အခန်း ၄၈
Vol. 5 Ch. 48
ရွှေလက်ဆေးတဲ့ သိုင်းဘုရင်
စာစဉ် ၅ အပိုင်း ၄၈
ကမ္ဘာကြီးက ကျဥ်းလွန်းတယ်
လူ့ခန္ဓာကိုယ်မှာ နားထင် ဆိုတာက ထိမိရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်တဲ့ အရေးပါတဲ့ နေရာတစ်ခု ။
ဒါပေမဲ့လည်း သူတောင်းစားက သိုင်းပညာ အဆင့်မြင့်လွန်းတယ် ။
ထိုက်ဟန်ယီရဲ့ လက်သီး ထိခါနီးအချိန်မှာ သူ့ရဲ့ ဒူးတွေက အရိုးမရှိသလို ပျော့ခွေသွားပြီး တစ်ကိုယ်လုံးကို ရုတ်တရက် ကျုံ့လိုက်သလို ဖြစ်သွားတယ်။
ဒါကြောင့် ထိုက်ဟန်ယီရဲ့ လက်သီးက သူ့ရဲ့ နားထင်ကို မထိဘဲ ဆံပင်အဖျားနားကိုပဲ ရှပ်တိုက် ဖြတ်သွားခဲ့တယ်။
ဒါပေမယ့် သူက လက်သီးအားကိုတောင် လွတ်အောင် မရှောင်နိုင်ခဲ့ဘူး ။
ထိုက်ဟန်ယီရဲ့ လက်သီးကနေ ထွက်လာတဲ့
အတွင်းအား ဖိအားကြောင့် သူတောင်းစား တစ်ယောက် ခေါင်းမူးပြီး ခေတ္တခဏ အမြင်အာရုံ အမှောင် ဖုံးသွားတယ် ။
သူတောင်းစားက ခေတဲ့လူ မဟုတ်ဘူး ။ သူက ထိုကျဟနျယိီရဲ့ လက်ချက် မိသွားပြီဆိုတာ သိတာနဲ့ တစ်ပြိုင်နက် အလိုလို ဓားမော့ကို ဆွဲထုတ်လိုက်ပြီး ထိုက်ဟန်ယီရဲ့ ခါးကို ပြန်ပိုင်းပစ်လိုက်တယ် ။
ဒါပေမယ့် ရလဒ်ကတော့
"ထန်"
ဆိုတဲ့ အသံတစ်ခု ထွက်လာတာပဲ ။
ထိုက်ဟန်ယီရဲ့ အတွင်းအားတွေက မူလ အခြေအနေကို ပြန်ရောက်သွားပြီ ဆိုတာ သံသယ ရှိစရာ မလိုတော့ဘူး ။
ဒါကို မြင်တော့ လူရိုးကြီးက ချက်ချင်း ဒေါသပေါက်ကွဲသွားတယ်။
"တောက်.... မင်းက ဟန်ဆောင်နေတာကိုး ။ ဟုတ်ပြီလေ.... ဒါဆိုရင်လည်း သည်ကောင်မကို အရင် သတ်ရတာပေါ့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက ရဲ့လျိုရဲ့ ခေါင်းကို အားကုန်ကန်ချလိုက်တယ်။
ရဲ့လျိုက အကြောပိတ်ခံထားရတာ ဖြစ်တဲ့အတွက် ဘယ်လိုမှ မရှောင်နိုင်ဘူး ။ တကယ်လို့ သည်ကန်ချက်သာ ထိသွားမယ်ဆိုရင် သေချာပေါက် သေမှာပဲ။
လူရိုးကြီးရဲ့ လုပ်ရပ်ကြောင့် ထိုက်ဟန်ယီက မျက်နှာ ပျက်သွားတယ်။ အသက်ရှူတောင် မမှနန်တော့ဘူး ။
သူက ရဲ့လျိူကို ကယ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ နောက်ကျောဘက်ကနေ မီးစနဲ့ ထိုးလိုက်သလို စူးခနဲ နာကျင်မှု တစ်ခုကို ခံစားလိုက်ရတယ် ။
လက်သည်တရားခံကတော့ သူတောင်းစားကလွဲ ပြီး တခြားသူ မရှိဘူး ။ သူက ထိုက်ဟန်ယီ အာရုံ ထွေပြားသွားတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လိုက်တာပဲ ။.
သူတောင်းစားရဲ့ ဓားမော့က ထိုက်ဟန်ယီရဲ့ တုတ်ပြီးဓားပြီး ခန္ဓာကိုယ်ကို တစ်ချက်တည်း ထိုးဖောက်သွားခဲ့တယ်။
" ဝေါ့"
ထိုက်ဟန်ယီက သွေးတစ်လုတ် အန်လိုက်ရတယ် ။
" မင်း...မင်းတို့....ယုတ်မာ ကောက်ကျစ်လွန်းတဲ့ကောင်တွေ "
သူတောင်းစားကတော့ ထိုက်ဟန်ယီရဲ့ လက်သီးအရှိန်ကြောင့် အခုထက်ထိ မူးနောက်နောက် ဖြစ်နေတုန်းပဲ ။ သူက ဒေါသတကြီးနဲ့ ထိုက်ဟန်ယီကို ဖနောင့်တစ်ချက် ပေါက်လိုက်တယ် ။
" ထွီ.... မင်းတို့ကကော မကောက်ကျစ်လို့လား ။ဂိုဏ်းချုပ်စီးမင်ကို အနိုင်ယူတုန်းက မင်းတို့လုပ်ရပ်ကကော ဖြောင့်မတ်နေလို့လား ။ မင်းတို့သာ ကောက်ကျစ်တဲ့နည်းလမ်းတွေ ထုတ်မသုံးခဲ့ရင် ဂိုဏ်းချုပ်စီးမင်ကို အနိုင်ယူနိုင်မယ် ထင်နေလို့လား ။ မင်းတို့က သူ့ကို ထောင်ချောက်ဆင်ပြီး ဝိုင်းအနိုင်ယူခဲ့ကြတာ မဟုတ်ဘူးလား ။မင်းတို့က ဥပဒေမဲ့ နယ်မြေကို ယုတ်ညံ့တဲ့နည်းတွေသုံးပြီး အနိုင်ယူခဲ့ကြတာ မဟုတ်ဘူးလား ။ ဟမ့်.... မင်းတို့တွေ ထောင်ချောက်သုံးတော့ ဗျူဟာတဲ့ ။ ငါတို့ ထောင်ချောက်ဆင်တော့ ကောက်ကျစ်တယ်တဲ့ ။ ကျလည်း ကျတဲ့ ကောင်တွေကွာ ။ ထွီ.....ကောက်ကျစ်တော့ xီးဖြစ်လား မအေxိုးကောင်ရ "
ပြောနေရင်းနဲ့ သူတောင်းစားက သူတို့ ခံခဲ့ရတာတွေကို သတိပြန်ရလာပုံ ရပြီး ထိုက်ဟန်ယီကို လှိမ့်နေအောင် နောက်တစ်ကြိမ် ကန်ပြန်တယ် ။
ဒါပေမဲ့ ထိုက်ဟန်ယီက ဒဏ်ရာ အပြင်းအထန် ရထားပြီးသား ဖြစ်တဲ့အတွက် ထူးပြီး ခံစားမနေရတော့ဘူး ။
" ယုတ်မာတယ်ဆိုတာ ဘာလဲဆိုတာ ငါမင်းကို ပြမယ်ကွ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူတောင်းစားက ရဲ့လျိုရဲ့ အပေါ်ဝတ်ကို ဆွဲဲဖြဲလိုက်တယ် ။
မိန်းမငယ်လေးရဲ့ နှင်းလို ဖြူဖွေးပြီး ရေလို ကြည်လင်နူးညံ့နေတဲ့ လည်တိုင် နဲ့ ပခုံးသားက အထင်းသား ပေါ်လာခဲ့တယ် ။ အဲသည်နောက်မှာ ခါးကိုစည်းထားတဲ့ ပုဝါစကလည်း ပြောလျော့သွားခဲ့ပြီ ။
ရင်ဘတ်ကို ဖုံးကွယ်ထားတဲ့ ပိုးဖဲစကလည်း လုံးဝန်းနေတဲ့ ရဲ့လျိုရဲ့ လုံးဝန်းနေတဲ့ ရင်သားအစုံကို အပြည့်အဝ မကာပေးနိုင်တော့ဘူး ။
သိပ်မကြာခင်မှာပဲ သည်ပိုးဖဲစကလည်း သည်ကာမဘီလူးတွေရဲ့ လက်ချက်နဲ့ ပျက်ပြယ်ရတော့မှာ အသေအချာပဲ ။
" ခွေးတိရစ္ဆာန်တွေ....သတ္တိရှိရင် ငါ့ကို အကြောဖြည်ပေးစမ်း ။ နင်တို့နဲ့ သူသေကိုယ်သေ တိုက်မယ် "
ရဲ့လျိုက လည်ချောင်းကွဲမတတ် အော်ပြီး သူ့ရဲ့ အရှက်သိက္ခာကို ရသလောက် ကာကွယ်ဖို့ ကြိုးစားပေမယ့်လည်း ဘာမှ ထူးမလာခဲ့ဘူး ။
သူ မသိတာက အရိုင်းစိတ် ဝင်နေတဲ့ ယောကျာ်းသားတွေ ဆိုတာက သူတို့ကို ဆန့်ကျင်လေ ပိုပြီး အာရုံကျလေ ဆိုတာပဲ ။
သည်လိုနဲ့ နောက်ဆုံးမှာတော့ ရဲ့လျိုက ဆုံးဖြတ်တစ်ခုကို အခိုင်အမာ ချလိုက်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့လို အပျိုစင် မိန်းကလေး တစ်ယောက်က အသက်ထက် အရှက်ကို ကိုးကွယ်ရမယ် မဟုတ်လား ။
ဒါပေမဲ့လည်း လူရိုးကြီးက သူ့ရဲ့ အတွေးကို ဖတ်လိုက်နိုင်တယ် ။
လူရိုးကြီးက ရဲ့လျိုရဲ့ ပါးစပ် မဟတဟလေး ပွင့်သွားတာကို မြင်တာနဲ့ တစ်ပြိုင်နက် တန်းပြီး သူ့ရဲ့ မေးရိုးကို ကောက်ညှစ်ပစ်လိုက်တယ် ။
ရှင်းရှင်းပြောရမယ်ဆိုရင် လူရိုးကြီးကလည်း ဥပုဥ်စောင့်တဲ့ ကျားတစ်ကောင် မဟုတ်ဘူး ။
သူ့ရဲ့ ရိုးသားနုံအပုံရတဲ့ ဦးလေးကြီး တစ်ယောက် ပုံစံက ဟန်ဆောင်ထားတာပဲ ။ သူ့ရဲ့ အဲသည် ရိုးသားတဲ့ ဦးလေးကြီး ပုံစံ အရည်ခြုံထားတဲ့အောက်မှာ သူတောင်းစားလိုပဲ မာန်ထောင်နေတဲ့ သားရဲကြီး တစ်ကောင် ရှိတယ်။
"ဟီး....ဟီး..... ပါးလေးက မွတ်နေတာပဲ ....ရှလွတ်"
လူရိုးကြီးက ရဲ့လျိုရဲ့အရှက်တရားကြောင့် နှင်းဆီလို နီရဲနေတဲ့ ပါးပြင်လေးကို ကိုင်ကြည့်ရင်း သွားရည် တမြားမြား ကျလာတယ် ။သူက သည်လို အချောအလှလေးကို မမြင်ဖူးခဲ့တာ အတော်ကြာပြီ ။ ပြီးတော့ ဆန့်ကျင်ဘက်လိင်နဲ့ နောက်ဆုံး ဆက်ဆံခဲ့တာ ဘယ်အချိန်တုန်းကလဲ ဆိုတာကိုတောင် သူမမှတ်မိဘူး ။
ရဲ့လျိုရဲ့ ပါးပြင်လေးကို ပွတ်သတ်နေရင်းနဲ့ လူရိုးကြီးရဲ့ အသက်ရှုသံတွေက ပိုပိုပြီး မူမမှန် ဖြစ်လာတယ် ။ ကြည့်ရတာ သူ့ပုံစံက သားကောင်ဖြစ်တဲ့ သမင်ပျိုကို ခုန်အုပ်တော့မယ့် ကျားရဲတစ်ကောင် အတိုင်းပဲ ။
တစ်ဖက်မှာတော့ ရဲ့လျိုက အရာအားလုံးကို လက်လျော့ထားခဲ့ပြီ ။ သူက မျက်ရည် တသွင်သွင် စီးကျနေရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ဘူး ။ သူက သတ်သေဖို့ကိုတောင် မလုပ်နိုင်တော့တဲ့ အခြေအနေကို ရောက်နေခဲ့တာ မဟုတ်လား ။
သူတောင်းစားက လူရိုးကြီးရဲ့ အဖြစ်ကို ကြည့်ပြီး တဟီးဟီး ရယ်နေတယ် ။
" တောသားကြီး.... မင်းက မိန်းမတွေကို မထိရတာ နှစ်တွေ ကြာနေပြီဆိုတော့ တောင့်မခံနိုင်တော့ဘူးပေါ့.....ဟုတ်လား ....ဟီးဟီး "
လူရိုးကြီးက သွားရည်တွေကို သုတ်ရင်း ပြန်ဖြေတယ် ။
" သူဖုန်းစား.....ငါမရတော့ဘူး ။ သည်မိန်းကလေးကို ငါ့ကို အရမ်း မြူစွယ်နေတာကွ ။ ငါမြည်းစမ်းကြည့်မှ ရတော့မယ် "
သူတောင်းစားရဲ့ မျက်လုံးတွေက ရဲ့လျိုအပေါ်ကို ရောက်သွားတယ် ။
ရဲ့လျိုက အသက်၁၆သာ ရှိသေးပေမယ့် သူ့ကိုယ်ပေါ်က အမို့အမောက် ၊ အရှိုင့်အဝှမ်းတွေက တော်ရုံ အရွယ်ရောက်ပြီးသား မိန်းမတွေထက်ကို ဖွံ့ဖြိုးနေပြီ ။
သူ့ရဲ့ ရင်သားတွေက ဖွံ့ထွားပြီး သေးသွယ်ကျဥ်သိပ်တဲ့ခါးက ထွာဆိုင်သာသာပဲ ရှိတယ် ။ ပြီးတော့ တင်တွေက စွင့်ကားပြီး လုံးဝန်း၊တင်းအိနေတယ် ။
ဒါက ယောကျာ်းသားတိုင်းရဲ့ အိပ်မက်ထဲက မင်းသမီးလေးပဲ ။
" သွားစမ်း"
သူတောင်းစားက ကြည့်နေရင်းနဲ့ စိတ်ကို လုံးဝ မထိန်းနိုင်တော့ဘူး ။ သူက ရဲ့လျိူရဲ့ ဂါဝန်စကိုပါ ဆွဲဖြဲပစ်လိုက်တယ် ။
ဗြိ.....
ရဲ့လျိုရဲ့ ဖြူဖွေးချောမွတ်နေတဲ့ ဆင်စွယ်လို ပေါင်လေးနှစ်ဖက်က အထင်းသားပဲ ။
အဲဒါကို မြင်တော့ သူတောင်းစားက တဏှာမီး တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ အဖော်ညှိလိုက်တယ် ။
" အား..ပါး..ပါး...တောသားကြီး.... ငါလည်း မရတော့ဘူးကွာ ။ လုပ်လိုက်ကြစို့ကွာ "
အဲသည်အချိန်မှာပဲ ဓားတစ်လက်က သူတောင်းစားရဲ့ လည်ပင်းပေါ်ကို ရောက်လာတယ် ။
ဓားပိုင်ရှင်ကတော့ စကားနည်းတဲ့ ကျောင်းဆရာပဲ ။
" ကျောင်းဆရာ.....မင်းဒါဘာလုပ်တာလဲ "
သူတောင်းစားက သုန်မှုန်နေတဲ့ မျက်နှာနဲ့ လှည့်ကြည့်လိုက်တယ် ။
" အိုး.....နာမည်ကျော် လူကြီးမင်းထျန်းဝမ်ကလည်း သိက္ခာ မထိန်းနိုင်တော့ဘူးပေါ့ ။ ဘာလဲ... ကျုပ်က အလှည့်ကျော်တယ်လို့ ခင်ဗျား တွေးလိုက်မိလို့လား "
" အဓိပ်ပ္ပါယ် မရှိတာတွေ မပြောနဲ့"
ကျောင်းဆရာက အေးစက်စက် ပြန်ပြောတယ် ။
" အဖြူရောင် သိုင်းဂိုဏ်းကြီးတွေ နဲ့ ငါတို့ဂိုဏ်းက ကမ္ဘာရန်တွေပဲ ။ သည်နစ်ယောက်က နန်းတွင်းကိုယ်ရံတော်တပ်က လူတွေ ။ သည်တော့ သူတို့ကို သတ်ချင်ရင် သတ် ။ ငါမတားဘူး ။ငါက ဘေးကနေ လက်ခုပ်တောင် တီးပေးလိုက်ဦးမယ် "
" ဒါပေမဲ့ ငါတို့ဂိုဏ်းက မိန်းကလေးတွေ အပေါ် အဓမ္မ ပြုကျင့်တာကို တားမြစ်ထားတယ် ။ ငါတို့ မကောင်းဆိုးရွားဂိုဏ်း စည်းကမ်းက ဆိုးချင် ဆိုးလို့ရတယ် ။ မိုက်ချင် မိုက်လို့ရတယ် ။ ဒါပေမဲ့ မိန်းကလေးတွေ အပေါ်မှာ ယုတ်မာလို့ မရဘူး "
သူတောင်းစားက ကျောင်းဆရာ ပြောတာကို နားမဝင်ဘူး ။ သူက ပါးစပ်ဝနားက အစာကို ပုတ်ချခံရတဲ့ ကျားတစ်ကောင်လိုပဲ ရန်စွယ် တငေါငေါ ဖြစ်နေတယ် ။
" xီးကို ဂိုဏ်းစည်းကမ်း....မင်းအမေxကို ဂိုဏ်းစည်းကမ်းလား ။ ဂိုဏ်းချုပ်တောင်မှ မရှိတော့တာကို xီးကို ဂိုဏ်းစည်းကမ်း ။ ထျန်းဝမ်... မင်းအဓိပ္ပါယ် မရှိတာတွေကို စောင့်ထိန်းမနေစမ်းနဲ့ကွာ "
ထျန်းဝမ်က လုံးဝ လက်မခံဘူး ။
" မရဘူး ။ လန်ကျွင်းကျူးခုံရဲ့ ခေါင်းဆောင် ငါရှိနေသေးသရွေ့ ငါတို့ အဖွဲ့ဝင်တွေက စည်းစိမ်ဥစ္စာ ၊ အာဏာနဲ့ တဏှာရာဂနောက်ကို ငမ်းငမ်းတက် လိုက်လို့ မရဘူး ။ ဒါပေမဲ့ မင်းက ငါဆုံးဖြတ်တာကို သဘောမတူဘူးဆိုရင် မင်းရဲ့ အရိုးကျုံ့ ပညာ နဲ့ ငါ့ရဲ့ လေရူးဓားသိုင်း ဆယ့်သုံးကွက် ယှဥ်ကြည့်ကြတာပေါ့ "
လူရိုးကြီးက ဘာမှ ဝင်မပြောသေးဘဲ သူတောင်းစားနဲ့ လျှို့ဝှက်ပြီး အကြည့်ချင်း ဖလှယ်လိုက်တယ် ။ပြီးမှ
" ဌာနခွဲမှုးပြောတာ မှန်တယ် ။ တကယ်လို့ သည်မိန်းမကို သည်နေ့ ငါတို့ အဓမ္မကျင့်လိုက်ရင် နောင်တစ်ချိန် ငါတို့ ဂိုဏ်းတူ ညီအစ်ကိုတွေကို ဘယ်လို မျက်နှာပြရတော့မှာလဲ "
" ငါတို့က သတ်လို့ရတယ်...ဒါပေမဲ့ အဓမ္မတော့ ကျင့်လို့ မဖြစ်ဘူး ။ သူဖုန်းစား.... မင်းရဲ့ ကာမစိတ်ကို အထိန်းအကွပ် မလွတ်စေနဲ့ "
သူတောင်းစားက စိတ်မကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။
"ဟုတ်ပြီလေ..... မင်းတို့နှစ်ယောက်လုံးက တားနေမှတော့ ငါဘာတတ်နိုင်တော့မှာလဲ "
တျန်းဝမ်ရဲ့ မျက်နှာထားက အနည်းငယ် ပြေလျော့သွားတယ်။
သူက အေးစက်နေတဲ့ ဓားသွားကို ရဲ့လျိုရဲ့ သွယ်လျတဲ့ လည်တိုင်ပေါ်
ပြောင်းတင်ရင်း ပြောလိုက်တယ်။
"သူရဲကောင်းထိုက်.....မိန်းကလေးရဲ့... ငါတို့ သည်နေရာမှာ ပုန်းအောင်းနေခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ ။ သိုင်းလောက အရေးအခင်းတွေကိုလည်း ဝင်မစွက်ဖက်ခဲ့ဘူး ။ နောင်လည်း ဝင်စွက်ဖက်ဖို့ စိတ်ကူး မရှိဘူး ။ ဒါပေမဲ့ မင်းတို့က ငါတို့ဆီ ရောက်လာခဲ့တယ် ။ ငါတို့က ရန်သူတွေဆိုတော့ မင်းတို့ကို လွတ်ပေးဖို့ မဖြစ်နိုင်ဘူး "
" ဒါကြောင့် စိတ်မကောင်းပါဘူး"
ရဲ့လျိုကတော့ အစကတည်းက သေဖို့ကို စိတ်ဆုံးဖြတ်ထားပြီးသား ။ဒါကြောင့် သူက ထျန်းဝမ်ကို မမုန်းတဲ့အပြင် ကျေးဇူးတောင် တင်နေသေးတယ် ။
ဒါပေမဲ့ တျန်းဝမ်က ဓားကို မြှောက်ပြီး ရဲ့လျိုကို တစ်ချက်တည်း ထိုးချတော့မယ့် အချိန်မှာပဲ လေပြင်းတစ်ခုက သူ့နောက်ကျောဘက်ကနေ
ဝုန်းခနဲ တိုးဝင်လာတယ်။
ဌာနခွဲမှုးဖြစ်တဲ့ ထျန်းဝမ်ကို လုပ်ကြံဖို့က အဲသည်လောက် မလွယ်ဘူး ။ သူက ချက်ချင်း နောက်ပြန်လှည့်ပြီး လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်တယ်။
သူ့ကို နောက်ကျောကနေ တိုက်ခိုက်လိုက်တဲ့ လက်သည် တရားခံကတော့ လူရိုးကြီးပဲ ။
လူရိုးကြီးက အဲသည်လက်ဝါးကြောင့် နောက်ကို နှစ်လှမ်းတိတိ ဆုတ်သွားရတယ်။
တျန်းဝမ်က မျက်မှောင်ကြုတ်ပြီး အေးစက်စက် မေးလိုက်တယ်။
"တောသား..... မင်းငါ့ကို သစ္စာဖောက်တာလား..."
ဒါပေမဲ့ သူ့အတွက် အဲသည်မေးခွန်းက အဖြေရဖို့ မလိုတော့ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့နောက်ကျောကို နောက်ထပ် လက်ဝါးတစ်ချက်က အားပြင်းပြင်းနဲ့ ရိုက်ချလာလို့ပဲ ။
သည်တစ်ကြိမ်တော့ လက်သည်း တရားခံက သူတောင်းစား ဖြစ်နေတယ် ။
အချင်းချင်း ဖြစ်တဲ့အတွက် တျန်းဝမ်ရဲ့ သိုင်းပညာက သူ့ထက် သာတယ်ဆိုတာကို သူတောင်းစားက မသိဘဲ မနေဘူး ။
ဒါကြောင့် အလစ်ဝင်ရိုက်တာ အောင်မြင်သွားတာနဲ့ ချက်ချင်း သွေးကြော ဆယ်နေရာကျော်ကို ဆက်တိုက် ပိတ်ပစ်လိုက်တယ် ။
ထိုက်ဟန်ယီက ဒဏ်ရာအပြင်းအထန် ရထားပေမယ့် သတိကတော့ ရှိနေတုန်းပဲ ။
သူက သူတောင်းစားကို စတွေ့ကတည်းက မုန်းတီးနေခဲ့ပေမယ့် သည်လောက် မှောင်မည်းနေတဲ့ ညဘက်ကြီးမှာတောင် သွေးကြောတွေကို အမှားအယွင်းမရှိ တိတိကျကျ ပိတ်နိုင်တာကို မြင်တော့ လက်ဖျားခါသွားတယ် ။
သူတောင်းစားရဲ့ သွေးကြောပိတ် ပညာက နန်းတွင်းကိုယ်ရံတော်တပ်က ထိပ်တန်းအကြောပိတ်ပညာရှင်တွေထက်တောင်မှ သာနေသေးတာ မဟုတ်ပါလား ။
ဒါကြောင့် လန်ကျွင်းကျူးခုံရဲ့ ဂုဏ်သတင်းဟာ အလကား မဟုတ်ဘူးဆိုတာကို သူ ဝန်မခံချင်လည်း ဝန်ခံလိုက်ရတယ်။
ထျန်းဝမ်က ဒေါသတကြီး အော်ဟစ်လိုက်တယ်။
"မင်းတို့ ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့ "
သူတောင်းစားက မကောင်းဆိုးဝါးလို ပြုံးတယ်။
"အော်မနေနဲ့ ။ပါးစပ်ညောင်းတာပဲ ရှိမယ် "
"မင်းကျတော့ မိန်းမယူပြီး ကလေးတောင် ရနေပြီ ။ သည်တော့ မင်းလို အလိုပြည့်နေတဲ့လူက ငါတို့လို ငတ်ပြတ်နေတဲ့ကောင်တွေရဲ့ ခံစားချက်ကို ဘယ်နားလည်မလဲ။"
"ငါတို့ နှစ်ယောက် မိန်းမတစ်ယောက်ကို မထိတွေ့ရတာ ဘယ်လောက်ကြာပြီလဲ ဆိုတာကော
မင်းသိလား"
"ဒါကြောင့် ဘယ်သူတားတား သည်နေ့တော့ သည်မိန်းကလေး ငါတို့ လုပ်မှာပဲ "
လူရိုးကြီးကလည်း အားနာတဲ့လေသံနဲ့ ပြောလာတယ် ။
"ဌာနခွဲမှုး ချာယွင် သေသွားပြီးကတည်းက လန်ကျွင်းကျူးခုံမှာ ကျွန်တော်တို့ သုံးယောက်ပဲ ကျန်တော့တာ "
"ကျွန်တော်တို့ ခေါင်းဆောင်ကို မစွန့်ပစ်ချင်ဘူး ။ သစ္စာလည်း မဖောက်ချင်ဘူး ။ ဒါကြောင့် သည်မိန်းကလေးကိုပဲ ဆုအနေနဲ့ ပေးလိုက်ပါတော့ "
ထျန်းဝမ်က တားချင်ပေမယ့်လည်း မတားနိုင်တော့တဲ့ အခြေအနေကို ရောက်နေခဲ့ပြီ ။ အကြောပိတ်ခံထားရတဲ့ သူ့ခန္ဓာကိုယ်က လုံးဝ လှုပ်မရတော့ဘူး ။
ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး အော်ရုံပဲ တတ်နိုင်တော့တယ် ။
"ခွေးမသား အမျိုးယုတ်တွေ "
သူတောင်းစားက ဘာမှ ခံစားရပုံ မပေါ်ဘူး ။သူက စပ်ဖြဲဖြဲတောင် ရယ်လိုက်သေးတယ် ။
"ဆဲလေ.....ဆက်ဆဲပါဦး ။ မင်းက ငါ့ကို ခွေးမသား အမျိုးယုတ်လို့ ပြောနေမှတော့ အမျိုးယုတ်ဆိုတာ ဘယ်လိုလဲ ဆိုတာ ပြပေးရမယ် ထင်တယ် "
" ဒါနဲ့.... မင်းမိန်းမ ဘယ်မှာနေလဲ ငါ သိတယ်နော် "
"ဘယ်လိုလဲ....သည်ည သူ့ဆီပဲ သွားလည်လိုက်ရမလား..."
ထျန်းဝမ်က ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေတယ်။
ဒါပေမယ့် စကားတစ်ခွန်းမှ ပြန်မပြောနိုင်ဘူး။
အဲသည်အချိန်မှာပဲ လူရိုးကြီးက ရုတ်တရက် အော်လိုက်တယ်။
"ဟင်......ကောင်မလေး ဘယ်ရောက်သွားတာလဲ"
"ဘာတွေ အော်နေတာလဲ... အဲသည်မှာ ရှိနေတာပဲလေ "
သူတောင်းစားက ပြန်လှည့်ကြည့်လိုက်တော့
ရဲ့လျိုက တကယ်ပဲ ပျောက်နေခဲ့ပြီ။
သူတို့ နှစ်ယောက်လုံး ဘာဖြစ်သွားမှန်း လုံးဝ နားမလည်နိုင်ကြဘူး။
အဲသည်အချိန်မှာပဲ လူရိုးကြီးက အထိတ်တလန့် ထပ်အော်လာပြန်တယ် ။
"အား...ထိုက်ဟန်ယီရော ဘယ်ရောက်သွားပြန်ပြီလဲ "
သူတောင်းစားက မျက်နှာပျက်သွားတယ်။
ထိုက်ဟန်ယီနဲ့ ရဲ့လျိုသာ လွတ်မြောက်သွားရင် လန်ကျွင်းကျူးခုံရဲ့ လျှို့ဝှက်ချက်တွေ အကုန် ပေါ်ကုန်လိမ့်မယ်။
သူက ပတ်ဝန်းကျင်ကို သတိကြီးကြီးနဲ့ ကြည့်ရင်း အော်လိုက်တယ်။
"ဘယ်သူလဲ။ ပုန်းမနေနဲ့....ထွက်လာစမ်း"
လူရိုးကြီးကလည်း အတွင်းအားကို လည်ပတ်လိုက်ပြီး အော်လိုက်တယ်။
"ထွက်လာ"
ဟိန်းသံကြီးက ခြံဝင်းတစ်ခုလုံးကို တုန်ခါသွားစေတယ်။
အဲသည်အချိန်မှာ ခြံဝင်းထဲကနေ လူငယ်တစ်ယောက်ရဲ့ အသံက အေးအေးဆေးဆေး ထွက်ပေါ်လာတယ်။
"ဘာလို့ သည်လောက် အော်နေတာလဲ....ငါ့နားတွေ ကန်းကုန်တော့မှာပဲ "
"ဟူး...လောကကြီးကလည်း ကျဉ်းလိုက်တာ"
"သည်လို နေရာမျိုးမှာတောင် မင်းတို့နဲ့ ပြန်ဆုံရပြန်ပြီ"
"ကြည့်ရတာ ငါပဲ အချိန်မှားပြီး ရောက်လာမိတာလား "
အသံက ငယ်ရွယ်တယ်။ တည်ငြိမ်တယ်။ အားအင်ပြည့်ဝတယ်။
အဝေးကနေ ပြောနေတယ်ဆိုတာ အသိသာကြီးပေမယ့် နားနားကပ်ပြီး ပြောနေသလို ထင်ရတယ်။
ပြီးတော့ အသံထဲမှာ အမျိုးအမည် မသိနိုင်တဲ့ ဖိအားတစ်ခု ပါဝင်နေသလိုပဲ ။
အဲဒါက သူတို့သုံးယောက်စလုံးကို မသက်မသာ ဖြစ်သွားစေတယ် ။
ရဲ့လျိုကတော့ အဲသည်လူရဲ့ ရင်ခွင်ထဲမှာ ခွေခွေလေး အိပ်ပျော်နေလေရဲ့ ။
အဲသည်လူက ရဲ့လျိုရဲ့ မလုံ့တလုံ ဖြစ်နေတဲ့ ခန္ဓာကိုယ်ကို အဝတ်တစ်ထည်နဲ့ ဖုံးအုပ်ထားပေးသေးတယ် ။
အဝတ်မှာက အရက်နံ့ ခပ်သင်းသင်း ရနေပေမယ့် ရဲ့လျိုကတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ သူ့ရဲ့ အသံကို ကြားရုံ၊ အရက်နံ့ကို ရလိုက်ရုံနဲဲ့တင် အလိုလို တစ်ဖက်လူကို ယုံကြည်စိတ်မိနေတယ် ။
သည်လူက ကောင်းကင်ကြီး ပြိုကျလာရင်တောင် သည်လူက တည်တည်ငြိမ်ငြိမ် ရှိနေမယ့် ပုံမျိုး ။
ဒါကြောင့်ပဲ တောင့်တင်းနေတဲ့ ရဲ့လျိုရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြေလျော့လာတယ်။တစ်ချိန်တည်းမှာပဲ ကိုယ့်အခန်းထဲက အိပ်ရာပေါ်ပြန်ရောက်နေသလို လုံခြုံတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်။
စိတ်လှုပ်ရှားနေတာတွေကလည်း တဖြည်းဖြည်း ငြိမ်သက်သွားတယ် ။
ခဏအကြာမှာတော့ သူတောင် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့ပြီ ။
အသစ်ရောက်လာတဲ့ လူစိမ်းက ရဲ့လျိုကို မြေပြင်ပေါ် အသာအယာ ချပေးလိုက်ပြီး ခပ်ဖွဖွ ရယ်လိုက်တယ်။
"သည်ကောင်မလေးကတော့ တကယ့် အိပ်ပုတ်လေးပဲ ။ သည်လိုမျိုး နေရာမှာတောင် အိပ်ပျော်နိုင်သေးတယ် "
သူတောင်းစားနဲ့ လူရိုးကြီးက ရောက်လာတဲ့လူ ဘယ်သူမှန်း မသိဘူး။
ဒါပေမဲ့ သူ့ရဲ့ ကိုယ်ဖော့သိုင်းက အံ့မခန်း မြင့်မားတယ်ဆိုတာတော့ သိတယ်။
သည်လူက လုံးဝကို ပေါ့သေးသေး ရန်သူ မဟုတ်ဘူး.....
အတွေးဝင်လာတာနဲ့ တစ်ပြိုင်နက် သူတို့ နှစ်ယောက်က ထျန်းဝမ်ရဲ့ အကြောတွေကို အလျင်အမြန် ဖြည်ပေးလိုက်ကြတယ် ။
အစောပိုင်းက ပြဿနာကို အခု ဘယ်သူမှ ဂရုမစိုက်နိုင်တော့ဘူး။
ထျန်းဝမ်ကလည်း အရင်က မကျေမနပ် ဖြစ်နေတာတွေကို ခဏဘေးဖယ်ထားလိုက်တယ်။
ဓားကို ပြန်ကောက်ကိုင်ပြီး အသံထွက်လာတဲ့ဘက်ကို စူးစိုက်ကြည့်နေတယ်။
လူစိမ်းက ထိုက်ဟန်ယီနဲ့ ရဲ့လျိုကို သေချာ နေရာချထားပေးပြီးမှ ခြံဝင်းထဲကို အေးအေးဆေးဆေး လမ်းလျှောက်ဝင်လာတယ်။ မသိရင် သူ့ပုံက သူ့အိမ်၊သူ့ယာထဲ ပြန်လာတဲ့ အတိုင်းပဲ ။
အဲသည်အချိန်ကျမှ လန်ကျွင်းကျူးခုံ သုံးယောက်က တစ်ဖက်လူ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့တယ် ။
သည်လူက အတော်လေးကို အရပ်မြင့်တယ် ။
ထိုက်ဟန်ယီက လူတော်တော်များများထက် အရပ်မြင့်တဲ့လူ ။ ဒါပေမဲ့ သည်လူကတော့ သူနဲ့ သိပ်မကွာဘူး။
ပုခုံးကျယ်တယ်....
လက်တံ၊ခြေတံရှည်တယ်......
အဆီပို တစ်စက်မှ မရှိဘဲ ကျစ်လစ်တောင့်တင်းတဲ့ ကြွက်သားတွေက အဝတ်အောက်ကနေ အထင်းသားပဲ ။
သူ့ပုံစံက ကောင်းကင်ကြီး ပြိုကျလာရင်တောင် လက်တစ်ဖက်တည်းနဲ့ ထမ်းထားနိုင်မယ့် လူစားမျိုးလို့ ထင်ရတယ်။
သူ့ရုပ်ရည်က ထူးထူးခြားခြား ချောမောတာတော့ မဟုတ်ဘူး။
ဒါပေမယ့် မြင်ရတာ အတော် သက်သောင့်သက်သာ ဖြစ်နေတယ်။
သူ့ရဲ့မျက်နှာနဲ့ လွှမ်းမိုးနိုင်တဲ့ သူ့အသံကလည်း ထူးထူးဆန်းဆန်း လိုက်ဖက်နေတယ်။
ကြည့်ရင် သာမန်ပုံပဲ။ ဒါပေမယ့် တစ်ခါ မြင်ဖူးတာနဲ့ မေ့လို့ မရတဲ့ ရုပ်မျိုး။
အသက်က နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ် ဝန်းကျင်လောက်ပဲ ရှိမယ်။
ဒါပေမဲ့ သူ့အမူအရာက အလွန်တည်ငြိမ်တယ်။
ဘယ်သူနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို လုံးဝ ဂရုမစိုက်သလိုပဲ။
လောကကြီးတစ်ခုလုံး သူ့လက်ထဲမှာ ရှိနေသလိုမျိုး။
သူက လန်းကျွင်းကျူးခုံတွေကို ကြည့်ပြီး ရင်းရင်းနှီးနှီး ပြုံးပြတယ် ။
"မတွေ့တာ ကြာပြီ ......လန်ကျွင်းကျူးခုံက မိတ်ဆွေဟောင်းတို့"
ဘာကြောင့်မှန်းတော့ မသိဘူး ။ လန်ကျွင်းကျူးခုံ သုံးယောက်က အရိုးထဲအထိ အေးစိမ့်သွားတဲ့ ကြောက်လန့်မှုမျိုးကို ခံစားလိုက်ရတယ် ။
Lord.Zen