← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ်၁ အပိုင်း၁၀

ငါ့အလှည့်

ကျုပ်က ပြသနာထုပ်ကို ခေါင်းပေါ်အတင်မခံဘူး ။ အဲသည်အတွက် ခေါင်းကို တတ်နိုင်သလောက် ဘယ်ညာ အမြန် ယမ်းလိုက်တယ် ။

" ကျွန်တော်က သူ့ရဲ့ တူအကြီးဆုံး မဟုတ်ဘူး ။သည်ကိစ္စက ကျွန်တော်နဲ့ အဝေးကြီး "

ကျုပ်က လိမ်နေတယ် ထင်လို့လား ။ ကျုပ်တို့ရဲ့ ဝါစဥ် တော်စပ်ပုံအရ ဆိုရင် ကျုပ်ရဲ့ ဆရာကမှ သူ့ရဲ့ တူအကြီးဆုံး ဖြစ်ရမှာလေ ။

ရှန်းယိရန်က သံသယ မျက်လုံးတွေနဲ့ ကျုပ်တို့ကို ကြည့်တယ် ။ ပြီးတော့ ထပ်မေးပြန်တယ် ။

" မင်းတို့မှာ ဆွေမျိုး ဘယ်လောက် ရှိတာလဲ ။သူတို့အားလုံး အခု လိုက်လာတာလား "

ဒေါ်လေးက ပခုံး တွန့်ပြလိုက်ပြီး ကျုပ်ကို လက်ညှိုး ထိုးပြတယ် ။

" ငါ့မှာ ဆွေမျိုး ဘယ်လောက် ရှိလဲ ငါမသိဘူး ။ ဒါပေမဲ့ သူက ငါ့ကိစ္စတွေကို ဖြေရှင်းနိုင်တဲ့ လူပဲ"

ဒေါ်လေးရဲ့ ပုံက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ ။ ဒါပေမဲ့ ကျုပ်ရင်ဘတ်ထဲမှာတော့ ဆူးတွေ အပြုံလိုက် စူးနေပြီဗျ ။

ရက်စက်လိုက်တာ ဒေါ်လေးရယ်...... ကိုယ့်တူလေးကို နောက်ကျောကနေ ဓားနဲ့ ထိုးရက်တယ်လား.......

ခဏ.....ခဏ..... ခဏလေး..... သည်အချိန်က နောက်ကျောကနေ ဓားနဲ့ ထိုးရမယ့် အချိန် မဟုတ်ဘူးလေ ။ လုပ်စမ်းပါ...... အချင်းချင်း ရောင်းစားချင်ရင်လည်း ခဏလောက် အောင့်ထားပေးပါလား ။

ရှန်းရိယန်ရဲ့ လူသတ်ချင်တဲ့ အကြည့်တွေက ကျုပ်ဆီကို ဒိုင်းခနဲ တန်းပြီး ရောက်လာတယ် ။

" အော်.... လက်စသတ်တော့ ငါ့ကိစ္စထဲ ဝင်ရှုပ်ချင်တာ နင်ကိုး"

ကျူပ်ဘာတတ်နိုင်ဦးမှာလဲဗျာ ။ ကျုပ်ရဲ့ အနာဂတ် လောပန်းလောင်း ဆိုရင်တောင် ကျုပ်က ဒေါ်လေးဘက်က မရပ်တည်လို့ မရဘူးလေ။ ကျုပ်က လုံးဝန်းနေတဲ့ ရင်သားတွေဘက်ကို မျက်နှာမူလိုက်တယ် ။ဝမ်းနည်း ၊ စိတ်ပျက်၊ အားလျော့နေတဲ့ အမူအယာကလည်း မပါမဖြစ်ပေါ့ ။

အဲသည်နောက်မှာ ကျုပ်က လေးနက်တည်ကြည်မှု အပြည့်နဲ့ ရဲရဲရင့်ရင့် ပြောလိုက်တယ် ။

" ကျုပ်ဒေါ်လေးက လျူရှန်းမန်အတွက် အလုပ် မလုပ်ချင်ဘူး ဆိုရင် အဲဒါက ကျုပ်တို့ ကိစ္စပဲ ။ ကျုပ်က ခင်ဗျား ကိစ္စထဲ ဝင်ရှုပ်တာ မဟုတ်ဘူး ။ ဒါကို ခင်ဗျားက မကျေနပ်ဘူး ဆိုရင် ကျုပ်က အစားထိုး အလျော်ပေးတဲ့ အနေနဲ့ အဒေါ်ကိုယ်စား လျူရှန်းမန်အတွက် အလုပ် လုပ်ပေးမယ် ။ ကျုပ် ခန္ဓာကိုယ်ကို ရင်းပြီး တစ်သက်လုံး အလုပ် လုပ်ပေးမယ်ဗျာ "

ရဲရင့်လွန်းတဲ့ ကျုပ်ရဲ့ အပြုအမူကြောင့်လားတော့ မသိဘူး ။ ရှန်းယိရန်က ခဏ ကြောင်သွားတယ် ။ ခဏကြာမှ တံတွေး တစ်ချက် ထွေးလိုက်ပြီး ကျုပ်ကို ဆဲတော့တယ် ။

" ထွီ.... သွားစမ်းပါ ။ နင်က သည်ကို အလုပ်ရဖို့ လာတာ ။ ဒါကို နင်က အနစ်နာခံပြီး အလုပ်လုပ်ပေးရမယ့်ပုံ ဖမ်းချင်တယ်ပေါ့ ။ မြေခွေးထက် ကောက်ကျစ်တဲ့ကောင် "

လခွီး.... သေစမ်းကွာ ။ ကျုပ်အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ကျုပ်အကွက်က အလုပ် မဖြစ်ဘူး ။

" ဒါဆို ကျုပ်က ဘာဆက် လုပ်ပေးရမှာလဲ ။ ကျုပ်အဒေါ်က လျူရှန်းမန်မှာ အလုပ်လုပ်ပါမယ် ဆိုပြီး စာချုပ် ချူပ်ထားတာ မဟုတ်ဘူးလေ ။ သူနုတ်ထွက်တာကို ခင်ဗျား ဘယ်တားလို့ ရမလဲ ။ ကူကူး...... အရင် ထွက်သွားလိုက် ကော်အာက ကူကူး လွတ်လပ်မှုအတွက် သည်လူတွေဆီမှာ ကျွန်ခံပြီး ဆပ်လိုက်မယ် "

( ဘာသာပြန်သူ: : ကူကူးဆိုတာ သိမ်းငှက်သူရဲကောင်း ကားထဲက နဂါးမယ်လေးကို ပြောတာပါ ။ ကော်အာဆိုတာက ရန်ကော် ဖြစ်ပါတယ် ။ မင်းဖေးဟန်က သိမ်းငှက်သူရဲကောင်း အပါအဝင် တခြား ဝတ္ထုတွေကို သိပုံ ရပါတယ် ။ ဒါကြောင့် အကွက်ထဲ ဝင်ရင် စာဖတ်သူတွေကို လှမ်းလှမ်းပြီး ပြောနေတာပါ ။ deadpool လိုပေါ့ဗျာ ။)

ရှန်းယိရန်က ပြောစရာ စကား ပျောက်ရှသွားတဲ့ ပုံနဲ့ ကျုပ်ကို ကြည့်တယ် ။ ပြီးမှ ကျုပ်ဒေါ်လေးကို ဖြောင်းဖျတယ် ။

"ရှင့်ပါးစပ်ကို ပိတ်ထားစမ်း ။ရှင်အခုထက်ထိ အောက်လမ်းနဲ့ ဝင်ဖို့ ကြိုးစားနေတာကို လက်မလျော့သေးဘူးလား ။မိန်းကလေးမင်း..... ရှင်က ကျွန်မတို့ လျူရှန်းမန်က လိုအပ်နေတဲ့ အရည်အချင်းပိုင်ရှင်ပဲ ။ သည်လိုလုပ်ပါလား ။ ကျွန်မရှင့်ကို လစာ ဆယ်ဆ တိုးပေးမယ် ။ အဆင်ပြေရင် အခုပဲ စာချုပ် ချုပ်လိုက်ကြတာပေါ့ "

ဆယ်.....ဆ........ မိုးနတ်မင်းကြီးရေ...... တစ်လကို ငွေတုံး ခုနစ်ရာတောင်လား ။

ကျုပ်ဒေါ်လေးကလည်း ဘူးဆိုရင် ဖရုံ မသိီးတဲ့ အမျိုးဗျ ။ သူက အေးအေးဆေးဆေးပဲ ။

"ဆယ်ဆလည်း စိတ်မဝင်စားဘူး ။ အဆနှစ်ဆယ်ဆိုရင်တောင် ကျွန်မ... ပျင်း...ပျင်း.... ဖေးဟန် နင် သူ့နောက်မှာ ဘာလုပ်နေတာလဲ "

အာ....

ဟုတ်သား ။ ကျုပ်က ဘယ်လိုလုပ်ပြီး ရှန်းယိရန်နောက်မှာ ရပ်နေမိပါလိမ့် ။

ဂိုဏ်းတူဒေါ်လေးရဲ့ ခြိမ်းခြောက်တဲ့ လေသံကြောင့် ကျုပ်ရဲ့ ခြေထောက်တွေက ဒေါ်လေးအနောက်ကို အလိုလို လှမ်းသွားတယ် ။ဒါပေမဲ့ ကျုပ်ခေါင်းထဲမှာတော့ ငွေတုံးခုနစ်ရာ အပြင် နှစ်ကုန် အပိုဆုငွေ ငွေတုံး တစ်သောင်းက ကပ်ပါလာတုန်းပဲဗျ ။ ဒါကြီးက ကျုပ်ရဲ့ တကယ့် ဘဝ အန္တိမ ရညျမှနျးခကြျကွိီးလဗြော ။ အဲသည်ငွေတွေနဲ့ဆို ကျုပ်အေးအေးဆေးဆေး အိပ်လိုက်စားလိုက်နဲ့ ဆန်ကုန်မြေလေး လုပ်လို့ရတာကို ။

အဲသည်အချိန်မှာပဲ ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်ဗျ ။

" မမ... တစ်ဖက်လူကို သိပ်ပြီး ဖိအား မပေးပါနဲ့လား ။ သည်မိန်းကလေးဖက်မှာလည်း ပြသနာ အကြောင်းအရင်း တစ်ခုခု ရှိလို့ နေမှာပါ ။မင်းမိန်းကလေး..... မင်းဘက်မှာ ပြသနာ တစ်ခုခုရှိရ င် ငါတို့ကို ပြောပြလိုက် ။ငါတို့ အတတ်နိုင်ဆုံး ကူညီမယ် ။မင်းကိစ္စတွေပြီးမှ လျူရှန်းမန်ထဲ ဝင်ပေါ့ ။ မကောင်းဘူးလား "

အသံပိုင်ရှင်ကတော့ တကယ့် အကြွင်းမဲ့ အလှလေးပဲ ။ သူက ရှန်းယိရန်နဲ့ တစ်မအေတည်းက မွေးလာတာ သိသာလွန်းတယ် ။ သူတို့က ညီအစ်မတွေများလား ။ ဒါပေမဲ့ ပြသနာက သူ့ရဲ့ လည်ပင်း အောက်ပိုင်းက စတာပဲ ။သူ့ရဲ့ ရင်ဘတ်က ပျဥ်ပြားလိုပဲ ပြားနေတယ် ။ မိန်းကလေးရဲ့ မျက်လုံးတွေက ကြီးပြီး ဝိုင်းစက်နေပေမယ့် ရင်ဘတ်ပိုင်းကတော့ မက်လောက်စရာ တစ်ကွက်မှကို မရှိဘူး ။ ဒါပေမဲ့ သူရဲ့ အားသားချက်က ရှန်းယိရန်လို အာဏာရှင် မဆန်ဘဲ နူးညံ့နေတာပဲဗျ ။

ဟူး......သည်ညီအစ်မ နှစ်ယောက်က တကယ့်ကို ဆန့်ကျင်ဘက်ပါပဲလား ။

ဒါပေမဲ့ ကျုပ် မဖြစ်မနေ ဝန်ခံရမှာကတော့ ချောမောလှပတဲ့ ညီအစ်မနှစ်ယောက် ဘေးချင်းယှဥ် ရပ်နေတာကို မြင်ရတာ တကယ် မျက်စိပဒေသ ဖြစ်တယ် ဆိုတာပဲ ။

ဂိုဏ်းတူဒေါ်လေးက အခြေအနေ မဟန်တော့ ကျုပ်သုံးဖူးတဲ့ အကွက်ကို ပြန်သုံးတယ် ။ ဘယ်သူမှ မကြားနိုင်တဲ့ နည်းစနစ်နဲ့ပေါ့ ။

" ဖေးဟန်...... ငါ့ကို ကူညီ"

ကျုပ်က မထုံတက်သေး အမူအယာနဲ့ ပြန်ပြောလိုက်တယ် ။

" ဘာလို့ ကူညီရမှာ"

ဂိုဏ်းတူဒေါ်လေးက ကျုပ်ကို မျက်စောင်း ထိုးပြီး

" တကယ်လို့ ငါ ဗိုလ်လုပွဲ အထိ ရောက်သွားရင် သည်အခြေအနေကနေ ရုန်းထွက်ဖို့ မလွယ်တော့ဘူး ။ လျူရှန်းမန်တွေက ဘယ်လောက်ပဲ အိုနေတဲ့ ကျားဖြစ်နေပါစေ ။ အစွယ်တော့ ကျန်သေးတယ်"

ဟမ့်....... ဒါဆိုရင် ဘာဖြစ်လို့ ဒေါ်လေးက အနိုင်ရအောင် ကြိုးစားခဲ့သေးတာလဲ ။

အမှန်အတိုင်း ပြောရရင် ကျုပ်ကလည်း ဒေါ်လေးကို ဗိုလ်လုပွဲအထိ မရောက်စေချင်ဘူးဗျ ။ တကယ်လို့ ဗိုလ်လုပွဲ အထိ ရောက်ခဲ့ရင် ကျုပ်တို့နှစ်ယောက်က သေချာပေါက် တွေ့ရမှာလေ ။

သည်တော့ ကျုပ်ဝင်မပါလို့ မရတော့ဘူးဗျ ။

" အဟွတ်.... အဟွတ်... "

ကျုပ်က ချောင်းတစ်ချက် ဆိုးလိုက်တယ် ။ ပြီးမှ

"ကျွန်တော်တို့ အိမ်ကနေပြီး စာတစ်စောင် ရလိုက်လို့ပါ ။ ကျွန်တော်.ဆရာ..... ကျွန်တော် ပြောချင်တာက ကျွန်တော်. ဒေါ်လေးရဲ့ တူအကြီးဆုံး ဆုံးပါးသွားလို့ပါ "

ဆရာ...... ခွင့်လွှတ်ပါဗျာ ။ ကျွန်တော် ဆရာ့ကို ကျိန်ဆဲတာ မဟုတ်ပါဘူး ။

ကျုပ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရိုးသားမှု အပြည့်နဲ့ ထပ်ပြောလိုက်တယ် ။

" သူမသေခင် အိပ်ယာထဲ လဲနေတုန်းက သူက အဒေါ်ကို တွေ့ချင်နေခဲ့တာ ။ အဲသည်အတွက် အဒေါ်က သူ့စျာပနကိုတော့ မရောက်ရောက်အောင် သွားမှ ရမယ် ။ မဟုတ်ရင် သူ အသေဖြောင့်မှာ မဟုတ်ဘူး "

" သူက သေသွားပြီလား ။ မင်းတူလေးက အသက် ဘယ်နှစ်နှစ်လဲ ။သူက ဘယ်လိုလုပ်ပြီး သေသွားတာလဲ "

ရှန်းယိရန်က ကျုပ်ပြောတာကို ယုံပုံမရဘူးဗျ ။

ကျုပ်က မျက်နှာသေနဲ့ ပြန်ဖြေလိုက်တယ် ။

"ကာလသားရောဂါနဲ့ပါ "

ကျုပ်အဖြေကို ကြားတော့ ရှန်းယိရန်က ရွံရှာစွာနဲ့ နောက်တစ်လှမ်း ဆုတ်သွားတယ် ။

" ထွီ.... ငါနဲ့ ဝေးဝေး သွားစမ်း"

ဆရာ...... ကျွန်တော်.ကို ယုံပါ ။ ကျွန်တော် ဆရာ့ကို ကျိန်ဆဲတာ လုံးဝ လုံးဝ တကယ် မဟုတ်ပါဘူး ။

ဒါပေမဲ့ ခဏအကြာမှာပဲ ရှန်းယိရန်က သူမရဲ့ ပုံစံကို ပြန်ရသွားတယ် ။

" မင်းငါ့ကို ငတုံး ထင်နေတာလား ။တကယ်လို့ မင်းတို.အမျိုး သေသွားရင် မင်းတို့က စစ်ဆေးပွဲကို လာပါ့မလား"

" အခုပဲ စာပို့ခို တစ်ကောင်က စာလာပို့သွားတာပါ"

" အဲဒါဆိုရင် အဲသည် စာပို့ခို့ ဘယ်မှာလဲ"

" ကျွန်တော် ကင်စားလိုက်ပါပြီ "

" အဲဒါဆိုရင် စာကော"

" စာပို့ခို စားလိုက်ပါပြီ"

" မင်းငါ့ကို လာမျက်နှာပြောင်နေတာလား"

ရှန်းယိရန်ရဲ့ မျက်လုံးတွေက ဒေါသကြောင့် နီရဲလာတယ်ဗျ ။သူက သွေးဆာနေတဲ့ တစ္ဆေ တစ်ကောင်လိုပဲ ။

ဘာကြောင့်မှန်းတော့ မသိဘူး ။ အနားမှာ ရှိနေတဲ့ စစ်ဆေးရေးမှူးတွေက ပေါင်ကြားကို လက်လေးတွေ အုပ်ပြီး နောက်ကို မသိမသာ ဆုတ်သွားကြတယ် ။

သည်လူတွေက ဘာလို့ ထူးထူးဆန်းဆန်း ပြုမူနေကြပါလိမ့်........

" ငါ့ကို တလွဲတွေ ပြောနေတာ တော်လိုက်တော့ ။ မင်းမိန်းကလေးက အဆင့်နှစ်ဆင့်ကိုတောင် ကျော်ပြီးနေပြီ ။ အခုချိန်မှ ထွက်သွားမယ်ဆိုရင် ငါတို့ရဲ့ လုပ်ငန်းစဥ်က ကမောက်ကမ ဖြစ်ကုန်မယ် ။သည်တော့ သူဘယ်ကိုမှ သွားလို့ မရဘူး "

" ကျွန်တော် ဂရုမစိုက်ဘူး ။ ကျွန်တော်. အဒေါ်က စျာပနကို သွားကိုသွားမှ ရမယ် ။ ခင်ဗျားတို့ လုပ်ငန်းစဥ်က ခင်ဗျားတို့ ကိစ္စပဲ"

ကျွန်တော်တို့ အချေအတင် ဖြစ်နေတာကို မြင်တော့ ရှန်းယိရန် ညီမလေးက ရယ်နေတယ် ။အဲသည် ရယ်နေတာလေးက ပတ်ဝန်းကျင် ဖိအားကို လျော့ချပေးလိုက်သလိုပဲ ။

သူ့အနားမှာ ရှိနေတဲ့ စစ်ဆေးရေးမှူးတွေကတော့ တကယ့် နှာဘူးတွေဆိုတာ အသိသာကြီးဗျ ။ သူတို့က တင်းမာနေတဲ့ အခြေအနေကို လျော့ချပေးဖို့ ဘာမှ စဥ်းစားနေတဲ့ပုံ မရဘဲ ညီမလေးရဲ့ ကိုယ်သင်းနံ့ကို ခိုးရှူဖို့ကိုပဲ အပြိုင်အဆိုင် ကြိုးစားနေကြတယ် ။

ဟေး..... ခွေးသူခိုး တဏှာရူးကောင်တွေ ရပ်လိုက်စမ်း ။

ညီမလေးက လှလှလေး ပြုံးပြီး ရှန်းယိရန်ကို ဖြောင်းဖျလိုက်တယ် ။

" မမ..... မမလည်း ကြားတာပဲ ။ မင်းမိန်းကလေးက အရေးကြီးကိစ္စ တစ်ခု ရှိနေတယ်လေ ။ "

" မင်းမိန်းကလေး...... မင်းလုပ်စရာ ရှိတာကို အရင် သွားလုပ်လိုက် ။ ပြီးမှ လျူရှန်းမန်ကို ပြန်လာပေါ့"

" ကွမ်း..... နင် ဝင်မပါနဲ့"

ရှန်းယိရန်က သူ့ညီမကျတော့ အသံမာမာနဲ့ မပြောဘူးဗျ ။ သူ့ညီမအပေါ် သူဆက်ဆံပုံက တခြားလူတွေအပေါ် ဆက်ဆံပုံနဲ့ လုံးဝ ၃၆ဝ ဒီဂရီပဲ ။

ဒါနဲ့ ညီမလေး နာမည်က ကွမ်း..... ကွမ်း...တဲ့လား ။ ဒါက ယောကျာ်း နာမည်ကြီး မဟုတ်ဘူးလား ။ ကျုပ်နည်းနည်း ဝေခွဲမရ ဖြစ်သွားတယ်ဗျ။

ကျုပ်က ရင်ဘတ်ကို ရဲရဲကြီး ပုတ်ပြီး ပြောလိုက်တယ် ။

" ကျုပ်ဒေါ်လေးက နောက်တစ်ပွဲကို ဝင်ပြိုင်မှာ မဟုတ်ဘူး ။ နောက်တစ်ပွဲ သူ့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲ ။ ကျုပ်ဒေါ်လေးအစား ပြိုင်ပေးမယ် "

"မင်းက.....ရာရာစစကွာ "

ကျုပ်ပြောချင်တဲ့ စကားကိုတောင် ပြီးအောင် မပြောရသေးဘူး ။ အဖျက်အမှောင့်က ဝင်လာတယ်ဗျ ။

ကျုပ်လှည့်ကြည့်လိုက်တော့ လက်သည် တရားခံက တစ်လျှောက်လုံး ငြိမ်နေတဲ့ လူကြီးမင်းလျူ ။

" အမှိုက်ကောင်...... မင်းကများ ငါတို့ လက်ထောက် အုပ်ချုပ်ရေးမှူးကို မရိုမသေ ဆက်ဆံရဲသေးတယ် ။ ငါ .....လျူယွင်က လျူရှန်းမန်ကိုယ်စား မင်းကို သင်ခန်းစာ ပေးပစ်မယ်ကွ "

လျူယွင်...... ခွေးမျိုး..... မင်းက ရိုးရိုးသင်ခန်းစာ ပေးချင်နေတာ မဟုတ်ဘူး ။ မင်းက ငါ့ကို နှုတ်ပိတ်ဖို့ အကွက်ရှာနေတာ ။ ဟုတ်တယ်မလား ။

Lord Zen

All Chapters