အခန်း ၄
Vol. 1 Ch. 4
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
အပိုင်း - ၄
လျူရှန်းမန် ဌာနက ရှန်းယိရန်
သိုင်းလောကထဲမှာ အတင်းအဖျင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတဲ့ သတင်းစာစောင် တစ်စောင် ရှိပြီး လူတိုင်း လက်ထဲမှာ တစ်စောင်စီတော့ ရှိနေတတ်တယ်။အဲသည်စာစောင်က တစ်လမှ တစ်ခါ ထုတ်ဝေတာဖြစ်ပြီး နာမည်ကို သံမဏိဓား လို့ ခေါ်ကြတယ်။
သံမဏိဓား စာစောင်က လစဉ်လစဥ်တိုင်းမှာ သိုင်းလောကအတွင်း ဖြစ်ပျက်သမျှကို အသေးစိတ် မှတ်တမ်းတင်တယ်။ အဖွဲ့အစည်းမျိုးစုံ၊ သိုင်းဂိုဏ်းမျိုးစုံကစပြီး တစ်ကိုယ်တော် သိုင်းသမားတွေအထိ အဆင့်ခွဲမဲပေးမှုတွေ လုပ်ပြီး အဆင့် သတ်မှတ်ချက် ထုတ်ပြန်တယ်။ အဲသည် အဆင့် သတ်မှတ်ချက်တွေက သိုင်းလောကထဲမှာ လူတချို့အတွက်တော့ နာမည်ကျော် လူသိများသွားစေတဲ့ အရာတစ်မျိုးပဲ ။ဘယ်လို အကြောင်းအရာမျိုးနဲ့ ဖြစ်ဖြစ်ပေါ့ ။
စာစောင်က သိုင်းဂိုဏ်း၊ သိုင်းကျောင်းတွေအတွင်းက လူတွေကိုပဲ ကန့်သတ်ထားတာ မဟုတ်ဘူး။ သိုင်းလောကအပြင်က သာမန်လူတန်းစားတွေကလည်း သိုင်းလောကအတွင်း အဖြစ်အပျက်တွေကို စိတ်ဝင်စားကြတယ်။ အဲဒါကြောင့်ပဲ သံမဏိဓား စာစောင်ရဲ့ ရောင်းအားက မယုံနိုင်လောက်အောင် ကောင်းလာတယ်။စာစောင်အနေနဲ့ သည်နေ့အထိ ရပ်တည်နေနိုင်တာကလည်း အဲသည် အချက်ကြောင့်ပဲ ။
ဒါပေမဲ့ သည်နေ့ ပြောမယ့် ခေါင်းစဥ်ကတော့" သံမဏိဓား"မဟုတ်ဘူး ။ သူ့ရဲ့ ညီမ စာစောင်ဖြစ်တဲ့ "ပန်းလိပ်ပြာ "စာစောင်ပဲ ။
ကောလာဟလတွေအရ ဆိုရင်တော့ သံမဏိဓား စာစောင် ထုတ်ဝေသူက တစ်ခါတုန်းက ပျင်းလာတာနဲ့ညီမစာစောင်အဖြစ် ပန်းလိပ်ပြာစာစောင်ကို အပျော်တမ်း ထုတ်ဝေခဲ့တယ်တဲ့ ။သူက စာစောင်ထဲမှာ အဲသည်အချိန်တုန်းက သိုင်းလောကထဲမှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ မိန်းမလှလေး တစ်ယောက်အကြောင်းကို ရေးသားခဲ့တယ်။ သူက အဲသည်မိန်းမလှလေးရဲ့ တစ်နေ့တာ ဖြတ်သန်းပုံ အဆင့်ဆင့် ဘဝအကြောင်းကို ရေးသားရုံမက ၊ ညသန်းခေါင်ယံရောက်ရင် နာမည်ကျော် ဓားသမား တစ်ယောက်နဲ့ ချိန်းတွေ့တဲ့အကြောင်းကိုပါ ခရေစေ့တွင်းကျ ဖော်ပြပေးလိုက်သေးတယ် ။ရလဒ်အနေနဲ့ကတော့ သံမဏိဓား စာစောင်က ရောင်းအားအကောင်းဆုံး စာစောင် စာရင်းထဲကနေ ဆင်းပေးလိုက်ရတာပဲ ။သမိုင်းတစ်လျောက်မှာ စာစောင်အရေအတွက် အများဆုံး ရောင်းရတဲ့ စံချိန်မှတ်တမ်းကတော့ ကျန်နေသေးတာပေါ့ ။
ဒါပေမဲ့ အဲသည်ဖြစ်ရပ်က ထုတ်ဝေသူကို အတည်ပြုချက်တစ်ခု ပေးလိုက်တယ် ။
ပန်းလိပ်ပြာ စာစောင်ကို ထုတ်ဝေတာက အလုပ်ဖြစ်မယ် ဆိုတာပဲ။
သည်လိုနဲ့ပဲ စာစောင်နှစ်စောင်လုံးဟာ လူကြိုက်များတာချင်း ညီသွားခဲ့တယ် ။
သံမဏိဓားလိုပဲ ပန်းလိပ်ပြာ ထဲမှာလည်း သိုင်းလောကထဲမှာ ကျင်လည်ကျက်စားနေကြတဲ့ မိန်းမချော၊ မိန်းမလှလေးတွေကို အဆင့်ခွဲမဲပေးမှုတွေနဲ့ သူတို့ရဲ့ အလှပန်းချီပုံတွေ အများကြီး ပါဝင်တယ်။ အဲသည်အချက်တွေကြောင့်ပဲ သိုင်းလောကထဲက အရှက်တရား မရှိတဲ့ ဆန်ကုန်မြေလေးတွေက စာစောင်ကို သွားရည် တမြားမြားနဲ့ ဝယ်နေကြတာပေါ့။
သည်နေ့ရဲ့ အဓိကဇာတ်ဆောင် ကြယ်ပွင့်ကတော့ အဲ့ဒီမိန်းမလှတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှန်းယိရန်ပဲ ။
သူက နန်ကျင်းက ဖြစ်ပြီး သည်နှစ်ဆိုရင် အသက် ဆယ့်ခုနစ်နှစ်တင်းတင်း ပြည့်ပြီးပြီ ။
ရှန်းယိရန်က သိုင်းလောကထဲမှာ အချောဆုံး ဒါမှမဟုတ် သိုင်းစွမ်း အထက်ဆုံး ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ။ဒါပေမဲ့ သေချာတာကတော့ သူက မာနအကြီးဆုံး နဲ့ ရန်အလိုဆုံးပဲ ။
သည်နေ့ထိ လူတိုင်းက အဲဒီနေ့ကို မှတ်မိနေကြသေးတယ် ။ နာမည်ကြီး သိုင်းဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက်က သူ့ကို လက်ဆော့ဖို့ ကြိုးစားခဲ့တဲ့ နေ့ကိုပေါ့ ။ အဲသည်တပည့်က ရူးသလို ၊ ကြောင်သလိုနဲ့ ရှန်းယိရန်ရဲ့ အနောက်ပိုင်းကို သွားထိဖို့ ကြိုးစားခဲ့တယ် ။ ရလဒ်အနေနဲ့ကတော့ ရှန်းယိရန်က အဲသည်ကောင်ရဲ့ ပေါင်ကြားထဲက နေရာကို ကွဲအောင် ကန်ပစ်လိုက်တာပဲ ။ အနားမှာ ရှိနေတဲ့ ယောကျာ်းတွေဆိုရင် အဲသည်နားမှာတောင် မနေရဲကြတော့ဘူး ။ သူတို့က ကန်ချက် အသံကို ကြားရုံနဲ့တင် ဘယ်လောက် နာကျင်ရမလဲ ဆိုတာကို ခန့်မှန်းနိုင်ကြတယ်လေ ။မသိရင် သူတို့ကိုယ်တိုင် ခံစားလိုက်ရသလိုမျိုးပဲ။
အဲသည်ဖြစ်ရပ် နောက်ပိုင်းမှာတော့ ရှန်းယိရန်ကို ဘယ်သူမှ သွေးတိုး မစမ်းရဲကြတော့ဘူး ။ဘာဖြစ်လို့လဲဆိုတော့ သူက နာမည်ကျော် အလှမယ်လေး တစ်ယောက် ဖြစ်ရုံတင်မက လျူရှန်းမန်ဌာနရဲ့ ပထမတန်းစား တိုက်ခိုက်ရေးသမား ဖြစ်နေလို့ပဲ ။ ပြီးတော့ သူက လျူရှန်းမန် ဌာနရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူးလည်း ဖြစ်နေသေးတယ်လေ ။
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူက အတော်....... အတော်လေးကို ဒေါသ ထွက်နေတယ်။
" ဘာ.... မင်းဘာပြောလိုက်တယ်... "
ရှန်းယိရန်က အသက်သုံးဆယ်ကျော်လို့ ထင်ရတဲ့ ရဲမက် တစ်ယောက်ရဲ့ လည်ပင်းကို ဆွဲပြီး စူးစူးရဲရဲ စိုက်ကြည့်လိုက်တယ် ။ မသိရင် သူက သူ့ကို အစိမ်းလိုက် ဝါးစားတော့မလိုပဲ ။
နန်းတော်ရှေ့မှာ ကျင်းပမယ့် သိုင်းပြိုင်ပွဲကနေ ငါတို့ကို ဖယ်ထုတ်ဖို့ ချီလင် အစောင့်တပ်က ဘုရင်မင်းမြတ်ထံမှာ တောင်းဆိုခဲ့တယ်.... ဟုတ်လား ။ ဘယ်တုန်းကလဲ "
" မ.... မနေ့တုန်းကပါ "
" မနေ့တုန်းက ....ဟုတ်လား ။ အသုံးတစ်စက်မှ မကျတဲ့ကောင် ။ အဲဒါကို အစောတုန်းကို ငါ့ကို ဘာလို့ မပြောတာလဲ "
" ပြောပြမလို့ပါပဲ ။ ဒါပေမဲ့ ဒုအုပ်ချုပ်ရေးမှုးက သခင်ကြီး....... မှားလို့ အုပ်ချုပ်ရေးမှူးနဲ့ စကား အချေအတင် ဖြစ်နေတော့ ကျွန်တော် ပြောဖို့ အချိန် မရလိုက်လို့ပါ "
ရှန်းယိရန်က မျက်လုံးပြူးလိုက်ပြီး လေသံမာမာနဲ့ မေးလိုက်တယ် ။
" ဒါဆို မင်း ပြောချင်တာက ဒါက ငါ့အမှားပေါ့ "
" မဟုတ်ပါဘူး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော့်ဘက်က မှားတာပါ "
ရဲမက်က ခေါင်းငုံ့ပြီး အလျင်အမြန် ဖြေရှင်းလိုက်တယ်။ သူ့ရဲ့ အသံက တုန်ယင်နေပြီး ရှန်းယိရန်ကို အတော်လေး ကြောက်ရွံနေပုံပါပဲ ။
အခု သည်နေရာက ချင်းလုံအိမ်တော် ။ တစ်နည်းပြောရင် လျူရှန်းမန်ရဲ့ တရားဝင် ရုံးစိုက်ရာ ပင်မ အခြေစိုက်စခန်း ဆိုရင်လည်း မမှားပါဘူး ။ အရင်ကတော့ သည်နေရာဟာ သိုင်းလောကထဲမှာတင်မက နန်းတော်အတွင်းမှာပါ အလွန်အမင်း အာဏာရှိခဲ့တဲ့ နေရာတစ်ခု ဖြစ်ခဲ့တယ်။
ဒါပေမဲ့ အခု နောက်ပိုင်းနှစ်တွေမှာတော့ လျူရှန်းမန်ဟာ နန်းတွင်းမှာ သူတို့ရဲ့ အဆင့်အတန်း နဲ့ ဂုဏ်သိက္ခာကို တဖြည်းဖြည်း ဆုံးရှုံးလာခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ သူတို့ဟာ နန်းတွင်း အာဏာချိန်ညှိမှုတွေမှာ အရာရောက်ဖို့ မျှော်လင့်နေကြတုန်းပါပဲ ။
သိုင်းလောကထဲမှာက ဘုရင့် နန်းတော်အတွက် တိုက်ရိုက် အလုပ်လုပ်နေတဲ့ အဖွဲ့တွေက လျူရှန်းမန်၊ ချီလင်အစောင့်တပ် နဲ့ ဘုရင့်သက်တော်စောင့် တပ်ဖွဲ့ဆိုပြီး အဖွဲ့သုံးဖွဲ့ ရှိပါတယ် ။
ဘုရင်ရဲ့ သက်တော်စောင့် ကိုယ်ရံတော်တွေက ဘုရင်ကို ကာကွယ်စောင့်ရှောက်ရေးတာဝန်သာ ထမ်းဆောင်ကြပြီး နန်းတော်အတွင်း အာဏာယှဉ်ပြိုင်မှု၊ အုပ်စုချင်း တိုက်ခိုက်မှုတွေမှာ မပါဝင်ကြဘူး။ သူတို့ရဲ့ တာဝန်က ရှင်းရှင်းလေးပါပဲ ။ သူတို့ဟာ ဘယ်လို အခြေအနေမျိုးကို ရောက်ရောက် ဘုရင်ကိုသာ ကာကွယ်ကြရပါမယ် ။
ဒါကြောင့် တကယ်တမ်း အာဏာအတွက် အပြိုင်အဆိုင်၊ မျက်နှာချင်းဆိုင် ယှဉ်ပြိုင်နေကြတာက လျူရှန်းမန်နဲ့ ချီလင်အစောင့်တပ်ပဲ ဖြစ်တယ်။ ဒါက အပြင်ပန်းမှာ တည်ငြိမ်သလို ထင်ရပေမယ့် အောက်ခြေမှာတော့ နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် ခြေထိုးဖို့ အားခဲနေကြတာပါ ။
ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက ယန်ရှီစန်းနဲ့ ဆက်စပ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးနောက်ပိုင်းကစလို့ အခြေအနေတွေဟာ ပြောင်းလဲသွားပါတော့တယ် ။ အဲသည် ဖြစ်ရပ်က လျူရှန်းမန်ရဲ့ နန်းတွင်းအပေါ် သက်ရောက်မှုကို ထိခိုက်စေခဲ့ပြီး ချီလင်အစောင့်တပ်ကတော့ နန်းတော်အတွင်းမှာ အာဏာကို ပိုကိုင်တွယ်နိုင်တဲ့ အနေအထား တစ်ခုအထိ ရောက်ရှိလာခဲ့ပါတယ်။အဲသည်အခြေအနေက နှစ်အနည်းငယ် ကြာပြီးလို့ အခုချိန်အထိလည်း ပြောင်းလဲခြင်း မရှိသေးပါဘူး ။
ဒါပေမဲ့ သည်နှစ်မှာတော့ ဘုရင်မင်းမြတ်က သူ့ရဲမက်တော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွမ်းပကားကို ရုတ်တရက် သိချင်လာပုံရပြီး နန်းရင်ပြင်ရှေ့မှာ သိုင်းပြိုင်ပွဲတစ်ခု ကျင်းပဖို့ အမိန့်ပေးထားခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ နောက်လမှာ စတင်မယ်လို့ ဆိုထားပါတယ်။
မကွယ်မဝှက် ပြောရမယ်ဆိုရင် အဲဒီပြိုင်ပွဲက ဘုရင့် ခါးပိုက်ဆောင် ကိုယ်ရံတော်အဖွဲ့နဲ့ ချီလင်အစောင့်တပ်အတွက်တော့ အရေးမကြီးပါဘူး။ ဒါပေမဲ့ လျူရှန်းမန်အတွက်ကတော့ အသက်ရှူပေါက်ရမယ့် အခွင့်အရေးတစ်ခုပါပဲ။ သည်အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး နန်းတော်အတွက် အသုံးဝင်နေသေးတယ်ဆိုတာ သက်သေပြရမယ့် အခြေအနေပါ။ အဲဒါကြောင့်ပဲ သူတို့က ငွေကို ရေလိုသုံးပြီး အရည်အချင်းရှိသူတွေကို ရှာဖွေစတင်ခဲ့ကြတာပါ။
နောက်ပြီး အဲဒီအကြောင်းကြောင့်ပဲ မင်းဖေးဟန် တစ်ယောက် ဒီနေရာကို အလုပ်လာလျှောက်ရခြင်း ဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ ကျွန်တော်က ချီလင်တပ်ရဲ့ ဌာနကို သွားပြီး သတိပေးထားပြီးပါပြီ
သတိပေးတာနဲ့ ဘာထူးသွားမှာလဲ။ မင်းက ခေါင်းပါပြီး ဘာမှ မစဥ်းစားတတ်ဘူးလား။ သေချာ မရှင်းပြခဲ့ဘူးဆိုရင် အဲဒါက ငါတို့ လျူရှန်းမန်တွေ တကယ်ပဲ အားနည်းနေပြီလို့ ဝန်ခံလိုက်တာနဲ့ မတူဘူးလား။ ဘုရင်မင်းမြတ်က တကယ်ပဲ ငါတို့ကို ပြိုင်ပွဲကနေ နှုတ်ထွက်ခိုင်းလာရင် ဘယ်လိုလုပ်မလဲ။ ဘာမှ သုံးစားမရတဲ့ကောင်တွေ"
ချောမောလှပတဲ့ မိန်းမပျိုလေး တစ်ယောက်က ရဲမက်တော်ကျန်းကို တရစပ် ဆူပူကြိမ်းမောင်းနေပါတယ် ။ ဆူပူကြိမ်းမောင်း ခံနေရတဲ့ ရဲမက်တော်ကျန်းခမျာ မျက်နှာလေး ငယ်နေပုံက
ဇီးရွက်လောက်လေးအလားပါပဲ ။ အနီးအနားမှာ ရှိနေတဲ့ ယောကျာ်း ၊ မိန်းမမရွေးဟာလည်း သူမကို စိတ်ဆိုးမိအောင် လုပ်မိမှာ ကြောက်နေကြတဲ့အတွက် ခေါင်းကို မဖော်တော့ပါဘူး ။
အဲသည်အချိန်မှာပဲ အပြင်ဘက်ကနေ လူငယ်တစ်ယောက် ဝင်လာပြီး အခြေအနေကို ဝင်ထိန်းဖို့ အားထုတ်လာပါတယ် ။
" အစ်မ..... အဲလောက်ကြီးလည်း ကြမ်းကြမ်းတမ်းတမ်း ပြုမူမနေနဲ့လေ ။ "
အဲသည်လူငယ်လေးကတော့ မိန်းမပျိုလေးရဲ့ အမွှာမောင်လေးပါပဲ ။သူက အစ်မဖြစ်သူနဲ့ မိနစ်ပိုင်းလေးသာ ကွာပြီး သည်လောကထဲကို ရောက်လာတာ ဖြစ်ပေမယ့် စရိုက်ချင်းကတော့ မိုးနဲ့မြေလို ကွာနေကြပါတယ် ။ အစ်မဖြစ်သူက မာနကြီး ၊ ရန်လိုပြီး ထစ်ခနဲရှိ လက်ပါတတ်ပေမယ့် မောင်ဖြစ်သူကတော့ စိတ်ထားနူးညံ့ သဘောကောင်းပြီး တစ်ဖက်လူ စကားကို ရိုရိုကျိုးကျိုး နားထောင်ပေးတတ်သူပါ ။
ပြီးတော့ သူ့ရဲ့ နာမည်ကလည်း ရှန်းယိရန် ရဲ့ နာမည်နဲ့ ဆန့်ကျင်ဘက် အဓိပ္ပါယ်ကို ဆောင်တဲ့ ရှန်းကွမ်းလို့ အမည်ရပြီး လူချင်းရင်းနှီးကြတဲ့ မိတ်ဆွေတွေကတော့ ကွမ်းရန်လို့ ခေါ်ကြလေ့ ရှိပါတယ် ။
ရှန်းယိရန်က သူ့ရဲ့ မောင်ဖြစ်သူကို အလိုမကျတဲ့ပုံနဲ့ စိုက်ကြည့်ရင်း မေးလိုက်ပါတယ် ။
" ငါက ကြမ်းကြမ်းတမ်းတမ်း ပြုမူတယ်... ဟုတ်လား ။ ဘယ်လိုကြမ်းတမ်းတာလဲ ။ ပြောကြည့်ပါဦး "
"ခစ်ခစ်.... နင်မှ မကြမ်းတမ်းရင် ဘယ်သူက ကြမ်းတမ်းဦးမှာလဲ ။ ရှင်းရှင်းပြောရရင် နင့်အပြုအမူတွေက ကြမ်းတမ်းတယ်လို့ ပြောရမယ့် အနေအထားကိုတောင် ကျော်နေပြီ မဟုတ်ဘူးလား"
အသံက ရှန်းကွမ်းဘက်က လာတာ ဖြစ်ပေမယ့် အသံပိုင်ရှင်က ရှန်းကွမ်းတော့ သေချာပေါက် မဟုတ်ပါဘူး ။ ရှန်းယိရန်က သည်ရွှတ်နောက်နောက် အသံပိုင်ရှင်ကို ကောင်းကောင်းကြီး သိတဲ့အတွက် ရင်ကိုကော့ပြီး သြဇာအာဏာသံ အပြည့်နဲ့ မေးလိုက်ပါတယ် ။
အနီးနားမှာ ရှိနေတဲ့ ပုရိသ ယောကျာ်းသားတွေကတော့ သူရဲ့ လုပ်ရပ်ကြောင့် မျက်လုံးတွေ ပြူးကုန်ကြပြီး အကြည့်တွေက သူ့ရဲ့ ရွှေရင်အစုံ မို့မို့ တစ်ဝိုက်ကို မရည်ရွယ်ဘဲ ရောက်ကုန်ကြပါတယ် ။ မသိရင် အဲဒါက သံလိုက်စက်ကွင်း တစ်ခုနဲ့ ညှို့ခံလိုက်ရသလိုပါပဲ.။ ပြီးမှ သူတို့က ရှန်းယိရန်ရဲ့ ဒေါသကို ပြန်သတိရသွားပြီး အလျင်အမြန် ခေါင်းငုံ့လိုက်ကြပါတယ် ။
" ကဝေမ.... နင်သည်ကို ဘာလာလုပ်တာလဲ "
ရှန်းကွမ်းရဲ့ အနောက်ဘက်မှာ ရှိနေသူက ရှန်းယိရန်နဲ့ အသက်ချင်း မတိမ်းမယိမ်း အရွယ် မိန်းမပျိုလေး တစ်ဦး ဖြစ်ပြီး ဝတ်စား ဆင်ယင်ပုံက အတော်လေး ထူးခြားတယ်လို့ ဆိုရပါမယ် ။ ဒါပေမဲ့ လုံးဝ မငြင်းနိုင်တဲ့ အချက်ကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်ပုံက နဲ့ အပြုအမူတွေဟာ အလွန်တရာမှ အပြစ်ကင်းစင်နေပြီး ရုပ်ရည်သွင်ပြင်ကလည်း တကယ့်ကို ပြစ်မျိုးမဲ့မထင် ဖြစ်နေတယ် ဆိုတာပါဘဲ ။ အဲသည်အတွက် အခန်းတွင်းမှာ ရှိနေတဲ့ ယောကျာ်းသား ပုရိသတိုင်းဟာ မျက်လုံးတွေကို သူ့ဆီကနေ မခွာနိုင်တော့ဘဲ အငမ်းမရ ကြည့်နေကြပါတော့တယ် ။
" ဟဲ့.... ငါက သည်အတိုင်း ကွမ်းသခင်လေးကို အိမ်မှာ လာတွေ့ရုံသက်သက်ပဲ ။အဲဒါက ပြသနာ ရှိနေတာလား ။သူက သိုင်းပညာ အဆင့်မြင့်သလို မိသားစုကလည်း နာမည်ကျော်ပဲ ။ ပြီးတော့ အစွန်းလည်း မရောက်ဘူး ။ အဲလိုလူမျိုးကို ငါတို့ ချီလင် အစောင့်တပ်က မသိမ်းသွင်းရင် ရူးမိုက်ရာ ကျသွားမှာပေါ့ "
ထူးဆန်းတဲ့ မိန်းမပျိုလေးရဲ့ လေသံကလည်း ရှန်းယိရန်အောက် မလျော့ပါဘူး ။
အဲသည်အတွက် ရှန်းယိရန်က ချက်ချင်း မျက်နှာတင်းသွားပြီး ပြန်ပြောလိုက်ပါတယ် ။
" သိမ်းသွင်းချင်ရင် ငါသေပြီးမှ သိမ်းသွင်း ။ ရှန်းကွမ်း..... သည်ဘက် လာခဲ့စမ်း ။ အပျက်မ.... ဒါက လျူရှန်းမန်တွေ အလုပ်လုပ်တဲ့နေရာ ။နင်နဲ့ မသက်ဆိုင်ဘူး ။ အခု ထွက်သွားစမ်း "
" နင်..... "
ရှန်းရိယန်ရဲ့ စျေးထဲက ငါးစိမ်းသည်ဆန်ဆန် တုံ့ပြန်မှုက စီးတုအိုရဲ့ မျက်နှာကို လငပုပ် ဖမ်းသလို မည်းနက် သွားစေခဲ့ပါပြီ ။
"ငါ့နာမည်က စီးတုအို။ အပျက်မ မဟုတ်ဘူး ။ လက်ထောက် အုပ်ချုပ်ရေးမှူး အဆင့်ပဲ ရှိတဲ့ အမှိုက်မ ။ နင် ... စာပေပညာ မသင်ဖူးဘူးလား "
ရှန်းယိရန်က သူမကို စေ့စေ့ စိုက်ကြည့်လိုက်ပြီး
" ငါတို့လို တိုက်ခိုက်ရေးသမားတွေက ဘာလို့ စာပေသမားတွေလို ပျော့ညံ့ညံ လုပ်နေရမှာလဲ ။နင်တို့ ချီလင်အစောင့်တပ်က လူတွေပဲ ပညာတွေ တအားတတ်ပြီး ယဥ်ကျေးမှု ရှိသလို ဟန်ဆောင်နေကြတာ "
" လာကြစမ်း..... သည်ကောင်မကို မောင်းထုတ်ပစ်လိုက် "
စီးတုအိုက ရှန်းယိရန်ရဲ့ အကြောင်းကို မသိဘဲမနေဘူး ။ ရှန်းယိရန်က " ဘူးဆိုရင် ဖရုံ မသီးတော့တဲ့သူပါ ။ "
အဲသည်အတွက် သူမက အလိုက်သတိနဲ့ပဲ လျူရှန်းမန်ကနေ ပြန်ထွက်သွားပါတယ် ။ဒါပေမဲ့
သူမက ရှန်းယိရန်ကို ကြောက်လို့ ဆုတ်သွားပုံတော့ မရပါဘူး ။ဘာဖြစ်လို့လဲဆိုတော့ သူမက တံခါးဝနား အရောက်မှာ ရှန်းကွမ်းကို မျက်စ ပစ်သွားသေးလို့ပါပဲ ။
" သခင်လေးရှန်း..... ညီမ စောင့်နေမယ်နော် "
အဲဒါကတော့ သူမရဲ့ မျက်စတစ်ချက်ကနေ ပေးသွားတဲ့ အဓိပ်ပါယျပဲလို့ပဲ ပြောရပါမယ် ။
ရှန်းရိယန်ကတော့ ရှန်းကွမ်းကို စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်နေပါတယ် ။ ရှန်းယိရန်ရဲ့ စကားတစ်ခွန်းမှ မပြောတဲ့ အပြုအမူက ရှန်းကွမ်းကို ဇောချွေးတွေ တစ်ကိုယ်လုံး အပြည့် ဖြစ်စေပြီး ကျောရိုးထဲအထိ စိမ့်သွားစေပါတယ် ။အဲသည်အတွက် ရှန်းကွမ်းက ရှန်းယိရန် အသံမထွက်ခင်မှာပဲ ဖြေရှင်းချက် ထုတ်ပါတော့တယ် ။
" အစ်မ...... ကျွန်တော် စာကြည့်ခန်းထဲက ထွက်လာတာနဲ့ သူက ကပ်ပြီး လိုက်လာတာပါ။ ကျွန်တော် သူ့ကို ဘာကတိမှ မပေးရသေးပါဘူး ။ ကျွန်တော် ပြောတာ ယုံပါ "
" နင်လူတစ်ဖက်သားကို အရမ်း အားနာတတ်တယ် ဆိုတာကို ငါသိတယ် ။ ငါစိုးရိမ်တာက နင့်ရဲ့ အားနာတတ်မှုအပေါ် တစ်ဖက်သားက အခွင့်ကောင်း ယူသွားမှာကိုပဲ ။ အဲသည်ကဝေမက သည်တစ်ခေါက် ပြိုင်ပွဲမှာ ငါတို့ လျူရှန်းမန်တွေ ဂုဏ်သတင်း ပြန်ကျော်စောလာမှာကို စိုးရျမ်နေတာ ။ ဒါကြောင့် နင့်ကို လုယူဖို့ ကြိုးစားနေတာပဲ"
တကယ်တမ်းမှာတော့ ရှန်းယိရန်က သူမရဲ့ အမွှာမောင်လေး ဖြစ်သူကို မဆူရက်ပါဘူး ။ သူမက မောင်ဖြစ်သူရဲ့ စိတ်သဘောထား နူးညံ့ ပျော့ပြောင်းပုံကို ကောင်းကောင်းကြီး သိပါတယ် ။
ရှန်းကွမ်းက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး
" ဟမ့်... ဒါကြောင့်လည်း သူက ရုတ်တရက်ကြီး ကျွန်တော့်အပေါ်မှာ ကောင်းပြနေတာကိုး ။ အစ်မက တကယ့် ဥာဏ်ကြီးရှင်ပဲ "
ရှန်းယိရန်က သူမမောင်အတွက် အချိန်မရှိသေးပါဘူး ။ သူမကိုယ်တိုင်တောင်မှ နန်းတွင်းရဲ့ အာဏာကစားပွဲထဲမှာ အသက်ရှင်ကျန်နိုင်အောင် မနည်း ကြိုးစားနေရတာပါ ။
" ချီလင်တပ်တွေက ငါတို့ကို တားဖို့ ရရာနည်းလမ်း အကုန်သုံးမယ့်ပုံပဲ ။ သူတို့က ငါတို့ရဲ့ လူတွေ့စစ်ဆေးပွဲကို တစ်ခုခု လုပ်လောက်တယ် "
" မဖြစ်သေးပါဘူး ။ ငါကိုယ်တိုင် သွားဦးစီးမှပါ"
ရှန်းယိရန်က စိတ်ထဲက တွေးမိလိုက်တယ် ။
Lord Zen