← Chapters

အခန်း ၁၉၈၅

Vol. 133 Ch. 1985

အခန်း ၁၉၈၅

Vol. 133 Ch. 1985

အခန်း (၁၉၈၅)

နတ်ဧကရာဇ် ရှီယွဲ့၏ ဆုံးဖြတ်ချက်

ယခင်ကိစ္စများကို ထားလိုက်ဦးတော့ မည်သို့ပင်ဆိုစေ လုချန်းသည် သူမအား သားရဲအမြုတေမှ မိစ္ဆာစွမ်းအားများကို လျင်မြန်စွာ သန့်စင်ရန် ကူညီပေးခဲ့၏။ သို့သော်လည်း ယခုထိပင် လုချန်းက သူမ၏ အမြီးကို ပွတ်သပ်နေဆဲဖြစ်ပြီး သူမ၏ စိတ်ခံစားချက်များကို မီးတောက်ထဲ ဆီလောင်းသကဲ့သို့ ဆွပေးနေသည်။

ထိုအရာက အနည်းငယ် လွန်လွန်းလှသည်။

နတ်ဧကရာဇ် တစ်ဦးအနေနှင့် သူမဘက်က ဦးဆောင်ရမည်ဖြစ်၏။ ဤခွေးလိုလူ၏ ဖိနှိပ်မှုကို သူမ ဆက်၍ ခံနေမည်မဟုတ်ပေ။

နတ်ဧကရာဇ် ရှီယွဲ့ ထုတ်လွှတ်လိုက်သော အငွေ့အသက်ကို လုချန်း ကြောက်ရွံ့ခြင်းမရှိပေ။ ထို့ပြင် သူက နတ်ဧကရာဇ် ရှီယွဲ့၏ အသစ်ထွက်လာသော အမြီးကိုပင် ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်လိုက်သေး၏။ လုချန်း၏ ဆုပ်ကိုင်မှုကြောင့် နတ်ဧကရာဇ် ရှီယွဲ့၏ အေးစက်လှပသော မျက်နှာထက်တွင် ဆွဲဆောင်မှုရှိသော နီမြန်းမှုတစ်ခု ချက်ချင်းပင် ဖြတ်ပြေးသွားပြီး သူမ၏ ကိုယ်ခန္ဓာလည်း မသိမသာ တုန်ရင်သွား၏။

လုချန်း သူမအား ဆက်လက်စနောက်ကာ စိန်ခေါ်နေသည်ကို တွေ့မြင်လျှင် နတ်ဧကရာဇ် ရှီယွဲ့၏ စူးရှသော သွားစွယ်များ အလိုအလျောက် ထွက်ပေါ်လာပြီး လုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

နတ်ဧကရာဇ် ရှီယွဲ့က

“ရှင် သေချင်နေတာပဲ။”

လုချန်းသည် ကံကြမ္မာ၏ သတ်မှတ်ထားသောသူ ဖြစ်လျှင်ပင် သူမအပေါ် ဤမျှ လွန်ကဲစွာ ပြုမူနိုင်သည်ဟု မဆိုလိုပေ။ သူမသည် ဉာဏ်ပညာ မရှိသော တိရစ္ဆာန်တစ်ကောင် မဟုတ်ပေ။

နတ်ဧကရာဇ် ရှီယွဲ့ အနည်းငယ် စိတ်လှုပ်ရှားဒေါသထွက်နေသည်ကို မြင်သောအခါ လုချန်းလည်း သူ၏ လုပ်ရပ်များကို ချက်ချင်း ရပ်တန့်လိုက်သော်လည်း သူ၏လက်ကတော့ နတ်ဧကရာဇ် ရှီယွဲ့၏ အမြီးကို ဆုပ်ကိုင်ထားဆဲ ဖြစ်၏။

သူက ပြုံးလျက်

“ဒီကလေးကို ခင်ဗျား ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။”

နတ်ဧကရာဇ်

“ကျွန်မ ရှင့် အတွက် ဘယ်တော့မှ ရင်သွေးမွေးဖွားပေးမှာ မဟုတ်ဘူး။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွားသည်။

သူ၏ ရင်သွေးလေး ပျက်စီးဆုံးရှုံးရတော့မှာလား။

နတ်ဧကရာဇ် ရှီယွဲ့အား ကလေးကို ချမ်းသာ ပေးရန် မည်သို့ နားချရမည်ကို သူ တွေးတောနေစဉ် သူမက ဆက်လက်၍

“ဒီနေ့ကစပြီး ဒီကလေးက ရှင်နဲ့ ဘာမှမပတ်သက်တော့ဘူး။ သူ့အကြောင်းကိုလည်း လုံးဝမတွေးနဲ့တော့။”

“သူ့ကို မွေးဖွားလာတာနဲ့ ကျွန်မကိုပဲ သူ့အမေအဖြစ် အသိအမှတ်ပြုရလိမ့်မယ်။”

ဒါက...

နတ်ဧကရာဇ် ရှီယွဲ့ ကလေးကို မွေးဖွားရန် ရည်ရွယ်ထားကြောင်း လုချန်း သဘောပေါက်သွား၏။ သို့သော် သူတို့အချင်းချင်း သားအဖ အဖြစ် အသိအမှတ်ပြုရန် ခွင့်ပြုမည်မဟုတ်ပေ။

လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို

“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်က သူ့အဖေပဲလေ။ ဒီလိုလုပ်တာက နည်းနည်း မသင့်တော်ဘူး မဟုတ်လား။”

နတ်ဧကရာဇ် ရှီယွဲ့က

“ကျွန်မလို နတ်ဧကရာဇ် ရှိနေရင် သူက ရှင့်ကို အဖေအဖြစ် မလိုအပ်ဘူး။”

သူမသည် သူမ၏ကလေးကို ဤခွေးလိုလူ၏ လမ်းမှားသို့ ပို့ဆောင်ခြင်းကို ဧကန်မုချ ခွင့်ပြုမည်မဟုတ်ပေ။ ဤလူသည် ကာမကိစ္စများကိုသာ အမြဲတစေ တွေးတောနေတတ်သူ ဖြစ်၏။

အကယ်၍ သူက သူမ၏ကလေးကို မိန်းမရှုပ်သူတစ်ဦး ဖြစ်အောင် သွန်သင်ပါက ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သူမ၏ ကလေးကို လုချန်းအား အဖေအဖြစ် အသိအမှတ်မပြုစေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

နတ်ဧကရာဇ် ရှီယွဲ့၏ ပြတ်သားသော သဘောထားကို ရင်ဆိုင်ရသဖြင့် လုချန်း ဆွံ့အသွားရသော်လည်း အကောင်းဘက်မှ ကြည့်လျှင် သူမ ကလေးကို မွေးဖွားပေးရန် ဆန္ဒရှိနေပါက ထိုအရာက အလွန်ပင် ကောင်းလှပေသည်။ မည်သို့ပင်ဆိုစေ ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်ပါက သူ နောက်ထပ် ဆုလာဘ်တစ်ခု ရရှိနိုင်ဦးမည် ဖြစ်၏။

လုချန်း အတွေးလွန်နေစဉ် နတ်ဧကရာဇ် ရှီယွဲ့၏ သတိပေးသံက ထပ်မံထွက်ပေါ်လာ၏။

“ရှင် အခုချက်ချင်း မထွက်သွားရင် ရှင့်ရဲ့ ဒီခန္ဓာကိုယ် တည်ရှိနေဖို့ မလိုတော့ဘူး။”

သူမ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်အောင်မြင်ခဲ့သည်မှာ ကြာှပြီဖြစ်သော်လည်း ဤခွေးလိုလူက သူမနှင့် အနီးကပ် ထိတွေ့နေဆဲဖြစ်ကာ သူမ၏ အမြီးကိုပင် ပွတ်သပ်နေ၏။ သူသည် သူမ၏ နတ်ဧကရာဇ် ဂုဏ်သိက္ခာကို အနည်းငယ်မျှပင် လေးစားမှု မရှိပေ။

နတ်ဧကရာဇ် ရှီယွဲ့၏ ခြိမ်းခြောက်မှုကို ကြားလျှင် လုချန်းလည်း စိတ်မပါစွာဖြင့် သူမ၏ အမြီးကို လွှတ်လိုက်ပြီးနောက် သူမနှင့် ဝေးရာသို့ ခွာလိုက်၏။

သူတို့ ခွဲခွာပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့ ရုတ်တရက် စိတ်သက်သာရာရမှုကို ခံစားလိုက်ရ၏။ သူမ၏ စိတ်ဝိညာဉ် အသိဉာဏ်သည် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် မိစ္ဆာစွမ်းအား၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသော်လည်း သူမ၏ လုပ်ရပ်များကိုတော့ သူမ သတိပြုမိသည်။

ဤခွေးလိုလူ၏ ဆယ်စုနှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရခြင်းက သူမ၏နှလုံးသားထဲတွင် မသက်မသာဖြစ်မှု အရိပ်အယောင်တစ်ခုကို ချန်ရစ်ခဲ့၏။ နတ်သခင် တစ်ဦးဖြစ်ပြီး ထိုတိရစ္ဆာန်ဆန်သော အပြုအမူများကို ဆက်တိုက် ပြုလုပ်ခဲ့ရခြင်းက သူမအတွက် ကြီးမားသော အရှက်ကွဲမှုတစ်ခု ဖြစ်ခဲ့သည်။

ယခုတော့ သူမ နတ်ဧကရာဇ် ဖြစ်လာခဲ့ပြီဖြစ်ရာ သူမ၏ ကျင့်စဉ်အဆင့်သည် လုချန်းထက် များစွာ မြင့်မားပြီး သူမ၏ စွမ်းအားမှာလည်း ပိုကြီးမားလာခဲ့ပြီ ဖြစ်၏။ လုချန်းသည် သူမ၏ ကံကြမ္မာအရ သတ်မှတ်ထားသောသူ ဖြစ်နေလျှင်ပင် နောက်နောင်တွင် ယခင်အမှားဟောင်းကို ထပ်မံကျူးလွန်မိမည် မဟုတ်ပေ။

နတ်ဧကရာဇ် ရှီယွဲ့ သည် သူမ၏ အမြီးကို လှပစွာ ခါထုတ်လိုက်ရင်း ကုတင်ပေါ်မှ ထလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ သူမပေါ်ရှိ မစင်ကြယ်မှုအားလုံး အရိပ်အယောင်ပင် မကျန် ပျောက်ကွယ်သွားတော့၏။ သူမ၏ အမြီးနှင့် မြေခွေးနားရွက်များ ပျောက်ကွယ်သွားပြီး ကိုယ်ပေါ်တွင် နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံရှည်တစ်ထည် ပေါ်လာခဲ့၏။

ဝတ်စုံသည် လရောင်ကဲ့သို့ လင်းလက်နေပြီး ပွယောင်းသော အဝတ်စများက တဖျတ်ဖျတ် လွင့်ပျံနေကာ ဝတ်စုံ၏ အနားသတ်များမှာလည်း တိမ်တိုက်များ ဖုံးလွှမ်းထားသကဲ့သို့ ရှိနေ၏။

ဝတ်စုံရှည်သည် သူမ၏ ခန္ဓာကိုယ်တွင် ကပ်တွယ်နေပြီး သူမ၏ ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ထည်ကို ပိုပေါ်လွင်စေ၏။ သူမသည် ရုပ်တုထုထားသကဲ့သို့ အလှတရားမျိုးစုံနှင့်အတူ မတ်တတ်ရပ်နေပြီး ဖြူစင်သော ဝတ်စုံရှည်က နှင်းထက် ဖြူစင်သော သူမ၏ အသားအရေကို ပိုထင်ရှားစေ၏။

ယခုအခါတွင်တော့ အေးစက်လှပပြီး ဆွဲဆောင်မှုရှိသော အငွေ့အသက်များအပြင် သခင်မတစ်ဦး၏ မြင့်မြတ်ပြီး သိက္ခာရှိသော အမူအရာကိုပါ သယ်ဆောင်လျက်ရှိ၏။

သူမ၏ ရုပ်ရည်သည် လင်းလက်တောက်ပသော လရောင်ကဲ့သို့ ဆွဲဆောင်မှု ကောင်းလှပြီး ဒေါသအရိပ်အယောင် အနည်းငယ် ပါရှိနေသော်လည်း ထိုအရာက အရှိန်အဝါကို ပိုတိုးပွားစေ၏။ သူမ၏ မျက်ခုံးများသည် ပန်းချီဆွဲထားသကဲ့သို့ ရှိနေပြီး နီရဲသော မျက်ဝန်းများသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေကာ ဖြောင့်စင်းသောနှာတံနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းနီနီများ ရှိနေ၏။

သူမ၏ ရှည်လျားသောဆံနွယ်များသည် ကျောပြင်ထက်တွင် ချောမွေ့စွာ စီးကျနေပြီး သူမ၏ လှုပ်ရှားမှုများနှင့်အတူ ညင်သာစွာ လှုပ်ယမ်းနေ၏။

သူမ နတ်ဧကရာဇ်မဖြစ်မီက နတ်ဧကရာဇ် ရှီယွဲ့အား အမြီးကို ဆွဲကိုင်၍ နှိပ်စက်ခဲ့ပုံကို တွေးမိသောအခါ လုချန်း၏ စိတ်အလိုဆန္ဒများ ပင်လယ်ဒီရေတက်သကဲ့သို့ ထပ်မံ၍ ထကြွလာပြန်၏။ လုချန်း သူ၏ ကုတင်ထက်တွင် မခွာနိုင်မခွာရက် ရှိနေသည်ကို သတိပြုမိလျှင် နတ်ဧကရာဇ် ရှီယွဲ့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို အေးစက်စွာ လှမ်းကြည့်လိုက်၏။

လုချန်းသည် ယခင်အတိုင်း ရှိနေဆဲဖြစ်ပြီး ထိုသို့သော စိတ်ကူးများ ရှိနေသေးသည်ကို မြင်လျှင် သူမက အေးစက်စွာ ပြောလိုက်၏။

နတ်ဧကရာဇ် ရှီယွဲ့က

“ရှင် ကျွန်မဆီမှာ ဘယ်လောက်အထိ ဆက်နေဖို့ ရည်ရွယ်ထားတာလဲ။”

လုချန်း တည်ငြိမ်စွာ ပြုံးလိုက်၏။

“ခင်ဗျားက တကယ် ရက်စက်တာပဲ။ ဘာပဲဖြစ်ဖြစ် ကျုပ်က ခင်ဗျားကို နတ်ဧကရာဇ် ဖြစ်လာအောင် ကူညီပေးခဲ့တာလေ။ အဝတ်အစား ဝတ်ပြီးတာနဲ့ ကျုပ်ကို မသိသလို ဘယ်လိုလုပ် နေနိုင်ရတာလဲ။”

နတ်ဧကရာဇ် ရှီယွဲ့ သည် သူမ၏ နီရဲသော မျက်ဝန်းများဖြင့် လုချန်း၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်လိုက်၏။

နတ်ဧကရာဇ် ရှီယွဲ့က

“ဒါက အပေးအယူတစ်ခုသက်သက်ပဲ။ အခု ‌အပေးအယူက ပြီးဆုံးသွားပြီ။”

“ရှင် ကျွန်မကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာလား။”

“ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်။ အဲဒီလို အတွေးမျိုးတွေကို ဖျောက်ဖျက်ပစ်တာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ နတ်အာရုံနဲ့ ရှင့်ရဲ့ ပင်မကိုယ်ကို ရှာဖွေဖို့က လွယ်ကူတဲ့ ကိစ္စတစ်ခုမို့လို့ပဲ။”

“အကယ်၍ ရှင် ကျွန်မကို အမျက်ဒေါသထွက်အောင် လုပ်ရင် ကျွန်မ ရှင့်ရဲ့ ပင်မကိုယ်ကို ဧကန်မုချ ဖမ်းဆီးပစ်မယ်။”

လုချန်းက အရှက်မရှိစွာဖြင့်

“ကျုပ်ရဲ့ ပင်မကိုယ်ကို ဖမ်းပြီးရင် ခင်ဗျား ဘာလုပ်မှာလဲ။”

လုချန်း၏ မေးခွန်းကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့ မျက်မှောင်ကြုတ်လိုက်၏။ ထိုအရာက သူမ ကြိုတင်စဉ်းစားမထားသော မေးခွန်းတစ်ခု ဖြစ်သည်။ အစကတည်းက သူမ လုချန်းအား ပြဿနာရှာရန် ရည်ရွယ်ထားခြင်း မရှိသောကြောင့်လည်း ဖြစ်၏။

သို့သော် သူယခု ပြောလိုက်သော စကားက နတ်ဧကရာဇ် ရှီယွဲ့ကို များစွာ မကျေမနပ် ဖြစ်စေခဲ့သည်။ သူမသည် လုချန်းအား ထွက်ပေါက်တစ်ခု ပေးထားပြီး ဖြစ်သော်လည်း သူက ပို၍ အတင့်ရဲလာခဲ့သည်။

ဤအချိန်တွင် လုချန်းအား ဆက်လက်၍ အလိုမလိုက်လိုတော့သဖြင့် သူမ၏ လက်ကို မြှောက်လိုက်ရာ လုချန်း၏ နောက်ကျောဘက်တွင် မည်းမှောင်သော ဝဲကရက်တစ်ခု ချက်ချင်း ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း စုပ်ယူသွားတော့၏။

နောက်တစ်ခဏ၌ လုချန်း ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် ပေါ်လာခဲ့၏။ လုချန်း ခဏခန့် တုန့်ဆိုင်းသွားပြီး ဝတ်စုံကို လျင်မြန်စွာ ဝတ်ဆင်လိုက်၏။

ကံကောင်းထောက်မစွာဖြင့် နတ်ဧကရာဇ် ရှီယွဲ့၏ ချိုင့်ဝှမ်းထဲ မည်သူမှ ရှိမနေပေ။ မဟုတ်ပါက သူ ဤကဲ့သို့ အဝတ်ဗလာဖြင့် ရှိနေခြင်းက လူမှုရေးအရ အရှက်ရစရာပင်။

လုချန်းကို မောင်းထုတ်ပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ ဝမ်းဗိုက်အတွင်းရှိ အသက်ငယ်လေးကို ထပ်မံစစ်ဆေးလိုက်ပြီး မကြာမီ ကလေးတစ်ဦး ရရှိတော့မည်ကို တွေးမိသောအခါ သူမ၏ အစက တင်းမာနေသော မျက်နှာထက်တွင် မေတ္တာပြည့်ဝသော အပြုံးတစ်ခု မသိမသာ ပေါ်လာခဲ့ရ၏။

နတ်သခင် အဆင့်အတွက်ပင် အသက်တစ်ခုကို သန္ဓေတည်ရန်မှာ အလွန်ပင် ခက်ခဲလှပြီ ဖြစ်ရာ နတ်ဧကရာဇ် တစ်ဦးအတွက်ဆိုလျှင်တော့ ပြောနေရန်ပင် မလိုတော့ပေ။

သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ သမိုင်းတွင် နတ်ဧကရာဇ်အဖြစ်နှင့် ကလေးမွေးဖွားသည့် ပထမဆုံးသောသူ ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လုချန်းက သူမ၏ အမြီးကို ဆွဲကိုင်ကာ ဖိနှိပ်ခဲ့သည့် အကြိမ်ပေါင်းများစွာကို ပြန်လည်တွေးမိလျှင် သူမ၏မျက်နှာထက်ရှိ မေတ္တာပြည့်ဝသော အပြုံးလည်း တင်းမာမှုများဖြင့် ထပ်မံ အစားထိုးသွားရပြန်၏။ ဤကလေးသည် လုချန်း ဟူသော ခွေးလိုလူကို သူ၏အဖေအဖြစ် လုံးဝ အသိအမှတ်မပြုစေရပေ။

ထိုခွေးလိုလူကို တိုက်ခိုက်ချင်စိတ်များ မအောင့်အီးနိုင် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ထိုအကြောင်း ဆက်လက်မတွေးတောရန် နတ်ဧကရာဇ် ရှီယွဲ့ ဆုံးဖြတ်လိုက်၏။ ထို့နောက် သူမ၏ အတွင်းစွမ်းအားများကို တည်ငြိမ်စေရန် စိတ်ကို ငြိမ်သက်စေလိုက်၏။

နတ်ဧကရာဇ်အဆင့်သို့ စတင်တက်ရောက်အောင်မြင်ခဲ့ခါစ ဖြစ်သဖြင့် သူမ၏ အတွင်းစွမ်းအားများ အနည်းငယ် လှုပ်ခတ်နေဆဲဖြစ်သည်။

ထိုအခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်အတွင်းရှိ လှိုင်းတံပိုးထသကဲ့သို့ ပြင်းထန်သော မျိုးပွားခြင်းစွမ်းအားကို ခံစားလိုက်ရပြီး နတ်ဧကရာဇ် ရှီယွဲ့၏ မိုးမခရွက်ကဲ့သို့ မျက်ခုံးတန်းများ တွန့်သွားရ၏။ ထို့နောက် သူမ ထိုစွမ်းအားကို လှုံ့ဆော်ရန် ကြိုးပမ်းကြည့်လိုက်၏။

သူမ မျိုးပွားခြင်းစွမ်းအားကို စတင်လည်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်အတွင်း၌ အပူရှိန်များ မြင့်တက်လာပြီး ချက်ချင်းပင် ပြင်းပြသော အခြေအနေသို့ ရောက်ရှိသွားကာ စိတ်ထဲတွင် လုချန်း သူမအား သိမ်းပိုက်နှိပ်စက်နေသည့် ပုံရိပ်များဖြင့် ပြည့်နှက်သွားတော့၏။

နတ်ဧကရာဇ် ရှီယွဲ့လည်း ထိုစွမ်းအား လည်ပတ်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်ကာ သူမ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်မိရင်း ဤစွမ်းအားကို နောက်ဘယ်တော့မှ ထပ်မံမထိတွေ့ရန် ဆုံးဖြတ်လိုက်တော့၏။

--

………..

All Chapters