အခန်း ၁၅
Vol. 2 Ch. 15
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၂ အပိုင်း ၁၅
လျူရှန်းမန် နဲ့ ဓားသမားသုံးယောက်
" မင်းတို့သုံးယောက် အသင့်ဖြစ်ပြီလား....အိုး... မဆိုးဘူးဘဲ "
ရှန်းယိရန်က သူ့ရဲ့ စားပွဲခုံရှေ့မှာ ဝတ်စုံပြည့်နဲ့ ရပ်နေတဲ့ စုရှောင် ၊ ထန်ယီ နဲ့ ကျုပ်ကိုကြည့်ပြီး ပြောလာတယ် ။
" ကောင်းတယ်....တကယ်ကောင်းတယ် ။ မင်းတို့သုံးယောက်ရဲ့ ကြည့်ကောင်းပုံနဲ့ဆို လျူရှန်းမန်ကို ကိုယ်စားပြုလို့ ရပြီ "
ကျုပ်က ဘေးနားက ပေါက်စနှစ်ကောင်ကို တစ်ချက် ခိုးကြည့်မိလိုက်တယ် ။
ထန်ယီက ခရမ်းရောင်ဝတ်ရုံကို ကော်လာထောင်ပြီး ဝတ်ထားတာဗျ ။ ပုံမှန်ဆိုရင် လူတစ်ယောက်ရဲ့ ရင်အုပ်က ကားထွက်နေရင် အောက်ပိုင်း ရှုးသွားသလို ခံစားရတာ ဖြစ်နေကျပဲ ။ ဒါပေမဲ့ ထန်ယီရဲ့ အဆီပိုမရှိ ကျစ်လစ်နေတဲ့ ခန္ဓာကိုယ်ကျတော့ လုံးဝ အောက်ပိုင်းရှုးသွားသလို မခံစားရဘူးဗျ ။သူ့ကိုကြည့်ရတာက သူရဲကောင်းတစ်ယောက်က အထောက်တော် ရဲတပ်သား ဝတ်စုံ ဝတ်ထားတာနဲ့ ဆင်တူနေတယ် ။ သူလှုပ်ရှားလိုက်တိုင်းမှာ ယောကျာ်းပီသတဲ့ အငွေ့အသက်တွေက လျှံထွက်နေတယ် ။ ဒါက လက်မောင်းမှာ ကြွက်သားအဖုအထစ်တွေ ပြည့်နေတဲ့ ယောကျာ်းတစ်ယောက် ဖြစ်သင့်တဲ့ ပုံစံပဲ ။
စုရှောင်ကလည်း ကြည့်ကောင်းတာပါပဲ ။သူကတော့ ထန်ယီနဲ့ မတူတဲ့ ဝတ်စုံကို ဝတ်ထားတာဗျ ။ အပြာနဲ့အဖြူ ရောယှက်နေတဲ့ ဝတ်စုံက သူ့ရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းကြီး ဖုံးကွယ်ထားပေးတယ် ။ သူ့ရဲ့ မိန်းမဆန်တဲ့ မျက်နှာကို ကျေးဇူးတင်ရမလားပဲ ။ သူ့ကို မြင်လိုက်သူတိုင်းက သူ့ကို ထောင်ချောက်....အဟမ်း....အဟမ်း... ဓားသမားလို့ တန်းသိစေနိုင်တယ်လေ ။
ကျုပ်လား..... ကျုပ်ကတော့ ကျုပ်ရဲ့ ဝတ်စုံကို တစ်ယောက်ယောက်ကများ ယူသွားသလား မသေချာဘူးဗျ ။ ဘာဖြစ်လို့လဲဆိုတော့ ကျူပ်က မီးခိုးရောင် တံခါးစောင့် ဝတ်စုံကြီးကို ရထားလို့ပဲ ။
ဟုတ်တယ်။ ခင်ဗျားတို့ထင်တာ မမှားဘူး ။ ဇာတ်လမ်းတွဲတွေတိုင်းမှာ အိမ်ဖြည့်အနေနဲ့ အပျော် ထည့်ထားပေးတဲ့ တံခါးစောင့်တွေ ဝတ်တဲ့ ဝတ်စုံကို ကျုပ်ဝတ်ထားရတာ ။
တောက်.....လျူရှန်းမန်ကကောင်တွေက ကျုပ်ကို သက်သက် စော်ကားနေတာပဲ ။ သူတို့က ကျုပ်ကို ဖြတ်လျောက်သာသာလောက် သဘောထားနေတာ အသိသာကြီး ။
မဖြစ်ဘူး ။ ကျုပ်က ကျုပ်ရဲ့ မကျေနပ်ချက်ကို ဖော်ထုတ်မှကို ရတော့မယ် ။
" လက်ထောက်ခေါင်းဆောင်ရှန်း.....ကျွန်တော့်ဝတ်စုံက မှားနေသလားလို့.....
ရှန်းယိရန်က ကျုပ်ကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ အရေးမကြီးသလို ပြန်ပြောလာတယ် ။
" မတတ်နိုင်ဘူး ။ အခုလောလောဆယ် ငါတို့ဆီမှာ ဝတ်စုံအပိုတွေ မရှိသေးဘူး ။ ရှိတာ ဝတ်ထားလိုက် "
ဗျာ........ ခင်ဗျားပြောတော့..... ကျုပ်က လျူရှန်းမန်ကို ကိုယ်စားပြုရမှာဆို.......
" ငါက စစ်ဆေးပွဲကို သွေးသစ်လောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တာ ။ အရှင်မင်းကြီးက ငါတို့ လျူရှန်းမန်တွေကို တာဝန်ထမ်းဆောင်ခိုင်းဖို့ စိတ်ကူးထားပြီးဆိုတာကို မင်းတို့လည်း ရိပ်မိလိမ့်မယ်လို့ ငါယုံကြည်တယ် ။ သည်တော့ ငါက အခွင့်အရေးတစ်ခု ရရင် အရှင်မင်းကြီးကို သက်သေပြဖို့ အားခဲနေတယ် ။ ပြီးတော့ သည်ကိစ္စမှာ ငါက မင်းတို့သုံးယောက်ကို အတော်လေး မျှော်လင့်ထားတယ် "
စကားဆုံးတော့ ရှန်းယိရန်က ဆံပင်ကို ပခုံးတစ်ဖက်ပေါ် အသာအယာ ချလိုက်တယ် ။ သူ့ရဲ့ သည်အပြုအမူက မိန်းကလေးဆန်တယ်လို့ ပြောရမှာ ဖြစ်ပေမယ့် သူ့ရဲ့မောင် မိန်းကလေးရှန်းကွမ်းကို မီဖို့တော့ လိုနေသေးတယ်ဗျ ။
" သည်နေ့ကစပြီး မင်းတို့သုံးယောက်က ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲ ။ သည်တော့ အချင်းချင်း ရငျးနှိီးသှားအောငျ မင်းတို့ကိုယ်မင်းတို့ ပြန်မိတ်ဆက်ကြ ။ ထန်ယီ မင်းအရင်စလိုက် "
" ကျွန်တော့်နာမည် ထန်ယီ ။ သိုင်းလောက နာမည်ကတော့ ယန်လင်း ။ သည်နှစ်ဆိုရင် အသက်၁၈နှစ် ရှိပါပြီ ။ ကျွန်တော်က မြောက်ပင်လယ် မင်ကျိနန်းတော် ထန်မိသားစု တပည့် တဈယောကျဖွဈပွိိီး ဆရာ ဆယ်ယောက်ကျော်ဆီမှာ သိုင်းပညာ ဆည်းပူးခဲ့ပါတယ် "
" မြောက်ပင်လယ် မင်ကျိနန်းတော်ကကိုး.....မင်းရဲ့ သိုင်းကွက်တွေက မျိုးစုံဖြစ်နေတာလည်း မထူးဆန်းပါဘူး ။ဒါနဲ့ ထန်မိသားစုကလို့လည်း မင်းပြောတယ်နော် ။ ထန်မိသားစုက ဆိုတော့ မင်ကျိဓားသမား ထန်နုံနဲ့ အမျိုးတွေဘာတွေ တော်သေးလား "
" ထန်နုံက ကျွန်တော့် အဖေပါ"
သူရဲ့ အဖေအကြောင်း ပြောနေချိန်မှာ ထန်ယီရဲ့ မျက်နှာအမူအယာက ထူးထူးခြားခြား ပြောင်းလဲတာမျိုး မရှိဘူးဗျ ။ဒါပေမဲ့ သူ့ရဲ့ လေသံကတော့ ပိုပြီး လေးနက်လာတယ် ။
" ကျွန်တော် သိုင်းပညာကို အဖေဆီက သင်ယူခဲ့တာပါ ။ တခြားသူတွေကတော့ နည်းနည်းပါးပါးပဲ သင်ပြပေးခဲ့ကြတာ ။ ကျွန်တော်က တခြားသူတွေနဲ့ တရားဝင် အခမ်းအနား တစ်ခုမှ မလုပ်ခဲ့ဘူး ။ သည်တော့ ကျွန်တော့်ကို ဆရာမရှိဘူးလျို့လညျး မှတ်ယူလို့ရပါတယ် "
ဆရာတွေ ၊ ဂိုဏ်းအကြီးအကဲတွေအပေါ် ရိုသေလေးစားမှုက သိုင်းလောကမှာ အရမ်း အရေးကြီးတဲ့ အယူအဆ တစ်ခုဗျ ။ အထူးသဖြင့် ကိုယ်က ဘယ်ဂိုဏ်း၊ဘယ်မိသားစုကပါဆိုပြီးမိတ်ဆက်တဲ့အခါမှာ ပိုသက်ဆိုင်တယ် ။ အဲဒါက စီးပွားရေး လုပ်တဲ့အခါ ၊ အိမ်ထောင်ဖက် ရွေးတဲ့အခါ နဲ့ ယုတ်စွအဆုံး ခရီးသွားတဲ့ အခါမှာတောင် သက်ရောက်မှုရှိတယ် ။
လျူရှန်းမန်လို နေရာမျိုးမှာဆိုရင် ပိုဆိုးတာပေါ့ ။ လျူရှန်းမန်မှာက အထောက်တပ် ရဲတပ်သား တစ်ယောက်ရဲ့ နောက်ခံ အနေအထားကို ပိုလို့တောင် သိသင့်သေးတယ် ။မဟုတ်လို့ကတော့ ပြသနာ အကြီးကြီး တက်ပြီပဲဗျ ။
မယုံရင် ဥပမာ တစ်ခု ပေးမယ်ဗျာ ။တကယ်လို့ ရှောင်လင်ကျောင်းက ပြသနာ တစ်ခုခုနဲ့ တိုင်ကြားခံရပြီဆိုရင် ရှောင်လင်ဘုန်းကြီး တစ်ပါးကို လွှတ်လို့ သင့်တော်ပါ့မလား ။ သူတို့က အလှူငွေတွေကို အလွဲသုံးစား လုပ်တာဖြစ်ဖြစ် ဒါမှမဟုတ် လူတွေကို ဘုရားဘန်းပြပြီး လုပ်စားတာ ဖြစ်ဖြစ်ပေါ့ ။ အဲသည်လိုပဲ ဝူတန်ဂိုဏ်း ပြသနာ ပေါ်လာရင် ဝူတန်ဂိုဏ်းက တပည့်တွေကို လွှတ်လိုက်လို့ မရဘူးလေ ။ ဒါကြောင့်မို့လည်း ရှန်းယိရန်က ကျုပ်တို့ရဲ့ နောက်ကြောင်း အခြေအနေကို အရင်ဆုံး မေးနေတာ ဖြစ်မယ်ဗျ ။
" ကျွန်တော်က စုရှောင်ပါဗျ ။ စုကျိုးက စု နဲ့ အသိပညာက ရှောင်ကို ယူထားတာပါ ။ ငယ်နာမည်ကတော့ ရှောင်ဟန်လို့ ခေါ်ကြပါတယ် "
စုရှောင်က တကယ့် စာပေသမား တစ်ယောက်လိုပဲဗျ ။ သူက လုံးဝကို သိုင်းလောကသား မဆန်ဘူး ။
စုရှောင်က ဆက်ပြောတယ် ။
" ကျွန်တော်က နန်ကျင်းကဖြစ်ပြီး သည်နှစ်ဆိုရင် ၁၆နှစ် ရှိပါပွိိီ ။ ကျွန်တော့်ရဲ့ ဓားမော့သိုင်းကတော့ မိသားစုလိုက် လက်ဆင့်ကမ်းလာတဲ့ သိုင်းပညာပါ "
ရှန်းယိရန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို ရငျးနှိီးလိုတဲ့ သဘောနဲ့ ငယ်နာမည်ကို ခေါ်လိုက်တယ် ။
" ရှောင်ဟန်....နင်တို့မိသားစုက နန်ကျင်းမှာ နာမည်ကျော် သိုင်းမိသားစုပဲ ။ ဒါကြောင့် နင့်ရဲ့ ဓားပညာက ရိုးရှင်းမှာ မဟုတ်ဘူး ။အခု လျူရှန်းမန်ထဲ ဝင်ပြီးပြီဆိုတော့ သေသေချာချာ ကြိုးစားရမယ် ။ ဟုတ်ပြီလား "
စုရှောင်က မျက်နှာလေး နီရဲသွားပြီး ပြန်ဖြေတယ် ။
" နားလည်ပါပြီ ။ ကျွန်တော် လက်ထောက်ခေါင်းဆောင်ရှန်းကို စိတ်မပျက်စေရပါဘူး "
စုရှောင် အရွေးချယ် ခံလိုက်ရတဲ့ ကိစ္စက ကျုပ်ကို အတော်လေး အံ့အားသင့်သွားစေတယ် ဆိုတာကို ကျုပ်ဝန်ခံရမယ်ဗျ ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ထက် သိုင်းပညာ ကောင်းတဲ့သူတွေ အများကြီး ရှိနေလို့ပဲ ။ သူက ထန်ယီရဲ့ သိုင်းပညာ ဆယ်ပုံတစ်ပုံတောင် မရှိဘူး ။ ဒါပေမဲ့လည်း အရွေးချယ် ခံလိုက်ရတဲ့ သုံးယောက်ထဲမှာ ပါနေသေးတယ် ။ ရှန်းယိရန် ဘာတွေ တွေးနေလဲဆိုတာ ကျုပ်လုံးဝ နားမလည်နိုင်တော့ဘူး ဗျာ ။
ကျုပ်တွေးနေတုန်းမှာပဲ ရှန်းယိရန်က ကျုပ်ကိုကြည့်ပြီး အော်လာတယ် ။
" မင်းဘာလုပ်နေတာလဲ.....မင်းရဲ့ အလှည့်လေ"
ကျုပ်သေချာပေါက် လောင်းရဲတယ်ဗျ ။ ရှန်းယိရန်ရဲ့ တစ်ဖက်သတ်ဆန်တဲ့ ဖိနှိပ်ဆက်ဆံမှုတွေက ဂိုဏ်းတူဒေါ်လေးကို ခေါ်မထားနိုင်လို့ ဖြစ်လာတဲ့ ဒေါသတွေကြောင့်ဗျ ။
ပြောရမယ်ဆိုရင် သူက ဒေါ်လေးကို မျှော်ကိုးပြီး ကျုပ်ကို ခေါ်ထားတာ ။ သူ့ရဲ့ စိတ်ရင်းအမှန်နဲ့ဆို ကျုပ်ကို လျူရှန်းမန်မှာ လုံးဝ ခေါ်ထားမှာ မဟုတ်ဘူး ။
" အဟမ်း..... ကျွန်တော်က မင်းဖေးဟန်ပါ ။ ကျွန်တော်က နှစ်ဆယ့်ရှစ်နှစ် ရှိပြီး နန်ကျင်းကလာတာပါ ။ ကျွန်တော့်ဆရာကတော့ တာ့လျိုတောင် ... အင်း.... ဟိုဟာ.... အဲ....."
" တိတိကျကျပြောစမ်း.....မင်းရဲ့ဆရာက ဘယ်သူလဲ ။ မင်းသုံးတဲ့ သိုင်းကဘာလဲ ။ မင်းရဲ့ဂိုဏ်းကကော ဘယ်ကလဲ ။ မင်းက နှစ်ဆယ့်ရှစ်နှစ်ရှိပြီလို့ပြောတယ် ။ ဒါတောင် သိုင်းလောကနာမည် မရှိသေးဘူးလား "
အသေသာ သတ်ပစ်လိုက်စမ်းပါ ။ ကျုပ်ရဲ့ သိုင်းနာမည်ကို ခင်ဗျား သိရမယ် မထင်နဲ့ ။
ကျုပ်က ခါးသည်းမှုတွေကို ကျိတ်မိတ်ပြီး ပြန်ဖြေလိုက်တယ် ။
" ကျွန်တော်က တာ့လျိုတောင်ရဲ့ နှစ်ဆယ့်ခုနစ်ဆက်မြောက် မျိုးဆက်ကပါ ။ ကျွန်တော်ရဲ့ ဆရာကတော့ သူတော်စင် ဝူရှန်းလို့ ခေါ်ပါတယ် ။ ကျွန်တော့်မှာ သိုင်းနာမည်တော့ မရှိပါဘူး"
သူတော်စင် ဝူရှန်းဆိုတာက တကယ်တမ်းမှာ ကျုပ်ရဲ့ ဂိုဏ်းတူဦးလေး တော်တယ်ဗျ ။ ဒါပေမဲ့ အခုလောလောဆယ်မှာ သူက ရောဂါတစ်ခု ရနေတော့ ဂိုဏ်းအပြင်ကို တော်ရုံနဲ့ ထွက်မှာ မဟုတ်ဘူး ။ သည်တော့ ကျုပ်က သူ့နာမည်ကို ကောင်းကောင်းကြီး အလွဲသုံးစား လုပ်လို့ရတယ် ။ တကယ်လို့ သူသိသွားရင်တောင်မှ သူက ရောဂါကို ကုဖို့အတွက်ပဲ လုံးပမ်းနေရတာလေ ။ ကျူပ်ကို ဘယ်ပြသနာ လာရှာနိုင်မှာလဲ ။ ပြီးတော့ သူ့ရောဂါ ပျောက်ဖို့က နောက်ထပ် ဆယ်စုနှစ် တစ်ခုလောက် ကြာဦးမှာဗျ ။
အံ့သြစရာကောင်းတာက ရှန်းယိရန်က သည်တစ်ခေါက်တော့ လက်ခံတဲ့ပုံနဲ့ ခေါင်းညိတ်လာတယ်။
" မဆိုးဘူး ။ မင်းရဲ့ ဂိုဏ်းတူဒေါ်လေးက အဆင့်မြင့် ဂိုဏ်းအဖွဲ့ဝင်ဆိုတော့ မင်းရဲ့ အဆင့်အတန်းကလည်း အဆင့်မြင့်မှာပေါ့ ။ "
ဒါပေမဲ့ သူက ခေါင်းညိတ်နေရင်းနဲ့ ရုတ်တရက် ဆက်ပြောလာတယ် ။
"နေပါဦး ။ တာ့လျိုတောင်မှာက မျိုးဆက် နှစ်ဆယ့်ရှစ်ဆက် ရှိတာလေ ။ မင်းက တာ့လျိုရဲ့ နာမည်ကျော် ဓားသမား လျန်ကျူးယွဲ့ကျင်းနဲ့ မျိုးဆက် အတူတူပဲလို့ ပြောချင်တာလား "
သူက ဂိုဏ်းထဲမှာ ကျုပ်ရဲ့ နံပါတ်ခြောက် ညီလေးကွ ။
" မင်းရဲ့ ဝါစဥ်က သည်လောက် မြင့်နေမယ်လို့ ငါလုံးဝ မထင်ထားမိဘူး ။ ကောင်းတယ်.....ကောင်းတယ် "
ရှန်းယိရန်က ဦးနှောက်ထဲမှာ တစ်ကန့် လွတ်နေတာလား မသိဘူးဗျ ။ သူက သူ့ဟာသူ တစ်ယောက်တည်းပြော တစ်ယောက်တည်း ဖြေပြီး အကျေနပ်ကြီး ကျေနပ်နေတယ် ။
" ဟုတ်ပြီ ။ အခုက လက်နက်......နင်တို့သုံးယောက် ဓားသုံးလား "
စုရှောင် နဲ့ ထန်ယီက အသည်းအသန်တွေ ထငြင်းကြတယ် ။
" ကျွန်တော်က လက်ပဲ သုံးတာပါ"
" ကျွန်တော်က ဓားမော့ပဲ သုံးပါတယ်ဗျ "
" ကျွန်တော့်ကို အဲသည်ဓားတွေ အကုန်ပေးလိုက်ပါ"
ကျုပ်ကတော့ မငြင်းဘူး ။ ကျုပ်ပိုက်ဆံလိုရင် ဓားတွေက ပြန်ပြီး ရောင်းစားလို့ ရတယ်လေဗျ ။
ဒါပေမဲ့လည်း လက်ထောက်ခေါင်းဆောင်ရှန်းက ကျုပ်ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တယ် ။
" ငါ့ကို အပိုတွေ မပြောနဲ့ ။ ငါပေးတာယူ ၊ ကျွေးတာစား၊ ခိုင်းတာလုပ် ။ သည်နေ့ကစပြီး မင်းတို့သုံးယောက်လုံး လျူရှန်းမန်ရဲ့ အဖွဲ့ဝင်တွေပဲ ။ တရားဝင် ရာထူး ခန့်အပ်တာတွေ မရှိသေးပေမယ့် လျူရှန်းမန် တစ်ဝက်လို့ ကိုယ့်ကိုကိုယ် မှတ်ယူကြ ။"
လက်ထောက်ခေါင်းဆောင်ရှန်းက အလုပ်ကိစ္စနဲ့ ပတ်သတ်ရင် အတော်လေး တိကျပြတ်သားလွန်းပုံ ရတယ်ဗျ ။ ဒါပေမဲ့လည်း သိသာတာ တစ်ခုကတော့ သူက ကျုပ်တို့အပေါ်မှာ အစောပိုင်းကလောက် မအေးစက်တော့ဘူး ။
" ဟုတ်ပြီ ။ နောက်ဆုံးတစ်ခု ။ ငါမင်းတို့ရဲ့ ရည်မှန်းချက်ကို သိချင်တယ် ။ ယောကျာ်းတွေဆိုတာ သူတို့ရဲ့ နိုင်ငံအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းပြီး မိန်းမတွေကတော့ ကောင်းကင်တစ်ဝက်ကို ထမ်းရတယ်တဲ့ ။ ဒါကြောင့် ငါက ငါ့ရဲ့ လက်အောက်ကလူတွေကို ငကြောက်တွေ မဖြစ်စေချင်ဘူး ။ ငါပြောတာ ရှင်းလား "
လက်ထောက်ခေါင်းဆောင်ရှန်းကတော့ လက်ထောက်ခေါင်းဆောင်ရှန်းပါပဲ ။ သူက လူနားမလည်တဲ့ စကားတွေကိုပြောပြီး လူတွေကို အလွယ်တကူ ထိတ်လန့်သွားစေတယ် ။ သူက သူပြောတာကို တခြားလူတွေ နားလည်လား၊မလည်ဘူးလား ဆိုတာကို ဂရုစိုက်ပုံ မရဘူးဗျ ။
Lord Zen