← Chapters

အခန်း ၁၉၈၉

Vol. 133 Ch. 1989

အခန်း ၁၉၈၉

Vol. 133 Ch. 1989

အခန်း (၁၉၈၉ )

လကွယ်ဂိုဏ်း၏ ပေါ်ထွက်လာခြင်း

လုချန်းသည် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း သူ၏မျက်ဝန်းများက ယွမ်ယုတိ၏ အေးစက်ကာ လှပလွန်းသော မျက်နှာအပေါ်သို့ ဝေ့ဝဲကြည့်ကာ ဇဝေဇဝါဖြစ်လျက်

“ခင်ဗျား ဒါကို ဘာလို့ မေးတာလဲ”

ဟု မေးလိုက်သည်။

လုချန်း၏ တုံ့ပြန်မှုကို ကြားလျှင် လုချန်းအနေနှင့် သူ၏ခန္ဓာကိုယ် မည်မျှကြာအောင် လှုပ်ရှားမှုမရှိပဲ ငြိမ်သက်နေခဲ့သည်ကို သိလိမ့်မည်မဟုတ်ကြောင်း ယွမ်ယုတိ ချက်ချင်းပင် သဘောပေါက်သွားပြီး

“ရှင့်ရဲ့ ဒီခန္ဓာကိုယ်က ဒီမှာ လဲလျောင်းနေခဲ့တာ လအနည်းငယ်တောင် ရှိနေပြီ”

ဟု သတိပေးလိုက်သည်။

ယွမ်ယုတိ၏ သတိပေးမှုကို ကြားရလျှင် လုချန်း ခဏတာခန့် ဆွံ့အသွားခဲ့ရသည်။

ကောင်းကင်နှလုံးသား ဆေးမှုန့်ကို သောက်သုံးပြီးနောက် သူ၏နတ်ဝိညာဉ် အလွန် နာကျင်ခဲ့ရသဖြင့် သူ၏အသိစိတ် ဝေဝါးသွားခဲ့ကာ အချိန်ကုန်လွန်သွားမှုကိုပင် မခံစားမိခဲ့ချေ။

မထင်မှတ်ဘဲ လအချို့ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ပြန်ပြောရလျှင် ဤလအနည်းငယ်အတွင်း ကောင်းကင်နှလုံးသားကို စုစည်းနိုင်ခဲ့ခြင်းကြောင့် ထိုသို့သော နာကျင်မှု ခံစားခဲ့ရခြင်းက ထိုက်တန်လှပေသည်။

ယွမ်ယုတိက ဆက်လက်၍

“နတ်ဧကရာဇ် ရှီယွဲ့ရဲ့ ကျင့်စဉ်တက်ရောက်သွားတာက ရှင်နဲ့ ပတ်သက်နေတာလား”

ဟု မေးလိုက်ပြန်သည်။

ယခုအချိန်တွင် ယွမ်ယုတိ အဓိက အလေးထားဆုံးအရာမှာ ဤကိစ္စပင် ဖြစ်သည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က နတ်ဧကရာဇ် ရှီယွဲ့သည် လုချန်း၏ အသိစိတ်ကို ရရှိရန်အတွက် သူမနှင့် အပြိုင်အဆိုင် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချိန်အတောအတွင်း၌ နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်အောင်မြင်သွားခဲ့ရာ လုချန်းက သူမကို ကူညီခဲ့ခြင်းလားဟု သံသယဝင်စရာ ဖြစ်လာခဲ့သည်။

အကယ်၍ လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို နတ်ဧကရာဇ်တစ်ပါး ဖြစ်လာအောင် ကူညီပေးနိုင်ခဲ့လျှင် သူမကိုလည်း နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ရန် ဧကန်မုချ ကူညီပေးနိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့ တွေးတောမိသည်နှင့် လုချန်းအပေါ် ထားရှိသော ယွမ်ယုတိ၏ မျက်ဝန်းအကြည့်များ ပြောင်းလဲသွားပြီး သူမ၏ အေးစက်လှသော အကြည့်ထဲတွင် ပြင်းပြသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ လုချန်းကို တစ်ကိုယ်လုံး ဝါးမြိုပစ်တော့မည့်အလား အမူအရာမျိုး ဖြစ်လာခဲ့သည်။

ယွမ်ယုတိ၏ ပြင်းပြလှသော အကြည့်ကို တွေ့မြင်လျှင် လုချန်းလည်း သားကောင်ကို ချောင်းမြောင်းနေသည့် သားရဲတစ်ကောင်၏ ကြည့်ခြင်းကို ခံနေရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

ထို့နောက် လုချန်းက

“ဒါက ကျုပ်နဲ့ တကယ်ပဲ ပတ်သက်မှုရှိပါတယ်”

ဤနေရာတွင် လုချန်းသည် ယွမ်ယုတိ ဘာတွေးနေသည်ကို ခန့်မှန်းမိပြီးသား ဖြစ်၏။ အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့သည် သူ၏အကူအညီဖြင့် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင် သူမကိုယ်တိုင်လည်း တက်ရောက်နိုင်လိမ့်မည်ဟု စိတ်ကူးယဉ်နေခြင်းထက် မပိုပေ။

လုချန်းက ကွေ့ဝိုက်မနေပဲ

“သူ နတ်ဧကရာဇ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာက ဧကရာဇ်အဆင့်ဖြစ်လာမယ့် အခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့လို့ပဲ။ ပြီးတော့ ဒါက သူရဲ့ သွေးမျိုးဆက်နဲ့လည်း အနည်းငယ် သက်ဆိုင်နေတယ်။ သူ့အနေနဲ့ နတ်ဧကရာဇ်အဆင့်ကို တက်ရောက်ဖို့ အသွင်ပြောင်းလဲမှုတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပဲ လိုအပ်ခဲ့တာ။”

“ခင်ဗျားလည်း နတ်ဧကရာဇ်အဆင့်ကို တက်ရောက်ချင်တယ်ဆိုရင်တော့ အခြားနည်းလမ်းတွေကို ရှာဖွေရလိမ့်မယ်။”

ယခုအခါ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားကို ရွှမ်ချင်းယွမ်က ထိန်းချုပ်ထားပြီး ဖြစ်သည့်အပြင် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကိုယ်ပိုင်ကံစွမ်းအားမှာလည်း အားနည်းနေပြီဖြစ်ရာ နတ်ဧကရာဇ် သုံးပါး၏ တည်ရှိမှုကို ထောက်ပံ့ပေးနိုင်စွမ်း မရှိတော့သဖြင့် သာမန် ဧကရာဇ်အဆင့်သို့ တက်ရောက်မည့် နည်းလမ်းများက အလုပ်မဖြစ်တော့ချေ။

ယွမ်ယုတိက လုချန်း၏ မျက်ဝန်းများကို စိုက်ကြည့်ကာ

“သူ အသုံးပြုခဲ့တဲ့ ဧကရာဇ်အဆင့် ရောက်ရှိမယ့် နည်းလမ်းကို ကျွန်မ သုံးလို့မရဘူးလား။”

လုချန်းက

“မရဘူး... သူ အဆင့်တက်ရောက်နိုင်ခဲ့တဲ့ အဓိကအကြောင်းရင်းက ပြင်ပလောကက သေဆုံးသွားတဲ့ မဟာစွမ်းအားရှင် ချန်ထားရစ်ခဲ့တဲ့ သားရဲအမြုတေရဲ့ အထဲမှာရှိတဲ့ နတ်ဆိုးစွမ်းအားကို သန့်စင်ပြီး သူရဲ့ အသွင်ပြောင်းလဲမှုကို ပြီးမြောက်စေခဲ့လို့ပဲ။ ကျုပ် သူ့ကို ကူညီခဲ့တယ်ဆိုပေမဲ့ ကျုပ်ရဲ့ အခန်းကဏ္ဍက သားရဲအမြုတေကို သန့်စင်တဲ့နေရာမှာ ကူညီပေးရုံသက်သက်ပဲ။”

လုချန်း၏ အဖြေကို ကြားလျှင် ယွမ်ယုတိ၏ မျှော်လင့်ချက်များ ချက်ချင်းပင် စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

နတ်ဧကရာဇ် ရှီယွဲ့ ဧကရာဇ်အဆင့်သို့ ရောက်ရှိသည့် နည်းလမ်းကို သူမလည်း အသုံးပြုနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယွမ်ယုတိ၏ မျက်နှာပေါ်ရှိ စိတ်ပျက်သွားသည့် အရိပ်အယောင်ကို တွေ့မြင်လျှင် လုချန်းက ပြုံး၍

“လူတိုင်းရဲ့ ဧကရာဇ်အဆင့် ရောက်ရှိမယ့် နည်းလမ်းက မတူညီကြဘူး။ ဖြစ်နိုင်တာက တစ်နေ့နေ့မှာ ခင်ဗျား ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ်ကို လေ့ကျင့်နေရင်း ခင်ဗျားနဲ့ ကိုက်ညီမယ့် ဧကရာဇ်အဆင့် ရောက်ရှိမယ့် နည်းလမ်းကို တွေ့ရှိသွားလိမ့်မယ်။”

လုချန်း၏ ထိုသို့သော နှစ်သိမ့်စကားကို ကြားလျှင် လုချန်းကို အေးစက်သော အကြည့်တစ်ချက်ဖြင့် ယွမ်ယုတိ စူးစိုက်ကြည့်လိုက်သည်။

သူမသည် လုချန်းနှင့်အတူ နှစ်ပေါင်းများစွာ စုံတွဲကျင့်စဉ်ကို ပူးတွဲကျင့်ကြံခဲ့သော်လည်း မဟာလမ်းစဉ်အပေါ် အနည်းငယ် နားလည်သဘောပေါက်ခြင်းမှတစ်ပါး မည်သည့် ဧကရာဇ်အဆင့် ရောက်ရှိမည့် နည်းလမ်းကိုမှ ရှာမတွေ့ခဲ့ချေ။

သူမအနေနှင့် သူ့ကိုယ်ပိုင် ဧကရာဇ်လမ်းစဉ်ကို မရှာဖွေမီ မဟာလမ်းစဉ်အားလုံးကို တကယ် နားလည်သဘောပေါက်ရန် လိုအပ်နေခြင်းလား။

ထိုသို့ဆိုလျှင် မည်သည့်အချိန်မှ ဖြစ်နိုင်မည်နည်း။

ပြီးတော့ ဤအတိုင်း ဆက်သွားနေပါက ဤလူယုတ်မာနှင့် မည်မျှကြာအောင် စုံတွဲကျင့်စဉ်ကို ဆက်လက်လုပ်ဆောင်ရဦးမည်ကို သူမ မသိနိုင်တော့ချေ။

ယခု သူမ အကြောက်ဆုံးအရာမှာ တစ်နေ့နေ့တွင် သူမ သတိလက်လွတ်ဖြစ်သွားပါက ဤလူက အခွင့်ကောင်းယူပြီး သူ့ကလေးကို ကိုယ်ဝန်ရအောင် လုပ်ဆောင်သွားနိုင်ခြင်းပင်။ ထိုသို့ဖြစ်လာပါက သူမအတွက် အလွန်ဒုက္ခများသွားပေလိမ့်မည်။

လုချန်းနှင့်အတူ စုံတွဲကျင့်စဉ်ကို ကျင့်ကြံစဉ်အတွင်း သူမကိုယ်သူမ ထိန်းချုပ်ရန် ပိုမိုခက်ခဲလာသည်ကို ခံစားနေရသည်။ အထူးသဖြင့် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို တတ်မြောက်ပြီးနောက်တွင် ဖြစ်သည်။

သူမသည် ဝိညာဉ်ညှို့ဓာတ် ကျမ်းစာကို စတင်ကျင့်ကြံကတည်းက အမျိုးသားနှင့် အမျိုးသမီးကြား ကာမစည်းစိမ်၏ ပျော်ရွှင်မှုကိုလည်း ခံစားနိုင်ခဲ့ရာ သူမကိုယ်သူမ မသိလိုက်ပဲ နစ်မြောသွားရန် လွယ်ကူစေခဲ့သည်။

အကယ်၍ တစ်နေ့တွင် သူမသည် ရမ္မက်ဆန္ဒနောက်သို့ ပါသွားပြီး ပေါ့ဆသွားခဲ့ပါက ဖန်တီးခြင်းလမ်းစဉ်၏ သက်စောင့်စွမ်းအားကြောင့် ခန္ဓာကိုယ်တည်ဆောက်ပုံ ပြောင်းလဲသွားသည့် သူမ၏ကိုယ်ထည်ဖြင့် လုချန်း၏ကလေးကို အလွန်လွယ်ကူစွာ ကိုယ်ဝန်ရသွားနိုင်သည်။

ယွမ်ယုတိသည် ထိုအတွေးစကို ဖြတ်တောက်လိုက်ပြီး သူမ၏ ယခင်မေးခွန်းကို ပြန်မေးလိုက်သည်။

“ဒီလအနည်းငယ်အတွင်း ရှင် ဘာတွေလုပ်နေခဲ့တာလဲ။ ချင် နတ်ဘုရား နိုင်ငံရဲ့ ကံစွမ်းအားက ဘာကြောင့် ဒီလောက်အထိ အများကြီး တိုးတက်လာရတာလဲ။”

ချင် နတ်ဘုရား နိုင်ငံသည် ယခုအခါ လျှို့ဝှက်လဝန်း နန်းတော်နှင့် နှောင်ဖွဲ့ထားပြီးဖြစ်သောကြောင့်ချင် နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအား တိုးမြင့်လာလျှင် ယွမ်ယုတိအနေနှင့် ခံစားသိနိုင်သည်။

လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့နှင့် ပတ်သက်မှုရှိခဲ့ခြင်းကြောင့် သူ၏ကိုယ်ပိုင်ကံစွမ်းအား တိုးတက်လာပြီး ရလဒ်အနေဖြင့် မဟာချင် နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအားလည်း မြင့်တက်လာခြင်းဖြစ်နိုင်သည်ဟု ယွမ်ယုတိ သံသယဝင်ခဲ့သည်။

လုချန်းက

“လတ်တလောမှာ ကျုပ် တံခါးပိတ်ကျင့်စဉ်စခန်းဝင်ပြီး ကျင့်ကြံနေခဲ့တာပါ။ ကျုပ်ရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်လာတာကြောင့်လည်း ချင် နတ်ဘုရား နိုင်ငံရဲ့ ကံစွမ်းအားက လိုက်ပြီး မြင့်တက်လာတာ ဖြစ်နိုင်တယ်။”

လုချန်း၏ ထိုစကားကို ယွမ်ယုတိအနေနှင့် ယုံကြည်ရန် ခက်ခဲလှသည်။

အမြဲတမ်း ရမ္မက်ကြီးနေသည့် ဤလူက တကယ်ပဲ တံခါးပိတ်ကျင့်စဉ်စခန်းဝင်ပြီး ကျင့်ကြံနေခဲ့တာလား။

ယွမ်ယုတိက တည်ငြိမ်စွာပင်

“ကောင်းပြီ။ သေချာ ကျင့်ကြံပါဦး”

ထိုသို့ပြောပြီးနောက် ယွမ်ယုတိ အိပ်ဆောင်မှ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ထျန်းရန် နတ်ဘုရား နယ်မြေ တစ်ခုလုံး ရုတ်တရက် တုန်ခါသွားခဲ့ပြီး နောက်တစ်ခဏတွင် ထူထပ်လှသော နတ်စွမ်းအားများ ထျန်းရန် နတ်ဘုရား နယ်မြေ၏ မြေအောက်မှ ပေါ်ထွက်လာခဲ့သည်။

အစက နတ်စွမ်းအား နည်းပါးသော အချို့နေရာများတွင်ပင် ယခုအခါ စွမ်းအား အလွန် ထူထပ်သိပ်သည်းလာခဲ့သည်။

ဥပမာအားဖြင့် အရိုင်းနယ်မြေ ကဲ့သို့သော နေရာမျိုး ဖြစ်သည်။

လျှို့ဝှက်လဝန်း နန်တော်၌ နတ်စွမ်းအား သိပ်သည်းဆ အဆမတန် တိုးမြင့်လာသည်ကို ခံစားမိလျှင် ယွမ်ယုတိ အနည်းငယ် မှင်တက်သွားခဲ့ရသည်။

နတ်စွမ်းအား နောက်တစ်ကြိမ် ပြန်လည်နိုးထလာခြင်းလား။

နောက်ဆုံးအကြိမ် နတ်စွမ်းအား ပြန်လည်နိုးထလာပြီးတာတောင် ဘယ်လောက်များ ကြာသေးသနည်း။

ထျန်းရန် နတ်ဘုရား နယ်မြေ၏ စွမ်းအားထွန်းကားသောခေတ်က နောက်ဆုံးတွင် ဆိုက်ရောက်လာတော့မည်လား။

ထိုအခိုက်အတန့်တွင် လုချန်းသည် လေထုထဲ၌ တိုးပွားလာသော နတ်စွမ်းအား သိပ်သည်းဆကို ခံစားမိလျှင် ပြင်ပလောကက အခြားမဟာကျင့်ကြံသူကြီးတစ်ပါး ထပ်မံ၍ သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်မလားဟု တွေးတောရင်း အတွေးနက်မိသွားသည်။

လုချန်း၏ အတွေးကတော့ ယွမ်ယုတိနှင့် မတူပေ။ ယွမ်ယုတိသည် မျက်နှာပြင်အောက်ရှိ ကွယ်ဝှက်ထားသောအရာများကို မသိပေ။

ထျန်းရန် နတ်ဘုရား နယ်မြေတွင် နတ်စွမ်းအား ပြန်လည်နိုးထမှု နှစ်ကြိမ်တိုင်တိုင် ဖြစ်ပေါ်လာသည်ကို တွေ့မြင်လျှင် သာယာဝပြောသော ခေတ်တစ်ခေတ် ရောက်ရှိလာတော့မည်ဟု သူမ ယူဆခဲ့ခြင်း ဖြစ်သည်။

လုချန်းကတော့ နတ်စွမ်းအား ပြန်လည်နိုးထခြင်း၏ နောက်ကွယ်မှ ကွယ်ဝှက်ထားသော အမှန်တရားများကို သိထားသူဖြစ်သည်။ ထျန်းရန် နတ်ဘုရား နယ်မြေတွင် ဤထူးခြားဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေခြင်းက ပြင်ပလောကမှ မဟာကျင့်ကြံသူကြီးများ ဆက်တိုက် ကျဆုံးလာခြင်း ရည်ညွှန်းနေ၏။

ထိုအချက်များ ပေါင်းစပ်ကြည့်ရင်း ကပ်ဘေးကြီးတစ်ခု ထျန်းရန် နတ်ဘုရား နယ်မြေအပေါ်သို့ ကျရောက်တော့မည်ဖြစ်ကြောင်း လုချန်း သဘောပေါက်လိုက်သည်။

ထို့ပြင် ထိုအခိုက်အတန့်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် အရိုင်းနယ်မြေ၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာခဲ့သည်။

ဤအရှိန်အဝါကို ခံစားမိလျှင် ယွမ်ယုတိ၏ မျက်ခုံးများ တွန့်သွားခဲ့သည်။

ဒါက...

ယွမ်ယုတိသည် အရိုင်းနယ်မြေ၏ နက်ရှိုင်းသောနေရာကို စုံစမ်းစစ်ဆေးရန်အတွက် သူမ၏နတ်အာရုံကို ချက်ချင်း လွှတ်တင်လိုက်၏။ နောက်တစ်အခိုက်အတန့်တွင် အရိုင်းနယ်မြေအတွင်းမှ ပြင်းထန်လှသော ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက...

ဒါက နတ်ဧကရာဇ်တစ်ပါး၏ ဖိအားလား။

အရိုင်းနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာမှာ နတ်ဧကရာဇ်တစ်ပါး ရှိနေတာလား။

ခဏခန့် ယွမ်ယုတိ ဆွံ့အမှင်တက်သွားခဲ့ပြီး လုချန်း၏ အမူအရာမှာလည်း အလွန်တရာ တည်တံ့လေးနက်သွားခဲ့သည်။ အကြောင်းမှာ အရိုင်းနယ်မြေ၏ နက်ရှိုင်းသောနေရာတွင် နတ်ဧကရာဇ်တစ်ပါး နေထိုင်သည်ဟု သူတို့ တစ်ခါမှ မကြားဖူးခဲ့သောကြောင့် ဖြစ်သည်။

ပြင်ပလောကက ချိပ်ပိတ်ခံထားရတဲ့ လူတစ်ယောက် လွတ်မြောက်လာတာ ဖြစ်နိုင်မလား။

ထိုအခိုက်အတန့်တွင်ပင် နက်ရှိုင်းကွဲအက်သော အသံတစ်သံ အရိုင်းနယ်မြေတစ်ခုလုံးအပေါ် ဟိန်းထွက်လာခဲ့သည်။

“ဒီနေ့ကစပြီး လကွယ်ဂိုဏ်းက အရိုင်းနယ်မြေကို အုပ်စိုးမယ်။ ဆန့်ကျင်ရဲတဲ့သူ ဘယ်သူမဆို သေဆုံးရမယ်။”

ဤစကားများကို ကြားရလျှင် ယွမ်ယုတိနှင့် လုချန်းတို့သည် နောက်တစ်ကြိမ် အံ့အားသင့်သွားကြရပြန်သည်။

လကွယ်ဂိုဏ်း ဟုတ်လား။

သူတို့သည် လကွယ်ဂိုဏ်းကို ရှာဖွေနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လကွယ်ဂိုဏ်းက အလွန်နက်ရှိုင်းစွာ ပုန်းအောင်းနေသဖြင့် ၎င်းနှင့်ပတ်သက်သော ဒဏ္ဍာရီအချို့ကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။

ယခုတော့ လကွယ်ဂိုဏ်းက သူ့အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီလား။

မြောက်ပိုင်းနယ်မှ အင်အားစုများက အရိုင်းနယ်မြေအတွင်း နယ်မြေများအလွန်အကျွံ သိမ်းပိုက်ထားခြင်းကြောင့် လကွယ်ဂိုဏ်းကို ပေါ်ထွက်လာစေရန် ဖိအားပေးလိုက်ခြင်း ဖြစ်နိုင်မလား။

လကွယ်ဂိုဏ်းသည် အရိုင်းနယ်မြေကို လျှို့ဝှက်စွာ ထိန်းချုပ်ထားခြင်းဖြစ်ပြီး မြောက်ပိုင်းနယ်မှ အင်အားစုများ ဝင်ရောက်လာခြင်းကြောင့် လကွယ်ဂိုဏ်းနှင့် ပဋိပက္ခဖြစ်ပွားခြင်းအား ရှောင်လွှဲ၍မရနိုင်ပေ။

သတိပြန်ဝင်လာပြီးနောက် ယွမ်ယုတိက

“အရိုင်းနယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ နတ်ဧကရာဇ်တစ်ပါး ရှိနေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး။”

စောစောက ဖိအားက ရှင်းရှင်းလင်းလင်းပင် နတ်ဧကရာဇ်အဆင့်ဖြစ်ပြီး လကွယ်ဂိုဏ်းတွင် နတ်ဧကရာဇ်တစ်ပါး ရှိနေသည်ကို ဆိုလိုခြင်းဖြစ်သည်။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက

“နတ်ဧကရာဇ်တစ်ပါး မဟုတ်တာလည်း ဖြစ်နိုင်တယ်”

--

………..

All Chapters