အခန်း ၇၅၄
Vol. 51 Ch. 754
အပိုင်း ၇၅၄ : စိတ်ဖတ်စွမ်းရည်
စုဝမ်ယိက ခရီးသည်ထိုင်ခုံတွင် ထိုင်ရင်း သူ(မ)ဘေးရှိ ယဲ့ချန်းကို အကြောင်သား ငေးကြည့်နေသော်လည်း စကားတစ်ခွန်းမျှ မဟခဲ့ပေ။
သူ့ဘေးက စိုက်ကြည့်နေသည့် အကြည့်ကို ခံစားမိသော ယဲ့ချန်းကလည်း ပြုံးစစဖြင့် ပြောလိုက်၏။
"ဘာလို့လဲ... ကိုယ့်ကို မမှတ်မိတော့ဘူးလား"
"အချစ်... ယန်ချွမ်းကို ဘယ်လိုလုပ် သိနေတာလဲ"
စုဝမ်ယိက ခဏမျှ စဉ်းစားပြီးနောက် သူ(မ)၏ သံသယကို ထုတ်မေးလိုက်သည်။
ယဲ့ချန်းက တခစ်ခစ်ရယ်မောလျက် ပြန်ဖြေလိုက်သည်။
"ကိုယ် တက္ကစီမောင်းတုန်းက သူ ကိုယ့်ကားကို တစ်ခါစီးဖူးလို့လေ"
စုဝမ်ယိက ယဲ့ချန်း၏ စကားများကို လုံးဝမယုံကြည်ပေ။ သူ့ကားကို တစ်ခါလောက် စီးဖူးရုံဖြင့် သူ့အပေါ် ဤမျှအထိ ရိုသေလေးစားနေခြင်းမှာ လုံးဝ မဖြစ်နိုင်ချေ။
ယဲ့ချန်းက အမှန်အတိုင်း မပြောပြချင်သည်မှာ ရှင်းနေသဖြင့် သူ(မ)လည်း ဆက်မမေးတော့ပေ။
"အချစ်... ရှင်က ကျွန်မအတွက်တော့ ပဟေဠိတစ်ခုလိုပဲ။ ရှင့်အကြောင်းကို ကျွန်မ မသိတာတွေ ဘယ်လောက်တောင်များလဲ"
"ဟားဟားဟား... ခန့်မှန်းကြည့်လေ"
သိနေရင် ရှင့်ကို ဘာလို့ မေးနေတော့မှာလဲဟု စုဝမ်ယိ စိတ်ထဲမှ တွေးလိုက်မိသည်။
ဘေးနားရှိ ချစ်သူကောင်မလေး၏ မပျော်မရွှင်ဖြစ်နေသော မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူ(မ)စိတ်ကောက်သွားကြောင်း အတပ်သိနိုင်ပေသည်။
ယဲ့ချန်းက နောက်ပြောင်နေခြင်းကို ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ကိုယ့်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကြောင့်ပဲ မင်း ကိုယ့်ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးလား"
ယဲ့ချန်း ဤသို့ပြောလိုက်ပြီးနောက် စုဝမ်ယိ၏ မျက်နှာအမူအရာကား အလွန်နူးညံ့သွားသည်။ သူပြောသလိုပင် ယဲ့ချန်း၏ လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါက သူ(မ)ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နိုင်ခဲ့ခြင်းပင်။
ကားလေးက အမှတ်တစ်ဟွားအိမ်ရာဝင်းထဲသို့ မောင်းဝင်သွားသည်။ ယဲ့ချန်း ကားရပ်ပြီးနောက် စုဝမ်ယိကို ပွေ့ချီကာ ထွက်လာခဲ့သည်။
မူလက စုဝမ်ယိသည် မနက်ဖြန် အစည်းအဝေးရှိသည်ဟု ယဲ့ချန်းကို ပြောကာ အိမ်ပြန်ပို့ပေးရန် တောင်းဆိုခဲ့သည်။
သို့သော် ခွဲခွာနေရသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ယဲ့ချန်းက ဤအလှလေးကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။ အထူးသဖြင့် ယနေ့ သူ(မ)က ပုံမှန်ထက်ပိုပြီး ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားသေးသည် မဟုတ်ပါလား။
ယဲ့ချန်းလည်း စုဝမ်ယိကို အိပ်ခန်းထဲသို့ ပွေ့ချီသွားပြီး ညင်သာစွာ ချပေးလိုက်ပြီးနောက် ကလူကျီစယ်လေတော့သည်။
စုဝမ်ယိက ယဲ့ချန်းကို တွန်းဖယ်လိုက်ပြီး ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။
"ကျွန်မ အရမ်းကြိုက်တဲ့ဂါဝန်လေး ပြဲသွားပြီ"
"ကိုယ် ပိုပြီးညင်သာပါ့မယ်"
ယဲ့ချန်းက ခပ်တိုးတိုး ပြောလိုက်လေသည်။
"မရဘူး။ ရှင့်တစ်ကိုယ်လုံးလည်း ချွေးတွေချည်းပဲ။ မြန်မြန်ရေသွားချိုးချေ"
စုဝမ်ယိက ဘုရင်မတစ်ပါးလို အမိန့်ပေးလိုက်သည်။
ထိုမိန်းကလေးက ရပ်ခိုင်းလိုက်သောကြောင့် ယဲ့ချန်းမှာ စိတ်ဆန္ဒများ ပြင်းပြစွာ လောင်ကျွမ်းနေရာမှ မတတ်သာဘဲ ထလိုက်ရသည်။
အစတုန်းက ယဲ့ချန်းမှာ အတူတူ ရေချိုးကြရန် အကြံပြုခဲ့သော်လည်း စုဝမ်ယိက ငြင်းဆန်ခဲ့သဖြင့် သူလည်း အတင်းအကျပ် မလုပ်တော့ပေ။
ရေချိုးခန်းထဲသို့ ကမန်းကတန်း ဝင်သွားပြီး အမြန်ရေချိုးလိုက်သည်။
အပြင်ထွက်လာပြီးနောက် စုဝမ်ယိ ရေချိုး၍မပြီးသေးသည်ကို တွေ့ရသောအခါ မိန်းမတွေက တကယ်ဒုက္ခများတာပဲဟု တွေးလိုက်မိသည်။
အတန်ကြာပြီးနောက် စုဝမ်ယိက တဘက်တစ်ထည်ပတ်လျက် ရေချိုးခန်းထဲက ထွက်လာသည်။ စိုစွတ်နေသော သူ(မ)၏ဆံပင်များက ပခုံးထက်တွင် ဝဲကျနေလေရာ ကြာပန်းလေးတစ်ပွင့်နှင့် တူနေသဖြင့် ယဲ့ချန်း၏ စိတ်ဆန္ဒများ ပို၍ပင် လောင်ကျွမ်းသွားလေသည်။
ယဲ့ချန်းလည်း ဆက်မစောင့်နိုင်တော့ဘဲ စုဝမ်ယိကို အမြန်ပွေ့ဖက်လိုက်သည်။ ထို့နောက် ဖြစ်ပေါ်လာသည့် မြင်ကွင်းမှာ ဖော်ပြ၍ပင်မရနိုင်အောင်ပင်။
နောက်တစ်နေ့တွင် ယဲ့ချန်း အမျိုးသမီးတစ်ယောက်၏ အော်သံကြောင့် နိုးလာခဲ့သည်။
စုဝမ်ယိက ယဲ့ချန်းကို လက်သီးဆုပ်လေးများဖြင့် ထုရိုက်ရင်း ပြောလေသည်။
"လူဆိုးကောင်... အိပ်ရာထနောက်ကျတာ ရှင့်ကြောင့်"
ယဲ့ချန်းကမူ ဘာမှမပြောဘဲ စုဝမ်ယိကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေရာ သူတို့နှစ်ဦးကြား ပြင်းပြလှသည့် ရမ္မက်မီးတောက်များ ထပ်မံလောင်ကျွမ်းသွားပြန်သည်။
"လူယုတ်မာကြီး... ရှင်က ကျွန်မကို အနိုင်ကျင့်ဖို့ပဲ သိတယ်"
စုဝမ်ယိက နာကျင်နေသော လက်မောင်းကို ပွတ်သပ်ရင်း ဝမ်းနည်းပက်လက် ပြောလိုက်သည်။
"ကဲပါ ကဲပါ... အချစ်လေးရယ် မငိုနဲ့တော့။ ကိုယ် ထပြီး မင်းကို လိုက်ပို့ပေးပါ့မယ်။ အစည်းအဝေး မလွတ်စေရပါဘူး"
ယဲ့ချန်းက အမြန်ထကာ နှစ်သိမ့်ပေးလိုက်သည်။
သူတို့နှစ်ယောက်သား မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် မနက်စာမစားတော့ဘဲ အိမ်ထဲက အမြန်ထွက်လာခဲ့ကြသည်။
"အချစ်လေး... မြဲမြဲကိုင်ထားနော်"
ယဲ့ချန်းက ထိုသိုဘပြောရင်း ကားအရှိန်ကို အမြင့်ဆုံးတင်လိုက်သောအခါ လိုင်ကန်ကားသည် လမ်းမပေါ်တွင် လျှပ်စီးအလား အရှိန်ပြင်းပြင်း ပြေးလွှားသွားလေတော့သည်။
ဘေးနားက ကြည့်နေသူများမှာ အံ့ဩမှင်တက်သွားကြပြီး အုတ်အော်သောင်းတင်းဖြစ်ကုန်သည်။
"ဝိုး... ဘယ်သူဌေးသားကများ အပြင်ထွက်ပြီး ကြွားလုံးထုတ်နေတာလဲ"
"အဲ့ဒီကားက တကယ်မိုက်တယ်။ ငါ ဒါကို ပထမဆုံးမြင်ဖူးတာပဲ"
"အဲဒါ Fast and Furiousဇာတ်လမ်းထဲက ကားမဟုတ်ဘူးလား"
စုဝမ်ယိမှာ ကားပေါ်တွင် ထိုင်ရင်း ကြောက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်လာသည်။
"အချစ်ရေ... ဖြည်းဖြည်းမောင်းပါ"
သူ(မ)၏နှလုံးမှာ အပြင်သို့ ခုန်ထွက်တော့မတတ် ခံစားလိုက်ရသည်။
ယဲ့ချန်းကတော့ သူ(မ)ကို နှစ်သိမ့်ပေးလိုက်သည်။
"အချစ်လေး... ကိုယ့်ရဲ့ ကားမောင်းစွမ်းရည်က ထိပ်တန်းအဆင့်ပါ။ မစိုးရိမ်ပါနဲ့"
လိုင်ကန်ကား ရပ်တန့်သွားချိန်တွင် စုဝမ်ယိလည်း ကားပေါ်က ကမန်းကတန်း ဆင်းလိုက်လေရာ ကြောက်လန့်မှုကြောင့် ခြေထောက်များပင် တုန်ယင်နေသည်။
ယဲ့ချန်းက သူ(မ)အနားသို့ လျှောက်သွားကာ သူ(မ)ကို ပွေ့ချီပြီး အဆောက်အအုံဆီသို့ ဦးတည်သွားသည်။
"အချစ်... လူတွေအကုန်ကြည့်နေကြပြီ။ ကျွန်မကို အောက်ချပေးပါ"
စုဝမ်ယိက တောင်းပန်လိုက်သည်။
သူ(မ) ဘယ်လောက်အော်နေပါစေ ယဲ့ချန်းက အောက်ချပေးဖို့ စိတ်ကူးမရှိပါချေ။
လှပချောမောသော ဥက္ကဋ္ဌမလေးကို အမျိုးသားတစ်ယောက်က ပွေ့ချီထားကြောင်း ဘေးနားရှိ လူများ မြင်သောအခါ တီးတိုးပြောဆိုကြလေတော့သည်။
"ဥက္ကဋ္ဌစုက ဘယ်လိုလုပ်ပြီး ယောက်ျားတစ်ယောက်ရဲ့ ရင်ခွင်ထဲ ရောက်နေတာလဲ"
"ဒီလူ့ကို မနေ့က ငါမြင်လိုက်တယ်။ ဥက္ကဋ္ဌစုရဲ့ချစ်သူ ထင်တယ်"
"ဒီလူက အရမ်းချောတာပဲ"
"သူတို့နှစ်ယောက်က အရမ်းကြည်နူးဖို့ကောင်းတာပဲ။ လူရှေ့မှာ အချစ်တွေ ထုတ်ပြနေတာ"
စုဝမ်ယိခမျာ ရှက်သွေးဖြာသွားပြီး ပတ်ဝန်းကျင်ရှိ လူများကို ဂရုမစိုက်နိုင်တော့ဘဲ ယဲ့ချန်း၏ ရင်ခွင်ထဲတွင်သာ ခေါင်းဝှက်ထားလိုက်တော့သည်။
ယဲ့ချန်းက ဥက္ကဋ္ဌရုံးခန်းတံခါးကို ဖွင့်ကာ စုဝမ်ယိကို ရုံးခန်းထိုင်ခုံပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။
"အချစ်လေး... တခြားဘာမှမရှိတော့ရင် ကိုယ် သွားတော့မယ်နော်"
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
ထိုအချိန်တွင် စုဝမ်ယိ၏ မျက်နှာမှာ နီမြန်းနေဆဲပင်။ သူ(မ) စကားမပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
ယဲ့ချန်း အဆောက်အအုံထဲက ထွက်လာပြီးနောက် မနက်စာနှစ်ပွဲဝယ်ရန် အနီးအနားရှိ မက်ဒေါ်နယ်သို့ လျှောက်သွားလိုက်သည်။
ထို့နောက် မနက်စာကို ဥက္ကဋ္ဌရုံးခန်းသို့ ပြန်ယူလာပြီး စားပွဲပေါ်တင်ကာ ပြောလိုက်သည်။
"အချစ်လေး... ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် မနက်စာတော့ စားရမယ်နော်"
ယဲ့ချန်း၏ စကားကို ကြားသောအခါ စုဝမ်ယိ၏ ရင်ထဲတွင် နွေးထွေးသွားသည်။
ယဲ့ချန်း အဆောက်အအုံထဲက ထွက်လာပြီးနောက် အဝတ်အစားလဲရန် အိမ်သို့ ကားမောင်းပြန်ခဲ့သည်။
သူသည် ပါဆယ်ပို့သမားယူနီဖောင်းကို လဲဝတ်လိုက်ပြီး ကျီလိကားလေးဖြင့် ပါဆယ်ပို့သည့်ဂိတ်သို့ မောင်းသွားသည်။
ယနေ့အတွက် ပါဆယ်ထုပ်များကို တင်ပြီးနောက် ယဲ့ချန်းလည်း သူ့တစ်နေ့တာ ပါဆယ်ပို့လုပ်ငန်းကို စတင်လိုက်သည်။
ပါဆယ်တစ်ထုပ် ပို့ပြီးနောက် ယဲ့ချန်း အောက်ထပ်သို့ ဆင်းလာစဉ် သူ့စိတ်ထဲတွင် အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ 'စိတ်ဖတ်စွမ်းရည်'ကို ရရှိပါတယ်]
"ဝိုး... ဒီဆုလာဘ်က မိုက်လိုက်တာ။ စိတ်ဖတ်စွမ်းရည်ရှိတယ်ဆိုတာ တခြားသူတွေ ဘာတွေးနေလဲဆိုတာ သိနိုင်ပြီး လူတွေရဲ့စိတ်ကို စိုးမိုးနိုင်တယ်လေ"
"ဒီနေ့တော့ ငါ တကယ်ပွတာပဲ"
ယဲ့ချန်းက ပျော်ရွှင်စွာ တွေးလိုက်သည်။
ဤသည်မှာ သူ့ကို ပါဆယ်ပို့ရာတွင် စိတ်အားထက်သန်မှုနှင့် ကြိုးစားချင်စိတ်များကို ပိုမိုပေးစွမ်းနိုင်သည်။
ပါဆယ်ပို့ရာတွင် သူ ကြိုးကြိုးစားစား လုပ်ကိုင်နေသရွေ့ အနာဂတ်တွင် စနစ်က သူ့ကို ပိုကောင်းသော ဆုလာဘ်များ ပေးလာမည်ဟု သူ ယုံကြည်ထားသည်။
ယဲ့ချန်းလည်း ပြီးခဲ့သည့်တစ်ခေါက်က သူစားသောက်ခဲ့သော စားသောက်ဆိုင်သို့ ကားမောင်းသွားလိုက်သည်။
စားပွဲထိုးကောင်မလေးက ယဲ့ချန်း ဝင်လာသည်ကို မြင်သောအခါ တက်ကြွစွာ နှုတ်ဆက်လေသည်။
"လူကြီးမင်း.... ပြန်တွေ့ရတာ တကယ်ဝမ်းသာပါတယ်"
ထိုကောင်မလေးကို မြင်သောအခါ ယဲ့ချန်းလည်း တအံ့တဩမေးလိုက်၏။
"ကတ်ပေါ်က ဖုန်းနံပါတ်ကို မခေါ်လိုက်ဘူးလား"
ကောင်မလေးက ပြုံးလျက် ပြောလိုက်သည်။
"ခေါ်ခဲ့ပါတယ်။ မန်နေဂျာချန်းက လူကြီးမင်း ထောက်ခံပေးလိုက်တယ်ဆိုတာ ကြားတာနဲ့ ဟိုတယ်ကို မြန်မြန်လာခဲ့ဖို့ ပြောပါတယ်"
"ဒါဆို ဘာလို့မသွားတာလဲ"
"ကျွန်မ စားသောက်ဆိုင်မှာ ဒီလကုန်တဲ့အထိ အလုပ်လုပ်ချင်သေးတယ်။ အနည်းဆုံးတော့ ဆိုင်က လူသစ်တွေ ငှားပြီးတဲ့အထိ စောင့်ပြီးမှ ကျွန်မ ထွက်မှာပါ"
ယဲ့ချန်း၏ အကဲဖြတ်မှုကား မှန်ကန်ခဲ့သည်။ ဤကောင်မလေးက ရည်မှန်းချက်ကြီးမားရုံသာမက တာဝန်သိစိတ်လည်းရှိသူဖြစ်ရာ မည်သည့်ကုမ္ပဏီ သို့မဟုတ် မည်သည့်လုပ်ငန်းကမဆို လိုအပ်နေသည့် အရည်အချင်းများကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သူ အထင်မမှားခဲ့ပေ။
ယခင်က ယဲ့ချန်းကို ဂရုမစိုက်ခဲ့သော အသက်အနည်းငယ်ပိုကြီးသည့် စားပွဲထိုးမလေးက သူ့ကိုမြင်သောအခါ အလွန်တက်ကြွစွာ ကပျာကယာ ပြေးလာသည်။
အစကတော့ သူ(မ)က ယဲ့ချန်းတစ်ယောက် ရှောင်ရွှယ်ကို နောက်ပြောင်နေခြင်းသာဖြစ်မည်ဟု ထင်ခဲ့သော်လည်း မိုတုမြို့၏ မယ်ရီယော့ဟိုတယ်တွင် အလုပ်သွားလုပ်ရမည်ဟု ရှောင်ရွှယ်က ပြောလာသောအခါ ယဲ့ချန်းအပေါ် သူ(မ)ဆက်ဆံခဲ့သည့် အပြုအမူအတွက် နောင်တရသွားသည်။
မယ်ရီယော့ဟိုတယ်တွင် အလုပ်ရရန်မှာ သူတို့အားလုံး၏ အိပ်မက်တစ်ခုဖြစ်၏။ ထိုနေရာက ဤနေရာထက် အကျိုးခံစားခွင့်များမှာ အဆပေါင်းများစွာ ပိုကောင်းပေသည်။
ယဲ့ချန်း ဆိုင်သို့ ထပ်ရောက်လာကြောင်း မြင်သောအခါ သူ(မ)၏ အကောင်းဆုံးဝန်ဆောင်မှုများကို ပြသရန် စိတ်ပိုင်းဖြတ်ထားသည်။
•••••••••••••••••••••••••••••