← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

အပိုင်း - ၂

အားလုံးက လူတစ်ယောက်တည်း

လူတစ်ယောက်ဟာ သိုင်းလောကနဲ့ သက်ဆိုင်လား ၊ မသက်ဆိုင်ဘူးလား ဆိုတာကို ခွဲခြားရတာက လွယ်လွယ်လေးပဲလို့ လူတွေက ပြောကြတယ် ။ကျုပ်အမြင် ပြောရရင် အဲဒါက မမှားလောက်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အစောပိုင်းက အချက်ကို တံခါးခေါက်တာလေး တစ်ခုနဲ့တင် အသာလေး ခွဲခြားနိုင်လို့ပဲ ။

သာမန်လူတွေ ဆိုရင်ဗျာ ။ သူတို့က ခင်ဗျား အိမ်တံခါးကို လာခေါက်မယ် ။ တကယ်လို့ ဘယ်သူမှ ပြန်မထူးဘူးဆိုရင် သူတို့က တံခါးကို တွန်းကြည့်မယ် ။ ပွင့်နေရင် အထဲဝင်ပြီး ကြည့်မယ် ။ မပွင့်ရင်တော့ သူတို့အိမ် သူတို့ပြန်သွားကြမယ် ။ ရိုးရိုးရှင်းရှင်းလေးပဲလေ ။ ဟုတ်တယ်မလား ။

ဒါပေမဲ့ သိုင်းလောကထဲက နလပိန်းတုန်းတွေကတော့ အဲသည်လို မဟုတ်ဘူးဗျ ။ အဲသည် အလေ့အထကို စခဲ့မှန်းလည်း မသိဘူး ။ အားလုံးက တစ်ပုံစံတည်းချည်းပဲ ။ သူတို့က အိမ်အပြင်ဝမှာ ရပ်မယ် ။ ပြီးရင် နာမည်တပ်ပြီး အော်ခေါ်မယ် ။

" xxxxxxx ထွက်ခဲ့ "

တကယ်လို့ ခင်ဗျား အပြင်မထွက်လာဘူးလား ။ ရတယ် ။ သူတို့က တစ်နေ့လုံး အပြင်မှာ မတ်တပ်ရပ် စောင့်နေမှာပဲ ။

ကျုပ်က " အင်း... သည်နေ့တော့ အိမ်ထဲမှာပဲ တစ်နေကုန် အချိန် ဖြုန်းတာပဲ ကောင်းပါတယ်"လို့ တွေးလိုက်တဲ့ အချိန်မှာပဲ အမျိုးသမီးသံက နောက်ထပ် ထွက်လာပြန်တယ် ။

" နင်.... မထွက်လာသေးဘူးလား"

ဟမ့်... ကျုပ်က ဘာလို့ ထွက်ရမှာလဲ ။ သိုင်းလောကရဲ့ စည်းမျဥ်းဥပဒေတွေ ဆိုတာက လိုက်နာရမယ်လေ ။ ကျုပ် အပြင်မထွက်မချင်း တစ်ဖက်က ဘာတတ်နိုင်မှာလဲ မဟုတ်ဘူးလား။

" မင်းဖေးဟန်.... နင့်ရဲ့ စာအုပ်စင် အပေါ်ဘက် ဒုတိယတန်း ၊ ဘယ်ဘက်ကရေရင် လေးအုပ်မြောက် စာအုပ်နာမည်က ဘာလဲ "

ထွဝီ.....မင်းက ငါ့ရဲ့ ဥာဏ်ရည်ကို လာစမ်းချင်နေတာလား ။ အဲဒါက ပန်းတစ်ရာ လက်သီးသိုင်းကျမ်း ။ ငါက ဒါလေးကို မမှတ်မိစရာလား ။

" အဲသည်စာအုပ်ရဲ့ ဘေးချင်းကပ် စာအုပ်ကကော"

လခွီးတဲ့မှ... ကျုပ်ရဲ့ လက်ဖျားမှာ ချွေးစေးထွက် စထွက်လာတယ် ။ ဂိုဏ်းတူဒေါ်လေးက ကျုပ်ရဲ့ ဝူရှန်း ကာမသိဒ္ဓိကျမ်းကို တွေ့သွားတာများလား ။

" ဟုတ်ပြီ ။ ငါက နင့်ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကို ခေါ်ပြီး နင့်အိပ်ယာအောက်က သေတ္တာထဲမှာရှိတဲ့ လက်ရွေးစင် ပန်းချီကား စုစည်းမှုတွေကို အတူတူ ကြည့်ခိုင်းလိုက်ရမလား ။ ဘယ်လိုလဲ"

ကျုပ်အိမ်ထဲမှာ ငြိမ်မနေနိုင်တော့ဘူး ။

" လာပြီ ။ ကျွန်တော် လာပါပြီဗျ"

"အဲကိစ္စကို နောက်မှ ပြောကြရအောင် ။ ကျေးဇူးပြုပြီး အမိုက်အမဲလေးကို ခွင့်လွှတ်ပေးပါဦး သူရဲကောင်းမကြီး "

ကျုပ်က အပြုံးတစ်ခုကို တပ်လိုက်ပြီး အပြင်ထွက် နှုတ်ဆက်လိုက်တယ် ။

အမှန်အတိုင်း ပြောရရင် ကျုပ်အနေနဲ့ ဂိုဏ်းတူဒေါ်လေးကလွဲပြီး ဂိုဏ်းထဲက ဘယ်သူနဲ့တွေ့တွေ့ အဆင်ပြေတယ်ဗျာ ။

ယုတ်စွအဆုံး ကျုပ်ဆရာရင်း ဆိုရင်တောင် ကျုပ်မှာ နည်းလမ်းတွေ ရှိတယ် ။ ဒါပေမဲ့ သည်တစ်ယောက်ကျတော့..... ဟူး.....။

ကျုပ်တံခါးကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် နှင်းလိုဖြူဖွေးနေတဲ့ ဝတ်ရုံကို ဝတ်ထားတဲ့ မိန်းမချောလေး တစ်ယောက်ကို မြင်လိုက်တယ် ။

ဂလု.....အိုး.... မိုးနတ်မင်းကြီး......

( သွားရည်ယိုနေတာ)

ဂိုဏ်းတူဒေါ်လေးက လက်ရှိ ပြည်မကြီးမှာ ခေတ်စားနေတဲ့ ဝတ်ရုံဖြူ သူရဲကောင်းဆိုတဲ့ ဝတ်စုံကို ဝတ်ထားတာဗျ ။ သိတဲ့အတိုင်းပဲ ။ ပြည်မကြီးဘက်က ဝတ်စုံတွေက အမြဲ ညှို့အား ကောင်းအောင် နဲ့ ကုန်ပစ္စည်းတွေကို မပေါ်.တပေါ်လေး ထုတ်ကြွားလို့ရအောင် ချုပ်ထားတာလေဗျာ ။ ဒါကြောင့် သည်ဝတ်စုံက ဂိုဏ်းတူဒေါ်လေးရဲ့ အမို့အမောက်၊ အရှိုက်အဝန်းတွေကို ကောင်းကောင်းကြီး ပြပေးနိုင်တယ် ။ သူဝတ်ထားတဲ့ ဝတ်စုံရဲ့ အပေါ်ဘက် ကော်လာက မဟတဟလေး ဖြစ်နေတော့ သူ့ရဲ့ ငန်းမလေး တစ်ကောင်လို ကျော့ရှင်းနေတဲ့ လည်တိုင်ကျော့ကျော့လေးကို ကောင်းကောင်းကြီး အထောက်အပံ့ ပေးနေတာပေါ့ ။ ပြီးတော့ ထွာဆိုင်လောက်ပဲ ရှိတဲ့ ခါးလေးနဲ့ မှည့်ဝင်းနေတဲ့ ရှောက်ပန်းသီးတွေလို အရည်ရွမ်းပြီး တင်းအိနေတဲ့ တင်သား တစ်စုံ ။

ကျုပ်မျက်လုံးတွေက ကော်နဲ့ကပ်ထားရသလို ဂိုဏ်းတူဒေါ်လေးရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ခွာလို့ မရတော့ဘူးဗျ။ ဒါကြောင့်လည်း ကျုပ်က ဂိုဏ်းထဲမှာ သူ့ကို ရင်ဆိုင်ဖို့ နည်းမရှိဘူးလို့ ပြောတာပေါ့ ။ ကဲ.... တစ်တက်စားလည်း ကြက်သွန် ၊ နှစ်တက်စားလည်း ကြက်သွန်ဆိုတော့ မထူးပါဘူး ။ ဝအောင် မျက်စိ အစာ ကျွေးလိုက်ပါတော့မယ် ။

ဆက်ပြောရရင် ကျုပ်ရဲ့ အကြည့်တွေက နို့ခဲနံ့လေး သင်းနေပြီး လုံးဝန်းနေတဲ့ တောင်ပူစာလေး နှစ်ခုပေါ် ရောက်သွားတယ်ဗျ ။ ပြီးတော့မှ တောင်ကြားဒေသလေး တစ်ခုပေါ့ ။

ဟူး..... ကျုပ်က တောင်ဘယ်လောက်ပဲ မြင့်မြင့် တက်ရဲတယ်ဗျ ။ ဒါပေမဲ့ သည်လောက်ကျဥ်းတဲ့ တောင်ကြားလမ်းကိုတော့.... ဟင်း ဟင်း.။ မဖြတ်ရဲဘူး ။

တကယ်လို့ ကျုပ့်ရဲ့ ဂိုဏ်းတူဒေါ်လေးသာ လမ်းပေါ်မှာ အခုလို ဝတ်စုံနဲ့ သွားနေမယ်ဆိုရင် တစ်လမ်းလုံးက ယောကျာ်းတွေ သူ့နောက် လိုက်လာမှာက မြေကြီးလက်ခတ် မလွဲဘဲ ။ အခုလည်း သူ့နောက် လိုက်နေတဲ့ သူရဲကောင်းတွေက မနည်းပေမယ့်ပေါ့ ။

ဂိုဏ်းတူဒေါ်လေးက ဆံပင်ကို တခြားမိန်းကလေးတွေလို ကျကျနန မဖြီး၊မသင်ထားဘဲ အနောက်မှာ သည်အတိုင်း ဖြန့်ချထားတယ် ။ အဲဒါက ကပိုကရိုလေးနဲ့ လှနေသလို ခံစားရပြီး မြင်ရသူတွေကို မချင့်မရဲ ဖြစ်သွားစေတယ် ။ဒါက သူ့ရဲ့ မူပိုင်ပုံစံပါ ။အထူးသဖြင့် သိုင်းလောကထဲဆင်းပြီး ပြသနာ မီးမွှေးရှာတော့မယ့် အချိန်မျိုးမှာ ဝတ်လေ့ရှိတဲ့ ပုံစံပေါ့။

အမှန်အတိုင်း မကွယ်မဝှက်ဘဲ ပြောရမယ်ဆိုရင် ကျုပ်က တံခါးမဖွင့်ခင်တည်းက ကျုပ်ကိုယ်ကျုပ် အလောင်းအစား လုပ်ပြီးသားဗျ ။ ကျုပ်အနေနဲ့ ဂိုဏ်းတူဒေါ်လေးကို စေ့စေ့ကို မကြည့်ဘူး ဆိုပြီးတော့ပေါ့ ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့ကျတော့ မရပါဘူးဗျာ ။ ကျုပ်ရဲ့မျက်လုံးတွေက သူ့ကိုယ်ပေါ်မှာ ကော်နဲ့ကပ်ထားသလို ဖြစ်သွားတော့တာပဲ ။

ဒါကြောင့်လည်း ကျုပ်က သူနဲ့ မျက်နှာချင်း မဆိုင်ချင်တာပေါ့ ။ ဂိုဏ်းတူဒေါ်လေးနဲ့ မျက်နှာချင်းဆိုင် တွေ့ပြီဆိုရင် ကျုပ်အနေနဲ့ ကိုယ့်ရဲ့ အတွင်းမီး( တဏှာမီး)ကို ကိုယ်ပြန်ငြိမ်းဖို့ သေလုမျောပါး ကြိုးစားရတာလေ ။

ကျုပ်က ကျုပ်ရဲ့ သွားရည်တွေကို မကျအောင် ကြိုးစားထိန်းချုပ်ပြီး အကြည့်ကို ရင်ဘတ်ကနေ ရွှေ့လိုက်တယ် ။ အဲဒါမှ ပိုဆိုးတော့တာပဲဗျို့ ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အကြည့်က အောက်ပိုင်းကို ရောက်သွားတာလေဗျာ ။

ဂိုဏ်းတူဒေါ်လေး ဝတ်ထားတဲ့ ဂါဝန်က နည်းနည်းထူးဆန်းတယ်ဗျ ။ အဲဒါက ပြည်မကြီးဘက်က ဝတ်လေ့ရှိတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဂါဝန်က ခြေမျက်စိအထိ ဖုံးထားတယ် ဆိုပေမယ့် ဘေးမှာ ပေါင်တံလေးတွေ ထင်းနေအောင် ခွဲကြောင်းလေး ခွဲထားတယ်ဗျ ။ ဂိုဏ်းတူဒေါ်လေးရဲ့ ဆင်စွယ်လို သွယ်လျပြီး ဖြူဝင်းနေတဲ့ ခြေတံလေးကို မြင်လိုက်ရတော့ ကျုပ်ရဲ့ စိတ်ရိုင်းတွေက ထိန်းမနိုင်အောင် ဖြစ်လာတယ် ။

" တောက်... သည်ဂါဝန်ကို ခွဲကြောင်းအတိုင်း ဆွဲဖြဲလိုက်ရရင်တော့ကွာ "

အော်မီတာဘာ့.... အော်မီတာဘာ့... အိုရှင်တော်မြတ်ဘုရား ကျွန်တော်မျိုးကို သည်အတွေးရိုင်းတွေထဲမှ ကယ်တော်မူပါ ။

ဒါက ဂိုဏ်းရဲ့ ဝါစဥ်ကြီး တစ်ယောက်လေ ။ ကျုပ်က ဘယ်လိုလုပ်ပြီး သည်အတွေးတွေ တွေးရဲရတာလဲ ......။

ကျုပ်တံခါးကို ဖွင့်လိုက်တော့ ဂိုဏ်းတူဒေါ်လေးက ကျုပ်ကို အလိုမကျတဲ့ အကြည့်တွေနဲ့ အေးစက်စက် ကြည့်လာတယ်ဗျ ။ ဒါကြောင့် ကျုပ်အနေနဲ့ ငိုတာထက် ပိုအရုပ်ဆိုးတဲ့ အပြုံးတစ်ခုကို အားတင်းပြီး ပြုံးလိုက်ဖို့ပဲ တတ်နိုင်တော့တယ် ။

" ဒေါ်......ဒေါ်လေး.... နေကန်းတယ်နော် "

ဂိုဏ်းတူဒေါ်လေးက အကြာကြီး အေးစက်စက် မနေနိုင်ပါဘူး ။ သူက စပြီး ခစ်ခနဲ ရယ်လာတယ် ။

" နင်ဘာလို့ အဲသည်လောက် ကြောက်နေတာလဲ"

" မ...မကြောက်ပါဘူး ။ ဒေါ်.... ဒေါ်လေးကို မတွေ့ရတာ ကြာလို့ စ....စိတ်..နည်း...န...နည်း.. . လှုပ်ရှား န နေ တာပါ "

" အို....စိတ်က... ဘယ်လိုကြောင့် လှုပ်ရှားရတာတဲ့တုန်း"

ဂိုဏ်းတူဒေါ်လေးက စကားပြောရင်းနဲ့ လက်ပိုက်လိုက်တယ်ဗျ ။ အဲသည်တော့ သူ့ရဲ့ ရွှေတောင်ပူစာ နှစ်လုံးက ပိုပြီး မို့မောက် လာတာပေါ့ဗျာ ။ ကျုပ်ရဲ့ သွေးတွေကလည်း ဆန်တက်လာပြီး နှာခေါင်းထဲကနေ ထိုးထွက်တော့မလားဘဲ ။

" မဖြစ်တော့ဘူး "

ကျုပ်က အသက်ရှူတာကို အောင့်လိုက်ပြီး အတွင်းအားတွေကို ခန္ဓာကိုယ်မှာ သုံးပတ်လောက် ပတ်လိုက်ရတယ် ။ လောကမှာ အခက်ခဲဆုံးက တောင်တွေကို တက်ရတာပါပဲလား ။

ဂိုဏ်းတူဒေါ်လေးက ကျုပ်ကို ငြိမ်ငြိမ်လေး စိုက်ကြည့်နေတယ် ။ ပြီးမှ မရယ်ချင်၊ရယ်ချင် ရုပ်နဲ့

"နင်က အမြဲတမ်း ထူးဆန်းတယ်နော် ။ ငါတို့ မတွေ့ရတာက ဘယ်လောက်မှ မရှိသေးဘူးလေ "

" တစ်နှစ်.... တစ်နှစ်လောက် ရှိပြီလို့ ထင်ပါတယ် ဒေါ်လေး "

" တစ်နှစ်လောက် မဟုတ်ဘူး ။ တစ်နှစ် နဲ့ တစ်ရာနှစ်ဆယ့်ရှစ်ရက် ။နင့်ဆရာ ငါ့တူ ဂိုဏ်းထဲက ထွက်ပြေးသွားကတည်းက နင်အိမ်တွင်း ပုန်းနေတာ ။ အခုက နင်အိမ်အပြင်ထွက်ဖို့ အချိန်ပဲ "

ဟုတ်တယ် ။ ခင်ဗျားတို့ နားကြားမမှားဘူး ။ မျက်လုံးလည်း မမှားဘူးဗျ ။

ကျုပ် ဆရာလို့ ပြောပြောနေတဲ့ ခွေးအဘိုးကြီးကလည်း တကယ်တမ်းတော့ သူ့ရဲ့ ဂိုဏ်းတူ တူလေးပဲ ။

ပြောရမယ်ဆိုရင် ဂိုဏ်းတူဒေါ်လေးက ကျုပ်ရဲ့ ဆရာဘွားဘွားဗျ ။

သည်ကိစ္စက အတော်လေး ရှုပ်တယ်ဗျ ။သည်တော့ ကျုပ်ရဲ့ ဆရာဘိုးဘိုးကနေ စလိုက်ရအောင် ။

ကျုပ်ရဲ့ ဆရာဘိုးဘိုးက အခုချိန်အထိ အသက်ရှိနေဆဲပဲ ။

ကျုပ်ဆရာကတော့ ခြောက်ဆယ်ဝန်းကျင် ရှိနေပြီ ။

ဆရာဘိုးဘိုးရဲ့ အသက်က ဘယ်လောက် ရှိနေပြီလဲ ဆိုတာတော့ ကျုပ်လည်း သေသေချာချာ မသိဘူး ။ တချို့ကတော့ တစ်ရာ့နှစ်ဆယ်တဲ့ ။ တချို့ကတော့ တစ်ရာပြည့်ရုံလေးတင်တဲ့ ။ တချို့ကျတော့လည်း တစ်ရာ့လေးဆယ် ကျော်ပြီလို့ ပြောကြတယ် ။ ကျုပ်ရဲ့ မှတ်ဥာဏ်အရ ဆိုရင်တော့ဗျာ ။ ဆရာဘိုးဘိုးကို ကျုပ်စတွေ့ကတည်းက သူ့ရဲ့ ဆံပင်တွေက တစ်ခေါင်းလုံးဖြူပြီး အသက်တစ်ရာလောက် ထင်ရတယ် ။

ဆရာဘိုးဘိုးက စိတ်ဓာတ် ညစ်ပတ်ယိရွဲ စုတ်ပြတ်ပြီး ကိုယ့်ကျင့်တရား ခေါင်းပါးတဲ့ ကျုပ်ဆရာလို မဟုတ်ဘူးဗျ ။ သူက သူရဲကောင်းဆန်ပြီး စိတ်ထားက မြင့်မြတ်တယ် ။ ဒါကြောင့်လည်း ကျုပ်တို့ တစ်ဂိုဏ်းလုံးက ဆရာဘိုးဘိုးကို လေးစား ကြည်ညို ကြတာပေါ့ ။

ကောလာဟလတွေ အရဆိုရင်တော့ ဆရာဘိုးဘိုးက လူသားတွေရဲ့ ဖြစ်တည်မှုကို သာလွန်ပြီး နတ်ဝိဇ္ဇာအဆင့်ကို ရောက်သွားပြီတဲ့ ။ ဒါပေမဲ့ ကျုပ်အမြင်မှာတော့ သူက သူငယ်ပြန်ခါနီး အဘိုးကြီး တစ်ယောက်လိုပါပဲဗျာ ။ သူ့ရဲ့ လှုပ်ရှား တုံ့ပြန်မှုတွေက အတော်လေး နှေးကွေးလေးလံနေပါပြီ ။

ကျုပ်ရဲ့ ဂိုဏ်းတူဒေါ်လေးက ဆရာဘိုးဘိုးရဲ့ ဆွေမျိုးနီးစပ် ဦးလေး တစ်ယောက်ရဲ့ သမီးလို့ ပြောကြတယ် ။ သည်တော့ ဆရာဘိုးဘိုးနဲ့ သူနဲ့က မောင်နှမ ဝမ်းကွဲတော်တာပေါ့ဗျာ ။ ဆရာဘိုးဘိုး နဲ့ ဂိုဏ်းတူဒေါ်လေးနဲ့က အသက် ရှစ်ဆလောက် ကွာနေရင်တောင်မှ ဆရာဘိုးဘိုးက မျိုးရိုးစဥ်ဆက် ဇယား နဲ့ ဝါစဥ်ကို မလေးမစား လုပ်ဖို့ စိတ်ကူးမရှိဘူး ။သည်တော့ ဂိုဏ်းတူဒေါ်လေးက ဝါစဥ်အရ ဂိုဏ်းရဲ့ ဒုတိယ အကြီးဆုံး ဆရာဘွားဘွား ဖြစ်လာတော့တာပေါ့ ။

ကျုပ်တစ်ခု ဖြတ်ပြောလိုက်ဦးမယ် ။ ကျုပ်က ဂိုဏ်းတူဒေါ်လေးနဲ့ တွေ့ရမှာကို သေအောင် ကြောက်တယ် ။ ဒါပေမဲ့ ကျုပ်ထက် ကြောက်တဲ့သူ ရှိသေးတယ်ဗျ ။ အဲဒါက ကျုပ်ရဲ့ ဆရာပဲ ။ သူက ဂိုဏ်းတူဒေါ်လေးဆိုတဲ့ အသံကို ကြားတာနဲ့ မှုန်နေအောင် ထွက်ပြေးတော့တာပဲ။

ခင်ဗျားတို့ပဲ စဥ်းစားကြည့်လေဗျာ ။ အသက်ခြောက်ဆယ် ရှိနေတဲ့ အဘိုးကြီး တစ်ယောက်က မိန်းမငယ်လေး တစ်ယောက်ကို ဒေါ်ဒေါ်ဆိုပြီး တွေ့တိုင်း နှုတ်ဆက်နေရမှာ ။ ကျုပ်ဆိုရင်လည်း အိပ်ယာထဲမှာ သေကောင်ပေါင်းလဲ ဖြစ်နေရင်တောင်မှ မရရအောင် ထပြီး ထွက်ပြေးမှာပဲ ။

သည်တော့ ကျုပ်ပြောခဲ့တာတွေကို အကျဥ်းချုပ်ရမယ် ဆိုရင် ဂိုဏ်းတူဒေါ်လေးက ဝါစဥ်အရ ဆိုရင် ကျုပ်တို့ ဂိုဏ်းတပည့်တွေ အားလုံးရဲ့ ဆရာဘွားဘွားပဲ ။ ဒါပေမဲ့ သူက ဂိုဏ်းတူအစ်မ ဆိုတဲ့ နေရာထက် ပိုကြီးတဲ့ ဝါစဥ်ကို အခေါ်မခံချင်ဘူး ။ ကျုပ်ကလည်း ဂိုဏ်းရဲ့ စည်းမျဥ်း၊စည်းကမ်းတွေကို မလွန်ဆန်ရဲဘူး ။ သည်လိုနဲ့ပဲ အပေးအယူ သဘောမျိုး ညှိနှိုင်းပြီး သူက ကျုပ်ရဲ့ ဂိုဏ်းတူ ညီမလေး နဲ့ ဂိုဏ်းတူ ဒေါ်လေး ဖြစ်လာခဲ့တယ် ။

ဒါကြောင့် နောက်ပိုင်းမှာ ဂိုဏ်းတူဒေါ်လေး ၊ ဂိုဏ်းတူအစ်မ ၊ ဆရာဘွားဘွားဆိုပြီး အခေါ်အဝေါ်တွေ ပြောင်းနေရင် ခေါင်းမရှုပ်သွားကြနဲ့ဗျာ ။ သေချာ မှတ်ထားကြ ။ သူတို့အားလုံးက တစ်ယောက်တည်းပဲဗျ ။

ဂိုဏ်းတူဒေါ်လေးက ကျုပ်လက်ထဲက အထုပ်ကို မြင်တော့ စိတ်ဝင်စားသွားပုံရတယ် ။

" ဘာလဲ.... နင်က ငါ့ကို ရှောင်ပြေးပြန်ချင်ပြီလား "

ကျုပ်ခေါင်းထဲမှာ အန္တရာယ် အချက်ပေးသံတွေ ဆူညံသွားတယ် ။ ဒါက လုံးဝ ခေါင်းညိတ်လို့ မရတဲ့ ကိစ္စပဲ ။

" မ....မဟုတ်.... ပါဘူး "

ကျုပ်က ခေါင်းကို အားရှိသမျှ ခါယမ်းလိုက်တယ် ။ ကျူပ်က တည်တည်ငြိမ်ငြိမ်တောင် မနေနိုင်တော့ဘူး ။

" ကျွန်တော်က နန်ကျင်းကို ခရီး တစ်ခေါက်လောက် ထွက်မလားလို့ပါ"

Lord . Zen

All Chapters