← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၁ အပိုင်း၇

ကြည့်ရတာ လူတွေ့စစ်ဆေးပွဲရဲ့ ဒုတိယ အဆင့်က ပထမ အဆင့်တာ စစ်ဆေးတာ အချိန်ကြာမယ့်ပုံပဲဗျ ။ သည်တော့ ကျုပ်တို့က ပန်းခြံလေး တစ်ခုထဲမှာ စောင့်နေကြရတာပေါ့ ။

သည်လိုနဲ့ ရုတ်တရက် ပန်းခြံနဲ့ကပ်ရပ် ရှိနေတဲ့ အဆောင်တစ်ခုထဲကနေ ငြင်းခုံသံတွေ ထွက်လာတာကို ကျုပ်ကြားလိုက်ရတယ် ။ အဲသည်အသံကို ကျုပ်ကလွဲပြီး တခြား ဘယ်သူမှ ကြားရပုံတော့ မရဘူးဗျ ။ ပြောရင်မယ်ဆိုရင် ရှောင်လင်ရဲ့ ရိကျင်းကျန်းက အချဥ်မဟုတ်ဘူးလေဗျာ ။ အဲဒါက သိုင်းလောကမှာ အခက်ခဲဆုံး ကျင့်စဥ် ဆိုတဲ့ ဂုဏ်ပုဒ်ကို ရထားတာဗျ ။ အဲသည်တော့ ကျုပ်အနေနဲ့ သူများထက် အာရုံငါးပါး ခံစားမှုမှာ ပိုသာနေတာ သိပ်မဆန်းလှပါဘူး ။

" ဒေါ်လေး..... ဟိုနားက အဆောင်ထဲမှာ လူတွေ အငြင်းပွားနေကြတယ် ။ ကျွန်တော်တို့ သွားကြည့်ကြမလား "

ကျုပ်က ဒေါ်လေးရဲ့ အင်္ကျီ လက်အနားစကို အသာဆွဲပြီး အဖော်ညှိလိုက်တယ် ။

ဒေါ်လေးကလည်း ဒါမျိုးဆို အဖော်ကို နှစ်ခါ မခေါ်ရပါဘူး ။

" အင်း.... ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ"

အဲသည်နောက်မှာတော့ ကျုပ်တို့နှစ်ယောက်ဟာ ပန်းခြံထဲမှာ ကွေ့ကာချိုးကာနဲ့ အဆောင်တစ်ခုနားကို ရောက်သွားတယ်ဗျ ။ အဆောင်ထဲမှာတော့ တွန်းလား၊ ဆွဲလားနဲ့ ရုတ်ရင်းဆန်ခတ် ဖြစ်နေကြတယ် ။

ဟေ့.... ဟေ့လူတွေ..... နေ့ခင်းကြောင်တောင်ကြီးမှာ ခင်ဗျားတို့က ဘာတွေ လုပ်နေကြတာလဲ ။ ဒါက ယောကျာ်း အချင်းချင်းကြီးလေဗျာ ။

ရုတ်တရက်ကြီး ကျုပ်ရဲ့ စပ်စုချင်စိတ်တွေက ပိုတိုးလာတယ်ဗျ ။အဲသည်အတွက် ကျုပ်က ဒေါ်လေးကို အချက်ပြပြီး ချုံပုတ်တစ်ခုထဲကို ခုန်ဝင်လိုက်တယ် ။

အဲသည်လူနှစ်ယောက်ထဲမှာ တစ်ယောက်ကိုတော့ ကျုပ်တို့က ရင်းရင်းနှီးနှီးကြီး သိထားပြီးသားဗျ ။အဲသည်တစ်ယောက်ကတော့ မိန်းကလေး တစ်ယောက် ရုပ်ဖျက်ထားသလား ဆိုတဲ့အထိ သံသယ ဝင်ရလောက်အောင် ချောမောလှပလွန်းတဲ့ ကျုပ်တို့ရဲ့ ပန်းကလေး စုရှောင်ပဲ ။ သူက နောက်ထပ် ခပ်ချောချော လူငယ်တစ်ယောက်နဲ့ တွန်းလိုက်၊ဆွဲလိုက်၊ ဖက်လိုက် လုပ်နေတာ ဖြစ်တယ် ။

ကျုပ်အမြင် ပြောရရင် စုရှောင်က အဆောင်ထဲကနေ ထွက်သွားချင်နေပြီဗျ ။ ဟိုဘက်က လူငယ်က အတင်းလိုက် ဖက်နေပြီး သူ့ကို လုံးဝ လွှတ်မပေးတာ ။

" ဘာလို့လဲ..... ဘာလို့လဲ... ကိုယ်က မင်းကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့လား"

စုရှောင်က အေးစက်စက် မျက်နှာနဲ့

" လူကြီးမင်းလျူ..... ကျွန်တော်နဲ့ လူကြီးမင်းကြားမှ ဘာဆက်ဆံရေးမှ ရှိနေဖို့ အကြောင်းအရင်း မရှိဘူး ။ ကျေးဇူးပြုပြီး ကျုပ်လက်ကို လွှတ်ပေးပါ ။ ကျုပ်ပြောတာက အရမ်း ရှုပ်ထွေးနေလို့လား "

ကြည့်ရတာ သည်စကားတွေက နည်းနည်းများ.....အဟမ်း.... အဟမ်း

ကျုပ်နားလည်ပြီ ။ ဒါက အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ သေချာပေါက် မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းမျိုးပဲ ။ အဲလေ.... မှားလို့ ။ ဒါက ဇာတ်လမ်းတွေထဲမှာ စားပြီး နားမလည်လုပ်တဲ့ ဇာတ်ဝင်ခန်းမျိုးပဲ ။

စုရှောင်ရဲ့ စကားဆုံးတော့ လူငယ်က ရင်ဘတ်ကို တစ်ချက် ဖိလိုက်ပြီး သွေးအန်တော့မယ့် ပုံနဲ့ အနောက်ကို ခြေလှမ်းသုံးလှမ်း ဆုတ်လိုက်တယ် ။

" စုရှောင်.... မင်း... ဘာလို့ သည်လောက် အသည်းနှလုံး မရှိရတာလဲ ။ မင်းဘာကြောင့် ကိုယ့်အချစ်တွေကို အသိအမှတ် မပြုရတာလဲ "

လူငယ်က စကားကို ဆုံးအောင် မပြောဘူးဗျ ။

သူက နဖူးပေါ် ကျနေတဲ့ ဆံပင်ကို အနောက်တစ်ချက် လှန်တင်လိုက်သေးတယ် ။

" စုရှောင်... ကိုယ့်အချစ်တွေကို မင်းသိဖို့ ကိုယ်ဘယ်လို ပြရမှာလဲ ။ ကိုယ်ဘယ်လို ကြိုးစာရဦးမှာလဲ "

လခွီးတယ်...... နင့်မေကလွှားတဲ့မှဟေ့....

သည်ကောင်တွေက လိင်တူချစ်သူတွေလား.....

လိင်တူချစ်သူတွေ ဖြစ်နေကြတာလား........

ညီလေးစု.... အစ်ကိုက ညိီလေးကို သည်လိုကြီး ကွေးနေလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူးကွာ ။

နန်ကျင်းက မြို့ကြီး၊ပြကြီး တစ်မြို့ ဖြစ်တဲ့အတွက် ဆန်ကုန်မြေလေး သူဌေးသားတွေ နဲ့ လိင်တူချစ်သူတွေ ရှိနေမှာကတော့ အသေအချာပဲ ။ ဒါပေမဲ့ အခုလို ကိုယ်တိုင်ကိုယ်ကျ မြင်ရလိမ့်မယ်လို့တော့ ကျုပ်လုံးဝ မထင်ခဲ့မိဘူး ။

အခု စုရှောင်ကို သေချာ ကြည့်ကြည့်လိုက်မှ... ဘုရားရေ.... ကျုပ်အစောက ဘာလို့ မတွေးမိခဲ့တာလဲ ။ စုရှောင်ရဲ့ အသားအရေက မိန်းကလေးတွေထက်တောင် နူးညံ့ပုံ ရပြီး မျက်နှာကျကလည်း မိန်းကလေးဘက်ကို သွားနေတာလေ ။ အပေါ်မှာ နေချင်တဲ့ လိင်တူချစ်သူတွေအတွက်ကတော့ စုရှောင်က တကယ့် ရွှေပဲ ။ မဟုတ်ဘူး.... ရွှေထက်တောင်မှ ရှားသေးတယ်လို့ ပြောလို့ရတယ်ဗျ ။

စုရှောင်က ခြေကို ဆောင့်ပြီး လုံးဝ သည်းမခံနိုင်တဲ့ ပုံနဲ့ပြန်ပြောလိုက်တယ် ။

" လူကြီးမင်းလျူ ..... ကျုပ်က ယောကျာ်းဗျ "

မိန်းကလေး..... ကျုပ်ပြောချင်တာက ညီအစ်ကိုစုရေ...... ကျေးဇူးပြုပြီး ခြေကိုဆောင့်ပြီး မပြောလို့ မရဘူးလားဗျ ။ ဒါကြီးက ရေဘယ်လောက်လောင်းလောင်း ပြန်စိုလာမယ့်ပုံ မရတဲ့ အမူအယာကြီးလေဗျာ ။လုံးဝ မိန်းကလေး ဆန်လွန်းနေပြီဗျ ။

" ကျုပ်.... နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ် ။ လူကြီးမင်းလျူ..... ကျုပ်က ယောကျာ်း စစ်စစ်ကြီး ။ သည်တော့ နောက်တစ်ခါ ကျုပ်ကို ဘယ်တော့မှ သိက္ခာချဖို့ မစဥ်းစားနဲ့ ။ "

" ဟမ့်"

စကားဆုံးတဲ့နောက်မှာတော့ စုရှောင်က နှာခေါင်းရှုံ့ပြီး လှည့်ထွက်သွားတယ် ။

လူကြီးမင်းလျူဆိုတဲ့ လူကတော့ မျက်နှာလေး အငယ်သားနဲ့ ကျန်နေရစ်ခဲ့တာပေါ့ ။

ကျုပ်က ကျုပ်ကိုယ်ကျုပ် တည်ငြိမ်အောင် ကြိုးစား လိုက်ပေမယ့်လည်း မနေနိုင်ဘူးဗျ ။ အာချောင်ချင်စိတ်တွေ အရမ်း ဖြစ်လာတယ် ။

" ဒေါ်လေး..... ဒေါ်လေး.... မရတော့ဘူးဗျာ ။ ယ ကျွန်တော် တစ်ခုခု သွားပြောမှ နေလို့ထိုင်လို့ ကောင်းတော့မှာ"

ဂိုဏ်းတူဒေါ်လေးကတော့ ကျုပ်ကိုမကြည့်ဘဲ

ကသက်ပြင်း တစ်ချက် ချလိုက်တယ် ။

" ကောင်လေးက သည်လောက်အထိ ဆွဲဆောင်အား ကောင်းလိမ့်မယ်လို့ ငါလုံးဝ မထင်မိဘူး ။တကယ့်ကို မယုံနိုင်စရာဘဲ ။ နန်ကျင်း လျူမိသားစု သခင်လေးတောင်မှ သူ့ကို စိတ်ဝင်စားနေတာတဲ့လား "

" လျူမိသားစု..... ဘယ်လျူမိသားစုလဲ.... လျူကျုံးယွင်ရဲ့ လျူမိသားစုလား"

ဒေါ်လေးပြောတာကို ကျုပ်သိပ်နားမလည်ချင်ဘူးဗျ ။

" လျူချင်းချန်.... စီးမင်းချူးတိုင်ကို ရန်စမိလို့ မကောင်းဆိုးရွားဂိုဏ်း လက်ချက်ကြောင့် ဟန်ကျိုး ချန်းလျူကျေးရွာကနေ ခွေးပြေးဝက်ပြေး ပြေးရတဲ့ လျူချန်းချန် ။ သူက နောက်ပိုင်းမှာ သိုင်းလောကနဲ့ အဆက်အသွယ် ဖြတ်ပြီး နန်ကျင်းမှာ ဇာတ်မြုပ် နေနေတာ ။ အစိုးရ အရာရှိ ထိပ်ပိုင်းက လူတွေနဲ့ ပနံသင့်ပြီး သည်နောက်ပိူင်းမှာ အတော်လေး အရေးပါနေတယ်လို့လည်း ကြားတယ် "

အိုး..... ချန်းလျူကျေးရွာလား....

အဲဒါဆိုရင်တော့ ကျုပ်မှတ်မိပြီဗျ ။

အဲသည်နှစ်တုန်းက ကျုပ်ဆရာ နဲ့ ကျုပ်တို့နှစ်ယောက် ဟန်ကျိုးကို သွားကြတယ် ။ ကျုပ်ဆရာက ဟန်ကျိုးတောင်ပိုင်း ၊ ကျုပ်ကတော့ ဟန်ကျိုး မြောက်ပိုင်း ။ ကျုပ်ဆရာက မိန်းမလှလေးတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ရှာပြီး ပွေရှုပ်နေတဲ့အချိန်မှာ ကျုပ်က တစ်တောဝင် တစ်တောထွက် သူခိုး၊ဓားပြတွေကို ရှာပြီး နှိမ်နင်းနေရတဲ့ အချိန် ။ ကျုပ်က နေ့ရောညပါ မအိပ်မနေ ကြိုးစားပြီး သူခိုး ၊ဓားပြ ခုနစ်ဆယ့်နှစ်ယောက်ကို ဆုံးမနေရချိန်မှာ ဆရာက တစ်နေကုန် တစ်နေခမ်း မြာပွေနေချိန်ပေါ့ ။

သူခိုး၊ဓားပြတွေကို နှိမ်နင်းပြီးတော့ ချန်းလျူကျေးရွာကို ကျုပ်သွားလည်ခဲ့တယ် ။

လျူချန်းချန်က ကျုပ်ဆရာကို ဖင်တုန်အောင် ကြောက်တာဗျ ။ အဲဒါကြောင့် အသက်အရွယ်ချင်း ကွာနေတာတောင်မှ သူက ကျုပ်ကို အပေါ်စည်းကနေ မဆက်ဆံရဲဘူး ။ သူငယ်ချင်းပေါင်း ပေါင်းခဲ့တာ ။ အဘိုးကြီးလျူက ကျုပ်အတွက် ငွေကို ရေလို သုံးပေး ခဲ့တာဗျ ။

ကျုပ် မှတ်မှတ်ရရ အရှိဆုံး အရာကတော့ ကျုပ်တို့နှစ်ယောက် အရက် ခွက်ပေါင်း ငါးရာကျော်အထိ တစ်ထိုင်တည်း သောက်ခဲ့ကြတာပဲ ။ အဲသည်နောက်မှာတော့ သူတို့မိသားစု ပြသနာ တက်ပြီး ကျုပ်လည်း ချန်းလျူကျေးရွာကို မသွားဖြစ်တော့ဘူး ။ အခုဆိုရင် သူနဲ့ မတွေ့တာ နှစ်ပေါင်း အတော်ကြာပြီဗျ ။

နေပါဦး ။ သူ့မှာ သားတစ်ယောက်တည်း ရှိတာကို ကျုပ်ရုတ်တရက် သတိရလာမိတယ်ဗျ ။ ဆိုတော့ကား အခုတွေ့နေရတဲ့ လူငယ်က လျူချန်းချန်ရဲ့ သားဆိုတာပေါ့ ။

စိတ်မကောင်းစရာပဲ အဘိုးကြီးလျူရေ...... ခင်ဗျားတော့ မျိုးဆက် ပြတ်ပြီ

" မင်းဖေးဟန်.... မင်းဖေးဟန် "

ကျုပ်ရဲ့နာမည်ကို တစ်ယောက်ယောက်က ခေါ်နေသံပဲဗျ ။ကြည့်ရတာ အချိန်ကျပြီ ထင်ပါရဲ့ ဟူး.........ဟူး.......ဟူး.......

ဖတ်..... ဖတ်......

ကျုပ်က ဂိုဏ်းတူဒေါ်လေးရဲ့ လက်ကို ဆွဲပြီး ပန်းခြံဘက်ကို ဆက်တိုက် ခုန်လိုက်တယ် ။

အဟုတ်ပဗျာ ။ ကြီးကြပ်ရေးမှုးတွေက ကျုပ်ကို ခေါ်နေပြီဗျ ။ကျုပ်က မြေကွက်လပ်ရှေ့ကို အမြန် သွားလိုက်ပြီး အရပ်မျက်နှာ လေးဘက်လုံးကို အရိုအသေ ပေးလိုက်တယ် ။

" ကျွန်တော့်ကို အခွင့်အရေး ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြည့်ရှု စောင့်ရှောက်ပေးပါဦး "

" ဟေ့ကောင်..... မင်းကို သိုင်းသရုပ်ပြဖို့ ခေါ်လိုက်တာ မဟုတ်ဘူး ။ သိုင်းလောက ထုံးတမ်းစဥ်လာတွေ လုပ်ပြမနေနဲ့ ။ သည်တစ်ခေါက်က ဥာဏ်ရည်ကို စမ်းသပ်မှာ "

ဘာ.....

ဥာဏ်ရည်စမ်းသပ်မှာလား...... ဘာလဲ လျူရှန်းမန်မှာ စာပေ စာမေးပွဲတွေပါ ရှိတာလားဟ ။

ကျုပ်က စန်းကျိကျင်းလောက်ပဲ သင်ဖူးတာလေ ။

( Three Character Classic တရုတ်ကလေးတွေ လေ့လာတဲ့ ရှေးဟောင်းစာအုပ် (San Zi Jing) ။စာရိတ္တ နဲ့ လောကနီတိ အခြေခံလိုမျိုး ဖြစ်လောက်တယ်ဗျ ။)

" စိတ်အေးအေးထား ။ ဒါက မင်းရဲ့ ဥာဏ်ရည်၊ဥာဏ်သွေး သီးသန့်ကိုပဲ စစ်ဆေးမှာ ။ လက်ရေးလှတွေ ၊ ကဗျာ စွမ်းရည်တွေ စစ်မှာ မဟုတ်ဘူး ။ငါတို့ လျူရှန်းမန်တွေက အခက်အခဲကြားမှာ လူတစ်ယောက် ဘယ်လို ဖြတ်သန်းနိုင်လဲ ဆိုတာကိုပဲ အလေးထားတယ် "

" နားလည်ပြီဆိုရင် ငါတို့မင်းကို မေးခွန်းတချို့ စမေးတော့မယ် ။ စစ်ဆေးရေးမှုးချုပ်ခင်ဗျား....မေးခွန်းစမေးလို့ ရပါပြီခင်ဗျ. "

ဖွီ..... ခင်ဗျားက မိုးလောက်ကြီး ပြောပြီး နောက်ဆုံးကျတော့ ပြာတာ အဆင့်ပဲလား ။

စကားဆုံးတဲ့နောက်မှာတော့ ရိုးရာဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့က ပန်းခြံထဲက စင်မြင့်ပေါ်မှာ ပေါ်လာတယ် ။သူ့ကို ကြည့်ရတာက တကယ့် မိသားစုကြီးထဲက သခင်လေးတစ်ပါးဆိုတာ အသိသာကြီးပါပဲ ။

အား...... သည်ကောင်.... ဒါစုရှောင်နဲ့ လိင်တူချင်း ကြိုက်ဖို့ ကြိုးစားနေတဲ့ကောင် မဟုတ်ဘူးလား ။ လူကြီးမင်းလျူဆိုတဲ့ကောင်လေ ။

" မင်းဖေးဟန်.... အင်း... နာမည်ကတော့ အတော်လေး ရှားတဲ့ နာမည်ပဲ"

လူကြီးမင်းလျူဆိုတဲ့ကောင်က ကျုပ်က စင်ပေါ်ကနေ ကောင်းကောင်းကြီး အကဲခတ်နေတယ် ။သူ့ရဲ့ အကြည့်တွေကြောင့် ကျုပ်မှာတော့ ကြက်သီးတွေတောင် ထချင်လာသလိုပဲ ။

ခန္ဓာကိုယ်ကလည်း မဆိုးဘူး

ခန္ဓာကိုယ်က မဆိုးဘူး ဟုတ်လား.... မော့..... မင်းမေကြီးတော်ကို မဆိုးဘူး ပြောလိုက်ပါလား ။

ကျုပ် တင်ပါးတွေတောင် ကျုံ့လိုက်မိပြီဗျ ။

ကျုပ်သေချာပေါက် ပြောရဲတယ် ။ သည်မအေဘေးက အကောင်းမြင်စိတ်နဲ့ ကြည့်နေတာ မဟုတ်ဘူး ။ သည်ကောင်က သားရဲတစ်ကောင်ကို အမဲလိုက်နေတဲ့ လူလို သွားရည်တမြားမြားနဲ့ ကျုပ်ကို ကြည့်နေတာဗျ ။သည်ကောင်က ကျုပ်ကို လိုချင်နေတာ ။

သူက ကျုပ်ကို ဆက်ပြီး အကဲခတ်တယ် ။ နောက်တော့ သက်ပြင်းချပြီး ပြောလာတယ်။

ဒါပေမဲ့မင်းက ဘာမှ ထူးခြားချက်ရှိပုံ မရဘူး"

လူကြီးမင်းလျူရဲ့ စကားက ကျုပ်ကို လွတ်ပြီ၊ကျွတ်ပြီဆိုပြီး အသက်ရှု ချောင်သွားစေတယ် ။ ဒါပေမဲ့ တစ်ဖက်မှာတော့ ကျုပ်ကို အထင်သေးတာလားဆိုပြီး ဒေါသ ထောင်းခနဲ ထွက်သွားစေတယ်ဗျ

Lord Zen

All Chapters