အခန်း ၃၀
Vol. 3 Ch. 30
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၃ အပိုင်း၃၀
စကားစစ်ထိုးပွဲ
အဖွဲ့ခေါင်းဆောင်စုန့်က လေးနက်တဲ့ အသံနဲ့ ပြောတယ် ။
"အရှင်မင်းသား ပြောချင်တာက ဘာအဓိပ်ပါယျပါလဲ"
လျူရှန်းမန်ဆိုတာက ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခု ။
သူတို့က မင်းသားခြောက်ပါး အဖွဲ့မှာ ဘယ်ဘက်ကိုမှ မယိမ်းခဲ့ဖူးဘူး ။ အဲဒါကြောင့် သူတို့နဲ့ မင်းသားတွေကြားမှာရှိတဲ့ ဆက်ဆံရေးက သိပ်ပြီး ကောင်းလှတယ် မရှိဘူး ။
စုန့်အုက မင်းသားချန်ရဲ့ အပြုအမူက လိုတာထက်ပိုပြီး ရန်လိုနေမှန်း ရိပ်မိတယ် ။ အဲသည်အတွက် သူက ပိုပြီး သတိထားဖို့ ဆုံးဖြတ်လိုက်တယ် ။
"လျူရှန်းမန်နဲ့ အရှင်မင်းသားတို့ဘက်က လူတွေကြားမှာ ဘယ်တုန်းကမှ ပတ်သက်မှု မရှိခဲ့ဘူး ။ ဒါပေမဲ့ အခု အရှင်မင်းသားက လျူရှန်းမန်မှာ အရှင်မင်းသားရဲ့ မှတ်တမ်းတွေ ခိုးသွားတဲ့ သူခိုးကို ဖွက်ထားတယ်လို့ စွပ်စွဲပြီး အဲသည်လူကို အပ်ခိုင်းနေတယ် ။ ဒါက အဓိပ်ပါယျ မဲ့လွန်းတယ်လို့ မထင်မိဘူးလား "
" အဓိပ်ပါယျမဲ့တယျ...ဟုတ်လား... ဟမ့်...မင်းပြောချင်တာက အဲသည်မှတ်တမ်းက သည်မှာ မရှိဘူးပေါ့ "
" လုံးဝကို မရှိတာပါ အရှင့်သား"
အဖွဲ့ခေါင်းဆောင်စုန့်က ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး လေသံပြတ်ပြတ်နဲ့ ငြင်းချက် ထုတ်လိုက်တယ် ။
" လျူရှန်းမန်က လုံခြုံရေး အထူးတင်းကျပ်တဲ့ နေရာ ။ လောကထဲက သူခိုးမှန်သမျှ ကျွန်တော်တို့ တံခါးကို မြင်တာနဲ့ ထွက်ပြေးကြတယ် ။ အဲဒါကို အခု အရှင်မင်းသားက သူခိုးတစ်ယောက် လျူရှန်းမန်ထဲ ဝင်လာခဲ့တယ်လို့ ပြောနေတယ် ။တကယ်တမ်း ပြောကြေးဆိုရင် အရှင့်သား ပြောနေတာကမှ အဓိပ်ပါယျ မရှိတာ မဟုတ်ဘူးလား "
မင်းသားချန်ရဲ့ မျက်နှာအမူအယာ ချက်ချင်း ပြောင်းသွားတယ် ။ ကြည့်ရတာ စားပွဲခုံကိုတောင် ကောက်လှန်ပစ်တော့မယ့်ပုံပဲ ။
ကျုပ်ကတော့ မင်းသားချန်ရဲ့ မျက်နှာကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်း အောင့်ထားနေရတယ် ။
အဖွဲ့ခေါင်းဆောင်စုန့်က တကယ်ကို ဘာမှ မသိတာဗျ ။ ကျုပ်တို့က မှတ်တမ်းရတာနဲ့ တနျးပွိီး ရှန်းယိရန်ဆီ အပ်လိုက်ကြတာလေ ။ပြီးတော့ ကျုပ်တို့ ဘာအစီအစဥ်မှ မဆွဲရသေးခင်မှာ မင်းသားချန်က လျူရှန်းမန်ကို ဒုန်းစိုင်းကြီး ရောက်လာတာဆိုတော့ အဖွဲ့ခေါင်းဆောင်စုန့်က မှတ်တမ်းနဲ့ ပတ်သက်ပြီး ဘာသိမှာလဲ ။
ဒါပေမဲ့လည်း မင်းသားချန်ကတော့ စုန့်အုဆီမှာ မှတ်တမ်းစာအုပ် ရှိနေတယ်လို့ တစ်ထစ်ချ ယုံကြည်နေပုံပဲ။ စုန့်အု အခုလို မသိချင်ယောင် ဆောင်နေတာက သူ့ဆီကနေ အကျိုးအမြတ် တစ်ခုခုကို ညှစ်ထုတ်ဖို့ ကြံနေတာလို့လည်း သူက ယုံကြည်နေတယ် ။
ဒါကြောင့် သူရည်ညွှန်းတဲ့ သူခိုးဆိုတာကလည်း တခြားသူကို ပြောတာ မဟုတ်ဘူး။ သူက စုန့်အုကို မသိမသာ ရည်ညွှန်းပြီး ဆုတ်လမ်းရအောင်
မျက်နှာသာ ပေးနေတာ ။
ဒါပေမဲ့ သူ့ရဲ့ ဆိုလိုရင်းကတော့ အရှင်းကြီးပဲ ။
" မင်းမှာ ငါ့မှတ်တမ်းစာအုပ် ရှိတယ် ။အဲဒါကို ထုတ်ပေးရင်ပေး ။ မပေးရင်တော့ ငါ့အဆိုး မဆိုနဲ့တော့ "
ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်စုန့်က ဘာကို ထုတ်ပေးရမှာလဲ ။သူက အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှကို မသိတာလေဗျာ သူက သည်အရူးမင်းသားက ဘာအကွက်ဆန်းတွေ လာထွင်နေတာလဲ ဆိုပြီးတောင် စဥ်းစားနေသေးတယ် ။
သူခိုး.... ဟုတ်လား....
သူခိုးလိုချင်ရင် တရားရေးရာ ဌာနလက်အောက်က အကျဥ်းထောင်ထဲမှာ သွားရှာလေကွာ....ဘာဖြစ်လို့ လျူရှန်းမန်မှာ လာရှာနေတာလဲ......
နောက်ဆုံးမှာတော့ မင်းသားချန်က ဘာမှ မတတ်နိုင်တော့ဘူး ။ သူက ညှိနှိုင်းဖို့ ပြင်မှကို ရတော့မယ် မဟုတ်လား ။
သူက စုန့်အုကို ရွံရှာတဲ့ပုံနဲ့ လက်ညှိုးထိုးပြီး ပြောလိုက်တယ် ။
"ဟမ့်.....ကောင်းပြီလေ ။ မင်းက အသာရနေမှတော့ ညှိနှိုင်းခွင့် ပေးရမှာပေါ့ ။ ကဲ.....ပြော.... မင်းဘက်က ဘာတွေ လိုချင်လဲ ။ ဒါပေမဲ့ အလွန်အကျွံတော့ မလုပ်နဲ့ "
အဖွဲ့ခေါင်းဆောင်စုန့်က အခုထက်ထိ ဘာကိုမှ ရေရေရာရာ နားမလည်သေးဘူး ။ သူက သည်နေ့ မင်းသားချန်တစ်ယောက် ဘာဖြစ်နေတာလဲလို့ပဲ တွေးမိနေတယ် ။
" ဘာကိုညှိနှိုင်းရမှာလဲ အရှင်မင်းသား... ကျွန်တော်က ဘာကို ပြောရမှာလဲ ....
ခွင့်လွှတ်ပါ ....မင်းသား ပြောနေတာတွေကို တစ်ခုမှ ကျွန်တော်မျိုး နားမလည်ပါဘူး "
ဟုတ်တယ်လေ....သူက ဘာမှကို နားမလည်တာ...
မင်းသားချန်က အေးစက်စက် ရယ်လိုက်ပြီး ပြောလိုက်တယ် ။
အခု မပြောဘူးဆိုရင် မင်း အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်သွားလိမ့်မယ် ။ ငါ ထွက်သွားတဲ့အခါမှ နောင်တမရနဲ့
အဖွဲ့ခေါင်းဆောင်စုန့်က ဘာမှ ဆက်ရှင်းပြမနေတော့ဘူး ။ သူက မင်းသားချန်ကို " သည်မင်းသားတော့ ဦးနှောက် ထိသွားပြီ"ဆိုတဲ့ အကြည့်နဲ့ ကြည့်တယ် ။ ပြီးတော့ လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေ ပေးလိုက်တယ် ။
" သည်လိုဆိုရင်လည်း နှုတ်ဆက်ပါတယ် အရှင်မင်းသား"
" မင်း......မင်း..... မင်းက တကယ့် အရိုင်းအစိုင်းပဲ "
မင်းသားချန်က ဒေါသကြောင့် မတ်တပ် ထရပ်လိုက်တယ် ။ ပြီးတော့ စုန့်အုကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ကြိမ်းမောင်းတော့တာပဲ ။
" အတင့်ရဲလိုက်တဲ့ကောင်..... အလိုက်ကန်းဆိုး မသိတဲ့ကောင် "
မင်းသားချန် ဘဝမှာ သည်လောက် ခေါင်းမာတဲ့သူကို တစ်ခါမှ မကြုံခဲ့ဖူးတာ အမှန်ပဲ ။ ဒါပေမဲ့ သူက တကယ်ကြီး ထွက်သွားလို့ကလည်း မဖြစ်ဘူး ။သူရဲ့ လာဘ်ပေးလာဘ်ယူ မှတ်တမ်းကို ရဖို့ လိုသေးတယ် မဟုတ်လား ။
ဒါပေမဲ့ တစ်ဖက်က စုန့်အု အတွက်ကတော့ မင်းသားချန် မြန်မြန် ထွက်သွားလေ ၊ကောင်းလေ ဖြစ်နေပြီ ။ မင်းသားတစ်ပါးက အစိုးရ ရုံးဌာန တစ်ခုကို ရောက်လာပြီး သူခိုးဖမ်းမယ် လုပ်နေတယ် ။ ဒါကြီးက လုံးဝ နားလည်ပေးလို့ မရတဲ့ ကိစ္စ မဟုတ်လား ။
အဲသည်နောက်မှာတော့ မင်းသားချန် နဲ့ စုန့်အုတို့က နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ထေ့ငေါ့နေကြပြန်တယ် ။ ပြောနေတဲ့ စကားတွေကလည်း တဖြည်းဖြည်းနဲ့ လမ်းချော်လာတယ် ။ တစ်ခုနဲ့တစ်ခု ဘာမှကို မဆက်စပ်တော့ဘူး ။ ဒါပေမဲ့ အဲသည်လို မသက်ဆိုင်တာတွေကိုပဲ သူတို့ နှစ်ယောက်က အာပေါင်အာရင်းသန်သန်နဲ့ ပြောနေကြတာဗျ ။ တစ်ယောက်မှ အလျော့ပေးမယ့် ပုံလည်း မပေါ်ဘူး။
ကျုပ်အထင်တော့ ကျုပ်တို့နိုင်ငံမှာ သူတို့လောက် တရုတ် စကားပြော ကျွမ်းကျင်တဲ့ လူဆိုတာ လက်ချိုးရေရမလိုကို ဖြစ်နေပြီဗျ ။
အပြင်ကနေ ချောင်းကြည့်နေတဲ့ ကျုပ်နဲ့ ရှန်းယိရန်လည်း ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ဘူး ။
တခွိခွိနဲ့ ကျိတ်ပြီး ရယ်နေကြတော့တယ် ။ ရှန်းယိရန်က မင်းသားချန် နဲ့ စုန့်အုတို့ တစ်ယောက်နဲ့တစ်ယောက် အနိုင်မခံ၊အရှုံးမပေး အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ မြင်ကွင်းကို အတော်လေး နှစ်ခြိုက်နေပုံပဲ ။သူက ရယ်နေတာကို မရပ်တော့ဘူး ။
အဲသည်အချိန်ကျမှ ကျုပ် သတိထားမိသွားတယ် ။ ကျုပ်တို့နှစ်ယောက်က ပြူတင်းပေါက် အပေါက်သေးသေးလေးတွေကနေ ချောင်းကြည့်နေတော့ မျက်နှာချင်း ကပ်လုနီးပါး ဖြစ်နေကြတာဗျ ။
ခင်ဗျားတို့ပဲ စဥ်းစားကြည့်ဗျာ...
တော်ဝင် ပန်းပွင့်လေးတွေတောင် အရှုံးပေးရမယ့် ရှန်းယိရန်ရဲ့ မျက်နှာလှလှလေးကို ကျုပ်က အနီးကပ် မြင်နေရတာဗျ ။ ကျုပ်ဆိုတဲ့ကောင်က ဘာသားနဲ့ ထုထားတာမို့တုန်း ။ ကျုပ်ရဲ့ နလုံးခုန်နှုန်းတွေက ထိန်းမရအောင် မြန်လာတော့တာပေါ့ ။
တစ်ချိန်တည်းမှာပဲ ရှန်းယိရန်ရဲ့ မျက်နှာလေးကလည်း မသိမသာလေး နီနေတာကို ကျုပ် သတိပြုမိလိုက်တယ် ။သေချာ နားထောင်ကြည့်လိုက်တော့ သူ့ရဲ့ နှလုံးခုန်သံတွေက ပုံမှန် ဟုတ်မနေဘူးဗျ ။
ကြည့်ရတာ အစ်မကြီးရှန်းက အဖိုဆိုလို့ ယင်ဖိုတောင် မသန်းဖူးပုံပဲ ။ သူက အပေါ်ယံမှာသာ တည်ငြိမ်ချင်ယောင် ဆောင်နေတာ ဖြစ်ရမယ် ။
ဟီး...ဟီး.... ဟုတ်မဟုတ် စမ်းကြည့်ကြတာပေါ့.....
ကျုပ်က ကျုပ်ရဲ့ မကောင်းဆိုးရွားဆန်တဲ့ လက်ကို ဘေးနည်းနည်း ရွှေ့လိုက်ပြီး မသိမသာလေး ဖက်လိုက်တယ် ။
" အို..... ရှင် ဒါဘာလုပ်တာလဲ "
ရှန်းယိရန်က ရှက်သလိုလိုနဲ့ အနောက်ကို နှစ်လှမ်းဆုတ်သွားတယ် ။ ပြီးတော့ ကျုပ်ရဲ့ လက်ကို တွန်းဖယ်ဖို့ ကြိုးစားနေတယ် ။
ရှန်းယိရန်ရဲ့ အားက ကျုပ်ထက် အသာကြီးဗျ ။ ဒါပေမဲ့ အခုချိန်မှာတော့ သူ့ကို ကျူပ်ရဲ့ ဖက်တွယ်မှုကို ရုန်းကန်ဖို့ အားမရှိပုံပဲ ။
သူက ကျုပ်ရဲ့ ဖက်တွယ်မှုကို မသိမသာလေး သာယာနေပုံလည်း ရတယ်။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေက မေးဖျော့သွားပြီး အတွင်းစိတ်ထဲက စိတ်ဆန္ဒကို ဖုံးမထားနိုင်တဲ့ပုံ ပြလာတယ် ။
ဟား...ဟား..... ခင်ဗျားတို့တွေ အတော်လေး စိတ်ပါသွားတယ် မဟုတ်လား....
ဒါတောင် ကျုပ်က ကျုပ်ရဲ့ အပြာစာအုပ်တွေထဲက ဇာတ်ကွက် တစ်ခုလောက်ကိုပဲ ထုတ်ပြောရသေးတာဗျ ။
တကယ့်တကယ်မှာတော့ ကျုပ်က အဲသည်လို မလုပ်ရဲပါဘူးဗျာ ။
ကျုပ်က ဘာလို့ ကိုယ့်သေတွင်းကိုယ် တူးရမှာလဲ .........
ကျုပ်က ဘာဖြစ်လို့ ကိုယ့်ထမင်းအိုး ကိုယ်ရိုက်ခွဲမိမယ့် အလုပ်မျိုးကို သွားလုပ်မှာလဲဗျ .....
ကျုပ် အခုလုပ်မှာက အရင်ဆုံး သည်အမှုကို ဖြေရှင်းမယ် ။ ပြီးရင် အစိုးရရုံးမှာ အေးအေးလူလူနဲ့ အချောင်နေ၊အချောင်စား လုပ်မယ် ။ ဒါပဲ ။
အခု ကျုပ်လက်က အင်္ကျီထဲမှာ ထည့်ထားတဲ့ မှတ်တမ်းစာအုပ်ကို ကိုင်ထားတယ် ။ ဒါပေမဲ့ ရှန်းယိရန်က ကျုပ်နဲ့ အရမ်း ကပ်နေတော့ ကျုပ်လက်ကို ပြန်ထုတ်မရဘူး ။ အထဲကလူတွေ သိသွားရင် ပြသနာ တက်မှာစိုးတာကြောင့် ကျုပ်က အသံ ထွက်လို့လည်း မရဘူး ။
အဲဒါကြောင့် ကျုပ်က လက်ကို အပေါ်ဘက် နည်းနည်း ပင့်လိုက်တယ် ။ သည်လောက်ဆို အစ်မကြီးရှန်းက သဘောပေါက်ပြီး နောက်ဆုတ်သွားမှာပဲ မဟုတ်လား ။
ဒါပေမဲ့ ကျုပ်လက်ကို အပေါ်ပင့်လိုက်တာတောင်မှ ရှန်းယိရန်က နောက်မဆုတ်ဘူးဗျ ။ အဲသည်အစား သူမတစ်ကိုယ်လုံး တုန်ခါသွားတယ် ။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသလိုပဲ ။
ကျုပ်ကလည်း သူ့ဘေးမှာ ရှိနေတော့ သူ တောင့်တင်းသွားတာကို ခံစားမိတယ် ။ ဒါပေမဲ့ ဘာဖြစ်လို့ တောင့်တင်းသွားမှန်းတော့ မသိဘူးဗျ။
ဒါပေမဲ့...... ကျုပ်လက်ကတော့ ညပ်နေတုန်းပဲလေ ။
ဟေး.... အစ်မကြီးရှန်း....နည်းနည်းလောက် ဘေးဖယ်ပေးလို့ ရမလား.... ကျုပ်လက်ကို ထုတ်ခွင့် ပေးပါဦး....
ကျုပ်ရဲ့ မျက်လုံးတွေက ခန်းမထဲမှာ ဘာဖြစ်နေသလဲ ဆိုတာကိုပဲ အာရုံစိုက်နေတဲ့အတွက် ကျုပ်ဘေးမှာ ဘာဖြစ်နေသလဲ ဆိုတာကို သတိ မပြုမိဘူး ။ အဲသည်အတွက် ကျုပ်က လက်ကို အပေါပင့်လိုက် ၊ အောက်ချလိုက် အကြိမ် အနည်းငယ် လုပ်လိုက်တယ် ။
ကျုပ်လက်က နူးညံ့အိစက်နေတဲ့ အရာလေးကို ဆက်တိုက် ပွတ်တိုက်မိနေတယ် ။ ဒါပေမဲ့ လက်က ညပ်မိနေတုန်းပဲဗျ ။ ပြီးတော့ အမကြီးရှန်းကလည်း သန်မာလွန်းပါတယ်ဗျ ။ ကျူပ်ဘယ်လို ရုန်းရုန်း ကျုပ်လက်က သူ့ချိုင်းကြားအောက်ကနေ မလွတ်ဘူးဗျ ။
ကြည့်ရတာ သူက မြင်းလှည်းမောင်းရင်လည်း တခြားလူတွေကို လမ်းမဖယ်ပေးတတ်ဘူးထင်တယ် ။ဒါကြောင့် ကျုပ်က မိန်းမတွေ မြင်းလှည်း မောင်းတာကို........
ဟမ်... ခဏနပေါဥိီး.... နူးညံ့အိစက်နေတာက.....
"နူးညံ့အိစက်တယ်"ဆိုတဲ့ အတွေးပေါ်လာတော့ အစ်မကြီးရှန်းဆီက ရဖူးတဲ့ လက်ဆောင်ကို ကျုပ်ချက်ချင်း သတိရလိုက်တယ် ။
မဟုတ်လောက်ပါဘူး......
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ။ ကျုပ်အရေပြားပေါ် စူးရှတဲ့ အကြည့်တစ်ခု ရောက်လာတာကို ကျုပ် ခံစားလိုက်မိတယ် ။ကျုပ်မျက်လုံးတွေက အပေါက်သေးသေးထဲက မြင်ကွင်းကို မခွာနိုင်သေးဘူး ။ အဲဒါကြောင့် ကျုပ်က မသိမသာလေး မျက်စောင်းထိုးပြီး ရှန်းယိရန်ကို လှမ်းကြည့်လိုက်တယ် ။
ကျုပ်ထင်တဲ့ အတိုင်းပါပဲလားဗျာ.....
ရှန်းရိယန်က ဘယ်အချိန်တည်းက အထဲကို ကြည့်နေတာကို ရပ်လိုက်မှန်း မသိဘူး ။ သူက ကျုပ်ကိုပဲ ဒေါသတကြီးနဲ့ စိုက်ကြည့်နေတယ် ။
ကျုပ်က သူ့အကြည့်ရဲ့ လားရာအတိုင်း လိုက်ကြည့်မိလိုက်တော့......အမေရေ....
ရှန်းရိယန်ရဲ့ အကြည့်တွေက ကျုပ်လက်ပေါ်မှာ ရှိနေတာဗျ ။
ကျုပ်လက်က အခုဆိုရင် အဲသည် ဂုဏ်ယူဖွယ် နူးညံ့အိစက်တဲ့ တောင်ပူစာ နစ်လုံးအောက်နားမှာ ညှပ်မိနေပြီး ၊ ကျုပ်က အဲဒါကို မသိလိုက်ဘဲ အပေါ်ကို တွန်းတင်နေမိတာဗျ ။
သေပြီဟေး..... ကျုပ်တော့ အဲဒါတွေကို ထိလိုက်မိပြီ.....
အစ်မကြီး......ကျွန်တော် တကယ် မရည်ရွယ်ပါဘူးဗျာ..... ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့....
ကျုပ်က လျှပ်စီးလို လျင်မြန်တဲ့ အမြန်နှုန်းနဲ့ ဒူးထောက်ချလိုက်တယ် ။ ပြီးတော့ မျက်လုံးကိုမှိတ် လက်နှစ်ဖက်ကို ဆုပ်ပြီး တောင်းပန်လိုက်တယ် ။ဒါပေမဲ့ သေမင်းက ကျုပ်ဆီကို အလည် မလာခဲ့ဘူး ။
ဟုတ်တယ်။ ရှန်းယိရန်က ကျုပ်ကို မရိုက်ခဲ့ဘူးဗျ ။ အဲသည်အစား သူက ကျုပ်ကို "ငြိမ်ငြိမ်နေ"ဆိုတဲ့ အမူအယာ ပြပြီး ဇာမဏီ ခန်းမထဲကို ပြန်ချောင်းနေတယ် ။
ဟင်.... အစ်မကြီးရှန်းက ကျုပ်ကို မသတ်ဘူးလား.....
ကျုပ်က ရှန်းယိရန်ရဲ့ နားတွေ နီရဲနေတာကို သတိ ပြုမိလိုက်တယ် ။
ဒုတ်ဒုတ်.... ဒုတ်....ဒုတ်.....ဒုတ်...
ကျူပ်ရဲ့ နှလုံးခုန်သံတွေက ကျယ်လွန်းလို့ ကျုပ်ကိုယ်တိုင်တောင် ပြန်ကြားမိနေသလိုပဲ။
မဟုတ်မှလွဲရော..... အစ်မကြီးရှန်းက....ကျုပ်ကိုများ.........
သည်တစ်ခါမှာတော့ ကျုပ်က လက်ကို အပေါ် မတွန်းတင်တော့ဘူးဗျ ။ အဲသည်အစား နောက်ထပ် နူးညံ့တဲ့ နေရာရှိတဲ့ အောက်ဘက်ကို လျောဆင်းလိုက်တယ် ။
ဟိုက်..... အစ်မကြီးရှန်းက လုံးဝ မခုခံဘူးဗျ သေချာပြီ....... အစ်မကြီးရှန်းက...... ကျုပ်ကို.... တကယ်......
" ခွေးသူတောင်းစား.....ငါ့ကို အသားယူနေတာ တော်လိုက်တော့ "
နောက်ဆုံးတော့ အစ်မကြီးရှန်းက စိတ်လွတ်သွားပုံပဲ ။ သူမက ခါးကြားထဲက မင်သွေးကျောက်ပြားကို ဆွဲထုတ်လိုက်ပြီး ခုန်ထလာကာ ကျုပ်မျက်နှာကို အားကုန်ရိုက်ချလိုက်တယ် ။
ဖုန်း......!!
ရိုက်သံက အကျယ်ကြီးပဲဗျ ။
ကျုပ်လည်း မျက်နှာကို လက်နဲ့အုပ်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း အသံကျယ်ကြီး အော်ပစ်လိုက်တာပေါ့ ။
" အမယ်လေး.... သေပါပြီဗျ "
Lord Zen