အခန်း ၈၇၄
Vol. 59 Ch. 874
အခန်း (၈၇၄) အစွမ်းကုန် တိုက်ပွဲ (၂)
“ဘုန်း…”
"ဝီ... ဝီ..."
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်းဝူချန် ရောက်ရှိလာပြီး ပိုင်လီယွိဖုန်း၏ ရင်ဘတ်ကို ရက်စက်ကြမ်းကြုတ်စွာ ထိုးနှက်လိုက်၏။ ကောင်းကင်ယံကို တုန်လှုပ်စေသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ပိုင်လီယွိဖုန်းမှာ အမြောက်ဆံ တစ်ခုပမာ အနောက်သို့ လွင့်စင်ထွက်သွားကာ အနက်ရောင် မြားတန်း တစ်ခုပမာ ဟင်းလင်းပြင်ကို ထက်ပိုင်း ပိုင်းဖြတ်သွားတော့သည်။
ပိုင်လီယွိဖုန်း၏ ပုံရိပ် လွင့်စင်သွားသော အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းလှသဖြင့် သူ ဖြတ်သန်းသွားသော လမ်းကြောင်း တစ်လျှောက်ရှိ ဟင်းလင်းပြင်များမှာ ပြင်းထန်စွာ လှုပ်ခတ်နေတော့၏။
ပိုင်လီယွိဖုန်းက အံကို တင်းတင်းကြိတ်ကာ နာကျင်စွာ အော်ဟစ်မည့် အသံကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်ရသည်။ သူ၏ ရင်ဘတ်မှာ ပေါက်ကွဲထွက်တော့မည့်အလား အလွန်တရာ ထက်မြက်စူးရှသော နာကျင်မှုကို ခံစားနေရတော့၏။
'ဘယ်လို လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိတဲ့ စွမ်းအားမျိုးလဲ...'
ပိုင်လီယွိဖုန်း၏ နှလုံးသားထဲတွင် ကျောချမ်းဖွယ် ခံစားချက် တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ သွေးကြောများ ပြင်းထန်စွာ ဆူပွက်လာကာ သွေးစိမ်းများ
အန်ထုတ်လိုက်ရတော့သည်။
“ဝှစ်…”
ပိုင်လီယွိဖုန်းကို လက်သီးဖြင့် ထိုးနှက်ပြီးနောက် ဖုန်းဝူချန်က နောက်တစ်ကြိမ် ရူးသွပ်စွာ ပေါက်ကွဲထွက်လာပြန်၏။ သူ၏ လှုပ်ရှားမှုက သွေးကဲ့သို့ နီရဲနေသော လျှပ်စီးတန်း တစ်ခုပမာ လျင်မြန်လွန်းလှသည်။
"ဒုက္ခပဲ..."
ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို သဘောပေါက်သွားသည့် အခိုက်အတန့်မှာပင် ပိုင်လီယွိဖုန်း၏ မျက်နှာအမူအရာ ရုတ်ချည်း သုန်မှုန်သွားတော့၏။
"ပုံရိပ်ယောင် ပညာရပ်..."
ပိုင်လီယွိဖုန်းက ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ ဖုန်းဝူချန်ကိုပင် လှည့်မကြည့်တော့ဘဲ သူ၏ လှုပ်ရှားမှု ပညာရပ်ကို ချက်ချင်း အသုံးပြုကာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့၏။
“ဘုန်း…”
"ဝီ... ဝီ..."
ပိုင်လီယွိဖုန်း ပျောက်ကွယ်သွားသည့် အခိုက်အတန့်မှာပင် ဖုန်းဝူချန်၏ လက်သီးချက်က ပိုင်လီယွိဖုန်း ရှိနေခဲ့သော နေရာကို မိုးခြိမ်းသံပမာ ကျဆင်းလာရာ နားကွဲမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာ၏။ တဆက်တည်း၌.. ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အနက်ရောင် အက်ကွဲကြောင်းကြီး တစ်ခုကို ဖန်တီးလိုက်သည်။
"လှံကို သတိထား..."
ဖုန်းဝူချန်၏ လက်သီးချက် ကျဆင်းသွားသည့် အခိုက်အတန့်မှာပင် အထက် ကောင်းကင်ယံမှ ပိုင်လီယွိဖုန်း၏ ရက်စက်ကြမ်းကြုတ်သော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး သူ၏ လှံရှည်ဖြင့် အောက်သို့ ရူးသွပ်စွာ ခုတ်ပိုင်းလိုက်၏။ လှံရှည်မှ တောက်ပသော အဖြူရောင် အလင်းတန်းများ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားများ ပြည့်နှက်နေတော့သည်။
“ဘုန်း…”
"ဝီ... ဝီ..."
ဖုန်းဝူချန်က နောက်ဆုတ်မသွားဘဲ မျက်မှောင်ပင် မကြုတ်ဘဲ လက်သီးဖြင့် အားကုန် ထိုးနှက်ကာ ပြန်လည် ခုခံလိုက်၏။ ကောင်းကင်နှင့် မြေကမ္ဘာကို တုန်လှုပ်စေသော ပေါက်ကွဲသံ ထွက်ပေါ်လာပြီး သူတို့ နှစ်ဦး၏ ရက်စက်ကြမ်းကြုတ်လှသော ဝင်တိုက်မိမှုကြောင့် ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာကာ နှစ်ဦးစလုံး အနောက်သို့ ပစ်လွင့်သွားရတော့သည်။
ဟင်းလင်းပြင်မှာ တစ်စစီ ကြေမွ ပျက်စီးသွားပြီး အနက်ရောင် အက်ကွဲကြောင်းကြီးများ အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ ဖြာထွက်သွားတော့၏။
သူတို့၏ ထိပ်တိုက် ဝင်တိုက်မိမှုကြောင့် ထွက်ပေါ်လာသော ဖျက်ဆီးခြင်း စွမ်းအားက အလွန်တရာ အံ့မခန်း ဖြစ်လွန်းလှသည်။
"ဝှစ်... ဝှစ်... ဝှစ်"
“ဘုန်း... ဘုန်း... ဘုန်း”
ထို့နောက်တွင် ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့ နှစ်ဦးစလုံး သူတို့၏ အထွတ်အထိပ် လှုပ်ရှားမှု ပညာရပ်များကို အသုံးပြုကာ အလွန်တရာ ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီးကို ဆင်နွှဲကြတော့၏။ အဖြူရောင်နှင့် သွေးကဲ့သို့ နီရဲနေသော အလင်းတန်းများက အဆက်မပြတ် လျှပ်တစ်ပြက် ဖြတ်ပြေးနေပြီး ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံများကလည်း တစ်စက္ကန့်မျှပင် ရပ်တန့်မသွားဘဲ ဆက်တိုက် ထွက်ပေါ်နေတော့သည်။
ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီးက နဂါးနတ်ဘုရား နန်းတော်မှ လူတိုင်းကို အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားစေပြီး အားလုံးက ကြောက်ရွံ့မှုကြောင့် တံတွေးများကို မြိုချနေမိကြတော့၏။
ထျန်းကျီဘုံ ပညာရှင်များ ကိုယ်တိုင်ပင် ပြင်းထန်စွာ တုန်ယင်နေကြရသည်။
ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့၏ စွမ်းအားက အလွန်တရာ ကြောက်စရာ ကောင်းလွန်းလှသည်။
"ဖုန်းဝူချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ပဲ ပိုင်လီယွိဖုန်းထက် နည်းနည်းလေးမှ မလျော့ဘူးပဲ... ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်..."
ဖီးနစ်မိစ္ဆာမျိုးနွယ်စုမှ ပညာရှင်က မျက်လုံးများ ပြူးကျယ်လျက် ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း နောက်တစ်ဖန် အော်ဟစ်လိုက်ပြန်၏။
အမှောင်ထဲတွင် ပုန်းကွယ်နေသော ဖူယန်၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်နေ၏။ သူက အံကို တင်းတင်းကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
"ဒီကောင်လေးက တကယ့် အန္တရာယ်ပဲ... သူ့ကို ဆက်ပြီး အစွမ်းထက်လာအောင် လွှတ်ထားလို့ မဖြစ်တော့ဘူး..."
သေချာသည်ကတော့ ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့် ဤမျှ လျင်မြန်စွာ တိုးတက်လာရခြင်း၏ အကြောင်းရင်းကို သူတို့ မည်သူကမျှ မသိရှိကြချေ။ ဤအရာ အားလုံးမှာ ကင်းမဲ့ခြင်း အခြေအနေက ယူဆောင်လာပေးသော အံ့မခန်း ကျင့်ကြံခြင်း အကျိုးကျေးဇူးများကြောင့်ပင်။
မဟုတ်ပါက ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန်ဆုံး ထျန်းကျီဘုံ ဆဋ္ဌမအလွှာတွင်သာ ရှိနေမည်။
ပြင်းထန် ကြမ်းတမ်းလှသော တိုက်ပွဲကြီးက ငါးမိနစ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။ သူတို့ နှစ်ဦးစလုံး လှံဒဏ်ရာများနှင့် လက်သီးရာများ ရရှိထားကြပြီး အချင်းချင်း ဒဏ်ရာအပြင်းအထန် ရရှိအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ရှင်းလင်းစွာ သိသာနေသည်။
"တကယ်ကို အစွမ်းထက်တာပဲ... ဒီလို အားရစရာ ကောင်းတဲ့ တိုက်ပွဲမျိုး မတိုက်ရတာ ကြာပြီ..."
ပိုင်လီယွိဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တစ်ချက် လှုပ်ခါလိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ လက်သီးရာများ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။
"မင်းလည်း အရမ်း အစွမ်းထက်ပါတယ်..."
ဖုန်းဝူချန်ကလည်း တက်ကြွစွာ ပြန်လည် တုံ့ပြန်လိုက်သည်။ ပိုင်လီယွိဖုန်းသည် တကယ်ကို အစွမ်းထက်သော ပြိုင်ဘက် တစ်ဦး ဖြစ်ပြီး ဖုန်းဝူချန် အနေဖြင့် သူ့ကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ချေ။
"အစ်ကိုဖုန်း... နောက်တစ်ကွက်နဲ့ အဆုံးအဖြတ် ပေးကြရအောင်..."
ပိုင်လီယွိဖုန်းမှာ နောက်ထပ် ဆက်မစောင့်နိုင်တော့ဘဲ သူ၏ အဆုံးမဲ့ စွမ်းအားများ နောက်တစ်ကြိမ် ရူးသွပ်စွာ ပေါက်ကွဲထွက်လာရာ သူ၏ ရက်စက်ကြမ်းကြုတ်ပြီး ကြီးစိုးသော အရှိန်အဝါက နည်းနည်းလေးမျှ အားနည်းသွားခြင်း မရှိချေ။
“ဝုန်း…”
ပိုင်လီယွိဖုန်းက အထက် ကောင်းကင်ယံသို့ ပျံတက်သွား၏။ တဆက်တည်း၌ သူ၏ လက်နှစ်ဖက်ဖြင့် လှံရှည်ကို လျင်မြန်စွာ လှည့်ပတ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများ ရူးသွပ်စွာ စုစည်းလာပြီး အဖြူတောက်တောက် အလင်းတန်းများက ကျယ်ဝန်းလှသော ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
"အင်မော်တယ် သိုင်းကွက်... မူလ အစပြန် အဖျက်အား လှံချက်..."
ကြီးစိုးသော အရှိန်အဝါ ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။ ပိုင်လီယွိဖုန်းက မိုးကြိုး ဝိညာဉ်ချေမှုန်း လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ဟင်းလင်းပြင်ဆီသို့ ချိန်ရွယ်လိုက်ပြီး မာန်သွင်းလိုက်တော့၏။ ရက်စက်ကြမ်းကြုတ်သော လှံအလင်းတန်းကြီးမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ဟင်းလင်းပြင် အတွင်း၌ ဧရာမ စွမ်းအင် ရေဝဲကြီး တစ်ခု လည်ပတ်လာသည်။
“ဝှစ်…”
"ဝီ... ဝီ..."
ပိုင်လီယွိဖုန်းက နည်းနည်းလေးမျှ တုံ့ဆိုင်းမနေဘဲ အပေါ်မှနေ၍ အားကုန် ခုတ်ပိုင်းလိုက်ရာ ဧရာမ အဖြူရောင် လှံအလင်းတန်းကြီး ရှေ့သို့ တဟုန်ထိုး ပစ်ထွက်သွားတော့၏။ ၎င်း၏ စွမ်းအားက ကောင်းကင်ယံကိုပင် ထိုးဖောက်သွားတော့မည့်အလား ဖြစ်သည်။
ကြောက်မက်ဖွယ် အင်မော်တယ် သိုင်းကွက်ကြောင့် နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ယင်သွားကြပြီး သူတို့၏ မျက်နှာများမှာ စက္ကူချပ် တစ်ချပ်ပမာ ဖြူဖျော့နေကြတော့၏။
'ပိုင်လီယွိဖုန်းက တကယ့်ကို အထွတ်အထိပ် ပါရမီရှင်ပဲ... နဂါး မျိုးနွယ်စုရဲ့ သခင်လေးထက် နည်းနည်းလေးပဲ အားနည်းတာ...'
လင်ရှောင်ရှောင်က ရင်တွင်း၌ တိတ်တဆိတ် ချီးကျူးလိုက်မိ၏။
သို့သော် လင်ရှောင်ရှောင်က နည်းနည်းလေးမျှ စိုးရိမ်ပူပန်နေခြင်း မရှိချေ။ အစ်ကိုကြီးဖုန်း၏ စွမ်းအားကို သူမ အသိဆုံး ဖြစ်ပါသည်။
ပိုင်လီယွိဖုန်း မည်မျှပင် အစွမ်းထက်နေပါစေ အစ်ကိုကြီးဖုန်းအား အနိုင်ယူရန်မှာ လွယ်ကူပါမည်လား။
ဖုန်းဝူချန်၏ အကြည့်က သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာသော လှံအလင်းတန်းကြီးထံတွင်သာ စူးစိုက်နေပြီး မျက်မှောင် ကြုတ်လိုက်၏။ ဤစွမ်းအားက သူ့ကို ချုပ်ကိုင်နိုင်စွမ်း အပြည့်ရှိသည်ဟု ခံစားလိုက်ရသည်။
ဖုန်းဝူချန်က ဖျက်ဆီးခြင်း စွမ်းအားများကို အစွမ်းကုန် အသက်သွင်းလိုက်ပြီး လက်သီးနှစ်ဖက်ထံသို့ စုစည်းလိုက်၏။
သွေးရောင် အလင်းတန်းများ ရစ်သိုင်းလာပြီး ကြီးစိုးသော စွမ်းအားက အရပ်မျက်နှာ အသီးသီးသို့ ဖြာထွက်သွားတော့သည်။ ရှေးဦး ကမ္ဘာဦး စွမ်းအား၏ ကြောက်မက်ဖွယ် အရှိန်အဝါက အသက်ရှူရပင် ကြပ်တည်းလာစေတော့၏။
"ရှေးဦး ကမ္ဘာဦး နဂါးနတ်ဘုရား လက်သီး..."
ဖုန်းဝူချန်က ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် အကြည့်များက လှံအလင်းတန်းကြီးထံသို့ စူးစိုက်သွားကာ သူ၏ လက်သီးနှစ်ဖက်ကို အရှေ့သို့ ရူးသွပ်စွာ ထိုးနှက်လိုက်တော့သည်။
"ဘုန်း... ဘုန်း... ဘုန်း"
"ဝီ... ဝီ..."
ဖုန်းဝူချန်က ရူးသွပ်စွာ တိုက်ခိုက်လိုက်သည်နှင့် တပြိုင်နက် ဧရာမ စွမ်းအား ပေါက်ကွဲထွက်လာတော့၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူက လက်သီးချက်ပေါင်း သောင်းနှင့်ချီ၍ ထိုးနှက်လိုက်ပြီး လက်သီးချက်တိုင်းက လှံအလင်းတန်းကြီး အပေါ်သို့ ဗုံးတစ်သောင်း ဆက်တိုက် ပေါက်ကွဲသွားသည့်အလား ထိုးနှက်သွားရာ ကောင်းကင်နှင့် မြေကမ္ဘာကိုပါ တုန်လှုပ်သွားစေတော့သည်။
ဖြာထွက်လာသော ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များက ညှာတာမှု ကင်းမဲ့သော ဆူနာမီ လှိုင်းလုံးကြီးပမာ အရပ်မျက်နှာ အသီးသီးသို့ ရူးသွပ်စွာ လိမ့်တက်သွားတော့၏။
ဖုန်းဝူချန်၏ ရူးသွပ်သော တိုက်ခိုက်မှုကြီးက မြင်တွေ့ရသူတိုင်းကို ပင့်သက်ရှ်ိုက်မိသွားစေပြီး မြင်ကွင်း တစ်ခုလုံးမှာ အလွန်တရာ အံ့မခန်း ဖြစ်လွန်းလှသည်။
နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး လုံးဝ ကျောက်ရုပ်များပမာ အေးခဲသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ကြောက်ရွံ့ ထိတ်လန့်မှုများ အပြည့်အဝ ဖုံးလွှမ်းနေတော့၏။
ပိုင်လီယွိဖုန်း၏ လှံအလင်းတန်းကြီးပေါ်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပေါ်ထွက်လာတော့သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ပိုင်လီယွိဖုန်းမှာ လုံးဝ ဆွံ့အ မှင်သက်သွားတော့၏။ ဤမျှ ကြီးစိုးသော အင်မော်တယ် သိုင်းကွက်က သူ၏ လှံအလင်းတန်းကြီးကို တစ်စစီ ကြေမွသွားအောင် လုပ်နိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
“ဘုန်း…”
ဧရာမ လှံအလင်းတန်းကြီး တစ်ခုလုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားပြီးနောက် ကျိုးပဲ့သွားသော လှံအလင်းတန်းကြီးမှ တောက်ပသော အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မိုးခြိမ်းသံပမာ ပေါက်ကွဲသံနှင့်အတူ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်များက အရာအားလုံးကို ရူးသွပ်စွာ တိုက်ခတ်သွားတော့၏။
“ဖူး…”
မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့ နှစ်ဦးစလုံး သွေးစိမ်းများကို တဝေါဝေါ အန်ထုတ်လိုက်ကြရပြီး ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များ၏ ဝါးမြိုခံလိုက်ရတော့သည်။
ရက်စက်ကြမ်းကြုတ်လှသော ထိပ်တိုက် ဝင်တိုက်မိမှုကြောင့် သူတို့ နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားကြ၏။
ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့ကို မျက်တောင်တစ်ခတ် အတွင်းမှာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားစေခြင်းက ထိုစွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ရှင်းလင်းစွာ ပြသနေသည်။
နဂါးနတ်ဘုရား နန်းတော်မှ လူများ အားလုံး အလွန်အမင်း အံ့အားသင့် ထိတ်လန့်ပြီး စိုးရိမ်ပူပန်နေကြတော့၏။
"မိန်းကလေး ရှောင်ရှောင်... နန်းတော်သခင် ဘာမှ မဖြစ်ဘူးမလား..."
ထျန်းကျီဘုံ ပညာရှင် တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
လင်ရှောင်ရှောင်က ခပ်ယဲ့ယဲ့ ပြုံးရင်း ပြန်လည် ဖြေကြားလိုက်၏။
"စိတ်မပူပါနဲ့ရှင့်... အစ်ကိုကြီးဖုန်းရဲ့ စွမ်းအားက အခု အရမ်း အစွမ်းထက်နေပါပြီ... သူ ဒဏ်ရာ ရသွားတယ် ဆိုရင်တောင် သူ့အတွက် သိပ်ပြီး အများကြီး ထိခိုက်မှာ မဟုတ်ပါဘူး..."
"နန်းတော်သခင်က တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ... ပိုင်လီယွိဖုန်းကလည်း အားနည်းတာ မဟုတ်ဘူး... ဒါပေမဲ့ ပိုင်လီယွိဖုန်း အနေနဲ့ နန်းတော်သခင်ကို အနိုင်ယူဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူး... ပါရမီရှင်တွေရဲ့ တိုက်ပွဲက တကယ်ကို အံ့မခန်းပဲ... ဒီလို အားရစရာ ကောင်းတဲ့ တိုက်ပွဲမျိုးကို မမြင်ရတာ ကြာပြီ..."
ထျန်းရှန်းဇီက ပြုံးလျက် မှတ်ချက်ချလိုက်ရာ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးမျှ မရှိချေ။
ဟန်ခွန်းကလည်း ဝင်ရောက် ထောက်ခံလိုက်၏။
"ပထမ အကြီးအကဲ ပြောတာ မှန်တယ်... ကျွန်တော်ကတော့ နန်းတော်သခင် အနိုင်ရမယ်လို့ အပြည့်အဝ ယုံကြည်တယ်..."
အထက် ကောင်းကင်ယံတွင် ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များ လုံးဝ ပျောက်ကွယ်မသွားသေးမီမှာပင် ရက်စက်ကြမ်းကြုတ်သော ဝင်တိုက်မိသံ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
ဤပါရမီရှင်များ၏ တိုက်ပွဲကြီးတွင် ဖုန်းဝူချန်နှင့် ပိုင်လီယွိဖုန်းတို့ နှစ်ဦးစလုံး အစွမ်းကုန် အင်အားများကို ထုတ်သုံးကာ တိုက်ခိုက်နေကြလေ၏။
အနိုင် အရှုံးကတော့ မသေချာသေးချေ။
--