← Chapters

အခန်း ၁၇

Vol. 2 Ch. 17

အခန်း ၁၇

Vol. 2 Ch. 17

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဥ် ၂ အပိုင်း ၁၇

" မင်းဖေဟန် "

နောက်ဆုံးတော့ ကျုပ်ရဲ့ အလှည့် ရောက်လာပြီဗျ ။

" မင်းရဲ့ ရည်မှန်းချက်ကကော"

ရှန်းယိရန်က မေးလာတယ် ။

ကျုပ်က အချိန် လုံးဝ ဆွဲမနေဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ဆက်တိုက် ဖြေပစ်လိုက်တယ် ။

" တိုင်းပြည်အတွက် အရိုးကျေကျေ အရေခန်းခန်း တာဝန်ထမ်းဆောင်ပြီး လက်ထောက်ခေါင်းဆောင်ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်ဖို့ပါဗျ "

ကျုပ်စကားကြားပြီးနောက် ဘေးနားမှာ ရပ်နေတဲ့ ကလေးနှစ်ယောက်က ကျုပ်ကို အထင်သေးသလို၊ အံ့ဩသလို အကြည့်တွေနဲ့ လှမ်းကြည့်လာကြတယ် ။

ထွီ.......သွားစမ်းပါ ။

မင်းတို့လို အရှုံးသမား နှစ်ကောင်က ငါ့ကို အထင်သေးနိုင်တဲ့ အဆင့်မှာ ရှိလို့လား ။

မင်းတို့နှစ်ကောင်ရဲ့ သောက်တလွဲ အဖြေတွေကြောင့် ငါ့ရဲ့ အချောင်နေ၊အချောင်စား ဘဝအိပ်မက်လေး ပျက်တော့မလို ဖြစ်သွားတာကွ ။ကံလေးနည်းနည်းသာ မကောင်းရင် ငါ့ရဲ့ ရွှေလက်ဆေးထားတဲ့ ဘဝကိုတောင် လက်ပြနှုတ်ရတော့မှာ ။

ကျုပ်အဖြေကို ကြားပြီးတဲ့ နောက်မှာတော့ အစ်မကြီးရှန်းက ချီးကျူးတဲ့ အမူအယာနဲ့ ကြည့်လာတယ် ။

" ငါမင်းပြောတာကို သဘောကျတယ်"ဆိုတဲ့ ပုံနဲ့ပေါ့ ။ ပြီးမှ

" ဖေးဟန်မှာက ထူးထူးခြားခြား ဘာအားသာချက်မှ မရှိဘူး ။ဒါပေမဲ့ သူက သိုင်းလောက အတွေ့အကြုံကော ၊လူ့ဘဝအတွေ့အကြုံမှာပါ မင်းတို့ထက် ရင့်ကျက်တယ် ။ မင်းတို့နှစ်ယောက် သူ့ဆီကနေ သင်ယူသင့်တယ် ။ ဟုတ်ပြီ..... အခုကစပြီး မင်းတို့သုံးယောက်က တွဲဖက်တွေပဲ ။ သည်တော့ အချင်းချင်း ကူညီဖေးမကြ ။ နားလည်ပြီလား "

အစ်မကြီးရှန်းက ကျုပ်ကို ချီးကျူးနေတာလား ၊ ကဲ့ရဲ့နေတာလားဆိုတာ ကျုပ်တကယ် နားမလည်နိုင်တော့ဘူး ။

" နားလည်ပါပြီ "

" နားလည်ပါပြီ "

သကောင့်သား နှစ်ကောင်က သံပြိုင် အော်လိုက်ပြီး ကျုပ်ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်လာတယ် ။

မအေပေးနှစ်ကောင်....... မင်းတို့နှစ်ကောင်ကြောင့် ငါက အစ်မကြီးရှန်းကို မျက်နှာချို သွေးနေရတာကွ ။

အဲသည်နောက်မှာတော့ အစ်မကြီးရှန်းက ပျင်းကြောတစ်ချက် ဆန့်တယ် ။ ပြီးတော့ လက်ခုပ် တီးပြီး ကျူပ်တို့ရဲ့ အကြည့်ချင်း အားပြိုင်နေတဲ့ တိုက်ပွဲကို ဖျက်ဆီးပစ်လိုက်တယ် ။

"ကောင်းပြီ..... ကောင်းပြီ....တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြတာတွေကို ရပ်လိုက်တော့ ။ နောင်ကျရင် အဲလို ကြည့်ဖို့ အချိန်တွေ အများကြီး ရှိသေးတယ် "

ကျုပ်ဝန်မခံချင်လည်း ဝန်ခံရမှာပဲ ။အစ်မကြီးရှန်း ပျင်းကြော ဆန့်လိုက်တဲ့အချိန်မှာ ပေါ်လာတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းက ကျုပ်ကို အသက်ရှု ရပ်သွားစေတယ် ။ အထူးသဖြင့် သူခါးဆန့်လိုက်တဲ့အချိန်မှာ ပေါ်ထွက်လာတဲ့ သူ့ရဲ့ ရွှေရင်တစ်စုံကြောင့် ကျုပ်နှာခေါင်းသွေးတွေ လျှံတက်လာမတတ်ဘဲ ။

ခင်ဗျားတို့လည်း သိတယ် မဟုတ်လားဗျ ။ ဆန့်ကျင်ဘက်လိင်ရဲ့ ရင်သားကို ကြည့်တာက ယောကျာ်းတွေကို အသက်ရှည်စေတယ် ဆိုတာကိုလေဗျာ ။

ဟီး....ဟီး..... သည်တော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ဘဲ နည်းနည်းပါးပါး ခိုးကြည့်လိုက်ရတာပေါ့ ။

ရှန်းယိရန်က ကျုပ်ခိုးကြည့်နေတာကို သတိမထားမိတဲ့ပုံနဲ့ ဆက်ပြောတယ် ။

" အစောပိုင်းက ငါပြောခဲ့သလိုပဲ ။သည်တစ်ခေါက် လူသစ်ခေါ်ယူရတဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က လျူရှန်းမန်ရဲ့ အင်အားကို တိုးချဲ့ဖို့နဲ့ အရှင်မင်းကြီးရှေ့မှာ ငါတို့ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ပဲ "

စကားပြောနေရင်း ရှန်းယိရန်က သူ့ရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံနဲ့ ကျုပ်တို့သုံးယောက်ကို တစ်ချက် အကဲခတ်တယ် ။ ပြီးမှ

" အခုလက်ရှိ ဧကရာဇ်ရဲ့ဘေးမှာ တိုက်ခိုက်ရေး စွမ်းအားပေါ်မူတည်ပြီး အဓိက အဖွဲ့အစည်း သုံးခု ရှိတယ် ။ပထမက ချီလင် ကိုယ်ရံတော်တပ် ၊ ဒုတိယက ဘုရင့်ခါးပိုက်ဆောင် နန်းတွင်းကိုယ်ရံတော်တပ် နဲ့ နောက်ဆုံး ငါတို့ လျူရှန်းမန်ပဲ "

" ယန်ရှီစန်း အာဏာရှိနေတဲ့ အချိန် မဟုတ်သေးဘူး ။ အဲသည်အချိန် မတိုင်ခင်ကတည်းက ငါတို့သုံးဖွဲ့က ဧကရာဇ်မင်းကြီးရဲ့ မျက်နှာသာပေးမှုရအောင် ၊ နန်းတွင်းညီလာခံထဲမှာ ထောက်ခံအားပေးမှုရအောင် နဲ့ သိုင်းလောကထဲက အရင်းအမြစ်တွေကို ချုပ်ကိုင်ခွင့်ရအောင် အားပြိုင်လာခဲ့ကြတာ ။ အပြိုင်အဆိုင် လှည့်ကွက်တွေ၊ ဖိအားတွေ၊ တိုက်ပွဲတွေကလည်း အမြဲရှိနေခဲ့တယ် ။ တစ်ဖွဲ့ဖွဲ့က ကျန်နှစ်ဖွဲ့ထက် အားကောင်းသွားတဲ့ အချိန်တွေ ရှိခဲ့ပေမယ့်လည်း တကယ့် တကယ်တမ်းမှာ ဘယ်အဖွဲဲ့ကမှ မျှခြေကို မဖျက်ဆီးနိုင်ခဲ့ကြဘူး "

ရှန်းယိရန်ရဲ့ စကားက မမှားဘူးဗျ ။

ယန်ရှီစန်း လက်ထက်မှာ လျူရှန်းမန်က နာမည်ကျော်တယ် ၊ အကြောက်တရားကင်းတယ် ၊ ပြိုင်ဘက်ကင်းတယ် ။ အဲသည်အခြေအနေမှာတောင်မှ လျူရှန်းမန်ဟာ ချီလင် ကိုယ်ရံတော်တပ် နဲ့ နန်းတွင်းကိုယ်ရံတော်တပ်ကို နန်းတွင်းညီလာခံကနေ ထုတ်မပစ်နိုင်ခဲ့ဘူး ။

ယန်ရှီစန်း အာဏာကျသွားပြီးတဲ့နောက်မှာ လျူရှန်းမန်က သိသိသာသာ တိတ်ဆိတ်သွားတယ် ။ ချီလင် ကိုယ်ရံတော်တပ်ကို သိသိသာသာ တောက်ပခွင့် ပေးလိုက်ရတယ် ။ ဒါပေမဲ့လည်း အဲသည်အခြေအနေမှာတောင်မှ လျူရှန်းမန်ဟာ နန်းတွင်းမှာ ကုပ်ကပ်ပြီး ရှိနေဆဲပဲ ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ ။ နောက်ဆုံးမှာတော့ အရာအားလုံးဟာ ဧကရာဇ် ဘုရင်မင်းမြတ်ရဲ့ အလိုတော်ကျအတိုင်း ရှိနေရတာပဲ မဟုတ်လား ။

အရှင်မင်းကြီးက မျှခြေဆိုတဲ့ သဘောတရားကို ကောင်းကောင်းကြီး နားလည်တယ် ။သူ့ လက်အောက်က ဘယ်သူ့ကိုမှ လိုတာထက်ပိုပြီး

တောက်ပခွင့် မပေးဘူး ။ တကယ်လို့ တစ်ယောက်ယောက်က ချွန်ထွက်လာပြီး သူ့ရဲ့ အာဏာ နဲ့ လုပ်ပိုင်ခွင့်ကို ထိပါးလာပြီဆိုရင် သူက မျှခြေကို ရအောင် ပြန်ထိန်းချုပ်တယ် ။

အဲသည်အတွက်ကြောင့်လည်း ယန်ရှီစန်း ပြုတ်သွားတာတောင်မှ လျူရှန်းမန်က ကျန်ရစ်ခဲ့တာပဲ။ ဧကရာဇ် ဘုရင်မင်းမြတ်က ရှိစေချင်သေးမှတော့ လျူရှန်းမန်ဟာ တစ်ချိန်မှာ အရင်က ဂုဏ်ကျက်သရေ နဲ့ အောင်မြင်ကျော်ကြားမှုတွေကို ပြန်လည် ရယူနိုင်မယ်ဆိုတာ ယုံမှားသံသယ ဝင်ဖို့ မလိုဘူး ။ သူတို့က နန်းတွင်း ကောင်းကင်ယံမှာ တဖန် ပြန်လည် တောက်ပလာကြဦးမှာ ။

ရှန်းယိရန်က သူ့ရဲ ရည်မှန်းချက် နဲ့ ပန်းတိုင်တွေကို ဆက်ပြီး ပြောပြတယ်ဗျ ။ဒါပေမဲ့ ကျုပ်ကတော့ သည်ဘက်နားကဝင် ၊ ဟိုဘက်နားကထွက်ပဲ ။ ကျုပ်က သူ့ရဲ့ မို့မောက်နေတဲ့ တောင်ပူစာ နှစ်လုံးကိုပဲ ကြည့်နေမိတယ် ။ပြီးတော့ ကြည့်နေရင်းနဲ့ ဂိုဏ်းတူဒေါ်လေးရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ယှဥ်ထိုးကြည့်မိတယ် ။

ဟူး.......စိစစ်အကဲဖြတ်ရတာ တကယ် မလွယ်ဘူးဗျ ။ နှစ်ယောက်စလုံးက သူမသာ၊ကိုယ်မသာတွေဘဲ ။ အလုံးအဝန်း ၊ အမို့အမောက်တွေက လုံးဝ ဘက်ညီနေကြတာ ။

" မင်းဖေးဟန်..... မင်းဖေးဟန်......."

"ဟေး...... ငါမင်းကို ခေါ်နေတာ အကြိမ်တစ်ရာလောက် ရှိနေပြီ "

" ဗျာ.... ဗျာ...."

" ငါမင်းကို မေးနေတာ...... ဘယ်သူက ရာထူး ပိုကြီးလဲလို့ "

ကျုပ်က စိစစ်အကဲဖြတ်မှုထဲမှာ အတော်လေး စျာန်ဝင်သွားပုံရတယ် ။ ရှန်းယိရန် ဘာမေးနေလဲ ဆိုတာကိုတောင် မသိလိုက်ဘူး ။ ဒါပေမဲ့လည်း ကျုပ်က ချောလဲရောထိုင်လုပ်ပြီး အမြန် ပြန်ဖြေလိုက်တယ် ။

"သေချာပေါက် လက်ထောက်ခေါင်းဆောင်ပါ "

" မင်းဘာတွေ ပြောနေတာလဲ"

အစ်မကြီးရှန်းက ကျုပ်အဖြေကြောင့် ဒေါသ ထွက်မသွားဘူးဗျ ။ လုံးဝတည်တည်ငြိမ်ငြိမ်ပဲ ။

" ငါမေးနေတာက မင်းနဲ့ သူရဲကောင်း လျန်ကျူးယွဲ့ကျင်းမှာ ဘယ်သူက ဝါစဥ်ပိုကြီးလဲ မေးနေတာ "

" သြော်.....လက်ထောက်ခေါင်းဆောင်က ရှောင်လျူဇီအကြောင်း မေးတာလားဗျ ။ သူက ကျွန်တော့် ဂိုဏ်းတူညီလေးပါ"

သေစမ်း.......

ကျုပ်ကတော့ မပြောသင့်တာကို ယောင်ပြီး ပြောမိလိုက်ပြီဗျို့ ။

ထုံးစံအတိုင်း ဟိုသကောင့်သား နှစ်ကောင်ကတော့ ကျုပ်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်လာကြပြီဗျ ။ စုရှောင်ဆို မျက်နှာ လုံးဝ

မလွှဲဘဲ မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး ကျုပ်ကို ကြည့်နေတာ ။

ခဏကြာတော့ ထန်ယီက ဘယ်လိုမှ အောင့်မထားနိုင်တော့တဲ့ပုံနဲ့ ကျုပ်ကို တိုက်ရိုက် မေးလာတယ် ။

" လျန်ကျူးယွဲ့ကျင်းဆိုတာက သံမဏိဓားစာစောင်ရဲ့ နဂါး ၁၇ကောင်ထဲကလူနော် ။ သူက လက်ရှိ လူငယ်မျိုးဆက်ထဲမှာ အထူးချွန်ဆုံး ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်ခံထားရတာ ။ အဲဒါကို ခင်ဗျားက သူ့ကို ရှောင်လျူဇီလို့ ခေါ်တယ်ပေါ့ ...."

ကြည့်ရတာတော့ ရှောင်လျူဇီက ကျုပ်တောင်မသိလိုက်ဘဲ သိုင်းလောကမှာ အဆင့်တစ်ခုအထိ ရောက်နေပြီ ထင်ပါရဲ့ ။

သူတို့သုံးယောက်လုံးက ရှောင်လျူဇီနဲ့ ပတ်သက်ပြီး အတည်ကြီးတွေ လုပ်နေကြတာဗျ ။ သူတို့က ကျုပ်ရဲ့အဖြေကို စိတ်ဝင်တစားနဲ့ စောင့်နေကြတာ ။

အဲသည်အတွက် ကျုပ်က တစ်ချက် ရယ်ပြီး ပြန်ဖြေလိုက်တယ် ။

" မင်းတို့ တစ်ခုခု အထင်လွဲနေကြပြီထင်တယ် ။ ငါ့ရဲ့ဆရာက သူတော်စင်ဝူရှန်း ၊ ငါ့ရဲ့ ဂိုဏ်းတူညီလေး ဆရာက တာ့လျိုတောင်သခင် ။ သည်တော့ ငါက သူ့ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ ။ ငါက သူ့ထက် နှစ်လေးနည်းနည်းစောပြီး ဂိုဏ်းထဲ ဝင်နိုင်ခဲ့ရုံပဲ ရှိတာပါ "

သူတို့ရဲ့ သံသယတွေ လျော့ကျသွားတာ မြင်တော့ ကျုပ်က ဆက်ပြောလိုက်တယ် ။

" ဒါနဲ့ သည်အကြောင်းကို ဘာလို့ သည်လောက် စိတ်ဝင်စားနေကြတာလဲ "

ရှန်းယိရန်က ကျုပ်ကိုကြည့်ပြီး ပြောတယ် ။

" ငါအစောပိုင်းက ပြောတာကို မင်းဘာမှ မကြားလိုက်ဘူးလား ။ ငါပြောတာက မင်းရဲ့ သိုင်းပညာ စုတ်လွန်းလို့ ဂိုဏ်းတူညီအစ်ကိုဆီကနေ တစ်ကွက်၊နှစ်ကွက် သင်လိုက်ဦးလို့ ပြောတာ ။ အဲသည်ကနေပြီး လျန်ကျုးယွဲ့ကျင်းအကြောင်း ရောက်သွားတာ "

အိုး....... သည်လိုလား ....ကျုပ်သိပြီ ။

ဒါပေမဲ့ အစ်မကြီးရှန်းက ကျုပ်ရဲ့သိုင်းပညာကို စုတ်လွန်းတယ်လို့ ပြောလိုက်သလားလို့ ။

ကျုပ်ရဲ့ သိုင်းပညာက ဘယ်တုန်းက စုတ်နေလို့လဲ.....

ကျုပ်က လက်ရှိသိုင်းလောကမှာ.......

ဟူး..... စုတ်တယ်ဆိုလည်း စုတ်တယ်ပေါ့....

ထားလိုက်ပါတော့..........

" ကဲ........ သည်နေ့အတွက်ကတော့ သည်လောက်ပဲ ။ ယန်လင်း နဲ့ ရှောင်ဟန်.....မင်းတို့နှစ်ယောက် သွားလို့ရပြီ ။ မင်းဖေးဟန်......မင်းနေခဲ့ "

အန်.... ကျုပ်တစ်ယောက်တည်းပဲလား.......

ဟိုသကောင့်သား နှစ်ကောင်ကတော့ ရှန်းယိရန်ရဲ့ ခွင့်ပြုချက်ကို ရပြီးတာနဲ့ တစ်ပြိုင်နက် နောက်ကိုတောင် လှည့်မကြည့်ဘဲ တန်းထွက်သွားကြတယ် ။

သည်လိုနဲ့ပဲ အခန်းထဲမှာ ကျုပ် နဲ့ ရှန်းယိရန်တို့ပဲ ကျန်ခဲ့ကြတော့တာပေါ့ ။

တိတ်ဆိတ်နေပြီ အပြင်လူ ဘယ်သူမှ မရှိတဲ့ အခန်းတစ်ခန်း.....

အဲသည်အခန်းထဲမှာ ရှိနေတာက ရင်သားထွားထွား အထက်လူကြီး နဲ့ သွေးသားအားကောင်းတဲ့ အသက်၂၈နှစ်အရွယ် လက်အောက်ငယ်သား ......

တိုးညှင်းတဲ့ အသက်ရှုသံတွေက ပတ်ဝန်းကျင် တစ်ခုလုံးကို အပြာရောင် ဆိုးနေသယောင်ယောင်.......

အဟမ်း......အဟမ်း.....

တကယ်လို့ ခင်ဗျားတို့ ဖတ်ချင်ရင် ကျုပ် နောက်ထပ် စာစဥ်တစ်ခု သီးသန့် ရေးပေးမယ်ဗျ ။ အခုတော့ သည်စာစဥ်ပဲ ဖတ်ပါဦး ။

ကျုပ်က စိတ်ထဲကနေပြီး ကိုယ့်ကိုကိုယ် အားပေးလိုက်တယ် ။

" လက်ထောက်ခေါင်းဆောင်ရှန်းက ဟိုနှစ်ကောင်ကို မယုံကြည်လို့ ငါ့ကို သီးသန့်ခေါ်ပြီး ဆွေးနွေးမလို့ နေမှာပါ "

ဟား.....ဟား.... သောက်ကလေးနှစ်ကောင်....

လောကမှာ ရုပ်ချောနေရုံနဲ့ အရာရာ မပြီးဘူးကွ ။ အရည်အချင်းကလည်း စကား ပြောသေးတယ် ။

အတွေးဆုံးတာနဲ့ တစ်ပြိုင်နက် ကျုပ်က ခါးကို ကိုင်းပြီး တိုးတိုးလေး ပြောလိုက်တယ် ။

" လက်ထောက် ခေါင်းဆောင်.... ကျွန်တော့်ကို သီးသန့် မှာကြားချင်တာများ ရှိနေတာလားဗျ "

ရှန်းယိရန်ကလည်း ခပ်တိုးတိုးပဲ ပြန်ပြောတယ် ။

" ငါရဲ့ ရင်သားတွေကို ကြည့်ရတာ နင့်အတွက် အဆင်ပြေရဲ့လား "

ဂျိန်း.......

နွေလယ်ခေါင်မှာ ခေါင်းပေါ်တည့်တည့် မိုးကြိုး ပစ်ချတာ ခံလိုက်ရတာများလား......

လခွီးပဲ..... ငါတော့ သေပဟ.......

ကျုပ်တစ်ကိုယ်လုံးက အကြောက်တရားကြောင့် ချွေးတွေ ရွှဲရွှဲစိုလာတယ် ။

အစ်မကြီးရှန်းက သည်ကိစ္စကို အတည်ကြီး လုပ်လိမ့်မယ်လို့ ကျုပ်လုံးဝ မထင်ထားမိဘူး ။ ပြီးတော့ ကျုပ်က နည်းနည်းပါးပါးပဲ ခိုးကြည့်မိတာလေဗျာ ။

ကျုပ်က ဘာမှ မဖြေနိုင်ဘဲ မျက်နှာငယ်လေးနဲ့ ရှန်းယိရန်ကို ကြည့်လိုက်တယ် ။

ရှန်းယိရန်က ချစ်စဖွယ် ပြုံးပြီး ထပ်မေးလာတယ် ။

" ပြောလေ....ငါနားထောင်နေတယ် ။ အစောပိုင်းက ငါ့ရဲ့ အတိုင်းအထွာကို နင်တွက်နေတာ မဟုတ်လား "

ကျုပ်ဘာတတ်နိုင်တော့မှာလဲဗျာ ။ အံကို တင်းတင်းကျိတ်ပြီး ခေါင်းညိတ်ပြရုံပဲ ရှိတော့တာပေါ့ ။

" ဟုတ် "

ဒါပေမဲ့ အဲဒါက အဆုံးသတ် မဟုတ်သေးဘူးဗျ ။ ရှန်းယိရန်က နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး ညှို့ငင်ဆွဲဆောင်အား အပြည့်နဲ့ ကျုပ်ကို ထပ်မေးလာပြန်တယ် ။

" အိုး....ပြောကြည့်ပါဦး.....ငါ့ရဲ့ ခန္ဓာကိုယ် ဘယ်အပိုင်းကို နင်တွက်ချက်နေတာလဲလို့ "

သေစမ်း..... ဒါကြီးက ထောင်ချောက်ကြီး..... သေချာပေါက် ထောင်ချောက်ကြီးဟ ။

တကယ်လို့ သည်မေးခွန်းကိုသာ ဖြေလိုက်မယ်ဆိုရင် ကျုပ်သေချာပေါက် ဒုက္ခ ရောက်သွားနိုင်တယ်ဆိုတာ အသိသာကြီး.......

ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲဗျ ။

အံကို တင်းတင်းကျိတ်ပြီး ဖြေရုံပဲ ရှိတာပဲ ။

" လက်ထောက်ခေါင်းဆောင်ရဲ့ ရင်....ရင်သား "

အံသြစရာ ကောင်းတာက ရှန်းယိရန်က ဒေါသ ထွက်တဲ့ပုံ လုံးဝ မပြဘူးဗျ ။ သူက နူးနူးညံ့ညံ့ ရယ်ပြီး ကျုပ်ကို ပြန်တောင် မေးလာသေးတယ် ။

" အဲဒါက ကြည့်လို့ကောင်းလား"

ဒိန်း......

ကျုပ်ရဲ့နှလုံးသွေးက ဆောင့်ပြီး ထိုးတက်သွားတယ် ။ အသက်ရှုရတာကလည်း မမှန်တော့သလိုပဲ ။

အစ်မကြီးရှန်း...... ကျွန်တော့်ကို ဆော့ကစား မနေပါနဲ့တော့ဗျာ ။ ကျွန်တော့်ရဲ့ ဥတွေကို ကန်ခွဲမယ် ဆိုရင်လည်း တစ်ခါတည်း ကန်ခွဲလိုက်ပါတော့ ။

ကျုပ်က အံကို နောက်ထပ်တစ်ခါ တင်းတင်းကျိတ်ပြီး ဖြေလိုက်တယ် ။

" ကောင်းပါတယ်"

စကားဆုံးတဲ့နောက်မှာတော့ ကျုပ်က မျက်စိကို မှိတ်ပြီး ပေါင်ကို မသိမသာလေး ကွပေးလိုက်တယ် ။

ဥကလေးရယ် အမျှ...အမျှ....အမျှကွာ.....

ဒါပေမဲ့လည်း အံ့သြစရာက ကျုပ်ရဲ့ ဖွားဖက်တော် ညီလေးဆီကို ဘာတိုက်ခိုက်မှုမှ ရောက်မလာဘူးဗျ ။ အဲသည်အစား ရှန်းယိရန်က ဘီးတစ်ချောင်းနဲ့ သူ့ဆံပင်တွေကို ဖြီးသင်နေတယ် ။

" နင်က ယောကျာ်းတစ်ယောက် မဟုတ်ဘူးလား ။ လုပ်ရင် လုပ်တယ်ပေါ့ ။ ဒါလေးပဲလေ ။ ဘာလို့ ဝန်ခံရမှာ ကြောက်နေတာလဲ ။ ငါကနင့်ကို ကိုက်စားမှာမလို့လား "

အိုး..... မိုးနတ်မင်းကြီးရေ.....

ကျုပ်တကယ် အရိုက်မခံရဘူးပေါ့နော် ။

အစ်မကြီးရှန်း...... ကျုပ်သည်နေ့ကစပြီး အစ်မကြီးကို ပူဇော်ပါမယ် ..... ပသပါမယ် ။

အစ်မကြီးရဲ့ ရင်သားအလှ အလှူက ကြီးမြတ်လွန်းလှပါတယ်ဗျာ ။ ဒါက အမျိုးသားတွေအတွက် နိုင်ငံ့ရတနာ တစ်ပါးဗျ.....ဟား....ဟား....ဟား.....

ကျုပ်က ပြုံးပြုံးကြီး မျက်စိ အစာကျွေးရင်းနဲ့ ရှန်းယိရန်ရဲ့ မွန်မြတ်လှတဲ့ အလှူကို အနုမောဒနာ ပြုနေမိတယ် ။

ဝှီး......

အဲသည်အချိန်မှာပဲ လေးထောင့် အပြား တစ်ခုက ကျုပ်မျက်လုံး မြင်ကွင်းကို လာကွယ်တယ်ဗျ ။

မှန်းစမ်း..... အဲဒါက အစ်မကြီးရှန်းရဲ့ စားပွဲပေါ်က မင်သွေးတဲ့ ကျောက်ပြား မဟုတ်ဘူးလား ။

ဘန်း......

အဲသည်မင်သွေးကျောက်ပြား ပုံရိပ်က ကျုပ်မျက်လုံးထဲမှာ တဖြည်းဖြည်း ကွီးလာပွိီး ကျုပ်မျက်နှာကို လာမှန်တယ်ဗျ ။

" စိတ်မကောင်းပါဘူး...... ကံမကောင်းစွာနဲ့ ငါ့ရဲ့ ကိုယ်စောင့်နတ်က မင်းကို ရိုက်နှက်ဖို့ တိုက်တွန်းနေတယ် "

တကယ်ကို ဘုရားစူး လက်မြန်လွန်းတဲ့ အစ်မကြီးရှန်းပါပဲဗျာ ။ ကျုပ်အနေနဲ့ ဘယ်လိုမှကို ရှောင်ချိန် မရလိုက်ဘူးဗျ ။ မျက်နှာကြီးတည့်တည့် ပစ်မှန်တော့တာပဲ ။

အဲသည်နောက်မှာ သူက မျက်နှာလေးအုပ်ပြီး ငိုင်နေတဲ့ ကျုပ်ကို ထပ်ပြောတယ် ။

"ဒါပေမဲ့ မင်းက အတော်လေး ရိုးသားသူပဲ ။ ငါက မိန်းမတစ်ယောက်ကို အရသာခံကြည့်ပြီး ဝန်မခံတတ်တဲ့ ယောကျာ်းတွေကိုဆိုရင် မျိုးဆက်ပြတ်အောင် ကန်ပစ်ချင်တာ ။ ယောကျာ်းတစ်ယောက်က သူလုပ်ထားတဲ့ အလုပ်တစ်ခုကို ဝန်မခံရဲရင် ဘာလို့ ယောကျာ်း လုပ်နေဦးမှာလဲ ။ မိန်းမစိုးပဲ လုပ်ပေါ့ "

ဟုတ်ကဲ့..... အခုလို လျော့ပေါ့ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ရှိပါတယ် အစ်မကြီးရှန်းရေ........

နောင်လည်း အခုလို လျော့ပေါ့ပေးပါဦး ။

" မင်းသွားလို့ရပြီ ။ ဒါနဲ့ တစ်ချိန်လုံး မကောင်းတာတွေပဲ တွေးနေတဲ့ မင်းရဲ့စိတ်ကို ပြင်ဆင် ။ ကြားလား "

" ဟုတ်ကဲ့ပါ....သည်နေ့ကစပြီး ကျွန်တော် စိတ်အသစ်၊လူအသစ်နဲ့ ကြိုးစား နေထိုင်သွားပါ့မယ် "

ကျုပ်က အသံပြဲကြီးနဲ့ အော်ပြီး ကတိ ပေးလိုက်တယ် ။

"ကောင်းတယ်"

အဲသည်နောက်မှာ အစ်မကြီးရှန်းက ပခုံးကို ထုပြီး ညည်းညူလိုက်တယ် ။

" ဟူး...... ပင်ပန်းလိုက်တာ.... ဘယ်လိုတောင် အလုပ်များတဲ့ နေ့ပါလိမ့် "

တကယ်တော့ ထွက်သွားလိုက်ရင် ပြီးနေပြီဗျာ ။ဒါပေမဲ့ အစ်မကြီးရှန်းရဲ့ ညည်းညူသံကို ကြားလိုက်ရတော့ ကျုပ်ရဲ့ ပါးစပ်က မနေနိုင်တော့ဘူး ။ အရိုက်ခံချင်စိတ်တွေကလည်း တဖွားဖွား ဖြစ်လာတယ် ။အဲသည်တော့ ဝင်ပြီး အာချောင်မိလိုက်တာပေါ့ ။

" လက်ထောက်ခေါင်းဆောင် ပင်ပန်းတာက ဖြစ်သင့်ပါတယ် ။ လက်ထောက်ခေါင်းဆောင် သယ်ထားရတဲ့ ဝန်ကလည်း နည်းတာကြီးမှ မဟုတ်တာ "

" နင့်မေကြီးတော်ကို ဝန်ပါလား "

ဘန်း......

နောက်ထပ် မင်သွေးကျောက်ပြား တစ်ခုက ကျုပ်ရဲ့ မျက်နှာကို လာမှန်ပြန်တယ်ဗျ ။

Lord. Zen

( ရှောင်လျူဇီ ဆိုတာ နံပါတ်ခြောက်လေး... နံပတ်ခြောက် အသေးလေး ဆိုပြီး ချစ်စနိုး ခေါ်တဲ့ နာမည် ။ အထူးသဖြင့် လူကြီးတွေက ကလေးတွေကို ခေါ်တဲ့အခါမျိုးမှာ သုံးတာ ဖြစ်ပါတယ် ။ )

All Chapters