← Chapters

အခန်း ၁၄၂၉

Vol. 96 Ch. 1429

အခန်း ၁၄၂၉

Vol. 96 Ch. 1429

အခန်း (၁၄၂၉) ချော်ရည် မြေပြင်

ရွှယ်အန်းက ပြုံးပြီး ခေါင်းညိတ်သည်။

သူက ထိုလူနှစ်ယောက်၏ အရည်အချင်းများကို ယုံကြည်သညိ။

သူတို့ဆီမှာ ဒီလောက် အရည်အချင်းလေးတောင် မရှိခဲ့ဘူးဆိုရင် အရင်က အာဏာလုပွဲတွေထဲမှာ သူတို့ ကြေမွသွားခဲ့တာ ကြာလှပြီ ဖြစ်မှာပဲလေ...

ထိုအချိန်အတွင်းမှာပဲ လူတိုင်းက နိုးထလာကြပြီး ဒီခြံဝင်းငယ်လေးထဲမှာ စုဝေးနေကြပြီ ဖြစ်သည်။ ရွှယ်အန်းက လူအုပ်ကြီးထဲမှာ ဝမ်းနည်းပူဆွေးနေပုံရတဲ့ လော့ကျင်းထင်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်ဖွဖွ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။

အရင်က လော့မိသားစု ခေါင်းဆောင် လော့ကောင်းယန်ရဲ့ မှတ်ဉာဏ်တွေကို ရှာဖွေရာကနေ လော့ကျင်းထင်က လော့မိသားစုဝင် လုံးဝမဟုတ်ဘူးဆိုတာကို ရွှယ်အန်း သိရှိခဲ့ရတယ်။ သူမရဲ့ အစစ်အမှန် မူလဇစ်မြစ်နဲ့ ပတ်သက်လို့ကတော့ လော့ကောင်းယန် ကိုယ်တိုင်တောင် သိပ်မရှင်းလင်းခဲ့ပါဘူး၊ သူမကို လူကုန်ကူးသူ တစ်ယောက်ဆီကနေ ဝယ်လာခဲ့တယ် ဆိုတာကိုပဲ သူ သိခဲ့တာ

အချိန်တွေ ကြာမြင့်သွားခဲ့ပြီ ဖြစ်လို့ သူမကို ဘယ်ကနေ အတိအကျ ဝယ်လာခဲ့တာလဲ ဆိုတာကို သိဖို့ မဖြစ်နိုင်တော့ချေ။ ဤသည်မှာ လော့ကျင်းထင် သူမ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို စုံစမ်းစစ်ဆေးဖို့ အခွင့်အရေး အားလုံးကို ဖြတ်တောက်လိုက်ခြင်းပင်။

ရွှယ်အန်းက ခေါ်လိုက်သည်။

"သခင်မလေး လော့"

လော့ကျင်းထင်၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ဦးညွှတ်လာသည်။

"အရှင်သခင်"

သူမ၏ အသံမှာ ဩရှရှ ဖြစ်နေပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေခဲ့သည်။ ရွှယ်အန်းက နူးညံ့စွာ ပြောသည်။

"မင်းရဲ့ မူလဇစ်မြစ်က အမည်မသိ ဖြစ်နေပေမယ့် အခုဆို လော့မိသားစုက အရင်ကလို မဟုတ်တော့ဘူးလေ၊ ဒါကြောင့် မင်း လော့မိသားစုမှာပဲ ဆက်နေတာ ပိုကောင်းလိမ့်မယ်၊ လော့ကျန့်ကလည်း ဆန္ဒရှိလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လော့ကျန့်က ခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်မှု မရှိဘဲ ပြန်ဖြေသည်။

"အရှင်သခင်... စိတ်မပူပါနဲ့၊ ကျင်းထင်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင် ညီမလေး တစ်ယောက်လို သဘောထား ဆက်ဆံသွားပါ့မယ်"

လော့ကျင်းထင်မှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမက ခေါင်းညိတ်လိုက်ပြီး ခြင်တစ်ကောင် အော်သံအလား တိုးညင်းသော အသံဖြင့် ပြောသည်။

"ကျေးဇူးတင်ပါတယ် အရှင်သခင်"

"သခင်မလေးဝမ်..."

သူ စကားမဆုံးမီမှာပင် ဝမ်မူလင်းက လေးနက်စွာ ခေါင်းခါရမ်းလိုက်ပြီး ပြောသည်။

"အရှင်သခင်... ဆက်မပြောပါနဲ့တော့၊ ကျွန်မ ထွက်သွားမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မရဏအရှင်သခင်ကို ဒုက္ခပေးခဲ့တဲ့ အဲဒီ မှူးမတ်တွေ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ပြန်လည် ပေးဆပ်ရတာကို မြင်တွေ့ရမယ်လို့ ကျွန်မ သစ္စာဆိုထားလို့ပါပဲ"

ရွှယ်အန်းက ပြုံးသည်။

"မင်းကို ပြန်သွားဖို့ ငါက တောင်းဆိုနေတယ်လို့ ဘယ်သူက ပြောလဲ"

"အာ..."

ဝမ်မူလင်းမှာ အနည်းငယ် ဆွံ့အသွားခဲ့သည်။

"မထွက်ခွာခင် ကျန်းရွှယ်လင် က မင်းကို ရှေးဟောင်း မှန်ကြေးမုံ တစ်ချပ် ပေးခဲ့တယ်ဆိုတာ ငါ သိပါတယ်၊ အဲဒါကို သုံးပြီး လော့မိသားစုရဲ့ ကိစ္စတွေ ဖြေရှင်းပြီးသွားပြီ၊ ပြီးတော့ တစ္ဆေလောကနယ်ပယ်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပုန်းအောင်းနေတဲ့ မှူးမတ် အများအပြားလည်း အပြစ်ပေးခံလိုက်ရပြီလို့ သူမကို ပြောပြလိုက်ပါ၊ အခု သူမ စိတ်အေးအေးထားလို့ ရပြီလို့ပေါ့"

"အိုး... ကောင်းပါပြီ၊ ကျွန်မ နားလည်ပါပြီ၊ အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"

ဝမ်မူလင်းက ခေါင်းညိတ်သည်။ ကျန်ရှိနေသော တာဝန်မှာ တစ္ဆေလောကနယ်ပယ်၏ အနက်ရှိုင်းဆုံး နေရာရှိ အမျိုးမျိုးသော အသေးအဖွဲ ကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ရန်သာ ဖြစ်သည်။ မကြာမီမှာပင် အရာအားလုံးကို စီစဉ်ပြီးစီးသွားခဲ့သည်။

ထို့နောက် ရွှယ်အန်းက အဖွဲ့ကို ဦးဆောင်ကာ ဝေ့ချင်းရှောင်း မောင်နှမနှင့်အတူ ဤတစ္ဆေ ရထားလုံးပေါ်သို့ တက်လိုက်ပြီးနောက် အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အလယ်ပိုင်း တစ္ဆေလောကနယ်ပယ်ဆီသို့ ဦးတည် ထွက်ခွာသွားတော့သည်။

လော့ကျန့်နှင့် ရိန်ထျန်းချီတို့က ပျောက်ကွယ်သွားပြီဖြစ်သော တစ္ဆေ ရထားလုံးကို ရိုသေလေးစားသော မျက်နှာအမူအရာများဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ အချိန်အတန်ကြာပြီးမှသာ သူတို့က အသက်ရှည်ရှည် ဖြည်းညင်းစွာ ရှူထုတ်လိုက်ကြသည်။

"ညီအစ်ကို ထျန်းချီ... အရှင်သခင်က ဒီတစ်ခါ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်လို့ မင်း ထင်လား"

ရိန်ထျန်းချီက လော့ကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်စွာ ခေါင်းညိတ်သည်။

"သေချာတာပေါ့"

လော့ကျန့်ကလည်း ပြုံးသည်။

"မှန်တယ်၊ ငါလည်း အဲဒီလိုပဲ ထင်တယ်"

ဤတစ္ဆေ ရထားလုံး၏ အရှိန်မှာ သိပ်မမြန်ဆန်လှသော်လည်း တစ္ဆေလောကနယ်ပယ်ကို ဖြတ်သန်း ခရီးသွားရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်ကြောင်း သေချာပေသည်။

ခရီးစဉ်မှာ မည်သည့် ဆောင့်တက်ဆောင့်ကျမှုမျှ မရှိဘဲ ချောမွေ့နေခဲ့ပြီး တစ္ဆေလောကနယ်ပယ်၏ အနက်ရှိုင်းဆုံး နေရာမှ အလွယ်တကူ ထွက်ခွာကာ အလယ်ပိုင်း တစ္ဆေလောကနယ်ပယ်၏ နယ်မြေထဲသို့ ပျံသန်းဝင်ရောက်သွားနိုင်စေခဲ့သည်။ ဤနေရာမှာ အခြေခံအားဖြင့် တစ္ဆေလောကနယ်ပယ် တစ်ခုလုံး၏ အနှစ်သာရပင် ဖြစ်သည်။

ဆင်ခြေဖုံး ရပ်ကွက်များမှ တစ္ဆေ အများအပြားမှာ သူတို့၏ တစ်သက်တာလုံးတွင် ဤအလယ်ပိုင်း တစ္ဆေလောကနယ်ပယ်ထဲသို့ ခြေချနိုင်ခြင်း မရှိဘဲ ကုန်ဆုံးသွားနိုင်ပေသည်။

ထို့ကြောင့် အများစုအတွက်မူ ဤအလယ်ပိုင်း တစ္ဆေလောကနယ်ပယ်မှာ သူတို့၏ သန့်စင်သောမြေပင် ဖြစ်သည်။

တစ္ဆေ ရထားလုံးက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ်၏ ကောင်းကင်ယံကို ဖြတ်သန်းကာ ဖြည်းညင်းစွာ လျှောတိုက် ပျံသန်းနေခဲ့သည်။ ၎င်း၏ အရှိန်က နှေးကွေးနေခြင်း မဟုတ်ချေ။ ဤမြေနေရာမှာ တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ပြောလွန်းလှသဖြင့် ဤဧရာမ တစ္ဆေ ရထားလုံးကြီးကိုပင် အလွန်အမင်း သေးငယ်သွားစေပြီး ၎င်း၏ အရှိန်မှာ ခရုတစ်ကောင် နှေးကွေးစွာ သွားလာနေသည်နှင့် အလားသဏ္ဍာန်တူနေစေခြင်း ဖြစ်သည်။

အန်းယန်က လေယာဉ်ပြတင်းပေါက် အဝိုင်းလေးရှေ့တွင် ရပ်ကာ တစ္ဆေ ရထားလုံး ဖြတ်သန်းပျံသန်းနေသော မြေနေရာကို အံ့အားသင့်မှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။ ၎င်းမှာ အထွတ်အထိပ် အထီးကျန်ဆန်မှုပင် ဖြစ်ပြီး ဖြူရော်နေသော မြေပြင်အထက်တွင် သေးငယ်သော တစ္ဆေ မီးတောက်လေးများ လွင့်မျောနေခဲ့သည်။

မည်သည့် အပင်များ၊ မြစ်များ မရှိဘဲ မြေပြင်မှာ မညီမညာဖြစ်မှုလေး တစ်ခုမျှ မရှိဘဲ မှန်တစ်ချပ်အလား ပြန့်ပြူးနေခဲ့သည်။ ပါးလွှာသော အနက်ရောင် မြူခိုးများသာ မြေပြင်အထက်တွင် ကွေ့ကောက်စီးဆင်းနေပြီး ဧရာမ သားရဲကြီး တစ်ကောင်က မြေကြီးပေါ်တွင် ပျင်းရိပျင်းတွဲ တွားသွားနေသည့်အလား ဖြည်းညင်းစွာ ရွေ့လျားနေခဲ့သည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုမှာ ကြောက်မက်ဖွယ် ကောင်းနေပြီး သက်ရှိ အရိပ်အယောင်လေး တစ်ခုမျှ မရှိခဲ့ချေ။

"ယောကျ်ား... ဒါက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ် လား"

အန်းယန်က အံ့အားသင့်စွာ မေးသည်။

"ဟုတ်တယ်၊ ဒါက အလယ်ပိုင်း တစ္ဆေလောကနယ်ပယ်ပဲ၊ ဒါက ဘာလို့ ဒီလောက်တောင် ခြောက်ကပ်နေရတာလဲ... အပြင်ဘက် တစ္ဆေလောကနယ်ပယ်တွေလောက်တောင် မစည်ကားဘူးလို့ မင်း တွေးနေတာလား"

အန်းယန်က ခေါင်းညိတ်သည်။

"ဟုတ်တယ်၊ အဲ့ဒါအပြင်ဘက် တစ္ဆေလောကနယ်ပယ်တွေမှာ အနည်းဆုံးတော့ တောင်တွေ၊ မြစ်တွေ ရှိသေးတယ်၊ ဒီမှာကျတော့ ဘာမှကို မရှိတာ"

"အဲဒါက အပြင်ဘက် တစ္ဆေလောကနယ်ပယ်တွေက နောက်ပိုင်း တိုးတက်မှုတွေကနေ တစ်ဆင့် ဖြစ်ပေါ်လာတဲ့ တစ္ဆေ ကမ္ဘာတွေ ဖြစ်နေလို့ပဲ၊ ဒီအလယ်ပိုင်း တစ္ဆေလောကနယ်ပယ်ကတော့ မူလ တစ္ဆေလောကနယ်ပယ်ရဲ့ အစစ်အမှန် မူလဇစ်မြစ်ပဲ"

"မူလ တစ္ဆေလောကနယ်ပယ်ရဲ့ မူလဇစ်မြစ် ဟုတ်လား"

"အတိအကျပဲ၊ ပိုပြီး ရိုးရိုးရှင်းရှင်း ပြောရရင် ဒါက တစ္ဆေတွေ အားလုံးရဲ့ အမြစ်ပဲ၊ ပြီးတော့ သူ့ကို လွှမ်းခြုံထားတဲ့ တစ္ဆေလောကနယ်ပယ် အလွှာတွေက. တစ္ဆေတွေက တခြား လောကနယ်ပယ်တွေကို တဖြည်းဖြည်း တိုက်စားပြီး သိမ်းပိုက်ရာကနေ နောက်ပိုင်းမှ ရရှိလာခဲ့တာတွေပဲ၊ ဒါကြောင့် မြင်ကွင်းတွေမှာ ဒီလောက် ကြီးမားတဲ့ ကွာခြားချက် ရှိနေရတာပေါ့"

"ဒီမှာ နေရတာ အရမ်း ပျင်းစရာ ကောင်းမှာပဲနော်"

အန်းယန်က သက်ပြင်းချလာသည်။

"ဟားဟား... ငါတို့က အခုလောလောဆယ် အလယ်ပိုင်း တစ္ဆေလောကနယ်ပယ်ရဲ့ အစွန်ဆုံး ဧရိယာကို ဖြတ်ပျံနေရုံပဲ ရှိသေးတာ၊ သူက အရမ်း ခေါင်တဲ့ နေရာမှာ တည်ရှိနေလို့ အစွမ်းထက်တဲ့ သတ္တဝါတွေကို မမွေးမြူနိုင်ဘူး၊ ဒါကြောင့် ဒီလောက် ခြောက်ကပ်နေတာပေါ့၊ ငါတို့ အတွင်းဘက်ကို ပိုပြီး ပျံသန်းသွားတဲ့အခါ အခြေအနေက ကွာခြားသွားလိမ့်မယ်"

ရွှယ်အန်းက ရှင်းပြသည်။ အစပိုင်းတွင် အန်းယန်က ရှေ့တွင် မည်သို့သော ကွာခြားသည့် အခြေအနေများ ရှိနေမည်ကို နားမလည်နိုင်ခဲ့ချေ။ သို့သော် တစ်ရက်ကြာပြီးနောက် တစ္ဆေ ရထားလုံးက ပိုမို ကျယ်ပြန့်သော ဧရိယာတစ်ခုထဲသို့ ပျံသန်းဝင်ရောက်သွားသောအခါ ရွှယ်အန်း ဆိုလိုသည်ကို သူမ နားလည်သွားတော့သည်။

အောက်ဘက် မြေပြင်တွင် စီးဆင်းနေသော ချော်ရည်မြစ်များဖြင့် ပြည့်နှက်နေပြီး ပူပြင်းလောင်ကျွမ်းနေသော အပူလှိုင်းများက ကောင်းကင်ယံသို့ ထိုးတက်နေကာ လေထုကိုပင် ပုံပျက်သွားစေသည်ကို သူမ မြင်တွေ့လိုက်ရသည်။ တစ္ဆေ ရထားလုံး အတွင်း၌ပင်လျှင် မိမိတို့ ပတ်ဝန်းကျင်ရှိ အပူချိန် မြင့်တက်လာမှုကို ခံစားနိုင်ပေသည်။

သို့တိုင်အောင် ဤအလွန်အမင်း ဆိုးရွားကြမ်းတမ်းလှသော ပတ်ဝန်းကျင်တွင် သံကြိုးများ ခတ်ခံထားရပြီး ကိုယ်လုံးတီးနီးပါး ဖြစ်နေသော မရေမတွက်နိုင်သည့် တစ္ဆေများက မြေပြင်ပေါ်တွင် အလုပ်ကြမ်း လုပ်နေခဲ့ကြသည်။ သူတို့ လုပ်ဆောင်ရမည့် အရာမှာ ချော်ရည်မြစ်များထဲမှ အရည်ပျော်နေသော ချော်ရည်များကို ထုတ်ယူကာ မြို့များ တည်ဆောက်ရန် အသုံးပြုခြင်းပင် ဖြစ်သည်။

ဤအလုပ်မှာ အလွန်အမင်း အန္တရာယ်များလှပြီး ခဏလေး အတွင်းမှာပင် တစ္ဆေ တစ်ကောင်မက ချော်ရည်ထဲသို့ ပြုတ်ကျသွားကာ အော်ဟစ်နေရင်း ဗလာနယ်အဖြစ် ပြောင်းလဲသွားသည်ကို အန်းယန် မြင်တွေ့လိုက်ရသည်။

ထိုကြေကွဲဖွယ် မြင်ကွင်းကြောင့် အန်းယန်မှာ အနည်းငယ် ဖြူဖျော့သွားခဲ့သည်။

"ယောကျ်ား..."

ရွှယ်အန်းက ခပ်ဖွဖွ ပြုံးသည်။

"မကြောက်ပါနဲ့... သေချာ ထပ်ကြည့်လိုက်ဦး"

အန်းယန်က ထပ်ကြည့်မိရာ ချော်ရည်မြစ်များ၏ အစွန်းတွင် ယခုလေးတင် မီးလောင်ကျွမ်း၍ ဗလာနယ်အဖြစ် ပြောင်းလဲသွားခဲ့သော တစ္ဆေများက ပြန်လည် ပုံပေါ်လာနေသည်ကို တွေ့လိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားသော တစ္ဆေများက သူမရှေ့တွင် အကောင်းပကတိအတိုင်း ပြန်ပေါ်လာပြီး သူတို့၏ ထုံထိုင်းနေသော အလုပ်ကြမ်းကို ဆက်လက် လုပ်ဆောင်နေကြသည်။

အကယ်၍ အုပ်စုထဲမှ တစ်စုံတစ်ယောက်က အနည်းငယ်လေး နှေးကွေးသွားသည့် အရိပ်အယောင် ပြလိုက်သည်နှင့် သူတို့၏ ဘေးတွင် ကြာပွတ်တစ်ခုက အလိုအလျောက် ပေါ်လာပြီး ရိုက်နှက်ကာ ထိုတစ္ဆေကို သနားစဖွယ် အော်ဟစ်သွားစေလေ့ ရှိသည်။

"ယောကျ်ား... ဒီမှာ ဘာတွေ ဖြစ်နေတာလဲ"

အန်းယန်က သူမ၏ နှလုံးခုန်သံများ မြန်လာကာ မေးလိုက်ပြီး ဆက်မကြည့်နိုင်တော့ဘဲ တစ်ဖက်သို့ လှည့်သွားတော့သည်။ ရွှယ်အန်းက တည်ငြိမ်စွာ ပြောသည်။

"ဒါက တစ္ဆေ မျိုးနွယ်စုရဲ့ အပြစ်ပေးတဲ့ နေရာပဲ၊ ငါ မမှားဘူးဆိုရင်... ဒါက ချော်ရည် မြေပြင် ဖြစ်ရမယ်"

"အပြစ်ပေးတဲ့ နေရာ ဟုတ်လား၊ ဒါဆို ဒီတစ္ဆေတွေ အားလုံးက အမှား လုပ်ထားတဲ့ သူတွေလို့ ပြောချင်တာလား၊ ပြီးတော့ ဒီနေရာကို တာဝန်ယူထားတဲ့ တစ်ယောက်ယောက်လည်း ရှိသေးတာလား"

အန်းယန်က စပ်စုချင်စိတ်ဖြင့် မေးသည်။

"သူတို့ အားလုံးက ပြစ်မှု ကျူးလွန်ထားတာတော့ မဟုတ်ဘူး၊ အနည်းဆုံးတော့ အများစုက မှူးမတ်တွေရဲ့ အာဏာလုပွဲတွေမှာ ရှုံးနိမ့်သွားတဲ့အတွက် စွန့်ပစ်ခံလိုက်ရသူတွေပဲ၊ ဒီနေရာကို ဘယ်သူ အုပ်ချုပ်လဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့..."

ရွှယ်အန်းက လေးနက်စွာ ပြောသည်။

"ဒီအပြစ်ပေးတဲ့ နေရာကို ထိန်းချုပ်နိုင်တဲ့ သူတွေက ယေဘုယျအားဖြင့် နန်းတော် သခင် အဆင့်ရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေချည်းပဲ”

--

All Chapters