အခန်း ၄၇
Vol. 5 Ch. 47
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဥ်၅ အပိုင်း၄၇
နတ်စန္ဒာဂိုဏ်းရဲ့ ပုံပြင်
" မင်းတို့ လန်ကျွင်းကျူးခုံ မိစ္ဆာကောင်တွေက မင်းမြို့တော်ထဲ ခိုးဝင်ပြီး ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ "
လူရိုးကြီးရဲ့ မျက်နှာက အရင်အတိုင်း ရိုးသားပုံ ပေါက်နေဆဲပဲ ။ သူက ထိုက်ဟန်ယီရဲ့ မေးခွန်းကို ပြန်ဖြေတယ် ။
" ငါတို့က ဘာမှ လုပ်ဖို့ မကြံစည်ပါဘူး ။ နတ်စန္ဒာဂိုဏ်းရဲ့အရှုပ်အထွေးတွေ စကတည်းက ငါတို့ ညီအစ်ကိုတွေက မြို့တော် အစွန်အဖျားမှာ ဇာတ်မြုပ် နေထိုင်ခဲ့ကြတာ "
ထိုက်ဟန်ယီက အချိန်ကာလကို ပြန်ထိုး ချိန်ညှိကြည့်လိုက်တယ် ။
နတ်စန္ဒာဂိုဏ်းရဲ့ အရေးအခင်း စတာက လွန်ခဲ့တဲ့ ငါးနှစ် ။ တခြားတစ်နည်းနဲ့ ပြောရမယ် ဆိုရင်တော့ သည်လူတွေ မင်းမြို့တော်ထဲမှာ ပုန်းအောင်းနေတာက အနည်းဆုံး ငါးနှစ် ရှိခဲ့ပြီ ။
" သည်တော့ အစ်ကိုကြီး ချာယွင်ကို သတ်လိုက်တာ ခင်ဗျားတို့တွေပေါ့လေ"
"အစ်ကိုကြီးချာယွင်...... ဟုတ်လား "
သူတောင်းစားက မျက်မှောင် ကြုတ်ရင်းနဲ့ သူတို့အနားကို ကပ်လာတယ် ။ လမ်းတစ်ဝက်မှာ သူက ကျိုးသွားတဲ့ ပခုံးရိုးကို ဘာမှ မဖြစ်သလို ပုံစံနဲ့ ပြန်တည့်လိုက်သေးတယ် ။
သူ့ရဲ့ အရိုးအကြောကု ပညာက နောက်စရာ မဟုတ်ဘူး ။ သည်လို ကျွမ်းကျင်မှုမျိုးဆိုတာ အတော်လေး ပါရမီပါမှ ထုတ်ပြနိုင်တာမျိုး ဖြစ်တယ် ။
"မင်းက ဧကရာဇ်ရဲ့ ခါးပိုက်ဆောင် နန်းတွင်းကိုယ်ရံတော်တပ်က ဖြစ်ပြီး မကောင်းဆိုးရွားဂိုဏ်းတပည့် တစ်ယောက်ကို အစ်ကိုကြီးလို့ ခေါ်တယ်ပေါ့ ။ ဟီး...ဟီး..ဟီး.... ညီအစ်ကိုချာက သရုပ်ဆောင်တာ တကယ် တော်တာပဲ ။ငါတောင် ဧကရာဇ် ခါးပိုက်ဆောင်တပ်ထဲ ဝင်ပြီး နန်းနည်းပါးပါး ပျော်ချင်လာပြီ "
"အဓိပ်ပါယျ မရှိတာ ။ အစ်ကိုကြီးချာက ဘယ်လိုလုပ်ပြီး မကောင်းဆိုးရွားဂိုဏ်းရဲ့ တပည့် ဖြစ်နိုင်မှာလဲ "
လူရိုးကြီးက မဲ့ပြုံး ပြုံးလိုက်တယ် ။
" ချာယွင်က ငါတို့ထဲက မဟုတ်ဘူး.... ဟုတ်လား ။ တကယ်လို့ သူသာ ငါတို့ထဲက မဟုတ်ဘူး ဆိုရင် သူ့ရဲ့ သိုင်းစွမ်းရည်နဲ့ ကျားအဆင့် ထိပ်ပိုင်းကို ခဏလေး တက်နိုင်တယ်ကွ "
သူတောင်းစားက သူကျန်ခဲ့တာကို ဆက်ပြောတယ် ။
"ချာယွင်က နတ်စန္ဒာဂိုဏ်းဝင်တင် မဟုတ်ဘူး ။ လန်ကျွင်းကျူးခုံ အဖွဲ့ဝင်လည်း ဟုတ်တယ်ကွ ။သူက နန်းတွင်းကိုယ်ရံတော် တပ်ထဲမှာ အဖွဲ့ငယ် ခေါင်းဆောင် အသွင်ယူပြီး သူလျှို လုပ်နေတာ ။နောက်ပိုင်း ဂိုဏ်းမှာ အရှုပ်အထွေးတွေ ဖြစ်လာတော့ သူက ငါတို့ကို စပြီး ကိုယ်တိုင်လာဆက်သွယ်တယ်။ လိုက်ဖမ်းနေတဲ့လူတွေဆီကနေ မင်းတို့ကို ကယ်ပေးမယ် လို့ ပြောခဲ့တယ်။အပြန်အလှန်အနေနဲ့ ဧကရာဇ်ရဲ့ခါးပိုက်ဆောင် နန်းတွင်းကိုယ်ရံတော်တပ်ထဲမှာ သူ့ရဲ့ အာဏာနဲ့ ရာထူးကို ပိုတည်ငြိမ်အောင် ငါတို့က ကူညီပေးရမှာပေါ့ "
ရဲ့လျိုကတော့ သူတို့ပြောတာကို လုံးဝ မယုံဘူး။
" လုံးဝ မဖြစ်နိုင်ဘူး ။ အစ်ကိုထိုက်.... သူတို့ပြောတာ နားမယောင်နဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာချာက သူတို့ လက်ထဲမှာ သေခဲ့ရတာပဲ မဟုတ်လား "
" ဒါပေါ့ကွ.... သေတာကတော့ သေမှ ရမှာပဲ ။ အဲသည်ခွေးမသားက သူ့သားရဲ့ နောင်ရေးအတွက်ဆိုပြီး မင်းမှုထမ်းကောင်း မှတ်တမ်းကို အရူးလို လိုက်ယူနေတာ ။ သူက မင်းသားချန်ရဲ့ အိမ်တော်ကိုဝင်ပြီး အတွင်းလူတောင် လုပ်ခဲ့သေးတယ် ။ ငါက သူ့ကို မင်းသားချန် အိမ်တော်ကို မသွားသင့်ဘူးလို့ တားသေးတယ် ။ဒါပေမဲ့ မရဘူး ။ သူက မင်းသားချန် အိမ်တော်ထဲ ဝင်ရုံမကဘဲ မင်းတို့အတွက် စာရင်း စာအုပ်ကိုပါ ခိုးသွားသေးတယ် ။ပြီးတော့ အဲသည်စာအုပ်ကို မင်းတို့ဆီ အပ်ဖို့ တွေးနေသေးတာ ။ပြီးတော့ နောက်ပိုင်းမှာ နှစ်နှစ်လုံးလုံး ငါတို့နဲ့ ပုန်းနေပြီး တစ်နေ့မှာ နန်းတွင်းကိုယ်ရံတော်တပ်ကို ပြန်မယ် စိတ်ကူး ယဥ်နေသေးတယ် ။ ဟက်ဟက်.... အဲသည်မှာ xီးတွေ စဖြစ်တာပေါ့ ။မင်းသားချန်က စာရင်းစာအုပ်ကို မြေလှန်ပြီး ရှာရမယ် ဆိုရင်တောင် ရှာမယ့်သူလေ ။ ဒါကြီးက သူနဲ့အတူ ငါတို့ကိုပါ သေတွင်းထဲ ဆွဲချသွားမယ့်ကိစ္စ ။ ငါတို့က အဲသည်အရူးကောင်ကို ဘာအကြောင်းနဲ့ ဆက်ထားထားရမှာလဲ "
သူတောင်းစားရဲ့ စကားဆုံးတော့ ထိုက်ဟန်ယီနဲ့ ရဲ့လျိုတို့ နှစ်ယောက်လုံးက ပါးစပ် အဟောင်းသား ဖြစ်သွားကြတယ် ။
သည်တော့..... ဒါက ချာယွင် ဘာကြောင့် သေသွားရတာလဲ ဆိုတဲ့ အမှန်တရားပေါ့ ....
သူတို့ အမြဲလေးစားခဲ့ရတဲ့ အထက်လူကြီးက မကောင်းဆိုးဝါးဂိုဏ်းသား ဖြစ်နေခဲ့ပြီး
သူရခဲ့သမျှ အောင်မြင်မှုတွေကလည်း သည်လူတွေရဲ့ အကူအညီနဲ့ ရလာတာ။
သည်အမှန်တရားကို ကြားပြီးတဲ့နောက်
ထိုက်ဟန်ယီက စကားတစ်ခွန်းတောင် ပြန်မပြောနိုင်တော့ဘူး။
ဒါပေမဲ့ ရဲ့လျိုကတော့ အဲသည်လို မဟုတ်ဘူး ။
သူက တစ်ဖက်လူတွေ ပြောသွားတဲ့ စကားတွေကနေပြီး သံသယ ဖြစ်စရာ စကားတစ်ခွန်းကို သတိထားမိလိုက်တယ်။
သူတောင်းစားက ချာယွင်ကို ဘာလို့ မင်းသားချန် အိမ်တော်ထဲ မဝင်ဖို့ တားရတာလဲ....
" ရှင်တို့ မကောင်းဆိုးရွား ဂိုဏ်းဝင်တွေက ဘယ်သူ့ကိုမှ မကြောက်တဲ့လူတွေ မဟုတ်လား ။ အဲဒါကို မင်းသားချန် အိမ်တော်ထဲကျ ဘာလို့ မဝင်ရဲတာလဲ "
သူတောင်းစားက နှာခေါင်းရှုံ့ပြီး ပြန်မဖြေဘူး။
" ဒါက မင်းတို့လို ကလေးတွေ သိသင့်တဲ့အရာ မဟုတ်ဘူး "
ရဲ့လျိုက သူတောင်းစားကို ရည်ရွယ်ချက်ရှိရှိ လှောင်လိုက်တယ်။
" အော်.....သိပြီ ။ ဟွာဆန်းဂိုဏ်းက အဲသည်မှာ ရှိနေတာဆိုတော့ ရှင်တို့လည်း ကြောက်မှာပေါ့ ဟုတ်တယ်မလား "
"ထွီ..... သွားစမ်းပါကွာ ။ ငါတို့က ဟွာဆန်းဂိုဏ်းကို မျက်လုံးထဲတောင် မထည့်ဘူးကွ ။ ဟေ့ကောင်မလေး..... မင်းက ငါ့ရဲ့စိတ်ကို တမင် ဆွပေးနေတယ် ဆိုတာကို ငါသိတယ် ။ ဒါပေမဲ့ ငါက မင်းသိချင်တာကို ပြောပြပေးလိုက်မယ် ။ ငါတို့ လစန္ဒာဂိုဏ်းဝင်တွေက လစန္ဒာဂိုဏ်းဝင် အချင်းချင်းကလွဲလို့ ဘယ်သူ့ကိုမှ မကြောက်ဘူးကွ "
သူတောင်းစားရဲ့ စကားကိုကြားတော့ ကျောင်းဆရာ ဝတ်စုံနဲ့ ဓားသမားက မျက်မှောင် ကြုတ်တယ် ။
" သူဖုန်းစား....မင်းပြောနေတာ အရမ်းများနေပြီ"
ဒါပေမဲ့ သူတောင်းစားက ဂရုမစိုက်ဘူး ။ သူက လက်ကို ဝှေ့ယမ်းပြီး ပြန်ပြောလိုက်တယ် ။
" အရေးမကြီးဘူး ကျောင်းဆရာ.....ဘယ်လိုပဲဖြစ်ဖြစ် သူတို့က မကြာခင် သေတော့မှာပဲ ။ မင်းလည်း မင်းသားချန် အကြောင်း သိတာပဲ ။ ငါတို့အဖွဲ့ဝင်တွေက တစ်လောကလုံးအနှံ့ ပြန့်ကျဲနေတာ ။ နန်းတွင်းကိုယ်ရံတော်တပ်ထဲမှာတောင် ငါတို့အဖွဲ့ဝင်တွေ ရှိနေမှတော့ မင်းသားချန်ဘက်မှာ ငါတို့အဖွဲ့ဝင်တွေ မရှိစရာ ဘာအကြောင်းရှိမှာလဲ ။ အခုချိန်က ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ဘူး "
ထိုက်ဟန်ယီနဲ့ ရဲ့လျိုတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။
သူတို့ နှစ်ယောက်လုံးရဲ့ မျက်လုံးထဲမှာတော့ အံ့သြမှုတွေက အထင်းသားပဲ ။
မင်းသားချန်ရဲ့ အိမ်တော်ထဲမှာတောင် မကောင်းဆိုးရွားဂိုဏ်းသားတွေ ရှိနေသေးတာလား......
သည်အတိုင်းဆိုရင် မကောင်းဆိုးရွားဂိုဏ်းက လူတွေ ထင်သလို ပြိုကွဲသွားတာ မဟုတ်ဘူး ။
သူတို့က အပေါ်ယံမှာ ပြိုကွဲသွားသလို ထင်ရပေမယ့် တကယ်တမ်းကျတော့ သူတို့က ပေါင်းပင်တွေလို နေရာအနှံ့ ပျံ့နှံ့နေခဲ့တာပဲ.....
ထိုက်ဟန်ယီက ရဲ့လျိုကို တစ်ချက်ကြည့်လိုက်တယ်။
ရဲ့လျိုက နားလည်ကြောင်း ခေါင်းအသာညိတ်ပြလိုက်ပြီး...
ဘယ်ခြေဖျားနဲ့ ထိုက်ဟန်ယီကို ဖွဖွလေး ထိလိုက်တယ်။
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အတွင်းအားကို ထိုက်ဟန်ယီရဲ့ ခန္ဓာကိုယ်ထဲ တိတ်တဆိတ် ပို့လွှတ်လိုက်တယ်။
ထိုက်ဟန်ယီက အဲသည်အတွင်းအားကို အသုံးချပြီး သူ့ရဲ့ အကြောပိတ်ထားတာကို ဖြည်းဖြည်းချင်း ဖြေလျှော့လိုက်တယ်။
သည်နည်းက အတွင်းအားကို ပုံမှန်ထက် သိသိသာသာ ကုန်စေတာ ဖြစ်ပေမယ့် အခုလို အခြေအနေမှာတော့ သူတို့အတွက် တခြားရွေးချယ်စရာလမ်း မရှိတော့ဘူး။
ထိုက်ဟန်ယီက ရုတ်တရက် အသံကို မြှင့်ပြီး ထအော်လိုက်တယ်။
"ကျုပ်ကို သတ်ချင်တာလား..."
"နန်းတွင်းကိုယ်ရံတော်တပ်က ခင်ဗျားတို့ကို လိုက်ရှာမှာ မကြောက်ဘူးလား "
သူတောင်းစားက ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။
" သူရဲကောင်းကြီး..... သူရဲကောင်းကြီး ဘာပြောလိုက်တာလဲခင်ဗျ ။ ကျွန်တော်တို့က သည်အနီးအနားမှာ နေထိုင်တဲ့ သာမန်ပြည်သူတွေပါ ။ အပြစ်လုပ်ထားတာ ဘာမှ မရှိတဲ့ လူကောင်းတွေပါ "
"ဒါပေမဲ့ သူရဲကောင်းကြီးကတော့ တရားမျှတမှုအတွက် လူအများကြီးနဲ့ ရန်ငြိုးဖွဲ့ထားတဲ့ လူလေ "
"သည်တော့ အဲသည်ရန်ငြိုးထားတဲ့ လူတစ်ယောက်ယောက် လက်ချက်နဲ့ သေသွားတာက ဘာထူးဆန်းလို့လဲ "
"ပြီးတော့ အဲဒါက ကျုပ်တို့လို ဆင်းရဲသားတွေနဲ့ ဘာဆိုင်လို့လဲဗျ "
ထိုက်ဟန်ယီက ဒေါသတကြီး ပြန်အော်လိုက်တယ်။
"ကျုပ် အပေါင်းအဖော်တွေက ခင်ဗျားတို့ရဲ့ အမြီးကို မရှာနိုင်ဘူး ထင်နေလို့လား "
"ခင်ဗျားတို့ရဲ့ အထောက်အထားတွေ ပေါ်သွားမှာ မကြောက်ဘူးလား!"
လူရိုးကြီးက မျက်နှာမပျက်ဘဲ ပြန်ဖြေတယ်။
"မနက်ဖြန်ကျရင်..."
"မင်းရဲ့ခေါင်းက ဟန်ကျိုးမြို့ အပြင်ဘက် မိုင်သုံးဆယ်လောက်မှာရှိတဲ့ ရွာလေးတစ်ရွာမှာ ပေါ်လာမှာလေ "
" ဘယ်သူက ငါတို့ကို သံသယ ဝင်မှာလဲ "
ထိုက်ဟန်ယီရဲ့ နှလုံးသားက ဆတ်ခနဲ တုန်သွားတယ်။
မကောင်းဆိုးရွား ဂိုဏ်းသားတွေဆိုတဲ့အတိုင်းပဲ ။ သည်လူတွေက တကယ်ကို ကောက်ကျစ်လွန်းတယ် ။
တကယ်လို့ သူတို့ရဲ့ ခေါင်းတွေ လေထဲ ပျောက်သွားပြီ ဆိုရင်တောင်မှ နန်းတွင်းကိုယ်ရံတော်တပ်က သဲလွန်စတချို့ကို ရှာတွေ့နိုင်လောက်သေးတယ် ။
ဒါပေမဲ့ ခေါင်းကို အမှုနဲ့ လားလားမှ မဆိုင်တဲ့ တခြားနေရာ တစ်ခုမှာ သွားချိတ်ထားလိုက်မယ် ဆိုရင်တော့ သည်အမှုကို တစ်သက်လုံး ဖော်ထုတ်နိုင်တော့မှာ မဟုတ်ဘူး။
လူရိုးကြီးက ဆက်ပြောတယ် ။
" မိန်းကလေးရဲ့အတွက်ကတော့ စိတ်မပူပါနဲ့ ။သူက အရမ်း လှလွန်းတယ်လေ ။ငါတို့ကလည်း မပျော်ပါးရတာ အတော် ကြာနေပြီ ။ သည်တော့ အခွင့်အရေးကို ဘယ်လက်လွှတ်ခံမလဲ ။သည်ညတော့ ကောင်းကောင်းကြီး ပျော်ပါးလိုက်ဦးမယ် ။ဒါပေမဲ့ ငါတို့က သုံးယောက်ဆိုတော့ မိန်းကလေးရဲ့ အပင်ပန်း ခံနိုင်ပါ့မလား မသိဘူး ။ဟား....ဟား...ဟား..."
ကြားလိုက်ရတဲ့ စကားကြောင့် ရဲ့လျိုရဲ့ မျက်နှာက သွေးမရှိတော့သလို ဖြူလျော့သွားတယ် ။သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း အားအကုန် ဆုတ်လျော့သွားပြီး ပုံလျက်သား လဲကျသွားတယ် ။
အဲသည်အချိန်မှပဲ ရဲ့လျိုကို စောင့်ကြည့်နေတဲ့ ကျောင်းဆရာက သူဘာလုပ်နေလဲ ဆိုတာကို ရိပ်မိသွားတော့တယ် ။.
" မင်းက အတော်လေး တတ်နေတယ်ပေါ့လေ.... ဟုတ်လား "
စကားဆုံးတာနဲ့ သူက ရဲ့လျိုရဲ့ ခန္ဓာကိုယ်ပေါ် ရည်ရွယ်ပြီး ဓားချက်လေးချက် ထုတ်လိုက်တယ် ။
ဒါပေမဲ့ အဲသည်ဓားချက်တွေက ရဲ့လျိုရဲ့ အကြောတွေကိုသာ ပိတ်သွားပြီး သူ့ကို တစ်စုံတစ်ရာ ထိခိုက်စေခြင်းတော့ မရှိဘူး ။သည်အချက်ကို ကြည့်ရုံနဲ့တင် ကျောင်းဆရာရဲ့ ဓားသိုင်းက ဘယ်လောက်အထိ အဆင့်မြင့်သလဲ ဆိုတာ အသိသာကြီးပဲ ။
ရဲ့လျိုကလည်း ကျောင်းဆရာရဲ့ ဓားရေးကို မြင်တော့ အတော်လေးကို စိတ်ဓာတ်ကျသွားတယ် ။
" အစ်ကိုထိုက်.... သည်လူရဲ့ ဓားရေးက အရမ်း အဆင့်မြင့်လွန်းတယ် ။ ကြည့်ရတာ သူက အစ်ကို့ကိုတောင် တစ်ယောက်ချင်း အသာလေး အနိုင်ယူနိုင်တဲ့ပုံပဲ ။ သည်နေ့တော့ ညီမ....တို့......"
ရဲ့လျိုက စိတ်ဓာတ် ကျလွန်းသွားတဲ့အတွက် စကားတောင် ဆုံးအောင် မပြောနိုင်တော့ဘူး ။
ကျောင်းဆရာကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ရဲ့လျိုကို ချီးကျူးနေတယ် ။
"မိန်းကလေး မင်းရဲ့ ပညာရပ်ကို တကယ်ကို လေးစားစရာပဲ ။ ခြေထောက်ကနေ အတွင်းအား ပို့ဆောင်လို့ရတဲ့ ပညာရပ်မျိုး ရှိလိမ့်မယ်လို့ ငါလုံးဝ မထင်ထားမိဘူး "
ကျောင်းဆရာက ကျန်တဲ့ မကောင်းဆိုးရွားဂိုဏ်းသား နှစ်ယောက်နဲ့ မတူတာကတော့ အသိသာကြီးပဲ ။ သူ့ပုံစံက ရဲ့လျိုကို မတတ်သာလို့သာ အကြောပိတ်လိုက်ရပုံ ပေါ်တယ် ။
သူတောင်းစားကတော့ တဟီးဟီး၊တဟားဟား ဖြစ်နေတယ် ။
" အိုး.... မင်းက လေးပစ်တာတင် တော်တာ မဟုတ်ဘဲ ခြေထောက်လည်း ကျွမ်းကျင်တယ်ပေါ့ ။ အတော်ပဲ.....သည်ည ငါမင်းကို မြည်းစမ်းတဲ့အခါကျမှ လက်တွေ့ ဆန်းစစ်ကြည့်ဦးမယ် "
သူတောင်းစားက ပါးစပ်နဲ့တင် ပြောနေတာ မဟုတ်ဘူး ။ အကြည့်တွေကလည်း ရဲ့လျိုရဲ့ ခန္ဓာကိုယ်အနှံ့ အထက်၊အောက် စုံ၊ဆန် သွားလာနေတယ် ။
ရဲ့လျိုက ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"ငါ့ကို ထိရဲရင် ထိကြည့်စမ်း "
" တကယ်လို့ ငါ့ကို စော်ကားမယ်ဆိုရင် ကျန်တဲ့ နန်းတွင်းကိုယ်ရံတော်တပ်က လူတွေက မင်းတို့နောက်ကို ကန္တာရ မြေခွေးတွေလို တစ်သက်လုံး လိုက်နေမှာ "
လူရိုးကြီးက ရယ်ပြီး ပြန်ပြောတယ် ။
သူတို့က ရဲ့လျိုလို သူငယ်နှပ်စားလေးတစ်ယောက် ခြိမ်းခြောက်တာကို ဘာအကြောင်းကြောင့် ကြောက်နေရမှာတဲ့လဲ.....
" ဟီးဟီး....မိန်းကလေးရဲ့....ငါတို့က လူဆိုးတွေလေ ။ မကောင်းဆိုးရွား ဂိုဏ်းသားတွေ ။ သည်တော့ သေမှာကို ဘာလို့ ကြောက်နေရမှာလဲ ။ မင်းက ထိုက်သူရဲကောင်းရဲ့ ချစ်သူ မဟုတ်လား။သနားစရာ ကောင်းလိုက်တဲ့ ဘဝပါလား ။ မင်းက ချစ်သူရှိပေမယ့် ဆုံဆည်းဖို့ ကံ မပါလာဘူး ။ စိတ်မပူပါနဲ့ ။ ငါတို့က သည်နေ့ညမှာ ထိုက်သူရဲကောင်းအစား မင်းနဲ့ အိပ်ပေးပါ့မယ် ။ ထိုက်သူရဲကောင်းကတော့ တစ္ဆေဘဝနဲ့ ကျုပ်တို့အိပ်တာကို ဘေးကနေ ကြည့်ပေါ့ ။ ဟုတ်ပြီလား "
လူရိုးကြီး ပြောနေတုန်းမှာပဲ သူတောင်းစားက စိတ်မရှည်တဲ့ပုံနဲ့ အော်လာတယ် ။
" ဒါဆိုရင် ငါတို့ ဘာကို စောငျ့နေဥိီးမှာလဲ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူတောင်းစားရဲ့ လက်တစ်ဖက်က ရဲ့လျိုရဲ့ ရင်နှစ်မွှာကြားထဲ ဝင်သွားတယ် ။
" ရွံစရာ ကောင်းလိုက်တဲ့ကောင်....တဏှာရူး မင်းလက်ကို ဖယ်လိုက်စမ်း "
ထိုက်ဟန်ယီရဲ့ ဒေါသတွေက ထိန်းမနိုင်၊သိမ်းမရ ဖြစ်လာတယ် ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ မျက်လုံးတွေထဲကနေလည်း သွေးတွေ စီးကျလာခဲ့တယ် ။
ရဲ့လျိုရဲ့ အထောက်အထားက သာမန် မဟုတ်ဘူး ။ အဲသည်အတွက် သူ သေချင်သေပါစေ ။ ရဲ့လျိုရဲ့ အရှက်ကို သူ့အသက်နဲ့ လဲရင်လည်း လဲရပါမယ် ။
"အား....."
အသံနက်ကြီးနဲ့အတူ ထိုက်ဟန်ယီရဲ့ ခန္ဓာကိုယ်က သူတောင်းစားဆီကို ရိပ်ခနဲ ခုန်ဝင်သွားပြီး လည်မျိုကို အားကုန် ထိုးပစ်လိုက်တော့တယ် ။
Lord. Zen