အခန်း ၂၉
Vol. 3 Ch. 29
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း ၂၉
ရင်ဆိုင်ရခက်တဲ့ မင်းသားချန်
မင်းသားချန် ရောက်လာတယ်ဆိုတဲ့ သတင်းက ဧည့်ခန်း တစ်ခုလုံးကို ထူးဆန်းတဲ့ အခြေအနေ တစ်ခုထဲ ရောက်သွားစေတယ် ။ ဒါပေမဲ့ ရှန်းယိရန်ကတော့ အမူအယာ တစ်စက်ကလေးမှ ပျက်မသွားဘူး ။
သူက စုရှောင်ကို ကြည့်ပြီး လှမ်းမေးနေလိုက်သေးတယ် ။
" စုရှောင်....မင်းသားချန်က ငါတို့ကို ပြသနာရှာဖို့ လာတာဆိုရင် ငါတို့အနေနဲ့ ဘာလုပ်သင့်လဲ "
အချောလေးစုရှောင်က ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ့် အလုပ်မျိုးဆို အတော်လေး တက်ကြွပုံပဲ ။
" အချိန်ကိုက်ပဲ....အဲသည် မင်းသားချန် ဆိုတဲ့ကောင်ကို ဖမ်းပြီး ဘုရင်မင်းမြတ် ရှေ့တော်မှောက် ခေါ်သွားကြတာပေါ့ "
စုရှောင်က ဧကရာဇ် ဘုရင်မင်းမြတ်နဲ့ တွေ့ရတော့မယ် ဆိုပြီး အတော်လေး စိတ်လှုပ်ရှားနေတယ် ။
ဒါပေမဲ့ ဒါကြီးက ဧကရာဇ် ဘုရင်မင်းမြတ်နဲ့ တွေ့ခွင့်ရဖို့ အခွင့်ကောင်း မဟုတ်ဘူးလေကွာ ....
ဧကရာဇ် ဘုရင်မင်းမြတ်က သူ့သားကို ဖမ်းပြီးလာတဲ့ မင်းကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုနေမယ်လို့ တကယ်ကြီး မျှော်လင့်နေတာလား....
ရှန်းယိရန်က စုရှောင်ရဲ့ အကြံကို ဘာမှတ်ချက်မှ မပေးဘူး ။ ဒါပေမဲ့ ကျုပ်ရဲ့ မျက်လုံးတွေက သူ့ရဲ့ အမူအယာကို ကောင်းကောင်းကြီး မြင်နေရတယ် ။ သူက စုရှောင်ကို ဓားနဲ့ခုတ်ချင်စိတ်ကို မနည်း ထိန်းနေရတာဗျ ။
ရှန်းယိရန်က ထန်ယီကို မေးပြန်တယ် ။
" ယန်လင်း.... မင်းက ပိုပြီး အတွေးအခေါ် ကောင်းတယ် ။ သည်တော့ မင်းရဲ့ အမြင်ကို ပြောကြည့် "
စုရှောင်ကသာ အခြေအနေကို နားမလည်တာဗျ ။ ထန်ယီက ကျုပ်တို့ရဲ့ အထက်လူကြီးက ကျုပ်တို့ရဲ့ အခြေအနေ နဲ့ အချိန်အခါ အလိုက် ဆုံးဖြတ်နိုင်စွမ်းကို စမ်းသပ်နေမှန်း ရိပ်မိပုံရတယ် ။
သူက တစ်ချက် စဥ်းစားလိုက်ပြီး အေးအေးသက်သာ ပြန်ဖြေလိုက်တယ် ။
" မင်းသားချန်က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာတော့ မဖြစ်နိုင်ဘူး ။သူက မှတ်တမ်းအတွက် လာတာပဲ ဖြစ်မယ် ။ကျွန်တော်တို့က မှတ်တမ်း နဲ့ ချာပီးကို ဖွက်ထားပြီး အချိန်ဆွဲထားသင့်တယ် "
"မင်းရဲ့ အကြံက သာမန်ပဲ"
ရှန်းယိရန်ရဲ့ မျက်နှာ အမူအယာက ပြောင်းမသွားဘူး ။ ပုံမှန်ဆိုရင် ဆဲဆိုပြီး စိတ်တိုနေတတ်တဲ့ သူ့ရဲ့ အကျင့်စရိုက်က အခု လက်ရှိမှာတော့ တည်ငြိမ်နေတဲ့ ကန်ရေပြင်လိုပဲ ။ အောက်ခြေ ဘယ်လောက်ထိ နက်ရှိုင်းသလဲ ဆိုတာကို ခန့်မှန်း မရဘူး ။
ရှန်းရိယန်က အမိန့်ဆန်ဆန် စကားတစ်ခွန်း ပြောလာတယ် ။
အဲသည်လို နည်းဗျူဟာက သာမန်လူတစ်ယောက်ကို ရင်ဆိုင်ဖို့ဆိုရင်တော့ အဆင်ပြေကောင်း ပြေလိမ့်မယ် ။ ဒါပေမဲ့ မင်းသားချန်ကို ရင်ဆိုင်ဖို့တော့ မလုံလောက်ဘူး
ရှန်းယိရန်ရဲ့ ပြသနာ သုံးသပ်ပုံက သွေးအေးပြီး တိကျလွန်းတယ်။ ကြည့်ရတာ သူက သည်နေရာကို ကံကောင်းပြီး ရောက်လာပုံ မဟုတ်ပုံပဲ ။
သူ့ရဲ့ သိုင်းပညာပိုင်းကိုတော့ ကျုပ် မဝေဖန်လိုဘူး ။ ဒါပေမဲ့ အတွေးအခေါ်ပိုင်းမှာတော့ ရှန်းယိရန်က စုရှောင် နဲ့ ထန်ယီလို ကလေးနှစ်ကောင်ကို အသာလေး နောက်ကောက်ချနိုင်တယ်ဗျ ။
နောက်ဆုံးမှာတော့ ရှန်းယိရန်က ကျုပ်ကို မေးလာတယ် ။
" ဖေးဟန်....နင်က သိုင်းလောကမှာ အချိန်တစ်ခုအထိ ကျင်လည်ခဲ့ပြီးပြီ ။ သည်ကိစ္စကို နင်ဘယ်လိုမြင်လဲ "
သေစမ်း..... အစ်မကြီးရှန်းက ကျုပ်ကို သိုင်းလောကထဲမှာ ထဲထဲဝင်ဝင် ကျင်လည်ကျက်စားခဲ့တဲ့ သိုင်းသမား တစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား ။
ကျုပ် သိုင်းလောကထဲမှာ ကျင်လည်ခဲ့တုန်းက အိပ်လိုက်၊စားလိုက် ၊ စာဖတ်လိုက်ပဲ လုပ်နေခဲ့တာလေ ။ ပြီးတော့ ကျုပ်ဖတ်တဲ့ စာတွေကလည်း အတင်းအဖျင်း စာစောင်တွေဗျ ။
ဒါပေမဲ့လည်း အစ်မကြီးရှန်း မေးနေတော့ ကျုပ် ပြန်ဖြေရမယ် ။
" မင်းသားချန်က သည်ကို ရောက်လာမှတော့ ကျွန်တော်တို့ သူ့ကို လျစ်လျူရှုလို့ မရဘူး ။ ပြီးတော့ ကျွန်တော်တို့လက်ထဲ မှတ်တမ်း ရရချင်းမှာပဲ မင်းသားချန် ရောက်လာတယ်ဆိုတော့ ဟွာဆန်းဂိုဏ်းသားတွေကို ဘယ်သူ လွှတ်လိုက်သလဲ ဆိုတာ မသိသာနေဘူးလား "
ကျုပ်က မေးခွန်း ပြန်ထုတ်ပြီး ပြသနာကို အစ်မကြီးရှန်းဆီ ခေါင်းပြန်တည်ပေးလိုက်တယ် ။
ကျုပ်ကို ထပ်ခါထပ်ခါ ပြောရအောင် မလုပ်ပါနဲ့ဗျာ..... ကျုပ်က သည်ကို ပရဟိတ လုပ်ဖို့ လာတာ မဟုတ်ဘူးဗျ ။ ကျုပ်က အချောင်နေ ၊ အချောင်စားပဲ လုပ်ချင်တာ ။ အခု အစ်မကြီးရှန်း လုပ်ပုံက ကျုပ်ကို အလုပ်ပဲ ထိုင်ခိုင်းချင်နေတဲ့ပုံ ဖြစ်နေပြီ ။ သည်အတိုင်းဆိုရင် ကျုပ်ဘဝကတော့ အရည်အကုန် ညှစ်ခံလိုက်ရတဲ့ ကြံဖတ် ဖြစ်တော့မှာပဲ.....
ရှန်းယိရန်က ကျူပ်စကားဆုံးတော့ တစ်ချက် တွေးနေပုံ ရတယ် ။ ခဏကြာမှ
" နင်ပြောတာ အဓိပ်ပါယျ ရှိတယ် ။ ကြည့်ရတာ သူက ကြောက်နေတာပဲ "
ဗျာ.... ဘယ်လို...ဘာ.....တကယ်ကြီးလား.....
ကျုပ်က ပါးစပ်ထဲ တွေ့ရာတွေ လျှောက်ပြောလိုက်တာလေဗျာ ။ အစ်မကြီးရှန်းက ကျုပ်ပြောတာတွေကို ဘယ်လို အဓိပ်ပါယျတှေ ကောက်လိုက်တာပါလိမ့် ။
" လက်ထောက်ခေါင်းဆောင် စိတ်ပူနေစရာ မလိုပါဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းသားချန်က လက်ထောက်ခေါင်းဆောင်ကို လာတွေ့တာမှ မဟုတ်တာ ။သူက ခေါင်းဆောင်ကို လာတွေ့တာလေ "
ကျုပ်က ကျုပ်ဝသီအတိုင်း မနေနိုင်ဘဲ ထပ်ပြီး အာချောင်မိလိုက်ပြန်တယ် ။
" အင်း...ဟုတ်သား"
ရှန်းယိရန်က ပါးစပ်လေး ဟပြီး တစ်ခုခုကို အတွေးပေါက်သွားပုံပဲ ။အဲသည်နောက်မှာ သူက အသက်ရှုမှားလောက်အောင် ပြုံးပြီး အစောင့်ကို လှမ်းအမိန့်ပေးလိုက်တယ် ။
" မင်းသားချန်ကို ပြောလိုက်....အဖွဲ့ခေါင်းဆောင်စုန့်က ဇာမဏီခန်းမမှာလို့ ။ပြီးရင် မင်းသားကို အဲသည်ဘက် ခေါ်သွားလိုက် "
ပြသနာ တစ်စုံတစ်ခု တက်လို့ အဖြေရှာရ ခက်နေလား......
အဲသည် ပြသနာကို တစ်ခြားတစ်ယောက်ဆီ လွှဲပေးလိုက်ပါ ။
ကဲ..... ကျုပ်ရဲ့ ပြသနာ ဖြေရှင်းနည်းက မပိုင်ဘူးလား.... ဟား...ဟား.....
ကျုပ်က ဂုဏ်ယူဝံ့ကြွားစွာနဲ့ ရင်ကို ကော့လိုက်တယ် ။
ထန်ယီ နဲ့ စုရှောင်တို့ကတော့ ကျုပ်ကို မမြင်ချင်ယောင် ဆောင်နေကြတယ်ဗျ ။ သူတို့က ကျုပ်ရဲ့ နည်းလမ်းကို " ယုတ်ညံ့လွန်းတဲ့ နည်းလမ်း"လို့ ခံစားနေရရင်လည်း ခံစားနေရမှာပေါ့လေ ။ ဒါပေမဲ့ ကျုပ်ကတော့ ဂရုမစိုက်ပါဘူး ။ကျုပ်ရဲ့ လခရိက္ခာကို သူတို့တွေ လာပေးနေတာမှ မဟုတ်တာ ။
ပြီးတော့ ခေါင်းဆောင်စုန့်..... ကျုပ်ကို အပြစ် မတင်ပါနဲ့ဗျာ.....ကျုပ်ရဲ့ တိုက်ရိုက်အထက်လူကြီး ဖြစ်ဖို့ကံမှ ခင်ဗျားမှာ ပါမလာတာကိုး.......
ကျုပ်အတွေး များနေတုန်းမှာပဲ ရှန်းယိရန်က စိတ်လှုပ်ရှားစွာနဲ့ ကျုပ်ရဲ့လက်ကို ဆွဲလာတယ် ။
" သွားမယ်..... ဇာမဏီခန်းမကို သွားမယ် ။မင်းသားချန်က စုန့်အုကို ဘယ်လို စိတ်ဒုက္ခပေးမလဲ ဆိုတာကို သွားကြည့်ရအောင် "
ကြည့်ရတာတော့ ကျုပ်တို့ရဲ့ ကြမ်းတမ်းလှတဲ့ ကျားမလေးရှန်းက ဆန့်ကျင်ဘက် လိင်တွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် စိတ်ထဲ သိပ်မရှိပုံပဲ ။ သူက ကျုပ်လက်ကို သူ့ချိုင်းနဲ့ ညှပ်ပြီး ဆွဲခေါ်သွားတာဗျ ။ မတော်တဆ ကျုပ်သာ လက်ကို နည်းနည်း ကစားလိုက်ရင် ကျုပ်လက်က သူ့ရဲ့ တင်းရင်းအိစက်နေတဲ့ တောင်ပူစာ နှစ်လုံးကို ထိမိတော့မှာ အသေအချာပဲ ။
ဒါပေမဲ့လည်း ကျုပ်က လက်မဆော့ရဲဘူး ။ဘာဖြစ်လို့လဲ ဆိုတော့ ပြတ်သွားတဲ့ လက်တွေ ပြန်ပေါက်လာတာကို ကျုပ်မမြင်ဖူးလို့ပဲ ။
သေလိုက်ပါလားကွာ...... သည်ဘဝတော့ ဒုက္ခိတ ဘဝနဲ့ပဲ အရိုးထုတ်ရတော့မယ် ထင်တယ်.......
ကျုပ်က တစ်ခါလောက် လူကြီးလူကောင်း ဆန်ဖို့ ကြိုးစားတဲ့အနေနဲ့ ချိုင်းကြားထဲမှာ ညှပ်နေတဲ့ ကျူပ်လက်ကို ပြန်ဆွဲသေးတယ်ဗျ ။ ဒါပေမဲ့ အစ်မကြီးရှန်းက ကျုပ်လက်ကို လုံးဝ မလွတ်ပေးဘူး ။ သည်လိုနဲ့ပဲ ကျုပ်က လက်စည်းစိမ် ခံရင်း အစ်မကြီးရှန်း ခေါ်သွားရာနောက်ကို ပါသွားရတော့တာပေါ့ ။ ကျုပ်အနောက်မှာတော့ အားကျမှုတွေ ၊ မနာလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးကြီးတွေက ကျန်ခဲ့နေလေရဲ့ ။
ချာပီးဆိုရင် သူ့ကိုယ်သူ စိတ်တိုလွန်းလို့ ခြေဆောင့်ပြီး ခုန်နေလိုက်သေးတယ် ။
" တောက်.... အစိုးရဝန်ထမ်း အလုပ်က သည်လောက်ကောင်းမှန်းသိရင် အစောကြီးတည်းက ငါ့အဖေနောက်ကို လိုက်ပါတယ်ကွာ ။ အခုတော့ နောင်တတွေနဲ့ ကျန်ခဲ့ရပြီ "
စုရှောင်ကတော့ ကျုပ်ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး နောက်က လိုက်လာတယ် ။
" တဏှာပေမ ထိတိုင်းရှတဲ့....သြော် ရှေးလူကြီးတွေ ဆုံးမတာက တကယ်မှန်ပါလား "
ဟေး.... မျိုးမစ်ကလေး.... ဆုံးမစာ စကားပုံတွေ ၊ နီတိတွေရဲ့ အဓိပ်ပါယျကို မသိရင်လည်း လူအထင်ကြီးအောင် လူတတ်ကြီးလုပ်ပြီး မရွတ်ပြပါနဲ့လား.....မင်းအခု ရွတ်နေတာက ငါ့အခြေအနေနဲ့ ဘာဆို ဘာမှကို မဆိုင်တာကွ ......
ထန်ယီကတော့ သူ့နေရာကနေ တစ်လှမ်းမှ မရွေ့သေးဘူး ။ ဒါပေမဲ့ သူ့အကြည့်တွေက
" သည်နေ့ည တိုက်ကြရအောင်"လို့ ပြောနေမှန်း သိသာတယ်ဗျ ။
ဟိတ်ကောင်.....မင်းလည်း တော်လိုက်တော့ကွာ......
..........xxxxxx.........xxxxxxx.........xxxxxxxx.........
ကျုပ်တို့လေးယောက်က ချာပီးကို ဧည့်ခန်းထဲမှာ ချန်ခဲ့ပြီး ဇာမဏီခန်းဆောင်ဘက် တိတ်တိတ်လေး ကူးသွားကြတယ် ။
ရှန်းယိရန်က နေရာနဲ့ ရင်းနှီးနေတော့ ဆီစိမ်စက္ကူ ကာထားတဲ့ ပြူတင်းပေါက် တစ်ခုကို လက်တံတွေး စွတ်ပြီး အပေါက်နှစ်ပေါက် ဖောက်လိုက်တယ် ။ ပြီးတော့ ကျုပ်ကို သူနဲ့အတူ အဲသည်ကနေ ချောင်းကြည့်ဖို့ အချက်ပြတယ်။
ထန်ယီက ဒါမျိုးကျ စည်းမျဥ်း၊စည်းကမ်းတွေ ထိန်းသိမ်းဖို့ သတိမရတော့ဘူး ။ သူက ရှန်းယိရန်ကို အတုယူပြီး နောက်ပြူတင်းပေါက် တစ်ခုမှာ အပေါက် သေးသေး နှစ်ခုကို အသံ မထွက်အောင် ဖောက်လိုက်တယ် ။ စုရှောင် နဲ့ သူ့အတွက် ဆိုပြီးတော့ပေါ့ ။
အဲသည်အချိန်မှာ ရှန်းယိရန်ကတော့ သူဖောက်ထားတဲ့ အပေါက်ကနေပြီး အထဲကို စိတ်ဝင်တစား ချောင်းကြည့်နေပြီဗျ ။ ဒါပေမဲ့ ကျုပ်ကတော့ မချောင်းသေးဘဲ အတွေးများနေမိတယ် ။
သည်အပေါက်နှစ်ပေါက်ကြားက အကွာအဝေး အရဆိုရင် ကျုပ်သာ ရှန်းယိရန်ဘေးမှာ ကပ်ပြီး ချောင်းမိလိုက်လို့ကတော့ ပါးချင်း ထိလုမတတ် ဖြစ်နေမှာ အသေအချာပဲ ။
မသိရင် ဒါက ချိန်းတွေ့နေတာနဲ့ တူမနေဘူးလား......
အစိုးရရုံးတစ်ခုမှာ ဒီလိုဟာမျိုး လုပ်နေလို့ တကယ်ရော အဆင်ပြေရဲ့လား.....
ပြန်ပြီး စဥ်းစားကြည့်မယ် ဆိုရင် အစ်မကြီးရှန်းက စတွေးကတည်းကနေပြီး ကျုပ်အပေါ်မှာ ဆက်ဆံရေး စိမ်းကားခဲ့တာဗျ ။
မဟုတ်မှလွဲရော အစ်မကြီးရှန်းက သူ့ရဲ့ စိတ်ခံစားမှုကို တခြားသူတွေ သိသွားမှာစိုးလို့ ကျုပ်အပေါ် ဟန်ဆောင် စိမ်းကားပြခဲ့တာလား....
အခု သူက ကျုပ်အပေါ် မီးစိမ်း ပြလိုက်ပြီလား.....
ကျုပ် အတွေးများနေတုန်းမှာပဲ အစ်မကြီးရှန်းက ကျုပ်ဘက်လှည့်ပြီး ခပ်တိုးတိုး ပြောလာတယ် ။
" ဘာမှ အားနာမနေနဲ့.... ငါ့ကို ကျေးဇူးလည်း တင်မနေနဲ့ ။ မင်းရဲ့ သိုင်းပညာနဲ့ဆိုရင် ဒါမျိုးလုပ်ဖို့ မလွယ်လောက်ဘူး ။ မင်းက ဥာဏ်ကောင်းပေမယ့် သိုင်းပညာကျတော့ အတော်လေး ဆိုးတယ် မဟုတ်လား ။ ကဲ....လာပြီး တိတ်တိတ်လေး ကြည့်နေ.... အသံမထွက်နဲ့ "
လခွီးပဲဟေး.......ဆီစိမ်စက္ကူလေး တစ်ရွက်ကို ထိုးဖောက်တာ ဘာသိုင်းပညာ အဆင့်မြင့်စရာ လိုနေလို့လဲ ။ ဒါမျိုးက သာမန် လူတစ်ယောက်တောင် လုပ်နိုင်တဲ့အရာလေ ။ ဒုက္ခိတတွေမှပဲ ဒါမျိုးကို မလုပ်နိုင်မှာ ။
နေပါဦး ......သည်လူရိုင်းမကြီးက ကျုပ်ကို ဒုက္ခိတလို သဘောထားပြီး ဆက်ဆံနေတာလား .....
ဒါကြောင့်မို့ ငါက အထူး အခွင့်အရေးတွေ ရနေတာလား......
" ရှူးတိတ်တိတ်နေ....ခန်းမထဲမှာ လူတွေ ရှိတယ်"
ကျုပ် အထဲကို လှမ်းကြည့်လိုက်တော့ ခန်းမထဲမှာ လူနှစ်ယောက်က ရောက်ပြီးလို့ ထိုင်တောင် ထိုင်နေကြပြီဗျ ။
စာပေသမားလို ရုပ်ရည်ရှိတဲ့ လူငယ် တစ်ယောက် နဲ့ အရပ်မြင့်မြင့် ခန့်ခန့်ညားညား လူငယ်တစ်ယောက်ပေါ့ ။
ဘယ်ဘက်ခြမ်းမှာ ထိုင်နေတဲ့ လူငယ်က မြင်လိုက်တာနဲ့ ပညာတတ်ပြီး ရည်မွန်တဲ့ပုံပဲ ။ သူက ငါးပျံ အရာရှိ ဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထားတယ် ။ သည်တော့ မှားစရာ မရှိဘူး ။ သူက ကျုပ်တို့ လျူရှန်းမန်ရဲ့ ခေါင်းဆောင် စုန့်အူပဲ ဖြစ်ရမယ် ။
စုန့်အူက ကြည့်လိုက်ရင် အသက်သုံးဆယ်ဝန်းကျင်လောက်ပဲ ရှိသေးပုံရပွိီး ခြေလက်တွေကလည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ စာပေ ပညာရှင် တစ်ယောက်ရဲ့ အငွေ့အသက် ရှိတယ် ။သူ့ပုံစံက လျူရှန်းမန်ကို ဌာနမှားပြီးများ ရောက်လာတာလား ဆိုပြီး အတော်လေး ဇဝေဇဝါ ဖြစ်စေမယ့် ရုပ်မျိုးပဲဗျ ။ လျူရှန်းမန်လို အဖွဲ့ကြီးရဲ့ လက်ရှိ ခေါင်းဆောင်က သည်လောက်ထိ စာပေသမားဆန်လိမ့်မယ်လို့ ဘယ်သူများ ထင်မိမှာတုန်း ။
ပြီးတော့ တစ်ခြားတစ်ဖက်မှာ ထိုင်နေတဲ့ လူငယ် ။
အဲသည်လူငယ်က ပိုးဖဲကတ်တိီပါ နဲ့ ချုပ်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ရုပ်နဲ့ဗျ ။
အင်း.... သည်လူကတော့ သေချာပေါက် မိဖုရားခေါင်ကြီးရဲ့ သားတော် မင်းသားချန်ပဲ ။သည်လို ရာဇသွေး၊ရာဇမာန် ဆိုတာက သွေးထဲမှာမပါရင် လုပ်ယူလို့ ရတာမျိုး မဟုတ်ဘူးဗျ ။
မင်းသားချန်က အသက် နှစ်ဆယ့်လေး ၊ နှစ်ဆယ့်ငါး ဝန်းကျင်လောက် ထင်ရတယ် ။ သည်တော့ တခြားမင်းသားတွေကလည်း သူနဲ့ အသက် သိပ်မကွာလောက်ဘူး ။ ကျုပ်ဆိုလိုတာက တစ်ရက်တည်း မွေးခဲ့ကြတဲ့ မင်းသားလေးယောက်ကို ပြောတာပါ ။
မင်းသားချန်က အတော်လေး အရပ်မြင့်တဲ့ အထဲမှာတယ်ဗျ ။ ပြီးတော့ မျက်ခုံးထူထူ ၊ မျက်လုံးကြီးကြီးနဲ့ ။
သူက ကျုပ် မြင်ဖူးတဲ့ ဧကရာဇ်ဘုရင်မင်းမြတ်နဲ့တောင် နည်းနည်း ဆင်နေသေးတယ် ။ သူ့ပုံစံကကောင်းကင်ကြီး ပြိုကျလာရင်တောင် ထွက်မပြေးဘဲ အေးစက်စက်နဲ့ ကောင်းကင်ကို ပြန်ပြီး မော့ကြည့်နေမယ့် ရုပ်မျိုးဗျ။
ရုပ်ရည် တည်ကြည် ခန့်ညားမှု အပိုင်းမှာတော့ မင်းသားချန် နဲ့ ထန်ယီက သူမသာ၊ ကိုယ်မသာ တွေပဲ ။ သူတို့ရဲ့ အေးစက်ပြီး ခံစားချက်မဲ့တဲ့ ရုပ်တွေက မိန်းမပျိုလေးတွေကို ခြေရင်းမှာ အလိုလို ဝပ်ဆင်းလာအောင် ဖိအားပေးနိုင်စွမ်း ရှိတယ် ။
ကျုပ်တို့က ဧည့်ခန်းကနေ သည်ကိုလာတဲ့လမ်းမှာ လူမမိအောင် တစ်ကွေ့တစ်ပတ်ကြီး လာခဲ့ရတာဆိုတော့ နည်းနည်း နောက်ကျသွားပုံပဲ ။ ကျုပ်တို့ ရောက်လာတဲ့အချိန်မှာ သူတို့က စကားစပြောနေကြပြီ ။
ဒါပေမဲ့ သူတို့ပြောနေတဲ့ စကားတွေက ရှန်းယိရန်ရဲ့ အာရုံကို ချက်ချင်းပဲ ဖမ်းယူသွားတယ် ။
မင်းတို့အနေနဲ့ သည်နေ့ ငါကျေနပ်လောက်တဲ့ အဖြေတစ်ခု မပေးနိုင်ဘူးဆိုရင် နောက်လ သိုင်းပြိုင်ပွဲမှာ လျူရှန်းမန်ကလူတွေ ဝင်ပါဖို့ မစဥ်းစားနဲ့တော့ "
Lord Zen