အခန်း ၂၂
Vol. 3 Ch. 22
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း ၂၂
ဓားမော့ကိုင် လူငယ်လေး
" စုရှောင်.....ဟိုဘက်သွားပြီး.... အခြေအနေ တစ်ချက် သွားကြည့်လိုက် ။ လန်ကျွင်းကျူးခုံ အကြောင်းကိုတော့ သတင်း အချက်အလက် တချို့ ရပြီးမှ ဆက်ပြောကြတာပေါ့ "
" ဟုတ်ကဲ့.... ဒါပေမဲ့ အစ်ကိုမင်း ..... သည်လူရမ်းကားကောင်ကို စကားနဲ့ အရင် တရားချကြည့်ပါလား "
ကျုပ်က ဘာမှ ဆက်မပြောတော့ဘူး ။ မျက်နှာသေကြီးနဲ့ပဲ စုရှောင်ကို ကြည့်နေလိုက်တော့တယ် ။
အဲဒါမှပဲ စုရှောင်က မျက်တောင်လေး ပုတ်ခတ်၊ပုတ်ခတ်နဲ့ ထွက်သွားတယ် ။
" ကျွန်တော် ဟိုဘက် တစ်ချက်သွားပြီး သတင်းလေးဘာလေး ရလိုရငြား သွားကြည့်လိုက်ဦးမယ် "
" အေး...အေး....အေး....အေးဆေး သွားနော် ။ မလောနဲ့ ။ ကဲ...... လူကြီးမင်း.... ကျုပ်တို့လည်း စကားလေးဘာလေး ပြောကြတာပေါ့ ဟင်း...ဟင်း....."
ကျုပ်က ဘာမှတောင် မခြိမ်းခြောက်ရသေးဘူး ။ " မတစ်ထောင် တစ်ကောင်ဘွား လောကနံပါတ်တစ် လူရမ်းကား" ဆိုတဲ့ကောင်က သွားအဖြီးသားနဲ့ ဖြောင့်ချက် ပေးလာတယ်ဗျ ။
" အစ်ကိုကြီး.... ညီအစ်ကို အချင်းချင်းတွေပဲ .....ယောကျာ်းပီပီသသ စကားနဲ့ပဲ ရှင်းကြတာပေါ့ ။ အားမနာပါနဲ့ ။ အစ်ကိုကြီး ကြိုက်တာ ညီလေးကို မေးလေ ။ ညီလေး သိသလောက် အားလုံးကို ဖြေပေးမယ် "
" ဘာ..... မိန်းမလား..... ကျွန်တော့်မှာ မရှိပါဘူးဗျာ ။ ဟီး.....ဟီး..... ကျွန်တော်လည်း မယူချင်ပါဘူး ။ ဝမ်မိသားစုက သမီးပျိုလေးကိုလည်း ပြန်ပို့ပေးမလို့ စဥ်းစားနေတာပါ "
" လျော်ကြေးလား..... ပေးမှာပေါ့ဗျာ ။ ကျွန်တော့်ရဲ့ ဘောင်းဘီပါမကျန် ရောင်းရမယ် ဆိုရင်တောင်မှ ဝမ်မိသားစု ကျေနပ်အောင် ကျွန်တော် အလျော် ပေးမှာပါ ။ အဒေါ်ကြီးလီရဲ့ ပိုက်ဆံကိုလည်း နှစ်ဆ.... မဟုတ်သေးဘူး..... သုံးဆ ပြန်ဆပ်ပါ့မယ် "
" ရွာသူကြီးရဲ့ နွားလား..... ဟီး.....ဟီး..... ကျွန်တော်က ရွာက ကာလသား အဖွဲ့ရဲ့ ကာလသားခေါင်းဆောင်လေဗျာ ။ ကျွန်တော်က ရွာကို ဘယ်သိက္ခာ အကျခံလို့ ဖြစ်မလဲ ။ အဲဒါကြောင့် ရွာသူကြီးရဲ့ နွားအိုကြီးကို နွားနောက်လေးတွေနဲ့ လဲပေးမလို့ စဥ်းစားနေတာပါ ။အင်း....ပြောရင်းနဲ့မှ ကျွန်တော့်ကို အမြဲ ကြည့်ရှုစောင့်ရှောက် ပေးခဲ့တဲ့ ရွာသူကြီးကို သတိရလာပြီဗျ "
" မဖြစ်သေးပါဘူး...... ရွာသူကြီးရဲ့ ကျေးဇူးတွေက ကျွန်တော့်အပေါ်မှာ ဆပ်လို့မကုန်အောင်များလွန်းတယ်ဗျ ။ကျွန်တော် သူ့ကို နွားနောက် ဆယ်ကောင်လောက် ပြန်ပေးမှ တော်ကာကျမယ် "
ကြည့်ရတာ ကျုပ် သည်နေ့ ကောင်းမှုကုသိုလ် တစ်ခု လုပ်လိုက်နိုင်ပုံပဲဗျ ။ ကျုပ်ရဲ့ တရားပြမှုကြောင့် သည်ဆန်ကုန်မြေလေးကောင်က ဘဝကို ဘယ်လို ဖြောင့်မတ်စွာ နေထိုင်ရမလဲ ဆိုတာကို သဘောပေါက်စ ပြုသွားပြီ မဟုတ်လား ။
ဒါတောင် ကျုပ်လက်ထဲက ဓားက သူ့ရဲ့ ပေါင်ခွကြားထဲကို ထောက်ရုံတင် ထောက်ထားရသေးတာ ။ ကျုပ်ရဲ့ နှစ်သိမ့်ဆွေးနွေး အကြံပေးနည်းဆိုတဲ့ စွမ်းရည်ကိုပါ ထုတ်သုံးလိုက်ရင် အဲသည်ကောင် လောကီဘဝကို စိတ်နာပြီး ရဟန်းဝတ်နဲ့ တောထွက်ရင်တောင် ထွက်သွားလောက်တယ်ဗျ ။.
" အင်း..... မင်းက အသိတရား ရနေပြီ ဆိုတော့လည်း ငါမင်းကို ခက်ခဲအောင် မလုပ်တော့ပါဘူး "
ကျုပ်က ဓားကို ပြန်သိမ်းလိုက်တယ် ။
ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုတာ သည်ကောင့်လို ကောင်စားမျိူး နေမယ် ။ ကျုပ်က ဓားကို ဓားအိမ်ထဲ ထည့်လိုက်ရုံရိုသေးတယ် ။ အဲသည် ခွေးသူတောင်းစားက ကျုပ်ကို ဆဲဖို့ ပြင်နေပြီဗျ ။
ကျုပ်ကလည်း လူပါးလေဗျာ ။ သည်ကောင့်ကို ပါးစပ် အဖွင့် ဘယ်ခံမလဲ ။
ကျုပ်က အဲသည်ဆန်ကုန်မြေလေးကောင်ရဲ့ ပုခုံးကို ဖွဖွလေး ပုတ်ပေးလိုက်တယ် ။
ဘုန်း....
ချက်ချင်းဆိုသလို သည်ကောင့် တစ်ကိုယ်လုံးက မြေကြီးထဲကို တစ်ပေလောက် ကျွံဝင်သွားတယ်ဗျ ။
ကြည့်ရတာ မြေကြီးက ပျော့လွန်းနေတာများလား......
ဒါမှမဟုတ် ကျုပ်လက်ဆကပဲ များသွားတာများလား .......
ဘာပဲဖြစ်ဖြစ်ပါလေ ......ထားလိုက်ပါတော့......
ဆံကောက်ကောင်ရဲ့ သတ္တိ၊ဗျတ္တိကိုတော့ တကယ် လေးစားရမယ် ။ ကျုပ်က လက်လေးနဲ့ အသာလေး ပုတ်လိုက်တာကိုဗျာ။ သူက ငရဲပြည်ကို အခေါက်နှစ်ဆယ်လောက် အသွားအပြန် လုပ်လိုက်ရသလို မျက်နှာမျိုးနဲ့ ကျုပ်ကို ကြည့်နေတယ်လေ ။ ပြီးတော့ တစ်ကိုယ်လုံးကလည်း လေဖြန်းနေတဲ့ သက်ကြားအို အဘိုးကြီးလို တဆက်ဆက် တုန်နေတာပဲဗျ ။
ကျုပ်က သူ့ကို ပြုံးပြီး ပြောလိုက်တယ် ။
" ငါမေးတာကိုပဲ ဖြေ.....ဟုတ်ပြီလား "
အဲသည်တော့မှ " မတစ်ထောင် တစ်ကောင်ဘွား လောကနံပါတ်တစ် လူရမ်းကား " ဆိုတဲ့ကောင်က စကားကို ကောင်းကောင်းမွန်မွန် ပြောတော့တယ် ။
သည်ကောင့် နာမည်က ချာပီးတဲ့ဗျ ။
အခုတော့ ကြက်ပွဲရှုံးပြီး အမွေးစုတ်ဖွား ဖြစ်နေတဲ့ တိုက်ကြက်ဖကြီးလို ရုပ်ပေါက်နေပေမယ့် တကယ်တော့ သူက ဇီးပန်းရွာရဲ့ နာမည်ကြီး မျိုးရိုးတစ်ခုက ဆင်းသက်လာတဲ့ လူတစ်ယောက်ပဲ ။
သူ့အဖေက အရင်တုန်းက နန်းတွင်းကိုယ်ရံတော်တွေနဲ့ အဆက်အသွယ် ရှိခဲ့ဖူးတယ်တဲ့ ။ ပြီးတော့ သူတို့မျိုးရိုးက စစ်သူကြီးမျိုးရိုးလို့လည်း ပြောတယ် ။
သည်ကောင့် အပြောအရဆိုရင် သူ့အဖေကြီးက သူ့သားကို နန်းတွင်းထဲ ဝင်ပြီး တိုင်းပြည်အတွက် အမှုထမ်းစေချင်လို့ " ပီ " ဆိုတဲ့ နာမည်ပေးခဲ့တာပဲ ။
ဘယ်သူက ထင်မှာလဲဗျာ.....
" တိုင်းပြည်ကို ချဲ့ထွင်မယ် " ဆိုတဲ့ "ပီ" ကို သည်ကောင်က " လူရမ်းကား ပီး " ဖြစ်အောင် လုပ်ပစ်မယ်လို့ ။
အဲသည်အပြင် သူ့မျိုးရိုးနာမည် "ချာ" ကိုတောင် "အမှိုက်ကောင်" ဆိုတဲ့ "ရှ" နဲ့ ပြောင်းပစ်လိုက်သေးတယ် ။
ဟူး.....
နောက်ကျရင် သည်ကောင့် ဘိုးဘွားသင်္ချိုင်းနား ဖြတ်သွားရင် သတိထားမှပါပဲဗျာ ။
တော်ကြာ သူ့အဖေကြီး အခေါင်းထဲက ထထွက်လာပြီး သူ့သား ခေတ်သစ် အဇာသတတ်ကို လည်ပင်းညှစ်သတ်နေရင် ကျုပ်တောင် လန့်ပြီး နှလုံးရပ်သွားနိုင်တယ် ။
ကဲ...... အာချောင်နေတာလည်း များပြီ ။ သည်တော့ ..... အဓိကကိစ္စကို ပြန်သွားကြရအောင် ။
ချာပီးရဲ့ ပြောစကားအရဆိုရင် လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက သူ့အိမ်ကို ဖိတ်မထားတဲ့ ဧည့်သည် သုံးယောက် ရောက်လာတယ်တဲ့ ။
သူတို့က သူ့အဖေနဲ့ အသက်ရှိတုန်းက မိတ်ဆွေတွေပါဆိုပြီး လန်ကျွင်းကျူးခုံက လာတာလို့ ပြောတယ် ။ အိမ်မှာ ပစ္စည်းတချို့ ခဏငှားမယ်ဆိုပြီး တောင်းတယ် ။
ဒါပေမဲ့ နောက်ဆုံးကျတော့ သူ့အိမ်တစ်ခုလုံးကို မွှေနှောက်ရှာဖွေပြီး ရက်အတော်ကြာကြာကို နေသွားတယ်တဲ့ ။
အဲဒါတင် မကသေးဘူး ။
သူတို့က သည်ကိစ္စကို သည်လောက်နဲ့ အပြီးမသတ်သေးဘူးလို့တောင် ပြောသွားသေးတယ် ။
ဟုတ်ပြီလေ......သည်နေရာမှာ ကျုပ်တို့အနေနဲ့ လူကြီးမင်း မောင်ရမ်းကားရဲ့ မြင့်မြတ်လှတဲ့ စိတ်ဓာတ် ခံယူချက် နဲ့ စရိုက်ကို မချီးကျူးလို့ကို မရတော့ဘူးဗျ ။
သည်ကောင်က အစကတော့ သူ့အိမ်ကို အပိုင် သိမ်းထားတဲ့ သိုင်းလောကက ဧည့်သည်သုံးယောက်ကို အသေကြောက်နေတာ ။ ဒါပေမဲ့ ကြာလာတော့ အဲကောင်က မဖြုံတော့ဘူး ။သည်ကောင်က နောက်ပိုင်းမှာ အကြံရလာပြီး ရွာသူ၊ရွာသားတွေကို ပေါ်ပေါ်တင်တင် အနိုင်ကျင့်တော့တယ် ။ ရွာသူ၊ရွာသားတွေကလည်း ဘာတတ်နိုင်မှာတဲ့တုန်း ။ အဲကောင်အိမ်မှာက သိုင်းသမား သုံးယောက်ကြီးတောင် ရှိနေတာ မဟုတ်လားဗျ ။
သည်လိုနဲ့ ဝမ်မိသားစုရဲ့ သမီး ၊ ဒေါ်ကြီးလီရဲ့ ငွေစနှစ်ဆယ် နဲ့ ရွာသူကြီးရဲ့ နွားသိုးတွေက အဲကောင်နောက် ပါသွားတော့တာပဲ ။
သည်ကောင်က အရှက်တရား ကင်းမဲ့မှုဆိုတာဘာလဲ ဆိုတဲ့ ပြယုဂ်ကို သက်ရှိထင်ရှား အကောင်လိုက်ကြီး ပြနေတဲ့ ကောင်ပါဗျာ ။
ဒါပေမဲ့ သူ့ရဲ့ စကားတွေထဲက တစ်ခုက ကျုပ်ကို အာရုံစိုက်သွားစေတယ် ။
" မင်းပြောတဲ့ အတိုင်းဆိုရင် အဲသည်လူတွေက သူတို့ကိုယ်သူတို့ လန်ကျွင်းကျူးခုံကပါ ဆိုပြီး ပြောတယ်ပေါ့ "
ဆန်ကုန်မြေလေးက မကြျရညျလေးဝဲပွိိီး ပြန်ဖြေတယ် ။
" ဟုတ်...... ကျွန်တော် အမှန်အတိုင်း ပြောနေတာပါဗျာ ။ ကျွန်တော် လူကြီးမင်းကို မလိမ်ရဲပါဘူး"
ကျုပ်ကလည်း သူလိမ်နေတယ်လို့ မထင်ပါဘူး ။
" ဒါနဲ့ လန်ကျွင်းကျူးခုံ ဆိုတာ ဘာလဲ ဆိုတာကော မင်းသိလား"
" မသိပါဘူးဗျ"
သူမသိဘူး ဆိုတာ ကျုပ်တွက်ထားပြီးသားပါ ။
။ တကယ်လို့ သူသာ သိမယ်ဆိုရင် အသက်ဆယ်သက် ရှိရင်တောင် လန်ကျွင်းကျူးခုံ တမန်တော်တွေရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး မိန်းကလေးတွေကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။
" သည်တော့ အခု တိုက်ခိုက်နေကြတာက ဘယ်သူတွေလဲ"
" ကျွန်တော့် အထင် သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေး အဖွဲ့က လူတွေ နေမယ်ဗျ"
" မင်းမေကြီးတော်ကို သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေး အဖွဲ့ကပါလား "
ကျုပ်က ပညာ မတတ်ပေမယ့် အပြောအဆို ရည်မွန်တဲ့ လူတစ်ယောက်ပါ ။ ဒါပေမဲ့ ချာပီးကိုတော့ ဘယ်လိုမှ ထိန်းမထားနိုင်လို့ ဆဲလိုက်မိတယ်ဗျ ။
အခုလန်ကျွင်းကျူးခုံနဲ့ တိုက်ခိုက်နေတဲ့ လူတွေဟာ သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေး အဖွဲ့က လူတွေ မဟုတ်ဘဲ ချီလင် ကိုယ်ရံတော်တပ်က လူတွေ ဖြစ်မယ်ဆိုတာ ကျုပ် ရဲရဲကြီး အာမခံတယ် ။
ချီလင် ကိုယ်ရံတော်တပ်က ကောင်တွေက မကောင်းဆိုးရွားဂိုဏ်းက ကောင်တွေကိုဆိုရင် အသေရရ ၊ အရှင်ရရ ဆိုပြီး သည်းကြီးမဲကြီးနဲ့ အားတိုင်း လိုက်ရှာနေကြတဲ့ကောင်တွေ ။ သည်တော့ အခု တိုက်ပွဲ ဖြစ်နေတာက ဘာမှ မထူးဆန်းဘူး ။
ကျုပ်က အဝေးကနေ လက်နက်ချင်းထိခတ်သံတွေကို နောက်တစ်ကြိမ် ပြန်နားထောင်လိုက်တော့ နည်းနည်း သံသယ ဝင်သွားမိတယ် ။
"မကောင်းဆိုးရွားဂိုဏ်းက သိုင်းလား.....ငါနဲ့လည်း မရင်းနှီးပါလား "
ဒါပေမဲ့လည်း.....
" သုံးနေတဲ့ အတွင်းအား ပညာကတော့ ဟွာဆန်းဂိုဏ်းက ပညာပဲ ။ ပြီးတော့ အတူတူလေ့ကျင့်ထားတာ ကြာပြီ ။ သူတို့ရဲ့ တိုက်ကွက်တွေက အတော်လေး အပေးအယူ မျှနေတယ် "
ကျုပ်က အတွင်းအား ပညာရပ်ပိုင်းမှာ အတော်လေး နှံ့စပ်တဲ့ လူတစ်ယောက်ဗျ ။အဲသည်တော့ မိစ္ဆာဂိုဏ်း အပါအဝင် တခြားဂိုဏ်း အမျိုးမျိုးရဲ့အတွင်းအား ပညာရပ်တွေကို သိတယ် ။
လန်ကျွင်းကျူးခုံရဲ့ အဖွဲ့ဝင်တွေပါလို့ ပြောတဲ့ လူသုံးယောက်က ဟွာဆန်းရဲ့ အတွင်းအား ပညာရပ်ကို သုံးနေတာဗျ ။
လူတစ်ယောက်က အတွင်းအား ပညာရပ် တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားပြီဆိုရင် သိုင်းကွက် ပေါင်းစုံကို အတုခိုးနိုင်တယ် ။ အဲသည်ထဲမှာ မကောင်းဆိုးရွားဂိုဏ်း သိုင်းပညာကလည်း ချွင်းချက် မရှိဘူး။
"အစ်ကိုကြီး ဘာပြောလိုက်တာလဲ ခင်ဗျ "
" မင်းသိစရာ မလိုဘူး"
တကယ်လို့သာ သူတို့တွေက မကောင်းဆိုးရွားဂိုဏ်းက ဆိုရင်တော့.....မိတ်ဆွေတို့ရေ .....
စုရှောင်အတွက် ဆုတောင်းပေးလိုက်ကြရအောင် .....
အဲသည် ကလေးမလေးမှာ အသက်ဆယ်သက် ပါရင်တောင် လောက်မှာ မဟုတ်ဘူးဗျ ။
အဲသည်ကောင်တွေက လူသတ်ရင် မျက်တောင်တောင် မခတ်တဲ့ကောင်တွေ ။
ဒါပေမဲ့ ဟွာဆန်းက ဆိုရင်တော့......
အင်း....... ကျုပ်က သိုင်းလောကကနေ အနား ယူပြီးပြီလေဗျာ.....ကျုပ်က ဒါတွေကို ဘာလို့ တွေးပူနေတာလဲ....
" ဟေ့ကောင်....ငါလည်ပင်း ခြောက်နေတယ် ။ ရေနွေးတစ်အိုး တည်ပေးစမ်း "
******
တိုက်ခိုက်သံတွေ ဖြစ်နေတဲ့ နေရာကို ရောက်သွားတော့ အပြာရောင် ဝတ်စုံဝတ် လူသုံးယောက် နဲ့ ပန်းပွင့်ပုံ ငွေချည်ထိုး ချိတ်ပိုးထည်
တူညီဝတ်စုံ ဝတ်ဆင်ထားတဲ့ လူသုံးယောက် တိုက်ခိုက်နေတာကို စုရှောင် တွေ့လိုက်ရတယ် ။သူတို့တွေရဲ့ လက်နက်တွေ နဲ့ လျင်မြန်မှုက စုရှောင်ထက် အသာကြီးပဲ ။
မင်းဖေးဟန်က စုရှောင်ကို အဝေးကနေ အခြေအနေ စောင့်ကြည့်ဖို့ပဲ မှာထားခဲ့တာ ။ ဒါပေမဲ့ အပြာရောင် ဝတ်စုံ အဖွဲ့က အသာစီးရတဲ့ အနေအထားကို မြင်လိုက်ရတော့ သူ ငြိမ်မနေနိုင်တော့ဘူး ။ သူက ဘယ်သူက ဘယ်ဘက်ကမှန်း မသိပေမယ့် မကောင်းဆိုးရွားဂိုဏ်း အနိုင်ရသွားမယ့် အဖြစ်ကို မလိုချင်တာတော့ အမှန်ပဲ ။
လုပ်ငန်းစဥ်အရ ဆိုရင် လူသစ်တွေက သည်လို အခြေအနေမျိုးမှာ သေချာပေါက် အထက်လူကြီးကို သွားပြီး အစီရင် ခံရမှာဗျ ။ဒါပေမဲ့လည်း ကျုပ်တို့ရဲ့ တရားမျှတမှု ကိုယ်စားလှယ်ကြီး စုရှောင်ကတော့ ရှန်းယိရန်ရဲ့ ဦးနှောက်ဆေးမှုတွေကို ကောင်းကောင်းကြီး ခံထားရတဲ့လူလေဗျာ ။
အဲသည်တော့ သူက သူရဲ့ လက်စွဲတော် ဓားမော့ကို ထုတ်ပြီး တိုက်ပွဲထဲဝင်ဖို့ ဟန်ပြင်လိုက်တယ် ။
" သည်မိစ္ဆာကောင်တွေက နေ့ခင်းကြောင်တောင်ကြီးတောင် မကောင်းမှုတွေကို ပေါ်ပေါ်တင်တင် လုပ်ရဲနေကြပြီလား "
စုရှောင်ရဲ့ ဓားမော့က စုမိသားစုရဲ့ နာမည်ကျော် အမွေခံ ရှေးဟောင်းဓားဗျ ။ အဲဒါကို ဆီးနှင်းမုန်တိုင်းဓားလို့ ခေါ်တယ် ။
သံချေးတက်နေတဲ့ ဓားသွားနဲ့ ဟောင်းနွမ်းနေတဲ့ ဓားလက်ကိုင်က သူ့ရဲ့ ထက်မြက်မှုကို ဖုံးကွယ်မထားနိုင်ဘူးဗျ ။
သည်ဓားက မိုးကောင်းကင်ကတောင် အသိအမှတ်ပြုရတဲ့ ဓားတစ်လက်ဆိုတာကို မြင်လိုက်တာနဲ့ သိနိုင်တယ် ။
နောက်ပြီး ဓားကိုင်ထားတဲ့လူကလည်း နုပျိုခန့်ညားပြီး ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက် ။အဲသည်တော့ သူ့လက်ထဲက ဓားမော့က ညကောင်းကင်ယံထက်မှာ ထွန်းလင်းနေတဲ့ ဆန်းသစ်စ လမင်း တစ်စင်းလိုပဲ တောက်ပနေတော့တယ် ။
လူခြောက်ယောက်က အပြင်းအထန် တိုက်ခိုက်နေကြတာ သံသယ ဝင်စရာ မရှိဘူး ။ ဒါပေမဲ့ စုရှောင် ပေါ်ထွက်လာမှုက သူတို့ရဲ့ မသိစိတ်ကို ဆွဲငင်လိုက်သလိုပဲဗျ ။
တစ်ယောက်က မနေနိုင်ဘဲ ရေရွတ်မိတယ် ။
" တော်တော် ချောတဲ့ လူငယ်လေးပဲ...... ဓားကလည်း အတော်ကောင်းပုံရတယ် "
စုရှောင်ကတော့ ဓားမော့ကို ကိုင်ထားရင်း ယုံကြည်ချက် အပြည့်နဲ့ အော်လိုက်တယ် ။
" ငါက လျူရှန်းမန်က စုရှောင်ပဲ ။ မင်းတို့ထဲက ဘယ်ခွေးသားတွေက လန်ကျွင်းကျူးခုံက ကောင်တွေလဲ "
အပြာရောင်ဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက်က ချက်ချင်း ပြန်အော်တယ် ။
" အော်..... လျူရှန်းမန်က ခွေးလား ။ ဒါဆိုရင် လီးပဲပေါ့ကွာ ။ အစောပိုင်းက မင်းကို ချောတယ်ဆိုပြီး ချီးကျူးမိတဲ့ ငါ့ပါးစပ်ကို အိမ်သာရေနဲ့ ပလုတ်ကျင်းပစ်ချင်လာပြီ "
အပြာရောင် ဝတ်စုံနဲ့ လူက လျူရှန်းမန်ကိုတောင် မကြောက်ဘဲ ဆဲရဲတာဆိုတော့ ယုံမှား သံသယ ဝင်နေစရာ မလိုတော့ဘူး ။ သည်ကောင်တွေက သေချာပေါက် မကောင်းဆိုးရွားဂိုဏ်းကပဲ ။
သည်တော့ ချိတ်ပိုးထည် ဝတ်ထားတဲ့ လူတွေက မဟာမိတ်တွေပေါ့ ။
စုရှောင် ကောက်ချက်ချနေတဲ့ အချိန်မှာပဲ ချိတ်ပိုးထည် ဝတ်ထားတဲ့ လူသုံးယောက်ကပါ လှမ်းအော်လာတယ် ။
" xီးကို လျူရှန်းမန်လားကွ "
" ငါxိုးမသား..... မင်းအမေကို......လျူရှန်းမန်လိုက် "
" ငါတို့က သည်လောက်အထိ ပင်ပင်ပန်းပန်း တိုက်ထားရတာကို မင်းက အခုမှ ရောက်လာပြီး အချောင်ဝင်နှိုက်ချင်တယ်ပေါ့လေ ။ ငါတို့ကို ခေါင်းတုံးပေါ်ထိပ်ကွက် လုပ်ချင်ရင်တော့ လီးပဲရမယ် ။ ကျန်တာကိုတော့ ငါတို့သေမှ ယူလိုက် "
ချိတ်ပိုးထည် အဖွဲ့က ကောင်တွေက ပထမ အဖွဲ့ထက်တောင် ပိုရိုင်းသေးတယ်ဗျ ။
သူက စကားတစ်ခွန်းတည်း ပြောရသေးတာကို နှစ်ဖက်စလုံးက ဝိုင်းဆဲနေကြပြီ ။
ဒါဆိုရင် မကောင်းဆိုးရွားဂိုဏ်းက ဘယ်အုပ်စုလဲ......
စုရှောင်လည်း တွေးရင်း ခေါင်းနပန်းကြီးသွားတော့တယ် ။
Lord Zen