← Chapters

အခန်း ၇၆၁

Vol. 51 Ch. 761

အခန်း ၇၆၁

Vol. 51 Ch. 761

အပိုင်း ၇၆၁ : ကျွန်မတို့ရဲ့ သဘောတူညီချက်ကို မမေ့ပါနဲ့

တက်ရောက်လာသည့် သူဌေးများမှာ ယဲ့ချန်း၏ စီမံကိန်းအတွက် ရောက်လာကြခြင်းဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် အရက်ခွက်ချင်းတိုက်ကာ ဂုဏ်ပြုနေကြသည်။

ထိုအချိန်တွင် ယဲ့ချန်းက ဥက္ကဋ္ဌမာနှင့် စကားပြောနေဆဲပင်။

ရှောင်ရှင်းယိမှာမူ အနည်းငယ် စိတ်အိုက်လာသဖြင့် သမီးဖြစ်သူထံ လျှောက်သွားကာ သူ(မ)နှင့်အတူ အပြင်ထွက်လာခဲ့ရန် အချက်ပြလိုက်သည်။

သီးသန့်ခန်းအပြင်ဘက်တွင် ရှောင်ရှင်းယိက သူ(မ)၏သမီးကိုကြည့်ကာ မေးလိုက်လေသည်။

"ရှောင်ယာ... အဲ့ဒီကောင်လေးက ပါဆယ်ပို့သမား မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ ဖြစ်သွားရတာလဲ။ ပြောစမ်းပါဦး.... ဘာတွေဖြစ်နေတာလဲ"

ရှောင်ယာက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"သမီးလည်း သေချာမသိဘူး။ သူ့မှာ လျှို့ဝှက်ချက်တွေများပြီး ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်ဆိုတာလောက်ပဲ သိတာ"

"ငတုံးမလေး.... ဘာလို့ ငါ့ကို စောစောစီးစီး မပြောရတာလဲ"

ရှောင်ရှင်းယိက အနည်းငယ် မကျေမနပ်ဟန်ဖြင့် ပြောသည်။

"အမေမှ သမီးကို ရှင်းပြဖို့ အခွင့်အရေး မပေးခဲ့တာ"

ရှောင်ရှင်းယိခမျာ သူ(မ)၏သမီးကြောင့် တကယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ ထို့နောက် သက်ပြင်းချကာ ပြောလိုက်၏။

"ငတုံးမလေး.... အခုထိ ခေါင်းမာနေတုန်းပဲ"

ယဲ့ချန်းသည် သာမန်ပါဆယ်ပို့သမားတစ်ယောက် မဟုတ်ဘဲ သူ့နောက်ခံမှာ မှန်းဆ၍မရနိုင်လောက်အောင် ကြီးမားကြောင်း ယခုမှသာ သူ(မ) သဘောပေါက်တော့သည်။

ထိုအချိန်တွင် သူ(မ)သည် စောစောက သူ(မ)၏ မိုက်မဲသော အပြုအမူအတွက် မည်သို့ ပြန်လည်ချေဖျက်ရမည်ကို တွေးတောနေလေတော့သည်။

သို့သော် လူတွေအများကြီးရှေ့တွင် သူ(မ) ရဲရဲဝံ့ဝံ့ ပြောဆိုပြုမူခဲ့သော်လည်း အနည်းငယ် လွန်သွားသည်ကတော့ အမှန်ပင်။ ဤအခြေအနေကို ဘယ်လိုပြန်ဆယ်ရမည်နည်း။

ရှောင်ရှင်းယိမှာ ဒူးများ ယိုင်နဲ့လာပြီး ခြေလှမ်းများပင် အနည်းငယ် တုန်ယင်လာကာ ပါးစပ်ပင် မဟနိုင်တော့ပေ။

ကုမ္ပဏီ၏ အနာဂတ်တိုးတက်ရေးအတွက် ယဲ့ချန်းကို သူ(မ) တောင်းပန်မှဖြစ်မည်ဟု ခံစားလိုက်ရသည်။

သို့သော် ဘာပြောရမည်နည်း။ ယခုတော့ သူ(မ)၏ ရင်ထဲတွင် ဗျာများနေတော့သည်။

အားလီလုပ်ငန်းစု၏ ဥက္ကဋ္ဌမာကို ထိုလူက ညီအစ်ကိုလို ခေါ်ဝေါ်နေသည်ကို တွေးမိသောအခါ သူ(မ)၏ ရင်ခုန်သံများ မြန်ဆန်လာပြီး ယဲ့ချန်းရှိရာသို့ ဖြည်းညင်းစွာ တိုးကပ်သွားလိုက်သည်။

သူ(မ) စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ယဲ့ချန်းက မေးလိုက်၏။

"ဥက္ကဋ္ဌရှောင်... ကိစ္စရှိလို့လား"

ရှောင်ရှင်းယိက အတင်းအကျပ် ပြုံးလိုက်ပြီး အနည်းငယ် နေရခက်စွာဖြင့် ပြောလိုက်သည်။

"ဟိုလေ... ဥက္ကဋ္ဌယဲ့ စောစောက ကျွန်မ ရှင့်အပေါ် နည်းနည်းရိုင်းမိသွားတယ်။ ကျေးဇူးပြုပြီး စိတ်ထဲမထားဘဲ ကျွန်မရဲ့အမှားကို ခွင့်လွှတ်ပေးပါ"

ယဲ့ချန်းက ထိုစကားကိုကြားသော် ခပ်ဖွဖွပြုံးလိုက်သည်။

"ရပါတယ်။ ကျွန်တော်က ရှောင်ယာ့ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ"

"ညီမလေး... အဲ့ဒါဆိုလည်း ကောင်းပါတယ်"

ရှောင်ရှင်းယိခမျာ သက်ပြင်းချလိုက်ပြီး စကားလမ်းကြောင်း အမြန်လွှဲလိုက်ရသည်။

"ဒီစီမံကိန်းအတွက် တင်ဒါခေါ်ယူမှု လိုအပ်ချက်တွေက ဘာတွေလဲဆိုတာ ကျွန်မ သိချင်ပါတယ်"

ယဲ့ချန်းက လိမ္မာပါးနပ်စွာဖြင့် ပြောလိုက်၏။

"တောင်းပန်ပါတယ်။ ကျွန်တော်က လုပ်ငန်းစုရဲ့ ဥက္ကဋ္ဌဆိုပေမဲ့ ရီတာ့လုပ်ငန်းစုရဲ့ ကိစ္စတွေမှာ ဘယ်တော့မှ ဝင်မစွက်ဖက်ပါဘူး။ ခင်ဗျားလည်း သိတဲ့အတိုင်း ကျွန်တော်က အစားအသောက်ပို့တဲ့ ပါဆယ်ပို့သမားလေးပါ။ ဥက္ကဋ္ဌချန်းလည်း ဒီမှာရှိပါတယ်။ သူ့ကို မေးကြည့်လို့ရပါတယ်"

ထို့နောက် သူက ဆက်ပြောပြန်သည်။

"ကျွန်တော်က ငယ်ပါသေးတယ်။ ဒီပိုင်ဆိုင်မှုတွေကိုပဲ အားကိုးနေလို့ မရဘူးလေ။ အပြင်ထွက်ပြီး ပိုက်ဆံရှာဖို့ လိုတယ်။ နောက်နောင် ကျွန်တော့်မှာ ရည်းစားရှိလာရင် ကုန်ကျစရိတ်တွေက များလာမှာဆိုတော့ ကျွန်တော့်မှာ တာဝန်ကြီးတယ်လေ"

ယဲ့ချန်းသည် စောစောက သူ(မ)ပြောခဲ့သော လှောင်ပြောင်သရော်စကားများကို ရည်ရွယ်ပြောဆိုနေခြင်းဖြစ်ကြောင်း ရှောင်ရှင်းယိ နားလည်ပေသည်။

ထိုအချိန်တွင် သူ(မ)၏ မျက်နှာလှလှလေးမှာ နီမြန်းသွားပြီး ဝင်ပုန်းစရာ အပေါက်တစ်ပေါက်ပင် ရှာတွေ့ချင်စိတ် ပေါက်သွားတော့သည်။

"ဥက္ကဋ္ဌယဲ့... တကယ်တော့ ကျွန်မရဲ့ ရှောင်ယာက အရမ်းချွေတာတတ်တာ။ ဒီကလေးက ဘယ်တော့မှ ပိုက်ဆံကို ဖြစ်သလိုမသုံးတတ်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ စကားကို ကြားသောအခါ ယဲ့ချန်းက နားမလည်နိုင်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌရှောင်... ကျွန်တော် ခင်ဗျားကို ပြောပြီးပြီလေ။ ကျွန်တော့်ရင်ထဲမှာ ရှောင်ယာက ညီမလေးတစ်ယောက်လိုပါပဲ။ ခင်ဗျားပြောတဲ့ ဆက်ဆံရေးမျိုး လုံးဝမဟုတ်ပါဘူး"

"ပြီးတော့ ဒီတစ်ခေါက် ကျွန်တော် လာတာက အဆောက်အအုံသစ်စီမံကိန်းအတွက် သီးသန့်လာတာပါ။ ခင်ဗျားအနေနဲ့ ရီတာ့လုပ်ငန်းစုနဲ့ ပူးပေါင်းချင်တယ်ဆိုရင် ဥက္ကဋ္ဌချန်းနဲ့ သွားပြောသင့်တယ်"

ရှောင်ရှင်းယိမှာ သူ(မ)၏မာနကို ဂရုမစိုက်နိုင်တော့ဘဲ ပြုံးလျက် ပြောလိုက်လေသည်။

"ဥက္ကဋ္ဌယဲ့... ရှင်က ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့ လူတစ်ယောက်ပါ။ ကျွန်မရဲ့ရှောင်ယာကလည်း ထူးချွန်တယ်။ ရှင်တို့နှစ်ယောက်က တကယ်လိုက်ဖက်တဲ့ စုံတွဲလို့ ကျွန်မထင်တယ်"

လိုက်ဖက်တဲ့ စုံတွဲတဲ့လား။

ယခင်က ရှောင်ရှင်းယိ၏ နှိမ်ချဆက်ဆံခြင်းကို ခံခဲ့ရသော ကုမ္ပဏီသူဌေးများမှာ အနည်းငယ် ရယ်ချင်သွားကြသည်။ အစောကမှ သူတို့ကို အထင်သေးနေခဲ့ပြီး ယခုတော့ မျက်နှာချိုသွေးနေပါလားဟု တွေးမိကြသည်။

အခြားသူဌေးများ၏ အကြည့်ကို ခံစားလိုက်ရသဖြင့် ရှောင်ရှင်းယိ၏ မျက်နှာလှလှလေးမှာ ပို၍ပင် နီမြန်းသွားတော့သည်။

"တောင်းပန်ပါတယ် ဥက္ကဋ္ဌရှောင်။ ကျွန်တော်က ငယ်ပါသေးတယ်။ လောလောဆယ် စီးပွားရေးလုပ်ငန်းကိုပဲ အာရုံစိုက်ထားလို့ တခြားကိစ္စတွေကို မစဉ်းစားသေးပါဘူး"

ထိုနေရာရှိ လူတိုင်း ယဲ့ချန်းစကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်ကြသည်။

သို့သော် ရှောင်ရှင်းယိကတော့ ယနေ့အတွက် မျက်နှာပျက်စရာများ ပျက်ပြီးပြီဟု တွေးထားသဖြင့် နောက်ထပ် အရှက်ကွဲရမည်ကိုလည်း ဂရုမစိုက်တော့ပေ။

သူ(မ) စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာသည်။

ယဲ့ချန်းက ဖုန်းကိုင်၍ စကားအနည်းငယ်ပြောပြီးနောက် ဖုန်းချလိုက်သည်။ ထို့နောက် ဥက္ကဋ္ဌမာဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

'အစ်ကိုမာ... ကျွန်တော်ပြောခဲ့တဲ့ အစီအစဉ်က ပြဿနာမရှိဘူးမဟုတ်လား"

"ညီလေးယဲ့ရဲ့အကြံက အရမ်းကောင်းပါတယ်။ ဒီကိစ္စတွေကို အစ်ကိုတို့ဆီသာ လွှဲထားလိုက်ပါ"

ဥက္ကဋ္ဌမာက ပြန်ဖြေချေသည်။

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ပါဆယ်သွားပို့ရဦးမယ်"

အားလုံးကို နှုတ်ဆက်ပြီးနောက် ယဲ့ချန်းလည်း တစ်ဖက်လှည့်ကာ သီးသန့်ခန်းထဲက ထွက်ခွာသွားသည်။

ရှောင်ရှင်းယိမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး တွေးလိုက်မိသည်။

"ဥက္ကဋ္ဌယဲ့က အရမ်းရဲတင်းတာပဲ။ တကယ်ကြီး ပါဆယ်သွားပို့တာလား"

ယဲ့ချန်းမှာ ဟိုတယ်ထဲက ထွက်လာပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ စောစောက ဖုန်းခေါ်ဆိုမှုမှာ ဖန်းယင်းထံမှဖြစ်ပြီး မနက်ဖြန် အမ​ျိုးသမီးဖန်း၏ ခွဲစိတ်မည့်အချိန်ကို လှမ်းပြောခြင်းပင်။

စားပွဲဝိုင်းတွင် စီးပွားရေးကိစ္စများ ဆွေးနွေးပြီးသွားပြီဖြစ်ရာ ယဲ့ချန်းလည်း အထဲတွင် ဆက်မနေချင်တော့သဖြင့် ထွက်ပြေးနိုင်ရန် လိမ်ပြောလိုက်ခြင်းဖြစ်၏။

ထို့ပြင် ရှောင်ရှင်းယိက သူ မည်သူမည်ဝါဖြစ်ကြောင်း သိသွားပြီးနောက် ရှောင်ယာနှင့် သဘောတူပေးချင်နေသဖြင့် ယဲ့ချန်း တကယ် အာရုံနောက်မခံနိုင်တော့ပေ။

ရှောင်ယာက သူ့ထက် ငယ်ရွယ်သဖြင့် သူ့ရင်ထဲတွင်မူ သူ(မ)က ညီမလေးတစ်ယောက်လိုသာ။

အပြင်ရှိ လတ်ဆတ်သောလေကို ရှူရှိုက်လိုက်ရင်း ယဲ့ချန်း၏ ရင်ထဲတွင် အလွန်တရာ ပျော်ရွှင်သွားသည်။

ထို့နောက် ကားပါကင်ဆီသို့ လျှောက်သွားကာ သူ့ကျီလိကားကို စက်နှိုးပြီး စုဝမ်ယိ၏ အိမ်သို့ မောင်းနှင်သွားလိုက်သည်။

ယဲ့ချန်း အထဲသို့ ဝင်သွားသောအခါ ဇာညအိပ်ဝတ်စုံနှင့် စုဝမ်ယိမှာ စိတ်ညစ်နေပုံရကြောင်း တွေ့လိုက်ရသည်။

"အချစ်....ဘယ်သူကများ မင်းကိုစိတ်ညစ်အောင် လုပ်လိုက်တာလဲ။ ကိုယ်သွားပြီး ပညာပေးလိုက်မယ်"

ယဲ့ချန်းက စိုးရိမ်တကြီး မေးလိုက်သည်။

စုဝမ်ယိက ယဲ့ချန်းကို မျက်စောင်းထိုးလိုက်လေသည်။

"ရှင် မဟုတ်ဘူးလား"

"ကိုယ်လား။ ကိုယ် အခုမှ ဒီကိုရောက်တာလေ။ မင်းကို စိတ်ညစ်အောင် ဘာများလုပ်မိလို့လဲ"

ယဲ့ချန်းက မတရားခံရသည့် မျက်နှာပေးဖြင့် ပြောသည်။

"ကျွန်မမှာ ရည်းစားရှိတယ်ဆိုတာကို အမေသိသွားကတည်းက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေတာ"

စုဝမ်ယိက စိုးရိမ်နေဟန် မျက်နှာထားဖြင့် ပြောလေသည်။

ထို့နောက် စုဝမ်ယိက ဆက်ပြောပြန်သည်။

"စောစောကပဲ ကျွန်မတို့ ဖုန်းပြောထားတာ။ အမေက အဲ့ဒီအကြောင်း ထပ်ပြောလာပြန်တယ်။ ကျွန်မ အသက်ကြီးလာပြီမို့ အိမ်ထောင်ပြုပြီး ကလေးယူသင့်ပြီတဲ့"

"ယောက္ခမကြီး ပြောတာလည်း မမှားပါဘူး။ မင်းမှာ ယောကျ်ားရှိနေပြီပဲ။ ဘာလို့ ဒီလောက်ကြိုးစားနေရတာလဲ။ မိန်းမတွေဆိုတာ ယောကျ်ားကို အထောက်အပံ့ပေးပြီး ကလေးတွေကို သွန်သင်ဆုံးမရမှာ မဟုတ်ဘူးလား"

ယဲ့ချန်းကလည်း သဘောတူဟန်ဖြင့် ပြောလိုက်သည်။

ထို့နောက် သူက ယုံကြည်မှုရှိစွာ ဆက်ပြောပြန်သည်။

"အခုကစပြီး ကိုယ် မင်းကို ထောက်ပံ့ပေးမယ်။ အိမ်မှာပဲ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါကွာ"

"ယဲ့ချန်း.... ကျေးဇူးတင်ပါတယ်။ တခြားမိန်းမတွေကတော့ အဲ့ဒီလိုတွေးကောင်းတွေးနိုင်သလို ရှင့်စကားတွေကြောင့် ကြည်နူးသွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မအတွက်ကတော့ ဒီအချိန်မှာ ကျွန်မရဲ့ အလုပ်အကိုင်က အရမ်းအရေးကြီးတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်လုံး အရင်ကတည်းက သဘောတူထားပြီးသားလေ"

စုဝမ်ယိက ယဲ့ချန်းကို သတိပေးလိုက်သည်။

•••••••••••••••••••••••

All Chapters