်စွမ်းကို တွေးမိကာ သူ၏ မျက်နှာအမူအရာ ရုတ်ချည်း တင်းမာသွားတော့၏။
"ဖုန်းဝူချန်ရဲ့ အရှိန်အဝါက ပိုင်လီယွိဖုန်းထက် နည်းနည်းလေးမှ မလျော့ဘူးပဲ... တကယ်ကို အံ့မခန်းပဲ..."
ဖီးနစ်မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင် တစ်ဦးကလည်း အလွန်အမင်း အံ့အားသင့်လျက် မှတ်ချက်ချလိုက်ရာ သူ၏ မျက်နှာအမူအရာမှာလည်း လုံးဝ အေးခဲသွားတော့၏။
"ဖုန်းဝူချန်ရဲ့ အရှိန်အဝါက နတ်ဘုရားအသွင်ပြောင်းဘုံ ပထမအလွှာကိုတောင် ဖောက်ထွက်သွားခဲ့ပြီ... ဘယ်လို ကြောက်စရာကောင်းတဲ့ ကနဦး စွမ်းအားမျိုးလဲ..."
ဘီလူးမျိုးနွယ်စုမှ ပညာရှင်ကလည်း အလွန်အမင်း အံ့အားသင့် ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်၏။
ခဏမျှ အံ့အားသင့်နေပြီးနောက် ပိုင်လီယွိဖုန်းက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက် တင်းမာနေတော့၏။
ဤမျှ အစွမ်းထက်သော ပြိုင်ဘက်မျိုးကို မရင်ဆိုင်ခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်ရာ ပိုင်လီယွိဖုန်း၏ လေးနက် တင်းမာမှုများနှင့် အတူ အလွန်အမင်း စိတ်လှုပ်ရှားမှုများလည်း ပါဝင်နေတော့သည်။
"ဖုန်းဝူချန်... မင်းရဲ့ စွမ်းအားက ငါ့ကို တကယ်ပဲ စိတ်မပျက်စေဘူးပဲ... လာစမ်း... ငါ ဆက်ပြီး မစောင့်နိုင်တော့ဘူး... ဒီကနဦး စွမ်းအားရဲ့ တကယ့် အစွမ်းကို ငါ စမ်းသပ်ကြည့်ချင်နေပြီ..."
ပိုင်လီယွိဖုန်း၏ တိုက်ခိုက်လိုစိတ်များ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး သူ၏ စိတ်လှုပ်ရှားမှုကို နည်းနည်းလေးမျှ ဖုံးကွယ်မထားနိုင်တော့ချေ။
"အင်မော်တယ် သိုင်းကွက်... ဝူယင်း လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း..."
ပိုင်လီယွိဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လှုပ်ရှားမှု ပညာရပ်ကို ချက်ချင်း အသုံးပြုလိုက်ရာ နောက်တစ်စက္ကန့်တွင် ပိုင်လီယွိဖုန်း၏ ပုံရိပ်က သူ၏ ကျောဘက်တွင် စူပါ ဂျက်အင်ဂျင် တစ်ခု တပ်ဆင်ထားသည့်အလား အသံထက်ပင် မြန်ဆန်သော ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရှေ့သို့ တဟုန်ထိုး ပစ်ထွက်သွားတော့၏။
"အရမ်း မြန်တာပဲ..."
ဖုန်းဝူချန် အံ့အားသင့်သွားရသည်။
“ဘုန်း…”
ပိုင်လီယွိဖုန်းက ရုတ်တရက် ရောက်ရှိလာပြီး ပြင်းထန်သော လက်သီး တစ်ချက်ဖြင့် ထိုးနှက်လိုက်ရာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်လှသော စွမ်းအားများက ဖုန်းဝူချန်ကို ချက်ချင်းပင် လွင့်စင်ထွက်သွားစေတော့၏။
ကြောက်မက်ဖွယ် အမြန်နှုန်း... ရူးသွပ်သော စွမ်းအား...
အံ့မခန်း မြန်ဆန်လှသော အမြန်နှုန်းကြောင့် ဖုန်းဝူချန် အနေဖြင့် အချိန်မီ ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်ခဲ့ချေ။
ဖုန်းဝူချန်၏ ရင်ဘတ်မှ ထက်မြက်စူးရှသော နာကျင်မှု တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သူ၏ ကြံ့ခိုင်လှသော ခန္ဓာကိုယ်ဖြင့်ပင် ပိုင်လီယွိဖုန်း၏ စွမ်းအားကို အပြည့်အဝ မခုခံနိုင်ခဲ့ပေ။
ပိုင်လီယွိဖုန်း မည်မျှ အစွမ်းထက်သနည်း ဆိုတာကို ဤလုပ်ရပ်က ရှင်းလင်းစွာ သက်သေပြလိုက်လေ၏။
ဖုန်းဝူချန်က ရင်တွင်း၌ တိတ်တဆိတ် သုံးသပ်လိုက်ပြီး အလွန်အမင်း တုန်လှုပ်သွားရ၏။ 'တကယ်ကို မရိုးရှင်းဘူးပဲ...'
ပိုင်လီယွိဖုန်း၏ စွမ်းအားက သာမန် ပါရမီရှင်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အစွမ်းထက်လွန်းလှသည်။
"ဝှစ်... ဝှစ်... ဝှစ်"
ဖုန်းဝူချန် လွင့်စင်သွားသည့် အခိုက်အတန့်မှာပင် ပိုင်လီယွိဖုန်းက လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းနှင့် ယှဉ်နိုင်လောက်သော ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဖုန်းဝူချန်ထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့၏။
"လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း..."
ဖုန်းဝူချန်က ဘာကိုမှ စဉ်းစားမနေတော့ဘဲ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်း ပညာရပ်ကို ချက်ချင်း အသုံးပြုလိုက်၏။
“ဘုန်း…”
ဖုန်းဝူချန် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ပိုင်လီယွိဖုန်း၏ လက်သီးချက်က ဖုန်းဝူချန် ရှိခဲ့သော နေရာသို့ မိုးခြိမ်းသံပမာ ကျဆင်းလာရာ ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် ပေါက်ကွဲသံ ထွက်ပေါ်လာတော့၏။ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာ ကောင်းလှသော စွမ်းအားများက ဟင်းလင်းပြင်ကို ပြင်းထန်စွာ တုန်ခါသွားစေပြီး ပေပေါင်း ဒါဇင်ချီ ကျယ်ဝန်းသော ဟင်းလင်းပြင် တစ်ခုလုံးကို ပြာကျသွားစေတော့သည်။
"နဂါး မျိုးနွယ်စုရဲ့ လျှပ်တစ်ပြက် နေရာရွှေ့ပြောင်းခြင်းလား..."
ပိုင်လီယွိဖုန်းက အနည်းငယ် အံ့အားသင့်လျက် ရေရွတ်လိုက်၏။
"မင်း မှန်းတာ မှန်တယ်..."
ဖုန်းဝူချန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ လွှမ်းမိုးဖိနှိပ်နိုင်စွမ်း အပြည့်ရှိသော လက်သီးချက်က အရှေ့သို့ ရက်စက်ကြမ်းကြုတ်စွာ ထိုးနှက်သွားတော့၏။
"မင်းလည်း မနှေးဘူးပဲ..."
ပိုင်လီယွိဖုန်းက ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်သည်။
ဘုန်း...
"ဝီ... ဝီ..."
ဖုန်းဝူချန်၏ ရက်စက်ကြမ်းကြုတ်သော လက်သီးချက် ကျဆင်းလာသော်ငြား ခြေတစ်ဝက်ခန့် နောက်ကျသွားပြီး ပိုင်လီယွိဖုန်းက ရှောင်တိမ်းသွားခဲ့၏။ ကြီးစိုးသော စွမ်းအားက ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီး လေဆင်နှာမောင်း တစ်ခုပမာ အပြင်ဘက်သို့ ရူးသွပ်စွာ တိုက်ခတ်သွားတော့သည်။
လက်သီးချက် လွဲချော်သွားသည့်တိုင် ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့်ဟန် နည်းနည်းလေးမျှ မပေါ်လာဘဲ အေးစက်စက် သရော်လိုက်၏။
"မင်းရဲ့ အမြန်နှုန်းကလည်း မဆိုးပါဘူး..."
"ငါက မင်း ထင်ထားသလောက် မအားနည်းဘူးကွ..."
ပိုင်လီယွိဖုန်းက ယုံကြည်မှု အပြည့်ဖြင့် ရယ်လိုက်ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများက လျင်မြန်စွာ ရောက်ရှိလာကာ အလွန်တရာ ထက်မြက်စူးရှလှသည်။
“ဝုန်း…”
ဖုန်းဝူချန်က ပိုင်လီယွိဖုန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်ပြီး ပြင်းထန်သော ရိုက်ခတ်မှုကို သူ၏ ခန္ဓာကိုယ်ဖြင့်သာ တိုက်ရိုက် ခံယူလိုက်ရာ တုံးတိတိ အသံ ထွက်ပေါ်လာတော့၏။
"ပိုင်လီမျိုးနွယ်စုရဲ့ ပါရမီရှင် သခင်လေး ဆိုတဲ့ နာမည်နဲ့ တကယ်ကို တန်ပါတယ်..."
ဖုန်းဝူချန်က အနည်းငယ် ချီးကျူးလိုက်ပြီး ပိုင်လီယွိဖုန်း၏ ရက်စက်ကြမ်းကြုတ်လှသော စွမ်းအားများကြောင့် နည်းနည်းလေးမျှ ထိခိုက်သွားပုံ မရချေ။
"ဝှစ်... ဝှစ်... ဝှစ်"
“ဘုန်း... ဘုန်း... ဘုန်း”
“ဝီ... ဝီ…”
အလွန်တရာ ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီး နောက်တစ်ဖန် စတင်လာခဲ့ပြန်ပြီး သူတို့၏ စွမ်းအားနှင့် အမြန်နှုန်း နှစ်ခုစလုံးမှာ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေတော့၏။ အထက် ကောင်းကင်ယံတွင် အဖြူရောင်နှင့် သွေးကဲ့သို့ နီရဲနေသော အလင်းတန်းများ ရူးသွပ်စွာ ဝင်တိုက်မိနေကြပြီး နားကွဲမတတ် ပေါက်ကွဲသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ အဖျက်အား လှိုင်းဂယက်များကလည်း ရေလှိုင်းကြီးများပမာ လိမ့်တက်နေတော့သည်။
သူတို့၏ အမြန်နှုန်းက အလွန်တရာ ကြောက်စရာ ကောင်းလွန်းလှသဖြင့် ကျင့်ကြံခြင်း အဆင့် နိမ့်ကျသူများ အနေဖြင့် သူတို့၏ ပုံရိပ်များကိုပင် မမြင်တွေ့နိုင်တော့ဘဲ အဖျက်အားများကိုသာ အာရုံခံနိုင်ကြတော့၏။
ဝင်တိုက်မိမှုကြောင့် ထွက်ပေါ်လာသော ပေါက်ကွဲသံတိုင်းက စောင့်ကြည့်နေသူ အားလုံး၏ နှလုံးသားများကို ပြင်းထန်စွာ ရိုက်ခတ်နေတော့သည်။
"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဖုန်းဝူချန် တစ်ယောက် ဒီလို စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မယ်လို့ ယုံဖို့တောင် ခက်တယ်... သူ့ရဲ့ အမြန်နှုန်းနဲ့ စွမ်းအားက ပိုင်လီယွိဖုန်းထက် နည်းနည်းလေးမှ မလျော့ဘူး... သူ ရှုံးချင်မှ ရှုံးမှာ..."
ဖီးနစ်မိစ္ဆာမျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်က ပို၍ပို၍ အံ့အားသင့်လာသော အကြည့်များဖြင့် စောင့်ကြည့်နေတော့၏။
"မယုံနိုင်စရာပဲ... နှစ်ဝက်လောက်လေး မတွေ့ရသေးတာကို... ဒီကောင်လေးက ဒီလောက်တောင် အစွမ်းထက်လာတာလား..."
နတ်ဆိုးမျိုးနွယ်စုမှ ပညာရှင် တစ်ဦးက အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။ ဤလူကို ဖုန်းဝူချန် လုံးဝ မစိမ်းလှချေ။ သူသည် ဖူယန် ပင်ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ်သော အင်အားစုများမှ ပညာရှင်များ အားလုံး ဖုန်းဝူချန် ပြသလိုက်သော စွမ်းဆောင်ရည်ကြောင့် အလွန်အမင်း အံ့အားသင့် ထိတ်လန့်နေကြတော့၏။
နဂါးနတ်ဘုရား နန်းတော်မှ လူများမှာမူ လုံးဝ ဆွံ့အ မှင်သက်နေကြပြီး သူတို့၏ နှုတ်ခမ်းများ ကိုက်မိ၍ ပေါက်ပြဲနေသည်ကိုပင် သတိမထားမိကြတော့ချေ။
“ဘုန်း... ဘုန်း... ဘုန်း”
"ဝီ... ဝီ..."
ရက်စက်ကြမ်းကြုတ်လှသော ဝင်တိုက်မိမှုများကြောင့် မိုင်ပေါင်းများစွာ အထိ ဖြာထွက်သွားသော စွမ်းအင်များ ထွက်ပေါ်လာတော့၏။ စွမ်းအင် လှိုင်းဂယက် တစ်ခု အားနည်းသွားသည်နှင့် နောက်ထပ် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုက ချက်ချင်း ထပ်မံ ထွက်ပေါ်လာပြီး ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်နေသည့်အလား ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို ဖန်တီးနေတော့သည်။
ဤလက်ရည် ဖလှယ်ပွဲက ကမ္ဘာမြေကို တုန်လှုပ်စေသော ပါရမီရှင်များ၏ သေရေးရှင်ရေး တိုက်ပွဲကြီးပင် ဖြစ်တော့သည်။
--