← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၁ အပိုင်း၈

လူတွေ့ စစ်ဆေးပွဲအတွင်းက အပေးအယူ

စစ်ဆေးပွဲ ဒုတိယ အဆင့်ကလည်း ပထမ အဆင့်နဲ့ မကွာလှဘူးဗျ ။ဒုတိယ အဆင့်ကို စစ်ဆေးခံမယ့် လူတွေက နှစ်ယောက် တစ်စုံ ယှဥ်ပြိုင်ရမှာ ။

ဒါပေမဲ့လည်း သည်တစ်ခါ အစဥ်က နည်းနည်း ပြောင်းသွားပြီ ။ ကျုပ်က ဒေါ်လေးနဲ့ အတူ မကျတော့ဘူးဗျ ။ အဲသည်အစား အပြစ်ကင်းစင်ပုံရတဲ့ မိန်းမငယ်လေး တစ်ယောက်နဲ့ ကျတယ် ။

သူက မြေကွက်လပ်ထဲကို ခြေချပြီးကတည်းက

မျက်လုံးတွေကို လူကြီးမင်းလျူဆီကနေပြီး မခွာတော့ဘူးဗျ ။ သည်ကောင်မလေးက လူကြီးမင်းလျူကို အီစီကလီလုပ်ဖို့ ကြိုးစားနေတာ အသိသာကြီးပဲ ။

မိန်းကလေး..... ငါမင်းကို အကြံတစ်ခု ပေးပါရစေ ။

မိန်းကလေး တစ်ယောက်ရဲ့ အလှက ပြည်ပျက်အောင် လှနေပါစေ ။ ဘုန်းကြီးတွေ နဲ့ ပက်ကြားအက်နေတဲ့ သူတွေရဲ့ မျက်လုံးထဲကို လုံးဝ မတိုးဘူးဟ ။

" မင်းတို့နှစ်ယောက် အသင့်ဖြစ်ပြီဆိုရင် ငါမေးတော့မယ် ။ နားထောင် "

လူကြီးမင်းလျူဆိုတဲ့ လိင်တူကြိုက်သမားက တကယ့် ဆရာကြီးတစ်ပါး ပုံစံနဲ့ ခေါင်းကို တဆက်ဆက် ညိတ်ပြီး မေးလာတယ်ဗျ ။မသိရင် တကယ့်ကို တောထဲမှာ ဧကရီစာ ကျင့်ပြီး ထွက်လာတဲ့အတိုင်းပါပဲဗျာ ။

" တိုက်ပွဲ တစ်ခုမှာ တစ်ဖက်လူက မင်းထက် သိုင်းပညာလည်း ကောင်းတယ် ။ သည်ကြားထဲမှာမှ အစွမ်းထက်တဲ့ လက်နက်ပုန်းလည်း ကိုင်ထားတယ် ဆိုပါစို့ ။ ဒါဆိုရင် မင်းသူ့ကို ဘယ်လို အနိုင်ယူမလဲ"

ကျုပ်က ဖြေမလို့ပြင်ရုံရှိသေး ကလေးမလေးက လက်တောင် မြှောက်ပြီးနေပြီဗျ ။ သူက မဝံ့မရဲ လေသံလေးနဲ့

" သူ့....သူ့ကို.... မြူဆွယ်လို့ ရပါတယ် ။ အပေါ်ရုံကို ပခုံးသား မပေါ်တပေါ်လေး ရောက်တဲ့အထိ ဆွဲချ ။ ပြီးရင် ဂါဝန်ကို မတိုတိုအောင် မတင် ။ ဒါဆိုရင် အဲသည်လူက သူအနိုင်ရပြီးသား ထင်ပြီး စိတ်လျော့ချလိုက်မှာပဲ ။ အဲသည်အချိန်မှ ရင်ခွင်ထဲ ပြေးဝင်သလိုနဲ့ ပေါင်ခွကြားကို ဒူးနဲ့ ဆောင့်တိုက် ။ ယောကျာ်းတစ်ယောက်က အရင်းအမြစ်ကို ထိသွားရင် ဟီးဟီး ....ပွဲသိမ်းပြီ "

အို..... ဘုရား......ဘုရား...

အိုး မိုးနတ်မင်းကြီးရေ..... ကြားလိုက်မိတဲ့ ကျွန်တော်. နားထဲကို အဆိပ်ရည်တွေသာ လောင်းထည့်ပေးလိုက်ပါတော့ ။

လခွီးတဲ့မှဗျာ.......

သည်ကလေးမရဲ့ ပထမပိုင်း အဖြေကိုတော့ ကျုပ် လက်ခံနိုင်ပါတယ် ..... ဒါပေမဲ့ နောက်ပိုင်းကြီးကတော့ဗျာ ......

သူသည်လို ဖြေမယ်လို့ ကျုပ်လုံးဝ မထင်မိတာဗျ ။ ဒါက ယုန်ကလေး တစ်ကောင်လို ဖြူစင်ပုံရတဲ့ မိန်းမငယ်လေး တစ်ယောက်ရဲ့ အဖြေတဲ့ဗျာ ။

ကလေးမ..... မင်းနည်းနည်းတော့ ရက်စက်ရာ မကျလွန်းဘူးလား ။ မင်းရဲ့ ပြိုင်ဘက်က လူဆိုး ဖြစ်ချင်မှ ဖြစ်မှာလေ ။ မင်း အဲဒါကိုကော သတိပြုမိရဲ့လား ။

ရိုးသားဖြူစင်ပုံရတဲ့ ကလေးမ တစ်ယောက်က သိုင်းပညာ အဆင့်မြင့်ရုံတင်မက လက်နက်ပုန်းပါ သုံးနိင်တဲ့ ဆရာကြီး တစ်ယောက်ကို ပေါင်ခွကြားထဲ ဒူးနဲ့ တိုက်လိုက်တဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်စမ်းပါဦးဗျာ ။ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်မယ့် မြင်ကွင်းလဲ ။

တကယ့် မွေးမေ မေ့လေရော့ပဲ ။

လူကြီးမင်းလျူကလည်း သူ့အဖြေကို လက်မခံဘူးဗျ ။

" အဓိပ္ပါယ် မရှိဘူး..... လုံးဝ အဓိပ္ပါယ် မရှိဘူး....... ဒါက မိန်းကလေးတစ်ယောက် ပြောရမယ့် စကားလား ။ မိန်းကလေးတွေ ဆိုတာ သူတို့ရဲ့ သန့်စင်မှုကို ကာကွယ်ရမှာ ။ တစ်လောကလုံးမှာ ရှိတဲ့ မိန်းကလေးတိုင်းလည်း အဲလိုပဲ ။ ဒါပေမဲ့ မင်းကတော့ ကြေးတန်းစား ဂေဟာက အပျက်မလို ယောကျားတွေကို မြူဆွယ်ချင်နေတယ်ပေါ့ ။ မင်းက တခြားလူရဲ့ ယောကျာ်းကို ခိုးချင်နေတယ်ပေါ့ ။ အတင့်ရဲလိုက်စမ်းတာ "

" တောက် .... လောကပေါ်မှာ မိန်းမတွေဆိုတာ ရှိကို ရှိမနေသင့်ဘူး "

ဝေါင်း....ဝေါင်း....ဝေါင်း.....

လူကြီးမင်းလျူ........ ခင်ဗျားသိပ်ပြီး တစ်ကိုယ်ကောင်း ဆန်လွန်းမနေဘူးလား ။ ခင်ဗျားအနေနဲ့ မိန်းမတွေ အပေါ်မှာ စိတ်မဝင်စားတာ ကျုပ်လက်ခံ နားလည်ပေးနိုင်ပါတယ် ။ ဒါပေမဲ့ ဒီလောက်ကြီးကတော့ဗျာ........

လျူရှန်းမန်ကလူတွေ ဘယ်လောက်ပဲ ထုံနေပါစေဦး ။ ခင်ဗျား ပက်ကြားအက်နေတာကြီးက ဟိုးမိုင်တစ်ထောင်လောက်ကနေကို မြင်နေရပြီဗျ ။

လူကြီးမင်းလျူက ပြောနေတာကို အားရသေးပုံ မပေါ်ပါဘူး ။ သူက ပြောလေ ဒေါသထွက်လေ ၊ ပြောလေ ဒေါသထွက်လေနဲ့ နောက်ဆုံးမှာတော့ စားပွဲခုံကို လက်ဝါးနဲ့ ရိုက်ချလိုက်ပါတယ် ။

" လောကမှာ မင်းတို့လို မိန်းမရွှင်တွေရဲ့ မာယာတွေကြောင့် ယောကျာ်းတွေ ကျရှုံးနေရတာ ။ သွား.......အခုချက်ချင်း ထွက်သွားစမ်း ။ ငါမင်းကို မမြင်ချင်တော့ဘူး "

" အဟင့်.... အဟင့်...... အီး.....ဟီး....ဟီး......"

မိန်းမငယ်လေးက နွေလည်ခေါင်မှာ အရှင်လတ်လတ် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရပုံပါပဲ ။သူက ခေါင်းကိုငုံ့ပြီး ပန်းခြံထဲကနေ အပြေးသား ထွက်ပြေးသွားပါတော့တယ် ။

သူက သူအထင်ကြီးလေးစားတဲ့ လူကြီးမင်းလျူဆီက အကောင်းမြင်မှုကို ရရှိဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့ပေမယ့်လည်း ရလဒ်ကတော့ အဆူခံ ၊ အငေါက်ခံရတာနဲ့ပဲ အဆုံး သတ်ခဲ့ရပါပြီ ။

လူကြီးမင်းလျူကတော့ ကျေကျေနပ်နပ်ကြီး ပြုံးပြီး ကျန်နေခဲ့လေရဲ့ ။ သူက အစောပိုင်းက အချစ်ရေး ကျရှုံးမှုကြောင့် ခံစားနေရတဲ့ ဒေါသတွေကို လမ်းကြောင်းမှန်ပေါ့ ပို့နိုင်လိုက်ပြီလို့ ခံစားနေရပုံပါပဲ ။

အဲသည်နောက်မှာတော့ သူက လက်ဖက်ရည်တစ်ခွက် ငှဲ့နေရင်းနဲ့ ကျုပ်ဘက်ကို လှည့်ပြီး ပြောလာပါတော့တယ် ။

" မင်းဖေးဟန်...... အခု မင်းဖြေရမယ့် အလှည့်ပဲ "

ကျုပ်က သူ့ကို ကြည့်ပြီး ဘာပြောလို့ ပြောရမှန်း မသိတော့ဘူးဗျ ။ အမှန်အတိုင်း ပြောရရင် ကျုပ်က မေးခွန်းကို ဖြေချင်စိတ် မရှိတော့တာဗျာ ။ အဲသည်အတွက် ကျုပ်က စိတ်ထဲရှိတဲ့ ပေါက်တတ်ကရ တစ်ခုကို ဖြေလိုက်တယ် ။

" ကျွန်တော်က ယမ်းဗုံးတစ်ခု ထုတ်ပြီး အဲသည်လူကို ထုခွဲလိုက်ပါမယ် "

လူကြီးမင်းက သဘောမကျတဲ့ပုံနဲ့ မျက်မှောင်ကြုတ်ပြီး ပြန်ပြောလာတယ်ဗျ ။

" အဖြေကို ကောင်းကောင်းမွန်မွန် ဖြေ"

အိုး....ဟိုး..... လူကြီးမင်းလျူ ....

ခင်ဗျားက ယောကျာ်း၊မိန်းမ လူတန်းစား ခွဲခြားပြီး ဆက်ဆံနေတာပဲဗျ ။ ကျုပ်က မအောင်ချင်တော့လို့ ပေါက်ကရတွေ ဖြေနေတာကို လူပိန်းတွေတောင်မှ သိတယ်လေ ။ အဲဒါကို ခင်ဗျားက ကျုပ်ကို ထပ်ပြီး အခွင့်အရေး ပေးနေသေးတာလား ။

ဟုတ်ပြီလေ.... ဒါဆိုလည်း ကျုပ်ဖြေရသေးတာပေါ့ ။ ဒါနဲ့.......မေးခွန်းက ဘာပါလိမ့် ။

လက်နက်ပုန်း သုံးနိုင်တဲ့ အဆင့်မြင့် သိုင်းသမား တစ်ယောက်..... ဟုတ်လား ။

ကျုပ်အနေနဲ့ ဘယ်လောက်ပဲ စဥ်းစား ၊စဥ်းစား အဖြေက တစ်ခုပဲ ထွက်လာတယ်ဗျ ။

လက်သီး တစ်ချက်ထိုးလိုက်ရင် ပြီးပြီ မဟုတ်ဘူးလား ။ ကျုပ်က သိုင်းဘုရင်လေဗျာ .......

လူကြီးမင်းလျူက လက်ဖက်ရည်ကို တစ်ကျိုက် မော့လိုက်ပြီး ကျုပ်အဖြေကို စောင့်နေတယ် ။ သည်လိုနဲ့ နည်းနည်းကြာလာတော့

"မင်းအဖြေကို မသိဘူးမလား ။ ဒါဆိုရင် နောက်မေးခွန်း တစ်ခုကို သွားရအောင် "လို့ ပြောလာပြန်တယ်ဗျ ။

လခွီးတဲ့မှဟေး......

အခုတော့ မေးခွန်းက နှစ်ခု ဖြစ်သွားပြီလား ။

ဟိုကလေးမက ဘာမဟုတ်ဘဲ ထွက်ပြေးသွားရတာပေါ့ ။

" အခန်းထဲမှာ လူဆယ့်လေးယောက် ရှိတယ် ။ ပြီးတော့ မင်းကာကွယ်ရမယ့် လူကလည်း အဖမ်း ခံထားရတယ် ။ သည်အနေအထားကို မင်းဘယ်လို ဖြေရှင်းမလဲ"

ဟုတ်ပြီလေ.....

ကျုပ်ပြောချင်တာက ခင်ဗျား လွယ်တဲ့ မေးခွန်းတွေ မမေးတတ်ဘူးလား ။ ဥပမာ..... ဝက်တစ်ကောင်က သစ်ပင်ကို ဝင်ဆောင့်မိရင် ဘယ်လိုဖြစ်သွားမလဲတို့ ဘာတို့ပေါ့ ။

လူကြီးမင်းလျူရေ......

အခု ခင်ဗျား မေးနေတဲ့ မေးခွန်းမျိုး ဆိုရင်တော့ ကျုပ်မှာ အဖြေတစ်ခုပဲ ရှိတယ် ။

"ဓားစာခံရဲ့ ဘယ်ဘက်ကလူကို သတ် ။ ပြီးရင် ညာဘက်ကလူကို သတ် ။ ဓားစာခံကို ကယ်"

ဒါပဲလေ ။ မဟုတ်ဘူးလား ။

ကျုပ်အဖြေကို ကြားတော့ လူကြီးမင်းလျူက သက်ပြင်းချတယ် ။

" အဖြေမှန်က အညံ့ ခံချင်ဟန်ဆောင်ပြီး ရန်သူကို လှည့်စားရမှာကွ "

" ဟူး...... မင်းဖေးဟန်...... မင်းက သိုင်းပညာ ညံ့ဖျင်းသလို ဥာဏ်ရည်ကလည်း မကောင်းဘူး ။ ကြည့်ရတာ နောက်တစ်ဆင့်ကိုတော့ မင်းမပါဘဲ ဖြတ်သန်းရမယ် ထင်တယ် "

ဘာ...... သည်ငနဲက ကျုပ်ကို နောက်တစ်ဆင့် မတင်ပေးတော့ဘူးလို့ ပြောလိုက်တာလား ။ သည်ကောင်က ရွှေလက်ဆေးထားတဲ့ ကျုပ်ရဲ့ နန်းတွင်းအရာရှိ အိပ်မက်ကို ဖျက်စီးချင်နေတာလား ......

ဟင်း...... ဟင်း...... လွယ်လွယ်နဲ့တော့ ကျုပ်အိပ်မက်ကို ဖျက်စီးလို့ ဘယ်ရမလဲဗျ ။

" ခဏလေး"

ကျုပ်က လှမ်းပြီး အော်လိုက်တယ် ။

" ဘာလဲ"

လူကြီးမင်းလျူကလည်း အကြောင်သားနဲ့ ကျုပ်ကို ကြည့်လာတယ်ဗျ ။

အခြေအနေတွေက သည်အထိ ရောက်လာမှတော့ ကျုပ်လည်း မတတ်နိုင်တော့ဘူး ။ ကျုပ်ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတော့မယ် ။

အဘိုးကြီးလျူရေ..... ကျုပ်ကို အပြစ်မတင်နဲ့ဗျို့ ။ ဒါက အကြီးကို မလေးစားတဲ့ ခင်ဗျားသားရဲ့ အပြစ်ပဲ ။

ကျုပ်က အသက်ရှုတစ်ချက် အောင့်ပြီး ရှုရင်ချန်ရှန်း ပညာရပ်ကို အသုံးပြုလိုက်တယ် ။ သည်ပညာက စကားသံ မထွက်ဘဲ တခြားလူရဲ့ နားထဲ တိုက်ရိုက် ရောက်သွားစေတဲ့ ပညာဗျ ။

" လူကြီးမင်းလျူ ...... ကျုပ်က စုရှောင်နဲ့ သိတယ် "

လူကြီးမင်းလျူက မျက်လုံးပြူးပြီး ဂရုမစိုက်တဲ့ ပုံနဲ့ အော်လာတယ် ။

" မင်းသူ့ကို သိတော့ ငါဘာလုပ်ရမှာလဲ ။ မင်းက အဆက်အသွယ် အားကိုးနဲ့ လျူရှန်းမန်ထဲ ဝင်ချင်တာလား.... ဟေ့ကောင် မင်းဖေးဟန်... ဒါက လျူရှန်းမန်ကွ.... ငါတို့က....ဘယ်တော့မှ...."

လူကြီးမင်းလျူက ဘာတွေ ပြောနေသလဲတော့ ကျုပ် နားမလည်ပါဘူး ။ ကျုပ်သိတာက သူ့ရဲ့ အသံက ကျယ်သထက် ကျယ်လာတယ် ဆိုတာပါပဲ ။

"ကျုပ်ပြောချင်တာ ခင်ဗျားနဲ့ စုရှောင်ကြားက လျှို့ဝှက်ချက်ကို ကျုပ်သိတယ်လို့ "

သည်တစ်ခါတော့ လူကြီးမင်းလျူရဲ့ နဖူးကနေ ချွေးတွေ တဒီးဒီး ကျလာတယ်ဗျ ။

" မ....မင်း..... ဘယ်လိုသိတာလဲ ။ မင်းဘာတွေ သိထားသေးလဲ"

သည်တစ်ခါတော့ ကျူပ်က အထက်စည်းကပဲဗျ ။

" ဟင်း...ဟင်း....ဟင်း..... သိပ်သိထားတာပေါ့ဗျ ။ ခင်ဗျားက အခွင့်သာရင် သူနဲ့ အိပ်ယာ တစ်ခုတည်း မျှပြီး အိပ်ချင်နေတယ် ဆိုတာကအစ ကျုပ်သိထားတယ်"

ကျုပ်စကား ဆုံးတဲ့ နောက်မှာတော့ လူကြီးမင်းလျူရဲ့ အမူအယာတွေက ၃၆၀ ဒီဂရီ ပြောင်းသွားတယ်ဗျ ။ သူက ချက်ချင်း ပြုံးပြီး ကျုပ်ကို ပြောလာတယ် ။

" မင်းဖေးဟန်.... မင်းရဲ့ ဖြတ်ထိုးဉာဏ်က တကယ် ကောင်းတယ် ။မင်းရဲ့ ပြသနာ ဖြေရှင်းပုံကို "

" အဲလောက်ကြီးလည်း မဟုတ်ပါဘူး ။ လူကြီးမင်းက ချီးကျူးလွန်းနေပါပြီ "

သည်လိုနဲ့ပဲ ကျုပ်ဆိုတဲ့ မင်းဖေးဟန်က လျူရှန်းမန်ရဲ့ လူတွေ့စစ်ဆေးပွဲ ဒုတိယ အဆင့်ကို ကျော်ဖြတ်နိင်ခဲ့တာပေါ့

Lord Zen

All Chapters