အခန်း ၃၃
Vol. 4 Ch. 33
Lord.Zenစာစဥ်၄ အပိုင်း (၃၃)
သွေးအေးရက်စက်တဲ့ မိန်းမပျို
ကျုပ်က စုရှောင်ကို အမိန့်ပေးလိုက်တယ် ။
" အပြင်ထွက်ပြီး အမြန်သွားကူလိုက် ။ အပြင်ကလူက အလစ်ချောင်းတိုက်ရတာကို ဝါသနာ ပါပုံရတယ် ။ အဲသည်လူ အောင်မြင်သွားရင် ငါတို့ အခြေအနေ ကောင်းမှာ မဟုတ်ဘူး "
" တကယ်ကြီးလား"
ကျုပ်စကား ကြားတော့ စုရှောင်က အံ့သြပုံပြတယ် ။ ပြီးတော့ ပြည်သူ့တရားရှင် ပေါင်ချိန် ဝင်ပူးသွားသလို ချက်ချင်း တက်ကြွလာတယ် ။
." ဟုတ်ပြီ.... အစ်ကိုမင်း.... ဒါဆိုရင် ကျွန်တော် သွားကူလိုက်ဦးမယ် ။ ပြီးတော့ လိုအပ်လာရင်...... ထစ်...ထစ်...."
စုရှောင်က စကားကို ဆုံးအောင်မပြောဘဲ လည်ပင်းကို ဖြတ်လိုက်တဲ့ပုံစံကို သရုပ်ပြလာတယ် ။
ခင်ဗျားတို့တော့ မသိဘူး ။ ကျုပ်ကတော့ စုရှောင်ရဲ့ အမူအယာကို မြင်ပြီး ဓားနဲ့ ပြေးထိုးချင်စိတ်တောင် ပေါက်တယ် ။
ဒါပေမဲ့လည်း အပြင်ဘက်မှာ ဘာပြသနာမှ ရှိမှာ မဟုတ်ဘူး ဆိုတာကို တွေးမိပြီးတဲ့ နောက်မှာတော့ ကျုပ်က စုရှောင်ကို ဘာမှ ထပ်မပြောတော့ဘူး ။ သူလုပ်ချင်ရာ လုပ်ပါစေ ဆိုပြီး ဘေးမဲ့ ပေးထားလိုက်တော့တယ် ။
အဓိက သူသည်ထဲမှာ လာမရှုပ်ရင် ပြီးတာပဲ မဟုတ်လား ။
တစ်ဖက်မှာ ကျားယွင်ဖုန်းက နာမည်ကျော် သိုင်းပညာရှင် ၊ ဟွာဆန်းဂိုဏ်းချုပ် ဆိုတာ မှန်တယ် ။ ဒါပေမဲ့ တစ်ဖက်က လူတွေကလည်း ခေတဲ့ လူတွေမှ မဟုတ်တာ ။
စုန့်အု ဆိုတာက လျူရှန်းမန် ခေါင်းဆောင် ၊ ရှန်းယိရန်ဆိုတာက လျူရှန်းမန် လက်ထောက်ခေါင်းဆောင် ။ ပြီးတော့ သူတို့ အဆင့်နီးပါး လက်ရည်ရှိတဲ့ ထန်ယီက ပါနေသေးတယ် ။
ဒါကို ကျားယွင်ဖုန်းက သုံးယောက်တစ်ယောက် တိုက်ချင်နေတာလား ။ အဲသည်လူက စိတ်ကူးယဥ်လွန်းနေတာပဲ ။
ကျုပ်က စုရှောင်ကို အပြင်လွှတ်လိုက်တာ အကူသွားလုပ်ခိုင်းချင်လို့ မဟုတ်ဘူး။
ကျုပ် သိချင်တဲ့ မေးခွန်းတချို့ ရှိလို့ပဲ။
စုရှောင် ထွက်သွားတာနဲ့ ကျုပ်က မြေပေါ်မှာ လဲနေတဲ့ လူလေးယောက်ထဲက ခေါင်းဆောင်ကို ဆွဲထူပြီး အတွင်းအား နည်းနည်း ထည့်ပေးလိုက်တယ် ။
အဲသည်လူက အတော်ကို သစ္စာရှိတယ်ဗျ ။ သူက သတိရလာတာနဲ့ ကျုပ်ကို လုံးဝ မကြည့်ဘဲ ခေါငျးကွိီး ငုံ့ပြီး နေတော့တာပဲ ။
" ကျုပ်ကို သတ်ချင်ရင်သတ်လိုက်...... ကျုပ်ဆိုနဲ့ ထန်ဓားကြီးက ယောကျာ်းတစ်ယောက် ။ ကျုပ်သခင်ကို ဂုဏ်၊ ရွှေ၊ ငွေ ၊ စည်းစိမ်တွေအတွက် ရောင်းစားမှာ မဟုတ်ဘူး "
" အေးပါ..... အေးပါ.... ငါသိပါပြီ"
ကျုပ်က ခေါင်းရှုပ် မခံနိုင်ဘူးဗျ ။ အဲသည်တော့ ထန်ဓားကြီးကို ပြန်အိပ်ခိုင်းလိုက်တာ အကောင်းဆုံး ရွေးချယ်မှုပဲ ။
အဲသည်နောက်မှာ ကျုပ်က နောက်တစ်ယောက်ကို ထပ်ရွေးလိုက်တယ် ။ သည်လူကတော့ လေးယောက်ထဲမှာ သတ္တိ အနည်းဆုံးလူ ဖြစ်လောက်မှာပါ ။
ကျုပ်ရဲ့ အတွင်းအား ဝင်သွားတော့ အဲသည်လူက ချက်ချင်း သတိရလာတယ်။
"မင်း...... မင်း.... "
သူက ကျုပ်ကိုမြင်တော့ တစ္ဆေ၊သရဲ တစ်ကောင်ကို မြင်သွားသလိုပဲ ။ ကျုပ်က ပထမ တစ်ယောက်နဲ့တင် သင်ခန်းစာ ရသွားပြီဗျ ။ သူ့ကို စကားပြော မခံတော့ဘူး ။ သူ့ရဲ့ လည်ပင်းကို ညှစ်ပြီး အေးစက်စက် မေးလိုက်တယ် ။
" ငါမေးတဲ့ မေးခွန်းကို မှန်မှန် ဖြေစမ်း ။ ထန်ဓားကြီးကိုလည်း ငါမေးပြီးပြီ ။တကယ်လို့ မင်းရဲ့ အဖြေက သူနဲ့ မတူဘူးဆိုရင် မနက်ဖြန် နေထွက်တာ မြင်ရဖို့ မစဥ်းစားနဲ့တော့ "
ကျုပ်က ဘာမှတောင် သိပ်မခြိမ်းခြောက် ရသေးဘူး ။ သည်ငကြောက်က သေးအရွှဲသား ဖြစ်နေပြီ ။
သူက ကျုပ်ကို အားလုံး ပြောပြမှာ အသေအချာပဲ ။
ပြီးတော့ ကျူပ်ရဲ့ လည်ပင်း ညှစ်တဲ့ အကွက်က သူ့ရဲ့ သွေးစီးဆင်းမှုကို ပိတ်ထားနိုင်ပြီး လူတွေကို မြင်ချင်ရာတွေ မြင်စေနိုင်တယ်ဗျ ။သည်ကောင်က အခုဆိုရင် အိပ်မက်လား ၊ တကယ်လား ဆိုတာတောင် ခွဲခြားနိုင်တော့မှာ မဟုတ်ဘူး ။ ကျုပ်က သည်အကွက်ကို သူတောင်းစားဂိုဏ်းက လူတစ်ယောက်ကို အရက် တစ်အိုးတိုက်ပြီး သင်လာခဲ့တာ ။
"မင်းသားချန်ရဲ့ စာရင်းစာအုပ်က ဇီးပန်းကျေးရွာက ချာယွင်အိမ်ကို ဘယ်လို ရောက်နေတာလဲ ။ ပြီးတော့ အဲဒါက မကောင်းဆိုးရွားဂိုဏ်းနဲ့ ဘယ်လို ပတ်သတ်နေတာလဲ "
" ငါ..... ငါ.... မသိဘူး ။ အဟွတ်....အဟွတ်.... ခဏ...ခဏလေး....ကျွန်တော် ပြောပါ့မယ် ။ သည်လိုပါ "
ငကြောက်ကောင်ရဲ့ မျက်လုံးက ပုဇွန်မျက်လုံးလို ပြူးထွက် မလာခင်အထိ ကျုပ်က လည်ပင်းညှစ်အားကို မလျော့ဘူး ။ မျက်နှာကလည်း ခရမ်းရောင် မပြောင်းခင် အထိပေါ့ ။
အခုဆိုရင် သည်ကောင့်ရဲ့ ဦးနှောက်က သိပ်တွေးနိုင်တော့မှာ မဟုတ်ဘူး ။ ကျုပ်မေးတာတွေကို တန်းပြီး ဖြေတော့မှာ ။
" ချာယွင်က ဧကရာဇ် ဘုရင်မင်းမြတ်ရဲ့ ခါးပိုက်ဆောင် တပ်ဖွဲ့က အရာရှိ တစ်ယောက်ပါ ။ သူကမြို့တော်ထဲက အရာရှိတွေနဲ့ မင်းသားတွေရဲ့ အင်အားစုကို စုံစမ်းထောက်လှမ်းတဲ့ နေရာမှာ အထူးပြုပါတယ် ။ သူက မင်းသားချန်ကို သစ္စာခံသလို ဟန်ဆောင်ပြီး နေခဲ့တာ ။နောက်တော့ သူက မင်းသားချန်ရဲ့ စံအိမ်ထဲက မှတ်တမ်းစာအုပ်ကို ခိုးယူပြီး ဘုရင်ဧကရာဇ်ဆီ တင်ပြဖို့ ရည်ရွယ်ထားတာကို ကျွန်တော်တို့ သိလိုက်ရတယ်။ ဒါကြောင့် မင်းသားချန်က လူတွေ စေလွှတ်ပြီး သူ့ကို ဖမ်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ဖမ်းမမိခင်မှာပဲ သူက လန်ကျွင်းကျူးခုံက လူတွေရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်။ အဲသည်နောက် သူတို့က အဲသည် စာရင်းစာအုပ်ကို မကောင်းဆိုးရွားဂိုဏ်းက ရသွားပြီလို့ ထင်ခဲ့ကြတယ်။ ပြီးတော့ အဲသည် စာအုပ်ကို အသုံးချပြီး ကျုပ်တို့ကို သေချာပေါက် ခြိမ်းခြောက်လာမယ်လို့လည်း တွေးထားခဲ့တယ်။ ဒါပေမဲ့ လပေါင်းများစွာ စောင့်နေခဲ့တာတောင် ဘာမှ မဖြစ်လာဘူး။ အဲဒါကြောင့် မင်းသားချန်က ချာယွင် မသေခင် သူ့အိမ်ထဲမှာ စာအုပ်ကို ဝှက်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆပြီး လူတွေကို ရှာခိုင်းခဲ့တာ "
" အဟွတ်.... အဟွတ်....အဟွတ်... သခင်ကြီး... ကျွန်တော့်လို မလိမ်မိုး၊မလိမ်မာလေးကို ခွင့်လွှတ်ပေးပါ "
" အိုး.....သည်တော့ လန်ကျွင်းကျူးခုံက တကယ်ကြီး သည်ကိစ္စမှာ ပါနေတာပေါ့ ။ သူတို့က ဘာလို့ ချာယွင်ကို သတ်လိုက်တာလဲ "
"ကျွန်တော် တကယ် မသိပါဘူး "
" မင်းသေချာလား"
ကျုပ်က လည်ပင်းညှစ်တာကို ဖယ်ပြီး ပခုံးကို ပုတ်လိုက်တယ် ။
" သေချာပါတယ် "
ဟုတ်ပြီ ။ ကြည့်ရတာ သူက တကယ် မသိပုံပဲ ။ ပြီးတော့ ကျုပ်ခြိမ်းခြောက်တာကလည်း လုံလောက်ပြီ ထင်တယ် ။
တစ်ခုတည်းသော ဖြစ်နိုင်ဖွယ်ကတော့ စာရင်း စာအုပ်ထဲမှာ မကောင်းဆိုးရွားဂိုဏ်း မပေါက်ကြားစေချင်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းမပေါက်ကြားစေချင်ရင် နှုတ်ပိတ်လိုက်တာက အကောင်းဆုံးနည်းပဲလေ ။ ဟုတ်တယ်မလား ။
ဒါပေမဲ့ အဲသည်ကိစ္စတွေက ကျုပ်နဲ့ မဆိုင်ဘူး ။
ကျုပ် သိချင်တာက ဘယ်သူက ဘယ်သူ့ကို ရန်ငြိုးထားနေတာလဲ၊ ဘယ်သူက ဘယ်သူ့ကို လိုက်နေတာလဲ ဆိုတာပဲ။ ကျန်တာတွေကတော့ သည်အတိုင်း စပ်စုချင်ရုံသက်သက်ပဲ ရှိတာ ။
" ကောင်းပြီ.....ကျေးဇူးပဲ "
ကျုပ်က လက်ဝါးစောင်း တစ်ချက်နဲ့ ငကြောက်ကို မိတ်ဆက်ပေးလိုက်တယ် ။
ကျုပ်ရဲ့ ဆောင်ပုဒ်က သိုသိုသိပ်သိပ် နေမယ် ။ ပြဿနာကို ရှောင်မယ် ။ တကယ်လို့ ပြဿနာ ကြုံလာခဲ့ရင်လည်း အထက်လူကြီးဆီ ပုံချမယ် ။
ဒါပဲ ။ ဒါက ကျုပ်ရဲ့ ပုံစံပဲ ။
အဲသည််နောက်မှာ ကျုပ်က ဇာမဏီခန်းမထဲက ထွက်ပြီး ဘယ်ညာ ကြည့်လိုက်တယ်။
"စုရှောင်... ထန်ယီ... မင်းတို့ ဘယ်မှာလဲ..."
ပြီးတော့ ရုတ်တရက် အော်မိသွားတယ်။
"စုရှောင်......... မင်း အဲဒါ ဘာလုပ်နေတာလဲ "
ကျုပ်ရှေ့က မြင်ကွင်းက ကျုပ်ကို တကယ် သွေးပျက်သွားစေတယ်။
အခုတော့ ခန်းမထဲက မထွက်ခင် စုရှောင် ပြသွားတဲ့ အမူအယာနဲ့ "ထစ်...ထစ်..."ဆိုတဲ့ အဓိပ္ပာယ်ကို ကျုပ် ကောင်းကောင်ကြီး နားလည်သွားပြီ။
သည်မအေ******
ခွေးမျိုးက မင်းသားချန် လည်ပင်းပေါ်မှာ ဓားတင်ထားတာဗျ ။ ပြီးတော့ ဓားကလည်း ဟောင်းနွမ်း စုတ်ပြတ် သံချေးတက်နေတဲ့ စုမိသားစုပိုင် ဓားကြီးနဲ့ ။
ဟုတ်တယ် ။ ဇာမဏီခန်းမ အပြင်ဘက်က ပန်းခြံထဲမှာ စုရှောင်က မင်းသားချန် လည်ပင်းပေါ် ဓားတင်ပြီး ခပ်တည်တည်နဲ့ ရပ်နေတာ ။ မသိရင် သူက အခုပဲ မင်းသားချန်ခေါင်းကို ဖြတ်တော့မလိုပဲ ။
မင်းသားချန်က ဘယ်လို ဖြစ်တာလဲ.....
သူက မင်းသားဖြစ်ပြီး ဘာသိုင်းမှ မတတ်ဘူးလား.....
သူ့လူတွေကလည်း ဘယ်ရောက်ကုန်တာလဲ.....
တောက်...... လစာတွေတော့ တနင့်တပိုး ယူထားကြပြီး တစ်စက်ကလေးမှကို သောက်သုံး မကျကြပါလားကွာ....
ပြီးတော့ စုရှောင်.......
ခွေးမျိုး..... မင်းက သာမန် ရဲတပ်သား ပေါက်စလေးပဲ ရှိသေးတာ ။ အဲဒါကို ဘယ်လိုလုပ်ပြီး မင်းသားတစ်ပါးရဲ့ လည်ပင်းပေါ် ဓားတင်ထားရဲတာလဲ.....
မင်းမှာ ခေါင်းအပို ဘယ်နှစ်လုံး ရှိနေလို့လဲကွ...... ဟေ.......
စုရှောင်ကတော့ ကျုပ်ကို မြင်ပုံ မရဘူး ။သူက မာန်ပါပါနဲ့ ပြောနေတယ် ။
" ခင်ဗျားရဲ့လူတွေကို ရပ်ဖို့ ပြောလိုက် မဟုတ်လို့ကတော့...."
ကျုပ်က ကျားယွင်ဖုန်းဘက်ကို ကြည့်လိုက်တယ် ။
ရပ်မယ်.... ဘာကို ရပ်မှာလဲ.....
အမှန်အတိုင်း ပြောရရင် ဒါက ကျုပ် ကျားယွင်ဖုန်းကို သေသေချာချာ ပထမဆုံးအကြိမ် ကြည့်ဖူးတာပဲ ။ သူက အသက်သုံးဆယ်လောက် ရှိမယ်။ ရုပ်ရည်ကလည်း ကြည့်ကောင်းတယ် ။ အပြုအမူ၊ အရှိန်အဝါကလည်း အဖွဲ့ခေါင်းဆောင်စုန့်နဲ့ ခပ်ဆင်ဆင်ပဲ ။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်စုန့်လို စာပေ ဒါမှမဟုတ် သိုင်းပညာမှာ ထူးချွန်တဲ့ပုံတော့ မပေါက်ဘူး ။
ကျားယွင်ဖုန်းက သုံးယောက် တစ်ယောက် တိုက်နေတာ ဆိုပေမယ့် တကယ့် တကယ်တမ်းမှာတော့ နှစ်ယောက် တစ်ယောက်ပဲ တိုက်နေတာဗျ ။ ခေါင်းဆောင်စုန့်က သူ့ဂုဏ်သိက္ခာကို ထိန်းတဲ့အနေနဲ့ ဝင်မတိုက်ဘူး ။ အဲသည်နှစ်ယောက်မှာမှ တကယ် ထိပ်တိုက် ရင်ဆိုင်နေတာက ထနျယိိီ ။ ရှန်းယိရန်က အထောက်အပံ့ အနေနဲ့ဘေးကနေပြီး ထန်ယီရဲ့ ဟာကွက်တွေကို လိုက်ဖြည့်ပေးနေတာ ။
ဒါပေမဲ့ ရှန်းယိရန်ရဲ့ အထောက်အပံ့က ကောင်းလွန်းတော့ ကျားယွင်ဖုန်းက ထန်ယီကို မဖိနိုင်ဘူး ။ ထန်ယီကတောင် တဖန်ပြန်ပြီး သူ့ကို ဖိနေသေးတယ် ။
ကျုပ်အမြင် ပြောရရင် သည်တိုက်ပွဲက အခုချိန် ရပ်လိုက်တာ အကောင်းဆုံးပဲ ။ အဲလိုမှ မဟုတ်ရင် ကျုပ်က ဟွာဆန်းဂိုဏ်းကို စျာပန အကူငွေ ထည့်ရတော့မှာဗျ ။ အဲဲဒါက ကျုပ်ကို ငွေကုန်ကြေးကျ များစေတယ် ။
မင်းသားချန် အဖမ်းခံလိုက်ရတာ မြင်တော့ ကျားယွင်ဖုန်းက ချက်ချင်း နောက်ကို ခုန်ဆုတ်သွားတယ် ။ သူ့ရဲ့ ဓားသိုင်းက ထန်ယီထက် သာမသာ မဆုံးဖြတ်နိုင်ပေမယ့် သူ့ရဲ့ ကိုယ်ဖော့ပညာကတော့ ထန်ယီထက် အသာကြီးပဲ ။ သူက ခန္ဓာကိုယ်ကို နှစ်ချက် ၊သုံးချက် လှုပ်လိုက်ရုံနဲ့တင် မင်းသားချန်အနား ရောက်သွားပြီး စုရှောင်ကို ဓားနဲ့ ရွယ်ထားလိုက်တယ် ။
" အတင့်ရဲလိုက်တဲ့ မိန်းကလေး ......မင်းက အရှင့်သားကိုတောင် ခြိမ်းခြောက်ရဲတယ်ပေါ့လေ "
"ဟုတ်တယ်.....ရုပ်ဆိုးမကြီး ငါ့ကို လွှတ်စမ်း မဟုတ်ရင် မင်းရဲ့ တစ်ဆွေ၊တစ်မျိုးလုံးကို သတ်ခိုင်းပစ်မယ်ကွ "
ဘာကြောင့်မှန်းတော့ မသိဘူး ။ စုရှောင်က မျက်နှာကြီး နီရဲသွားတယ် ။ ပြီးတော့ ဒေါသတကြီးနဲ့ မင်းသားချန်ရဲ့ ခေါင်းကို ဓားနှောင့်နဲ့ ထုပစ်လိုက်တယ် ။
ခင်ဗျားတို့တော့ မသိဘူးဗျာ ။ ကျုပ်ကတော့ စုရှောင်ရဲ့ အပြုအမူကို မြင်ပြီး တစ်ကိုယ်လုံးမှာ ရှိသမျှ အမွှေးအမျှင်တွေ အကုန် ထောင်သွားတယ် ။
ညီလေးရာ.......အဲလောက်ကြီး မလုပ်စမ်းပါနဲ့....
အဲဒါက မင်းသား တစ်ပါးလေကွာ.......
ကျေးဇူးပြုပြီး နည်းနည်းပါးပါးလောက် ညင်သာပေးလို့ မရဘူးလား......
စုရှောင်က စိတ်ဆိုးမာန်ဆိုးနဲ့ အော်တယ် ။
" ခင်ဗျား ဘယ်သူ့ကို မိန်းမကြီးလို့ ခေါ်လိုက်တာလဲ ။ ကျုပ်က ယောက်ျားစစ်စစ်ကြီးဗျ "
ဟုတ်ပါပြီ......ဟုတ်ပါပြီ....... မင်းက တစ်လောကလုံးမှာ ယောကျာ်း အပီသဆုံးလူပါ....
အခုဆိုရင် ဇာမဏီခန်းမမှာ ရန်ပွဲ ဖြစ်နေတာ အတော်ကြာနေပြီ ။ သည်အချိန်ထိ အစောင့်တွေနဲ့ ရဲမက်တွေ မရောက်သေးဘူးဆိုရင် သည်နေရာကို လျူရှန်းမန်လို့ ခေါ်လို့ မရတော့ဘူး ။
အဲသည်အတွက် လျူရှန်းမန် ဌာန တစ်ခုလုံးမှာ ရှိတဲ့ ရုံးထဲက အစောင့်တွေနဲ့ သူရဲကောင်းတွေ အကုန်လုံးက ဇာမဏီခန်းမကို ရောက်လာကြတယ်။ မြင်ကွင်းကတော့ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားစရာပဲ။
နွေးထွေးတဲ့ လေပြည်လေညှင်းလေးက ပန်းခြံငယ်လေးထဲမှာ တိုက်ခတ်နေတယ် ။
ကျောက်စိမ်းပန်းပုသူဇာလို ချောမောလှတဲ့ မိန်းမငယ်လေး တစ်ယောက်က အရူးတစ်ယောက်လို ရယ်မောနေပြီး မင်းသားတစ်ပါးရဲ့ လည်ပင်းပေါ် ဓားတင်ထားတယ် ။ ပြီးတော့ သူက ဘာကိုမှ ဂရုစိုက်ပုံ မရဘဲ မင်းသားကို ခြိမ်းခြောက်နေသေးတယ် ။
အဆိုးဆုံးကတော့ အဲသည် မိန်းကလေးက သူတို့ရဲ့ လျူရှန်းမန်က ဖြစ်နေတာပဲ ။
သူတို့က မင်းသားကို ဖြောင်းဖျ ရမှာလား မိန်းကလေးကိုပဲ ဖမ်းရမှာလား မသိတော့ဘူး ။
နောက်ဆုံးမှာတော့ မင်းသားချန်က အံကို တင်းတင်းစေ့ပြီး အကုန်လုံးကို ပတ်ရမ်းတော့တယ် ။
" အတင့်ရဲလိုက်တာ...... အတင့်ရဲလိုက်စမ်းတာ"
" ငါ သည်ကိစ္စကို ခမည်းတော်နဲ့ တိုင်မယ်
ပြီးရင် လျူရှန်းမန်က ဘယ်လောက် ရယ်စရာကောင်းတဲ့ နေရာလဲဆိုတာ ပြောပြမယ်ကွ.....ကြားလား... မိန်းမယုတ် "
မင်းသားချန်က ကျုပ်ကိုလည်း ဘေးမဲ့ မပေးဘူးဗျ ။ သူက ကိုယ့်ဘာသာကိုယ် ဘေးနားမှာ ပွဲရပ်ကြည့်နေတဲ့ ကျုပ်ကို လက်ညှိုးထိုးပြီး အော်ပြောလာတယ် ။
" မင်း......ဟိုနားက ရုပ်ဆိုးဆိုးနဲ့ကောင်.....မင်းလည်း လွတ်မယ် မထင်နဲ့ "
ဘာလဲ...... သည်မင်းသားချန်က ဦးနှောက်အကန့် တစ်ခု လွတ်သွားတာလား.....
ခင်ဗျား လည်ပင်းပေါ် ဓားတင်ထားတာက စုရှောင်လေ......အဲဒါကို ဘယ်ကိုလာပြီး ဆွဲထည့်နေတာလဲ.....
လျူရှန်းမန်က လူတွေအကုန်လုံးကို ကျုပ်ကို သနားသလို ကြည့်လာတယ် ။ ပြီးတော့ ချက်ချင်းဆိုသလိုပဲ ကျုပ်အနားကနေ ပျောက်သွားကြတယ် ။
ဟေ့လူတွေ......မင်းသားချန်က ကျုပ်ကို အသားလွတ် မုန်းနေရုံ သက်သက်ပါဟ ။ ကျုပ်က ပုလိပ်ရောဂါမှ မဟုတ်တာ ဘာလို့ ပျောက်သွားကြတာတုန်း......
ရှန်းယိရန်ကတော့ ကျုပ်နားကို ရောက်လာပြီး ပခုံး ပုတ်ပေးရှာပါတယ် ။
" ဖေးဟန်.....အဖွဲ့သားတွေဆိုတာက ဘယ်အခြေအနေမှာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မပစ်ပယ်ရဘူး ။ကြုံလာသမျှ အခက်အခဲ၊ ဒုက္ခကိုလည်း မျှဝေ ခံစားရတယ် ။ ဟုတ်ပြီလား...."
သွားစမ်းပါ.......သောက်တလွဲ အားပေးစကားကြီး.......
ပြဿနာကို မီးထွန်းရှာတာက စုရှောင်လေ....
ကျုပ်က ဘာကို ဝေမျှ ခံစားပေးရမှာလဲ......
ထန်ယီကတော့ ထုံးစံအတိုင်း အေးအေးဆေးဆေးပဲ။
သူက ကျုပ်ကို တည့်တည့်ကြီး ကြည့်ပြီး မေးလာတယ်။
" ကျွန်တော်တို့ သည်ည တိုက်ပွဲက ရှိဦးမှာလား "
ငါxီးတဲ့မှပဲဟေ့.....
အခြေအနေကိုလည်း တစ်ချက် ကြည့်ပါဦးကွာ....
" ထန်ယီ..... မင်းလည်း ငါတို့ အဖွဲ့ဝင်ပဲလေ"
ကျုပ်က ထန်ယီကို သတိပေးလိုက်တယ် ။
ထန်ယီက ဂရုစိုက်ပုံ မရဘူး ။
" ဒါပေမဲ့ ကျွန်တော်မှ မင်းသားချန်ကို မခြိမ်းခြောက်ထားတာ"
" ငါကကော ခြိမ်းခြောက်ထားလို့လားဟ "
ကျုပ်က ကမ္ဘာပျက်မလို ဖြစ်နေချိန်မှာ စုရှောင်ဆိုတဲ့ မအေပေးလေးကတော့ အခုထက်ထိ အခြေအနေကို မဖတ်နိုင်သေးဘူး ။ သူက မင်းသားချန်ကို နောက်တစ်ကြိမ်တောင် ခြိမ်းခြောက်လိုက်သေးတယ် ။
" ခင်ဗျားရဲ့ လူတွေကို နောက်ဆုတ်ခိုင်းလိုက်။ မဟုတ်ရင် ခင်ဗျားခေါင်းပေါ်မှာ ဘုတွေ အသီးလိုက် ဖြစ်နေအောင် ထုရလိမ့်မယ် "
အဲသည် အချိန်မှာပဲ လူတစ်ယောက်ရဲ့ အော်သံက ရုတ်တရက်ကြီး ထွက်လာတယ်ဗျ ။
"ရပ်စမ်း "
"ဥပဒေကို လေးစားမှု မရှိကြတော့ဘူးလား"
"အစိုးရရုံးတော်ထဲမှာ သည်လိုလုပ်ရဲတယ်ပေါ့ "
အသံနဲ့အတူ မိန်းမစိုးဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက် ရုတ်တရက် ရောက်လာတယ်။
စုရှောင်ကတော့ သူ့ကို လုံးဝ ဂရုစိုက်ပုံ မပြဘူး။
ဒါပေမဲ့ မင်းသားချန်ကတော့ ကယ်တင်ရှင် တွေ့လိုက်ရသလိုပဲ ။ သူက ဝမ်းသာအားရနဲ့ ပြောလိုက်တယ် ။
"နန်ကုန်းကုန်း... ခင်ဗျား ရောက်လာပြီပေါ့"
"ဒါဆိုရင်..."
ပွဲကြည့်ရတာ သဘောကျနေတဲ့ ရှန်းယိရန်ရဲ့ မျက်နှာက ချက်ချင်း ပြောင်းသွားတယ်။
"သွားပြီ..."
"ဖေးဟန်... ငါသည်နေ့ ဧကရာဇ်ကို ဖိတ်ထားတာ မေ့သွားတယ် "
"ဘယ်သူ "
ကျုပ်က သိပ်ရှင်းရှင်းလင်းလင်း မကြားလိုက်တော့ ရှန်းယိရန် ဘာကို ဆိုလိုတာမှန်း နားမလည်ဘူး ။
အဲသည် အချိန်မှာပဲ စူးရှပြီး ပြာအက်အက် ဖြစ်နေတဲ့ ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားတယ်။
"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ...."
Lord.Zen