← Chapters

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း (၈၈၀) - သွေးနတ်ဆိုး

"ဝီ... ဝီ..."

တိုက်ကြီး တစ်ခုလုံး အရပ်မျက်နှာ အသီးသီးတွင် ပြင်းထန်စွာ တုန်ခါနေပြီး ဟင်းလင်းပြင်များမှာ ကမ္ဘာပျက်ကပ်ကြီး ဆိုက်ရောက်နေသည့်အလား တစ်လွှာပြီး တစ်လွှာ ပြိုကျ ပျက်စီးနေတော့၏။

“ဘုန်း…”

ခမ်းနား ကြီးကျယ်လှသော ဧရာမ တောင်တန်းကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အနက်ရောင် ပုံရိပ်တစ်ခုက ကောင်းကင်ယံသို့ တဟုန်ထိုး ထိုးတက်သွားရာ သူ၏ ကြီးစိုးသော အရှိန်အဝါက အနီးပတ်ဝန်းကျင် တစ်ခုလုံးကို ရူးသွပ်စွာ တိုက်ခတ်သွားတော့သည်။

"နဂါးနတ်ဆိုး အမိန့်တော်... မီးတောက်နဂါး အရှင်သခင်..."

ထိုပုံရိပ်က အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ပျံသန်းထွက်ခွာသွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေပြီ။

“ဂျုန်း…”

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံက ပွင့်ဟလာသော ဧရာမ အက်ကွဲကြောင်း နက်ကြီး တစ်ခု အတွင်းမှ ပဲ့တင်ထပ်လာပြီး အစိမ်းရောင် အလင်းတန်း တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖြာထွက်သွားတော့၏။

“ဝရော…”

ဧရာမ မြကျောက်ရောင် ရေကန်ကြီး တစ်ခု အတွင်း၌ ရေလှိုင်းများ ရူးသွပ်စွာ ဆူပွက် လိမ့်တက်လာပြီး ရေပန်းများ ကောင်းကင်ယံသို့ ထိုးတက်သွားကာ တောက်ပသော အဖြူရောင် အလင်းတန်း တစ်ခု ရေကန် အောက်ခြေမှ နေ၍ လျှံတက်လာတော့၏။ ကြောက်မက်ဖွယ် စွမ်းအားများက ကျယ်ဝန်းလှသော ရေပြင်ကြီးကို တိုက်ရိုက် လှုပ်ခတ်သွားစေပြီး ဆူနာမီ လှိုင်းလုံးကြီးများပမာ ရေလှိုင်းကြီးများက အရပ်မျက်နှာ အသီးသီးသို့ ပုတ်ခတ်လျက် ရေကန် အလယ်တွင် ရေတစ်စက်မျှပင် မကျန်တော့သည်အထိ ဖြစ်သွားစေတော့သည်။

တတိယတန်းစား အင်အားစု တစ်ခု အတွင်း၌ တံမြက်စည်း လှည်းနေသော အဘိုးအို တစ်ဦးထံမှ ကောင်းကင်ယံသို့ ထိုးတက်သွားမည့် အရှိန်အဝါ တစ်ခု ရုတ်တရက် ဖြာထွက်လာရာ ထိုနေရာရှိ တပည့်များနှင့် ခေါင်းဆောင်များ အားလုံး ကြောက်လန့်လွန်းသဖြင့် သေးပင် ပေါက်ချလုမတတ် ဖြစ်သွားကြတော့၏။

တိုက်ကြီး၏ နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်များ၊ လျှို့ဝှက်ဆန်းကြယ်သော သစ်တောများ၊ တိုက်ကြီး၏ တားမြစ်နယ်မြေများ အားလုံးတွင် ဖျက်ဆီးခြင်း အရှိန်အဝါများ တစ်ခုပြီး တစ်ခု အဆက်မပြတ် ပြန်လည် နိုးထလာကြတော့သည်။

"ဘုန်း... ဘုန်း... ဘုန်း"

"ဝှစ်... ဝှစ်... ဝှစ်"

တိုက်ကြီး တစ်ခုလုံးတွင် စွမ်းအားကြီး အရှိန်အဝါများ တစ်ခုပြီး တစ်ခု ဆက်တိုက် ထွက်ပေါ်လာရာ လူတိုင်းကို ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ယင်သွားစေနိုင်စွမ်း ရှိသည်။

“နိုးထလာကြပြီ... သူတို့ အားလုံး နိုးထလာကြပြီ…”

"နဂါးနတ်ဆိုးနတ်ဘုရားက တကယ်ပဲ ပိတ်လှောင်မှုကနေ ဖောက်ထွက်လာနိုင်ခဲ့ပြီလား... ဒီနတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင်တွေ အားလုံး ပြန်လည် နိုးထလာကြပြီပဲ..."

"နဂါးနတ်ဆိုးနတ်ဘုရား လက်အောက်က စစ်သူကြီး ဆယ်ယောက် အားလုံး ပြန်လည် နိုးထလာကြပြီ..."

အင်အား အဖွဲ့အစည်း အသီးသီးမှ အထွတ်အထိပ် ပညာရှင်များ အားလုံး အလွန်အမင်း အံ့အားသင့် ထိတ်လန့်သွားကြပြီး ထိုပြန်လည် ရှင်သန်လာသော ကြီးစိုးသည့် စွမ်းအားများကို ရှင်းလင်းစွာ အာရုံခံမိနေကြတော့၏။

"သူတို့ လာနေကြပြီ..."

မီးတောက်နဂါးက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရင်းနှီးကျွမ်းဝင်နေသော အရှိန်အဝါ အများအပြားကို အာရုံခံမိလိုက်သည်။

"ဝှစ်... ဝှစ်... ဝှစ်"

သိပ်မကြာမီ အချိန်အတွင်း ပုံရိပ် ဆယ်ခုက အရပ်မျက်နှာ အသီးသီးမှ ပျံသန်းလာကြပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် မီးတောက်နဂါး၏ အရှေ့သို့ ရောက်ရှိလာကြတော့၏။

သူတို့သည် နဂါးနတ်ဆိုးနတ်ဘုရား၏ လက်အောက်ရှိ စစ်သူကြီး ဆယ်ယောက် ဖြစ်ကြပြီး အားလုံးက နတ်ဘုရားအသွင်ပြောင်းဘုံ ပဉ္စမအလွှာ အထက်တွင် ရှိနေကြရာ သူတို့၏ စွမ်းအားများက အလွန်တရာ ကြောက်စရာ ကောင်းလွန်းလှသည်။ အစွမ်းအထက်ဆုံး သူမှာ နတ်ဘုရားအသွင်ပြောင်းဘုံ သတ္တမအလွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိနေခဲ့၏။

"မီးတောက်နဂါး အရှင်သခင်ကို ဂါရဝပြုပါတယ်..."

စစ်သူကြီး ဆယ်ယောက် အားလုံးက ဒူးထောက်ကာ ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်ကြ၏။

"နှစ်တွေ အများကြီး ကြာသွားပြီ ဆိုတော့... မင်းတို့ရဲ့ ကျင့်ကြံခြင်းတွေလည်း တော်တော်လေး တိုးတက်လာခဲ့ကြပြီပဲ... ထကြပါ..."

မီးတောက်နဂါးက ပြုံးလျက် ပြောလိုက်ပြီး ထိုဆယ်ယောက်ကို ထရန် အချက်ပြလိုက်သည်။

"မီးတောက်နဂါး အရှင်သခင်... ကျုပ်တို့ရဲ့ သခင်က ပိတ်လှောင်မှုကနေ ဖောက်ထွက်လာနိုင်ပြီလား..."

စစ်သူကြီး တစ်ဦးက မေးလိုက်၏။

"ငါတို့ရဲ့ သခင် ကျဆုံးသွားခဲ့ပြီ..."

မီးတောက်နဂါးက ဝမ်းနည်းစွာ ခေါင်းခါယမ်းရင်း ဖြေကြားလိုက်သည်။

"ဘာ... ကျုပ်တို့ရဲ့ သခင် ကျဆုံးသွားပြီ ဟုတ်လား..."

စစ်သူကြီး ဆယ်ယောက်လုံး၏ မျက်နှာအမူအရာများ ရုတ်ချည်း ညှိုးရော်သွားပြီး အံ့အားသင့်မှုများနှင့် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းသွားတော့၏။

မီးတောက်နဂါးက ခေါင်း အနည်းငယ် ညိတ်ပြလိုက်ပြီး ရှင်းပြလိုက်သည်။

"သခင် မကျဆုံးခင်မှာ... အရာအားလုံးကို ဝူကျိနယ်မြေ နဂါးနတ်ဘုရား နန်းတော်ရဲ့ နန်းတော်သခင် ဖုန်းဝူချန် ဆိုတဲ့ လူငယ်လေး တစ်ယောက်ဆီကို လွှဲအပ်ခဲ့တယ်... သခင်ဟောင်းရဲ့ အမိန့်တော်နဲ့ ဆန္ဒအရ သူက ငါတို့ရဲ့ သခင်သစ်ပဲ..."

"သခင်က ဘယ်လိုလုပ် ကျဆုံးသွားနိုင်မှာလဲ... မယုံဘူး... ငါတို့ရဲ့ သခင် ကျဆုံးသွားတယ်လို့ ငါ လုံးဝ မယုံကြည်ဘူး..."

စစ်သူကြီး တစ်ဦးက ကြောင်အမ်းအမ်းဖြင့် ခေါင်းခါယမ်းရင်း အော်ဟစ်လိုက်၏။

"ငါလည်း မယုံဘူး... သခင့်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင်... ပိတ်လှောင်ခံထားရပြီး ဧကရာဇ် အဆင့် ဝိညာဉ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သခင်က ဘယ်လိုလုပ် သေဆုံးသွားနိုင်မှာလဲ..."

နောက်ထပ် စစ်သူကြီး တစ်ဦးကလည်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

စစ်သူကြီး ဆယ်ယောက်လုံး၏ မျက်နှာများပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေပြီး နဂါးနတ်ဆိုးနတ်ဘုရား သေဆုံးသွားသည် ဆိုသည်ကို မည်သူကမျှ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့၏။

သူတို့၏ နှလုံးသားထဲတွင် နဂါးနတ်ဆိုးနတ်ဘုရား ဆိုသည်မှာ ပြိုင်ဘက်ကင်း အစွမ်းထက်သော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်။ အတိတ်ကာလက နဂါးမျိုးနွယ်စု၏ ရှေးဦး ကမ္ဘာဦး (ထိုက်ကျိ) အကြီးအကဲ ခြောက်ဦး ကိုယ်တိုင် ပေါင်းပြီး ပိတ်လှောင်ခဲ့ရသည့်တိုင် နဂါးနတ်ဆိုးနတ်ဘုရား အလွန်အမင်း ဒဏ်ရာအပြင်းအထန် ရရှိနေချိန်တွင်မှသာ အောင်မြင်ခဲ့ခြင်း မဟုတ်ပါလော။

သည်လောက် ကြောက်မက်ဖွယ် ကောင်းလှသော ပုဂ္ဂိုလ်ကြီး သေဆုံးသွားပြီတဲ့လား။

"သတိထားကြစမ်း..."

စစ်သူကြီး ဆယ်ယောက်လုံး ဝမ်းနည်းပူဆွေးပြီး စိတ်ဓာတ်ကျဆင်းနေကြသည်ကို မြင်လိုက်ရသည့်အခါ မီးတောက်နဂါးက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

မီးတောက်နဂါးက ထိုဆယ်ယောက်ကို ရက်စက်သော အကြည့်များဖြင့် စူးစိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"ငါတို့ရဲ့ သခင်မှာ မပြည့်စုံသေးတဲ့ ဆန္ဒတွေ ကျန်ရှိနေသေးတယ်... သခင်သစ်ကို ကူညီပြီး အဲဒီ ဆန္ဒတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ငါတို့ အားလုံး ပူးပေါင်း ဆောင်ရွက်ရမယ်..."

"ဟုတ်ကဲ့ပါ..."

စစ်သူကြီး ဆယ်ယောက်လုံးက သူတို့၏ ရင်ထဲမှ ဝမ်းနည်းပူဆွေးမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး တစ်သံတည်း ကျယ်လောင်စွာ ပြန်လည် ဖြေကြားလိုက်ကြ၏။

"မင်းတို့ အားလုံး နဂါးနတ်ဘုရား နန်းတော်ကို ချက်ချင်း သွားပြီး ငါတို့ရဲ့ သခင်ကို အမှောင်ထဲကနေ လျှို့ဝှက် ကာကွယ်ပေးရမယ်..."

မီးတောက်နဂါးက အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ..."

စစ်သူကြီး ဆယ်ယောက်လုံးက အမိန့်ကို ရိုသေစွာ နာခံလိုက်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် လျှပ်တစ်ပြက် ပျောက်ကွယ်သွားကြတော့၏။

'သခင်... မီးတောက်နဂါးက သခင့်ကို သေချာပေါက် စိတ်မပျက်စေရပါဘူး... အေးချမ်းစွာ အနားယူပါတော့...'

မီးတောက်နဂါးက ရင်တွင်း၌ တိတ်တဆိတ် ကတိပေးလိုက်ပြီး သူ၏ မျက်လုံးများ နောက်တစ်ဖန် မျက်ရည်များဖြင့် ပြည့်နှက်လာပြန်၏။

'မီးလျှံဝိညာဉ်... မီးလျှံမီးတောက်... မကြာခင် ငါတို့ သခင်နဲ့ အတူ မင်းတို့ကို လာကယ်ပါ့မယ်... ငါ့ကို စောင့်နေကြပါ...'

မီးတောက်နဂါးက တွေးတောလိုက်သည်။ နဂါးနတ်ဆိုးနတ်ဘုရား သေဆုံးသွားမှုကြောင့် သူ အလွန်အမင်း ဝမ်းနည်းပူဆွေးနေရသော်ငြား မီးလျှံဝိညာဉ်နှင့် မီးလျှံမီးတောက်တို့ အသက်ရှင်လျက် ရှိနေသေးကြောင်း သိလိုက်ရသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။

“ဝှစ်…”

ထိုအခိုက်အတန့်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် မြူခိုးများဖြင့် ရစ်ပတ်ထားသည့် အနက်ရောင် ပုံရိပ်တစ်ခုက အသံတိတ် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာတော့သည်။

"မင်း ဒီကို ဘာလာလုပ်တာလဲ..."

ထိုသူ ရောက်ရှိလာသည်ကို ချက်ချင်း သတိပြုမိသွားသည့်အခါ မီးတောက်နဂါးက ရေခဲတမျှ အေးစက်စွာ မေးလိုက်၏။

ရောက်ရှိလာသူမှာ အခြားသူ မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်စုမှ သွေးနတ်ဆိုးပင်။

သွေးနတ်ဆိုး၏ ခန္ဓာကိုယ်မှ သွေးဆာ အရှိန်အဝါများ ဖြာထွက်နေပြီး အနက်ရောင် ဝတ်ရုံခြုံထားသဖြင့် သူ၏ သွေးစွန်းနေသော မျက်နှာကိုသာ မြင်တွေ့ရရာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

"ဟီးဟီး... မင်းရဲ့ ဒဏ်ရာတွေ တော်တော် မြန်မြန် သက်သာလာတာပဲ..."

သွေးနတ်ဆိုးက တဟီးဟီး သွားဖြီးပြရင်း ပြောလိုက်၏။

မီးတောက်နဂါးက ဘာမှ ပြန်မပြောဘဲ အေးတိအေးစက်ဖြင့်သာ စူးစိုက်ကြည့်နေတော့သည်။

"ဘာဖြစ်လို့လဲ... မဟာမိတ် တစ်ယောက်ကို ဒီလိုပဲ ဆက်ဆံရသလား..."

သွေးနတ်ဆိုးက အလွန်တရာ ရင်းနှီးခင်မင်ဟန်ဖြင့် ပြုံးလျက် မေးလိုက်၏။

"မဟာမိတ် ဟုတ်လား..."

မီးတောက်နဂါးက အေးစက်စက် သရော်လိုက်ပြီး ဆက်ပြောသည်။

"သွေးနတ်ဆိုး... ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းပါနဲ့... လုံထျန်းကျန့်ကို တိုက်တုန်းက ငါတို့ အချင်းချင်း အသုံးချခဲ့ကြတာ သက်သက်ပဲ... မဟာမိတ် ဆိုတာ လုံးဝ မရှိခဲ့ဘူး..."

"ပထမအကြိမ် ပူးပေါင်းခဲ့ဖူးပြီပဲ... ဒုတိယအကြိမ် ထပ်ပြီး ပူးပေါင်းဖို့ အခွင့်အရေး ရှိလာဦးမယ်လို့ ငါ ယုံကြည်တယ်... မင်း တစ်ယောက်တည်းနဲ့တော့ လုံထျန်းကျန့်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ..."

သွေးနတ်ဆိုးက နှိမ့်ချခြင်း မရှိ၊ မာနထောင်လွှားခြင်း မရှိသော လေသံဖြင့် ပြုံးလျက် ရှင်းပြလိုက်၏။

မီးတောက်နဂါးက ရေခဲတမျှ အေးစက်စွာ ပြန်ပြောလိုက်သည်။

"ငါ မင်းကို စိတ်ပျက်အောင် လုပ်ရတော့မယ် ထင်တယ်..."

"ငါ့ကို ငြင်းဖို့ သိပ်မလောပါနဲ့ဦး..."

သွေးနတ်ဆိုးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ပြီး ဟင်းလင်းပြင်ကို နင်းကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီးနောက် ဆက်ပြောလိုက်၏။

"နဂါးမျိုးနွယ်စုကို အမြန်ဆုံး အမြစ်ပြတ် ချေမှုန်းနိုင်မယ့် အံ့မခန်း အစီအစဉ် တစ်ခု ငါ့ဆီမှာ ရှိတယ်..."

"နားထောင်ကြည့်ရတာပေါ့..."

မီးတောက်နဂါးက သွေးနတ်ဆိုးကို အေးစက်စက် အကြည့်ဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သည်။

"တွေ့လား... ငါ ပြောသားပဲ... အချင်းချင်း အသုံးချတာပဲ ဖြစ်ဖြစ်... ပူးပေါင်းဆောင်ရွက်တာ တစ်မျိုးပဲလေ..."

သွေးနတ်ဆိုးက ပြုံးလျက် ပြောလိုက်၏။

"အလကား စကားတွေ..

လျှော့ပြောစမ်း..."

မီးတောက်နဂါးက အေးစက်စက် နှာမှုတ်လိုက်သည်။

"ရှေးဦး ကမ္ဘာဦး သားရဲကြီးတွေနဲ့ မင်း ရင်းနှီးတယ် မဟုတ်လား..."

သွေးနတ်ဆိုးက မီးတောက်နဂါးကို စူးစိုက်ကြည့်ရင်း ပြုံးလျက် မေးလိုက်၏။

"ကျားသစ်ရိုင်းကြီးကို ပြောတာလား..."

မီးတောက်နဂါးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"ပြီးတော့ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီး ကောပေါ့..."

သွေးနတ်ဆိုးက ခပ်ယဲ့ယဲ့ ပြုံးရင်း ရှင်းပြလိုက်၏။

"သူတို့ရဲ့ အကူအညီသာ ပါမယ် ဆိုရင်... လုံထျန်းကျန့်က ငါတို့ကို ယှဉ်နိုင်ဖို့ အခွင့်အရေး ရှိသေးတယ်လို့ မင်း ထင်လား..."

"ဟမ့်.. ပြောတာက လွယ်လိုက်တာ... ကျားသစ်ရိုင်းကြီးကို အဲဒီလောက် အလွယ်တကူ ထိန်းချုပ်လို့ ရမယ် ထင်နေတာလား..."

မီးတောက်နဂါးက အေးစက်စက် သရော်လိုက်သည်။

ထိုအခါ..သွေးနတ်ဆိုးက မာနထောင်လွှားစွာ ပြန်လည် ဖြေကြားလိုက်၏။

"ငါက နတ်ဆိုးမျိုးနွယ်စုက ဆိုတာကို မမေ့နဲ့ဦး... ငါတို့ နှစ်ယောက် ပေါင်းရင် ကျားသစ်ရိုင်းကြီးကို အလွယ်တကူ ဖမ်းနိုင်တယ်... ပြီးတော့ သူ့ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်း ငါ့ဆီမှာ ရှိတယ်... မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံကြီးကို ဖမ်းဖို့ ဆိုတာကတော့ ကလေးကစားသလို လွယ်ကူတဲ့ ကိစ္စပဲ..."

"ဟွန့်... ငါ့အထင် မင်းရဲ့ တကယ့် ရည်ရွယ်ချက်က လုံထျန်းကျန့်ကို တိုက်ဖို့ မဟုတ်ဘူးပဲ... ကျားသစ်ရိုင်းကြီးမှာ မိစ္ဆာ ဧကရာဇ်ရဲ့ ပိတ်လှောင်မှုကို ချိုးဖျက်နိုင်တဲ့ ကနဦး ဖရိုဖရဲ စွမ်းအား ရှိနေတယ်... ကြည့်ရတာ မင်းက မိစ္ဆာ ဧကရာဇ်ကို ကယ်တင်ချင်နေတာပဲ..."

မီးတောက်နဂါးက အေးစက်စက် မှတ်ချက်ချလိုက်၏။

နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်လာခဲ့သော မီးတောက်နဂါး အနေဖြင့် သွေးနတ်ဆိုး၏ လှည့်စားမှုကို အလွယ်တကူ ခံရပါမည်လော။

သွေးနတ်ဆိုးက လက်နှစ်ဖက်ကို ဖြန့်ကာ ရယ်လိုက်သည်။

"ငါ့အလုပ် ငါလုပ်မယ်... မင်းက မင်းရဲ့ ကလဲ့စားကို ချေ... ငါတို့ အချင်းချင်း ဝင်မစွက်ဖက်ကြဘူးလေ..."

"မင်းရဲ့ အစီအစဉ်ကို ပြောပြတဲ့ အတွက် ကျေးဇူးပဲ... ဒါပေမဲ့ မင်း အောင်မြင်မှာ မဟုတ်ဘူး..."

မီးတောက်နဂါးက အေးစက်စက် သရော်ရင်း ပြန်ပြောလိုက်၏။

"ဘာကို ဆိုလိုတာလဲ..."

သွေးနတ်ဆိုးက မျက်မှောင်ကြုတ်လျက် မေးလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ခြိမ်းခြောက်သည့် အလင်းတန်းများ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

မီးတောက်နဂါးက ဖုန်းဝူချန်ထံတွင် လက်အောက်ခံနေပြီ ဆိုသည်ကို သွေးနတ်ဆိုး လုံးဝ မသိရှိခဲ့ချေ။

ဖုန်းဝူချန်၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သော မီးတောက်နဂါးက သွေးနတ်ဆိုးကို မည်သို့ ကူညီပေးနိုင်မည်နည်း။

"နောက်တာပါကွာ... ဒါပေမဲ့ ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့နော်... မဟုတ်ရင် မင်းကို သတ်ပစ်မှာ..."

မီးတောက်နဂါးက အေးစက်စက် ခြိမ်းခြောက်လိုက်ရာ သူ၏ ရင်ထဲတွင် အခြား အစီအစဉ် တစ်ခု ရှိနေပုံရသည်။

သွေးနတ်ဆိုး၏ မျက်မှောင်များ အနည်းငယ် ပို၍ ကြုတ်သွားပြီး ပိုမို သတိထားလာတော့၏။

"အခုက အချိန်အခါ မဟုတ်သေးဘူး... ငါ့ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားတဲ့ အခါကျမှ လာရှာပြီး ဆက်ဆွေးနွေးကြတာပေါ့..."

မီးတောက်နဂါးက ထိုစကားကို ချန်ရစ်ခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။

--

All Chapters