← Chapters

အခန်း ၁၉၈၈

Vol. 133 Ch. 1988

အခန်း ၁၉၈၈

Vol. 133 Ch. 1988

အခန်း( ၁၉၈၈)

နတ်သခင် ကောင်းကင်၏ ခြိမ်းခြောက်မှု

အရိုင်းနယ်မြေ။

ချင် နတ်ဘုရားနိုင်ငံ နန်းတော်၏ တားမြစ်နယ်မြေ။

လုချန်းသည် တရားထိုင်ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်ရင်း သူ၏လက်ထဲရှိ ပုလင်းငယ်လေးကို စိုက်ကြည့်နေ၏။

ထိုပုလင်းထဲတွင် ရောင်စုံအမှုန့်အချို့ ပါရှိ၏။ ယင်းမှာ စနစ်က ဆုချီးမြှင့်ထားသော ကောင်းကင်နှလုံးသား ဆေးမှုန့် ဖြစ်သည်။

ထို့နောက် လုချန်းသည် ပုလင်းကို ကောက်ကိုင်ကာ ကောင်းကင်နှလုံးသား ဆေးမှုန့်အားလုံးကို သူ၏ပါးစပ်ထဲသို့ တိုက်ရိုက်လောင်းထည့်လိုက်၏။

နောက်တစ်ခဏ၌ ပြင်းထန်သော နာကျင်မှုတစ်ခုသည် သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး နတ်ဝိညာဉ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်သွားကာ မကြာမီပင် သူ၏သတိစိတ် နာကျင်မှုကြောင့် ဝေဝါးလာခဲ့သည်။

အချိန်မည်မျှကြာသွားသည်မသိ လုချန်း သတိပြန်ရလာလျှင် သူ၏နတ်ဝိညာဉ်နက်ရှိုင်းသောနေရာတွင် နှလုံးကဲ့သို့သော တည်ရှိမှုတစ်ခု ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။

ထိုနှလုံးခုန်သံ တစ်ချက်ချင်းစီနှင့်အတူ သူ၏စွမ်းအားများ နည်းနည်းစီ တိုးပွားလာသည်ကို ခံစားရပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကံစွမ်းအားသည်လည်း အနည်းငယ် မြင့်တက်လာခဲ့သည်။

လုချန်းက

“ဒါက ကောင်းကင်နှလုံးသား ဆေးမှုန့်လား”

“ဒါက ငါ့ရဲ့စွမ်းအားကို အလိုအလျောက် မြှင့်တင်ပေးနိုင်တာပဲ။”

ဟု သူ့ဘာသူ ရေရွတ်လိုက်၏။

လုချန်း အနည်းငယ် အံ့အားသင့်သွားမိသည်။ ကောင်းကင်နှလုံးသားသည် သူ၏စွမ်းအားကို မြှင့်တင်ပေးရုံသာမက သူ၏ကံစွမ်းအားကိုလည်း တိုးတက်စေသောကြောင့် ဖြစ်သည်။ ဤကောင်းကင်နှလုံးသားအမှုန့်သည် အမှန်ပင် ထူးခြားဆန်းပြားလှပေ၏။

ထို့ပြင် သူသည် ကောင်းကင်လမ်းစဉ်နှင့် မရေမရာသော ဆက်နွှယ်မှုတစ်ခု ထူထောင်လိုက်ရသကဲ့သို့ ခပ်ရေးရေး ခံစားလိုက်ရပြီး သူ၏ သတိစိတ်မှာလည်း ပိုကြည်လင်ပြတ်သားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း သူ၏ အသိစိတ်သည် သူ၏ကိုယ်ထည်အားလုံးနှင့် ဆက်သွယ်သွားတော့သည်။ ယခင်က သူ၏ အသိစိတ်ဖြင့် အခြားကိုယ်ထည်များကို ထိန်းချုပ်သည့်အခါ အမြဲတမ်း အာရုံစူးစိုက်မှု ပြန့်လွင့်သွားတတ်သဖြင့် အခြားကိုယ်ထည်များအနေနှင့် အဆင့်မြင့်၍ အခက်အခဲရှိသော အလုပ်များကို လုပ်ဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။

ဥပမာအားဖြင့် သူ နတ်ဧကရာဇ် ရှီယွဲ့၏ လွှမ်းမိုးမှုကို ခံရစဉ်က သူ၏အာရုံစူးစိုက်မှုအားလုံးမှာ သူမအပေါ်တွင်သာ ရှိနေခဲ့ပြီး အခြားကိုယ်ထည်များကိုတော့ အရန်သင့်အနေအထားတွင်သာ ရှိနေစေခဲ့သည်။

ယခုတော့ သူ၏သိစိတ်သည် သူ၏ကိုယ်ထည်အားလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ၏နတ်ဝိညာဉ်သည် များစွာပိုစွမ်းအားကြီးလာခဲ့ပြီဖြစ်ကြောင်း ပြသနေသည်။

ထို့နောက် လုချန်းသည် သူ၏ ကန့်သတ်ချက်ကို စမ်းသပ်ရန်နှင့် ကိုယ်ထည်မည်မျှကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်သည်ကို ကြည့်ရှုရန်အတွက် ဖန်တီးခြင်းစွမ်းအားကို လည်ပတ်၍ ကိုယ်ထည်များကို ပိုဖန်တီးရန် ပြင်ဆင်လိုက်၏။

မကြာမီ ကျင့်ကြံခြင်းအခန်းထဲတွင် နတ်ဘုရင်ခံအဆင့်ရှိသော ကိုယ်ထည် ဆယ်ခု ပေါ်လာခဲ့သည်။ ခဏလေးအတွင်းမှာပင် သူ၏သိစိတ်သည် ထိုကိုယ်ထည်များကို လွှဲပြောင်းရယူလိုက်ပြီး လွယ်ကူစွာပင် ထိန်းချုပ်နိုင်ခဲ့သည်။

ထို့နောက် လုချန်းသည် ထိုကိုယ်ပွားများကို အသုံးပြု၍ နောက်ထပ်ကိုယ်ပွားများကို ထပ်မံဖန်တီးလိုက်ရာ ခဏချင်းအတွင်းမှာပင် ကျင့်ကြံခြင်းအခန်းထဲ၌ နတ်ဘုရင်ခံအဆင့်ရှိ ကိုယ်ထည် တစ်ရာကျော်ဖြင့် ပြည့်နှက်သွားတော့သည်။

လုချန်းသည် ထိုနတ်ဘုရင်ခံကိုယ်ပွားများကို ထပ်မံထိန်းချုပ်လိုက်ရာ ယခုအကြိမ်တွင်တော့ သိသိသာသာ ပင်ပန်းမှုကို ခံစားလိုက်ရ၏။

ယခု သူ၏လက်ရှိအတားအဆီးမှာ နတ်ဘုရင်ခံကိုယ်ပွား တစ်ရာဖြစ်ပုံရသည်ဟု လုချန်း စိတ်ထဲ တွေးလိုက်မိသည်။

သို့သော် သူ၏စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ သူ၏ပင်မကိုယ်အဆင့်နှင့် တူညီသော ကိုယ်ထည်များကို ထိန်းချုပ်နိုင်သည့် အရေအတွက် ဧကန်မုချ တိုးပွားလာမည်ဖြစ်သည်။

သူ ထိုအဆင့်များသို့ ရောက်ရှိသွားပါက နတ်သခင် တစ်ရာနှင့် နတ်ဧကရာဇ် တစ်ရာကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်မည်ဟူသော အတွေးသည် လုချန်းကို အချိန်အတော်ကြာအောင် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ချင် နတ်ဘုရားနိုင်ငံအတွင်း၌ နတ်သခင်တစ်ပါး၏ အရှိန်အဝါ ပေါ်ထွက်လာသည်ကို လုချန်း ရုတ်တရက် အာရုံရလိုက်၏။

ထို့နောက် လုချန်း သတိပြန်ဝင်လာကာ ကိုယ်ထည်တစ်ခုကို ထိန်းချုပ်၍ ကျင့်ကြံခြင်းအခန်းထဲမှ တိုက်ရိုက်ထွက်ခွာပြီး ထိုနတ်သခင်ရှိရာ နေရာသို့ ဦးတည်သွားခဲ့သည်။

နတ်သခင် ကောင်းကင်သည် ကောင်းကင်ယံထက်တွင် ရပ်တန့်‌နေရင်း အောက်ခြေရှိ ချင် နတ်ဘုရားနိုင်ငံကို ငုံ့ကြည့်နေ၏။ လုချန်းထံမှ တစ်ခုခုကို တောင်းဆိုရမည်ဖြစ်သောကြောင့် သူမ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေမိသည်။

သူမသည် လုချန်းအပေါ် မည်သည့်စေတနာမှ မရှိပေ။ သူ့ကို ကာမရမ္မက်ကြီးသော လူယုတ်မာတစ်ဦးအဖြစ်သာ မြင်ထားခြင်းဖြစ်သည်။

မကြာမီ လုချန်း၏ပုံရိပ် သူမ၏ရှေ့တွင် ပေါ်လာခဲ့သည်။ နတ်သခင် ကောင်းကင်ကို တွေ့မြင်လျှင် လုချန်းက ပြုံးလျက်

“ဆရာက ဒီနေ့ တပည့်ကို ဘာကိစ္စနဲ့ လာရှာတာလဲ။”

နတ်သခင် ကောင်းကင်သည် ယွမ်ယုတိကို လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်မည်ဟု လုချန်း ထိုအချိန်အထိ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် နတ်သခင် ကောင်းကင် တစ်ပါးတည်း၏ အရှိန်အဝါကိုသာ အာရုံခံမိပုံရသည်။ ယွမ်ယုတိကို ခေါ်ဆောင်သွားရန် နတ်သခင်တစ်ပါးတည်းနှင့် မလုံလောက်နိုင်မည်တော့ မဟုတ်ပေ။

လုချန်း ဇဝေဇဝါဖြစ်နေစဉ် နတ်သခင် ကောင်းကင်က

“ရှင့်မှာ နတ်ဆိုးဧကရာဇ်နဲ့ တစ်စုံတစ်ရာ ပတ်သက်မှုရှိနေတယ်လို့ ကျောင်းတော်သခင်က ပြောတယ်”

ဟု စကားစတင်လိုက်၏။

ထိုမေးခွန်းကို ကြားလျှင် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာအား ရွှမ်ချင်းယွမ်က သင်ကြားပေးခဲ့ခြင်းဖြစ်သည်ဟု နတ်သခင် ယွမ်မုန့်ကို သူ လိမ်ညာခဲ့ဖူးကြောင်း လုချန်း သတိရသွားသည်။

နတ်သခင် ယွမ်မုန့်က ယင်းကို တကယ် ယုံကြည်သွားခဲ့ခြင်းလား။

လုချန်းက

“မှန်ပါတယ်... အချို့သော ပတ်သက်မှုတွေ ရှိပါတယ်”

ဟု တုံ့ပြန်လိုက်၏။

နတ်သခင် ကောင်းကင်က ဆက်လက်၍

“မြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်မြေတွေရဲ့ လှုပ်ရှားမှုတွေကို အမြဲမပြတ် စောင့်ကြည့်ဖို့အတွက် ရှင့်ရဲ့ကိုယ်ပွားတစ်ခုကို လျှို့ဝှက်လဝန်း ကျောင်းတော်ဆီ စေလွှတ်ဖို့ ကျောင်းတော်သခင်က အလိုရှိနေတယ်။ အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့နဲ့ နတ်ဆိုးဧကရာဇ်တို့ တစ်စုံတစ်ရာ လှုပ်ရှားမှုရှိလာရင် ကျွန်မတို့ကို ချက်ချင်း အကြောင်းကြားပါ။”

ထိုစကားကို ကြားရလျှင် လုချန်း အနည်းငယ် မှင်တက်သွားမိ၏။ နတ်သခင် ကောင်းကင်သည် နောက်ဆုံးတွင် သူ့ကို အကူအညီတောင်းရန် ရောက်လာခြင်း ဖြစ်ပေသည်။

ထိုအချက်ကို သဘောပေါက်သွားပြီးနောက် လုချန်းက ပြုံးကာ

“လျှို့ဝှက်လဝန်း ကျောင်းတော်က ကျုပ်ကို သူလျှိုတစ်ယောက်အနေနှင့် အသုံးချချင်တာလား”

ဟု မေးလိုက်၏။

လုချန်း၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်သည် သူ တောင်းဆိုချက်များ ပြုလုပ် ပြင်နေကြောင်း သိသွားပြီး အေးဆေးစွာဖြင့်

“ရှုကျင့်ရှူးက လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ရှင့်ကို အခုအချိန်အထိ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တပည့်တစ်ဦးလို့ သတ်မှတ်လို့ရတုန်းပဲ။”

လုချန်းအနေနှင့် ရှုကျင့်ရှူးအပေါ် စိုးရိမ်မှု နည်းနည်းမှ မရှိဟု သူမ မယုံကြည်ပေ။ ရှုကျင့်ရှူးကို ဂရုမစိုက်လျှင်ပင် သူမ၏ဝမ်းထဲရှိ ကလေးကိုတော့ သူ ဧကန်မုချ ဂရုစိုက်ရမည်ဖြစ်သည်။

နတ်သခင် ကောင်းကင်၏ စကားကို ကြားလျှင် လုချန်း ခပ်တိုးတိုးရယ်မောလိုက်ပြီးနောက်

“ကောင်းပါပြီ။ ကျုပ် ခင်ဗျားနဲ့အတူ လျှို့ဝှက်လဝန်း ကျောင်းတော်ကို လိုက်ခဲ့မယ်။”

လုချန်းက အခြားမည်သည့် အရာကိုမှ တောင်းဆိုခြင်း မရှိသည်ကို တွေ့မြင်လျှင် နတ်သခင် ကောင်းကင်၏ စိတ်ထဲ ကျေနပ်စွာ ပြုံးလိုက်မိသည်။

သူသည် အမှန်တယ်ပင် ရှုကျင့်ရှူးကို ဂရုစိုက်သည်။ သူမ ထိုနေရာတွင် ရှိနေသရွေ့ လျှို့ဝှက်လဝန်း ကျောင်းတော်အနေနှင့် နောင်တွင် လုချန်းကို နာခံမှုရှိအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

သူတို့၏ ဘိုးဘေးသည် သူတော်စင်မကို ဘဝကူး‌ပြောင်းရန် ကိုယ်ထည်အဖြစ် အသုံးပြုရန် မလိုအပ်တော့သဖြင့် ရှုကျင့်ရှူး တန်ဖိုးမရှိတော့ဟု အရင်က သူတို့ထင်မှတ်ခဲ့ကြသည်။ သို့သော် ရှုကျင့်ရှူးနှင့် သူမ၏ဝမ်းဗိုက်ထဲရှိ ကလေးသည် ကြီးမားသော တန်ဖိုးရှိနေဆဲပင်။

လုချန်း၏ နောက်ခံသမိုင်းကြောင်းသည် ဆန်းကြယ်လှပြီး သာမန်လည်း မဟုတ်ပေ။ လျှို့ဝှက်လဝန်း ကျောင်းတော်က ရှုကျင့်ရှူးကို ထိန်းချုပ်ထားနိုင်သရွေ့ သူတို့သည် လုချန်းကိုလည်း လွှမ်းမိုးချုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။

တကယ်တော့ လုချန်းသည် နတ်သခင် ကောင်းကင်၏ အချက်အလက်မှ တစ်ဆင့် သူအနေနှင့် တောင်းဆိုမှုများ ပြုလုပ်နိုင်ကြောင်း လုချန်း သိထားသော်လည်း ယခုချက်ချင်း လုပ်ဆောင်ရန် မရည်ရွယ်ခဲ့ပေ။

မည်သည့် တောင်းဆိုမှုကိုမဆို လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိပြီးမှသာ နတ်သခင် ယွမ်မုန့်ထံ တင်ပြရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမကသာ အဆုံးအဖြတ်များ ပြုလုပ်နိုင်သောကျောင်းတော်သခင် ဖြစ်သောကြောင့်ဖြစ်သည်။

လုချန်း၏ နှုတ်ခမ်းထက်တွင် ခပ်ဖွဖွပြုံးတစ်ခု ပေါ်လာခဲ့သည်။ နတ်သခင် ကောင်းကင်နှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရမည့်အချိန် မဝေးတော့ပြီဟု ထင်ရပေသည်။

ထိုအခိုက်အတန့်တွင် လုချန်းသည် နတ်သခင် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ ဆံပင်ဖြူများသည် ခါးအထိ ကျနေပြီး သူမ၏ ခရမ်းနုရောင် မျက်ဝန်းများသည် ကျောက်မျက်ရတနာကဲ့သို့ ကြည်လင်နေကာ သူမ ဝတ်ဆင်ထားသော ရိုးရှင်းသည့် ဝတ်စုံဖြူ၏ အနားသတ်တွင် ပန်းပွင်ကလေးများ ခပ်ရေးရေး ထိုးထားပြီး ဝတ်ရုံစသည် လေနှင့်အတူ လွင့်ပျံနေသည်။

လေထုထဲတွင် ဝဲပျံနေစဉ် သူမ၏ မျက်နှာအမူအရာမှာ ခပ်စိမ်းစိမ်း အေးစက်မှုကို ဆောင်နေပြီး သူမ၏ တည်ငြိမ်သော ကိုယ်ဟန်အနေအထားက ရိုးရှင်းသော ဝတ်စုံ၏ အလှအပကို ပိုပေါ်လွင်စေ၏။ သူမ၏ ခါးတွင် ခါးပတ်တစ်လက် ပတ်ထာပြီး သူမ၏ အလှကို ပေါ်လွင်နေစေ သည်။

နတ်သခင် ကောင်းကင်၏ အမူအရာသည် ယွမ်ယုတိ၊ နတ်ဧကရာဇ် ရှီယွဲ့တို့နှင့် အလွန်ဆင်တူသည်။ နတ်သခင်အဆင့်သို့ ရောက်ရှိပြီးနောက် အချိန်ကာလများက ပုံဖော်ပေးခဲ့သဖြင့် သူတို့၏ စရိုက်လက္ခဏာများ တူနေသယောင်ရှိသည်။

သူတို့ ထုတ်လွှတ်သော အရှိန်အဝါသည် အလွန်ဆင်တူသော်လည်း လုချန်းသည် ဤကဲ့သို့သော အမျိုးအစားကို ပိုစွဲလန်းမိ၏။ သူသည် ဤကဲ့သို့ မြင့်မြတ်ကာ အေးစက်ပြီး ကာမစ်ိတ်နည်းသော နတ်သမီးမျိုးကို ပို၍ နှစ်သက်သည်။

လုချန်း၏ မျက်ဝန်းများက ရမ္မက်ဆန္ဒအပြည့်ဖြင့် သူမကို စူးစိုက်ကြည့်နေသဖြင့် နတ်သခင် ကောင်းကင်သည် သူမ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။

လုချန်း၏ ထိုးဖောက်သော အကြည့်ဒဏ်ကို ခံရခြင်းက သူမကို လုံးဝ မသက်မသာ ဖြစ်သွားစေသည်။

ဤလူယုတ်မာက သူမ၏ ခန္ဓာကိုယ်ကို ကြံစည်နေတာလား။

ထိုဖြစ်နိုင်ခြေကို တွေးတောမိလိုက်ခြင်းက နတ်သခင် ကောင်းကင်ကို တုန်လှုပ်သွားစေပြီး

“ဒါဆို သွားကြစို့”

ဟု လျင်မြန်စွာ ပြောလိုက်ရတော့သည်။

ထို့နောက် နတ်သခင် ကောင်းကင်သည် နတ်လှေတစ်စင်းကို ထုတ်ယူကာ လုချန်းကို ခေါ်ဆောင်၍ လျှို့ဝှက်လဝန်း ကျောင်းတော်ဆီသို့ လျင်မြန်စွာ မောင်းနှင်သွားခဲ့သည်။

……

တစ်ချိန်တည်းမှာပင်။

လျှို့ဝှက်လဝန်း နန်းတော်၌။

ယွမ်ယုတိသည် လုချန်း၏ ကိုယ်ထည်တစ်ခုအနားတွင် မတ်တတ်ရပ်ကာ စောင့်ကြည့်ရင်း တင်းမာသော မျက်နှာအမူအရာဖြင့်

“ရှင့်ရဲ့ သိစိတ်ကို ဘယ်သူက အကုန်အစင် ယူလိုက်တာလဲ”

ဟု မေးလိုက်၏။

လုချန်း၏ ဤကိုယ်ထည်သည် သူမ၏ ကုတင်ပေါ်တွင် လှုပ်ရှားမှုမရှိပဲ ငြိမ်သက်စွာ လဲလျောင်းနေခဲ့သည်မှာ အတော်ပင် ကြာမြင့်နေပြီဖြစ်သည်။ အကယ်၍ ချင် နတ်ဘုရားနိုင်ငံ၏ ကံစွမ်းအားများ ဆက်လက်မြင့်တက်နေသည်ကို အာရုံမခံမိပါက လုချန်း တစ်ခုခု ဖြစ်သွားခဲ့ပြီဟု သူမ ယုံကြည်မိပေလိမ့်မည်။

--

……….

All Chapters