← Chapters

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း ၇၅၆

Vol. 51 Ch. 756

အပိုင်း ၇၅၆ : သူတစ်ပါးကို ဒုက္ခပေးသူသည် ကိုယ်တိုင်ပြန်ဒုက္ခရောက်လိမ့်မည်

ထို့ကြောင့် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့က ယဲ့ချန်း သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သာမန်လူဆိုလျှင် သေချာပေါက် အလိမ်ခံရပေလိမ့်မည်။ သို့သော် ယဲ့ချန်းတွင် စိတ်ဖတ်စွမ်းရည်ရှိသဖြင့် ထိုနှစ်ယောက်၏ အကြံကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ရာ သူ့ဘက်ကလည်း ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်ပေ။

ရုတ်ခြည်းပင် သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

ယဲ့ချန်း ရေတစ်ဝက်ပါသော ဖန်ခွက်ကို ကောက်ကိုင်ပြီး ရေသန့်စက်ဆီသို့ တန်းမတ်မတ် လျှောက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ကျန်းနှင့် ရှောင်ဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။သ

သို့သော် သူတို့က ယဲ့ချန်းနှင့် အကြည့်မဆုံရဲသဖြင့် တစ်ချိန်လုံးရှောင်ဖယ်နေကြောင်း သူ သတိထားမိလိုက်သည်။

ယဲ့ချန်းလည်း ရေသန့်စက်ထဲက ရေထည့်ပြီးနောက် ခွက်ကိုမော့ကာ တစ်ကျိုက်တည်းနှင့် ကုန်စင်အောင် သောက်လိုက်သည်ကို သူတို့ မြင်လိုက်ရ၏။

"သူသောက်လိုက်ပြီ။ တကယ်သောက်လိုက်တာပဲ"

ရေသောက်သံကို ကြားလိုက်ရသောအခါ ထိုနှစ်ယောက်မှာ မျက်နှာထက်တွင် အမူအရာပေါ်မလာစေရန် ထိန်းထားသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း ပျော်ရွှင်နေကြသည်။

ယဲ့ချန်း သူ့နေရာသို့ ပြန်ရောက်သောအခါ ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့နှစ်ယောက်စလုံး တစ်ပြိုင်နက် မတ်တတ်ထရပ်လိုက်သည်။

ရှောင်ဝမ်က အလွန်ယဉ်ကျေးစွာ ဆို၏။

"အစ်ကိုချန်း... ကျွန်တော်တို့ အပြင်သွားစားမလို့။ ဘာဝယ်လာပေးရမလဲ"

"မလိုပါဘူး။ ငါ စားပြီးသွားပြီ"

ယဲ့ချန်းက အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်သည်။

ရှောင်ဝမ်က ယဲ့ချန်း၏အပြောကို ဂရုမစိုက်ဘဲ "အင်း" ဟုသာ ပြန်ဖြေကာ ရှောင်ကျန်းနှင့်အတူ အပြင်ထွက်သွားလေသည်။

သူတို့ ဆိုင်ထဲက ထွက်သွားသည်နှင့် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားနေကြပြီး အလွန်ဆောင့်ကြွားကြွားနိုင်နေကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။

ယဲ့ချန်း စိတ်ထဲမှ ကဲ့ရဲ့လိုက်သည်။

"ငတုံးနှစ်ကောင်"

တကယ်တော့ ယဲ့ချန်းက ရေသန့်စက်ထဲက ရေကို မယူခဲ့ပေ။ ရှောင်ကျန်းနှင့် ရှောင်ဝမ် မြင်လိုက်ရသည်မှာ သူတို့၏ အထင်သာဖြစ်ပြီး ယဲ့ချန်းမှာ ဖန်ခွက်ထဲတွင် မူလကတည်းက ပါရှိနေသော ရေကိုသာ သောက်ခဲ့ခြင်းပင်။

ယဲ့ချန်းက သူတို့၏ ဖန်ခွက်များကို ကောက်ကိုင်ကာ အတွင်းရှိရေများကို အိမ်သာထဲသို့ သွန်ချလိုက်ပြီးနောက် ရေသန့်စက်ထဲက ရေဖြင့် ပြန်ဖြည့်ကာ မူလနေရာအတိုင်း ပြန်ထားလိုက်သည်။

အပြစ်မရှိသော အခြားဝန်ထမ်းများ ဒုက္ခမရောက်စေရန်အတွက် ယဲ့ချန်းမှာ ရေဘူးအသစ်တစ်ဘူးကို ယူလာပြီး ရေသန့်စက်တွင် ပြန်တပ်ပေးလိုက်သည်။

ရှောင်ကျန်းနှင့် ရှောင်ဝမ်က ယဲ့ချန်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်းဆိုလျှင် သူ ဤမျှ ဒေါသထွက်နေမည် မဟုတ်ပေ။

သို့သော် ဤနှစ်ယောက်က သူ့ကို အပြစ်ပေးရန်အတွက် ရေသန့်စက်ကိုပါ ထိပါးရဲကြသည်။

ပါဆယ်ပို့ဌာနရှိ ဝန်ထမ်းတိုင်းမှာ အလုပ်လုပ်ရင်း ဤရေကို သောက်သုံးနေကြသည်ကို သိထားသင့်သည်။ ထို့ကြောင့် ယဲ့ချန်းတစ်ယောက်တည်းသာ သားကောင်ဖြစ်သွားမည်မဟုတ်ပေ။

ထိုအချက်ကို တွေးမိသောအခါ ယဲ့ချန်းလည်း ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့ကို သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။

အားလုံး ပြင်ဆင်ပြီးသည်နှင့် ယဲ့ချန်း ပါဆယ်ထုပ်များကို ကားပေါ်တင်ကာ မောင်းထွက်သွားတော့သည်။

ခေါက်ဆွဲဆိုင်...

ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့က ဆိုင်ထဲတွင် ဝင့်ကြွားစွာထိုင်၍ ခေါက်ဆွဲစားနေကြသည်။

"အစ်ကိုဝမ်... ကျွန်တော် ယဲ့ချန်းကို စိတ်ကုန်နေတာ ကြာပြီ။ ခင်ဗျားပဲ ပြောကြည့်။ သူက ဒီလောက်ချမ်းသာနေတာတောင် ကျွန်တော်တို့နဲ့လာယှဉ်ပြီး ဒုက္ခပေးနေတာ မဟုတ်ဘူးလား"

ရှောင်ကျန်းက ခေါက်ဆွဲကို မျိုချပြီးနောက် ပြောလိုက်သည်။

"ဟုတ်တယ်။ သူ မရောက်ခင်တုန်းက ငါတို့က ကျန်းတာ့ဖူရဲ့ အရေးပေးတာကို ခံရတဲ့သူတွေ။ သူရောက်လာမှပဲ ငါတို့က အဖတ်လုပ်မခံရတော့တာ"

ရှောင်ဝမ်က သက်ပြင်းချလိုက်လေသည်။

"အခုတော့ သူ သတိမထားမိတဲ့အတွက် သေချာပေါက် ဒုက္ခရောက်တော့မှာပါ"

ရှောင်ကျန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"မှန်တယ်။ ငါ့ကို ဒုက္ခပေးရဲတယ်ပေါ့။ သူနဲ့ မပြိုင်ဘူးလို့ ဟန်ဆောင်ထားပေမဲ့ နောက်ကွယ်ကနေ ငါ သူ့ကို ဖျက်ဆီးပြမယ်"

ရှောင်ဝမ်က ယုတ်မာစွာ ပြောလိုက်သည်။

စားသောက်ပြီးနောက် ရှောင်ကျန်းနှင့် ရှောင်ဝမ်တို့ ဆိုင်သို့ ပြန်လာကြသည်။ နားနေခန်းထဲသို့ တန်းဝင်သွားပြီး ဖန်ခွက်များကို ကောက်ကိုင်ကာ ရေကို တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ သူတို့စားခဲ့သော ခေါက်ဆွဲက စပ်လွန်းသဖြင့် ရေဝယ်သောက်ရန် နှမြောသောကြောင့် ဆိုင်မှာပင် သောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ယဲ့ချန်း ဆိုင်တွင် မရှိသည်ကို မြင်ရသော်လည်း သူတို့ မအံ့ဩကြပေ။

"အစ်ကိုဝမ်... ယဲ့ချန်း ပါဆယ်ပို့ဖို့ ထွက်သွားပြန်ပြီ"

ရှောင်ကျန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"ဒါဆို ပိုကောင်းတာပေါ့။ အပြင်မှာ အိမ်သာလိုက်ရှာပြီး ဒုက္ခခံနေပါစေတော့"

ရှောင်ဝမ်က မောက်မာဝင့်ကြွားစွာ ပြောလိုက်သည်။

အနည်းငယ် နားပြီးနောက် သူတို့လည်း လျှပ်စစ်သုံးဘီးဆိုင်ကယ်များဖြင့် ပါဆယ်ပို့ရန် ထွက်သွားကြသည်။

ယဲ့ချန်းကမူ အေးအေးလူလူ ကားမောင်းနေသည်။

မသိလိုက်ပါဘဲ ဖန်းယွင်၏ အအေးဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။ သို့သော် ဆိုင်ပိတ်ထားကြောင်း တွေ့လိုက်ရသည်။

အချိန်ကို ကြည့်လိုက်သောအခါ နေ့လယ်နှစ်နာရီ ရှိပြီဖြစ်ရာ ဆိုင်ဖွင့်ချိန် ဖြစ်သင့်သည်။

ထို့ပြင် ဖန်းယင်းအကြောင်း ယဲ့ချန်း သိထားသည့်အတိုင်းဆိုလျှင် သူ(မ)သည် ပိုက်ဆံရရန်အတွက် အလုပ်ကြိုးစားသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အနားပေးမည့်သူ မဟုတ်ပေ။

"ဧကန္တ..."

ဆိုးဝါးသော အတွေးတစ်ခုက ယဲ့ချန်း၏ စိတ်ထဲသို့ ရုတ်တရက်ဝင်ရောက်လာသည်။

ထိုအချိန်တွင် ဖုန်းမြည်လာသည်။ ယဲ့ချန်းကလည်း နံပါတ်စိမ်းဖြစ်သဖြင့် မဖြေဘဲ ထားလိုက်သည်။

ယခုတလော အရောင်းသမားများက အသည်းအသန်ဖုန်းဆက်တတ်သဖြင့် ယဲ့ချန်းလည်း သူတို့အတွက် အချိန်ကုန်မခံချင်ပေ။

ဖုန်းထပ်မြည်လာပြန်သည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်လေရာ ယခင်နံပါတ်ဖြစ်နေသဖြင့် ဖုန်းကို ပြန်ဖြေလိုက်သည်။

မိန်းမငယ်တစ်ယောက်၏ စိုးရိမ်တကြီး အသံလေး ထွက်ပေါ်လာသည်။

"အစ်ကိုယဲ့ချန်း... အခုမှပဲ ဖုန်းကိုင်တော့တယ်"

ဖန်းယင်း၏ အသံဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။ အသံတွင် ငိုသံပါနေသဖြင့် တစ်ခုခုဖြစ်နေကြောင်း သိသာလှသည်။

"ရှောင်ယင်း... ဘာဖြစ်တာလဲ။ ဖြည်းဖြည်းပြော။ စိတ်မပူနဲ့"

ယဲ့ချန်း နှစ်သိမ့်လိုက်သည်။

"အစ်ကိုယဲ့ချန်း... ကျွန်မအမေ နေမကောင်းဖြစ်လို့ အခု ဆေးရုံတက်နေရတယ်"

ဖန်းယင်းက ကပျာကယာ ပြောလိုက်လေသည်။

"အခု ဘယ်မှာလဲ။ ငါ လာခဲ့မယ်"

ယဲ့ချန်း မေးလိုက်လေသည်။

ဖန်းယင်းက ပြန်ဖြေလေသည်။

"ကျွန်မ အခု အထွေထွေဆေးရုံကြီးမှာ"

"ကောင်းပြီ။ စိတ်မပူနဲ့။ အခုချက်ချင်း လာခဲ့မယ်"

ဖုန်းချပြီးနောက် ယဲ့ချန်းလည်း အထွေထွေဆေးရုံကြီးသို့ ကားမောင်းသွားလိုက်သည်။

ဖန်းယင်းပြောသည့်အတိုင်း ယဲ့ချန်းမှာ လူနာခန်းဆီသို့ ရောက်လာပြီးနောက် သားအမိနှစ်ယောက် စကားပြောနေသည့် အသံများကို ကြားလိုက်ရသည်။

"ယင်းယင်း အမေ့ခန္ဓာကိုယ်အခြေအနေကို အမေ သိပါတယ်။ သမီးနဲ့ သမီးအဖေ အမေ့အတွက် ပိုက်ဆံတွေ အကုန်ခံပြီး ကုပေးဖို့ မလိုပါဘူး။ မဖြစ်နိုင်တော့ပါဘူး"

အမျိုးသမီးဖန်းက အားနည်းဖျော့တော့စွာ ပြောလိုက်သည်။

ဖန်းယင်းက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောရှာလေသည်။

"အမေ... အဲ့ဒီလိုမပြောပါနဲ့။ အဖေနဲ့သမီး အမေ့ကို လက်မလျှော့ပါဘူး"

"ယင်းယင်း... အမေကြောင့် မိသားစု ဒုက္ခရောက်တာကို အမေ တကယ်မခံစားနိုင်ဘူး။ အမေ့ရောဂါကြောင့် သမီးနဲ့ သမီးအဖေ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေရတာကို မြင်တိုင်း ဒီဒုက္ခတွေ အဆုံးသတ်သွားဖို့ပဲ အမေ ဆုတောင်းမိတယ်"

အမျိုးသမီးဖန်းက နာကျင်စွာ ပြောလိုက်သည်။

"အမေ... ခွဲစိတ်ပြီးသွားရင် အမေ သက်သာသွားမှာပါ"

ဖန်းယင်းက နှစ်သိမ့်ပေးလိုက်သည်။

"ဒါပေမဲ့ ခွဲစိတ်မှုစရိတ်အတွက် အဲ့ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်ကရမှာလဲ။ အမေ့ကို ထပ်ပြီး မနှစ်သိမ့်ပါနဲ့တော့"

"အမေ... အဖေနဲ့ သမီး အိမ်ကိုပဲ ရောင်းရရောင်းရ အမေ့ကို သေချာပေါက် ခွဲစိတ်ပေးမှာပါ"

ဖန်းယင်းက တည်ကြည်ပြတ်သားသော အကြည့်များဖြင့် ပြောလိုက်သည်။

ထိုအခိုက် ယဲ့ချန်း လူနာခန်းထဲသို့ ဝင်လာလေသည်။ အမျိုးသမီးဖန်းက သူ့ကို ကြည့်ပြီး သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

"ဒေါ်လေး.. ကျွန်တော်က ဖန်းယင်းရဲ့ သူငယ်ချင်းပါ။ ဒေါ်လေး နေမကောင်းဘူးဆိုလို့ လာကြည့်တာပါ" ​

ထိုသို့ပြောရင်း သူယူလာသော ဖြည့်စွက်စာများကို ဖန်းယင်းအား ပေးလိုက်သည်။

ထိုအချိန်တွင် ဖန်းယင်းမှာ ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ငိုရှိုက်ကာ မျက်ရည်များကို သုတ်နေချေသည်။ သူ(မ)၏ ဤပုံစံ ယဲ့ချန်းအား မမြင်စေချင်ပေ။

"ဪ... ရှောင်ယွင်ရဲ့ သူငယ်ချင်းပေါ့။ ထိုင်ပါဦး"

အမျိုးသမီးဖန်းက ချက်ချင်း ပြောလိုက်သည်။

ယဲ့ချန်းလည်း ထိုင်ခုံတွင် ဝင်ထိုင်ပြီး အမျိုးသမီးဖန်းကို ကြည့်ကာ မေးလိုက်၏။

"ဒေါ်လေး သက်သာရဲ့လား"

"ဪ... အရင်ကတည်းက ဖြစ်နေကျ ရောဂါပါပဲကွယ်။ အသက်အရွယ်ကလည်း ရလာပြီဆိုတော့ အားမရှိတော့ပါဘူး။ ဆရာဝန်ကတော့ ခွဲစိတ်မှ ရမယ်လို့ ပြောတယ်"

အမျိုးသမီးဖန်းက သက်ပြင်းချကာ ပြောလေသည်။

"ဆရာဝန်က ပြောတယ်ဆိုတော့ ခွဲစိတ်ပြီးရင် ဒေါ်လေး သေချာပေါက် ပြန်သက်သာလာမှာပါ"

ယဲ့ချန်းကလည်း နှစ်သိမ့်ပေးလိုက်သည်။

"ခွဲစိတ်ပြီးရင်တော့ သက်သာမှာ သိပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တွေကလည်း များတော့ ဘယ်ကရမှာလဲ။ ရှောင်ယင်းကိုလည်း ဆေးရုံဆင်းတော့မယ်လို့ ပြောထားပါတယ်။ ဒီမှာနေရတာ စိတ်မသက်မသာဖြစ်ရတယ်လေ"

ယဲ့ချန်းက နှစ်သိမ့်ပေးလိုက်၏။

"ဒေါ်လေး ခွဲစိတ်ဖို့ လိုတယ်နော်။ ကုန်ကျစရိတ်အတွက်ကတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရလာမှာပါ"

ထိုစကားကို ကြားသောအခါ အမျိုးသမီးဖန်း ဘာမှမပြောတော့ပေ။ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးမှာ သာမန်မိသားစုတစ်ခုအနေနှင့် တတ်နိုင်သည့်အရာ မဟုတ်ကြောင်း သူ(မ) သိသည်။

"ဒေါ်လေး စိတ်မပူပါနဲ့။ ခွဲစိတ်ဖို့ ကုန်ကျစရိတ်အတွက် ကျွန်တော် တာဝန်ယူပေးပါ့မယ်။ ဒေါ်လေး စိတ်အေးအေးထားပါ"

••••••••••••••••••••••

All Chapters