← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

ရွှေလက်ဆေးတဲ့ သိုင်းဘုရင်

စာစဉ် (၄) အပိုင်း (၃၆)

ဧကရာဇ်နဲ့ လက်အောက် အမှုထမ်းကြား စကားဝိုင်း (အပိုင်း ၁)

"ထိုင်"

နေရာကတော့ ဇာမဏီ ခန်းမထဲမှာပဲ။

ဒါပေမဲ့ အခန်းထဲမှာက လူနှစ်ယောက်တည်းပဲ ကျန်တော့တယ်။ တခြားလူတွေ အားလုံးကတော့ ကိုယ့်နေရာကိုယ် ပြန်သွားကြပြီ။

ရှန်းယိရန်က ထိုင်ဖို့ ငြင်းနေတာကို မြင်တော့ ဧကရာဇ်က ခါးသီးစွာ ရယ်လိုက်တယ်။

"ဘာဖြစ်လို့လဲ..."

"ငါကိုယ်တော်က မင်းကို ထိုင်ပါဦးလို့ တောင်းပန်ရဦးမှာလား..."

ရှန်းယိရန်ရဲ့ မျက်နှာကတော့ ထုံးစံအတိုင်း အေးစက်နေတုန်းပဲ ။

သူက ဒူးထောက်ချလိုက်ပြီး ပြောတယ်။

"ကျွန်တော်မျိုးမရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်း မသင်ကြားနိုင်ခဲ့လို့ ဘုရင်မင်းမြတ်ကို စိတ်အနှောင့်အယှက် ဖြစ်စေမိပါတယ်..."

"အပြစ်ပေးတော်မူပါ..."

ဧကရာဇ် ယွမ်ရှန်းက အရေးမစိုက်တဲ့ပုံနဲ့ လက်ဝှေ့ယမ်းလိုက်တယ် ။

"တော်တော့... တော်တော့..."

"အဲသည် အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောနဲ့တော့..."

"ငါအခု.....မင်းကို ခေါ်တွေ့တာက မင်း အခုတလော ဘယ်လိုနေသလဲ သိချင်လို့..."

"ဘာလဲ.....မင်းကို အပြစ်ပေးဖို့ ခေါ်ထားတယ်လို့ ထင်နေတာလား..."

"ထပြီး ပြော..."

ဒါပေမဲ့ ရှန်းယိရန်ကတော့ ဆက်ပြီး ဒူးထောက်နေတုန်းပဲ ။ သူက ခေါင်းကိုတောင် မော့မလာဘူး ။

ဧကရာဇ်က သူမကို ကလေးဘဝကတည်းက ကြည့်ပြီး ကြီးပြင်းလာတာဆိုတော့ ကိုယ့်တူမလေးတစ်ယောက်လို ချစ်ခင်တယ်။

သည်နေ့လို ပြဿနာမျိုးကို တခြားလူတစ်ယောက် ဖန်တီးခဲ့တာဆိုရင် အပြစ်ပေးခံရမှာ သေချာတယ်။

ဒါပေမဲ့ ရှန်းယိရန်ကတော့ မတူဘူး။

ရှန်းယိရန်ကိုယ်တိုင်လည်း သည်အချက်ကို ကောင်းကောင်း သိတယ်။

ကောင်မလေးက ပုံမှန်ဆိုရင် ဥပဒေတို့ စည်းမျဉ်းတို့ကို သိပ်ဂရုစိုက်တတ်တဲ့ လူမျိုး မဟုတ်ဘူး။

ဒါကြောင့် ဧကရာဇ်ကလည်း သူ အခုလို အမူအရာလုပ်နေတာက တခြားရည်ရွယ်ချက် တစ်ခု ရှိနေတာကို ကောင်းကောင်းကြီး ရိပ်စားမိတယ် ။

ဒါပေမဲ့ အဲသည် တောင်းဆိုချက်က သူ့အတွက် ခွင့်ပြုဖို့ ခက်ခဲမယ့် ကိစ္စ ဖြစ်နေမယ်ဆိုတာကိုလည်း သူက ကောင်းကောင်းကြီး သိနေတယ်။

"ယိရန်..."

"ဒီမှာ အပြင်လူ မရှိဘူး..."

"သည်တော့ ဦးလေး.... မင်းနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောချင်တယ်..."

ဧကရာဇ်က ဟန်ဆောင်ပြီး ပြောနေတာ မဟုတ်ဘူး။ သူ့စိတ်နေစိတ်ထားက ဘယ်သူနဲ့မဆို အဆင်ပြေတယ်။

အဲဒါက သူ့ရဲ့ ပင်ကိုယ်စရိုက်ပဲ။

ဒါပေမဲ့ သူက ဧကရာဇ် ဖြစ်နေတဲ့အတွက် ပြောတဲ့ စကားတိုင်း၊ လုပ်တဲ့ အပြုအမူတိုင်းမှာ သတိထားနေရတယ်။

အဲဒါတွေကို ဖယ်လိုက်ရင်တော့ သူက ရှန်းယိရန်အတွက် ရင်းနှီးတဲ့ ဦးလေးတစ်ယောက်နဲ့ မခြားဘူး။

"အဲဒီနှစ်တုန်းက ယန်ရှီဆန်းရဲ့ အမှားကို အပြစ်ပေးဖို့..."

"ဦးလေးက လျူရှန်းမန်ကို နှစ်ပေါင်းများစွာ အရေးမစိုက်သလို လုပ်ခဲ့တယ်..."

"ဒါပေမဲ့ မင်း ဘယ်လောက် ကြိုးစားခဲ့လဲ ဆိုတာကိုတော့ ဦးလေးသိတယ်..."

"လျူရှန်းမန်ရဲ့ပျက်စီးနေတဲ့ ခြံံဝင်းတွေကို ပြန်ပြင်ဖို့ မင်း အိမ်က ပစ္စည်းတွေတောင် ရောင်းခဲ့တယ်..."

"လျူရှန်းမန်ရဲ့ သြဇာကို ချဲ့ထွင်နိုင်ဖို့ စုန့်အုနဲ့ လက်ထပ်ဖို့တောင် လုပ်ခဲ့သေးတယ်..."

"ဘာလို့ မင်းကိုယ်မင်း သည်လောက်အထိ ဒုက္ခခံနေရတာလဲ..."

ရှန်းယိရန်က နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။

သူမရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းမှု အရိပ်တစ်ခု ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်သွားတယ်။

ပြီးတော့ သူမက ပြောတယ်။

"ကျွန်တော်မျိုးမ ရှက်ရွံ့မိပါတယ် ဘုရင်မင်းမြတ်..."

"ကျွန်မရဲ့ မိဘတွေက လျူရှန်းမန်အတွက် သူတို့လုပ်နိုင်သမျှ အားလုံး လုပ်ခဲ့ကြတယ်..."

"လျူရှန်းမန်ကို ပြန်ပြီး တိုးတက်ကြီးမားလာအောင် လုပ်ဖို့က ကျွန်မရဲ့ တစ်သက်တာ အိပ်မက်ပါ..."

"ကျွန်မ လုပ်ခဲ့တာတွေက မိဘနှစ်ပါး လုပ်ခဲ့တာတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး..."

ဧကရာဇ်က သက်ပြင်းတစ်ချက် ချလိုက်တယ်။

"မင်း အခု ပြောလိုက်တာကြောင့် ငါ ပိုပြီး အပြစ်ရှိသလို ခံစားရတယ်..."

"ရှန်းကျွင်းက ငါ့ရဲ့ ငယ်သူငယ်ချင်း..."

"ငါတို့ နှစ်ယောက်ရဲ့ သံယောဇဉ်က ညီအစ်ကိုတွေနဲ့ မခြားဘူး..."

"သူက ငါ့ကို အကြိမ်ပေါင်းများစွာ ကူညီဖူးတယ်...... ငါ့အသက်ကိုလည်း မရေမတွက်နိုင်အောင် ကယ်တင်ခဲ့ဖူးတယ် "

"အဲသည် ကျေးဇူးတွေကို ငါ တစ်ခုမှ မမေ့ဘူး..."

"ပြီးတော့ ရှန်းကတော်ကိုလည်း ငါ အရမ်း လေးစားတယ်..."

"သူက တကယ့် သူရဲကောင်း အမျိုးသမီးတစ်ယောက်ပဲ..."

အတိတ်အကြောင်းတွေကို ပြန်သတိရရင်း ဧကရာဇ်က သူ့ရှေ့က ကောင်မလေးအပေါ် ပိုပြီး အားနာလာတယ်။ သူက သူ့ညီအစ်ကိုရဲ့ သွေးသားရင်းချာအပေါ် ထင်သလောက် ကြည့်ရှုမပေးနိုင်ခဲ့သလိုပဲ ။

"အစ်ကိုရှန်း ဆုံးသွားတဲ့အချိန်တုန်းက.....မင်းကို ငါ စောင့်ရှောက်မယ်လို့ သူ့ကို ကတိပေးခဲ့တယ်..."

"ဒါပေမဲ့ အခုတော့..."

"မင်းနဲ့ မင်းမောင်လေး နှစ်ယောက်လုံး ဒီလောက် ခက်ခက်ခဲခဲ ဘဝကို ဖြတ်သန်းနေရတာကို မြင်ရတော့..."

"ငါ သူ့အပေါ် ကတိမတည်နိုင်ခဲ့သလို ခံစားရတယ်..."

ဧကရာဇ် ယွမ်ရှန်း ပြောနေတဲ့ တစ်လျှောက်လုံးမှာ ရှန်းယိရန်က လုံးဝ ခေါင်းမမော့လာဘူး ။

"ဘုရင်မင်းမြတ်..."

"ကျွန်တော်မျိုးမက ဖခင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကျေးဇူးတရားတွေကို အကြောင်းပြပြီး ဘုရင်မင်းမြတ်ကို မတရားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ခိုင်းဖို့ မရဲဝံ့ပါဘူး..."

"ဒါပေမဲ့ လျူရှန်းမန်က ငြိမ်သက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ..."

"လျူရှန်းမန် ထိပ်သီး စာရင်းရဲ့ အယောက် တစ်ရာ စာရင်းမှာဆိုရင် လျူရှန်းမန်က ဆယ်ယောက်ပဲ ပါပါတော့တယ် "

"အရှင်မင်းကြီး.....ကျွန်တော်မျိုးမတို့ ခံခဲ့ရတဲ့ အပြစ်ဒဏ်က မလုံလောက်သေးဘူးလား..."

"ကျွန်တော်မျိုးမက လျူရှန်းမန် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ အခွင့်အရေးတစ်ခု လိုအပ်တယ်လို့ပဲ ထင်ပါတယ်..."

"ပြီးတော့ ဘုရင်မင်းမြတ်ကို တစ်ဖန် ပြန်လည် အမှုထမ်းနိုင်ဖို့လည်း လိုအပ်ပါတယ်..."

ဧကရာဇ် ယွမ်ရှန်းက အချိန်အတော်ကြာ တိတ်ဆိတ်နေတယ်။

ပြီးမှ အသံတိုးတိုးနဲ့ ပြောလာတယ်။

"သည်နေ့ ငါ ဘာလို့ ဒီကို ရောက်လာတယ်ဆိုတာ မင်း သိလား..."

"ကျွန်တော်မျိုးမလည်း မခန့်မှန်းတတ်ပါဘူး ..."

"ကျွန်တော်မျိုးမ ဘုရင်မင်းမြတ်ကို အကြိမ်ကြိမ် ဖိတ်ခဲ့ပေမယ့်..."

"အလုပ်များတယ်ဆိုပြီး ကြွမလာခဲ့ဘူး..."

"ဒီနေ့လည်း ကြွလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူး..."

ဧကရာဇ်က သူမရဲ့ စကားကို မဖြေဘဲ တခြားအကြောင်းကို ဆက်ပြောတယ်။

"မနေ့က ချီလင်ကိုယ်ရံတော်တပ်ရဲ့ တပ်မှုးက အစီရင်ခံစာ တစ်စောင် တင်လာတယ်..."

"လျူရှန်းမန် ထိပ်သီးစာရင်းဆိုတဲ့ အမည်ကို ချီလင် ထိပ်သီးစာရင်း ဆိုပြီး ပြောင်းလဲပေးပါ ဆိုပြီး တောင်းဆိုထားတယ်..."

သည်သတင်းက ရှန်းယိရန်အတွက်တော့ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ။

သူမရဲ့ လှပတဲ့ မျက်နှာလေးက ချက်ချင်း ဖြူဖျော့သွားတယ်။

အဲသည်နောက်မှာ တုန်ရီနေတဲ့ အသံနဲ့ ပြန်မေးတယ်။

"အဲ... အဲဒါ..."

"ဘုရင်မင်းမြတ်..."

"ဒါဆို... ဘယ်လို ဆုံးဖြတ်ခဲ့ပါသလဲ..."

စကားဆုံးတဲ့အချိန်မှာ သူမရဲ့ အသံတောင် မထိန်းနိုင်တော့ဘဲ တုန်ယင်နေတယ်။

လျူရှန်းမန်က နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့လို့ နာမည်ဂုဏ်သတင်းက မြေကျသွားပြီ။

အခု ကျန်နေသေးတာဆိုလို့ တစ်ချိန်က ဂုဏ်ကျက်သရေ ကြီးမားခဲ့တဲ့ သမိုင်းကြောင်းနဲ့ ရွှေရောင်စာလုံးတပ် ဆိုင်းဘုတ်တစ်ခုပဲ ရှိတော့တယ်။

အဲဒါကိုပါ ချီလင်အစောင့်တပ်က ယူသွားမယ်ဆိုရင်...

လျူရှန်းမန်ကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့က လူသေကို ပြန်ရှင်အောင် လုပ်ရသလို ခက်ခဲသွားလိမ့်မယ်။

ဧကရာဇ်က မေးတယ်။

"မင်းရော ဘယ်လိုထင်လဲ..."

"ငါ ဘယ်လို ဆုံးဖြတ်သင့်တယ်လို့ ထင်လဲ..."

ရှန်းယိရန်က ခေါင်းငုံ့ထားရင်း ပြန်ဖြေတယ်။

"ကျွန်တော်မျိုးမက....ဘုရင်မင်းမြတ်ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဖို့ မရဲဝံ့ပါဘူး..."

ရှန်းယိရန်ရဲ့ ကြောက်ရွံ့နေတဲ့ ပုံစံကို မြင်တော့ ဧကရာဇ်လည်း စိတ်မကောင်း ဖြစ်သွားတယ်။

သူက သက်ပြင်းချပြီး ပြောတယ်။

"ဒီကိစ္စကို ငါ ယာယီ ဆိုင်းငံ့ထားလိုက်တယ်..."

"လျူရှန်းမန်က တော်ဝင်နန်းတော်အတွက် အမှုတော်များစွာ ထမ်းဆောင်ခဲ့ဖူးတယ်..."

"ဒီနှစ်ပိုင်းတွေအတွင်း စွမ်းဆောင်ရည် ကျဆင်းသွားတာနဲ့..."

"ယန်ရှီစန်းရဲ့ ကိုယ်ရေးကိုယ်တာ အမှားတစ်ခုကြောင့်....လျူရှန်းမန်ကို လုံးဝ ဖျက်သိမ်းလိုက်ဖို့တော့ ငါ မလုပ်နိုင်ဘူး..."

ဒီစကားကြားတော့ ရှန်းယိရန်ရဲ့ စိတ်ဖိစီးမှုက အနည်းငယ် လျော့ကျသွားတယ်။

ဒါပေမဲ့ ဧကရာဇ်က ဆက်ပြောလာတယ်။

"ငါ အခုအတွက်တော့ ဆိုင်းငံ့ထားနိုင်တယ်..."

"ဒါပေမဲ့ ထာဝရတော့ မဆိုင်းငံ့ထားနိုင်ဘူး..."

"လျူရှန်းမန် ထိပ်သီးစာရင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ..."

"တော်ဝင်နန်းတော်ရဲ့ အတော်ဆုံး သိုင်းသမား တစ်ရာကို ဖော်ပြထားတာ..."

"မူလတုန်းက အဲသည်တစ်ရာထဲမှာ..."

"လျူရှန်းမန်..."

"ငါ့ရဲ့ ကိုယ်ရံတော်အဖွဲ့..."

"ချီလင် ကိုယ်ရံတော် အစောင့်တပ်.....သုံးဖွဲ့လုံး ပါဝင်ဖို့ ရည်ရွယ်ထားတာ..."

"အခု ချီလင်အစောင့်တပ်က နေရာ ခြောက်ဆယ် ယူထားတယ်..."

"ငါ့ကိုယ်ရံတော်အဖွဲ့ထဲကလည်း နှစ်ဆယ်ကျော် ပါနေတယ်..."

"လျူရှန်းမန်ကတော့..."

"အခြေအနေ ဘယ်လိုရှိလဲ မင်းကိုယ်တိုင် သိတယ်..."

ဧကရာဇ်က ခဏရပ်ပြီး ဆက်ပြောတယ်။

"ပြီးတော့..."

"ချီလင်ကိုယ်ရံတော်တပ်ရဲ့ တောင်းဆိုချက်ကလည်း မတရားတာ မဟုတ်ဘူး..."

"သည်နှစ်တွေတစ်လျှောက် သိုင်းလောကကို စနစ်တကျ ဖြစ်အောင် သူတို့ အများကြီး လုပ်ခဲ့တယ်..."

"တစ်ခါမှ ပေါ့လျော့ခဲ့တာ မရှိဘူး..."

"သူတို့က ဆုလာဘ် တောင်းနေတာ မဟုတ်ဘူး..."

"အသိအမှတ်ပြုမှု တစ်ခုပဲ တောင်းနေတာ..."

"ငါ့အမြင်မှာတော့ ဒါက ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်ပဲ..."

အဲဒီအချိန်မှာ ဧကရာဇ်က သူ တကယ် ပြောချင်တဲ့ အကြောင်းကို ထုတ်ပြောတော့တယ်။

"ယိရန်..."

"မင်းက အစ်ကိုရှန်းရဲ့ သမီး..."

"ငါ့သမီးတစ်ယောက်လိုပဲ..."

"ပြီးတော့ မင်းနဲ့ ငါ့သမီးကလည်း အရမ်း ခင်မင်ကြတယ်..."

"ငါ မင်းကို မင်းသမီးဘွဲ့ ပေးချင်တယ်..."

"လျူရှန်းမန်ရဲ့ ကိစ္စတွေကို တခြားလူတစ်ယောက်ဆီ လွှဲပေးလိုက်တော့..."

"မင်းက မိန်းကလေး တစ်ယောက်ပဲ..."

"သည်လိုဘဝမျိုးနဲ့ မသင့်တော်ဘူး..."

ရှန်းယိရန်က ခေါင်းကို ပိုငုံ့လိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ ပြောလိုက်တယ်။

"ကျွန်တော်မျိုးမ လိုချင်တာ.....တရားမျှတတဲ့ အခွင့်အရေး တစ်ခုပဲ ရှိတာပါ "

ဧကရာဇ် ယွမ်ရှန်းက ရှန်းယိရန်ကို စိုက်ကြည့်နေတယ်။

သူ့ရဲ့ နူးညံ့တဲ့ အကြည့်တွေက ရုတ်တရက် စူးရှသွားတယ်။

"ရှန်းယိရန်..."

"လျူရှန်းမန် ပြန်ပြီး ဦးမော့လာမယ်ဆိုရင်.....ချီလင် ကိုယ်ရံတော်တပ်နဲ့ ငါ့ကိုယ်ရံတော်တွေရတဲ့ အရင်းအမြစ်တွေ လျော့သွားမယ်ဆိုတာ မင်း သိတယ်မလား..."

"လမုန့်က သည်လောက်ပဲ ရှိတယ်..."

"နောက်တစ်ယောက် ဝေစုလာယူရင်..."

"တစ်ယောက်ယောက်က တားမှာပဲ..."

"ပြီးတော့ မင်းကို တားမယ့်လူတွေက မရိုးရှင်းဘူး..."

"ကျွန်တော်မျိုးမ သိပါတယ်..."

"ပြီးတော့..."

"လျူရှန်းမန် တိတ်ဆိတ်နေတဲ့ နှစ်တွေ အတွင်းမှာ.....ချီလင် ကိုယ်ရံတော်တပ် ဘယ်လောက် ကြီးထွားလာလဲ ဆိုတာလည်း မင်း သိတယ်..."

"အခု သူတို့က သိုင်းလောကထဲမှာ ကိုယ်ပိုင် အင်အားစု ရှိနေပြီ..."

"သြဇာအာဏာလည်း ရှိတယ်..."

"သိုင်းလောကက လူတွေကလည်း သူတို့ကို ထိန်းညှိပေးနေတော့ ငါ စိတ်ချရတယ်..."

"ငါ့ကိုယ်ရံတော်တွေက အလုပ်မရှိသလို ထင်ရပေမယ့်...."အမှန်တော့ မင်းသားတွေ၊ အမတ်တွေ၊ အရာရှိတွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်အမှုတွေကို စုံစမ်းနေကြတာ..."

"ငါ့ကိုလည်း ကာကွယ်ပေးနေကြတယ်..."

"ပြည်သူတွေအတွက်လည်း အများကြီး လုပ်ပေးခဲ့ကြတယ်..."

"တကယ်လို့ မင်းကြောင့် သူတို့ အခက်အခဲ ဖြစ်လာရင်..."

"ငါ မင်းဘက်က ရပ်တည်ပေးမှာ မဟုတ်ဘူး..."

"တူမလေး..."

"မင်းရှေ့က လမ်းက ကြမ်းတမ်းတယ်..."

အဲသည်အချိန်မှ ရှန်းယိရန်က ခေါင်းမော့လာတယ်။

သူမ မျက်လုံးထဲက နူးညံ့တဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားခဲ့ပြီ ။ တစ်ချိန်တည်းမှာပဲ လျူရှန်းမန် လက်ထောက်ခေါင်းဆောင် ရှန်းယိရန်ရဲ့ အေးစက်ပြီး အာဏာပြင်းတဲ့ အရှိန်အဝါက ပြန်ပေါ်လာတယ်။

ပြီးတော့ သူက တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ကျွန်တော်မျိုးမ လျူရှန်းမန်ကို ချဲ့ထွင်ချင်တယ်..."

"ဒါကြောင့် ရှေ့မှာ ရှိမယ့် အတားအဆီး အားလုံးကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ပြီးသားပါ..."

"ဘယ်လို အခက်အခဲပဲ လာလာ ကျွန်တော်မျိုးမ လက်ခံမယ်..."

"ရှေ့မှာ မီးပင်လယ်ကြီး ရှိနေရင်တောင် မကြောက်ဘူး..."

"လမ်းက ခက်ခဲရင်..."

"တွားသွားရမယ်ဆိုရင်တောင် တွားသွားမယ်..."

အဲဒီအချိန်မှ ရှန်းယိရန်က ခေါင်းမော့လာတယ်။

သူမ မျက်လုံးထဲက နူးညံ့တဲ့ အရိပ်အယောင်တွေ ပျောက်ကွယ်သွားပြီး...

လျူရှန်းမန် ဒုတိယခေါင်းဆောင် ရှန်းယိရန်ရဲ့ ခံ့ညားပြီး အာဏာပြင်းတဲ့ အရှိန်အဝါ ပြန်ပေါ်လာတယ်။

သူမက တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"ကျွန်တော်မျိုးမ လျူရှန်းမန်ကို ချဲ့ထွင်ချင်တယ်..."

"ဒါကြောင့် ရှေ့မှာ ရှိမယ့် အတားအဆီး အားလုံးကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်ပြီးသားပါ..."

"ဘယ်လို အခက်အခဲပဲ လာလာ ကျွန်တော်မျိုးမ လက်ခံမယ်..."

"ရှေ့မှာ မီးပင်လယ်ကြီး ရှိနေရင်တောင် မကြောက်ဘူး..."

"တကယ်လို့ ရှေ့မှာ ရှိနေတဲ့ လမ်းက ခက်ခဲနေရင် ကျွန်တော်မျိုးမ တွားသွားရမယ်ဆိုရင်လည်း တွားသွားပါမယ် "

Lord. Zen

All Chapters