← Chapters

အခန်း ၁၉၈၁

Vol. 133 Ch. 1981

အခန်း ၁၉၈၁

Vol. 133 Ch. 1981

အခန်း( ၁၉၈၁ )

ကြယ်မြစ်နတ်သခင်၏ ဆုံးဖြတ်ချက်

ယခုတော့ လုချန်း၌ တကယ်ပင် စွမ်းဆောင်ရည်အချို့ ရှိကြောင်း ယွမ်ယုတိ မငြင်းသာပဲ ဝန်ခံရပေလိမ့်မည်။

အထူးသဖြင့် မိန်းမများကို ဉာဏ်ဆင်လှည့်စားသည့်နေရာတွင် ဖြစ်သည်။

သူမသည် ယခုအခါတွင် တဖြည်းဖြည်း သတိဝင်လာခဲ့ပြီး သူမကိုယ်သူမ လုချန်း၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်ကြောင်း သိသွားခဲ့သည်။

သူမသည် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းကို ပုံမှန်ကိစ္စတစ်ခုအဖြစ် လုံးဝ သတ်မှတ်မိလိမ့်မည်ဟု အိပ်မက်ပင် တစ်ခါမှ မက်ဖူးခဲ့ပေ။

အတိတ်ကာလကဆိုလျှင် အမျိုးသားတစ်ဦးက သူမ၏ ခန္ဓာကိုယ်ကို ထိမိပါက မျက်တောင်တစ်ခတ်အတွင်း လက်ပြန်တစ်ချက်ဖြင့် ထိုလူကို ရေခဲရုပ်တုအဖြစ် အေးခဲပစ်စေလိုက်မည် ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ လုချန်းနှင့် ထိုသို့သော ကိစ္စရပ်များကို ပြုလုပ်သည့်အခါ သူက သူမကို ဦးဆောင်ရန်ပင် မလိုတော့ပေ။ ထိုအရာက သူမ၏အတွက်အကျိုးရှိသည်ဟုပင် ခံစားနေရတော့သည်။

မည်သူက နစ်နာသွားသလဲဟု ပြောရလျှင် မည်သူမှ နစ်နာသွားခြင်း မရှိဟု အပ်ကြောင်းထပ်အောင် ဆိုရပေမည်။ အဘယ်ကြောင့်ဆိုသော် အဆုံးသတ်တွင် သူမ ဘက်က အကျိုးကျေးဇူးများ ရရှိခဲ့ပြီး လုချန်းကတော့ သာယာမှုကို ရရှိခဲ့သောကြောင့်ပင်။

သို့သော်လည်း သူမ၏ နတ်သခင် ဂုဏ်သိက္ခာကတော့ လေထဲလွင့်သလို လုံးဝ ပျောက်ဆုံးသွားခဲ့ရလေပြီ။

အနည်းဆုံးတော့ လုချန်း၏ ရှေ့တွင် သူမ၌ ဂုဏ်သိက္ခာဟူ၍ မြူမှုန်တစ်စပင် မရှိတော့ပေ။

အရေးအကြီးဆုံးအချက်မှာ သူမသည် ယခင်က ထိုကဲ့သို့သော အောက်တန်းကျသည့် ကာမရာဂဆန္ဒများကို ခါးခါးသီးသီး မုန်းတီးခဲ့သော်လည်း ယခုတော့ ထိုအရာများကို စိတ်ထဲ၌ လုံးဝ မရှိတော့ပဲ သူမ၏ စွမ်းအားကို မြှင့်တင်ရန်အတွက် ဤကဲ့သို့သော ကျင့်စဉ်ပုံစံအပေါ် အမှီပြုခြင်းက အလွန်ပုံမှန်ဖြစ်သည်ဟု တွေးတောတတ်လာခြင်းပင်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူမသည် သာယာမှုမှတစ်ဆင့် သူမ၏ စွမ်းအားကို မြှင့်တင်ခြင်း၌ အကျင့်ပါသွားပြီး နောက်နောင်တွင် ပုံမှန်အတိုင်း ပြန်လည် ကျင့်ကြံနိုင်ဦးမလား ဆိုတာပင် မသေချာချင်တော့ပေ။

နောင်ပိုင်း သူမ ပုံမှန်အတိုင်း ကျင့်ကြံနေလျှင်ပင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံသည့် အတွေးများက သူမ၏ စိတ်ကို လွှမ်းမိုးထားမည် ဖြစ်သောကြောင့် စိတ်ကို တည်ငြိမ်အောင် ထားရန် ခက်ခဲပေလိမ့်မည်။

အဆုံးတွင်တော့ အဆင့်မြင့်မားလေလေ စွမ်းအားကို တိုးမြှင့်ရန်က ကောင်းကင်သို့ လှေကားထောင် တက်လှမ်းရသကဲ့သို့ ခက်ခဲလေလေ ဖြစ်သည်။ ကျင့်ကြံခြင်းသက်သက်အပေါ်၌သာ အားကိုးနေပါက သူမအနေနှင့် ထိုကဲ့သို့သော စွမ်းအားများ ရုတ်တရက် ထိုးတက်လာသည့် ခံစားချက်ကို ကြုံတွေ့ရရန် မဖြစ်နိုင်ပေ။

ဆန့်ကျင်ဘက်အနေနှင့် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံသည့်အခါတွင်တော့ သူမသည် နိယာမအသစ်တစ်ခုကို နားလည် သဘောပေါက်သွားသည့် အကြိမ်တိုင်းတွင် ထိုကဲ့သို့ စွမ်းအားများ ဒီရေအလား မြင့်တက်လာမှုကို ခံစားရ၏။ ၎င်းက သူမကို ဘယ်တော့မှ မရောင့်ရဲနိုင်စေသော ခံစားချက်မျိုး ဖြစ်သည်။

အရေးအကြီးဆုံးမှာ သူမ၌ ထိုအကျင့်စွဲမြဲလာခြင်းပင်။

အကျင့်ဆိုသည်မှာ စွဲသွားလျှင် ကြောက်စရာ အလွန်ကောင်းသောအရာဖြစ်၏။

ထို့ကြောင့် ယခုအခါတွင် သူမကိုယ်သူမ လုချန်း၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ယွမ်ယုတိ ခံစားနေရသည်။

ထိုအကြောင်းကို တွေးမိလျှင် ယွမ်ယုတိ၏ စိတ်ထဲ ဒေါသတကြီး ဖြစ်မိရသည်။ သူမ၏ အစ်မဖြစ်သူသည်လည်း ဤတဏှာရူး၏ လှည့်ကွက်ထဲသို့ ကျရောက်သွားခဲ့ကြောင်း သိသွားသည့်တိုင်အောင် သူ့ကို စွဲလမ်းကာ မခွာခွာနိုင် ဖြစ်နေရခြင်း ဖြစ်လိမ့်မည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက တစ်နေ့နေ့တွင် သူမသည်လည်း ဤတဏှာရူး၏ ရင်သွေးကို လွယ်ထားရလိမ့်မည်ဟု ခံစားနေရသည်။

သို့သော်လည်း သူမကိုယ်သူမ ပြန်လမ်းမရှိသော လမ်းပေါ်သို့ ရောက်နေပြီဖြစ်ကြောင်း သိနေသော်လည်း ယခုအချိန်တွင် ထိုအရာကို ရပ်တန့်ရန် သူမအတွက် မဖြစ်နိုင်တော့ပေ။

စွမ်းအားများ တိုးတက်လာသည့် ခံစားချက်ကို မြည်းစမ်းကြုံတွေ့ဖူးသွားပြီးနောက် ယခုမှ ရပ်တန့်လိုက်ခြင်းက စဉ်းစား၍ပင် မရနိုင်တော့သည့် အရာ ဖြစ်သည်။

ယခုအခါတွင် သူမ ပြုလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ အဆုံးစွန်သော စည်းမျဉ်းကို ဆက်လက်ဆုပ်ကိုင်ထားပြီး လုချန်း၏ ကလေးကို လုံးဝ မရအောင် ရှောင်ကြဉ်ရန်သာ ဖြစ်သည်။

အကယ်၍ သူမသာ လုချန်း၏ ကလေးကို ရရှိသွားပါက ပြဿနာ တကယ်ပင် ကြီးမားကျယ်ပြန့်သွားပေလိမ့်မည်။

၎င်းက လူသားလောကနှင့် မတူပေ။ လူသားလောကတွင်တော့ အမျိုးသမီးတစ်ဦးသည် အမျိုးသားတစ်ဦး၏ ကလေးကို ရရှိပြီးနောက် အဆင်မပြေပါက လွယ်လွယ်ကူကူ ကွာရှင်းလိုက်ရုံဖြင့် ကိစ္စပြတ်သွားနိုင်ပေသည်။

သို့သော် နတ်လောကတွင်တော့ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကြား ကလေးတစ်ယောက် မွေးဖွားလာသည်နှင့် ရေစက်ဆုံသကဲ့သို့ ၎င်းတို့ကြားတွင် နက်ရှိုင်းသော ကံအကျိုး ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

ကျင့်စဉ်အဆင့် မြင့်မားလေလေ ကံတရား၏ ဆက်နွှယ်မှုက ပိုနက်ရှိုင်းလေလေ ဖြစ်၏။

ထို့နောက် ယွမ်ယုတိသည် မျက်နှာအမူအရာမရှိပဲ သတိပေးလိုက်သည်။

“သူက အရှင်သခင်အဆင့် အင်အားစုကြီးတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။ အလွယ်တကူ လှည့်စားလို့ရမယ့်သူ မဟုတ်ဘူး။ သူ သတိဝင်လာပြီး ကလဲ့စားချေတဲ့အခါကျရင် ရှင် သတိထားတာ ကောင်းလိမ့်မယ်။”

လုချန်းက ပြုံးလိုက်ပြီး မေးလိုက်၏။

“ခင်ဗျား သဝန်တိုနေတာလား။”

ထိုသို့ပြောရင်း လုချန်း ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်မိသည်။

“ဟူး... ဟူး... ဟူး...”

လုချန်း၏ ဤကဲ့သို့သော အခြေအနေကို တွေ့မြင်လျှင် ဤတဏှာရူးနှင့် နတ်သခင် ရှီယွဲ့တို့ မည်သည့်အဆင့်အထိ ရောက်ရှိနေပြီဖြစ်ကြောင်း ယွမ်ယုတိ သဘာဝကျကျပင် အကဲခတ် ခန့်မှန်းမိလိုက်သည်။

ယွမ်ယုတိက စကားများများ ဆက်မပြောတော့ပဲ ကျင့်ကြံခြင်းကို ရပ်တန့်ကာ ထရပ်လိုက်လေသည်။ နတ်သခင် ရှီယွဲ့နှင့် အချိန်အတော်ကြာအောင် လုံးပန်းပြိုင်ဆိုင်နေခဲ့ရသဖြင့် သူမ အနားယူရန် လိုအပ်နေပြီ ဖြစ်၏။

သူမသည် လုချန်း အကျိုးရှိစေမည့်အရာကို လုံးဝ ထပ်မလုပ်ဆောင်လိုတော့ပေ။

…….

ထိုအတောအတွင်း။

ချင်နတ်ဘုရား နိုင်ငံတွင်။

ယွမ်ယုတိက နတ်သခင် ရှီယွဲ့နှင့် ပြိုင်ဆိုင်ခြင်းကို ရပ်တန့်လိုက်ပြီးနောက် လုချန်းသည် သူ၏ အာရုံစွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ အခြားသော ခန္ဓာကိုယ်များကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခဲ့သည်။

လုချန်းက သူ၏ အာရုံစွမ်းအား တစ်စိတ်တစ်ပိုင်းကို ချင်နတ်ဘုရားနိုင်ငံရှိ ခန္ဓာကိုယ်ဆီသို့ ခွဲထုတ်လိုက်လျှင် မိစ္ဆာရိပ် နတ်ဘုရင်သည် သူ၏ ကျင့်ကြံခြင်းအခန်းအပြင်ဘက်၌ စောင့်ဆိုင်းနေကြောင်း အာရုံရလိုက်သည်။

မိစ္ဆာရိပ် နတ်ဘုရင်ထံတွင် တင်ပြစရာ အရေးကိစ္စတစ်ခု ရှိနေတာ အထင်အရှားပင်။

ထို့နောက် လုချန်း ထရပ်လိုက်ပြီး နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည် ကျင့်ကြံခြင်းအခန်း၏ အပြင်ဘက်သို့ ဖျတ်ခနဲ ရောက်ရှိသွားခဲ့သည်။

လုချန်း နောက်ဆုံးတွင် ထွက်လာသည်ကို တွေ့မြင်လျှင် မိစ္ဆာရိပ် နတ်ဘုရင်က ချက်ချင်းပင်

“ဘုရင်ကြီး... လတ်တလောမှာ ဝိညာဉ်ဆိုး နတ်သခင်က ကျုပ်ကို ဆက်သွယ်လာပါတယ်။”

လုချန်းက

“သူ ခင်ဗျားဆီက ဘာလိုချင်လို့လဲ။”

မိစ္ဆာရိပ် နတ်ဘုရင်က

“သူက ကျုပ်ကို ချင်နတ်ဘုရားနိုင်ငံထဲမှာ ကစဉ့်ကလျား ဖြစ်အောင် လုပ်ဖို့... ချင်နိုင်ငံရဲ့ ကံစွမ်းအားကို ဖျက်ဆီးဖို့နဲ့ ဘုရင်ကြီးရဲ့ ပင်မကိုယ်ကို ထွက်လာအောင် ဖိအားပေးဖို့ ပြောလာပါတယ်။”

ထိုအရာကို ကြားလျှင် လုချန်းက စဉ်းစားကြည့်လိုက်၏။ သွေးဘိုးဘေးသည် ဝိညာဉ်ဆိုး နတ်သခင်ကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းနေခြင်း ဖြစ်ပုံရသည်။

သို့သော် ထိုအကြောင်းကို ပြောရလျှင် သွေးဘိုးဘေးသည် သူ့ကို အသည်းအသန် ရှာဖွေရန် ဤမျှ စိတ်အားထက်သန်နေပါက အဘယ်ကြောင့် ကိုယ်တိုင်မလာသနည်း။

သွေးဘိုးဘေး၏ စွမ်းအားသည် သာမန်နတ်သခင်တစ်ပါးထက် ပိုအားကောင်းမည်မှာ ဧကန်မုချ ဖြစ်သဖြင့် အရိုင်းနယ်မြေသို့ လာရောက်ရန်မှာ အလွန်လွယ်ကူသင့်ပေသည်။

သို့မဟုတ်...

သွေးဘိုးဘေးသည် အချို့သောအကြောင်းပြချက်များကြောင့် သွေးလင်းယုန်ခန်းမ တည်ရှိရာ ကမ္ဘာငယ်မှ မထွက်ခွာနိုင်ခြင်းလား။

ထို့ကြောင့်သာ သူ၏ ပင်မကိုယ်ကို ရှာဖွေရန် အခြားသူများကို စေလွှတ်နေရခြင်း ဖြစ်နိုင်မလား။

၎င်းက လုချန်းအား ဖန်ရှောင်းကို ရုတ်တရက် သတိရသွားစေသည်။ သွေးဘိုးဘေး၏ အခြေအနေမှာလည်း သူနှင့်အလားတူပင် ဖြစ်လိမ့်မည်ဟု လုချန်း တွက်ဆမိသည်။

သွေးဘိုးဘေးသည် အချို့သော တားမြစ်ချက်များကြောင့် လွတ်လပ်စွာ မလှုပ်ရှားနိုင်ပဲ ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို အာဟာရအဖြစ် ထောက်ပံ့ပေးနေရဖြင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူ၏ ကိုယ်စား အခြားသူများကို စေလွှတ်နေခြင်း ဖြစ်ပေလိမ့်မည်။

လုချန်း အနည်းငယ် စိတ်ပျံ့လွင့်နေစဉ်အတွင်း တစ်ဖက်ရှိ နတ်သခင် ရှီယွဲ့သည် ရုတ်တရက် အလွန် ရူးသွပ်ကြမ်းတမ်းလာခဲ့သဖြင့် လုချန်းအား အခြားအတွေးများအပေါ် အာရုံစိုက်ရန် ခက်ခဲသွားစေသည်။

လုချန်းက မိစ္ဆာရိပ် နတ်ဘုရင်ကို ကမန်းကတန်း ပြောလိုက်သည်။

“ကောင်းပြီ... ကျုပ် ဒီကိစ္စကို သိပြီ။ ခင်ဗျားလုပ်စရာရှိတဲ့ အလုပ်တွေကို ဆက်လုပ်လိုက်တော့။”

မိစ္ဆာရိပ် နတ်ဘုရင်က

“ဟုတ်ကဲ့ပါ... ကျုပ်ကိုခွင့်ပြုပါဦး”

မိစ္ဆာရိပ် နတ်ဘုရင် ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့သည်။

လုချန်းသည် ချက်ချင်းပင် ထိုခန္ဓာကိုယ်ကို ကျင့်ကြံခြင်းအခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ထိန်းချုပ်လိုက်ပြီးနောက် သူ၏ အာရုံအားလုံးမှာ နတ်သခင် ရှီယွဲ့အပေါ်သို့ လုံးလုံးလျားလျား ပြန်လည်ရောက်ရှိသွားခဲ့တော့သည်။

……..

အချိန်များသည် လင်းတစ်ခါ မှောင်တစ်လှည့်နှင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။

အနှစ်နှစ်ဆယ် ကြာပြီးနောက်။

ခမ်းနားသော ကောင်းကင်ခန်းမ။

ကြယ်မြစ်ခန်းမ။

ကြယ်မြစ် နတ်သခင်သည် ခန်းမအတွင်း၌ ရပ်နေပြီး တောင်ပိုင်းနယ်ရှိ နတ်မြို့တစ်မြို့ကို ပြသနေသည့် သူ၏ ရှေ့မှ ပုံရိပ်ယောင်ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။

ထိုအခိုက်အတန့်တွင် အညိုရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် နတ်သခင်တစ်ပါး ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ခန်းမသခင်... ဘာကိစ္စများ ရှိလို့လဲ”

ဟု နတ်သခင်ထိုက်ဟွာက ဦးအောင် မေးမြန်းလိုက်သည်။

ကြယ်မြစ် နတ်သခင်သည် သူ၏ လက်ကို ဝှေ့ယမ်းကာ ပုံရိပ်ယောင်ကို ပိတ်ပစ်လိုက်ပြီးနောက် နတ်သခင်ထိုက်ဟွာဘက်သို့ လှည့်၍

“ကျုပ်ရဲ့ အဆုံးသတ်က နီးကပ်နေပြီဆိုတာကို ကျုပ် အာရုံရနေတယ်။ ဒါကြောင့် ကျုပ်ကိုယ်ကျုပ် ချိပ်ပိတ်ပြီး မဟာလမ်းစဉ် ကပ်ဘေး ကုန်လွန်သွားမယ့်အချိန်ကို စောင့်ဆိုင်းဖို့ ရည်ရွယ်ထားတယ်။”

ထိုအရာကို ကြားလျှင် နတ်သခင်ထိုက်ဟွာ အံ့အားသင့်သွားသည်။

သူ့ကိုယ်သူ ချိပ်ပိတ်မယ် ဟုတ်လား။

ကြယ်မြစ် နတ်သခင်သည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ဖြစ်၏။ အကယ်၍ သူသာ သူ့ကိုယ်သူ ချိပ်ပိတ်လိုက်ပါက နောင်အနာဂတ်တွင် ခမ်းနားသော ကောင်းကင်ခန်းမကို မည်သူက အုပ်ချုပ်ဦးဆောင်မည်နည်း။

နတ်သခင်ထိုက်ဟွာ စိတ်လွင့်တုံ့ဆိုင်းနေစဉ်အတွင်းမှာပင် ကြယ်မြစ် နတ်သခင်က ဆက်လက်၍

“ထိုက်ဟွာ... ခင်ဗျားက ကျုပ် အယုံကြည်ရဆုံးသူပဲ။ ကျုပ် ခန်းမသခင် ရာထူးကို ခင်ဗျားဆီ လွှဲပြောင်းပေးဖို့ စဉ်းစားထားတယ်။ အခုကစပြီး ခင်ဗျားက ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင်ပဲ။”

ဒါက...

အသိစိတ် ပြန်ဝင်လာပြီးနောက် နတ်သခင်ထိုက်ဟွာက ကမန်းကတန်း ပြောလိုက်သည်။

“ခန်းမသခင်... ဒါမျိုး မဖြစ်သင့်ပါဘူး။

ကျုပ်ရဲ့ စွမ်းအားက အားနည်းပါတယ်။ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ခန်းမသခင် ရာထူးကို ကျုပ် ဘယ်လိုလုပ်ပြီး တာဝန်ယူနိုင်မှာလဲ။”

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ စိတ်ထဲ အလွန်ဝမ်းသာသွားလျှင်ပင် နတ်သခင်ထိုက်ဟွာအနေနှင့် ၎င်းကို ထုတ်မပြနိုင်ပေ။ အဆုံးတွင်တော့ ကြယ်မြစ် နတ်သခင်က သူ့ကို စမ်းသပ်နေခြင်း ဟုတ်မဟုတ် မည်သူမှ ရေရေရာရာ မသိနိုင်သောကြောင့်ပင်။

ကြယ်မြစ် နတ်သခင်သည် နတ်သခင်ထိုက်ဟွာ၏ အနားသို့ လျှောက်သွားကာ သူ၏ ပုခုံးကို ခပ်ဖွဖွပုတ်ပြီး

“အဲဒီတုန်းက ကျုပ်တို့အတူတူ ခမ်းနားသော ကောင်းကင်ခန်းမကို တည်ထောင်ခဲ့ကြတာပဲ။ ခင်ဗျားက ခန်းမသခင် မလုပ်ရင် ကျုပ်က ပြင်ပလူတွေကို ဦးဆောင်ခိုင်းရမှာလား။”

“ကျုပ်ရဲ့ အချိန်က နည်းနည်းပဲ ကျန်တော့တယ်။ မကြာခင်မှာ ကျုပ် အကြီးအကဲတွေ အားလုံးကို စုဝေးပြီး ဒီကိစ္စကို ကြေညာပေးမယ်။”

ကြယ်မြစ် နတ်သခင်သည် စမ်းသပ်နေခြင်း မဟုတ်ပဲ သူ့ကိုယ်သူ ချိပ်ပိတ်ရန် တကယ်ပင် စဉ်းစားနေခြင်းဖြစ်ကြောင်း တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက

“ခန်းမသခင်... မဟာလမ်းစဉ် ကပ်ဘေးက နိယာမအဆင့် ကပ်ဘေးတစ်ခုပါ။ ချိပ်ပိတ်ထားရင်တောင် သက်ရောက်မှု ရှိနေနိုင်ပါသေးတယ်။”

--

…….

All Chapters